[Unicode]
မှတ်မှတ်ရရ 29.6.2018 မှာ ကျွန်မ Sayarma-ဆရာမ ဆိုတဲ့ ဒီ စာမျက်နှာလေးတစ်ခု ဖွင့်ဖြစ်တယ်။
အဓိက ရည်ရွယ်တာကတော့ ကျွန်မသိထားတဲ့ ဗဟုသုတတွေကို နေရာအနှံ့က ပညာရေးစိတ်ဝင်စားသူ၊ ဆရာ၊မ၊ မိဘတွေကို အထောက်ကူပြုစေချင်လို့ပါ။ ဒီနေ့ဆို နှစ်လပြည့်ပါပြီ။ အခုအချိန်အတွင်းမှာ (10:27 pm) ၂၀၂၃ ယောက်က Follow လုပ်ကြပါတယ်။ လူနှစ်ထောင်ကျော်ထံကို ကိုယ်သိထားတဲ့ မျှဝေထားတာလေး တစ်နည်းတစ်ဖုံ ရောက်သွားတယ်ဆိုတော့ ဝမ်းသာမိပါတယ်။
ကျွန်မဘဝတစ်လျှောက်လုံး မူလတန်းစာသင်ခန်းတွေနဲ့ရင်းနီးခဲ့ပါတယ်။ မူလတန်းမှာ စာစသင်ခဲ့သလို၊ မူလတန်းဆရာ၊မတွေကို အဓိက သင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မူလတန်းသင်ကြားရေးနဲ့ပဲ မဟာဘွဲ့ယူခဲ့ပြီး အခုလည်း မွေးစကနေ မူလတန်းအရွယ် ကလေးတွေကို အဓိကထားပြီး သင်ကြားရေးနဲ့ဆိုင်တာတွေ ရေးချင်ခဲ့တာပါ။ မူလတန်းလိုပဲ အခြားအတန်းတွေအတွက်လည်း မှတ်သားစရာတွေကို ကိုယ်တိုင်လေ့လာ လေ့ကျင့်ပြီး မျှဝေသွားချင်ပါတယ်။ ဖတ်ပေးတဲ့ မျှဝေပေးတဲ့ အကြံပြုချက်တွေပေးကြတဲ့ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။
နောက်ပိုင်းမှာ စာရေးတာတင်မဟုတ်ဘဲ ဆရာ၊မတွေကို ပံ့ပိုးတဲ့အစီအစဉ်လေးတွေလည်း လုပ်ပေးဖို့ စဉ်းစားထားပါတယ်။ ဘယ်လို ပံ့ပိုးမှုတွေလုပ်ရင်ကောင်းမယ်ဆိုတဲ့ အကြံဉာဏ်လေးတွေရှိရင်လည်း မျှဝေပေးပါဦး။
ကျွန်မရေးတဲ့စာတွေ၊ မျှဝေတဲ့ဗဟုသုတတွေကို ဖတ်မိတယ် မှတ်သားမိတယ်ဆိုရင်လည်း နောက်ထပ်တစ်ယောက်ကို ပြန်လည် ဝေမျှပေးပါနော်။
ကျွန်မတို့ Sayarma-ဆရာမ ကနေတစ်ဆင့် ပညာသင်ယူမှုခရီးလေး အတူတူထွက်ကြရအောင်လေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
[Zawgyi]
မွတ္မွတ္ရရ 29.6.2018 မွာ ကၽြန္မ Sayarma-ဆရာမ ဆိုတဲ့ ဒီ စာမ်က္ႏွာေလးတစ္ခု ဖြင့္ျဖစ္တယ္။
အဓိက ရည္ရြယ္တာကေတာ့ ကၽြန္မသိထားတဲ့ ဗဟုသုတေတြကို ေနရာအႏွံ႕က ပညာေရးစိတ္ဝင္စားသူ၊ ဆရာ၊မ၊ မိဘေတြကို အေထာက္ကူျပဳေစခ်င္လို႕ပါ။ ဒီေန႕ဆို ႏွစ္လျပည့္ပါျပီ။ အခုအခ်ိန္အတြင္းမွာ (10:27 pm) ၂၀၂၃ ေယာက္က Follow လုပ္ၾကပါတယ္။ လူႏွစ္ေထာင္ေက်ာ္ထံကို ကိုယ္သိထားတဲ့ မွ်ေဝထားတာေလး တစ္နည္းတစ္ဖံု ေရာက္သြားတယ္ဆိုေတာ့ ဝမ္းသာမိပါတယ္။
ကၽြန္မဘဝတစ္ေလွ်ာက္လံုး မူလတန္းစာသင္ခန္းေတြနဲ႕ရင္းနီးခဲ့ပါတယ္။ မူလတန္းမွာ စာစသင္ခဲ့သလို၊ မူလတန္းဆရာ၊မေတြကုိ အဓိက သင္ၾကားမွုေတြ ျပဳလုပ္ခဲ့ပါတယ္။ မူလတန္းသင္ၾကားေရးနဲ႕ပဲ မဟာဘြဲ႕ယူခဲ့ျပီး အခုလည္း ေမြးစကေန မူလတန္းအရြယ္ ကေလးေတြကို အဓိကထားျပီး သင္ၾကားေရးနဲ႕ဆိုင္တာေတြ ေရးခ်င္ခဲ့တာပါ။ မူလတန္းလိုပဲ အျခားအတန္းေတြအတြက္လည္း မွတ္သားစရာေတြကို ကိုယ္တုိင္ေလ့လာ ေလ့က်င့္ျပီး မွ်ေဝသြားခ်င္ပါတယ္။ ဖတ္ေပးတဲ့ မွ်ေဝေပးတဲ့ အၾကံျပဳခ်က္ေတြေပးၾကတဲ့ တစ္ဦးခ်င္းစီကို ေက်းဇူးတင္ပါတယ္။
ေနာက္ပိုင္းမွာ စာေရးတာတင္မဟုတ္ဘဲ ဆရာ၊မေတြကို ပံ့ပိုးတဲ့အစီအစဥ္ေလးေတြလည္း လုပ္ေပးဖို႕ စဥ္းစားထားပါတယ္။ ဘယ္လို ပံ့ပိုးမွဳေတြလုပ္ရင္ေကာင္းမယ္ဆိုတဲ့ အၾကံဥာဏ္ေလးေတြရွိရင္လည္း မွ်ေဝေပးပါဦး။
ကၽြန္မေရးတဲ့စာေတြ၊ မွ်ေဝတဲ့ဗဟုသုတေတြကို ဖတ္မိတယ္ မွတ္သားမိတယ္ဆိုရင္လည္း ေနာက္ထပ္တစ္ေယာက္ကို ျပန္လည္ ေဝမွ်ေပးပါေနာ္။
ကၽြန္မတို႕ Sayarma-ဆရာမ ကေနတစ္ဆင့္ ပညာသင္ယူမွုခရီးေလး အတူတူထြက္ၾကရေအာင္ေလ။
ေမတၱာျဖင့္… Sayarma-ဆရာမ