[ Unicode ]

ကျွန်မတို့ ၂၁ ရာစုမှာ အလုပ်ခွင်အတွက် လိုအပ်တဲ့ စွမ်းရည်တွေ အများကြီးရှိသလို ပညာရှင်တွေကလည်း အမျိုးမျိုးသတ်မှတ်ကြပါတယ်။ ဒါပေမယ့် အဓိက ဘုံတူညီစွာ ပြောကြတဲ့ စွမ်းရည်တွေထဲက ၇ ခုအကြောင်းမျှဝေချင်ပါတယ်။ ဒီကျွမ်းကျင်မှုတွေကို ဖတ်နေရင်း ကိုယ်တိုင်ရော ဘယ်ကျွမ်းကျင်မှုတွေရှိနေပြီလဲ၊ အဲဒီ့ကျွမ်းကျင်မှုတွေရအောင် ဒီအတောအတွင်းမှာ ဘယ်လို သင်ယူမှုတွေလုပ်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်။

၁) ဝေဖန်ပိုင်းခြားနိုင်စွမ်း
လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ဖြစ်စေ၊ ဘဝအတွက် တိုးတက်ဖို့ဖြစ်စေ၊ နေ့စဉ်ဘဝမှာ အဆင်ပြေဖို့ဖြစ်စေ၊ ဆုံးဖြတ်ချက်မှန်မှန်ချနိုင်ဖို့ဖြစ်စေ လိုအပ်တဲ့ စွမ်းရည်တွေထဲက အဓိကကတော့ ဝေဖန်ပိုင်းခြားနိုင်ခြင်းဖြစ်ပါတယ်။ အကြောင်းအရာအချက်အလက်တွေကို သူများပြောတိုင်းလိုက်လုပ်တာ၊ သူများဟုတ်ဆို လိုက်ဟုတ်တာမျိုးမဟုတ်ဘဲ ကြားမြင်တွေ့ကြုံရတာတွေကို မှားမှန်ဝေဖန်သုံးသပ်နိုင်မှုရှိပါမှ ကိုယ်ပိုင်ဘဝအတွက်ရော လုပ်ငန်းခွင်မှာပါ အောင်မြင်နိုင်မှာပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြှင့်တင်ဖို့ စာအုပ်တွေဖတ်ပါ၊ စဉ်းစားပါ၊ ပြောတိုင်းမယုံသေးဘဲ ကြောင်းကျိုးဆက်စပ်ကြည့်ပါ၊ လူမှုကွန်ယက်ပေါ်က လူတွေပြောတိုင်းလိုက်မလုပ်ပါနဲ့ သေချာစဉ်းစားပါ။

၂) တီထွင်ဖန်တီးနိုင်စွမ်း
ဘာလုပ်လုပ် လှေကြီးထိုး ရိုးရိုး သွားတာထက် ဘယ်လို ဆန်းသစ်တီထွင်ရမလဲ၊ အားလုံးအတွက် ပိုအဆင်ပြေသွားအောင် ဘယ်လို လုပ်ရမလဲ အမြဲ တွေးနေတာမျိုးကို ဆိုလိုတာပါ။ အသစ်အသစ်တွေ တီထွင်ဖန်တီးနိုင်သလို ပြဿနာဖြေရှင်းရာမှာလည်း ဖြေရှင်းနည်းအသစ်အသစ်တွေ ထုတ်နိုင်တဲ့သူတွေကို အလုပ်ခွင်တွေမှာ ပိုလိုအပ်ပါတယ်။ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တိုးတက်ဖို့ ရသစာပေတွေဖတ်ပါ၊ ပြဿနာတစ်ခုကို နည်းမျိုးစုံနဲ့ဖြေရှင်းကြည့်ပါ၊ စာအုပ်တွေဖတ်တဲ့အခါ ဖြစ်လာနိုင်ခြေတွေကို ဆက်စပ်စဉ်းစားကြည့်ပါ၊ ကိုယ်ဝါသနာပါရာဖန်တီးကြည့်ပါ။

၃)ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း
ငါ တစ်ကိုယ်တည်း၊ ငါမှငါပဲ၊ ငါ့တစ်ဘို့ထဲ ကြည့်မယ်ဆိုရင်တော့ အလုပ်ခွင်မှာရော ကိုယ်ပိုင်ဘဝမှာ အဆင်မပြေနိုင်ပါဘူး။ ပတ်ဝန်းကျင်မှာ လူတွေအမြဲရှိနေမှာမို့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိဖို့လိုပါတယ်။ ပူးပေါင်းတဲ့အခါ အပြန်အလှန်လေးစားမှုရှိပြီး ချောင်မခိုဖို့လည်း လိုပါတယ်။ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်ဖို့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အားသာချက်တွေနဲ့ တန်ဖိုးထားမှုတွေကိုနားလည်အောင်လုပ်ပါ၊ ထိုအားသာချက်တွေကို အကောင်းဆုံး အသုံးချခွင့်ရအောင် လုပ်ဆောင်ပါ၊ နားထောင်ပေးပါ၊ ကိုယ့်အမြင်ကို သူတို့လက်ခံနိုင်အောင် ပြောပြပါ၊ အပြန်အလှန်လေးစားမှုရှိကြောင်းပြပါ၊ အတင်းမတုတ်ပါနဲ့။

၄) ဆက်သွယ်ပြောဆိုနိုင်စွမ်း
စကားအပြန်အလှန်ပြောတာတင်မကပါဘူး အခုခေတ်မှာဆို အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာ စတဲ့ အပြန်အလှန် ဆက်သွယ်နိုင်တဲ့ အရာတွေသုံးတဲ့အခါမှာလည်း ပြောဆိုဆက်သွယ်တတ်ဖို့လိုပြန်ပါတယ်။ အီးမေးလ်တို့ ဖေ့စ်ဘွတ်ခ်တို့ဆိုတာ အပြင်မှာ လူချင်းမမြင်ရခင် တွေ့မြင်ရတဲ့ အရာတွေဖြစ်တဲ့အတွက် ကိုယ့်ကို ဂုဏ်တက်စေနိုင်သလို၊ ဂုဏ်ကျဆင်းနိုင်တာတွေလည်းဖြစ်နိုင်ပါတယ်။ အပြန်အလှန်ပြောဆိုတဲ့အခါ လေးစားစွာပြောကြဖို့၊ ဝေ့ဝိုက်မနေဘဲ လိုရင်းရောက်အောင် ထိထိမိမိပြောတတ်ဖို့လိုပါတယ်။ ဆက်သွယ်ပြောဆိုနိုင်ဖို့ လိုရင်းတိုရှင်း ပြောပါ၊ အီးမေးလ်ဘယ်လိုရေးမလဲဆိုတာကစ သင်ယူပါ၊ အခြားသူပြောတဲ့အခါ ကိုယ်ပြန်ပြောဖို့နားထောင်တာထက် တစ်ကယ့်စိတ်ရင်းနဲ့နားထောင်ပါ၊ ဖေ့စ်ဘွတ်ခ်ကို အကျိုးရှိအောင်သုံးပါ။

၅) နည်းပညာ အသုံးပြုနိုင်စွမ်း
ကိုယ်အသုံးပြုနေတဲ့ ဖုန်း၊ Tablet အစရှိတဲ့ နည်းပညာပစ္စည်းတွေအပြင် ဖေ့စ်ဘွတ်ခ်ကို လုံခြုံစွာအသုံးပြုနည်း၊ အီးမေးလ်တွေကို လူကြီးလူကောင်းဆန်ဆန် ပို့နည်း၊ အင်တာနက်ကနေတစ်ဆင့် သင်ယူနည်းစတဲ့ အခြား အရာတွေလည်း လုပ်နိုင်ဖို့ လိုအပ်နေပါပြီ။ အဝေးကနေ အလုပ်လုပ်ကြတဲ့ ခေတ်ကြီးမှာ နည်းပညာကို ကောင်းစွာ သိထားမှ တော်ကာကြမှာဖြစ်ပါတယ်။ အင်တာနက်မှာ သင်ယူစရာတွေပေါပါတယ်။ အင်တာနက်အသုံးပြုပြီး ဖေ့စ်ဘွတ်ခ်တစ်ခုတဲ့သုံးလို့ရတာမဟုတ်ပါဘူး၊ အခြား ဘယ်လို ခေါင်းစဉ်တွေကို ဘယ်လို သင်ယူနိုင်မယ်ဆိုတာ လေ့လာပါ။

၆) ခေါင်းဆောင်နိုင်စွမ်း
အမြဲတမ်း အကြောင်းပြချက်များစွာပေးပြီး ခိုင်းမှလုပ်တတ်တဲ့သူ၊ အလုပ်မပြီးဘဲ လေကြီးလေကျယ်ပြောတတ်သူ၊ စကားကို ဝေ့ဝိုက်ပြီး မပြီးနိုင်မစီးနိုင်ပြောတဲ့သူတွေကို ခေါင်းဆောင်နိုင်စွမ်းရှိသူလို့ မဆိုလိုနိုင်ပါဘူး။ ရာထူးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တာဝန်ယူရမယ့်အရာကို ကျေပွန်စွာ တာဝန်ယူပြီး၊ အဖွဲ့သားတွေရဲ့ တန်ဖိုးကိုနားလည်လေးစားလက်ခံနိုင်မှုတွေရှိရမယ်။ အပြောနဲ့ အလုပ်ထပ်တူကျပြီး ခိုင်းသည်ဖြစ်စေ မခိုင်းသည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာကို ကိုယ့်အသိစိတ်ဓါတ်နဲ့လုပ်တတ်သူဟာ ခေါင်းဆောင်နိုင်စွမ်းရှိသူပါပဲ။ ခေါင်းဆောင်ဖြစ်ဖို့ ရာထူးကြီးဖို့မလိုတဲ့အတွက် နေ့စဉ်နေတိုင်း အများချစ်ခင်လေးစားတဲ့သူဖြစ်ဖို့ ကိုယ်ပြောတာ၊ လုပ်တာကို တစ်ကယ်သိဖို့၊ တစ်ကယ်လိုက်နာဖို့လိုပါတယ်။

၇) အလုပ်ပြီးမြောက်နိုင်စွမ်း
အလုပ်လုပ်တဲ့အခါ လျှင်မြန်ထိရောက်စွာ လုပ်နိုင်ပြီး အလုပ်ကို ထိထိရောက်ရောက်ပြီးမြောက်အောင်လုပ်နိုင်သူတွေက နေရာရကြပါတယ်။ အလုပ်မပြီးဘဲ အချိန်ကို အကျိုးရှိစွာအသုံးမချတတ်သူတွေဟာ နောက်ကျကျန်နေခဲ့မှာပါ။ အလုပ်ချိန်မှာ ခိုးပြီး ဖေ့စ်ဘွတ်ခ်တွေသုံး၊ ရုပ်ရှင်တွေကြည့်လုပ်နေပြီး အခြားသူတွေပြီးတဲ့အချိန်မပြီးတဲ့အခါ အကြောင်းပြချက်တွေပေးတတ်တဲ့သူတွေအတွက် အောင်မြင်မှုဆိုတာ အဝေးကြီးမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ပြီးမြောက်နိုင်စွမ်း၊ အချိန်ကို စီမံခန့်ခွဲနိုင်စွမ်းရှိဖို့လိုပါတယ်။ အလုပ်ပြီးမြောက်ဖို့ အချိန်ကို သေချာ စီမံခန့်ခွဲပါ၊ အလုပ်မပြီးတဲ့အခါ ဆင်ခြေတွေမပေးဘဲ အားနည်းချက်ကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာကို အဓိကထားစဉ်းစားပါ၊ သင်ယူလိုစိတ်မွေးပါ၊ စေတနာထားလုပ်ကိုင်ပါ။

အခြားစွမ်းရည်တွေလည်းအရေးကြီးပါတယ်။ ကျွန်မအတွက်တော့ ဒီ စွမ်းရည် ၇ ခုအခြေခံလေးတောင် မရှိတဲ့သူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ အရမ်းခက်ခဲပါတယ်။ ဆရာမစာမျက်နှာဖတ်ကြသူတွေရော ဘယ်စွမ်းရည်တွေမှာ အားကောင်းနေပြီး ဘယ်စွမ်းရည်တွေထပ်ပြီး ဖြည့်ဖို့လိုနေသေးလဲ။ သင်္ကြန်ကာလမှာ လျှောက်လည်လို့မရမယ့်အတူတူ ဘယ်စွမ်းရည်တွေ တိုးတက်အောင် ဘယ်လို လေ့လာသင်ယူကြမလဲဆိုတာကို မျှဝေပေးပါဦး။ ကိုယ်တိုင်လည်း ကြိုးစားသလို အများသူငှါလည်း လိုအပ်တဲ့ အခြေခံ စွမ်းရည်တွေ ရှိနိုင်ဖို့ ဆုမွန်ကောင်းတောင်းလျက်…………

မေတ္တာဖြင့်….
Sayarma-ဆရာမ

Photo Credit to https://toggl.com/blog/wp-content/uploads/2019/02/14-top-recruitment-skills-that-all-great-recruiters-have.png

[ Zawgyi ]

ကၽြန္မတို႔ ၂၁ ရာစုမွာ အလုပ္ခြင္အတြက္ လိုအပ္တဲ့ စြမ္းရည္ေတြ အမ်ားႀကီးရွိသလို ပညာရွင္ေတြကလည္း အမ်ိဳးမ်ိဳးသတ္မွတ္ၾကပါတယ္။ ဒါေပမယ့္ အဓိက ဘုံတူညီစြာ ေျပာၾကတဲ့ စြမ္းရည္ေတြထဲက ၇ ခုအေၾကာင္းမၽွေဝခ်င္ပါတယ္။ ဒီကၽြမ္းက်င္မႈေတြကို ဖတ္ေနရင္း ကိုယ္တိုင္ေရာ ဘယ္ကၽြမ္းက်င္မႈေတြရွိေနၿပီလဲ၊ အဲဒီ့ကၽြမ္းက်င္မႈေတြရေအာင္ ဒီအေတာအတြင္းမွာ ဘယ္လို သင္ယူမႈေတြလုပ္မလဲဆိုတာ စဥ္းစားေစခ်င္ပါတယ္။

၁) ေဝဖန္ပိုင္းျခားနိုင္စြမ္း
လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖို႔ျဖစ္ေစ၊ ဘဝအတြက္ တိုးတက္ဖို႔ျဖစ္ေစ၊ ေန႔စဥ္ဘဝမွာ အဆင္ေျပဖို႔ျဖစ္ေစ၊ ဆုံးျဖတ္ခ်က္မွန္မွန္ခ်နိုင္ဖို႔ျဖစ္ေစ လိုအပ္တဲ့ စြမ္းရည္ေတြထဲက အဓိကကေတာ့ ေဝဖန္ပိုင္းျခားနိုင္ျခင္းျဖစ္ပါတယ္။ အေၾကာင္းအရာအခ်က္အလက္ေတြကို သူမ်ားေျပာတိုင္းလိုက္လုပ္တာ၊ သူမ်ားဟုတ္ဆို လိုက္ဟုတ္တာမ်ိဳးမဟုတ္ဘဲ ၾကားျမင္ေတြ႕ၾကဳံရတာေတြကို မွားမွန္ေဝဖန္သုံးသပ္နိုင္မႈရွိပါမွ ကိုယ္ပိုင္ဘဝအတြက္ေရာ လုပ္ငန္းခြင္မွာပါ ေအာင္ျမင္နိုင္မွာပါ။ ေဝဖန္ပိုင္းျခားနိုင္စြမ္းျမႇင့္တင္ဖို႔ စာအုပ္ေတြဖတ္ပါ၊ စဥ္းစားပါ၊ ေျပာတိုင္းမယုံေသးဘဲ ေၾကာင္းက်ိဳးဆက္စပ္ၾကည့္ပါ၊ လူမႈကြန္ယက္ေပၚက လူေတြေျပာတိုင္းလိုက္မလုပ္ပါနဲ႔ ေသခ်ာစဥ္းစားပါ။

၂) တီထြင္ဖန္တီးနိုင္စြမ္း
ဘာလုပ္လုပ္ ေလွႀကီးထိုး ရိုးရိုး သြားတာထက္ ဘယ္လို ဆန္းသစ္တီထြင္ရမလဲ၊ အားလုံးအတြက္ ပိုအဆင္ေျပသြားေအာင္ ဘယ္လို လုပ္ရမလဲ အျမဲ ေတြးေနတာမ်ိဳးကို ဆိုလိုတာပါ။ အသစ္အသစ္ေတြ တီထြင္ဖန္တီးနိုင္သလို ျပႆနာေျဖရွင္းရာမွာလည္း ေျဖရွင္းနည္းအသစ္အသစ္ေတြ ထုတ္နိုင္တဲ့သူေတြကို အလုပ္ခြင္ေတြမွာ ပိုလိုအပ္ပါတယ္။ တီထြင္ဖန္တီးနိုင္မႈ စြမ္းရည္တိုးတက္ဖို႔ ရသစာေပေတြဖတ္ပါ၊ ျပႆနာတစ္ခုကို နည္းမ်ိဳးစုံနဲ႔ေျဖရွင္းၾကည့္ပါ၊ စာအုပ္ေတြဖတ္တဲ့အခါ ျဖစ္လာနိုင္ေျခေတြကို ဆက္စပ္စဥ္းစားၾကည့္ပါ၊ ကိုယ္ဝါသနာပါရာဖန္တီးၾကည့္ပါ။

၃)ပူးေပါင္းလုပ္ေဆာင္နိုင္စြမ္း
ငါ တစ္ကိုယ္တည္း၊ ငါမွငါပဲ၊ ငါ့တစ္ဘို႔ထဲ ၾကည့္မယ္ဆိုရင္ေတာ့ အလုပ္ခြင္မွာေရာ ကိုယ္ပိုင္ဘဝမွာ အဆင္မေျပနိုင္ပါဘူး။ ပတ္ဝန္းက်င္မွာ လူေတြအျမဲရွိေနမွာမို႔ ပူးေပါင္းလုပ္ေဆာင္နိုင္စြမ္းရွိဖို႔လိုပါတယ္။ ပူးေပါင္းတဲ့အခါ အျပန္အလွန္ေလးစားမႈရွိၿပီး ေခ်ာင္မခိုဖို႔လည္း လိုပါတယ္။ ပူးေပါင္းလုပ္ေဆာင္နိုင္စြမ္းတိုးတက္ဖို႔ ကိုယ့္ပတ္ဝန္းက်င္က လူေတြရဲ့ အားသာခ်က္ေတြနဲ႔ တန္ဖိုးထားမႈေတြကိုနားလည္ေအာင္လုပ္ပါ၊ ထိုအားသာခ်က္ေတြကို အေကာင္းဆုံး အသုံးခ်ခြင့္ရေအာင္ လုပ္ေဆာင္ပါ၊ နားေထာင္ေပးပါ၊ ကိုယ့္အျမင္ကို သူတို႔လက္ခံနိုင္ေအာင္ ေျပာျပပါ၊ အျပန္အလွန္ေလးစားမႈရွိေၾကာင္းျပပါ၊ အတင္းမတုတ္ပါနဲ႔။

၄) ဆက္သြယ္ေျပာဆိုနိုင္စြမ္း
စကားအျပန္အလွန္ေျပာတာတင္မကပါဘူး အခုေခတ္မွာဆို အီးေမးလ္၊ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ စတဲ့ အျပန္အလွန္ ဆက္သြယ္နိုင္တဲ့ အရာေတြသုံးတဲ့အခါမွာလည္း ေျပာဆိုဆက္သြယ္တတ္ဖို႔လိုျပန္ပါတယ္။ အီးေမးလ္တို႔ ေဖ့စ္ဘြတ္ခ္တို႔ဆိုတာ အျပင္မွာ လူခ်င္းမျမင္ရခင္ ေတြ႕ျမင္ရတဲ့ အရာေတြျဖစ္တဲ့အတြက္ ကိုယ့္ကို ဂုဏ္တက္ေစနိုင္သလို၊ ဂုဏ္က်ဆင္းနိုင္တာေတြလည္းျဖစ္နိုင္ပါတယ္။ အျပန္အလွန္ေျပာဆိုတဲ့အခါ ေလးစားစြာေျပာၾကဖို႔၊ ေဝ့ဝိုက္မေနဘဲ လိုရင္းေရာက္ေအာင္ ထိထိမိမိေျပာတတ္ဖို႔လိုပါတယ္။ ဆက္သြယ္ေျပာဆိုနိုင္ဖို႔ လိုရင္းတိုရွင္း ေျပာပါ၊ အီးေမးလ္ဘယ္လိုေရးမလဲဆိုတာကစ သင္ယူပါ၊ အျခားသူေျပာတဲ့အခါ ကိုယ္ျပန္ေျပာဖို႔နားေထာင္တာထက္ တစ္ကယ့္စိတ္ရင္းနဲ႔နားေထာင္ပါ၊ ေဖ့စ္ဘြတ္ခ္ကို အက်ိဳးရွိေအာင္သုံးပါ။

၅) နည္းပညာ အသုံးျပဳနိုင္စြမ္း
ကိုယ္အသုံးျပဳေနတဲ့ ဖုန္း၊ Tablet အစရွိတဲ့ နည္းပညာပစၥည္းေတြအျပင္ ေဖ့စ္ဘြတ္ခ္ကို လုံျခဳံစြာအသုံးျပဳနည္း၊ အီးေမးလ္ေတြကို လူႀကီးလူေကာင္းဆန္ဆန္ ပို႔နည္း၊ အင္တာနက္ကေနတစ္ဆင့္ သင္ယူနည္းစတဲ့ အျခား အရာေတြလည္း လုပ္နိုင္ဖို႔ လိုအပ္ေနပါၿပီ။ အေဝးကေန အလုပ္လုပ္ၾကတဲ့ ေခတ္ႀကီးမွာ နည္းပညာကို ေကာင္းစြာ သိထားမွ ေတာ္ကာၾကမွာျဖစ္ပါတယ္။ အင္တာနက္မွာ သင္ယူစရာေတြေပါပါတယ္။ အင္တာနက္အသုံးျပဳၿပီး ေဖ့စ္ဘြတ္ခ္တစ္ခုတဲ့သုံးလို႔ရတာမဟုတ္ပါဘူး၊ အျခား ဘယ္လို ေခါင္းစဥ္ေတြကို ဘယ္လို သင္ယူနိုင္မယ္ဆိုတာ ေလ့လာပါ။

၆) ေခါင္းေဆာင္နိုင္စြမ္း
အျမဲတမ္း အေၾကာင္းျပခ်က္မ်ားစြာေပးၿပီး ခိုင္းမွလုပ္တတ္တဲ့သူ၊ အလုပ္မၿပီးဘဲ ေလႀကီးေလက်ယ္ေျပာတတ္သူ၊ စကားကို ေဝ့ဝိုက္ၿပီး မၿပီးနိုင္မစီးနိုင္ေျပာတဲ့သူေတြကို ေခါင္းေဆာင္နိုင္စြမ္းရွိသူလို႔ မဆိုလိုနိုင္ပါဘူး။ ရာထူးႀကီးသည္ျဖစ္ေစ၊ မႀကီးသည္ျဖစ္ေစ တာဝန္ယူရမယ့္အရာကို ေက်ပြန္စြာ တာဝန္ယူၿပီး၊ အဖြဲ႕သားေတြရဲ့ တန္ဖိုးကိုနားလည္ေလးစားလက္ခံနိုင္မႈေတြရွိရမယ္။ အေျပာနဲ႔ အလုပ္ထပ္တူက်ၿပီး ခိုင္းသည္ျဖစ္ေစ မခိုင္းသည္ျဖစ္ေစ လုပ္သင့္လုပ္ထိုက္တာကို ကိုယ့္အသိစိတ္ဓါတ္နဲ႔လုပ္တတ္သူဟာ ေခါင္းေဆာင္နိုင္စြမ္းရွိသူပါပဲ။ ေခါင္းေဆာင္ျဖစ္ဖို႔ ရာထူးႀကီးဖို႔မလိုတဲ့အတြက္ ေန႔စဥ္ေနတိုင္း အမ်ားခ်စ္ခင္ေလးစားတဲ့သူျဖစ္ဖို႔ ကိုယ္ေျပာတာ၊ လုပ္တာကို တစ္ကယ္သိဖို႔၊ တစ္ကယ္လိုက္နာဖို႔လိုပါတယ္။

၇) အလုပ္ၿပီးေျမာက္နိုင္စြမ္း
အလုပ္လုပ္တဲ့အခါ လၽွင္ျမန္ထိေရာက္စြာ လုပ္နိုင္ၿပီး အလုပ္ကို ထိထိေရာက္ေရာက္ၿပီးေျမာက္ေအာင္လုပ္နိုင္သူေတြက ေနရာရၾကပါတယ္။ အလုပ္မၿပီးဘဲ အခ်ိန္ကို အက်ိဳးရွိစြာအသုံးမခ်တတ္သူေတြဟာ ေနာက္က်က်န္ေနခဲ့မွာပါ။ အလုပ္ခ်ိန္မွာ ခိုးၿပီး ေဖ့စ္ဘြတ္ခ္ေတြသုံး၊ ႐ုပ္ရွင္ေတြၾကည့္လုပ္ေနၿပီး အျခားသူေတြၿပီးတဲ့အခ်ိန္မၿပီးတဲ့အခါ အေၾကာင္းျပခ်က္ေတြေပးတတ္တဲ့သူေတြအတြက္ ေအာင္ျမင္မႈဆိုတာ အေဝးႀကီးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အလုပ္ၿပီးေျမာက္နိုင္စြမ္း၊ အခ်ိန္ကို စီမံခန႔္ခြဲနိုင္စြမ္းရွိဖို႔လိုပါတယ္။ အလုပ္ၿပီးေျမာက္ဖို႔ အခ်ိန္ကို ေသခ်ာ စီမံခန႔္ခြဲပါ၊ အလုပ္မၿပီးတဲ့အခါ ဆင္ေျခေတြမေပးဘဲ အားနည္းခ်က္ကို ဘယ္လိုျပဳျပင္နိုင္မလဲဆိုတာကို အဓိကထားစဥ္းစားပါ၊ သင္ယူလိုစိတ္ေမြးပါ၊ ေစတနာထားလုပ္ကိုင္ပါ။

အျခားစြမ္းရည္ေတြလည္းအေရးႀကီးပါတယ္။ ကၽြန္မအတြက္ေတာ့ ဒီ စြမ္းရည္ ၇ ခုအေျခခံေလးေတာင္ မရွိတဲ့သူေတြနဲ႔ အလုပ္လုပ္ရတဲ့အခါ အရမ္းခက္ခဲပါတယ္။ ဆရာမစာမ်က္ႏွာဖတ္ၾကသူေတြေရာ ဘယ္စြမ္းရည္ေတြမွာ အားေကာင္းေနၿပီး ဘယ္စြမ္းရည္ေတြထပ္ၿပီး ျဖည့္ဖို႔လိုေနေသးလဲ။ သၾကၤန္ကာလမွာ ေလၽွာက္လည္လို႔မရမယ့္အတူတူ ဘယ္စြမ္းရည္ေတြ တိုးတက္ေအာင္ ဘယ္လို ေလ့လာသင္ယူၾကမလဲဆိုတာကို မၽွေဝေပးပါဦး။ ကိုယ္တိုင္လည္း ႀကိဳးစားသလို အမ်ားသူငွါလည္း လိုအပ္တဲ့ အေျခခံ စြမ္းရည္ေတြ ရွိနိုင္ဖို႔ ဆုမြန္ေကာင္းေတာင္းလ်က္…………

ေမတၱာျဖင့္….
Sayarma-ဆရာမ

Photo Credit to https://toggl.com/blog/wp-content/uploads/2019/02/14-top-recruitment-skills-that-all-great-recruiters-have.png