[ Unicode ]
COVID-19 မြန်မာပြည်မှာမဖြစ်သေးဘူးဆိုပေမယ့် ကျောင်းတွေလည်းပိတ်၊ လျှောက်သွားရမယ့်နေရာတွေလည်း မကျန်ဆိုတော့ ကလေးတွေကို အိမ်မှာ ဘယ်လို ကူညီပြီး သင်ရင်ရမယ်ဆိုတာ ကြမ်းဖျဉ်းမျှဝေပြီးပါပြီ။ ဒီအပတ်မှာလည်း အိမ်ကို စာသင်ခန်းအဖြစ်ပြောင်းလဲတဲ့အခါ၊ အိမ်ကို ကျောင်းအသွင်ပြောင်းကြတဲ့အခါ သတိထားရမှာလေးတွေ မျှဝေပေးချင်ပါတယ်။
၁) စည်းကမ်းတကျ လွတ်လပ်ပါစေ။
အိမ်မှာနေရင်း စာသင်တဲ့အခါ ကလေးတွေက လွတ်လပ်ခွင့်နဲ့ စိတ်ကြိုက်လုပ်ပိုင်ခွင့်ကို ပိုလိုချင်ကြတယ်။ စည်းကမ်းတင်းကြပ်တဲ့အခါ၊ အထူးသဖြင့် သူတို့ သဘောမကျတဲ့စည်းကမ်း၊ သူတို့သဘောမတူတဲ့ စည်းကမ်းတွေရှိတဲ့အခါ စိတ်တိုင်းမကျပိုဖြစ်ကြတယ်။ ဒါကြောင့် သူတို့ကိုလည်း လွတ်လပ်ခွင့်ပေးမယ့်၊ စနစ်တကျလည်း သင်ယူခွင့်ရစေမယ့် စည်းကမ်းတွေကို အတူတူချပါ။
၂) တစ်ပတ်စာ၊ တစ်နေ့တာ အစီအစဉ်ဆွဲပါ။
အစီအစဉ်ဆွဲခြင်းဟာ အလုပ်ခွင်ထဲရောက်တဲ့အထိ အသုံးဝင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ တစ်နေ့တာဘာတွေလုပ်မယ်၊ တစ်ပတ်တာ ဘာတွေလုပ်မယ်၊ တစ်လတာ ဘာတွေလုပ်မယ်ဆိုတာ အကြမ်းဖျဉ်း ကြိုတင် တိုင်ပင်ကြဖို့လိုပါတယ်။ ကလေးတွေနဲ့အတူတူ ဘာတွေလုပ်ချင်တယ်၊ ဘာစားကြမယ်၊ စတာတွေကို တိုင်ပင်ပါ။ သူတို့ကြိုက်တာ၊ ကိုယ်လုပ်စေချင်တာမျှတအောင် စီစဉ်ပါ။ ဒီအစီအစဉ်ဆွဲခြင်းလုပ်ငန်းကနေ ဆွေးနွေးတိုင်ပင်မှု၊ ညှိနှိုင်းမှု စွမ်းရည်တွေ ရနိုင်ပါတယ်။
၃) ကိုယ်ခန္ဓာလှုပ်ရှားရသော၊ ကိုယ်တိုင်ပါဝင်ရသော လုပ်ငန်းများ လုပ်စေပါ။
တစ်ယောက်ထဲနေရတာ ကြိုက်တဲ့ ကလေးရှိနိုင်ပေမယ့် ရာခိုင်နှုန်းများများက အခြားသူနဲ့ ဆော့ကစားရတာ ကြိုက်ကြတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားရတဲ့ လုပငန်းတွေ၊ သူတို့ကိုယ်တိုင်ပါဝင်ပြီး အတွေ့အကြုံကနေ သင်ယူနိုင်မယ့် လုပ်ငန်းမျိုးတွေက အထောက်ကူပြုပါတယ်။ လက်တွေ့စမ်းသပ်တဲ့လုပ်ငန်းဖြစ်ဖြစ်၊ ကစားတဲ့လုပ်ငန်းဖြစ်ဖြစ်၊ ကလေးကို ဒီတိုင်းပစ်ထားတာထက် လူကြီးကိုယ်တိုင်လည်း ပါဝင်ပြီး အတူတူလုပ်ကြဖို့လိုပါတယ်။
၄) လုပ်ချင်တာနဲ့ လုပ်သင့်တာကို ချိတ်ဆက်ပေးပါ။
ကျွန်မတို့ လူကြီးတွေက ကလေးတွေ ဘာသိသင့်တယ်၊ ဘာလုပ်တတ်သင့်တယ်ဆိုတဲ့ အတွေးရှိကြတယ်။ ကလေးတွေမှာလည်း သူတို့ ဘာလုပ်ချင်တယ်၊ ဘာပိုကြိုက်တယ်ဆိုတာ ရှိတာပါပဲ။ တစ်ခါတစ်လေမှာ သူတို့ လုပ်ချင်တာနဲ့ ကျွန်မတို့ လုပ်သင့်တယ်ထင်တာက ထပ်တူမကျပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ချိတ်ဆက်ပြီး စဉ်းစားတတ်ဖို့လိုပါတယ်။ ဥပမာ – ကျွန်မတို့သူတို့ကို စာဖတ်စေချင်တယ်၊ သူတို့က အရုပ်နဲ့ကစားချင်တယ်ဆိုပါစို့။ အရုပ်အကြောင်း စာဖတ်ခိုင်းတာတို့ ကိုယ်ဖတ်စေချင်တဲ့စာနဲ့ ဆိုင်တဲ့ အရုပ်နဲ့ ကစားခိုင်းပြီး ပြန်ဆွေးနွေးခိုင်းတာမျိုးတို့ လုပ်ကြည့်လို့ရတာပါပဲ။
၅) လမ်းပြကောင်းတွေဖြစ်ပါစေ။
ကလေးတွေ အိမ်မှာနေတဲ့အခါ လူကြီးတွေနဲ့ တစ်နေကုန်တွေ့ရတယ်။ ကောင်းတဲ့အကျင့်၊ မကောင်းတဲ့အကျင့် အကုန် ကလေးတွေရှေ့ပေါ်တာပါပဲ။ ဒါကြောင့် ကလေးတွေကို ဆရာမလုပ်ခင်၊ မဆုံးမခင် ကိုယ်တိုင်က ကိုယ်သင်ပေးမယ့် ကိစ္စကို တစ်ကယ်လိုက်လုပ်ဖို့လိုပါတယ်။ ကိုယ်ဆုံးမတဲ့ကိစ္စကို လူကြီးတွေကိုယ်တိုင်မလုပ်တဲ့အခါ ကလေးတွေရဲ့ လေးစားမှု၊ နာယူတတ်မှုလည်း လျော့ကျတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ပြောတဲ့အတိုင်းလုပ်တတ်သူတွေဖြစ်နိုင်အောင် ကြိုးစားကြဖိုကလိုပါတယ်။
အိမ်မှာ ကျောင်းအဖြစ် ကလေးတွေကို သင်ပေးချင်တယ်၊ ကူညီချင်တယ်ဆိုရင် အရေးကြီးဆုံးက ကိုယ်ချင်းစာဖို့ပါ။ ငါတို့တုန်းက ဘယ်လို ဆိုတာပြောပြီး ဆုံးမဖို့ထက် ကိုယ်သာ ကလေးနေရာမှာဆိုဘယ်လိုနေမလဲဆိုတာစဉ်းစားပြီး ကူညီပေးပါ၊ ပံ့ပိုးပေးပါ၊ ပျော်ရွှင်စေပါ၊ ဆော့ကစားစေပါ၊ အဖေါ်လုပ်ပေးပါ။ ကလေးဆိုတဲ့အရွယ်က ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။ ဒါကြောင့် ငယ်တုန်းက အဖေါ်လုပ်ပြီး ကူညီပေးပါ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
[ Zawgyi ]
COVID-19 ျမန္မာျပည္မွာမျဖစ္ေသးဘူးဆိုေပမယ့္ ေက်ာင္းေတြလည္းပိတ္၊ ေလၽွာက္သြားရမယ့္ေနရာေတြလည္း မက်န္ဆိုေတာ့ ကေလးေတြကို အိမ္မွာ ဘယ္လို ကူညီၿပီး သင္ရင္ရမယ္ဆိုတာ ၾကမ္းဖ်ဥ္းမၽွေဝၿပီးပါၿပီ။ ဒီအပတ္မွာလည္း အိမ္ကို စာသင္ခန္းအျဖစ္ေျပာင္းလဲတဲ့အခါ၊ အိမ္ကို ေက်ာင္းအသြင္ေျပာင္းၾကတဲ့အခါ သတိထားရမွာေလးေတြ မၽွေဝေပးခ်င္ပါတယ္။
၁) စည္းကမ္းတက် လြတ္လပ္ပါေစ။
အိမ္မွာေနရင္း စာသင္တဲ့အခါ ကေလးေတြက လြတ္လပ္ခြင့္နဲ႔ စိတ္ႀကိဳက္လုပ္ပိုင္ခြင့္ကို ပိုလိုခ်င္ၾကတယ္။ စည္းကမ္းတင္းၾကပ္တဲ့အခါ၊ အထူးသျဖင့္ သူတို႔ သေဘာမက်တဲ့စည္းကမ္း၊ သူတို႔သေဘာမတူတဲ့ စည္းကမ္းေတြရွိတဲ့အခါ စိတ္တိုင္းမက်ပိုျဖစ္ၾကတယ္။ ဒါေၾကာင့္ သူတို႔ကိုလည္း လြတ္လပ္ခြင့္ေပးမယ့္၊ စနစ္တက်လည္း သင္ယူခြင့္ရေစမယ့္ စည္းကမ္းေတြကို အတူတူခ်ပါ။
၂) တစ္ပတ္စာ၊ တစ္ေန႔တာ အစီအစဥ္ဆြဲပါ။
အစီအစဥ္ဆြဲျခင္းဟာ အလုပ္ခြင္ထဲေရာက္တဲ့အထိ အသုံးဝင္တဲ့ စြမ္းရည္ျဖစ္ပါတယ္။ တစ္ေန႔တာဘာေတြလုပ္မယ္၊ တစ္ပတ္တာ ဘာေတြလုပ္မယ္၊ တစ္လတာ ဘာေတြလုပ္မယ္ဆိုတာ အၾကမ္းဖ်ဥ္း ႀကိဳတင္ တိုင္ပင္ၾကဖို႔လိုပါတယ္။ ကေလးေတြနဲ႔အတူတူ ဘာေတြလုပ္ခ်င္တယ္၊ ဘာစားၾကမယ္၊ စတာေတြကို တိုင္ပင္ပါ။ သူတို႔ႀကိဳက္တာ၊ ကိုယ္လုပ္ေစခ်င္တာမၽွတေအာင္ စီစဥ္ပါ။ ဒီအစီအစဥ္ဆြဲျခင္းလုပ္ငန္းကေန ေဆြးေႏြးတိုင္ပင္မႈ၊ ညႇိႏွိုင္းမႈ စြမ္းရည္ေတြ ရနိုင္ပါတယ္။
၃) ကိုယ္ခႏၶာလႈပ္ရွားရေသာ၊ ကိုယ္တိုင္ပါဝင္ရေသာ လုပ္ငန္းမ်ား လုပ္ေစပါ။
တစ္ေယာက္ထဲေနရတာ ႀကိဳက္တဲ့ ကေလးရွိနိုင္ေပမယ့္ ရာခိုင္ႏႈန္းမ်ားမ်ားက အျခားသူနဲ႔ ေဆာ့ကစားရတာ ႀကိဳက္ၾကတယ္။ ဒါေၾကာင့္ ကိုယ္လက္လႈပ္ရွားရတဲ့ လုပငန္းေတြ၊ သူတို႔ကိုယ္တိုင္ပါဝင္ၿပီး အေတြ႕အၾကဳံကေန သင္ယူနိုင္မယ့္ လုပ္ငန္းမ်ိဳးေတြက အေထာက္ကူျပဳပါတယ္။ လက္ေတြ႕စမ္းသပ္တဲ့လုပ္ငန္းျဖစ္ျဖစ္၊ ကစားတဲ့လုပ္ငန္းျဖစ္ျဖစ္၊ ကေလးကို ဒီတိုင္းပစ္ထားတာထက္ လူႀကီးကိုယ္တိုင္လည္း ပါဝင္ၿပီး အတူတူလုပ္ၾကဖို႔လိုပါတယ္။
၄) လုပ္ခ်င္တာနဲ႔ လုပ္သင့္တာကို ခ်ိတ္ဆက္ေပးပါ။
ကၽြန္မတို႔ လူႀကီးေတြက ကေလးေတြ ဘာသိသင့္တယ္၊ ဘာလုပ္တတ္သင့္တယ္ဆိုတဲ့ အေတြးရွိၾကတယ္။ ကေလးေတြမွာလည္း သူတို႔ ဘာလုပ္ခ်င္တယ္၊ ဘာပိုႀကိဳက္တယ္ဆိုတာ ရွိတာပါပဲ။ တစ္ခါတစ္ေလမွာ သူတို႔ လုပ္ခ်င္တာနဲ႔ ကၽြန္မတို႔ လုပ္သင့္တယ္ထင္တာက ထပ္တူမက်ပါဘူး။ ဒါေၾကာင့္ ကၽြန္မတို႔အေနနဲ႔ ခ်ိတ္ဆက္ၿပီး စဥ္းစားတတ္ဖို႔လိုပါတယ္။ ဥပမာ – ကၽြန္မတို႔သူတို႔ကို စာဖတ္ေစခ်င္တယ္၊ သူတို႔က အ႐ုပ္နဲ႔ကစားခ်င္တယ္ဆိုပါစို႔။ အ႐ုပ္အေၾကာင္း စာဖတ္ခိုင္းတာတို႔ ကိုယ္ဖတ္ေစခ်င္တဲ့စာနဲ႔ ဆိုင္တဲ့ အ႐ုပ္နဲ႔ ကစားခိုင္းၿပီး ျပန္ေဆြးေႏြးခိုင္းတာမ်ိဳးတို႔ လုပ္ၾကည့္လို႔ရတာပါပဲ။
၅) လမ္းျပေကာင္းေတြျဖစ္ပါေစ။
ကေလးေတြ အိမ္မွာေနတဲ့အခါ လူႀကီးေတြနဲ႔ တစ္ေနကုန္ေတြ႕ရတယ္။ ေကာင္းတဲ့အက်င့္၊ မေကာင္းတဲ့အက်င့္ အကုန္ ကေလးေတြေရွ႕ေပၚတာပါပဲ။ ဒါေၾကာင့္ ကေလးေတြကို ဆရာမလုပ္ခင္၊ မဆုံးမခင္ ကိုယ္တိုင္က ကိုယ္သင္ေပးမယ့္ ကိစၥကို တစ္ကယ္လိုက္လုပ္ဖို႔လိုပါတယ္။ ကိုယ္ဆုံးမတဲ့ကိစၥကို လူႀကီးေတြကိုယ္တိုင္မလုပ္တဲ့အခါ ကေလးေတြရဲ့ ေလးစားမႈ၊ နာယူတတ္မႈလည္း ေလ်ာ့က်တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္တိုင္လည္း ေျပာတဲ့အတိုင္းလုပ္တတ္သူေတြျဖစ္နိုင္ေအာင္ ႀကိဳးစားၾကဖိုကလိုပါတယ္။
အိမ္မွာ ေက်ာင္းအျဖစ္ ကေလးေတြကို သင္ေပးခ်င္တယ္၊ ကူညီခ်င္တယ္ဆိုရင္ အေရးႀကီးဆုံးက ကိုယ္ခ်င္းစာဖို႔ပါ။ ငါတို႔တုန္းက ဘယ္လို ဆိုတာေျပာၿပီး ဆုံးမဖို႔ထက္ ကိုယ္သာ ကေလးေနရာမွာဆိုဘယ္လိုေနမလဲဆိုတာစဥ္းစားၿပီး ကူညီေပးပါ၊ ပံ့ပိုးေပးပါ၊ ေပ်ာ္ရႊင္ေစပါ၊ ေဆာ့ကစားေစပါ၊ အေဖၚလုပ္ေပးပါ။ ကေလးဆိုတဲ့အရြယ္က ဘယ္ေတာ့မွ ျပန္မရနိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ငယ္တုန္းက အေဖၚလုပ္ၿပီး ကူညီေပးပါ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ