[Unicode]
သင်ယူတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ၊ ပဲ့ပြင်ဆုံးမတဲ့အခါ၊ ပြုပြင်ပြောင်းလဲတဲ့အခါ၊ ဘယ်အခါမှာမဆို အဲဒီ့ ဖြစ်စဉ်ထဲမှာ ပါဝင်တဲ့သူတွေ တက်ကြွစွာပါဝင်လာအောင်၊ ထိရောက်စွာ လုပ်ဆောင်နိုင်အောင်၊ သေသေချာချာကြိုးစားကြရအောင် ဘေးကလူတွေကပဲဖြစ်ဖြစ်၊ အဲဒီ့ဖြစ်စဉ်ထဲက အခြားသူတွေကပဲဖြစ်ဖြစ်၊ ကိုယ်ကိုကိုယ်ပဲဖြစ်ဖြစ် အားပေးကြတယ်၊ လှုံ့ဆော်ကြတယ်။ အားပေးလှုံ့ဆော်တဲ့အခါ စိတ်အတွင်းသန္တာန်မှာ ကြိုးစားချင်စိတ်၊ သင်ယူချင်စိတ်၊ အလုပ်လုပ်ချင်စိတ် တစ်ဖွါးဖွါးပေါ်လာရင် ဘယ်သူက တားတား၊ ဘယ်သူပံ့ပိုးပိုး၊ မပံ့ပိုးပိုး ဆက်လုပ်ကြတယ်။ တစ်ခုခုကို မက်လုံးပေးပြီး အပေါ်ယံလှုံ့ဆော်မှုမှာ သာယာသွားသူတွေကတော့ မက်လုံးနောက်ကိုပဲလိုက်ကြတယ်။ မက်လုံးနဲ့ ကိုယ်မျှော်ကိုးနေတဲ့အရာ မရှိတော့ရင် လုပ်နေတာကို ဆက်မလုပ်တာတို့၊ မကြိုးစားကြတာတို့ ဖြစ်တတ်ကြတယ်။ အသေးစိတ်ကို အရင်တစ်ပါတ်က ရေးပြီးပြီမို့ ဒီတစ်ပတ်မှာ ကြိုးစားချင်စိတ်၊ သင်ယူချင်စိတ်ကို အတွင်းစိတ်သန္တာန်မှာ ဖြစ်ပေါ်လာအောင် ဘယ်လို နည်းလမ်းတွေနဲ့ လှုံ့ဆော်ကြမလဲဆိုတာကို မျှဝေပါ့မယ်။
လှုံ့ဆော်မှု (၁) – ယုံကြည်မှု
ကိုယ်သင်ယူရတဲ့အရာအပေါ်မှာ၊ ကိုယ်ပါဝင်လုပ်ဆောင်နေရတဲ့ အလုပ်အပေါ်မှာ၊ ကိုယ်ကြိုးစားနေတဲ့ လမ်းကြောင်းအပေါ်မှာ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုက ကိုယ့်အတွက် အကျိုးရှိတယ်၊ အများအတွက် အကျိုးရှိတယ်၊ ကောင်းမွန်တဲ့ အဓိပ္ပါယ်ရှိနေတယ်၊ သေချာတဲ့ အနာဂါတ်ရှိတယ်ဆိုတဲ့အပေါ် ယုံကြည်ပြီဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်၊ သင်ယူနေတဲ့ အရာတွေ အပေါ် ပိုပြီး အလေးထားကြတယ်၊ စိတ်အတွင်းထဲကနေ ကြိုးစားချင်စိတ်၊ လုပ်ပေးချင်စိတ်ဖြစ်ကြတယ်။
အဲဒီ့အတွက် ဆရာ၊မတွေ မိဘတွေ အနေနဲ့ ကလေးတွေကို ပညာပေးတော့မယ်ဆိုရင်၊ အလုပ်ရှင်တွေက ကိုယ့်လက်အောက်ငယ်သားတွေကို လုပ်စေချင်တဲ့အလုပ်တွေပေးတော့မယ်ဆိုရင် ဘာကြောင့်လုပ်သင့်တယ်၊ ဘယ်လိုအဓိပ္ပါယ်တွေရှိပြီး ဘယ်လို ရှင်းလင်းတဲ့ အနာဂါတ်ကို မျှော်ကိုးလုပ်ဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ သိသာမြင်သာအောင် ပြောပြဖို့လိုပါတယ်။ အလုပ်အပေါ်မှာ၊ ယုံကြည်မှုရှိလာအောင် နားလည်လာအောင်် ရှင်းလင်းပြောကြားပေးတဲ့အပြင် ပြောတဲ့အတိုင်း ကြိုးစားဦးဆောင်ဖို့လည်း လူကြီးတွေက တာဝန်ယူရပါ့မယ်။
ဘာသာရပ်အလိုက် လက်တွေ့ဘဝအတွက် အသုံးဝင်ပုံတွေ ရှင်းပြတာမျိုး၊ ခေါင်းစဉ်အလိုက် ကလေးတွေရဲ့ ဘဝနဲ့ ချိတ်ဆက်ပြတာမျိုး၊ လက်တွေ့ အသုံးချပြီး ပြန်လည် ဆန်းစစ်စေတာမျိုးတွေက ကလေးတွေနဲ့ သင်ယူနေရတဲ့ အကြောင်းအရာတွေအကြား ယုံကြည်မှု ပိုဖြစ်စေတဲ့အတွက် သင်ယူလိုစိတ်ပိုဖြစ်လာစေမှာပါ။
ကလေးတွေရဲ့ လေ့လာနေတဲ့ ဘာသာရပ်အပေါ်၊ လေ့လာနည်းအပေါ် ယုံကြည်ချက်က အရေးပါသလို သူတို့ကို ယုံကြည်ခြင်းခံရတာကလည်း အရေးပါပါတယ်။ လူကြီးမိဘတွေက ကလေးတွေကို ယုံကြည်မှုလျော့နည်းတဲ့အခါ လုပ်ချင်စိတ် လျော့ကျသွားတာတွေရှိပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ လုပ်နိုင်စွမ်းနဲ့ သင်ယူလိုစိတ်အပေါ်မှာ ယုံကြည်မှုရှိကြောင်း ပြသပြောဆိုဖို့လည်း လိုအပ်ပါတယ်။
ကိုယ်ဘာသာ ပညာရပ်တစ်ခုကို လေ့လာဖို့အတွက် လှုံ့ဆော်ချင်တယ်ဆိုရင် အဲဒီ့ လေ့လာလိုတဲ့ အကြောင်းအရာက ကိုယ့်ဘဝအတွက် အသုံးဝင်တယ်၊ အဓိပ္ပါယ်ရှိတယ်၊ အနာဂါတ်အတွက်ကောင်းမွန်တယ်၊ ကိုယ့်အတွက် စိတ်ဝင်စားစရာဖြစ်တယ်ဆိုတာကို သေချာအောင်လုပ်ဖို့လိုပါတယ်။ ကိုယ်လေ့လာမယ့် အကြောင်းအရာအပေါ် ယုံကြည်မှု မခိုင်မာဘူးဆိုရင် ကောက်ရိုးမီးလိုပဲ ခဏလေး လေ့လာပြီး နောက်တော့ ဆက်လေ့လာဖြစ်မှာမဟုတ်ပါဘူး။
—————————————
လှုံ့ဆော်မှု နံပါတ် (၂) – ပျော်ရွှင်မှု
ပျော်ရွှင်စရာမကောင်းတဲ့အလုပ်၊ ပျော်ရွှင်စရာမကောင်းတဲ့ စာသင်ခန်းကို ဘယ်သူကမှ စိတ်ပါလက်ပါ တက်ကြွစွာ မလာချင်ပါဘူး။ ပျော်စရာမကောင်းတဲ့ဆီမှာ ကြာကြာလည်း မနေချင်ပါဘူး။ ပျော်စရာ မကောင်းအောင် လုပ်တဲ့သူတွေဆီကလည်း အများကြီး မသင်ချင်ပါဘူး။ အဲဒီ့တော့ အလုပ်ပဲဖြစ်ဖြစ်၊ စာသင်ခန်းပဲဖြစ်ဖြစ်၊ ပျော်ရွှင်စရာ ကောင်းတဲ့နေရာတစ်ခု ဖန်တီးဖို့လိုပါတယ်။ အလုပ်ပြီးမြောက်ဖို့၊ ပညာတစ်ခုတတ်မြောက်ဖို့ဆိုတာ အရေးကြီးပါတယ် အဲဒီ့အတွက် တင်းတင်းကြပ်ကြပ်နဲ့ အမြဲ ဆူငေါက်နေတာကတော့လည်း နည်းလမ်းမဟုတ်ပါဘူး။
လူကြီးတွေ၊ဆရာ၊မတွေအနေနဲ့ ကလေးတွေကို သူတို့သင်ယူတဲ့အခါ ပျော်ရွှင်အောင် သင်ကြားနည်းစနစ်တွေကို အသုံးပြုဖို့လိုပါတယ်။ ကလေးတွေရဲ့ စိတ်ဝင်စားမှု၊ ကလေးတွေရဲ့ သင်ယူပုံနဲ့ ကိုက်ညီသော သင်ထောက်ကူပစ္စည်းတွေနဲ့ သင်ကြားနည်းစနစ်တွေကို အသုံးပြုမယ်ဆိုရင် ကလေးတွေက သင်ယူရာမှာ ပျော်ရွှင်လာမှာပါ။ နောက်ထပ်အရေးကြီးတာကတော့ လူကြီးကိုယ်တိုင်ပါပဲ။ ဘယ်ကလေးမှ ဆူအောင့်နေတဲ့သူဆီက မသင်ချင်ပါဘူး။ သင်ပေးတဲ့သူကလည်း တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ပေးဖို့လိုအပ်ပါတယ်။
ကိုယ်တိုင် သင်ယူဖို့ အတွက်ဆိုရင်လည်း ကိုယ်တိုင်က ဘယ်လိုသင်ယူရတာကို ကြိုက်သလဲဆိုတာ စဉ်းစားပါ။ ဥပမာ ကိုယ်က အင်္ဂလိပ်စာလေ့လာမယ်၊ နားထောင်ရတာကြိုက်တယ်၊ သီချင်းတွေနားထောင်ရတာပျော်တယ်ဆိုရင် သီချင်းတွေကနေ အင်္ဂလိပ်စာသင်ယူဖို့ ပြင်ဆင်ရမှာပေါ့။ ကိုယ်တိုင် သင်ယူမှုမှာ ပျော်ရွှင်ဖို့အတွက် သင်ယူပုံတွေကို သိထားဖို့ကလည်း လိုအပ်ပါတယ်။
————————————-
လှုံ့ဆော်မှုနံပါတ် (၃) – အသိမှတ်ပြုမှု
ကိုယ့်ရဲ့ လုပ်ဆောင်မှုဟာ သူများခိုင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လုပ်ချင်လို့လုပ်ခဲ့တာဖြစ်ဖြစ် အသိမှတ်ပြုခံရတဲ့အခါ ပိုတိုးလို့လုပ်ချင်လာတယ်၊ ပိုကောင်းအောင် ကြိုးစားချင်လာတယ်။ ဆုတံဆိပ်တွေကို အသိမှတ်ပြုခြင်းရဲ့ အသွင်သဏ္ဍာန်အဖြစ်ပေးကြတယ်။ ဒါပေမယ့် မှန်ကန်စွာ အသိမှတ်ပြုမှ လူတွေကို လှုံ့ဆော်အားပေးရာရောက်ပါတယ်။
ကလေးတွေကို ပိုကြိုးစားအောင်၊ သင်ယူချင်လာအောင် လှုံ့ဆော်ပေးတဲ့အခါ သူတို့လုပ်ရပ် (ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ) နှုတ်အားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ၊ အသိမှတ်ပြုတဲ့ ပစ္စည်း/ဆုနဲ့ဖြစ်စေ အသိမှတ်ပြုပေးလို့ရပါတယ်။ ပစ္စည်းဆုချပြီး အသိမှတ်ပြုတာထက် အခြားနည်းလမ်းတွေနဲ့လည်း အသိမှတ်ပြုဖို့လိုအပ်ပါတယ်။ ဥပမာ – သူတို့လုပ်ထားတာကို သိပါတယ်ဆိုတာ ပြဖို့လိုသလို၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အားထုတ်မှုကို အသိမှတ်ပြုပေးခြင်းမျိုးပေါ့။
အသိမှတ်ပြုတာကို အချို့က ချီးကျူးတာလို့ပဲ အဓိပ္ပါယ်ကောက်ကြတယ်။ ကျွန်မကတော့ ချီးကျူးတာအပြင် လုပ်ဆောင်ချက်တွေကို သိပါတယ်ဆိုပြီး မှတ်ချက်ချတာကို အသိအမှတ်ပြုတယ်လို့ပြောချင်ပါတယ်။ ပုစ္ဆာ ဆယ်ပုဒ်မှာ ၈ ပုဒ်မှားတဲ့ကလေးကို ကျွန်မတို့တစ်တွေက ၈ ပုဒ်မှားကြောင်းအမြဲဆူလေ့ရှိတယ်၊ မှန်အောင် ဖြေထားတဲ့ ၂ ပုဒ်ကို ကျွန်မတို့ အသိမှတ်ပြုသင့်တာပါပဲ။ နောက်တစ်ခါ ၂ ပုဒ်ကနေ ၃ ပုဒ်မှန်အောင် ဘာဆက်လုပ်မလဲဆိုတဲ့ နောက်ဆက်တွဲပံ့ပိုးပေးမှုလည်း လိုအပ်ပါတယ်။
လုပ်ငန်းခွင်မှာဆိုရင်လည်း လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်က မှားသည်ဖြစ်စေ၊ မှန််သည်ဖြစ်စေ၊ အားထုတ်ပြီး လုပ်ဆောင်ထားရင် သူ့ရဲ့ အားစိုက်ထုတ်မှုကို အသိမှတ်ပြုရမယ်။ မှားခဲ့ရင် မှားတာကို မှန်အောင် ဘယ်လို ပြင်ကြမယ်ဆိုတာ အပြုသဘောနဲ့ ကူညီပံ့ပိုးပေးရမယ်။ ဒါမှလည်း ဒီအလုပ်ကို ပိုကောင်းအောင် လုပ်ချင်စိတ် ဖြစ်မှာပေါ့။
အသိမှတ်ပြုတဲ့အခါ တော်လိုက်တာ ဆိုတဲ ့စကားလုံးနဲ့တင်ရပ်မနေပဲ ဘယ်နေရာမှာ ဘယ်လိုတော်တာလဲ၊ ဘယ်လိုအချက်တွေက ကောင်းနေသလဲဆိုတာ သေချာ ပြောပြပြီး ပိုကောင်းအောင် ဘယ်လိုဆက်လုပ်မလဲဆိုတာပါ ကူညီပါမှ အသိမှတ်ပြုရာရောက်ပါတယ်။
——————————–
လှုံ့ဆော်အားပေးတဲ့အခါ နည်းလမ်းတွေအများကြီးထဲက (၃) ခုကို မျှဝေခဲ့ပြီးပါပြီ။ မျှဝေခဲ့တဲ့ ယုံကြည်မှု၊ ပျော်ရွှင်မှုနဲ့ အသိမှတ်ပြုမှုတွေလုပ်နိုင်ဖို့ဆိုရင် ဆရာ၊မတွေ မိဘတွေက ကလေးတွေ အကြောင်းကို သေချာသိဖို့လိုလာပါပြီ။ ဘယ်လို ယုံကြည်မှုတည်ဆောက်မလဲ၊ ဘယ်လို ပျော်ရွှင်အောင် လုပ်ပေးနိုင်မလဲ၊ လုပ်ဆောင်ချက်တွေကို ဘယ်လို အသိမှတ်ပြုမလဲစတဲ့ မေးခွန်းတွေရဲ့ အဖြေက ကလေးတစ်ဦးချင်းစီအပေါ်မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ သင်ယူမှုမှာ လှုံ့ဆော်ချင်ရင် ကို်ယ်လေ့လာချင်တဲ့ဘာသာရပ်ဟာ ကိုယ့်အတွက် အကျိုးရှိတယ်၊အဓိပ္ပါယ်ရှိတယ်ဆိုတဲ့အပေါ် ယုံကြည်လာအောင်လုပ်ဆောင်ပါ၊ သင်ယူရာမှာ ပျော်ရွှင်အောင် နည်းလမ်းတွေ စဉ်းစားပါ၊ ကိုယ့်ရဲ့ အားထုတ်မှု၊ အောင်မြင်မှုတွေကို အသိမှတ်ပြုပါ။ အခြားသူတွေကိုလည်း ထိုနည်းအတူ ပြုလုပ်ပေးပါ။ အားလုံး သင်ယူမှုမှာ ပျော်မွေ့သူတွေ ဖြစ်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
[Zawgyi]
သင္ယူတဲ့အခါ၊ အလုပ္လုပ္တဲ့အခါ၊ ပဲ့ျပင္ဆံုးမတဲ့အခါ၊ ျပဳျပင္ေျပာင္းလဲတဲ့အခါ၊ ဘယ္အခါမွာမဆို အဲဒီ့ ျဖစ္စဥ္ထဲမွာ ပါဝင္တဲ့သူေတြ တက္ၾကြစြာပါဝင္လာေအာင္၊ ထိေရာက္စြာ လုပ္ေဆာင္နုိင္ေအာင္၊ ေသေသခ်ာခ်ာၾကိဳးစားၾကရေအာင္ ေဘးကလူေတြကပဲျဖစ္ျဖစ္၊ အဲဒီ့ျဖစ္စဥ္ထဲက အျခားသူေတြကပဲျဖစ္ျဖစ္၊ ကိုယ္ကိုကိုယ္ပဲျဖစ္ျဖစ္ အားေပးၾကတယ္၊ လွံဳ႕ေဆာ္ၾကတယ္။ အားေပးလွံဳ႕ေဆာ္တဲ့အခါ စိတ္အတြင္းသႏၱာန္မွာ ၾကိဳးစားခ်င္စိတ္၊ သင္ယူခ်င္စိတ္၊ အလုပ္လုပ္ခ်င္စိတ္ တစ္ဖြါးဖြါးေပၚလာရင္ ဘယ္သူက တားတား၊ ဘယ္သူပံ့ပိုးပိုး၊ မပံ့ပိုးပိုး ဆက္လုပ္ၾကတယ္။ တစ္ခုခုကို မက္လံုးေပးျပီး အေပၚယံလွံဳ႕ေဆာ္မွဳမွာ သာယာသြားသူေတြကေတာ့ မက္လံုးေနာက္ကိုပဲလုိက္ၾကတယ္။ မက္လံုးနဲ႕ ကိုယ္ေမွ်ာ္ကိုးေနတဲ့အရာ မရွိေတာ့ရင္ လုပ္ေနတာကို ဆက္မလုပ္တာတုိ႕၊ မၾကိဳးစားၾကတာတို့ ျဖစ္တတ္ၾကတယ္။ အေသးစိတ္ကို အရင္တစ္ပါတ္က ေရးျပီးျပီမုိ႕ ဒီတစ္ပတ္မွာ ၾကိဳးစားခ်င္စိတ္၊ သင္ယူခ်င္စိတ္ကို အတြင္းစိတ္သႏၱာန္မွာ ျဖစ္ေပၚလာေအာင္ ဘယ္လို နည္းလမ္းေတြနဲ႕ လွံဳ႕ေဆာ္ၾကမလဲဆိုတာကို မွ်ေဝပါ့မယ္။
လွံဳ႕ေဆာ္မွဳ (၁) – ယံုၾကည္မွဳ
ကိုယ္သင္ယူရတဲ့အရာအေပၚမွာ၊ ကိုယ္ပါဝင္လုပ္ေဆာင္ေနရတဲ့ အလုပ္အေပၚမွာ၊ ကိုယ္ၾကိဳးစားေနတဲ့ လမ္းေၾကာင္းအေပၚမွာ ယံုၾကည္မွုရွိဖို႕လိုအပ္ပါတယ္။ ကိုယ္လုပ္ေနတဲ့အလုပ္တစ္ခုက ကိုယ့္အတြက္ အက်ိဳးရွိတယ္၊ အမ်ားအတြက္ အက်ိဳးရွိတယ္၊ ေကာင္းမြန္တဲ့ အဓိပၸါယ္ရွိေနတယ္၊ ေသခ်ာတဲ့ အနာဂါတ္ရွိတယ္ဆိုတဲ့အေပၚ ယံုၾကည္ျပီဆိုရင္ ကိုယ္လုပ္ေနတဲ့အလုပ္၊ သင္ယူေနတဲ့ အရာေတြ အေပၚ ပိုျပီး အေလးထားၾကတယ္၊ စိတ္အတြင္းထဲကေန ၾကိဳးစားခ်င္စိတ္၊ လုပ္ေပးခ်င္စိတ္ျဖစ္ၾကတယ္။
အဲဒီ့အတြက္ ဆရာ၊မေတြ မိဘေတြ အေနနဲ႕ ကေလးေတြကို ပညာေပးေတာ့မယ္ဆိုရင္၊ အလုပ္ရွင္ေတြက ကိုယ့္လက္ေအာက္ငယ္သားေတြကို လုပ္ေစခ်င္တဲ့အလုပ္ေတြေပးေတာ့မယ္ဆိုရင္ ဘာေၾကာင့္လုပ္သင့္တယ္၊ ဘယ္လိုအဓိပၸါယ္ေတြရွိျပီး ဘယ္လို ရွင္းလင္းတဲ့ အနာဂါတ္ကို ေမွ်ာ္ကိုးလုပ္ေဆာင္ေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္းနဲ႕ သိသာျမင္သာေအာင္ ေျပာျပဖို႕လိုပါတယ္။ အလုပ္အေပၚမွာ၊ ယံုၾကည္မွုရွိလာေအာင္ နားလည္လာေအာင္္ ရွင္းလင္းေျပာၾကားေပးတဲ့အျပင္ ေျပာတဲ့အတိုင္း ၾကိဳးစားဦးေဆာင္ဖို႕လည္း လူၾကီးေတြက တာဝန္ယူရပါ့မယ္။
ဘာသာရပ္အလိုက္ လက္ေတြ႕ဘဝအတြက္ အသံုးဝင္ပံုေတြ ရွင္းျပတာမ်ိဳး၊ ေခါင္းစဥ္အလုိက္ ကေလးေတြရဲ႕ ဘဝနဲ႕ ခ်ိတ္ဆက္ျပတာမ်ိဳး၊ လက္ေတြ႕ အသံုးခ်ျပီး ျပန္လည္ ဆန္းစစ္ေစတာမ်ိဳးေတြက ကေလးေတြနဲ႕ သင္ယူေနရတဲ့ အေၾကာင္းအရာေတြအၾကား ယံုၾကည္မွု ပိုျဖစ္ေစတဲ့အတြက္ သင္ယူလိုစိတ္ပိုျဖစ္လာေစမွာပါ။
ကေလးေတြရဲ႕ ေလ့လာေနတဲ႕ ဘာသာရပ္အေပၚ၊ ေလ့လာနည္းအေပၚ ယံုၾကည္ခ်က္က အေရးပါသလို သူတို႕ကို ယံုၾကည္ျခင္းခံရတာကလည္း အေရးပါပါတယ္။ လူၾကီးမိဘေတြက ကေလးေတြကို ယံုၾကည္မွဳေလ်ာ့နည္းတဲ့အခါ လုပ္ခ်င္စိတ္ ေလ်ာ့က်သြားတာေတြရွိပါတယ္။ ဒါေၾကာင့္ ကေလးေတြရဲ႕ လုပ္နုိင္စြမ္းနဲ႕ သင္ယူလိုစိတ္အေပၚမွာ ယံုၾကည္မွဳရွိေၾကာင္း ျပသေျပာဆိုဖုိ႕လည္း လုိအပ္ပါတယ္။
ကိုယ္ဘာသာ ပညာရပ္တစ္ခုကို ေလ့လာဖုိ႕အတြက္ လွံဳ႕ေဆာ္ခ်င္တယ္ဆိုရင္ အဲဒီ့ ေလ့လာလိုတဲ့ အေၾကာင္းအရာက ကိုယ့္ဘဝအတြက္ အသံုးဝင္တယ္၊ အဓိပၸါယ္ရွိတယ္၊ အနာဂါတ္အတြက္ေကာင္းမြန္တယ္၊ ကိုယ့္အတြက္ စိတ္ဝင္စားစရာျဖစ္တယ္ဆိုတာကို ေသခ်ာေအာင္လုပ္ဖုိ႕လိုပါတယ္။ ကိုယ္ေလ့လာမယ့္ အေၾကာင္းအရာအေပၚ ယံုၾကည္မွု မခုိင္မာဘူးဆိုရင္ ေကာက္ရိုးမီးလိုပဲ ခဏေလး ေလ့လာျပီး ေနာက္ေတာ့ ဆက္ေလ့လာျဖစ္မွာမဟုတ္ပါဘူး။
—————————————
လွံဳ႕ေဆာ္မွဳ နံပါတ္ (၂) – ေပ်ာ္ရႊင္မွဳ
ေပ်ာ္ရႊင္စရာမေကာင္းတဲ့အလုပ္၊ ေပ်ာ္ရႊင္စရာမေကာင္းတဲ့ စာသင္ခန္းကို ဘယ္သူကမွ စိတ္ပါလက္ပါ တက္ၾကြစြာ မလာခ်င္ပါဘူး။ ေပ်ာ္စရာမေကာင္းတဲ့ဆီမွာ ၾကာၾကာလည္း မေနခ်င္ပါဘူး။ ေပ်ာ္စရာ မေကာင္းေအာင္ လုပ္တဲ့သူေတြဆီကလည္း အမ်ားၾကီး မသင္ခ်င္ပါဘူး။ အဲဒီ့ေတာ့ အလုပ္ပဲျဖစ္ျဖစ္၊ စာသင္ခန္းပဲျဖစ္ျဖစ္၊ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ေနရာတစ္ခု ဖန္တီးဖုိ႕လိုပါတယ္။ အလုပ္ျပီးေျမာက္ဖို႕၊ ပညာတစ္ခုတတ္ေျမာက္ဖို႕ဆိုတာ အေရးၾကီးပါတယ္ အဲဒီ့အတြက္ တင္းတင္းၾကပ္ၾကပ္နဲ႕ အျမဲ ဆူေငါက္ေနတာကေတာ့လည္း နည္းလမ္းမဟုတ္ပါဘူး။
လူၾကီးေတြ၊ဆရာ၊မေတြအေနနဲ႕ ကေလးေတြကို သူတို႕သင္ယူတဲ့အခါ ေပ်ာ္ရႊင္ေအာင္ သင္ၾကားနည္းစနစ္ေတြကို အသံုးျပဳဖုိ႕လိုပါတယ္။ ကေလးေတြရဲ႕ စိတ္ဝင္စားမွဳ၊ ကေလးေတြရဲ႕ သင္ယူပံုနဲ႕ ကိုက္ညီေသာ သင္ေထာက္ကူပစၥည္းေတြနဲ႕ သင္ၾကားနည္းစနစ္ေတြကို အသံုးျပဳမယ္ဆိုရင္ ကေလးေတြက သင္ယူရာမွာ ေပ်ာ္ရႊင္လာမွာပါ။ ေနာက္ထပ္အေရးၾကီးတာကေတာ့ လူၾကီးကိုယ္တုိင္ပါပဲ။ ဘယ္ကေလးမွ ဆူေအာင့္ေနတဲ့သူဆီက မသင္ခ်င္ပါဘူး။ သင္ေပးတဲ့သူကလည္း တက္တက္ၾကြၾကြ၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ သင္ေပးဖုိ႕လိုအပ္ပါတယ္။
ကိုယ္တုိင္ သင္ယူဖို႕ အတြက္ဆိုရင္လည္း ကိုယ္တုိင္က ဘယ္လိုသင္ယူရတာကို ၾကိဳက္သလဲဆိုတာ စဥ္းစားပါ။ ဥပမာ ကိုယ္က အဂၤလိပ္စာေလ့လာမယ္၊ နားေထာင္ရတာၾကိဳက္တယ္၊ သီခ်င္းေတြနားေထာင္ရတာေပ်ာ္တယ္ဆိုရင္ သီခ်င္းေတြကေန အဂၤလိပ္စာသင္ယူဖုိ႕ ျပင္ဆင္ရမွာေပါ့။ ကိုယ္တုိင္ သင္ယူမွုမွာ ေပ်ာ္ရႊင္ဖို႕အတြက္ သင္ယူပံုေတြကို သိထားဖုိ႕ကလည္း လိုအပ္ပါတယ္။
————————————-
လံွဳ႕ေဆာ္မွဳနံပါတ္ (၃) – အသိမွတ္ျပဳမွု
ကိုယ့္ရဲ႕ လုပ္ေဆာင္မွဳဟာ သူမ်ားခုိင္းလို႕ပဲျဖစ္ျဖစ္၊ ကိုယ္တုိင္လုပ္ခ်င္လုိ႕လုပ္ခဲ့တာျဖစ္ျဖစ္ အသိမွတ္ျပဳခံရတဲ့အခါ ပိုတိုးလို႕လုပ္ခ်င္လာတယ္၊ ပိုေကာင္းေအာင္ ၾကိဳးစားခ်င္လာတယ္။ ဆုတံဆိပ္ေတြကို အသိမွတ္ျပဳျခင္းရဲ႕ အသြင္သ႑ာန္အျဖစ္ေပးၾကတယ္။ ဒါေပမယ့္ မွန္ကန္စြာ အသိမွတ္ျပဳမွ လူေတြကို လွံဳ႕ေဆာ္အားေပးရာေရာက္ပါတယ္။
ကေလးေတြကို ပိုၾကိဳးစားေအာင္၊ သင္ယူခ်င္လာေအာင္ လွံဳ႕ေဆာ္ေပးတဲ့အခါ သူတို႕လုပ္ရပ္ (ၾကီးသည္ျဖစ္ေစ၊ ေသးသည္ျဖစ္ေစ) ႏွုတ္အားျဖင့္ျဖစ္ေစ၊ အျပဳအမူအားျဖင့္ျဖစ္ေစ၊ အသိမွတ္ျပဳတဲ့ ပစၥည္း/ဆုနဲ႕ျဖစ္ေစ အသိမွတ္ျပဳေပးလို႕ရပါတယ္။ ပစၥည္းဆုခ်ျပီး အသိမွတ္ျပဳတာထက္ အျခားနည္းလမ္းေတြနဲ႕လည္း အသိမွတ္ျပဳဖုိ႕လိုအပ္ပါတယ္။ ဥပမာ – သူတို႕လုပ္ထားတာကို သိပါတယ္ဆိုတာ ျပဖုိ႕လိုသလို၊ မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ အားထုတ္မွဳကို အသိမွတ္ျပဳေပးျခင္းမ်ိဳးေပါ့။
အသိမွတ္ျပဳတာကို အခ်ိဳ႕က ခ်ီးက်ဴးတာလို႕ပဲ အဓိပၸါယ္ေကာက္ၾကတယ္။ ကၽြန္မကေတာ့ ခ်ီးက်ဴးတာအျပင္ လုပ္ေဆာင္ခ်က္ေတြကို သိပါတယ္ဆိုျပီး မွတ္ခ်က္ခ်တာကို အသိအမွတ္ျပဳတယ္လို႕ေျပာခ်င္ပါတယ္။ ပုစာၦ ဆယ္ပုဒ္မွာ ၈ ပုဒ္မွားတဲ့ကေလးကုိ ကၽြန္မတို႕တစ္ေတြက ၈ ပုဒ္မွားေၾကာင္းအျမဲဆူေလ့ရွိတယ္၊ မွန္ေအာင္ ေျဖထားတဲ့ ၂ ပုဒ္ကို ကၽြန္မတို႕ အသိမွတ္ျပဳသင့္တာပါပဲ။ ေနာက္တစ္ခါ ၂ ပုဒ္ကေန ၃ ပုဒ္မွန္ေအာင္ ဘာဆက္လုပ္မလဲဆိုတဲ့ ေနာက္ဆက္တြဲပံ့ပိုးေပးမွဳလည္း လုိအပ္ပါတယ္။
လုပ္ငန္းခြင္မွာဆိုရင္လည္း လူတစ္ေယာက္ရဲ႕ လုပ္ေဆာင္ခ်က္က မွားသည္ျဖစ္ေစ၊ မွန္္သည္ျဖစ္ေစ၊ အားထုတ္ျပီး လုပ္ေဆာင္ထားရင္ သူ႕ရဲ႕ အားစိုက္ထုတ္မွဳကို အသိမွတ္ျပဳရမယ္။ မွားခဲ့ရင္ မွားတာကို မွန္ေအာင္ ဘယ္လို ျပင္ၾကမယ္ဆိုတာ အျပဳသေဘာနဲ႕ ကူညီပံ့ပိုးေပးရမယ္။ ဒါမွလည္း ဒီအလုပ္ကို ပိုေကာင္းေအာင္ လုပ္ခ်င္စိတ္ ျဖစ္မွာေပါ့။
အသိမွတ္ျပဳတဲ့အခါ ေတာ္လုိက္တာ ဆိုတဲ ့စကားလံုးနဲ႕တင္ရပ္မေနပဲ ဘယ္ေနရာမွာ ဘယ္လိုေတာ္တာလဲ၊ ဘယ္လိုအခ်က္ေတြက ေကာင္းေနသလဲဆိုတာ ေသခ်ာ ေျပာျပျပီး ပိုေကာင္းေအာင္ ဘယ္လိုဆက္လုပ္မလဲဆိုတာပါ ကူညီပါမွ အသိမွတ္ျပဳရာေရာက္ပါတယ္။
——————————–
လွံဳ႕ေဆာ္အားေပးတဲ့အခါ နည္းလမ္းေတြအမ်ားၾကီးထဲက (၃) ခုကို မွ်ေဝခဲ့ျပီးပါျပီ။ မွ်ေဝခဲ့တဲ့ ယံုၾကည္မွဳ၊ ေပ်ာ္ရႊင္မွုနဲ႕ အသိမွတ္ျပဳမွဳေတြလုပ္နုိင္ဖုိ႕ဆိုရင္ ဆရာ၊မေတြ မိဘေတြက ကေလးေတြ အေၾကာင္းကို ေသခ်ာသိဖုိ႕လိုလာပါျပီ။ ဘယ္လို ယံုၾကည္မွုတည္ေဆာက္မလဲ၊ ဘယ္လို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးနုိင္မလဲ၊ လုပ္ေဆာင္ခ်က္ေတြကို ဘယ္လို အသိမွတ္ျပဳမလဲစတဲ့ ေမးခြန္းေတြရဲ႕ အေျဖက ကေလးတစ္ဦးခ်င္းစီအေပၚမူတည္ျပီး ကြဲျပားသြားမွာျဖစ္ပါတယ္။ ကိုယ့္ရဲ႕ သင္ယူမွဳမွာ လွံဳ႕ေဆာ္ခ်င္ရင္ ကို္ယ္ေလ့လာခ်င္တဲ့ဘာသာရပ္ဟာ ကိုယ့္အတြက္ အက်ိဳးရွိတယ္၊အဓိပၸါယ္ရွိတယ္ဆိုတဲ့အေပၚ ယံုၾကည္လာေအာင္လုပ္ေဆာင္ပါ၊ သင္ယူရာမွာ ေပ်ာ္ရႊင္ေအာင္ နည္းလမ္းေတြ စဥ္းစားပါ၊ ကိုယ့္ရဲ႕ အားထုတ္မွဳ၊ ေအာင္ျမင္မွဳေတြကို အသိမွတ္ျပဳပါ။ အျခားသူေတြကိုလည္း ထိုနည္းအတူ ျပဳလုပ္ေပးပါ။ အားလံုး သင္ယူမွဳမွာ ေပ်ာ္ေမြ႕သူေတြ ျဖစ္ၾကပါေစ။
ေမတၱာျဖင့္… Sayarma-ဆရာမ