[ Unicode ]
ကျွန်မတို့ မြန်မာပြည်မှာ အရှက်သိက္ခာနဲ့ လူလုပ်နေတယ်ဆိုတဲ့စကား သိပ်ပြောတယ်။ သူကသိပ်ရှက်တတ်တာ၊ အရှက်ရှိတယ်၊ အရှက်မရှိဘူး စတဲ့ စကားလုံးတွေလည်း သုံးတယ်။ အဲဒီ့ အရှက်ဆိုတဲ့ စကားလုံးက ပါဠိလို ဟီရိ လို့ သုံးနှုန်းပါတယ်။ ဟီရိသြတ္တပ တရား ဆိုတာ ဟီရိဆိုတဲ့ အရှက်တရားနဲ့ သြတ္တပဆိုတဲ့ အကြောက်တရားကို ပေါင်းစပ်ထားပြီး အရှက်ကင်းမဲ့တဲ့ လုပ်ရပ်တွေ၊ အတွေးတွေ၊ အပြောတွေ တွေးတောပြောဆိုလုပ်ဆောင်ဖို့ ကြောက်ရွံ့တာကို ဆိုလိုတာပါ။
ပါချုပ်ဆရာတော်က လူရှေ့သူရှေ့ထွက်ရမှာ ရှက်တယ်တို့ဘာတို့ဆိုတာ တစ်ကယ်ရှက်တတ်တာမဟုတ်ဘူးတဲ့။ အဲ့ဒါမျိုးကျတော့ သတ္တိမရှိတာလို့ ခေါ်တယ်လို့ ဟောပါတယ်။ ဟီရိသြတ္တပဆိုတာ မကောင်းတာ လုပ်ရမှာ၊ မကောင်းတာ တွေးရမှာ၊ မကောင်းတာပြောရမှာကို ကြောက်တာ၊ ဆိုတဲ့ အဓိပ္ပါယ်ပါ။ ကြောက်တဲ့အတွက် မလုပ်ဘူးပေါ့။
မကောင်းတာလုပ်ကြသူတွေဟာ အရှက်တရားမရှိသူတွေ (ဟီရိသြတ္တပတရားကင်းမဲ့သူတွေ)လို့ ပြောနိုင်ပါတယ်။ သူတို့ဟာ မကောင်းတာ၊ မမှန်တာကို လုပ်ရဲကြတာကိုး။ အဲဒီ့ မကောင်းတာ မမှန်တာလုပ်သူတွေကို ဒီတိုင်း ကြည့်ပြီး ထောက်ခံသူတွေဟာလည်း ဟီရိသြတ္တပတရားမရှိသူတွေပါ။
ကျွန်မတို့ နိုင်ငံတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့ဆိုရင် ကျွန်မတို့ ကိုယ်တိုင်ရော၊ ကျွန်မတို့ ကလေးတွေရော မကောင်းတာလုပ်ရမှာ ရှက်ဖို့၊ မမှန်တာ လုပ်ရမှာရှက်ဖို့ အရေးကြီးပါတယ်။ အဲဒီ့အပြင် မှန်ရာလုပ်ဖို့၊ မှန်တဲ့ဖက်က ရပ်တည်ဖို့၊ မှန်တဲ့ အတွေးတွေးဖို့လည်း သင်ပေးမှ ဟီရိသြတ္တဆိုတဲ့ လောကပါလတရား ကြီးစိုးပြီး တိုးတက်အောင်မြင်ကြမှာပါ။
ကျွန်မတို့ စာသင်ခန်းမှာရော၊ အိမ်မှာရော –
ကလေးတွေကို မမှန်တာ လုပ်ရမှာ ရှက်ဖို့ သင်ပေးပါ။ မှန်တာလုပ်ခြင်းကို ဂုဏ်ယူဖို့ သင်ပေးပါ။
ကလေးတွေကို မမှန်ကန်တဲ့ အတွေးအမြင်တွေ ရှိမှာကို ရှက်ဖို့ သင်ပေးပါ။ မှန်ကန်တဲ့ အတွေးအမြင်တွေရှိအောင် ပညာသင်ပေးပါ။
ကလေးတွေကို မမှန်ကန်တဲ့ အပြောအဆိုတွေ ပြောခြင်းက ရှက်စရာကောင်းကြောင်း သင်ပေးပါ။ မှန်ကန်တဲ့ စကားလုံးတွေ ထွက်ရဲအောင် အခွင့်အလမ်းပေးပါ၊ သတ္တိမွေးပေးပါ။
ကလေးတွေနဲ့အတူ ကျွန်မတို့တွေ အားလုံး ဟီရိသြတ္တပတရား လက်ကိုင်ထားပြီး အမှန်တရားကို ပြောကြမယ်၊ ကောင်းသော အတွေးတွေ တွေးနိုင်အောင် ကြိုးစားကြမယ်၊ မှန်ကန်ထိရောက်တာကို လုပ်ဆောင်ကြမယ်။ အားလုံးကြိုးစားကြရအောင်။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo credit – https://www.pinterest.com.au/pin/1618549855931416/tin
[ Zawgyi ]
ကၽြန္မတို႔ ျမန္မာျပည္မွာ အရွက္သိကၡာနဲ႔ လူလုပ္ေနတယ္ဆိုတဲ့စကား သိပ္ေျပာတယ္။ သူကသိပ္ရွက္တတ္တာ၊ အရွက္ရွိတယ္၊ အရွက္မရွိဘူး စတဲ့ စကားလုံးေတြလည္း သုံးတယ္။ အဲဒီ့ အရွက္ဆိုတဲ့ စကားလုံးက ပါဠိလို ဟီရိ လို႔ သုံးႏႈန္းပါတယ္။ ဟီရိၾသတၱပ တရား ဆိုတာ ဟီရိဆိုတဲ့ အရွက္တရားနဲ႔ ၾသတၱပဆိုတဲ့ အေၾကာက္တရားကို ေပါင္းစပ္ထားၿပီး အရွက္ကင္းမဲ့တဲ့ လုပ္ရပ္ေတြ၊ အေတြးေတြ၊ အေျပာေတြ ေတြးေတာေျပာဆိုလုပ္ေဆာင္ဖို႔ ေၾကာက္ရြံ့တာကို ဆိုလိုတာပါ။
ပါခ်ဳပ္ဆရာေတာ္က လူေရွ႕သူေရွ႕ထြက္ရမွာ ရွက္တယ္တို႔ဘာတို႔ဆိုတာ တစ္ကယ္ရွက္တတ္တာမဟုတ္ဘူးတဲ့။ အဲ့ဒါမ်ိဳးက်ေတာ့ သတၱိမရွိတာလို႔ ေခၚတယ္လို႔ ေဟာပါတယ္။ ဟီရိၾသတၱပဆိုတာ မေကာင္းတာ လုပ္ရမွာ၊ မေကာင္းတာ ေတြးရမွာ၊ မေကာင္းတာေျပာရမွာကို ေၾကာက္တာ၊ ဆိုတဲ့ အဓိပၸါယ္ပါ။ ေၾကာက္တဲ့အတြက္ မလုပ္ဘူးေပါ့။
မေကာင္းတာလုပ္ၾကသူေတြဟာ အရွက္တရားမရွိသူေတြ (ဟီရိၾသတၱပတရားကင္းမဲ့သူေတြ)လို႔ ေျပာနိုင္ပါတယ္။ သူတို႔ဟာ မေကာင္းတာ၊ မမွန္တာကို လုပ္ရဲၾကတာကိုး။ အဲဒီ့ မေကာင္းတာ မမွန္တာလုပ္သူေတြကို ဒီတိုင္း ၾကည့္ၿပီး ေထာက္ခံသူေတြဟာလည္း ဟီရိၾသတၱပတရားမရွိသူေတြပါ။
ကၽြန္မတို႔ နိုင္ငံတိုးတက္ဖို႔၊ ၿငိမ္းခ်မ္းဖို႔ဆိုရင္ ကၽြန္မတို႔ ကိုယ္တိုင္ေရာ၊ ကၽြန္မတို႔ ကေလးေတြေရာ မေကာင္းတာလုပ္ရမွာ ရွက္ဖို႔၊ မမွန္တာ လုပ္ရမွာရွက္ဖို႔ အေရးႀကီးပါတယ္။ အဲဒီ့အျပင္ မွန္ရာလုပ္ဖို႔၊ မွန္တဲ့ဖက္က ရပ္တည္ဖို႔၊ မွန္တဲ့ အေတြးေတြးဖို႔လည္း သင္ေပးမွ ဟီရိၾသတၱဆိုတဲ့ ေလာကပါလတရား ႀကီးစိုးၿပီး တိုးတက္ေအာင္ျမင္ၾကမွာပါ။
ကၽြန္မတို႔ စာသင္ခန္းမွာေရာ၊ အိမ္မွာေရာ –
ကေလးေတြကို မမွန္တာ လုပ္ရမွာ ရွက္ဖို႔ သင္ေပးပါ။ မွန္တာလုပ္ျခင္းကို ဂုဏ္ယူဖို႔ သင္ေပးပါ။
ကေလးေတြကို မမွန္ကန္တဲ့ အေတြးအျမင္ေတြ ရွိမွာကို ရွက္ဖို႔ သင္ေပးပါ။ မွန္ကန္တဲ့ အေတြးအျမင္ေတြရွိေအာင္ ပညာသင္ေပးပါ။
ကေလးေတြကို မမွန္ကန္တဲ့ အေျပာအဆိုေတြ ေျပာျခင္းက ရွက္စရာေကာင္းေၾကာင္း သင္ေပးပါ။ မွန္ကန္တဲ့ စကားလုံးေတြ ထြက္ရဲေအာင္ အခြင့္အလမ္းေပးပါ၊ သတၱိေမြးေပးပါ။
ကေလးေတြနဲ႔အတူ ကၽြန္မတို႔ေတြ အားလုံး ဟီရိၾသတၱပတရား လက္ကိုင္ထားၿပီး အမွန္တရားကို ေျပာၾကမယ္၊ ေကာင္းေသာ အေတြးေတြ ေတြးနိုင္ေအာင္ ႀကိဳးစားၾကမယ္၊ မွန္ကန္ထိေရာက္တာကို လုပ္ေဆာင္ၾကမယ္။ အားလုံးႀကိဳးစားၾကရေအာင္။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo credit – https://www.pinterest.com.au/pin/1618549855931416/tin