[Unicode]

စစ်ဖြစ်ကြတဲ့အခါ၊ အကြမ်းဖက်ဖို့ လုပ်ကြတဲ့အခါ၊ လူ့အသိုင်းအဝန်းကို ဖျက်စီးဖို့ ကြိုးပမ်းတဲ့အခါ ပါဝင်ကြသူတွေဟာ ရှိနေတဲ့ စနစ်တွေကို သေချာလေ့လာတယ်၊ အားနည်းချက်တွေကို သုံးသပ်တယ်၊ ဘယ်လိုနည်းနဲ့ ဘယ်လိုပုံစံ လုပ်ရမလဲဆိုတာ သေသေချာချာ ပြင်ဆင်ပြီးမှ လုပ်ကြတယ်။ ကျွန်မတို့ သူတို့ဆီက ဘာသင်ယူနိုင်မလဲ????  အကြမ်းဖျဉ်းစဉ်းစားကြည် ့ရုံနဲ့ သိနိုင်တာက   သူတို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် စနစ်တကျလေ့လာ၊ပြင်ဆင်ပြီးလုပ်တယ်၊ ပါဝင်မယ့်သူတွေအကုန်လုံးကို ဘယ်လိုလုပ်ရမယ်ဆိုတာ စနစ်တကျသိအောင်စီစဉ်ထားတယ်။  နှစ်ပေါင်းများစွာတိုင်အောင် လူတွေ ခေါင်းမဖေါ်နိုင်အောင် စနစ်ကနေတစ်ဆင့် ချိုးနှိမ်ဖို့ ပြင်ဆင်ထားတဲ့သူတွေဟာ နှစ်ပေါင်းများစွာ အရှေ့ကို မျှော်ကြည့်ပြီး ပြင်ဆင်ကြတယ်။  ကျွန်မတို့  ကောင်းသော အပြောင်းအလြတွေ ယူဆောင်ပေးချင်သူတွေ၊ နှစ်ပေါင်းများစွာတိုင်အောင် လူတွေ တိုးတက်ဖို့ ပျော်ရွှင်အောင် ကြိုးစားချင်ကြတဲ့သူတွေက ဘာတွေလိုနေသလဲ။

ကောင်းတာတွေ ပြောင်းလဲချင်တဲ့သူတွေ က စိတ်ထားကောင်းရင် ပြီးတာပဲ၊ ရိုးသားရင်ပြီးတာပဲ၊ စေတနာပါရင်ပြီးတာပဲဆိုတာနဲ့ ရပ်နေကြတာတွေ အများကြီးရှိတယ်။ ကောင်းတဲ့အပြောင်းအလဲတွေ၊ အရွေ့တွေကို ဆုံးဖြတ်ပြင်ဆင်ပြီး အကောင်အထည်ဖေါ်တဲ့အခါ စဉ်းစားရမယ့် အချက် (၃) ချက်ကို ဒီနေ့ မျှဝေချင်ပါတယ်။

၁) Understand the change : အပြောင်းအလဲနဲ့ သက်ဆိုင်သူအားလုံးဟာ ဘာပြောင်းလဲမှာလဲ ဆိုတာအပြင် အပြောင်းအလဲလုပ်ရတဲ့အကြောင်းအရင်းတွေကို နားလည်ရမယ်။  ကိုယ် လုပ်မယ့် အလုပ်ကို သက်ဆိုင်သူတွေ အားလုံးက သိပြီလား၊ နားလည်ပြီလား၊ ဘာကြောင့် ပြောင်းလဲလုပ်ဆောင်ရသလဲဆိုတာကို သဘောပေါက်ပြီလား ဆိုတာ ပြန်မေးကြည့်ပါ။ ဥပမာ – ကျောင်းမှာ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ ပေါ်လစီနဲ့ စည်းမျဉ်းတွေကို လက်တွေ့ ကျင့်ဆုံးဖို့ ဆုံးဖြတ်ပြီး လုပ်တော့မယ်ဆိုရင် ဒီကိစ္စနဲ့ ဆက်စပ်တဲ့ ကလေး၊ မိဘ၊ ဆရာ၊မ ၊ ကျောင်းအုပ် အပြင် အခြား ကျောင်းနဲ့ ကလေးနဲ့ သက်ဆိုင်သူတွေ အားလုံး လက်လှမ်းမီသလောက်သေချာ သိအောင်၊ နားလည်အောင်၊ သဘောပေါက်အောင် လုပ်ပြီးပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ 

၂) Manage the change :  အပြောင်းအလဲနဲ့ သက်ဆိုင်သူ အားလုံးဟာ အပြောင်းအလဲ လုပ်မယ့် လုပ်ပုံ လုပ်နည်း၊ ခန့်ခွဲမယ့်ပုံစံတွေ ကို သိရှိနားလည်ရမယ်၊ လုပ်တတ်ရမယ်။  ခုဏက ဥပမာကို ယူမယ်ဆိုရင် – ကလေးသူငယ်ကာကွယ်ရေးနဲ့ ပတ်သတ်ပြီး အသိပေးထားတဲ့သူတွေအကုန်လုံး ဒီစည်းမျဉ်းတွေကို ချမှတ်နိုင်အောင်ဘယ်လိုလုပ်မလဲ၊ စည်းမျဉ်းထဲကအတိုင်း ကျောင်းမှာ ကျင့်သုံးနိုင်အောင် ဘယ်လို လုပ်ရမလဲ စတာတွေ အကုန်လုံး သိနားလည်ပြီး လုပ်တတ်ဖို့လည်း လိုပါသေးတယ်။ (အခုအချိန်မှာ Victoria ပြဿနာကြီးထွားလာမှ ကောက်ခါ ငင်ခါ Child Protection Policy တွေမှာ လက်မှတ်တွေ ဇွတ်ထိုးခိုင်းယုံနဲ့မပြီးပါဘူး။) အဲဒီ့တော့ ကိုယ်လုပ်မယ့်အပြောင်းအလဲတွေမှာပါဝင်မယ့်သူတွေဟာ အဲဒီ့အပြောင်းအလဲကို ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အသိပညာဗဟုသုတ၊ စွမ်းရည်နဲ့ မှန်ကန်တဲ့သဘောထားရှိဖို့ လုပ်ပေးပြီးပြီလား ဆိုတာ ပြန်ဆန်းစစ်ပါ။

၃) Deal with people : အပြောင်းအလဲနဲ့သက်ဆိုင်သူအားလုံးဟာ အပြောင်းအလဲမှာပါဝင်မယ့် အခြားသူတွေနဲ့ ဘယ်လို ဆက်သွယ်ပြောဆိုရမယ်၊ ဆက်ဆံရမယ်၊ လက်တွဲဆောင်ရွက်ရမယ်ဆိုတာ သိရမယ်၊ နားလည်ရမယ်၊ လုပ်တတ်ရမယ်။  တစ်ခါတစ်လေမှာ ပါဝင်သူအချင်းချင်းကြား ထိရောက်စွာ ဆက်သွယ်ပြောဆို မဆောင်ရွက်နိုင်လို့ မအောင်မြင်တဲ့ အပြောင်းအလဲ သာဓကတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ဒီအပြောင်းအလဲထဲမှာ ပါတဲ့သူတွေ အချင်းချင်း ဘယ်လို ဆက်သွယ်ပြောဆိုပြီး ပူးပေါင်းရမယ်ဆိုတာကို သေချာ ပြင်ဆင် ပြောပြထားဖို့ပါတယ်။ ဥပမာ – ကိစ္စတစ်ခုဖြစ်ခဲ့ရင် မိဘနဲ့ ဆရာ ဘယ်လို ပူးပေါင်းပြီး ကူညီကြမယ်ဆိုတာမျိုး။

အပေါ်မှာ ပြောထားတဲ့ သုံးချက်ထဲက တစ်ခု (သို့) တစ်ခုမက လိုအပ်နေတယ်ဆိုရင် အပြောင်းအလဲက မအောင်မြင်ဘူး ဒါမှမဟုတ် ပိုခက်ခဲတယ်၊ ပိုကြာတယ်။

ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ

၁) အပြောင်းအလဲတွေက ဘာတွေလဲ၊ ဘယ်အရာတွေကို ဘယ်လို အကြောင်းကြောင့် ပြောင်းမှာလဲ ဆိုတာ သိပြီလား၊ နားလည်ပြီလား၊ လက်ခံပြီလား။

၂) ပြောင်းလဲပုံ ပြောင်းလဲနည်းတွေ၊ တစ်ဦးချင်းစီရဲ့ ပြောင်းလဲလုပ်ဆောင်ရမယ့်ပုံစံတွေ၊ ပြောင်းလဲတဲ့အခါ လုပ်ဆောင်ရမယ့် အဆင့်တွေ၊ စီမံခန့်ခွဲမှုပုံစံတွေကို သိပြီလား၊ နားလည်ပြီလား၊ လုပ်တတ်ပြီလား။

၃) ဒီပညာရေးပြောင်းလဲမှုမှာ ပါဝင်မယ့် (ရာထူးကြီးငယ်၊ဒေသမရွေး) သူတွေအားလုံး အချင်းချင်း အပြန်အလှန် ဘယ်လို ဆက်သွယ်ရမယ်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ပူးပေါင်းရမယ်၊ အခက်အခဲတွေကို ဘယ်လိုအတူတူဖြေရှင်းပြီး အောင်မြင်မှုတွေကို ဘယ်လို အောင်ပွဲခံကြမလဲ စတာတွေကို သိပြီလား၊ ရှင်းပြီလား၊ လုပ်နိုင်ပြီလား။

ဒီအဖြေတွေ အားလုံးကို Yesဖြေတယ်ဆိုရင် အဲဒီ့ပညာရေး ပြုပြင်ပြောင်းလဲမှုဟာ ကြာရှည်တည်မြဲတဲ့ အောင်မြင်မှုရနိုင်တယ်၊ အချိန်လိုတာထက် ပိုမကုန်တော့ဘူး။

ကိုယ့်ကျောင်း၊ ကိုယ့်စာသင်ခန်း၊ ကိုယ့်မိသားစု အပြောင်းအလဲတွေမှာရော ကျွန်မမျှဝေခဲ့တဲ့ အချက် (၃)ချက်ကို စဉ်းစားကြည့်ပါ။ ဘယ်အချက်ကြောင့် အပြောင်းအလဲက ကြာနေသလဲ သုံးသပ်ကြည့်ပါ။

ကောင်းသော ပြောင်းလဲမှုများကို လိုလားသူတွေ သေချာ စီစစ်၊ ပြင်ဆင်ပြီး ပူးပေါင်းကြဖို့ အချိန်တန်ပါပြီ။

အချုပ်မှာ -Martin Luther King Jr ပြောတဲ့ ” If you can’t fly, then run ; if you can’t run, then walk; if you can’t walk, then crawl ; but by all means, keep going” (မပျံသန်းနိုင်ရင်၊ ပြေးပါ။ မပြေးနိုင်ရင် လမ်းလျှောက်ပါ။ မလျှောက်နိုင်ရင် တွားသွားပါ။ ဘယ်ပဲဖြစ်နေနေ၊ ရှေ့ဆက်သွားပါ။) ဆိုတာကို သတိရတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ လက်ရှိ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ အပြောင်းအလဲတွေ ကြားထဲမှာ ကောင်းသောပြောင်းလဲမှုလုပ်ဖို့ သိပ်ခက်ခဲနေတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဆက်တွန်းရမယ်၊ ဆက်လျှောက်ရမယ်။ ကောင်းသော အပြောင်းအလဲကို ရဖို့ စနစ်တကျ ပြင်ဆင်ပြီး အားလုံးပူးပေါင်းနိုင်အောင် ကြိုးစားရမယ်။ အမြဲတမ်း အထက်လူကြီးတွေက မပြောလို့၊ မသင်လို့ ၊ မမျှဝေလို့ ဆိုတဲ့ အချက်နဲ့တင် တစ်မနေကြပါနဲ့။ ကိုယ်တိုင် သိအောင်၊တတ်အောင်၊ပါဝင်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာလဲ စဉ်းစားကြပါ။

ကောငး်သောအပြောင်းအလဲများ မြန်မြန်ဖြစ်ပေါ်နိုင်ပါစေ။

မေတ္တာဖြင့်…….

              Sayarma-ဆရာမ

Photo Credit to : https://usabilitygeek.com/change-aversion-conflicted-user/

[Zawgyi]

စစ္ျဖစ္ၾကတဲ့အခါ၊ အၾကမ္းဖက္ဖုိ႕ လုပ္ၾကတဲ့အခါ၊ လူ႕အသိုင္းအဝန္းကို ဖ်က္စီးဖုိ႕ ၾကိဳးပမ္းတဲ့အခါ ပါဝင္ၾကသူေတြဟာ ရွိေနတဲ့ စနစ္ေတြကို ေသခ်ာေလ့လာတယ္၊ အားနည္းခ်က္ေတြကုိ သံုးသပ္တယ္၊ ဘယ္လိုနည္းနဲ႕ ဘယ္လိုပံုစံ လုပ္ရမလဲဆိုတာ ေသေသခ်ာခ်ာ ျပင္ဆင္ျပီးမွ လုပ္ၾကတယ္။ ကၽြန္မတို႕ သူတို႕ဆီက ဘာသင္ယူနုိင္မလဲ????  အၾကမ္းဖ်ဥ္းစဥ္းစားၾကည္ ့ရံုနဲ႕ သိနုိင္တာက   သူတုိ႕ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ စနစ္တက်ေလ့လာ၊ျပင္ဆင္ျပီးလုပ္တယ္၊ ပါဝင္မယ့္သူေတြအကုန္လံုးကို ဘယ္လိုလုပ္ရမယ္ဆိုတာ စနစ္တက်သိေအာင္စီစဥ္ထားတယ္။  ႏွစ္ေပါင္းမ်ားစြာတုိင္ေအာင္ လူေတြ ေခါင္းမေဖၚနုိင္ေအာင္ စနစ္ကေနတစ္ဆင့္ ခ်ိဳးႏွိမ္ဖုိ႕ ျပင္ဆင္ထားတဲ့သူေတြဟာ ႏွစ္ေပါင္းမ်ားစြာ အေရွ႕ကို ေမွ်ာ္ၾကည့္ျပီး ျပင္ဆင္ၾကတယ္။  ကၽြန္မတို႕  ေကာင္းေသာ အေျပာင္းအလျေတြ ယူေဆာင္ေပးခ်င္သူေတြ၊ ႏွစ္ေပါင္းမ်ားစြာတုိင္ေအာင္ လူေတြ တုိးတက္ဖုိ႕ ေပ်ာ္ရႊင္ေအာင္ ၾကိဳးစားခ်င္ၾကတဲ့သူေတြက ဘာေတြလုိေနသလဲ။

ေကာင္းတာေတြ ေျပာင္းလဲခ်င္တဲ့သူေတြ က စိတ္ထားေကာင္းရင္ ျပီးတာပဲ၊ ရိုးသားရင္ျပီးတာပဲ၊ ေစတနာပါရင္ျပီးတာပဲဆိုတာနဲ႕ ရပ္ေနၾကတာေတြ အမ်ားၾကီးရွိတယ္။ ေကာင္းတဲ့အေျပာင္းအလဲေတြ၊ အေရြ႕ေတြကို ဆံုးျဖတ္ျပင္ဆင္ျပီး အေကာင္အထည္ေဖၚတဲ့အခါ စဥ္းစားရမယ့္ အခ်က္ (၃) ခ်က္ကို ဒီေန႕ မွ်ေဝခ်င္ပါတယ္။

၁) Understand the change : အေျပာင္းအလဲနဲ႕ သက္ဆုိင္သူအားလံုးဟာ ဘာေျပာင္းလဲမွာလဲ ဆိုတာအျပင္ အေျပာင္းအလဲလုပ္ရတဲ့အေၾကာင္းအရင္းေတြကို နားလည္ရမယ္။  ကိုယ္ လုပ္မယ့္ အလုပ္ကို သက္ဆုိင္သူေတြ အားလံုးက သိျပီလား၊ နားလည္ျပီလား၊ ဘာေၾကာင့္ ေျပာင္းလဲလုပ္ေဆာင္ရသလဲဆိုတာကို သေဘာေပါက္ျပီလား ဆိုတာ ျပန္ေမးၾကည့္ပါ။ ဥပမာ – ေက်ာင္းမွာ ကေလးသူငယ္ ကာကြယ္ေရးဆုိင္ရာ ေပၚလစီနဲ႕ စည္းမ်ဥ္းေတြကို လက္ေတြ႕ က်င့္ဆံုးဖုိ႕ ဆံုးျဖတ္ျပီး လုပ္ေတာ့မယ္ဆိုရင္ ဒီကိစၥနဲ႕ ဆက္စပ္တဲ့ ကေလး၊ မိဘ၊ ဆရာ၊မ ၊ ေက်ာင္းအုပ္ အျပင္ အျခား ေက်ာင္းနဲ႕ ကေလးနဲ႕ သက္ဆုိင္သူေတြ အားလံုး လက္လွမ္းမီသေလာက္ေသခ်ာ သိေအာင္၊ နားလည္ေအာင္၊ သေဘာေပါက္ေအာင္ လုပ္ျပီးျပီလားဆိုတာ စဥ္းစားဖုိ႕လိုပါတယ္။ 

၂) Manage the change :  အေျပာင္းအလဲနဲ႕ သက္ဆုိင္သူ အားလံုးဟာ အေျပာင္းအလဲ လုပ္မယ့္ လုပ္ပံု လုပ္နည္း၊ ခန္႕ခြဲမယ့္ပံုစံေတြ ကို သိရွိနားလည္ရမယ္၊ လုပ္တတ္ရမယ္။  ခုဏက ဥပမာကို ယူမယ္ဆိုရင္ – ကေလးသူငယ္ကာကြယ္ေရးနဲ႕ ပတ္သတ္ျပီး အသိေပးထားတဲ့သူေတြအကုန္လံုး ဒီစည္းမ်ဥ္းေတြကို ခ်မွတ္နုိင္ေအာင္ဘယ္လိုလုပ္မလဲ၊ စည္းမ်ဥ္းထဲကအတုိင္း ေက်ာင္းမွာ က်င့္သံဳးနုိင္ေအာင္ ဘယ္လို လုပ္ရမလဲ စတာေတြ အကုန္လံုး သိနားလည္ျပီး လုပ္တတ္ဖုိ႕လည္း လုိပါေသးတယ္။ (အခုအခ်ိန္မွာ Victoria ျပႆနာၾကီးထြားလာမွ ေကာက္ခါ ငင္ခါ Child Protection Policy ေတြမွာ လက္မွတ္ေတြ ဇြတ္ထုိးခုိင္းယံုနဲ႕မျပီးပါဘူး။) အဲဒီ့ေတာ့ ကိုယ္လုပ္မယ့္အေျပာင္းအလဲေတြမွာပါဝင္မယ့္သူေတြဟာ အဲဒီ့အေျပာင္းအလဲကို ေဆာင္ရြက္နုိင္ဖုိ႕ လိုအပ္တဲ့ အသိပညာဗဟုသုတ၊ စြမ္းရည္နဲ႕ မွန္ကန္တဲ့သေဘာထားရွိဖုိ႕ လုပ္ေပးျပီးျပီလား ဆိုတာ ျပန္ဆန္းစစ္ပါ။

၃) Deal with people : အေျပာင္းအလဲနဲ႕သက္ဆုိင္သူအားလံုးဟာ အေျပာင္းအလဲမွာပါဝင္မယ့္ အျခားသူေတြနဲ႕ ဘယ္လို ဆက္သြယ္ေျပာဆိုရမယ္၊ ဆက္ဆံရမယ္၊ လက္တြဲေဆာင္ရြက္ရမယ္ဆိုတာ သိရမယ္၊ နားလည္ရမယ္၊ လုပ္တတ္ရမယ္။  တစ္ခါတစ္ေလမွာ ပါဝင္သူအခ်င္းခ်င္းၾကား ထိေရာက္စြာ ဆက္သြယ္ေျပာဆို မေဆာင္ရြက္နုိင္လို႕ မေအာင္ျမင္တဲ့ အေျပာင္းအလဲ သာဓကေတြ အမ်ားၾကီးရွိပါတယ္။ အဲဒါေၾကာင့္ ဒီအေျပာင္းအလဲထဲမွာ ပါတဲ့သူေတြ အခ်င္းခ်င္း ဘယ္လို ဆက္သြယ္ေျပာဆိုျပီး ပူးေပါင္းရမယ္ဆိုတာကို ေသခ်ာ ျပင္ဆင္ ေျပာျပထားဖုိ႕ပါတယ္။ ဥပမာ – ကိစၥတစ္ခုျဖစ္ခဲ့ရင္ မိဘနဲ႕ ဆရာ ဘယ္လို ပူးေပါင္းျပီး ကူညီၾကမယ္ဆိုတာမ်ိဳး။

အေပၚမွာ ေျပာထားတဲ့ သံုးခ်က္ထဲက တစ္ခု (သို႕) တစ္ခုမက လိုအပ္ေနတယ္ဆိုရင္ အေျပာင္းအလဲက မေအာင္ျမင္ဘူး ဒါမွမဟုတ္ ပိုခက္ခဲတယ္၊ ပိုၾကာတယ္။

ပညာေရးျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမွာ

၁) အေျပာင္းအလဲေတြက ဘာေတြလဲ၊ ဘယ္အရာေတြကို ဘယ္လို အေၾကာင္းေၾကာင့္ ေျပာင္းမွာလဲ ဆိုတာ သိျပီလား၊ နားလည္ျပီလား၊ လက္ခံျပီလား။

၂) ေျပာင္းလဲပံု ေျပာင္းလဲနည္းေတြ၊ တစ္ဦးခ်င္းစီရဲ႕ ေျပာင္းလဲလုပ္ေဆာင္ရမယ့္ပံုစံေတြ၊ ေျပာင္းလဲတဲ့အခါ လုပ္ေဆာင္ရမယ့္ အဆင့္ေတြ၊ စီမံခန္႕ခြဲမွဳပံုစံေတြကို သိျပီလား၊ နားလည္ျပီလား၊ လုပ္တတ္ျပီလား။

၃) ဒီပညာေရးေျပာင္းလဲမွဳမွာ ပါဝင္မယ့္ (ရာထူးၾကီးငယ္၊ေဒသမေရြး) သူေတြအားလံုး အခ်င္းခ်င္း အျပန္အလွန္ ဘယ္လို ဆက္သြယ္ရမယ္၊ ဘယ္ေနရာမွာ ဘယ္လိုပံုစံနဲ႕ ပူးေပါင္းရမယ္၊ အခက္အခဲေတြကို ဘယ္လိုအတူတူေျဖရွင္းျပီး ေအာင္ျမင္မွဳေတြကို ဘယ္လို ေအာင္ပြဲခံၾကမလဲ စတာေတြကို သိျပီလား၊ ရွင္းျပီလား၊ လုပ္နုိင္ျပီလား။

ဒီအေျဖေတြ အားလံုးကို Yesေျဖတယ္ဆိုရင္ အဲဒီ့ပညာေရး ျပဳျပင္ေျပာင္းလဲမွဳဟာ ၾကာရွည္တည္ျမဲတဲ့ ေအာင္ျမင္မွဳရနုိင္တယ္၊ အခ်ိန္လိုတာထက္ ပိုမကုန္ေတာ့ဘူး။

ကိုယ့္ေက်ာင္း၊ ကိုယ့္စာသင္ခန္း၊ ကိုယ့္မိသားစု အေျပာင္းအလဲေတြမွာေရာ ကၽြန္မမွ်ေဝခဲ့တဲ့ အခ်က္ (၃)ခ်က္ကို စဥ္းစားၾကည့္ပါ။ ဘယ္အခ်က္ေၾကာင့္ အေျပာင္းအလဲက ၾကာေနသလဲ သံုးသပ္ၾကည့္ပါ။

ေကာင္းေသာ ေျပာင္းလဲမွဳမ်ားကို လိုလားသူေတြ ေသခ်ာ စီစစ္၊ ျပင္ဆင္ျပီး ပူးေပါင္းၾကဖုိ႕ အခ်ိန္တန္ပါျပီ။

အခ်ဳပ္မွာ -Martin Luther King Jr ေျပာတဲ့ ” If you can’t fly, then run ; if you can’t run, then walk; if you can’t walk, then crawl ; but by all means, keep going” (မပ်ံသန္းနုိင္ရင္၊ ေျပးပါ။ မေျပးနုိင္ရင္ လမ္းေလွ်ာက္ပါ။ မေလွ်ာက္နုိင္ရင္ တြားသြားပါ။ ဘယ္ပဲျဖစ္ေနေန၊ ေရွ႕ဆက္သြားပါ။) ဆိုတာကို သတိရတယ္။ ျမန္မာျပည္မွာ ျဖစ္ေနတဲ့ လက္ရွိ ပညာေရး၊ လူမွဳေရး၊ နုိင္ငံေရးစတဲ့ အေျပာင္းအလဲေတြ ၾကားထဲမွာ ေကာင္းေသာေျပာင္းလဲမွဳလုပ္ဖုိ႕ သိပ္ခက္ခဲေနတာ မွန္ပါတယ္။ ဒါေပမယ့္ ကၽြန္မတို႕ ဆက္တြန္းရမယ္၊ ဆက္ေလွ်ာက္ရမယ္။ ေကာင္းေသာ အေျပာင္းအလဲကို ရဖို႕ စနစ္တက် ျပင္ဆင္ျပီး အားလံုးပူးေပါင္းနုိင္ေအာင္ ၾကိဳးစားရမယ္။ အျမဲတမ္း အထက္လူၾကီးေတြက မေျပာလို႕၊ မသင္လို႕ ၊ မမွ်ေဝလို႕ ဆုိတဲ့ အခ်က္နဲ႕တင္ တစ္မေနၾကပါနဲ႕။ ကိုယ္တုိင္ သိေအာင္၊တတ္ေအာင္၊ပါဝင္နုိင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာလဲ စဥ္းစားၾကပါ။

ေကာငး္ေသာအေျပာင္းအလဲမ်ား ျမန္ျမန္ျဖစ္ေပၚနုိင္ပါေစ။

ေမတၱာျဖင့္…….

              Sayarma-ဆရာမ Photo Credit to : https://usabilitygeek.com/change-aversion-conflicted-user/