[ Unicode ]

ယနေ့ – စက်တင်ဘာလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ (International Peace Day) ဖြစ်တယ်ဆိုတာ သိပါသလား။ စစ်မရှိသော၊ အကြမ်းဖက်မှုမရှိသော ငြိမ်းချမ်းတဲ့ ကမ္ဘာဖြစ်လာဖို့ ရည်သန်ပြီး ကမ္ဘာ့ကုလသမဂ္ဂ က ၁၉၈၂ စက်တင်ဘာလ ၂၁ မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို စတင် ကျင်းပခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်တစ်ခုကိုရွေးချယ်ပြီး ဦးစားပေးလုပ်ဆောင်လေ့ရှိတယ်။ ဒီနှစ်ရဲ့ အဓိက ဆောင်ပုဒ်ကတော့ “Climate Action for Peace” – ဥတုရာသီအတွက် လှုပ်ရှားမှုများဖြင့် ငြိမ်းချမ်းရေးဆီသို့ – ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုရင် လူမှုရေး၊ ပညာရေး၊ စီးပွါးရေး အစရှိတဲ့ လူတိုင်းရပိုင်ခွင့်ရှိတဲ့ အခြေခံရပိုင်ခွင့်တွေမရှိနေဘူးဆိုရင်၊ အဲဒီ့အခြေခံရပိုင်ခွင့်တွေ ဖွံ့ဖြိုးတိုးတက်မှု ရှိမနေဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ရေရည်တည်တံ့ပြီးဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်(Sustainable Development Goals) ၁၇ ခုကို UN အဖွဲ့ဝင် နိုင်ငံတွေက လိုက်နာလုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီ့ အထဲက အချက် ၁၃ ကတော့ ဆိုးရွားလာတဲ့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ကြဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရေးတွေမှာ ဦးစားပေးကြဖို့ပါပဲ။ ဒါကြောင့် ဒီနှစ် ဆောင်ပုဒ်က SGDထဲက အချက် ၁၃ နဲ့ ကိုက်ညီပါတယ်။

အားလုံးလည်း တွေ့ကြုံဖူးကြပါတယ်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာတဲ့အခါ သဘာဝဘေးဒဏ်တွေ ခံစားရတယ်၊ အဲဒီ့အခါ ငြိမ်းချမ်းပျော်ရွှင်စွာ မနေနိုင်ကြတော့ဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အတွက် မကောင်းတဲ့လုပ်ရပ်တွေကို လျှော့ချပြီး ကောင်းတဲ့လုပ်ရပ်တွေ တိုးပွါးဖို့ လိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ UN က ပြောမှ လုပ်ရတာ မဟုတ်ပါဘူး။ သူတို့မပြောလည်း ကျွန်မတို့ လူူတိုင်းနဲ့ဆိုင်တယ်ဆိုတာ ကျွန်မတို့ သိဖို့လိုတယ်။ ကျွန်မတို့ ကလေးတွေကိုလည်း ငြိမ်းချမ်းစွာ နေနိုင်အောင်၊ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး စစ်နဲ့ အကြမ်းဖက်မှုတွေကို မနှစ်မြို့အောင်သင်ပေးရမှာ ကျွန်မတို့ လူကြီးတွေ တာဝန်ပါပဲ။

ဒါပေမယ့် ကျွန်မတို့က ငြိမ်းချမ်းရေးလို့ ပြောရင် ကိုယ်နဲ့ လက်လှမ်းမမီတဲ့ကိစ္စတစ်ခု၊ ကိုယ်ဘာမှ မလုပ်နိုင်တဲ့ ကိစ္စလို့ တွေးတတ်ကြတယ်။ တစ်ခါတစ်လေ တစ်နေရာမှာ စစ်ဖြစ်နေတာဟာ ကိုယ့်ဒေသမှာမဖြစ်တဲ့အတွက် ဘာမှ လုပ်စရာလိုဘူးလို့ တွေးတတ်ကြတယ်။ သူများဒေသတွေမှာ ဖြစ်ပြီး ကိုယ့်ဆီမှာ ဖြစ်မလာနိုင်ဘူးလို့လည်း ပြောမရပါဘူး။ ကျွန်မတို့ဟာ ဒါကြောင့် ကိုယ်တွင်းစိတ်ငြိမ်းချမ်းရေးကစလို့ ကိုယ့်ပတ်ဝန်းကျင် ငြိမ်းချမ်းဖို့ပါ တတ်နိုင်သလောက်လုပ်ဖို့ လိုကိုလိုနေတဲ့အချိန်ရောက်ပါပြီ။

ကလေးတွေကို တရားထိုင်ခိုင်းတာတွေ၊ မေတ္တာဘာဝနာပွါးခိုင်းတာတွေ၊ သဘာဝပတ်ဝန်းကို ချစ်တတ်အောင် သစ်ပင်တွေ စိုက်ပျိုးစေတာတွေ၊ ကမ္ဘာမြေကို အကျည်းတန်စေတဲ့ အမှိုက်ချတဲ့ လုပ်ရပ်တွေမလုပ်ဘဲ၊ အမှိုက်ကောက်တဲ့လုပ်ငန်းတွေလုပ်ဆောင်တာတွေ လုပ်ပေးနိုင်ပါတယ်။ အဲဒီ့အပြင် ကိုယ့်ကိုကိုယ်ရယ်၊ ကိုယ်မဟုတ်သော၊ ကိုယ့်မိသားစုမဟုတ်သော၊ ကိုယ်နဲ့မတူသော အခြားသူတွေနဲ့လည်း ငြိမ်းချမ်းစွာ ခင်ခင်မင်မင်နေတတ်အောင် လေ့ကျင့်ပေးနိုင်တဲ့ ဗဟုသုတဖလှယ်ခြင်းတွေ၊ လေ့လာရေးခရီးတွေပို့ပေးတာတွေ၊ မတူညီတဲ့အမြင်တွေကို အေးဆေးစွာ ဆွေးနွေးစေတာတွေ လုပ်ပေးသင့်ပါတယ်။ ကျွန်မတို့ ဆရာ၊မတွေ လူကြီးမိဘတွေအနေနဲ့ လုပ်နိုင်တာ လုပ်ပေးကြရအောင်လေ။ ကျွန်မတို့ရဲ့ နောင်မျိုးဆက်သစ်လေးတွေအတွက် ငြိမ်းချမ်းသော၊ သာယာသော သဘာဝပတ်ဝန်းကျင်နဲ့အတူ လူ့အသိုင်းအဝန်းတစ်ခု လက်ဆောင်ပေးနိုင်အောင် ကြိုးစားကြမယ်လေ။

ကျွန်မကတော့ စျေးသွားရင် ကျွတ်ကျွတ်အိတ် မယူဘဲ အိမ်က သယ်လို့ရတဲ့အိတ်တစ်ခုခုယူသွားပါတယ်။ အိမ်မှာ တစ်နိုင် စားသောက်ဖို့ သီးပင်စားပင်စိုက်ပါတယ်။ မလိုအပ်ပဲ အဝတ်အစားတွေ ပစ္စည်းတွေကို မဝယ်ဘူး။ အမှိုက်ကို စနစ်တကျပစ်ပါတယ်။ ကိုယ်တွင်းငြိမ်းချမ်းအောင် အပြုသဘောဆောင်တဲ့အတွေး ဒိုင်ယာရီ ရေးပါတယ်။ အများသူငှါကို ကူညီနိုင်သလောက်ကူညီပါတယ်။ ဟင်းချက်တဲ့အခါ ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီအောင် စားပါတယ်။ ဒီဥပမာ လုပ်ဆောင်မှုတွေဟာ ကျွန်မနဲ့ကျွန်မကိုယ်တွင်း ကျန်းမာဖို့ ငြိမ်းချမ်းဖိုကဖြစ်သလို ကျွန်မပတ်ဝန်းကျင် သန့်ရှင်းပြီး ငြိမ်းချမ်းဖို့လည်းဖြစ်ပါတယ်။

ကဲ…….. ဒီနေ့ကစပြီး ဘာတွေလုပ်ဖြစ်မလဲဆိုတာလည်း မျှဝေပေးပါဦး။ကိုယ်တွင်းအေးငြိမ်းမှုနှင့်အတူ ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ကြပါစေ။

မေတ္တာဖြင့်…… Sayarma-ဆရာမ

ကိုးကားစာတမ်း

https://www.un.org/en/events/peaceday/

https://internationaldayofpeace.org/about/

ဓါတ္ပံု

ကျွန်မတို့ ၂၀၁၃ ခုှနှစ်လောက်က သင်္ကြန်တွင်းမှာ – ငြိမ်းချမ်းပါစေ မြန်မာပြည်ဆိုတဲ့ Campaign လေးလုပ်တုန်းက ကျွန်မတို့ မြန်မာပုံပြောသူများအဖွဲ့သား အချို့ရဲ့ ပုံလေးပါ။ ဓါတ်ပုံဘယ်သူရိုက်တာမှန်းမမှတ်မိလို့ Credit မပေးထားတာပါ။ ရိုက်ပေးခဲ့တဲ့သူတွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။

[ Zawgyi ]

ယေန႔ – စက္တင္ဘာလ ၂၁ ရက္ေန႔ဟာ အျပည္ျပည္ဆိုင္ရာၿငိမ္းခ်မ္းေရးေန႔ (International Peace Day) ျဖစ္တယ္ဆိုတာ သိပါသလား။ စစ္မရွိေသာ၊ အၾကမ္းဖက္မႈမရွိေသာ ၿငိမ္းခ်မ္းတဲ့ ကမၻာျဖစ္လာဖို႔ ရည္သန္ၿပီး ကမၻာ့ကုလသမဂၢ က ၁၉၈၂ စက္တင္ဘာလ ၂၁ မွာ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ကို စတင္ က်င္းပခဲ့ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ေဆာင္ပုဒ္တစ္ခုကိုေရြးခ်ယ္ၿပီး ဦးစားေပးလုပ္ေဆာင္ေလ့ရွိတယ္။ ဒီႏွစ္ရဲ့ အဓိက ေဆာင္ပုဒ္ကေတာ့ “Climate Action for Peace” – ဥတုရာသီအတြက္ လႈပ္ရွားမႈမ်ားျဖင့္ ၿငိမ္းခ်မ္းေရးဆီသို႔ – ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးရဖို႔ဆိုရင္ လူမႈေရး၊ ပညာေရး၊ စီးပြါးေရး အစရွိတဲ့ လူတိုင္းရပိုင္ခြင့္ရွိတဲ့ အေျခခံရပိုင္ခြင့္ေတြမရွိေနဘူးဆိုရင္၊ အဲဒီ့အေျခခံရပိုင္ခြင့္ေတြ ဖြံ့ၿဖိဳးတိုးတက္မႈ ရွိမေနဘူးဆိုရင္ ၿငိမ္းခ်မ္းေရးရဖို႔ မျဖစ္နိုင္တဲ့အတြက္ ၂၀၁၅ ခုႏွစ္မွာ ေရရည္တည္တံ့ၿပီးဖြံ့ၿဖိဳးတိုးတက္မႈအတြက္ ရည္မွန္းခ်က္(Sustainable Development Goals) ၁၇ ခုကို UN အဖြဲ႕ဝင္ နိုင္ငံေတြက လိုက္နာလုပ္ေဆာင္ဖို႔ သေဘာတူခဲ့ၾကပါတယ္။ အဲဒီ့ အထဲက အခ်က္ ၁၃ ကေတာ့ ဆိုးရြားလာတဲ့ ရာသီဥတုနဲ႔ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ၾကဖို႔နဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ပညာေရးေတြမွာ ဦးစားေပးၾကဖို႔ပါပဲ။ ဒါေၾကာင့္ ဒီႏွစ္ ေဆာင္ပုဒ္က SGDထဲက အခ်က္ ၁၃ နဲ႔ ကိုက္ညီပါတယ္။

အားလုံးလည္း ေတြ႕ၾကဳံဖူးၾကပါတယ္၊ သဘာဝပတ္ဝန္းက်င္ ယိုယြင္းလာတဲ့အခါ သဘာဝေဘးဒဏ္ေတြ ခံစားရတယ္၊ အဲဒီ့အခါ ၿငိမ္းခ်မ္းေပ်ာ္ရႊင္စြာ မေနနိုင္ၾကေတာ့ဘူး။ ဒါေၾကာင့္ သဘာဝပတ္ဝန္းက်င္အတြက္ မေကာင္းတဲ့လုပ္ရပ္ေတြကို ေလၽွာ့ခ်ၿပီး ေကာင္းတဲ့လုပ္ရပ္ေတြ တိုးပြါးဖို႔ လိုပါတယ္။

ၿငိမ္းခ်မ္းေရးဆိုတာ UN က ေျပာမွ လုပ္ရတာ မဟုတ္ပါဘူး။ သူတို႔မေျပာလည္း ကၽြန္မတို႔ လူူတိုင္းနဲ႔ဆိုင္တယ္ဆိုတာ ကၽြန္မတို႔ သိဖို႔လိုတယ္။ ကၽြန္မတို႔ ကေလးေတြကိုလည္း ၿငိမ္းခ်မ္းစြာ ေနနိုင္ေအာင္၊ ၿငိမ္းခ်မ္းေရးကို ျမတ္နိုးၿပီး စစ္နဲ႔ အၾကမ္းဖက္မႈေတြကို မႏွစ္ၿမိဳ႕ေအာင္သင္ေပးရမွာ ကၽြန္မတို႔ လူႀကီးေတြ တာဝန္ပါပဲ။

ဒါေပမယ့္ ကၽြန္မတို႔က ၿငိမ္းခ်မ္းေရးလို႔ ေျပာရင္ ကိုယ္နဲ႔ လက္လွမ္းမမီတဲ့ကိစၥတစ္ခု၊ ကိုယ္ဘာမွ မလုပ္နိုင္တဲ့ ကိစၥလို႔ ေတြးတတ္ၾကတယ္။ တစ္ခါတစ္ေလ တစ္ေနရာမွာ စစ္ျဖစ္ေနတာဟာ ကိုယ့္ေဒသမွာမျဖစ္တဲ့အတြက္ ဘာမွ လုပ္စရာလိုဘူးလို႔ ေတြးတတ္ၾကတယ္။ သူမ်ားေဒသေတြမွာ ျဖစ္ၿပီး ကိုယ့္ဆီမွာ ျဖစ္မလာနိုင္ဘူးလို႔လည္း ေျပာမရပါဘူး။ ကၽြန္မတို႔ဟာ ဒါေၾကာင့္ ကိုယ္တြင္းစိတ္ၿငိမ္းခ်မ္းေရးကစလို႔ ကိုယ့္ပတ္ဝန္းက်င္ ၿငိမ္းခ်မ္းဖို႔ပါ တတ္နိုင္သေလာက္လုပ္ဖို႔ လိုကိုလိုေနတဲ့အခ်ိန္ေရာက္ပါၿပီ။

ကေလးေတြကို တရားထိုင္ခိုင္းတာေတြ၊ ေမတၱာဘာဝနာပြါးခိုင္းတာေတြ၊ သဘာဝပတ္ဝန္းကို ခ်စ္တတ္ေအာင္ သစ္ပင္ေတြ စိုက္ပ်ိဳးေစတာေတြ၊ ကမၻာေျမကို အက်ည္းတန္ေစတဲ့ အမွိုက္ခ်တဲ့ လုပ္ရပ္ေတြမလုပ္ဘဲ၊ အမွိုက္ေကာက္တဲ့လုပ္ငန္းေတြလုပ္ေဆာင္တာေတြ လုပ္ေပးနိုင္ပါတယ္။ အဲဒီ့အျပင္ ကိုယ့္ကိုကိုယ္ရယ္၊ ကိုယ္မဟုတ္ေသာ၊ ကိုယ့္မိသားစုမဟုတ္ေသာ၊ ကိုယ္နဲ႔မတူေသာ အျခားသူေတြနဲ႔လည္း ၿငိမ္းခ်မ္းစြာ ခင္ခင္မင္မင္ေနတတ္ေအာင္ ေလ့က်င့္ေပးနိုင္တဲ့ ဗဟုသုတဖလွယ္ျခင္းေတြ၊ ေလ့လာေရးခရီးေတြပို႔ေပးတာေတြ၊ မတူညီတဲ့အျမင္ေတြကို ေအးေဆးစြာ ေဆြးေႏြးေစတာေတြ လုပ္ေပးသင့္ပါတယ္။ ကၽြန္မတို႔ ဆရာ၊မေတြ လူႀကီးမိဘေတြအေနနဲ႔ လုပ္နိုင္တာ လုပ္ေပးၾကရေအာင္ေလ။ ကၽြန္မတို႔ရဲ့ ေနာင္မ်ိဳးဆက္သစ္ေလးေတြအတြက္ ၿငိမ္းခ်မ္းေသာ၊ သာယာေသာ သဘာဝပတ္ဝန္းက်င္နဲ႔အတူ လူ႔အသိုင္းအဝန္းတစ္ခု လက္ေဆာင္ေပးနိုင္ေအာင္ ႀကိဳးစားၾကမယ္ေလ။

ကၽြန္မကေတာ့ ေစ်းသြားရင္ ကၽြတ္ကၽြတ္အိတ္ မယူဘဲ အိမ္က သယ္လို႔ရတဲ့အိတ္တစ္ခုခုယူသြားပါတယ္။ အိမ္မွာ တစ္နိုင္ စားေသာက္ဖို႔ သီးပင္စားပင္စိုက္ပါတယ္။ မလိုအပ္ပဲ အဝတ္အစားေတြ ပစၥည္းေတြကို မဝယ္ဘူး။ အမွိုက္ကို စနစ္တက်ပစ္ပါတယ္။ ကိုယ္တြင္းၿငိမ္းခ်မ္းေအာင္ အျပဳသေဘာေဆာင္တဲ့အေတြး ဒိုင္ယာရီ ေရးပါတယ္။ အမ်ားသူငွါကို ကူညီနိုင္သေလာက္ကူညီပါတယ္။ ဟင္းခ်က္တဲ့အခါ ရိုးရွင္းၿပီး က်န္းမာေရးနဲ႔ညီေအာင္ စားပါတယ္။ ဒီဥပမာ လုပ္ေဆာင္မႈေတြဟာ ကၽြန္မနဲ႔ကၽြန္မကိုယ္တြင္း က်န္းမာဖို႔ ၿငိမ္းခ်မ္းဖိုကျဖစ္သလို ကၽြန္မပတ္ဝန္းက်င္ သန႔္ရွင္းၿပီး ၿငိမ္းခ်မ္းဖို႔လည္းျဖစ္ပါတယ္။

ကဲ…….. ဒီေန႔ကစၿပီး ဘာေတြလုပ္ျဖစ္မလဲဆိုတာလည္း မၽွေဝေပးပါဦး။
ကိုယ္တြင္းေအးၿငိမ္းမႈႏွင့္အတူ ၿငိမ္းခ်မ္းေသာ ပတ္ဝန္းက်င္တစ္ခု ဖန္တီးနိုင္ၾကပါေစ။

ေမတၱာျဖင့္……
Sayarma-ဆရာမ

ကိုးကားစာတမ္း
https://www.un.org/en/events/peaceday/
https://internationaldayofpeace.org/about/

ဓါတၸံဳ
ကၽြန္မတို႔ ၂၀၁၃ ခုွႏွစ္ေလာက္က သၾကၤန္တြင္းမွာ – ၿငိမ္းခ်မ္းပါေစ ျမန္မာျပည္ဆိုတဲ့ Campaign ေလးလုပ္တုန္းက ကၽြန္မတို႔ ျမန္မာပုံေျပာသူမ်ားအဖြဲ႕သား အခ်ိဳ႕ရဲ့ ပုံေလးပါ။
ဓါတ္ပုံဘယ္သူရိုက္တာမွန္းမမွတ္မိလို႔ Credit မေပးထားတာပါ။ ရိုက္ေပးခဲ့တဲ့သူေတြကိုလည္း ဒီေနရာကေန ေက်းဇူးတင္ပါတယ္။