[ Unicode ]

ပေးသူကားပေး၍ ယူသူကား ယူ၏ သဘောတရားလေးကို ကျွန်မတို့အမြဲ ထင်မြင်သုံးသပ်ပုံနဲ့ မတူတဲ့ အမြင်လေးတစ်ခု မျှဝေပေးချင်ပါတယ်။ ကျွန်မတို့နေ့စဉ် ပေးနေရတဲ့ အရာတွေအများကြီး၊ ယူရတဲ့အရာတွေလည်းအများကြီးပါ။

ပညာရေးမှာဆိုရင် အများသတ်မှတ်ချက်အရ၊ ဆရာ၊မတွေဟာ ပေးသူတွေ၊ ကျောင်းသား၊သူတွေဟာ ယူသူတွေ။ ပေးသူနဲ့ ယူသူကို အထက်အောက်သဘောတရားနဲ့မြင်တဲ့သူတွေက ပေးသူတွေဟာ မြင့်မြတ်ပြီး ပိုအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်။ ကျွန်မအမြင်ကတော့ ပေးသူဖြစ်စေ၊ ယူသူဖြစ်စေ အမြဲတမ်း ပုံသေ ဖြစ်မနေကြပါဘူး။ အထူးသဖြင့် ပညာရေးမှာဆို ကလေးတွေကို သင်ပေးကြရင်း ကိုယ်တိုင်လည်း သင်ယူမှု တွေ အများကြီး ပြုလုပ်ရတာမို့ ဆရာ၊မတွေဟာ ပေးသူ၊ယူသူအဖြစ် တစ်ပြိုင်တည်းဖြစ်ကြပါတယ်။ ကျွန်မ သင်တန်းတွေ ပေးတိုင်း၊ သင်တန်းသား၊သူတွေဆီကနေ အတွေ့အကြုံတွေသင်ယူရတယ်၊ သူတို့ရဲ့ တွေးခေါ်စဉ်းစားပုံတွေကို လေ့လာခွင့်ရတယ်၊ သူတို့ကို ဘယ်လို ပံ့ပိုးရမယ်ဆိုတာကို စဉ်းစား ဖန်တီးရင်း သင်တန်း အရည်သွေးတက်လာခဲ့တယ်။ ကျွန်မက သင်တန်းပေးသူ (ပေးသူ) အနေနဲ့ဖြစ်ပေမယ့် သင်ယူသူလည်း (ယူသူ) တစ်ပြိုင်တည်းဖြစ်ပါတယ်။

တစ်ဖက်က ပြန်ကြည့်ရင်လည်း သင်ယူမှုတစ်ခု ဖြစ်မြောက်ဖို့ သင်ယူသူ ကိုယ်တိုင် သင်ယူမှ သင်ယူမှု ဖြစ်မြောက်တာကြောင့် သင်ယူသူ ကလေးတွေအနေနဲ့လည်း သင်ယူလိုစိတ်တွေ၊ အင်အားတွေ၊ စွမ်းရည်တွေ၊ အချိန်တွေ စိုက်ထုတ်ကြရပါတယ်။ ဆရာ၊မတွေနဲ့ ကျောင်းသားတွေရဲ့ သင်ယူလိုစိတ်၊ သင်ပေးလိုစိတ်၊ အင်အားတွေ၊ အချိန်တွေ၊ စွမ်းရည်တွေ အပေး အယူ ညီမျှ မှသာ ထိရောက်တဲ့ သင်ယူမှု ဖြစ်ကြပါတယ်။ ရေဖြည့်ပေးသူနဲ့ ရေခွက်ကလေးတွေလိုပေါ့။ ရေဖြည့်ခြင်းအမှု ရှိပေမယ့် ခွက်က မှောက်ထားရင် ခွက်ထဲမှာ ရေမရနိုင်သလို၊ ဆရာက သင်ပေးပေမယ့် သင်ယူသူက အဆင်သင့်မဖြစ်နေဘူး၊ အားထုတ်မှု မရှိနေဘူးဆိုရင်လည်း သင်ယူမှု ဖြစ်မြောက်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ နည်းပညာပံ့ပိုးတဲ့ တာဝန်ကိုယူသူတွေကလည်း ကျွန်မတို့ ကူညီပံ့ပိုးပေးနေတဲ့ ကျောင်းတွေ၊ ဆရာ၊မတွေကို နည်းပညာတွေပေးရင်း ကျွန်မတို့ ကိုယ်တိုင်လည်း ဘဝအတွက် သင်ခန်းစာတွေ၊ လုပ်ငန်းတိုးတက်မှုအတွက် သင်ယူမှုတွေ၊ နည်းပညာဖန်တီးမှုပိုင်းတွေကို အတွေ့အကြုံတွေကနေ တစ်ဆင့် ပြန်လည် သင်ယူခွင့် ရပါတယ်။ အဲဒါကြောင့် ကျွန်မကတော့ ကျွန်မတို့ သင်တန်းပေးခွင့်ရသူတွေ၊ နည်းပညာ ပံ့ပိုးခွင့် ရသူတွေအားလုံးကို ကျေးဇူးတင်မိတယ်။ ကျွန်မရဲ့ လုပ်ဆောင်မှုတွေ တစ်နေ့ထပ်တစ်နေ့ တိုးတက်ဖို့ သူတို့ကလည်း တစ်စိတ်တစ်ပိုင်း အကူညီပေးတယ်လို့ ခံစားရတယ်။

ကျွန်မတို့တွေကတော့ စာတွေရေး၊ သင်တန်းတွေပေး၊ တစ်နှစ်ပတ်လုံး ကူညီပံ့ပိုးမှုတွေ လုပ်ပေးပေမယ့် လက်ခံသင်ယူတဲ့ ဆရာ၊မတွေ၊ ကျောင်းအုပ်တွေ၊ မိဘတွေက တန်ဖိုးမထားဘူး၊ သင်ယူဖို့ အားစိုက်ထုတ်မှု မရှိဘူး၊ သင်ယူချင်စိတ်ရှိမနေဘူးဆိုရင် ကျွန်မတို့ရဲ့ အလုပ်တွေ၊ အချိန်တွေက သဲထဲရေသွန်သလိုဖြစ်မှာကို စိုးရိမ်မိခဲ့တဲ့ အချိန်တွေလည်းရှိခဲ့ပါတယ်။

ကျွန်မရဲ့ နည်းပညာပံ့ပိုးပေးနေတဲ့ အတွေ့အကြုံတွေအရ ဖြစ်တတ်တာလေးတစ်ခုက မိုးမရွာခင်က အလွန် ငြီးငြူကြပြီး မိုးရွာလာတဲ့အခါ ရေမခံချင်ကြတာ၊ ရေခံနည်း ကြိုတင်သိမထားတာ၊ အချို့က မိုးရွာလို့ ရေခံထားပေမယ့် ရေကို ဘယ်နား သုံးရမှန်း မသိတာ မျိုးတွေ ဖြစ်ကြပါတယ်။ ကူညီပံ့ပိုးမှု၊ ထောက်ပံ့မှုတွေ မရှိဘူးဆိုပြီး ငြီးငြူပြီး ကူညီချင်တဲ့သူ၊ ပံ့ပိုးပေးချင်တဲ့သူတွေရှိလာတဲ့အခါ လိုက်မလုပ်ချင်ကြတာ၊ ဘယ်လို ပူးပေါင်းလုပ်ဆောင်ရမှန်းမသိတာတွေဖြစ်ကြသလို အချို့ကလည်း ပေးတဲ့ အကူညီတွေ၊ သင်တန်းတွေကိုယူထားတယ်၊ ဒါပေမယ့် ဘယ်လို ပြန်လည် အသုံးချရမှန်းမသိကြဘူး။ကျွန်မတို့ ဆရာမဖောင်ဒေးရှင်းအနေနဲ့လည်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကလည်း ကြိုးစားလေ့လာပြီး၊ လက်တွေ့လုပ်ဆောင်ကြည့်မယ်ဆိုတဲ့ ဆန္ဒမရှိရင် ကျွန်မတို့ ကူညီမှုတွေပေးလည်း အလကားပဲဖြစ်မှာပါ။

ကျွန်မတို့ရဲ့ ပညာရေးစနစ် တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့ဆိုရင် နည်းပညာရှင်တွေနဲ့ လက်တွေ့လုပ်ဆောင်နေသူတွေအကြား အပေးအယူ ညီမျှတူဖို့လိုပါတယ်။ စိတ်တူကိုယ်တူ၊ ရည်ရွယ်ချက် တူတူနဲ့ နှစ်ဦးနှစ်ဖက် အားစိုက်ပြီး ကြိုးစားတွန်းမှ ရှေ့ကို ရွေ့မှာပါ။ အပေးအယူ ညီမျှမတူရင်တောင် အပေးအယူတည့်နေတဲ့ သင်ယူမှုဖြစ်စဉ်တွေ၊ ပူးပေါင်းလုပ်ဆောင်မှုတွေလုပ်ပါမှ ပညာရေး ဖွံ့ဖြိုးမှုကို ကျွန်မတို့ မြင်ရမယ်လို့ ထင်မြင်မိပါတယ်။

မေတ္တာဖြင့်……
Sayarma-ဆရာမ

Photo Credit – https://www.scienceabc.com/wp-content/uploads/2018/01/Liquid-pouring-while-sticking-to-the-side-of-the-container-featured-1.jpg

[ Zawgyi ]

ေပးသူကားေပး၍ ယူသူကား ယူ၏ သေဘာတရားေလးကို ကၽြန္မတို႔အျမဲ ထင္ျမင္သုံးသပ္ပုံနဲ႔ မတူတဲ့ အျမင္ေလးတစ္ခု မၽွေဝေပးခ်င္ပါတယ္။ ကၽြန္မတို႔ေန႔စဥ္ ေပးေနရတဲ့ အရာေတြအမ်ားႀကီး၊ ယူရတဲ့အရာေတြလည္းအမ်ားႀကီးပါ။

ပညာေရးမွာဆိုရင္ အမ်ားသတ္မွတ္ခ်က္အရ၊ ဆရာ၊မေတြဟာ ေပးသူေတြ၊ ေက်ာင္းသား၊သူေတြဟာ ယူသူေတြ။ ေပးသူနဲ႔ ယူသူကို အထက္ေအာက္သေဘာတရားနဲ႔ျမင္တဲ့သူေတြက ေပးသူေတြဟာ ျမင့္ျမတ္ၿပီး ပိုအေရးႀကီးတယ္လို႔ သတ္မွတ္ၾကတယ္။ ကၽြန္မအျမင္ကေတာ့ ေပးသူျဖစ္ေစ၊ ယူသူျဖစ္ေစ အျမဲတမ္း ပုံေသ ျဖစ္မေနၾကပါဘူး။ အထူးသျဖင့္ ပညာေရးမွာဆို ကေလးေတြကို သင္ေပးၾကရင္း ကိုယ္တိုင္လည္း သင္ယူမႈ ေတြ အမ်ားႀကီး ျပဳလုပ္ရတာမို႔ ဆရာ၊မေတြဟာ ေပးသူ၊ယူသူအျဖစ္ တစ္ၿပိဳင္တည္းျဖစ္ၾကပါတယ္။ ကၽြန္မ သင္တန္းေတြ ေပးတိုင္း၊ သင္တန္းသား၊သူေတြဆီကေန အေတြ႕အၾကဳံေတြသင္ယူရတယ္၊ သူတို႔ရဲ့ ေတြးေခၚစဥ္းစားပုံေတြကို ေလ့လာခြင့္ရတယ္၊ သူတို႔ကို ဘယ္လို ပံ့ပိုးရမယ္ဆိုတာကို စဥ္းစား ဖန္တီးရင္း သင္တန္း အရည္ေသြးတက္လာခဲ့တယ္။ ကၽြန္မက သင္တန္းေပးသူ (ေပးသူ) အေနနဲ႔ျဖစ္ေပမယ့္ သင္ယူသူလည္း (ယူသူ) တစ္ၿပိဳင္တည္းျဖစ္ပါတယ္။

တစ္ဖက္က ျပန္ၾကည့္ရင္လည္း သင္ယူမႈတစ္ခု ျဖစ္ေျမာက္ဖို႔ သင္ယူသူ ကိုယ္တိုင္ သင္ယူမွ သင္ယူမႈ ျဖစ္ေျမာက္တာေၾကာင့္ သင္ယူသူ ကေလးေတြအေနနဲ႔လည္း သင္ယူလိုစိတ္ေတြ၊ အင္အားေတြ၊ စြမ္းရည္ေတြ၊ အခ်ိန္ေတြ စိုက္ထုတ္ၾကရပါတယ္။ ဆရာ၊မေတြနဲ႔ ေက်ာင္းသားေတြရဲ့ သင္ယူလိုစိတ္၊ သင္ေပးလိုစိတ္၊ အင္အားေတြ၊ အခ်ိန္ေတြ၊ စြမ္းရည္ေတြ အေပး အယူ ညီမၽွ မွသာ ထိေရာက္တဲ့ သင္ယူမႈ ျဖစ္ၾကပါတယ္။ ေရျဖည့္ေပးသူနဲ႔ ေရခြက္ကေလးေတြလိုေပါ့။ ေရျဖည့္ျခင္းအမႈ ရွိေပမယ့္ ခြက္က ေမွာက္ထားရင္ ခြက္ထဲမွာ ေရမရနိုင္သလို၊ ဆရာက သင္ေပးေပမယ့္ သင္ယူသူက အဆင္သင့္မျဖစ္ေနဘူး၊ အားထုတ္မႈ မရွိေနဘူးဆိုရင္လည္း သင္ယူမႈ ျဖစ္ေျမာက္မွာ မဟုတ္ပါဘူး။

ကၽြန္မတို႔ နည္းပညာပံ့ပိုးတဲ့ တာဝန္ကိုယူသူေတြကလည္း ကၽြန္မတို႔ ကူညီပံ့ပိုးေပးေနတဲ့ ေက်ာင္းေတြ၊ ဆရာ၊မေတြကို နည္းပညာေတြေပးရင္း ကၽြန္မတို႔ ကိုယ္တိုင္လည္း ဘဝအတြက္ သင္ခန္းစာေတြ၊ လုပ္ငန္းတိုးတက္မႈအတြက္ သင္ယူမႈေတြ၊ နည္းပညာဖန္တီးမႈပိုင္းေတြကို အေတြ႕အၾကဳံေတြကေန တစ္ဆင့္ ျပန္လည္ သင္ယူခြင့္ ရပါတယ္။ အဲဒါေၾကာင့္ ကၽြန္မကေတာ့ ကၽြန္မတို႔ သင္တန္းေပးခြင့္ရသူေတြ၊ နည္းပညာ ပံ့ပိုးခြင့္ ရသူေတြအားလုံးကို ေက်းဇူးတင္မိတယ္။ ကၽြန္မရဲ့ လုပ္ေဆာင္မႈေတြ တစ္ေန႔ထပ္တစ္ေန႔ တိုးတက္ဖို႔ သူတို႔ကလည္း တစ္စိတ္တစ္ပိုင္း အကူညီေပးတယ္လို႔ ခံစားရတယ္။

ကၽြန္မတို႔ေတြကေတာ့ စာေတြေရး၊ သင္တန္းေတြေပး၊ တစ္ႏွစ္ပတ္လုံး ကူညီပံ့ပိုးမႈေတြ လုပ္ေပးေပမယ့္ လက္ခံသင္ယူတဲ့ ဆရာ၊မေတြ၊ ေက်ာင္းအုပ္ေတြ၊ မိဘေတြက တန္ဖိုးမထားဘူး၊ သင္ယူဖို႔ အားစိုက္ထုတ္မႈ မရွိဘူး၊ သင္ယူခ်င္စိတ္ရွိမေနဘူးဆိုရင္ ကၽြန္မတို႔ရဲ့ အလုပ္ေတြ၊ အခ်ိန္ေတြက သဲထဲေရသြန္သလိုျဖစ္မွာကို စိုးရိမ္မိခဲ့တဲ့ အခ်ိန္ေတြလည္းရွိခဲ့ပါတယ္။

ကၽြန္မရဲ့ နည္းပညာပံ့ပိုးေပးေနတဲ့ အေတြ႕အၾကဳံေတြအရ ျဖစ္တတ္တာေလးတစ္ခုက မိုးမရြာခင္က အလြန္ ၿငီးျငဴၾကၿပီး မိုးရြာလာတဲ့အခါ ေရမခံခ်င္ၾကတာ၊ ေရခံနည္း ႀကိဳတင္သိမထားတာ၊ အခ်ိဳ႕က မိုးရြာလို႔ ေရခံထားေပမယ့္ ေရကို ဘယ္နား သုံးရမွန္း မသိတာ မ်ိဳးေတြ ျဖစ္ၾကပါတယ္။ ကူညီပံ့ပိုးမႈ၊ ေထာက္ပံ့မႈေတြ မရွိဘူးဆိုၿပီး ၿငီးျငဴၿပီး ကူညီခ်င္တဲ့သူ၊ ပံ့ပိုးေပးခ်င္တဲ့သူေတြရွိလာတဲ့အခါ လိုက္မလုပ္ခ်င္ၾကတာ၊ ဘယ္လို ပူးေပါင္းလုပ္ေဆာင္ရမွန္းမသိတာေတြျဖစ္ၾကသလို အခ်ိဳ႕ကလည္း ေပးတဲ့ အကူညီေတြ၊ သင္တန္းေတြကိုယူထားတယ္၊ ဒါေပမယ့္ ဘယ္လို ျပန္လည္ အသုံးခ်ရမွန္းမသိၾကဘူး။ကၽြန္မတို႔ ဆရာမေဖာင္ေဒးရွင္းအေနနဲ႔လည္း တတ္နိုင္သေလာက္ ကူညီပံ့ပိုးေပးဖို႔ အဆင္သင့္ရွိေနပါတယ္။ ဒါေပမယ့္ ကိုယ္တိုင္ကလည္း ႀကိဳးစားေလ့လာၿပီး၊ လက္ေတြ႕လုပ္ေဆာင္ၾကည့္မယ္ဆိုတဲ့ ဆႏၵမရွိရင္ ကၽြန္မတို႔ ကူညီမႈေတြေပးလည္း အလကားပဲျဖစ္မွာပါ။

ကၽြန္မတို႔ရဲ့ ပညာေရးစနစ္ တိုးတက္ဖို႔၊ ဖြံ့ၿဖိဳးဖို႔ဆိုရင္ နည္းပညာရွင္ေတြနဲ႔ လက္ေတြ႕လုပ္ေဆာင္ေနသူေတြအၾကား အေပးအယူ ညီမၽွတူဖို႔လိုပါတယ္။ စိတ္တူကိုယ္တူ၊ ရည္ရြယ္ခ်က္ တူတူနဲ႔ ႏွစ္ဦးႏွစ္ဖက္ အားစိုက္ၿပီး ႀကိဳးစားတြန္းမွ ေရွ႕ကို ေရြ႕မွာပါ။ အေပးအယူ ညီမၽွမတူရင္ေတာင္ အေပးအယူတည့္ေနတဲ့ သင္ယူမႈျဖစ္စဥ္ေတြ၊ ပူးေပါင္းလုပ္ေဆာင္မႈေတြလုပ္ပါမွ ပညာေရး ဖြံ့ၿဖိဳးမႈကို ကၽြန္မတို႔ ျမင္ရမယ္လို႔ ထင္ျမင္မိပါတယ္။

ေမတၱာျဖင့္……
Sayarma-ဆရာမ

Photo Credit – https://www.scienceabc.com/wp-content/uploads/2018/01/Liquid-pouring-while-sticking-to-the-side-of-the-container-featured-1.jpg