[ Unicode ]

ကျွန်မရဲ့ စာလေး မဖတ်ခင်… စိတ်ထဲမှာ “အတန်းငယ်သင်တဲ့ ဆရာ၊မနဲ့ အတန်းကြီးသင်တဲ့ ဆရာ၊မ… ဘယ်သူက ပိုတန်ဖိုးရှိလဲ။ ” ဆိုတဲ့ ဒီမေးခွန်းလေးကို ဖြေကြည့်ကြပါဦး။

အတန်းငယ်သင်တဲ့ ဆရာ၊မတွေနဲ့ အတန်းကြီး သင်တဲ့ ဆရာ၊မတွေ ဘယ်သူက ပိုတော်တယ်၊ ဘယ်သူက ပိုရာထူးမြင့်သင့်တယ်၊ ဘယ်သူက ပိုပြီး တန်ဖိုးထားသင့်တယ်ဆိုတဲ့ အတွေးမျိုးက ဘာနဲ့တူလဲဆိုရင် — ကျွန်မတို့ရဲ့ ကလေးကို ငယ်ငယ်တုန်းကနဲ့ ကြီးလာတော့ ဘယ်အရွယ်ကို ပိုချစ်သလဲ၊ ဘယ်အရွယ်တုန်းက ပိုဂရုစိုက်ရသလဲ၊ ဘယ်အရွယ်တုန်းက ပိုအလေးထားသလဲ ဆိုတဲ့ မေးခွန်းလိုပါပဲ။ ကျွန်မတို့ ကလေးတွေ မူလတန်းအရွယ်တုန်းကလည်း မူလတန်းအလျောက် ချစ်ခင်မှုပေး၊ ဂရုစိုက်မှုပေး၊ စိတ်ပူပေးကြသလို၊ ကြီးလာလို့ အထက်တန်းတွေရောက်တော့လည်း ချစ်ခင်မှုပေး၊ ဂရုစိုက်မှုပေး၊ စိတ်ပူပေးကြစမြဲပဲလေ။ ငယ်တုန်းက ကလေးက အခုကြီးလာတဲ့ ကလေးထက် ပိုတန်ဖိုးထားရမယ် ၊ ကြီးလာတဲ့ ကလေးက ငယ်ငယ်တုန်းက ကလေးလေးထက် ပိုပြီး မြင့်မြတ်တယ် ဆိုတဲ့ အတွေးတွေ မရှိကြသလို ဆရာ၊မတွေအပေါ်လည်း အတန်းကြီးငယ်သင်တဲ့အပေါ်မူတည်ပြီး လေးစား တန်ဖိုးထားမှု မကွာဟသင့်ဘူးလို့ ကျွန်မမြင်ပါတယ်။

ကျွန်မက မူလတန်း သင်ကြားရေးကို မဟာဘွဲ့ယူထားတာပါ။ ကျွန်မ အတွေ့အကြုံအရ တက္ကသိုလ် စတက်ချိန်မှာ ဆရာ၊မ ဖြစ်ချင်သူတွေဟာ ဘယ်အရွယ်ကလေးတွေကို ပိုသင်ရတာ စိတ်ဝင်စားလဲဆိုတာ စဉ်းစားဆုံးဖြတ်ရပါတယ်။ မူလတန်းသင်ကြားချင်သူက မူလတန်းသင်ကြားရေးအထူးပြုလေ့လာပါတယ်။ အထက်တန်းသင်ချင်သူက အထက်တန်းသင်ကြားရေးဘွဲ့ကိုယူတယ်။ အထက်တန်းမှာ ဘာသာရပ်ဆိုင်ရာ အထူးပြု မေဂျာ ပြန်ခွဲပြီး လေ့လာရတယ်။ မူကြိုနဲ့ မူလတန်းကို တွဲပြီး လေ့လာချင်သူတွေအတွက်လည်း အတန်းရှိတယ်။

ကျောင်းပြီးသွားတဲ့ ဆရာ၊မလောင်းလျာလေးတွေက သင်ကြားခွင့် လိုင်စင်လျှောက်ရပါတယ်။ သင်ကြားခွင့်လိုင်စင်ကို အစိုးရဆီမှာ လျှောက်ဖို့ ကိုယ်ဟာ ဆရာ၊မဖြစ်ဖို့ အရည်ချင်းရှိပါတယ်၊ ဗဟုသုတရှိပါတယ်ဆိုတာ၊ ကိုယ့်ရဲ့ သင်ခန်းစာ ပြင်ဆင်ထားတဲ့ ဥပမာတွေ၊ လေ့လာထားတဲ့ စာတမ်းတွေ၊ Portfolio တွေနဲ့ တင်ပြရတာပါ။ သင်ကြားခွင့်လိုင်စင်ရယ်၊ ကလေးတွေနဲ့အလုပ်လုပ်ခွင့်ကဒ် (Working with Children Card)ရယ် ပါမှ ကိုယ်နဲ့သက်ဆိုင်ရာ မူလတန်း၊ အထက်တန်းကျောင်းတွေမှာ အလုပ်လျှောက်ရပါတယ်။ ကျောင်းတွေကလည်း သူတို့ရဲ့ လိုအပ်ချက်၊ တန်ဖိုးထားမှုနဲ့အညီ ပြန်လည်ရွေးချယ်စီစစ်ပြီးမှ ဆရာ၊မ ဖြစ်ပါတယ်။

တစ်နှစ်ကို သတ်မှတ်ထားတဲ့ နာရီအတိုင်း စာပေလေ့လာမှု၊ သုတေသနပြုမှုနဲ့ သင်တန်းတက်ရောက်မှု မရှိရင် ဆရာဖြစ်လိုင်စင်သိမ်းခံရပါတယ်။
မူလတန်းသင်ကြားသူတွေအတွက် ရာထူးတိုးက အလယ်တန်းမဟုတ်ပါဘူး။ မူလတန်းဆရာ၊မအဆင့်ကနေ၊ မူလတန်း အထက်ဆင့်၊ အောက်ဆင့် စတဲ့ အဆင့်တွေကို ဦးဆောင်သူတွေအဖြစ် ရာထူးတိုးပါတယ်။ နောက်တစ်ဆင့်အနေနဲ့ မူလတန်းပြခေါင်းဆောင်အဖြစ်ရာထူးတိုးပါတယ်။ နောက် မူလတန်း ကျောင်းအုပ် အဖြစ် ရာထူးတိုးလျှောက်ထားနိုင်ပါတယ်။ ဒီတော့ ဆရာ၊မတွေက မူလတန်းအရွယ် ကလေးတွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ ကိုင်တွယ်ပုံတွေနဲ့ ပတ်သတ်ပြီး ပညာရှင်အဆင့် သိရှိကျွမ်းကျင်လာကြတာပါ။ အထက်တန်း ဆရာ၊မတွေရဲ့ ရာထူးတိုးကလည်း ဒီသဘောပါပဲ။ တစ်ချို့က ပိုပြီး နာမည်ရှိတဲ့ ကျောင်းတွေကို ပြောင်းလုပ်ကိုင်ကြတယ်။

ဒီသြစတျေးလျမှာ ကျင့်သုံးတဲ့ ရာထူးတိုးမြှင့်မှု စနစ်ကို ကျွန်မ သဘောကျမိလို့ ဝေမျှတာပါ။ ကျွန်မတို့လို မူလတန်း အထူးပြုလေ့လာထားသူတွေဟာ အထက်တန်းသင် ဆရာ၊မတွေနဲ့ အတူတူ အရေးပါတယ်၊ တန်ဖိုးထားခြင်း ခံရတယ်ဆိုတာကို စနစ်ကနေ ပြသပါတယ်။ ဆရာ၊မတွေကိုလည်း ဟိုနား တို့စိ တို့စိ၊ ဒီနား တို့စိ တို့စိ သိသလိုလို၊ မသိသလိုလို မဟုတ်ဘဲ အရွယ်အပိုင်းအခြားတစ်ခုကို သေချာနက်နဲစွာ သိရှိပြီး ပညာရှင်အဆင့်ထိ ဆွဲခေါ်သွားနိုင်တာပါ။

ကျွန်မတို့ နိုင်ငံမှာ သိပ်ဝမ်းနည်းစရာကောင်းတာက ကျောင်းတွေမှာ ရာထူးတိုးတဲ့အခါ မူလတန်းသင်နေသူက၊ အလယ်တန်းကို တက်တယ်၊ အလယ်တန်းကို သင်နေသူက အထက်တန်းကို တက်တယ်ပေါ့။ အဲဒီ့သဘောတရားက ဘာကိုပြလဲဆိုရင် အတန်းကြီးလေလေ၊ မြင့်မားလေလေဆိုတဲ့သဘောလို ဖြစ်နေတာပါ။ ၀မ်းသာစရာတစ်ခုကတော့ ပညာရေး၀န်ကြီးဌာနက ဆရာတတ်ကျွမ်းမှု စံနှုန်းတွေကို ဖေါ်ထုတ်နေကြပြီး လိုင်စင်စနစ်တွေနဲ့ Promotion ပေးတဲ့ စနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေကြတာပါပဲ။

အသိုင်းဝိုင်းကလည်း အငယ်တန်းက ဘာမှမဟုတ်ဘူး၊ ငယ်သေးတယ်၊ ကြီးမှ သေချာ သင်ပေးဆိုတဲ့ သဘောတရားကို ပိုပြီး လက်ဆုပ်လက်ကိုင်ပြုလာကြတယ်။ သိပ်စိတ်မကောင်းဖြစ်စရာပါပဲ။ ကျွန်မတို့လည်း တတ်နိုင်သလောက် ကိုယ့်ပတ်၀န်းကျင်၊ အသိုင်း၀န်းရဲ့ အမြင်တွေ ပိုပြီး အပြုသဘောဆောင်လာဖို့ ကြိုးစားဖို့လိုပါတယ်။

ပညာ သင်ကြားသင်ယူမှု ဖြစ်စဉ်မှာ ငယ်ရာကနေ ကြီးရာသင်ရတယ်။ စစချင်းသင်တဲ့အတန်းက အကြောင်းအရာတွေ၊ အခြေအနေတွေနဲ့ အတန်းကြီးလတဲ့အခါ သင်ရတာတွေ၊ သင်ရပုံတွေ မတူညီကြပါဘူး။ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကလေးတွေရဲ့ စိတ်အခြေအနေ၊ ကလေးတွေရဲ့ အသိပညာဗဟုသုတအဆင့်၊ ကလေးတွေရဲ့ အတွေ့အကြုံတွေက ကွာကြတာကိုး။ အဲဒီ့ ကွာခြားမှုတွေကြောင့် သင်ကြားရတဲ့ နည်းစနစ်၊ ပဲ့ပြင်ရတဲ့ ပုံစံ တူလို့ မရပါဘူး။ အတန်းတိုင်းက ကလေးတွေအတွက် အရေးကြီးတယ်။ မူကြို စတက်ချိန်မှာ ကျောင်းဆိုတဲ့ သဘောကို သေချာမသိချိန်၊ စာဆိုတာ ဘာလဲ ဆိုတာ မသိချိန်မှာ ဆရာ၊မတွေက ကျောင်းနေပျော်လာအောင်၊ သင်ယူမှုပုံစံ အမျိုးမျိုးမှာ ပါဝင်နိုင်အောင် စွမ်းဆောင်ရပါတယ်။ မူကြိုမှာ အရည်သွေးမပြည့်တဲ့ ဆရာ၊မတွေရဲ့ နှိပ်စက်မှု၊ ဖိနှိပ်မှုတွေ များ ခံလိုက်ရရင် တစ်သက်လုံး စိတ်ဒဏ်ရာတွေနဲ့ ကလေးတွေ ကြီးပြင်းကြရမှာ။

ဒီလိုပါပဲ။ အစကောင်းပေမယ့် အနှောင်းမသေချာရင်လည်း လူဆိုးလေးတွေ ဖြစ်နိုင်ခြေရှိပါတယ်။ အထက်တန်းအရွယ်မှာ ဟိုမုန်းအပြောင်းအလဲတွေဖြစ်လာတယ်၊ အယူအဆ၊ အတွေးအခေါ်၊ အတွေ့အကြုံတွေ တိုးပွါး၊ ပြောင်းလဲလာတယ်။ အဲဒီ့အတွက် အထက်တန်းသင်ဆရာ၊မတွေရဲ့ ကျောင်းသား၊သူတွေကို သင်ကြားပြသပုံ၊ ဆုံးမပုံတွေကလည်း အလွန် အရေးပါပါတယ်။

အချုပ်မှာ ပြောချင်တာကတော့ ကျွန်မတို့ ဆရာ၊မတွေကို မြင်တဲ့အခါ သူတို့ သင်တဲ့ အတန်းထက် သူတို့ရဲ့ သင်နိုင်စွမ်း၊ ကျွမ်းကျင်မှု၊ တန်ဖိုးထားမှု၊ ဆရာ၊မစံပြည့်ဝမှု အပေါ် အကဲခတ်ပါ။ လေးစားပါ။ မူကြိုဆရာ၊မက စလို့ မသေခင်အချိန်ထိ သင်ပြပေးတဲ့ ဆရာ၊မတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ လိုအပ်တာတွေရှိရင် အပြုသဘောထောက်ပြပါ။ ကူညီနိုင်တာရှိရင် ကူညီကြပါ။

ဘယ်အရွယ်ကို သင်သင်၊ လေးစားထိုက်သူတွေအဖြစ် အသိမှတ်ပြုခံကြရပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo Credit to – https://www.vectorstock.com/royalty-free-vector/different-ages-students-primary-pupil-junior-vector-21611433?fbclid=IwAR3BjcpargqmwnxjPlJakHeDoqAbNncaDQuuqOdt4kJcBECQPYmh-bkW4d4

[ Zawgyi ]

ကၽြန္မရဲ့ စာေလး မဖတ္ခင္… စိတ္ထဲမွာ “အတန္းငယ္သင္တဲ့ ဆရာ၊မနဲ႔ အတန္းႀကီးသင္တဲ့ ဆရာ၊မ… ဘယ္သူက ပိုတန္ဖိုးရွိလဲ။ ” ဆိုတဲ့ ဒီေမးခြန္းေလးကို ေျဖၾကည့္ၾကပါဦး။

အတန္းငယ္သင္တဲ့ ဆရာ၊မေတြနဲ႔ အတန္းႀကီး သင္တဲ့ ဆရာ၊မေတြ ဘယ္သူက ပိုေတာ္တယ္၊ ဘယ္သူက ပိုရာထူးျမင့္သင့္တယ္၊ ဘယ္သူက ပိုၿပီး တန္ဖိုးထားသင့္တယ္ဆိုတဲ့ အေတြးမ်ိဳးက ဘာနဲ႔တူလဲဆိုရင္ — ကၽြန္မတို႔ရဲ့ ကေလးကို ငယ္ငယ္တုန္းကနဲ႔ ႀကီးလာေတာ့ ဘယ္အရြယ္ကို ပိုခ်စ္သလဲ၊ ဘယ္အရြယ္တုန္းက ပိုဂ႐ုစိုက္ရသလဲ၊ ဘယ္အရြယ္တုန္းက ပိုအေလးထားသလဲ ဆိုတဲ့ ေမးခြန္းလိုပါပဲ။ ကၽြန္မတို႔ ကေလးေတြ မူလတန္းအရြယ္တုန္းကလည္း မူလတန္းအေလ်ာက္ ခ်စ္ခင္မႈေပး၊ ဂ႐ုစိုက္မႈေပး၊ စိတ္ပူေပးၾကသလို၊ ႀကီးလာလို႔ အထက္တန္းေတြေရာက္ေတာ့လည္း ခ်စ္ခင္မႈေပး၊ ဂ႐ုစိုက္မႈေပး၊ စိတ္ပူေပးၾကစျမဲပဲေလ။ ငယ္တုန္းက ကေလးက အခုႀကီးလာတဲ့ ကေလးထက္ ပိုတန္ဖိုးထားရမယ္ ၊ ႀကီးလာတဲ့ ကေလးက ငယ္ငယ္တုန္းက ကေလးေလးထက္ ပိုၿပီး ျမင့္ျမတ္တယ္ ဆိုတဲ့ အေတြးေတြ မရွိၾကသလို ဆရာ၊မေတြအေပၚလည္း အတန္းႀကီးငယ္သင္တဲ့အေပၚမူတည္ၿပီး ေလးစား တန္ဖိုးထားမႈ မကြာဟသင့္ဘူးလို႔ ကၽြန္မျမင္ပါတယ္။

ကၽြန္မက မူလတန္း သင္ၾကားေရးကို မဟာဘြဲ႕ယူထားတာပါ။ ကၽြန္မ အေတြ႕အၾကဳံအရ တကၠသိုလ္ စတက္ခ်ိန္မွာ ဆရာ၊မ ျဖစ္ခ်င္သူေတြဟာ ဘယ္အရြယ္ကေလးေတြကို ပိုသင္ရတာ စိတ္ဝင္စားလဲဆိုတာ စဥ္းစားဆုံးျဖတ္ရပါတယ္။ မူလတန္းသင္ၾကားခ်င္သူက မူလတန္းသင္ၾကားေရးအထူးျပဳေလ့လာပါတယ္။ အထက္တန္းသင္ခ်င္သူက အထက္တန္းသင္ၾကားေရးဘြဲ႕ကိုယူတယ္။ အထက္တန္းမွာ ဘာသာရပ္ဆိုင္ရာ အထူးျပဳ ေမဂ်ာ ျပန္ခြဲၿပီး ေလ့လာရတယ္။ မူႀကိဳနဲ႔ မူလတန္းကို တြဲၿပီး ေလ့လာခ်င္သူေတြအတြက္လည္း အတန္းရွိတယ္။

ေက်ာင္းၿပီးသြားတဲ့ ဆရာ၊မေလာင္းလ်ာေလးေတြက သင္ၾကားခြင့္ လိုင္စင္ေလၽွာက္ရပါတယ္။ သင္ၾကားခြင့္လိုင္စင္ကို အစိုးရဆီမွာ ေလၽွာက္ဖို႔ ကိုယ္ဟာ ဆရာ၊မျဖစ္ဖို႔ အရည္ခ်င္းရွိပါတယ္၊ ဗဟုသုတရွိပါတယ္ဆိုတာ၊ ကိုယ့္ရဲ့ သင္ခန္းစာ ျပင္ဆင္ထားတဲ့ ဥပမာေတြ၊ ေလ့လာထားတဲ့ စာတမ္းေတြ၊ Portfolio ေတြနဲ႔ တင္ျပရတာပါ။ သင္ၾကားခြင့္လိုင္စင္ရယ္၊ ကေလးေတြနဲ႔အလုပ္လုပ္ခြင့္ကဒ္ (Working with Children Card)ရယ္ ပါမွ ကိုယ္နဲ႔သက္ဆိုင္ရာ မူလတန္း၊ အထက္တန္းေက်ာင္းေတြမွာ အလုပ္ေလၽွာက္ရပါတယ္။ ေက်ာင္းေတြကလည္း သူတို႔ရဲ့ လိုအပ္ခ်က္၊ တန္ဖိုးထားမႈနဲ႔အညီ ျပန္လည္ေရြးခ်ယ္စီစစ္ၿပီးမွ ဆရာ၊မ ျဖစ္ပါတယ္။

တစ္ႏွစ္ကို သတ္မွတ္ထားတဲ့ နာရီအတိုင္း စာေပေလ့လာမႈ၊ သုေတသနျပဳမႈနဲ႔ သင္တန္းတက္ေရာက္မႈ မရွိရင္ ဆရာျဖစ္လိုင္စင္သိမ္းခံရပါတယ္။
မူလတန္းသင္ၾကားသူေတြအတြက္ ရာထူးတိုးက အလယ္တန္းမဟုတ္ပါဘူး။ မူလတန္းဆရာ၊မအဆင့္ကေန၊ မူလတန္း အထက္ဆင့္၊ ေအာက္ဆင့္ စတဲ့ အဆင့္ေတြကို ဦးေဆာင္သူေတြအျဖစ္ ရာထူးတိုးပါတယ္။ ေနာက္တစ္ဆင့္အေနနဲ႔ မူလတန္းျပေခါင္းေဆာင္အျဖစ္ရာထူးတိုးပါတယ္။ ေနာက္ မူလတန္း ေက်ာင္းအုပ္ အျဖစ္ ရာထူးတိုးေလၽွာက္ထားနိုင္ပါတယ္။ ဒီေတာ့ ဆရာ၊မေတြက မူလတန္းအရြယ္ ကေလးေတြနဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာေတြ၊ ကိုင္တြယ္ပုံေတြနဲ႔ ပတ္သတ္ၿပီး ပညာရွင္အဆင့္ သိရွိကၽြမ္းက်င္လာၾကတာပါ။ အထက္တန္း ဆရာ၊မေတြရဲ့ ရာထူးတိုးကလည္း ဒီသေဘာပါပဲ။ တစ္ခ်ိဳ႕က ပိုၿပီး နာမည္ရွိတဲ့ ေက်ာင္းေတြကို ေျပာင္းလုပ္ကိုင္ၾကတယ္။

ဒီၾသစေတ်းလ်မွာ က်င့္သုံးတဲ့ ရာထူးတိုးျမႇင့္မႈ စနစ္ကို ကၽြန္မ သေဘာက်မိလို႔ ေဝမၽွတာပါ။ ကၽြန္မတို႔လို မူလတန္း အထူးျပဳေလ့လာထားသူေတြဟာ အထက္တန္းသင္ ဆရာ၊မေတြနဲ႔ အတူတူ အေရးပါတယ္၊ တန္ဖိုးထားျခင္း ခံရတယ္ဆိုတာကို စနစ္ကေန ျပသပါတယ္။ ဆရာ၊မေတြကိုလည္း ဟိုနား တို႔စိ တို႔စိ၊ ဒီနား တို႔စိ တို႔စိ သိသလိုလို၊ မသိသလိုလို မဟုတ္ဘဲ အရြယ္အပိုင္းအျခားတစ္ခုကို ေသခ်ာနက္နဲစြာ သိရွိၿပီး ပညာရွင္အဆင့္ထိ ဆြဲေခၚသြားနိုင္တာပါ။

ကၽြန္မတို႔ နိုင္ငံမွာ သိပ္ဝမ္းနည္းစရာေကာင္းတာက ေက်ာင္းေတြမွာ ရာထူးတိုးတဲ့အခါ မူလတန္းသင္ေနသူက၊ အလယ္တန္းကို တက္တယ္၊ အလယ္တန္းကို သင္ေနသူက အထက္တန္းကို တက္တယ္ေပါ့။ အဲဒီ့သေဘာတရားက ဘာကိုျပလဲဆိုရင္ အတန္းႀကီးေလေလ၊ ျမင့္မားေလေလဆိုတဲ့သေဘာလို ျဖစ္ေနတာပါ။ ၀မ္းသာစရာတစ္ခုကေတာ့ ပညာေရး၀န္ႀကီးဌာနက ဆရာတတ္ကၽြမ္းမႈ စံႏႈန္းေတြကို ေဖၚထုတ္ေနၾကၿပီး လိုင္စင္စနစ္ေတြနဲ႔ Promotion ေပးတဲ့ စနစ္ကို ေျပာင္းလဲဖို႔ ႀကိဳးစားေနၾကတာပါပဲ။

အသိုင္းဝိုင္းကလည္း အငယ္တန္းက ဘာမွမဟုတ္ဘူး၊ ငယ္ေသးတယ္၊ ႀကီးမွ ေသခ်ာ သင္ေပးဆိုတဲ့ သေဘာတရားကို ပိုၿပီး လက္ဆုပ္လက္ကိုင္ျပဳလာၾကတယ္။ သိပ္စိတ္မေကာင္းျဖစ္စရာပါပဲ။ ကၽြန္မတို႔လည္း တတ္နိုင္သေလာက္ ကိုယ့္ပတ္၀န္းက်င္၊ အသိုင္း၀န္းရဲ့ အျမင္ေတြ ပိုၿပီး အျပဳသေဘာေဆာင္လာဖို႔ ႀကိဳးစားဖို႔လိုပါတယ္။

ပညာ သင္ၾကားသင္ယူမႈ ျဖစ္စဥ္မွာ ငယ္ရာကေန ႀကီးရာသင္ရတယ္။ စစခ်င္းသင္တဲ့အတန္းက အေၾကာင္းအရာေတြ၊ အေျခအေနေတြနဲ႔ အတန္းႀကီးလတဲ့အခါ သင္ရတာေတြ၊ သင္ရပုံေတြ မတူညီၾကပါဘူး။ ကေလးေတြရဲ့ ဖြံ့ၿဖိဳးတိုးတက္မႈ၊ ကေလးေတြရဲ့ စိတ္အေျခအေန၊ ကေလးေတြရဲ့ အသိပညာဗဟုသုတအဆင့္၊ ကေလးေတြရဲ့ အေတြ႕အၾကဳံေတြက ကြာၾကတာကိုး။ အဲဒီ့ ကြာျခားမႈေတြေၾကာင့္ သင္ၾကားရတဲ့ နည္းစနစ္၊ ပဲ့ျပင္ရတဲ့ ပုံစံ တူလို႔ မရပါဘူး။ အတန္းတိုင္းက ကေလးေတြအတြက္ အေရးႀကီးတယ္။ မူႀကိဳ စတက္ခ်ိန္မွာ ေက်ာင္းဆိုတဲ့ သေဘာကို ေသခ်ာမသိခ်ိန္၊ စာဆိုတာ ဘာလဲ ဆိုတာ မသိခ်ိန္မွာ ဆရာ၊မေတြက ေက်ာင္းေနေပ်ာ္လာေအာင္၊ သင္ယူမႈပုံစံ အမ်ိဳးမ်ိဳးမွာ ပါဝင္နိုင္ေအာင္ စြမ္းေဆာင္ရပါတယ္။ မူႀကိဳမွာ အရည္ေသြးမျပည့္တဲ့ ဆရာ၊မေတြရဲ့ ႏွိပ္စက္မႈ၊ ဖိႏွိပ္မႈေတြ မ်ား ခံလိုက္ရရင္ တစ္သက္လုံး စိတ္ဒဏ္ရာေတြနဲ႔ ကေလးေတြ ႀကီးျပင္းၾကရမွာ။

ဒီလိုပါပဲ။ အစေကာင္းေပမယ့္ အေႏွာင္းမေသခ်ာရင္လည္း လူဆိုးေလးေတြ ျဖစ္နိုင္ေျခရွိပါတယ္။ အထက္တန္းအရြယ္မွာ ဟိုမုန္းအေျပာင္းအလဲေတြျဖစ္လာတယ္၊ အယူအဆ၊ အေတြးအေခၚ၊ အေတြ႕အၾကဳံေတြ တိုးပြါး၊ ေျပာင္းလဲလာတယ္။ အဲဒီ့အတြက္ အထက္တန္းသင္ဆရာ၊မေတြရဲ့ ေက်ာင္းသား၊သူေတြကို သင္ၾကားျပသပုံ၊ ဆုံးမပုံေတြကလည္း အလြန္ အေရးပါပါတယ္။

အခ်ဳပ္မွာ ေျပာခ်င္တာကေတာ့ ကၽြန္မတို႔ ဆရာ၊မေတြကို ျမင္တဲ့အခါ သူတို႔ သင္တဲ့ အတန္းထက္ သူတို႔ရဲ့ သင္နိုင္စြမ္း၊ ကၽြမ္းက်င္မႈ၊ တန္ဖိုးထားမႈ၊ ဆရာ၊မစံျပည့္ဝမႈ အေပၚ အကဲခတ္ပါ။ ေလးစားပါ။ မူႀကိဳဆရာ၊မက စလို႔ မေသခင္အခ်ိန္ထိ သင္ျပေပးတဲ့ ဆရာ၊မေတြရဲ့ အခန္းက႑က အေရးႀကီးပါတယ္။ လိုအပ္တာေတြရွိရင္ အျပဳသေဘာေထာက္ျပပါ။ ကူညီနိုင္တာရွိရင္ ကူညီၾကပါ။

ဘယ္အရြယ္ကို သင္သင္၊ ေလးစားထိုက္သူေတြအျဖစ္ အသိမွတ္ျပဳခံၾကရပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo Credit to – https://www.vectorstock.com/royalty-free-vector/different-ages-students-primary-pupil-junior-vector-21611433?fbclid=IwAR3BjcpargqmwnxjPlJakHeDoqAbNncaDQuuqOdt4kJcBECQPYmh-bkW4d4