[ Unicode ]

ကျွန်မမှာ ၃ နှစ်ကျော်အရွယ် တူလေးတစ်ယောက်ရှိပါတယ်။ သားကွန်းလို့ ကျွန်မက ခေါ်ပြီး သူက ကျွန်မကို မေမေထက်လို့ ခေါ်ပါတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ သံယောဇဉ် တော်တော်ကြီးပါတယ်။ သားကွန်းလေး ဗိုက်ထဲမှာ ရှိကတည်းက ညီမလေးကို ဖတ်ရမယ့်စာအုပ်တွေသေချာပေးပြီး ဖတ်ခိုင်းတာရော၊ မွေးကတည်းက အချိန်မှန် စာဖတ်ပြတာကြောင့် သားကွန်းလေးက စာဖတ်တာစွဲပါတယ်။ စာပေမြတ်နိုးတာချင်းတူပြန်တော့ ကျွန်မနဲ့သူနဲ့ အတွဲညီပါတယ်။

ဒီလထဲမှာ သားကွန်းလေးကို တစ်ယောက်က စလိုက်ပါတယ်။ မေမေထက် ဗိုက်ထဲမှာ ကလေးလေး ရှိနေပြီတဲ့။ သားကွန်းကို မချစ်တော့ဘူးလို့ ပြောပုံလည်းရပါတယ်။ အဲဒီ့အချိန်ကတည်းက သားကွန်းက ကျွန်မကို ရှောင်နေပါတော့တယ်။ ကျွန်မဖုန်းခေါ်ရင် ကျွန်မကို မကြည့်တော့ဘူး။ ကျွန်မနဲ့ စကားပြောဖို့ သူ့အမေတိုက်တွန်းတိုင်း ခါးခါးသီးသီး တုန့်ပြန်ငြင်းဆိုတယ်။ ကလေးကို တစ်ယောက်ယောက်က တစ်ခုခု ပြောလို့ စိတ်ထဲမှာ မလုံခြုံမှု ခံစားနေရတယ်လို့ ကျွန်မထင်တဲ့အတွက် နောက်ပိုင်း သားကွန်းလေးနဲ့ သူ့အမေ အေးအေးဖြစ်တဲ့အချိန် သေချာ မေးခိုင်းမှ ကလေးက ပြောပါတယ်။ မေမေထက်က သားကို မချစ်တော့ဘူး တဲ့။ နောက် ကျွန်မတို့ သေချာရှင်းပြမှ သားကွန်းလေးက ကျွန်မကို စကားနည်းနည်းပြန်ပြောပါတယ်။ ခုချိန်ထိ ကျွန်မ သားကွန်းနဲ့ အရင်ကလို ရင်းရင်းနှီးနှီး စကားမပြောနိုင်သေးပါဘူး။

ငယ်ရွယ်တဲ့ ကလေးတွေက သူတို့ချစ်တဲ့သူတွေ သူတို့ကို မချစ်တော့မှာ အရမ်းကြောက်ပါတယ်။ အဲ့ဒီ့လို မချစ်တော့ဘူးလို့ အစခံလိုက်ရတဲ့အခါ၊ အပြောခံလိုက်ရတဲ့အခါ စိတ်ထဲမှာ မလုံခြုံမှု (insecurity)ကို ခံစားရပါတယ်။ စိတ်ထဲမှာ မလုံခြုံတဲ့အတွက် အကာအကွယ်ယူတဲ့အနေနဲ့ ပုံစံအမျိုးမျိုးနဲ့ တုန့်ပြန်ကြတယ်။ အချို့က လုံးဝ ရှောင်ဖယ်လိုက်တယ်၊ အချို့က ပိုပြီး တွယ်ကပ်လာတယ်၊ အချို့က ပိုဒေါသထွက်လာတယ်၊ အချို့က ဝမ်းနည်းငိုကြွေးတယ်။ ဖြစ်တဲ့ လက္ခဏာတွေက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး ဒါပေမယ့် ကလေးတွေ စိတ်ထဲမှာ မလုံခြုံမှုကို ခံစားရတဲ့အခါ ဖြစ်တဲ့ ခံစားချက်က အဆိုးဘက်ကိုရောက်လေ့ရှိပါတယ်။

ကျွန်မတို့ ငယ်စဉ်က စနောက်ကြတယ်။ သားသမီးနှစ်ယောက်ရှိရင် တစ်ယောက်ကို ပိုချစ်တာ၊ နင့်ကို မချစ်ဘူးဆိုပြီး ပြောတယ်။ နင့်အမေက နင့်ကို မချစ်လို့ ကုလားကြီးနောက် လိုက်သွားပြီ ဆိုပြီး စကြတယ်။ နင့်ကို အမှိုက်ပုံကနေ သနားလို့ကောက်လာတာ။ စသဖြင့် ကလေးတွေကို ဒေါသထွက်စေမယ့်၊ ပြန်လည်တုန့်ပြန်(react)လုပ်စေမယ့် စနောက်မှုမျိုးကို ပြောပြီး လူကြီးတွေက ပျော်ရွှင်ရယ်မောကြပါတယ်။

ကျွန်မတို့ရဲ့ အဲဒီ့ စနောက်မှုမျိုးတွေက အဆိပ်မွှန်းတဲ့ စနောက်မှုမျိုးဖြစ်ပြီး အဆိပ်သင့်သူတွေက ကျွန်မတို့ ချစ်လှပါပြီဆိုတဲ့ ကလေးလေးတွေပါပဲ။ ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးသလို၊ မေတ္တာတွေနဲ့ လွှမ်းခြုံပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးဖို့လိုပါတယ်။ ငယ်ရွယ်စဉ်မှာလုံခြုံမှုမပေးရင် စိတ်မပူပါနဲ့၊ ဒဏ်ရာအပြည့်နဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာကြမှာပါ။ မမြင်ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ မကြီးပြင်းစေချင်ရင် စိတ်မလုံခြုံစေမယ့် စနောက်မှုမျိုး ကိုယ်တိုင်လည်း မလုပ်ပါနဲ့၊ သူများတွေစရင်လည်း လက်သင့်မခံပါနဲ့နော်။

ကလေးတွေကို ချစ်ကြောင်း ခဏခဏပြောပါ။ ချစ်ခြင်းမေတ္တာကို ဖေါ်ညွှန်းတဲ့ အပြုအမူတွေ ပြပါ။ သူတို့အတွက် သူတို့ချစ်တဲ့ ကျွန်မတို့ ရှိနေပေးမယ်ဆိုတာ သိပါစေ။ ကျွန်မတို့ဆရာ၊မတွေ ၊ မိဘတွေ တတ်နိုင်သမျှ ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးတွေကို အဆိပ်မွှန်းတဲ့ ဟာသတွေဆီကနေ ကာကွယ်ပေးကြရအောင်နော်။

မေတ္တာဖြင့်….
Sayarma-ဆရာမ

မှတ်ချက်။ ။ ဒီဓါတ်ပုံလေးက သားကွန်းနဲ့ ကျွန်မ သီရိလင်္ကာနိုင်ငံက ဆင်စခန်းတစ်ခုကို သွားလည်တုန်းက ပုံလေးပါ။

[ Zawgyi ]

ကၽြန္မမွာ ၃ ႏွစ္ေက်ာ္အရြယ္ တူေလးတစ္ေယာက္ရွိပါတယ္။ သားကြန္းလို႔ ကၽြန္မက ေခၚၿပီး သူက ကၽြန္မကို ေမေမထက္လို႔ ေခၚပါတယ္။ ကၽြန္မတို႔ႏွစ္ေယာက္ရဲ့ သံေယာဇဥ္ ေတာ္ေတာ္ႀကီးပါတယ္။ သားကြန္းေလး ဗိုက္ထဲမွာ ရွိကတည္းက ညီမေလးကို ဖတ္ရမယ့္စာအုပ္ေတြေသခ်ာေပးၿပီး ဖတ္ခိုင္းတာေရာ၊ ေမြးကတည္းက အခ်ိန္မွန္ စာဖတ္ျပတာေၾကာင့္ သားကြန္းေလးက စာဖတ္တာစြဲပါတယ္။ စာေပျမတ္နိုးတာခ်င္းတူျပန္ေတာ့ ကၽြန္မနဲ႔သူနဲ႔ အတြဲညီပါတယ္။

ဒီလထဲမွာ သားကြန္းေလးကို တစ္ေယာက္က စလိုက္ပါတယ္။ ေမေမထက္ ဗိုက္ထဲမွာ ကေလးေလး ရွိေနၿပီတဲ့။ သားကြန္းကို မခ်စ္ေတာ့ဘူးလို႔ ေျပာပုံလည္းရပါတယ္။ အဲဒီ့အခ်ိန္ကတည္းက သားကြန္းက ကၽြန္မကို ေရွာင္ေနပါေတာ့တယ္။ ကၽြန္မဖုန္းေခၚရင္ ကၽြန္မကို မၾကည့္ေတာ့ဘူး။ ကၽြန္မနဲ႔ စကားေျပာဖို႔ သူ႔အေမတိုက္တြန္းတိုင္း ခါးခါးသီးသီး တုန႔္ျပန္ျငင္းဆိုတယ္။ ကေလးကို တစ္ေယာက္ေယာက္က တစ္ခုခု ေျပာလို႔ စိတ္ထဲမွာ မလုံျခဳံမႈ ခံစားေနရတယ္လို႔ ကၽြန္မထင္တဲ့အတြက္ ေနာက္ပိုင္း သားကြန္းေလးနဲ႔ သူ႔အေမ ေအးေအးျဖစ္တဲ့အခ်ိန္ ေသခ်ာ ေမးခိုင္းမွ ကေလးက ေျပာပါတယ္။ ေမေမထက္က သားကို မခ်စ္ေတာ့ဘူး တဲ့။ ေနာက္ ကၽြန္မတို႔ ေသခ်ာရွင္းျပမွ သားကြန္းေလးက ကၽြန္မကို စကားနည္းနည္းျပန္ေျပာပါတယ္။ ခုခ်ိန္ထိ ကၽြန္မ သားကြန္းနဲ႔ အရင္ကလို ရင္းရင္းႏွီးႏွီး စကားမေျပာနိုင္ေသးပါဘူး။

ငယ္ရြယ္တဲ့ ကေလးေတြက သူတို႔ခ်စ္တဲ့သူေတြ သူတို႔ကို မခ်စ္ေတာ့မွာ အရမ္းေၾကာက္ပါတယ္။ အဲ့ဒီ့လို မခ်စ္ေတာ့ဘူးလို႔ အစခံလိုက္ရတဲ့အခါ၊ အေျပာခံလိုက္ရတဲ့အခါ စိတ္ထဲမွာ မလုံျခဳံမႈ (insecurity)ကို ခံစားရပါတယ္။ စိတ္ထဲမွာ မလုံျခဳံတဲ့အတြက္ အကာအကြယ္ယူတဲ့အေနနဲ႔ ပုံစံအမ်ိဳးမ်ိဳးနဲ႔ တုန႔္ျပန္ၾကတယ္။ အခ်ိဳ႕က လုံးဝ ေရွာင္ဖယ္လိုက္တယ္၊ အခ်ိဳ႕က ပိုၿပီး တြယ္ကပ္လာတယ္၊ အခ်ိဳ႕က ပိုေဒါသထြက္လာတယ္၊ အခ်ိဳ႕က ဝမ္းနည္းငိုေႂကြးတယ္။ ျဖစ္တဲ့ လကၡဏာေတြက ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ မတူပါဘူး ဒါေပမယ့္ ကေလးေတြ စိတ္ထဲမွာ မလုံျခဳံမႈကို ခံစားရတဲ့အခါ ျဖစ္တဲ့ ခံစားခ်က္က အဆိုးဘက္ကိုေရာက္ေလ့ရွိပါတယ္။

ကၽြန္မတို႔ ငယ္စဥ္က စေနာက္ၾကတယ္။ သားသမီးႏွစ္ေယာက္ရွိရင္ တစ္ေယာက္ကို ပိုခ်စ္တာ၊ နင့္ကို မခ်စ္ဘူးဆိုၿပီး ေျပာတယ္။ နင့္အေမက နင့္ကို မခ်စ္လို႔ ကုလားႀကီးေနာက္ လိုက္သြားၿပီ ဆိုၿပီး စၾကတယ္။ နင့္ကို အမွိုက္ပုံကေန သနားလို႔ေကာက္လာတာ။ စသျဖင့္ ကေလးေတြကို ေဒါသထြက္ေစမယ့္၊ ျပန္လည္တုန႔္ျပန္(react)လုပ္ေစမယ့္ စေနာက္မႈမ်ိဳးကို ေျပာၿပီး လူႀကီးေတြက ေပ်ာ္ရႊင္ရယ္ေမာၾကပါတယ္။

ကၽြန္မတို႔ရဲ့ အဲဒီ့ စေနာက္မႈမ်ိဳးေတြက အဆိပ္မႊန္းတဲ့ စေနာက္မႈမ်ိဳးျဖစ္ၿပီး အဆိပ္သင့္သူေတြက ကၽြန္မတို႔ ခ်စ္လွပါၿပီဆိုတဲ့ ကေလးေလးေတြပါပဲ။ ကေလးေတြကို ႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈေပးသလို၊ ေမတၱာေတြနဲ႔ လႊမ္းျခဳံၿပီး စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈ ေပးဖို႔လိုပါတယ္။ ငယ္ရြယ္စဥ္မွာလုံျခဳံမႈမေပးရင္ စိတ္မပူပါနဲ႔၊ ဒဏ္ရာအျပည့္နဲ႔ လူႀကီးေတြအျဖစ္ ႀကီးျပင္းလာၾကမွာပါ။ မျမင္ရတဲ့ စိတ္ဒဏ္ရာေတြနဲ႔ မႀကီးျပင္းေစခ်င္ရင္ စိတ္မလုံျခဳံေစမယ့္ စေနာက္မႈမ်ိဳး ကိုယ္တိုင္လည္း မလုပ္ပါနဲ႔၊ သူမ်ားေတြစရင္လည္း လက္သင့္မခံပါနဲ႔ေနာ္။

ကေလးေတြကို ခ်စ္ေၾကာင္း ခဏခဏေျပာပါ။ ခ်စ္ျခင္းေမတၱာကို ေဖၚညႊန္းတဲ့ အျပဳအမူေတြ ျပပါ။ သူတို႔အတြက္ သူတို႔ခ်စ္တဲ့ ကၽြန္မတို႔ ရွိေနေပးမယ္ဆိုတာ သိပါေစ။ ကၽြန္မတို႔ဆရာ၊မေတြ ၊ မိဘေတြ တတ္နိုင္သမၽွ ကၽြန္မတို႔ ပတ္ဝန္းက်င္က ကေလးေတြကို အဆိပ္မႊန္းတဲ့ ဟာသေတြဆီကေန ကာကြယ္ေပးၾကရေအာင္ေနာ္။

ေမတၱာျဖင့္….
Sayarma-ဆရာမ

မွတ္ခ်က္။ ။ ဒီဓါတ္ပုံေလးက သားကြန္းနဲ႔ ကၽြန္မ သီရိလကၤာနိုင္ငံက ဆင္စခန္းတစ္ခုကို သြားလည္တုန္းက ပုံေလးပါ။