[ Unicode ]
ကျွန်မ ၂၀၁၄မှာ သြစတျေးလျ အစိုးရရဲ့ ထောက်ပံ့မှု နဲ့ မဟာတန်းပညာသင်ခွင့်ရတယ်။ ပညာသင်ဆု လျှောက်တဲ့အခါ ကျွန်မတို့ကို မေးတဲ့ မေးခွန်းတွေထဲက တစ်ခုက ကျောင်းပြီးသွားလို့ပြန်လာတဲ့အခါ ဘယ်လို အကျိုးပြုမလဲဆိုတာပါ။ ကျောင်းပြီးလို့ ပြန်လာတဲ့အခါ ၂ နှစ်အနည်းဆုံး သြစတျေးလျနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ခွင့်မရှိပါဘူး။ အနည်းဆုံး မြန်မာပြည်မှာ ၂ နှစ် အလုပ်လုပ်ပေးရမယ်လို့ဆိုလိုချင်တာပါ။ ကျွန်မ ကျောင်းမတက်ခင်က ပညာရေးလောကမှ ဆရာမအဖြစ်၊ သင်တန်းဆရာမအဖြစ် လုပ်ခဲ့တယ်။ ပညာသင်ဆုလိုချင်ခဲ့တာက ကျွန်မလုပ်နေတဲ့အလုပ်ကို ပိုထဲထဲဝင်ဝင်သိပြီး ကျွန်မရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ချင်လို့ပါ။ ၂ နှစ်တာ ပညာသင်ခွင့်ရပြီး အပြန် ၂၀၁၆နှစ်ဆန်းကနေ အခုချိန်အထိ ကျွန်မ ပညာရေးလောကထဲမှာ ဆက်ပြီး လုပ်နေခဲ့တယ်။ ကျောင်းမသွားတက်ခင်ကထက် ပိုပြီး လုပ်နိုင်အောင်လည်း ကြိုးစားရတာပါပဲ။ သင်ယူလာတဲ့ ပညာရပ်တွေ၊ သင်ယူခွင့်ရတဲ့ အခွင့်အလမ်းတွေအတွက် ပြန်လည်မျှဝေဖို့၊ ကူညီပံ့ပိုးဖို့ တာဝန်၊ ကျွန်မရခဲ့သလို အခြားသူတွေလည်း အခွင့်အလမ်းရရမယ်ဆိုတဲ့ အသိစိတ်နဲ့ အခုချိန်ထိ အလုပ်လုပ်ဖြစ်တယ်။ ဒါနဲ့ဆက်စပ်ပြီး ဒီနေ့ ကျွန်မ အခွင့်အရေးနဲ့ တာဝန်ယူမှုအကြောင်း ကျွန်မရဲ့ အတွေးအမြင်လေးတွေ ဝေမျှပေးချင်ပါတယ်။
အခွင့်အရေး(Opportunity) ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြတဲ့နေရာမှာ ………….
တစ်ယောက်နဲ့ တစ်ယောက်၊ အချိန်အပိုင်းအခြားတစ်ခုနဲ့တစ်ခု၊ အခြေအနေတစ်ခုနဲ့တစ်ခု အပေါ်မှာမူတည်ပြီး ပြောင်းလဲနိုင်တယ်လို့ ကျွန်မမြင်တယ်။ အခွင့်အရေးဟာ ပညာသင်ဆုလည်းဖြစ်နိုင်တယ်၊ ကောင်းမွန်သော ကူညီပံ့ပိုးနိုင်သူနဲ့မိတ်ဆက်ပေးခံရတာလည်းဖြစ်နိုင်တယ်၊ သင်တန်းတက်ဖို့ အခွင့်အလမ်းရတာလည်းဖြစ်နိုင်တယ်၊ လုပ်ငန်းလုပ်ဖို့ အကြံဉာဏ်ရတာ၊ အဆက်အသွယ်ရတာလည်းဖြစ်နိုင်တယ်၊ အမြင်ပွင့်ဖို့ နိုင်ငံခြား ခဏတာစေလွှတ်ခြင်းခံရတာလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ အခွင့်အရေးရဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက်က ရှေ့ကိုရောက်ဖို့၊ တစ်ခါတစ်လေ အထက်ကိုတက်ဖို့၊ တစ်ခါတစ်လေ ပိုပျော်ရွှင်ဖို့၊ ပိုသုံးနိုင်ဖို့ အမျိုးမျိုးပါပဲ။ ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အရေးပါမှုတွေကွဲပြားပါစေ၊ အခွင့်ရေးတိုင်းရဲ့ နောက်မှာ Responsibility ဆိုတဲ့ တာဝန်ယူမှု တွဲပါနေဖို့ အရေးကြီးတယ်လို့ ကျွန်မမြင်ပါတယ်။
ကျွန်မကို အချို့လူငယ်တွေက ……………
နိုင်ငံခြားပညာသင်ခရီးတွေ၊ သင်တန်းတွေ၊ အစည်းအဝေးတွေသွားရလို့ အားကျကြတယ်။ အဲ့လို အခွင့်အရေးတွေ ဘယ်လိုရမလဲလို့ ကျွန်မကိုမေးကြတယ်။ ကျွန်မ ပြောချင်တာက အခွင့်အရေးအတွက်သာ မကြိုးစားဖို့ပါ။ ကိုယ်လုပ်ချင်တဲ့အလုပ်သေချာပြီး ကိုယ်ဝန်ထမ်းချင်တဲ့ တာဝန်ကို သိပြီး တာဝန်ယူချင်သူတွေကိုပဲ အခွင့်အရေးတွေ ပေးချင်ကြတာပါ။ နိုင်ငံခြားသွားချင်သူထက် ကိုယ်လုပ်နေတဲ့အလုပ်ပိုကောင်းဖို့၊ ကိုယ်မျှဝေနေတဲ့ပညာကို ပိုထိရောက်ဖို့ စိတ်ထား အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေရှာစေချင်တယ်။ အဲဒီ့ရှာနေတဲ့ အခွင့်အလမ်းတွေ တွေ့ပြီးရင်လည်း ကိုယ်ပေးခဲ့တဲ့ ကတိတွေ၊ ကိုယ်တာဝန်ယူသင့်တာတွေကို ယူသင့်တယ်။
ဥပမာ – ကျွန်မတို့ ကျောင်းကနေ သင်တန်းတက်ဖို့ အခွင့်အလမ်းပေးလာခဲ့ပြီဆိုရင် အဲဒီ့သင်တန်းတက်ခွင့်ရဲ့နောက်မှာ သင်တန်းက သင်ယူလာတဲ့ သင်ယူမှုတွေကို လက်တွေ့အသုံးချဖို့၊ အခြားသူတွေနဲ့ ပြန်လည်မျှဝေဖို့ဆိုတဲ့ တာဝန်က ပါလာပါတယ်။ အဲဒီ့တာဝန်တွေကို အတတ်နိုင်ဆုံး ထမ်းဆောင်ဖို့လိုပါတယ်။ အဲဒါကို မမေ့ဖို့လိုပါတယ်။ Take it for granted မဖြစ်ဖို့လိုပါတယ်။
ထိုနည်းအတူပဲ ကျောင်းတွေမှာ နည်းပညာတွေ ပေးဖို့ အဖွဲ့အစည်းများစွာရှိကြပါတယ်။ အဖွဲ့အစည်းတွေကတော့ ကျောင်းတွေကို နည်းပညာနဲ့ပတ်သတ်တဲ့အခွင့်အလမ်းတွေပေးကြတယ်၊ သင်တန်းအခွင့်အလမ်းတွေပေးကြတယ်၊ အနီးကပ်ပံ့ပိုးတဲ့အခွင့်အလမ်းတွေပေးကြတယ်။ ဒါပေမယ့် အဖွဲ့အစည်းဆီက အခွင့်အလမ်းကိုပဲ မျှော်ကိုးနေရုံနဲ့မပြီးပါဘူး။ ကိုယ်တိုင်လည်း ယူရမယ့် တာဝန်တွေယူဖို့လိုပါတယ်။ ကျွန်မတို့ နည်းပညာပံ့ပိုးတဲ့အခါ အရမ်းစိတ်ပင်ပန်းတာတွေ ကြုံရပါတယ်။ ကိုယ်ကသာ သင်တန်းတွေပေးတာ၊ နည်းပညာတွေ ပံ့ပိုးချင်တာ၊ ကျောင်းကသူတွေက ပါချင်သလို၊ မပါချင်သလို၊ တာဝန်ယူချင်သလို မယူချင်သလိုတွေဖြစ်ခဲ့ဖူးပါတယ်။ တစ်ကယ်က ကိုယ့်ကျောင်းကောင်းဖို့ အခွင့်အလမ်းရရင် အဲ့ဒီ့အခွင့်အလမ်းကို ကောင်းကောင်းယူပြီး ကိုယ်ဘက်ကလုပ်သင့်တာတွေလည်း လိုက်လုပ်သင့်ပါတယ်။ နောက်ဆုံးမှာ ကိုယ့်အဖွဲ့အစည်း ကိုယ်ပဲ တိုးတက်အောင် လုပ်ရမှာပဲမဟုတ်ပါလား။
အခွင့်အရေးနောက်က လိုက်လာတဲ့ တာဝန်ဆိုတာ တစ်ခါတစ်လေမှာ အခွင့်အရေးပေးတဲ့သူက ပေးတာဖြစ်နိုင်သလို ကိုယ်တိုင် တွေးတောပြီး သင့်တင့်တယ်ထင်လို့ ယူလိုက်တာလည်းဖြစ်နိုင်တာပါပဲ။ သူများခိုင်းမှ၊ သူများပေးမှ တာဝန်ယူတတ်တာထက် ဘယ်သူတာဝန်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ရခဲ့တဲ့ အခွင့်အရေးထဲကနေ ဘာတွေ (ကိုယ့်ဘဝအတွက်ဖြစ်ဖြစ်၊ အခြားသူအတွက်ဖြစ်ဖြစ်၊ ရပ်ရွာအတွက်ဖြစ်ဖြစ်) ပိုကောင်းသွားအောင် ဘာတာဝန်တွေယူမလဲဆိုတာကို တွေးနိုင်မှ ခေါင်းဆောင်စိတ်ရှိသူ၊ တာဝန်သိ/ရှိသူလို့ ကျွန်မမြင်ပါတယ်။
အခွင့်အရေးဆိုတာ ကိုယ်ပဲလိုချင်ပြီး ကိုယ်ဖို့ကြည့်ပဲ ကြည့်လို့မရပြန်ပါဘူး။ ကိုယ်တိုင်အခွင့်အရေးရရင် အဲဒီ့လိုအခွင့်အရေးမျိုး သူများတွေလည်းရအောင်၊ ကိုယ်တိုင်ကလည်း အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါမှ အသိုင်းအဝန်းတစ်ခုလုံး ဖွံ့ဖြိုးလာမှာပါ။ ဒါကလည်း အခွင့်အရေးနောက်က ကပ်ပါလာတဲ့ တာဝန်တစ်ခုပါပဲ။
ကျွန်မ ဒီနေ့အထိ ရပ်တည်ချက်ကတော့ ကျွန်မ တစ်ခုသင်ယူဖို့ အခွင့်အရေးရှိခဲ့ရင် အဲဒီ့သင်ယူမှုကို ပြန်လည် အသုံးချဖို့ တာဝန်ယူဖို့လိုတယ်။ကိုယ်ရခဲ့သလို အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သူဖြစ်ဖို့လိုတယ်။ ရတဲ့အခွင့်အရေးတွေကနေ သင်ယူတယ်၊ ပြန်လည်အသုံးချတယ်၊ အခြားသူတွေကို အခွင့်အလမ်းဖန်တီးပေးတယ်၊ အဲဒီ့အတွက် ကျွန်မ ပိုလို့ သင်ယူခွင့်ရတယ်၊ ပိုလို့မြင့်မားတဲ့ အခွင့်အလမ်းတွေရတယ်၊ ကျွန်မလည်း ပိုပျော်ရတယ်။
မောင်တွေ ညီမတွေကို ကျွန်မ မှာချင်တာက
- အခွင့်အရေးသီးသန့်ကိုပဲ မစဉ်းစားပါနဲ့။ ကိုယ်ယူမယ့်တာဝန်နဲ့ လိုအပ်တဲ့အခွင့်အရေးကိုစဉ်းစားပါ။
-ရသမျှအခွင့်အရေး တစ်ယောက်တည်းပဲ သိမ်းကြုံးမယူပါနဲ့။ ယူသင့်တဲ့၊ ယူဖို့လိုအပ်တဲ့ အခွင့်အရေးတွေကိုပဲယူဖို့ကြိုးစားပါ။ -အခွင့်အရေးရပြီးရင်လည်း တွဲပါလာတဲ့ တာဝန်ကို ကြိုးစားယူပါ။
အခွင့်အရေးရော တာဝန်ပါ ယူတတ်သူများ ဖြစ်ကြပါစေ။ အခြားသူတွေအတွက် အခွင့်အလမ်း၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်သူတွေဖြစ်ကြပါစေ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
Photo Credit to – https://unsplash.com/s/photos/opportunity
[ Zawgyi ]
ကၽြန္မ ၂၀၁၄မွာ ၾသစေတ်းလ် အစိုးရရဲ့ ေထာက္ပံ့မႈ နဲ႔ မဟာတန္းပညာသင္ခြင့္ရတယ္။ ပညာသင္ဆု ေလၽွာက္တဲ့အခါ ကၽြန္မတို႔ကို ေမးတဲ့ ေမးခြန္းေတြထဲက တစ္ခုက ေက်ာင္းၿပီးသြားလို႔ျပန္လာတဲ့အခါ ဘယ္လို အက်ိဳးျပဳမလဲဆိုတာပါ။ ေက်ာင္းၿပီးလို႔ ျပန္လာတဲ့အခါ ၂ ႏွစ္အနည္းဆုံး ၾသစေတ်းလ်နိုင္ငံကို ျပန္လာၿပီး အလုပ္လုပ္ခြင့္မရွိပါဘူး။ အနည္းဆုံး ျမန္မာျပည္မွာ ၂ ႏွစ္ အလုပ္လုပ္ေပးရမယ္လို႔ဆိုလိုခ်င္တာပါ။ ကၽြန္မ ေက်ာင္းမတက္ခင္က ပညာေရးေလာကမွ ဆရာမအျဖစ္၊ သင္တန္းဆရာမအျဖစ္ လုပ္ခဲ့တယ္။ ပညာသင္ဆုလိုခ်င္ခဲ့တာက ကၽြန္မလုပ္ေနတဲ့အလုပ္ကို ပိုထဲထဲဝင္ဝင္သိၿပီး ကၽြန္မရဲ့ လုပ္နိုင္စြမ္းကို ျမႇင့္တင္ခ်င္လို႔ပါ။ ၂ ႏွစ္တာ ပညာသင္ခြင့္ရၿပီး အျပန္ ၂၀၁၆ႏွစ္ဆန္းကေန အခုခ်ိန္အထိ ကၽြန္မ ပညာေရးေလာကထဲမွာ ဆက္ၿပီး လုပ္ေနခဲ့တယ္။ ေက်ာင္းမသြားတက္ခင္ကထက္ ပိုၿပီး လုပ္နိုင္ေအာင္လည္း ႀကိဳးစားရတာပါပဲ။ သင္ယူလာတဲ့ ပညာရပ္ေတြ၊ သင္ယူခြင့္ရတဲ့ အခြင့္အလမ္းေတြအတြက္ ျပန္လည္မၽွေဝဖို႔၊ ကူညီပံ့ပိုးဖို႔ တာဝန္၊ ကၽြန္မရခဲ့သလို အျခားသူေတြလည္း အခြင့္အလမ္းရရမယ္ဆိုတဲ့ အသိစိတ္နဲ႔ အခုခ်ိန္ထိ အလုပ္လုပ္ျဖစ္တယ္။ ဒါနဲ႔ဆက္စပ္ၿပီး ဒီေန႔ ကၽြန္မ အခြင့္အေရးနဲ႔ တာဝန္ယူမႈအေၾကာင္း ကၽြန္မရဲ့ အေတြးအျမင္ေလးေတြ ေဝမၽွေပးခ်င္ပါတယ္။
အခြင့္အေရး(Opportunity) ဆိုတာကို အဓိပၸါယ္ဖြင့္ၾကတဲ့ေနရာမွာ ………….
တစ္ေယာက္နဲ႔ တစ္ေယာက္၊ အခ်ိန္အပိုင္းအျခားတစ္ခုနဲ႔တစ္ခု၊ အေျခအေနတစ္ခုနဲ႔တစ္ခု အေပၚမွာမူတည္ၿပီး ေျပာင္းလဲနိုင္တယ္လို႔ ကၽြန္မျမင္တယ္။ အခြင့္အေရးဟာ ပညာသင္ဆုလည္းျဖစ္နိုင္တယ္၊ ေကာင္းမြန္ေသာ ကူညီပံ့ပိုးနိုင္သူနဲ႔မိတ္ဆက္ေပးခံရတာလည္းျဖစ္နိုင္တယ္၊ သင္တန္းတက္ဖို႔ အခြင့္အလမ္းရတာလည္းျဖစ္နိုင္တယ္၊ လုပ္ငန္းလုပ္ဖို႔ အႀကံဉာဏ္ရတာ၊ အဆက္အသြယ္ရတာလည္းျဖစ္နိုင္တယ္၊ အျမင္ပြင့္ဖို႔ နိုင္ငံျခား ခဏတာေစလႊတ္ျခင္းခံရတာလည္းျဖစ္နိုင္ပါတယ္။ တစ္ခါတစ္ရံ အခြင့္အေရးရဖို႔ ႀကိဳးစားတဲ့ ရည္ရြယ္ခ်က္က ေရွ႕ကိုေရာက္ဖို႔၊ တစ္ခါတစ္ေလ အထက္ကိုတက္ဖို႔၊ တစ္ခါတစ္ေလ ပိုေပ်ာ္ရႊင္ဖို႔၊ ပိုသုံးနိုင္ဖို႔ အမ်ိဳးမ်ိဳးပါပဲ။ ဘယ္လိုပဲ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြ၊ အေရးပါမႈေတြကြဲျပားပါေစ၊ အခြင့္ေရးတိုင္းရဲ့ ေနာက္မွာ Responsibility ဆိုတဲ့ တာဝန္ယူမႈ တြဲပါေနဖို႔ အေရးႀကီးတယ္လို႔ ကၽြန္မျမင္ပါတယ္။
ကၽြန္မကို အခ်ိဳ႕လူငယ္ေတြက ……………
နိုင္ငံျခားပညာသင္ခရီးေတြ၊ သင္တန္းေတြ၊ အစည္းအေဝးေတြသြားရလို႔ အားက်ၾကတယ္။ အဲ့လို အခြင့္အေရးေတြ ဘယ္လိုရမလဲလို႔ ကၽြန္မကိုေမးၾကတယ္။ ကၽြန္မ ေျပာခ်င္တာက အခြင့္အေရးအတြက္သာ မႀကိဳးစားဖို႔ပါ။ ကိုယ္လုပ္ခ်င္တဲ့အလုပ္ေသခ်ာၿပီး ကိုယ္ဝန္ထမ္းခ်င္တဲ့ တာဝန္ကို သိၿပီး တာဝန္ယူခ်င္သူေတြကိုပဲ အခြင့္အေရးေတြ ေပးခ်င္ၾကတာပါ။ နိုင္ငံျခားသြားခ်င္သူထက္ ကိုယ္လုပ္ေနတဲ့အလုပ္ပိုေကာင္းဖို႔၊ ကိုယ္မၽွေဝေနတဲ့ပညာကို ပိုထိေရာက္ဖို႔ စိတ္ထား အခြင့္အေရးေတြ၊ အခြင့္အလမ္းေတြရွာေစခ်င္တယ္။ အဲဒီ့ရွာေနတဲ့ အခြင့္အလမ္းေတြ ေတြ႕ၿပီးရင္လည္း ကိုယ္ေပးခဲ့တဲ့ ကတိေတြ၊ ကိုယ္တာဝန္ယူသင့္တာေတြကို ယူသင့္တယ္။
ဥပမာ – ကၽြန္မတို႔ ေက်ာင္းကေန သင္တန္းတက္ဖို႔ အခြင့္အလမ္းေပးလာခဲ့ၿပီဆိုရင္ အဲဒီ့သင္တန္းတက္ခြင့္ရဲ့ေနာက္မွာ သင္တန္းက သင္ယူလာတဲ့ သင္ယူမႈေတြကို လက္ေတြ႕အသုံးခ်ဖို႔၊ အျခားသူေတြနဲ႔ ျပန္လည္မၽွေဝဖို႔ဆိုတဲ့ တာဝန္က ပါလာပါတယ္။ အဲဒီ့တာဝန္ေတြကို အတတ္နိုင္ဆုံး ထမ္းေဆာင္ဖို႔လိုပါတယ္။ အဲဒါကို မေမ့ဖို႔လိုပါတယ္။ Take it for granted မျဖစ္ဖို႔လိုပါတယ္။
ထိုနည္းအတူပဲ ေက်ာင္းေတြမွာ နည္းပညာေတြ ေပးဖို႔ အဖြဲ႕အစည္းမ်ားစြာရွိၾကပါတယ္။ အဖြဲ႕အစည္းေတြကေတာ့ ေက်ာင္းေတြကို နည္းပညာနဲ႔ပတ္သတ္တဲ့အခြင့္အလမ္းေတြေပးၾကတယ္၊ သင္တန္းအခြင့္အလမ္းေတြေပးၾကတယ္၊ အနီးကပ္ပံ့ပိုးတဲ့အခြင့္အလမ္းေတြေပးၾကတယ္။ ဒါေပမယ့္ အဖြဲ႕အစည္းဆီက အခြင့္အလမ္းကိုပဲ ေမၽွာ္ကိုးေန႐ုံနဲ႔မၿပီးပါဘူး။ ကိုယ္တိုင္လည္း ယူရမယ့္ တာဝန္ေတြယူဖို႔လိုပါတယ္။ ကၽြန္မတို႔ နည္းပညာပံ့ပိုးတဲ့အခါ အရမ္းစိတ္ပင္ပန္းတာေတြ ၾကဳံရပါတယ္။ ကိုယ္ကသာ သင္တန္းေတြေပးတာ၊ နည္းပညာေတြ ပံ့ပိုးခ်င္တာ၊ ေက်ာင္းကသူေတြက ပါခ်င္သလို၊ မပါခ်င္သလို၊ တာဝန္ယူခ်င္သလို မယူခ်င္သလိုေတြျဖစ္ခဲ့ဖူးပါတယ္။ တစ္ကယ္က ကိုယ့္ေက်ာင္းေကာင္းဖို႔ အခြင့္အလမ္းရရင္ အဲ့ဒီ့အခြင့္အလမ္းကို ေကာင္းေကာင္းယူၿပီး ကိုယ္ဘက္ကလုပ္သင့္တာေတြလည္း လိုက္လုပ္သင့္ပါတယ္။ ေနာက္ဆုံးမွာ ကိုယ့္အဖြဲ႕အစည္း ကိုယ္ပဲ တိုးတက္ေအာင္ လုပ္ရမွာပဲမဟုတ္ပါလား။
အခြင့္အေရးေနာက္က လိုက္လာတဲ့ တာဝန္ဆိုတာ တစ္ခါတစ္ေလမွာ အခြင့္အေရးေပးတဲ့သူက ေပးတာျဖစ္နိုင္သလို ကိုယ္တိုင္ ေတြးေတာၿပီး သင့္တင့္တယ္ထင္လို႔ ယူလိုက္တာလည္းျဖစ္နိုင္တာပါပဲ။ သူမ်ားခိုင္းမွ၊ သူမ်ားေပးမွ တာဝန္ယူတတ္တာထက္ ဘယ္သူတာဝန္ေပးသည္ျဖစ္ေစ၊ မေပးသည္ျဖစ္ေစ၊ ရခဲ့တဲ့ အခြင့္အေရးထဲကေန ဘာေတြ (ကိုယ့္ဘဝအတြက္ျဖစ္ျဖစ္၊ အျခားသူအတြက္ျဖစ္ျဖစ္၊ ရပ္ရြာအတြက္ျဖစ္ျဖစ္) ပိုေကာင္းသြားေအာင္ ဘာတာဝန္ေတြယူမလဲဆိုတာကို ေတြးနိုင္မွ ေခါင္းေဆာင္စိတ္ရွိသူ၊ တာဝန္သိ/ရွိသူလို႔ ကၽြန္မျမင္ပါတယ္။
အခြင့္အေရးဆိုတာ ကိုယ္ပဲလိုခ်င္ၿပီး ကိုယ္ဖို႔ၾကည့္ပဲ ၾကည့္လို႔မရျပန္ပါဘူး။ ကိုယ္တိုင္အခြင့္အေရးရရင္ အဲဒီ့လိုအခြင့္အေရးမ်ိဳး သူမ်ားေတြလည္းရေအာင္၊ ကိုယ္တိုင္ကလည္း အခြင့္အေရးေတြ ဖန္တီးနိုင္တဲ့သူျဖစ္ေအာင္ ႀကိဳးစားပါမွ အသိုင္းအဝန္းတစ္ခုလုံး ဖြံ့ၿဖိဳးလာမွာပါ။ ဒါကလည္း အခြင့္အေရးေနာက္က ကပ္ပါလာတဲ့ တာဝန္တစ္ခုပါပဲ။
ကၽြန္မ ဒီေန႔အထိ ရပ္တည္ခ်က္ကေတာ့ ကၽြန္မ တစ္ခုသင္ယူဖို႔ အခြင့္အေရးရွိခဲ့ရင္ အဲဒီ့သင္ယူမႈကို ျပန္လည္ အသုံးခ်ဖို႔ တာဝန္ယူဖို႔လိုတယ္။ကိုယ္ရခဲ့သလို အခြင့္အလမ္းေတြ ဖန္တီးေပးနိုင္သူျဖစ္ဖို႔လိုတယ္။ ရတဲ့အခြင့္အေရးေတြကေန သင္ယူတယ္၊ ျပန္လည္အသုံးခ်တယ္၊ အျခားသူေတြကို အခြင့္အလမ္းဖန္တီးေပးတယ္၊ အဲဒီ့အတြက္ ကၽြန္မ ပိုလို႔ သင္ယူခြင့္ရတယ္၊ ပိုလို႔ျမင့္မားတဲ့ အခြင့္အလမ္းေတြရတယ္၊ ကၽြန္မလည္း ပိုေပ်ာ္ရတယ္။
ေမာင္ေတြ ညီမေတြကို ကၽြန္မ မွာခ်င္တာက
- အခြင့္အေရးသီးသန႔္ကိုပဲ မစဥ္းစားပါနဲ႔။ ကိုယ္ယူမယ့္တာဝန္နဲ႔ လိုအပ္တဲ့အခြင့္အေရးကိုစဥ္းစားပါ။
-ရသမၽွအခြင့္အေရး တစ္ေယာက္တည္းပဲ သိမ္းၾကဳံးမယူပါနဲ႔။ ယူသင့္တဲ့၊ ယူဖို႔လိုအပ္တဲ့ အခြင့္အေရးေတြကိုပဲယူဖို႔ႀကိဳးစားပါ။ -အခြင့္အေရးရၿပီးရင္လည္း တြဲပါလာတဲ့ တာဝန္ကို ႀကိဳးစားယူပါ။
အခြင့္အေရးေရာ တာဝန္ပါ ယူတတ္သူမ်ား ျဖစ္ၾကပါေစ။ အျခားသူေတြအတြက္ အခြင့္အလမ္း၊ အခြင့္အေရးေတြ ဖန္တီးေပးနိုင္သူေတြျဖစ္ၾကပါေစ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ
Photo Credit to – https://unsplash.com/s/photos/opportunity