[ Unicode ]

ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေဟာ ကလေးတွေအပေါ် အကောင်းဆုံးတွေ ပေးချင်ကြသလို၊ ကိုယ့်ဆီရောက်လာမယ့် ကလေးတွေကို အကောင်းဆုံးတွေ ဖြစ်စေဖို့ မျှော်လင့်ကြတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာနိုင်တဲ့အခါ၊ မျှော်လင့်ထားတဲ့အတိုင်း မပေးနိုင်ဘူးလို့ ထင်မြင်ကြတဲ့အခါ စိတ်ပင်ပန်းကြ၊ စိတ်ဒေါသတွေထွက်ကြရတာပါပဲ။ ကျွန်မ အမြင်ကတော့ အကောင်းဆုံးအတွက် မျှော်လင့်တာ မမှားပေမယ့်၊ ဖြစ်မလာနိုင်မယ့် အကောင်းဆုံးတွေအတွက် စိတ်ရော ကိုယ်ပါ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကျွန်မတို့တွေက ကလေးလေးကို ဘယ်လိုပုံစံလေးဖြစ်ချင်တယ်၊ ကလေးကို ဘယ်လို ပြုစုပျိုးထောင်မယ် စတဲ့ အစီအစဉ်လေးတွေရှိကြတယ်။ ကလေးရဲ့ ရုပ်ရည်၊ ကျန်းမာရေး၊ ဉာဏ်ပညာ၊ ကိုယ်ခန္ဓာပြည့်စုံမှု စတာတွေကိုလည်း အကောင်းဆုံးဖြစ်ချင်ကြတယ်။ ကလေးလေးမွေးပြီးတဲ့အခါ ဖွံ့ဖြိုးမှု ပုံမှန်ဖြစ်စေချင်တယ်၊ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်စေချင်ကြတယ်။ ကျောင်းတက်တဲ့အရွယ် ရောက်တဲ့အခါ စာတော်စေချင်တယ်၊ ထူးချွန်စေချင်တယ်၊ ထူးခြားစေချင်ကြတယ်။ အရွယ်ရောက်လာတဲ့အခါ လူ့အသိုင်းအဝန်းအတွက် ကောင်းတဲ့သူ၊ ငွေကြေးပြည့်စုံသူ၊ ပညာတတ်သူ၊ အများလေးစားသူ၊ ပျော်ရွင်သူ ဖြစ်စေချင်ကြတယ်။ ကျွန်မတို့ရဲ့ ကလေးတွေအတွက် ကောင်းသော မျှော်လင့်ချက်တွေက အချိန်နဲ့ အမျှ ရှိနေကြတာပါပဲ။

တစ်လောက ကျွန်မတို့ အဖွဲ့က ဆရာရဲ့ လသားလေး ဆုံးပါးသွားတယ်။ ကိုဗစ်ကြောင့် ကျွန်မတို့တောင် မတွေ့လိုက်ရဘူး။ ကျွန်မတို့ တော်တော် စိတ်မကောင်းဖြစ်ရသလို၊ သံဝေဂရမိတယ်။ ကျွန်မတို့တွေ ဘယ်လို မျှော်လင့် မျှော်လင့်၊ ဘယ်လို ကြိုးစား ကြိုးစား၊ မမြင်နိုင်တဲ့ အပျက်တရားတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် စိတ်ကိုတော့ အမြဲ ပြင်ဆင်ထားသင့်တယ်ထင်တယ်။

ကျွန်မ အခု ကိုယ်ဝန်နဲ့ပါ။ ဒီဇင်ဘာ လလယ်လောက် မွေးမယ်လို့ မှန်းရတာပဲ။ အခုကတည်းက စိတ်ကိုပြင်ဆင်ထားမိတယ်။ အကောင်းဆုံးတွေဖြစ်လာဖို့တော့ မျှော်လင့်မိတာပေါ့။ ဒါပေမယ့် အကောင်းဆုံးအပြင် အခြားဖြစ်ပျက်မှုတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာကို နှလုံးသွင်းထားရတယ်။ အဲဒီ့ မမျှော်လင့်ချင်တာတွေဖြစ်လာခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ကိုယ့်ဘေး ပတ်ဝန်းကျင်ကလူတွေကို အပွင့်လင်းဆုံး တိုင်ပင်ရသလို ရင်ဖွင့်ရတာပါပဲ။ မတွေးကောင်းတာတွေ မတွေးနဲ့လို့ ပြောပေမယ့် ကျွန်မကတော့ အဖြစ်တရားကို မျှော်လင့်ရင် အပျက်တရားအတွက်လည်း ပြင်ဆင်ထားရမယ်ဆိုတာ ယုံကြည်လို့ မတွေးကောင်းဘူးလို့ မထင်မိပါဘူး။
ဒီလိုပါပဲ … ကလေးတွေ ကျောင်းကို ပို့တဲ့အခါ အတော်ဆုံး၊ အကောင်းဆုံးဖြစ်စေချင်ပေမယ့် မဖြစ်လာရင် ဖြစ်လာတဲ့ အတိုင်းအတာအတွင်းမှာ အကောင်းဆုံး ဆက်လက်ပံ့ပိုးပေးဖို့လိုပါတယ်။ အကောင်းဆုံး မဖြစ်လို့ ဆူပူကြိမ်းမောင်းပြီး စိတ်ပင်ပန်းစေလို့ ဘာအကျိုးထူးမလဲ။ ဆယ်တန်း မှာ အကောင်းဆုံးလို့သတ်မှတ်တဲ့ ဆရာဝန်ဖြစ်ဖို့၊ ဂုဏ်ထူးတွေများစွာနဲ့အောင်ဖို့ – အကောင်းဆုံးအတွက် မျှော်လင့်လို့ ကလေးရဲ့ အသံ၊ ခံစားချက်တွေကို နားမထောင်၊ တဇွတ်ထိုး တွန်းအားပေးမိလို့ ကိုယ့်ကိုကိုယ် သတ်သေကြတဲ့ကလေးတွေနဲ့ အရွဲ့တိုက် လမ်းမှား ရောက်တဲ့သူတွေလည်း မြင်ဖူးတယ်။ မိဘတွေ တိုက်တွန်းတဲ့အတိုင်း၊ မျှော်လင့်တဲ့အတိုင်း လုပ်ပေးနိုင်တဲ့ ကလေးတွေလည်း မြင်ဖူးပါတယ်။ သူများကလေး လုပ်နိုင်လို့ ကိုယ့်ကလေးကို နှိုင်းယှဉ်တိုက်တွန်းတာမျိုးတော့ ကျွန်မအားမပေးပါဘူး။

ကလေးတွေနဲ့ ပတ်သတ်လာရင် ကျွန်မကတော့ အကောင်းဆုံးကို မျှော်လင့်ထားသလို ဖြစ်မလာနိုင်မယ့် အပျက်သဘောလည်း ရှိနိုင်တယ်ဆိုတာကို လက်ခံထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဆရာ၊မတွေ မိဘတွေက ကလေးတွေရဲ့ လက်ရှိအခြေအနေအတိုင်း ကလေးနဲ့ အကိုက်ညီဆုံးပုံစံနဲ့ ပံ့ပိုးကြဖို့ မျှော်လင့်မိပါတယ်။
အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်ချိန်ခါ ဖြစ်ပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

[ Zawgyi ]

ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြဟာ ကေလးေတြအေပၚ အေကာင္းဆုံးေတြ ေပးခ်င္ၾကသလို၊ ကိုယ့္ဆီေရာက္လာမယ့္ ကေလးေတြကို အေကာင္းဆုံးေတြ ျဖစ္ေစဖို႔ ေမၽွာ္လင့္ၾကတယ္။ ေမၽွာ္လင့္တဲ့အတိုင္း ျဖစ္မလာနိုင္တဲ့အခါ၊ ေမၽွာ္လင့္ထားတဲ့အတိုင္း မေပးနိုင္ဘူးလို႔ ထင္ျမင္ၾကတဲ့အခါ စိတ္ပင္ပန္းၾက၊ စိတ္ေဒါသေတြထြက္ၾကရတာပါပဲ။ ကၽြန္မ အျမင္ကေတာ့ အေကာင္းဆုံးအတြက္ ေမၽွာ္လင့္တာ မမွားေပမယ့္၊ ျဖစ္မလာနိုင္မယ့္ အေကာင္းဆုံးေတြအတြက္ စိတ္ေရာ ကိုယ္ပါ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက ကၽြန္မတို႔ေတြက ကေလးေလးကို ဘယ္လိုပုံစံေလးျဖစ္ခ်င္တယ္၊ ကေလးကို ဘယ္လို ျပဳစုပ်ိဳးေထာင္မယ္ စတဲ့ အစီအစဥ္ေလးေတြရွိၾကတယ္။ ကေလးရဲ့ ႐ုပ္ရည္၊ က်န္းမာေရး၊ ဉာဏ္ပညာ၊ ကိုယ္ခႏၶာျပည့္စုံမႈ စတာေတြကိုလည္း အေကာင္းဆုံးျဖစ္ခ်င္ၾကတယ္။ ကေလးေလးေမြးၿပီးတဲ့အခါ ဖြံ့ၿဖိဳးမႈ ပုံမွန္ျဖစ္ေစခ်င္တယ္၊ က်န္းမာ ေပ်ာ္ရႊင္စြာ ေနထိုင္ေစခ်င္ၾကတယ္။ ေက်ာင္းတက္တဲ့အရြယ္ ေရာက္တဲ့အခါ စာေတာ္ေစခ်င္တယ္၊ ထူးခၽြန္ေစခ်င္တယ္၊ ထူးျခားေစခ်င္ၾကတယ္။ အရြယ္ေရာက္လာတဲ့အခါ လူ႔အသိုင္းအဝန္းအတြက္ ေကာင္းတဲ့သူ၊ ေငြေၾကးျပည့္စုံသူ၊ ပညာတတ္သူ၊ အမ်ားေလးစားသူ၊ ေပ်ာ္ရြင္သူ ျဖစ္ေစခ်င္ၾကတယ္။ ကၽြန္မတို႔ရဲ့ ကေလးေတြအတြက္ ေကာင္းေသာ ေမၽွာ္လင့္ခ်က္ေတြက အခ်ိန္နဲ႔ အမၽွ ရွိေနၾကတာပါပဲ။

တစ္ေလာက ကၽြန္မတို႔ အဖြဲ႕က ဆရာရဲ့ လသားေလး ဆုံးပါးသြားတယ္။ ကိုဗစ္ေၾကာင့္ ကၽြန္မတို႔ေတာင္ မေတြ႕လိုက္ရဘူး။ ကၽြန္မတို႔ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ရသလို၊ သံေဝဂရမိတယ္။ ကၽြန္မတို႔ေတြ ဘယ္လို ေမၽွာ္လင့္ ေမၽွာ္လင့္၊ ဘယ္လို ႀကိဳးစား ႀကိဳးစား၊ မျမင္နိုင္တဲ့ အပ်က္တရားေတြ ျဖစ္လာနိုင္တယ္။ ဒါေၾကာင့္ စိတ္ကိုေတာ့ အျမဲ ျပင္ဆင္ထားသင့္တယ္ထင္တယ္။

ကၽြန္မ အခု ကိုယ္ဝန္နဲ႔ပါ။ ဒီဇင္ဘာ လလယ္ေလာက္ ေမြးမယ္လို႔ မွန္းရတာပဲ။ အခုကတည္းက စိတ္ကိုျပင္ဆင္ထားမိတယ္။ အေကာင္းဆုံးေတြျဖစ္လာဖို႔ေတာ့ ေမၽွာ္လင့္မိတာေပါ့။ ဒါေပမယ့္ အေကာင္းဆုံးအျပင္ အျခားျဖစ္ပ်က္မႈေတြလည္း ျဖစ္လာနိုင္တယ္ဆိုတာကို ႏွလုံးသြင္းထားရတယ္။ အဲဒီ့ မေမၽွာ္လင့္ခ်င္တာေတြျဖစ္လာခဲ့မယ္ဆိုရင္ ဆိုတဲ့အေတြးနဲ႔ ကိုယ့္ေဘး ပတ္ဝန္းက်င္ကလူေတြကို အပြင့္လင္းဆုံး တိုင္ပင္ရသလို ရင္ဖြင့္ရတာပါပဲ။ မေတြးေကာင္းတာေတြ မေတြးနဲ႔လို႔ ေျပာေပမယ့္ ကၽြန္မကေတာ့ အျဖစ္တရားကို ေမၽွာ္လင့္ရင္ အပ်က္တရားအတြက္လည္း ျပင္ဆင္ထားရမယ္ဆိုတာ ယုံၾကည္လို႔ မေတြးေကာင္းဘူးလို႔ မထင္မိပါဘူး။
ဒီလိုပါပဲ … ကေလးေတြ ေက်ာင္းကို ပို႔တဲ့အခါ အေတာ္ဆုံး၊ အေကာင္းဆုံးျဖစ္ေစခ်င္ေပမယ့္ မျဖစ္လာရင္ ျဖစ္လာတဲ့ အတိုင္းအတာအတြင္းမွာ အေကာင္းဆုံး ဆက္လက္ပံ့ပိုးေပးဖို႔လိုပါတယ္။ အေကာင္းဆုံး မျဖစ္လို႔ ဆူပူႀကိမ္းေမာင္းၿပီး စိတ္ပင္ပန္းေစလို႔ ဘာအက်ိဳးထူးမလဲ။ ဆယ္တန္း မွာ အေကာင္းဆုံးလို႔သတ္မွတ္တဲ့ ဆရာဝန္ျဖစ္ဖို႔၊ ဂုဏ္ထူးေတြမ်ားစြာနဲ႔ေအာင္ဖို႔ – အေကာင္းဆုံးအတြက္ ေမၽွာ္လင့္လို႔ ကေလးရဲ့ အသံ၊ ခံစားခ်က္ေတြကို နားမေထာင္၊ တဇြတ္ထိုး တြန္းအားေပးမိလို႔ ကိုယ့္ကိုကိုယ္ သတ္ေသၾကတဲ့ကေလးေတြနဲ႔ အရြဲ႕တိုက္ လမ္းမွား ေရာက္တဲ့သူေတြလည္း ျမင္ဖူးတယ္။ မိဘေတြ တိုက္တြန္းတဲ့အတိုင္း၊ ေမၽွာ္လင့္တဲ့အတိုင္း လုပ္ေပးနိုင္တဲ့ ကေလးေတြလည္း ျမင္ဖူးပါတယ္။ သူမ်ားကေလး လုပ္နိုင္လို႔ ကိုယ့္ကေလးကို ႏွိုင္းယွဥ္တိုက္တြန္းတာမ်ိဳးေတာ့ ကၽြန္မအားမေပးပါဘူး။

ကေလးေတြနဲ႔ ပတ္သတ္လာရင္ ကၽြန္မကေတာ့ အေကာင္းဆုံးကို ေမၽွာ္လင့္ထားသလို ျဖစ္မလာနိုင္မယ့္ အပ်က္သေဘာလည္း ရွိနိုင္တယ္ဆိုတာကို လက္ခံထားပါတယ္။ ဘာပဲျဖစ္ျဖစ္ ကၽြန္မတို႔ ဆရာ၊မေတြ မိဘေတြက ကေလးေတြရဲ့ လက္ရွိအေျခအေနအတိုင္း ကေလးနဲ႔ အကိုက္ညီဆုံးပုံစံနဲ႔ ပံ့ပိုးၾကဖို႔ ေမၽွာ္လင့္မိပါတယ္။
အားလုံးပဲ ေပ်ာ္ရႊင္စရာ သီတင္းကၽြတ္ခ်ိန္ခါ ျဖစ္ပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ