[ Unicode ]

ကျွန်မ သွားရောက်လေ့လာခဲ့တာက သြစတျီးယားနိုင်ငံ ဗီယာနာ မြို့ကနေ ရထားနဲ့ သွားရင် ၂ နာရီလောက်ဝေးတဲ့ Mistelbachဆိုတဲ့ နယ်မြို့လေးနားက ရွာကျောင်းတစ်ကျောင်းပါ။ ကျောင်းသား (၈၀)၊ ဆရာမ (၅)ယောက်၊ မူလတန်းဆိုတော့ ၁ တန်းကနေ ၅ တန်းအထိပဲရှိပါတယ်။ အချိန်ပိုင်း ဘာသာရေး၊ လက်မှုနဲ့ အင်္ဂလိပ်စာ လာသင်တဲ့ဆရာ၊မ (၃)ယောက်ရှိတယ်လို့ပြောပါတယ်။ တစ်တန်းကို ဆရာမ တစ်ယောက်သင်ကြတယ်။ ကိုယ်တစ်တန်းတုန်းက သင်ခဲ့တဲ့ ကလေးကို ၅ တန်းအထိ သင်ကြတယ်။ ကလေးတွေရော ဆရာမတွေရော ဂျာမန်လို ပြောကြတယ်။ မနက် ၇ နာရီခွဲကနေ နေ့လည်း ၁၂ ခွဲအထိ ကျောင်းတက်ရတယ်။ စာသင်ချိန် တစ်ရက်ကို (၅)ချိန်။ စာသင်နှစ်တစ်ခုလုံးအတွက် အခမဲ့ပါ။ ဒါပေမယ့် အပိုချိန်တွေအတွက် အခကြေးပေးရပါတယ်။ အပိုချိန်ဆိုတာ အင်္ဂလိပ်စာ၊ လက်မှု၊ အနုပညာ၊ စတဲ့ဘာသာရပ်တွေကို ကျောင်းချိန်ပြင်ပ (နေ့လည်ပိုင်း)တွေမှာ အပိုသင်ယူခြင်းကို ဆိုလိုပါတယ်။

နွေကျောင်းပိတ်ရက်

ကျောင်းက စက်တင်ဘာကနေ ဇွန်လအထိ ရက်ရတာမို့ ဇူလိုင်နဲ့ သြဂုတ်လတွေက နွေကျောင်းပိတ်ရက်တွေဖြစ်ကြပါတယ်။ ကျောင်းပိတ်ရက် ၂ လအတွင်းမှာ ကျောင်းတက်ခါနီးတစ်ပတ်ကိုတော့ လာမယ့်စာသင်နှစ်အတွက် အဆင်သင့်ဖြစ်အောင် သင်ခန်းစာတွေပြင်တာ၊ လိုတဲ့ စာရွက်စာတမ်းတွေပြင်ဆင်တာတွေလုပ်ကြပေမယ့် ကျန်တဲ့ ၇ ပတ်ကတော့ လုံးဝနားချိန်ဖြစ်ပါတယ်။ ၂ လအတွင်း ကလေးတွေမထိန်းနိုင်တဲ့ မိဘတွေကတော့ ကျောင်းက စီစဉ်ထားပေးတဲ့ နွေရာသီအထူး (၃)ပတ်သင်တန်း (၂)ခုဖွင့်ပေးပါတယ်။ ဒါပေမယ့် လာသင်သူတွေကတော့ ကျောင်းက ဆရာ၊မတွေမဟုတ်ကြဘူးလို့ဆိုပါတယ်။ စာသင်နှစ်အတွင်း စာသင်ချိန်တွေအတွက် အခမဲ့ဖြစ်ပေမယ့်အခုလို အပိုချိန်တက်တာတွေအတွက်ကတော့ ပိုက်ဆံပေးကြရပါတယ်။ ကျောင်းမှာသင်တဲ့ အပိုချိန်တွေဟာ တရားဝင်ဖြစ်တဲ့အတွက် စာရင်းနဲ့သေချာမှတ်တမ်းယူရပါတယ်။

ဆရာ၊မပညာရေး

စာသင်တဲ့ အတွေ့အကြုံ ဘယ်နှစ်နှစ်ရှိရှိ၊ စာသင်နှစ်တိုင်းမှာ အနည်းဆုံး ၁၈ နာရီစာ သင်တန်းတစ်ခု၊လေ့လာမှုတစ်ခုလုပ်ရပါတယ်။ ဒါဟာ မလုပ်မနေရဖြစ်ပါတယ်။ သင်ယူလေ့လာမှုကို မပျက်ကွက်ရအောင် ပညာရေးဌာနက တစ်နှစ်တာအတွင်း နိုင်ငံအဝှမ်းမှာ ဖွင့်လှစ်မယ့် သင်တန်းခေါင်းစဉ်တွေနဲ့ သင်တန်းဆိုင်ရာ အချက်အလက်အပြည့်အစုံကို ကြိုတင်ကြေငြာထားပါတယ်။ ကြေငြာချက်ကိုကြည့်ပြီး တစ်နှစ်တာအတွက် သင်ယူဖို့ ဘယ်သင်တန်းကိုတော့ စိတ်ဝင်စားတယ်ဆိုတာ ရွေးချယ်ပြီး တက်ရပါတယ်။ သင်ကြားရေးကို စလုပ်ခါစ ကျောင်းဆင်းပြီးသား ဆရာ၊မတွေကတော့ ပထမ သင်ကြားတဲ့ (၅)နှစ်အတွင်းမှာ မဟာဘွဲ့အတွက် သုတေသနစာတမ်းတင်ရပါတယ်။ စာသင်နေစဉ်အတွင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ သင်ကြားရေးဆိုင်ရာ ခေါင်းစဉ်တစ်ခုကို လေ့လာပြီး လက်တွေ့လုပ်ငန်းတွေကနေ အချက်အလက်ကောက်ယူရပါတယ်။ အဲဒီ့အပေါ်မူတည်ပြီး စာတမ်းရေးရပါတယ်။ မဟာဘွဲ့ရသော ဆရာ၊မများကတော့ အလယ်တန်း၊အထက်တန်းကို သင်ကြားခွင့်ရကြပါတယ်။

တာဝန်ချထားမှု

သြစတျီးယားမှာ ပြည်နယ်ဒေသခွဲပေါင်း (၉)ခု ရှိပါတယ်။ ဒေသတစ်ခုချင်းစီမှာ ပညာရေးဌာနတွေက ကိုယ်ပိုင်စည်းမျဉ်းတွေ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ဒေသတစ်ခုနဲ့တစ်ခု အသေးစိတ်မတူညီကြပါဘူး။ ဆရာ၊မဖြစ်ဖို့ ကိုယ့်ဒေသက ပညာရေးတက္ကသိုလ်မှာကျောင်းတက်ရပါတယ်။ ပြီးတဲ့အခါ ဆရာ၊မအလုပ်လုပ်ဖို့ ဒေသ ပညာရေးဌာနမှာ လျှောက်ထားရပါတယ်။ ဌာနက ဆရာ၊မလိုနေတဲ့ကျောင်းတွေကို မျှဝေပြီး ချပေးပါတယ်။ ကိုယ်နေတဲ့ကျောင်းမှာ အဆင်မပြေတာဖြစ်ဖြစ်၊ ကျောင်းက ဝန်ထမ်းချင်းချင်းအဆင်မပြေလို့ဖြစ်ဖြစ် ကျောင်းပြောင်းချင်တယ်ဆိုရင်လည်း အဲဒီ့ဌာနမှ ပြောင်းရွှေ့တင်ထားနိုင်ပါတယ်။ အခြားကျောင်းတွေက နေရာလွတ်ရှိတဲ့အခါ ပြောင်းနိုင်ကြပါတယ်။

သင်ကြားရေး

ကျောင်းမှာ လူမှုရေး၊ သိပ္ပံ၊ ကိုယ်ကျင့်တရား ဘာသာရပ်တွေအားလုံး ပေါင်းပြီးတစ်ဘာသာအနေနဲ့ တစ်ပတ်ကို စာသင်ချိန် (၃)ကြိမ်လောက်ပဲသင်ပါတယ်။ ကျန်တဲ့အချိန်တွေမှာ ဂျာမန်၊ အင်္ဂလိပ်၊ သင်္ချာ၊ အားကစား၊ ရေကူး၊ ဂီတ၊ သီချင်းဆို၊ လက်မှုလုပ်ငန်း၊ ပန်းချီ၊ ဘာသာရေး စတာတွေကို သင်ယူရပါတယ်။ အင်္ဂလိပ်စာ၊ လက်မှုနဲ့ ဘာသာရေးကိုပဲ အချိန်ပိုင်းဆရာမတွေနဲ့သင်ပြီး ကျန်တဲ့ဘာသာရပ်တွေအကုန်လုံးကို အတန်းပိုင်ကပဲ တာဝန်ယူပြီး သင်ပေးကြပါတယ်။ ဆရာမတွေကြည့်ရတာ တက်ကြွပြီး ပျော်ရွှင်နေတာပဲ။ သူတို့ သင်ကြားဖို့ ဘယ်လို ဖတ်စာသုံးလဲ မေးကြည့်တော့ – အစိုးရက Curriculum Framework ဆိုတဲ့ ဘယ်အရွယ်မှာ ဘယ်လောက်ထိသိထား၊တတ်ထားရမယ်ဆိုတဲ့ သင်ရိုး အညွှန်းဘောင်တော့ရှိတယ်။ အဲဒီ့အပေါ်မှာမူတည်ပြီး ကိုယ့်အတန်းက ကလေးတွေအတွက် ဘယ်လိုဖတ်စာစာအုပ်တွေသုံးမယ်၊ ဘယ်လို သင်ခန်းစာတွေကို သင်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ စာသင်ခန်းထဲမှာ လေ့လာကြည့်သလောက်တော့ Worksheets (အသင့်လုပ်ထားတဲ့လုပ်ငန်းပေးစာရွက်တွေ)အသုံးများပုံပါပဲ။ လက်တွေ့လုပ်ငန်းတွေလည်း သေချာလုပ်ပုံတော့ တွေ့ရတယ်။

မှတ်တမ်းများ

ကျောင်းခေါ်ချိန်ဇယား၊ ကျောင်းသားမှတ်တမ်း၊ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုမှတ်တမ်း၊ လစဉ် စစ်ဆေးအကဲဖြတ်မှုမှတ်တမ်း စတဲ့ အရေးကြီးတဲ့မှတ်တမ်းတွေကို စာအုပ်အဖုံးအထူသားနဲ့ချုပ်ထားတဲ့ စာအုပ်ထူထူတစ်အုပ်အတွင်းမှာ တစ်ပြိုင်ထဲတွေ့ရပါတယ်။ သုံးထားတဲ့ စာရွက်သားတွေကကောင်းတာမို့ တော်တော်နဲ့ မပျက်စီးနိုင်ပါဘူး။ ကျွန်မသဘောကျတဲ့ ဆရာမတွေရဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုမှတ်တမ်းမှာ – တစ်ပတ်အတွင်း ကိုယ်သင်ခဲ့တဲ့ သင်ခန်းစာခေါင်းစဉ်တွေကိုမှတ်တမ်းတင်ရပါတယ်။ ပြီးရင် ထူးခြားဖြစ်စဉ်တွေနဲ့ သင်ခန်းစာဆိုင်ရာ အခြား မျှဝေစရာတွေကို မှတ်သားထားကြပါတယ်။ အဲဒီ့ အပတ်စဉ်ဖြည့်တဲ့ဇယားတွေကို တစ်လတစ်ခါလောက် ကျောင်းအုပ်က စစ်ကြည့်ပါတယ်။ သုံးသပ်ချက်ပေးတာတွေလုပ်တယ်လို့ပြောပါတယ်။ မှတ်တမ်းမှတ်ရတာတွေကတော့ သိပ်ပြီး ရှုပ်ထွေးပုံမတွေ့ရပါဘူး။

ဒီကျောင်းလေးကို လေ့လာရတာ ကျွန်မကတော့ သိပ်စိတ်ချမ်းသာတာပဲ။ ကလေးတွေရော၊ ဆရာ၊မတွေရော ပြုံးပျော်နေကြတာပဲ။ ကလေးတွေ ပျော်ပါးနေတာကိုကြည့်ပြီး ချစ်လိုက်တာဆိုတဲ့ ဆရာ၊မတွေကလည်း သိပ်ချစ်စရာကောင်းတယ်။ ပညာရေးဌာနကလည်းပံ့းပိုးမှုရှိတယ်၊ ဆရာ၊မတွေကိုယ်တိုင်ကလည်း ကြိုးစားကြတယ်၊ မိဘတွေကလည်း ပူးပေါင်းကြတယ်။ အဲဒီ့တော့ သူတို့တွေပျော်ကြတာပေါ့။ ကျွန်မတို့နိုင်ငံက ကလေးတွေနဲ့ ဆရာ၊မတွေကိုလည်း ပျော်ရွှင်စေချင်တာပါပဲ။ အားလုံးပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်….
Sayarma-ဆရာမ

[ Zawgyi ]

ကၽြန္မ သြားေရာက္ေလ့လာခဲ့တာက ၾသစတ်ီးယားနိုင္ငံ ဗီယာနာ ၿမိဳ႕ကေန ရထားနဲ႔ သြားရင္ ၂ နာရီေလာက္ေဝးတဲ့ Mistelbachဆိုတဲ့ နယ္ၿမိဳ႕ေလးနားက ရြာေက်ာင္းတစ္ေက်ာင္းပါ။ ေက်ာင္းသား (၈၀)၊ ဆရာမ (၅)ေယာက္၊ မူလတန္းဆိုေတာ့ ၁ တန္းကေန ၅ တန္းအထိပဲရွိပါတယ္။ အခ်ိန္ပိုင္း ဘာသာေရး၊ လက္မႈနဲ႔ အဂၤလိပ္စာ လာသင္တဲ့ဆရာ၊မ (၃)ေယာက္ရွိတယ္လို႔ေျပာပါတယ္။ တစ္တန္းကို ဆရာမ တစ္ေယာက္သင္ၾကတယ္။ ကိုယ္တစ္တန္းတုန္းက သင္ခဲ့တဲ့ ကေလးကို ၅ တန္းအထိ သင္ၾကတယ္။ ကေလးေတြေရာ ဆရာမေတြေရာ ဂ်ာမန္လို ေျပာၾကတယ္။ မနက္ ၇ နာရီခြဲကေန ေန႔လည္း ၁၂ ခြဲအထိ ေက်ာင္းတက္ရတယ္။ စာသင္ခ်ိန္ တစ္ရက္ကို (၅)ခ်ိန္။ စာသင္ႏွစ္တစ္ခုလုံးအတြက္ အခမဲ့ပါ။ ဒါေပမယ့္ အပိုခ်ိန္ေတြအတြက္ အခေၾကးေပးရပါတယ္။ အပိုခ်ိန္ဆိုတာ အဂၤလိပ္စာ၊ လက္မႈ၊ အႏုပညာ၊ စတဲ့ဘာသာရပ္ေတြကို ေက်ာင္းခ်ိန္ျပင္ပ (ေန႔လည္ပိုင္း)ေတြမွာ အပိုသင္ယူျခင္းကို ဆိုလိုပါတယ္။

ေႏြေက်ာင္းပိတ္ရက္

ေက်ာင္းက စက္တင္ဘာကေန ဇြန္လအထိ ရက္ရတာမို႔ ဇူလိုင္နဲ႔ ၾသဂုတ္လေတြက ေႏြေက်ာင္းပိတ္ရက္ေတြျဖစ္ၾကပါတယ္။ ေက်ာင္းပိတ္ရက္ ၂ လအတြင္းမွာ ေက်ာင္းတက္ခါနီးတစ္ပတ္ကိုေတာ့ လာမယ့္စာသင္ႏွစ္အတြက္ အဆင္သင့္ျဖစ္ေအာင္ သင္ခန္းစာေတြျပင္တာ၊ လိုတဲ့ စာရြက္စာတမ္းေတြျပင္ဆင္တာေတြလုပ္ၾကေပမယ့္ က်န္တဲ့ ၇ ပတ္ကေတာ့ လုံးဝနားခ်ိန္ျဖစ္ပါတယ္။ ၂ လအတြင္း ကေလးေတြမထိန္းနိုင္တဲ့ မိဘေတြကေတာ့ ေက်ာင္းက စီစဥ္ထားေပးတဲ့ ေႏြရာသီအထူး (၃)ပတ္သင္တန္း (၂)ခုဖြင့္ေပးပါတယ္။ ဒါေပမယ့္ လာသင္သူေတြကေတာ့ ေက်ာင္းက ဆရာ၊မေတြမဟုတ္ၾကဘူးလို႔ဆိုပါတယ္။ စာသင္ႏွစ္အတြင္း စာသင္ခ်ိန္ေတြအတြက္ အခမဲ့ျဖစ္ေပမယ့္အခုလို အပိုခ်ိန္တက္တာေတြအတြက္ကေတာ့ ပိုက္ဆံေပးၾကရပါတယ္။ ေက်ာင္းမွာသင္တဲ့ အပိုခ်ိန္ေတြဟာ တရားဝင္ျဖစ္တဲ့အတြက္ စာရင္းနဲ႔ေသခ်ာမွတ္တမ္းယူရပါတယ္။

ဆရာ၊မပညာေရး

စာသင္တဲ့ အေတြ႕အၾကဳံ ဘယ္ႏွစ္ႏွစ္ရွိရွိ၊ စာသင္ႏွစ္တိုင္းမွာ အနည္းဆုံး ၁၈ နာရီစာ သင္တန္းတစ္ခု၊ေလ့လာမႈတစ္ခုလုပ္ရပါတယ္။ ဒါဟာ မလုပ္မေနရျဖစ္ပါတယ္။ သင္ယူေလ့လာမႈကို မပ်က္ကြက္ရေအာင္ ပညာေရးဌာနက တစ္ႏွစ္တာအတြင္း နိုင္ငံအဝွမ္းမွာ ဖြင့္လွစ္မယ့္ သင္တန္းေခါင္းစဥ္ေတြနဲ႔ သင္တန္းဆိုင္ရာ အခ်က္အလက္အျပည့္အစုံကို ႀကိဳတင္ေၾကျငာထားပါတယ္။ ေၾကျငာခ်က္ကိုၾကည့္ၿပီး တစ္ႏွစ္တာအတြက္ သင္ယူဖို႔ ဘယ္သင္တန္းကိုေတာ့ စိတ္ဝင္စားတယ္ဆိုတာ ေရြးခ်ယ္ၿပီး တက္ရပါတယ္။ သင္ၾကားေရးကို စလုပ္ခါစ ေက်ာင္းဆင္းၿပီးသား ဆရာ၊မေတြကေတာ့ ပထမ သင္ၾကားတဲ့ (၅)ႏွစ္အတြင္းမွာ မဟာဘြဲ႕အတြက္ သုေတသနစာတမ္းတင္ရပါတယ္။ စာသင္ေနစဥ္အတြင္းမွာ ကိုယ္စိတ္ဝင္စားတဲ့ သင္ၾကားေရးဆိုင္ရာ ေခါင္းစဥ္တစ္ခုကို ေလ့လာၿပီး လက္ေတြ႕လုပ္ငန္းေတြကေန အခ်က္အလက္ေကာက္ယူရပါတယ္။ အဲဒီ့အေပၚမူတည္ၿပီး စာတမ္းေရးရပါတယ္။ မဟာဘြဲ႕ရေသာ ဆရာ၊မမ်ားကေတာ့ အလယ္တန္း၊အထက္တန္းကို သင္ၾကားခြင့္ရၾကပါတယ္။

တာဝန္ခ်ထားမႈ

ၾသစတ်ီးယားမွာ ျပည္နယ္ေဒသခြဲေပါင္း (၉)ခု ရွိပါတယ္။ ေဒသတစ္ခုခ်င္းစီမွာ ပညာေရးဌာနေတြက ကိုယ္ပိုင္စည္းမ်ဥ္းေတြ သတ္မွတ္ၾကပါတယ္။ ဒါေၾကာင့္ ေဒသတစ္ခုနဲ႔တစ္ခု အေသးစိတ္မတူညီၾကပါဘူး။ ဆရာ၊မျဖစ္ဖို႔ ကိုယ့္ေဒသက ပညာေရးတကၠသိုလ္မွာေက်ာင္းတက္ရပါတယ္။ ၿပီးတဲ့အခါ ဆရာ၊မအလုပ္လုပ္ဖို႔ ေဒသ ပညာေရးဌာနမွာ ေလၽွာက္ထားရပါတယ္။ ဌာနက ဆရာ၊မလိုေနတဲ့ေက်ာင္းေတြကို မၽွေဝၿပီး ခ်ေပးပါတယ္။ ကိုယ္ေနတဲ့ေက်ာင္းမွာ အဆင္မေျပတာျဖစ္ျဖစ္၊ ေက်ာင္းက ဝန္ထမ္းခ်င္းခ်င္းအဆင္မေျပလို႔ျဖစ္ျဖစ္ ေက်ာင္းေျပာင္းခ်င္တယ္ဆိုရင္လည္း အဲဒီ့ဌာနမွ ေျပာင္းေရႊ႕တင္ထားနိုင္ပါတယ္။ အျခားေက်ာင္းေတြက ေနရာလြတ္ရွိတဲ့အခါ ေျပာင္းနိုင္ၾကပါတယ္။

သင္ၾကားေရး

ေက်ာင္းမွာ လူမႈေရး၊ သိပၸံ၊ ကိုယ္က်င့္တရား ဘာသာရပ္ေတြအားလုံး ေပါင္းၿပီးတစ္ဘာသာအေနနဲ႔ တစ္ပတ္ကို စာသင္ခ်ိန္ (၃)ႀကိမ္ေလာက္ပဲသင္ပါတယ္။ က်န္တဲ့အခ်ိန္ေတြမွာ ဂ်ာမန္၊ အဂၤလိပ္၊ သခၤ်ာ၊ အားကစား၊ ေရကူး၊ ဂီတ၊ သီခ်င္းဆို၊ လက္မႈလုပ္ငန္း၊ ပန္းခ်ီ၊ ဘာသာေရး စတာေတြကို သင္ယူရပါတယ္။ အဂၤလိပ္စာ၊ လက္မႈနဲ႔ ဘာသာေရးကိုပဲ အခ်ိန္ပိုင္းဆရာမေတြနဲ႔သင္ၿပီး က်န္တဲ့ဘာသာရပ္ေတြအကုန္လုံးကို အတန္းပိုင္ကပဲ တာဝန္ယူၿပီး သင္ေပးၾကပါတယ္။ ဆရာမေတြၾကည့္ရတာ တက္ႂကြၿပီး ေပ်ာ္ရႊင္ေနတာပဲ။ သူတို႔ သင္ၾကားဖို႔ ဘယ္လို ဖတ္စာသုံးလဲ ေမးၾကည့္ေတာ့ – အစိုးရက Curriculum Framework ဆိုတဲ့ ဘယ္အရြယ္မွာ ဘယ္ေလာက္ထိသိထား၊တတ္ထားရမယ္ဆိုတဲ့ သင္ရိုး အညႊန္းေဘာင္ေတာ့ရွိတယ္။ အဲဒီ့အေပၚမွာမူတည္ၿပီး ကိုယ့္အတန္းက ကေလးေတြအတြက္ ဘယ္လိုဖတ္စာစာအုပ္ေတြသုံးမယ္၊ ဘယ္လို သင္ခန္းစာေတြကို သင္မယ္ဆိုတာ ဆုံးျဖတ္ပိုင္ခြင့္ရွိပါတယ္။ စာသင္ခန္းထဲမွာ ေလ့လာၾကည့္သေလာက္ေတာ့ Worksheets (အသင့္လုပ္ထားတဲ့လုပ္ငန္းေပးစာရြက္ေတြ)အသုံးမ်ားပုံပါပဲ။ လက္ေတြ႕လုပ္ငန္းေတြလည္း ေသခ်ာလုပ္ပုံေတာ့ ေတြ႕ရတယ္။

မွတ္တမ္းမ်ား

ေက်ာင္းေခၚခ်ိန္ဇယား၊ ေက်ာင္းသားမွတ္တမ္း၊ ဘာသာရပ္ဆိုင္ရာ သင္ၾကားမႈမွတ္တမ္း၊ လစဥ္ စစ္ေဆးအကဲျဖတ္မႈမွတ္တမ္း စတဲ့ အေရးႀကီးတဲ့မွတ္တမ္းေတြကို စာအုပ္အဖုံးအထူသားနဲ႔ခ်ဳပ္ထားတဲ့ စာအုပ္ထူထူတစ္အုပ္အတြင္းမွာ တစ္ၿပိဳင္ထဲေတြ႕ရပါတယ္။ သုံးထားတဲ့ စာရြက္သားေတြကေကာင္းတာမို႔ ေတာ္ေတာ္နဲ႔ မပ်က္စီးနိုင္ပါဘူး။ ကၽြန္မသေဘာက်တဲ့ ဆရာမေတြရဲ့ ဘာသာရပ္ဆိုင္ရာ သင္ၾကားမႈမွတ္တမ္းမွာ – တစ္ပတ္အတြင္း ကိုယ္သင္ခဲ့တဲ့ သင္ခန္းစာေခါင္းစဥ္ေတြကိုမွတ္တမ္းတင္ရပါတယ္။ ၿပီးရင္ ထူးျခားျဖစ္စဥ္ေတြနဲ႔ သင္ခန္းစာဆိုင္ရာ အျခား မၽွေဝစရာေတြကို မွတ္သားထားၾကပါတယ္။ အဲဒီ့ အပတ္စဥ္ျဖည့္တဲ့ဇယားေတြကို တစ္လတစ္ခါေလာက္ ေက်ာင္းအုပ္က စစ္ၾကည့္ပါတယ္။ သုံးသပ္ခ်က္ေပးတာေတြလုပ္တယ္လို႔ေျပာပါတယ္။ မွတ္တမ္းမွတ္ရတာေတြကေတာ့ သိပ္ၿပီး ရႈပ္ေထြးပုံမေတြ႕ရပါဘူး။

ဒီေက်ာင္းေလးကို ေလ့လာရတာ ကၽြန္မကေတာ့ သိပ္စိတ္ခ်မ္းသာတာပဲ။ ကေလးေတြေရာ၊ ဆရာ၊မေတြေရာ ျပဳံးေပ်ာ္ေနၾကတာပဲ။ ကေလးေတြ ေပ်ာ္ပါးေနတာကိုၾကည့္ၿပီး ခ်စ္လိုက္တာဆိုတဲ့ ဆရာ၊မေတြကလည္း သိပ္ခ်စ္စရာေကာင္းတယ္။ ပညာေရးဌာနကလည္းပံ့းပိုးမႈရွိတယ္၊ ဆရာ၊မေတြကိုယ္တိုင္ကလည္း ႀကိဳးစားၾကတယ္၊ မိဘေတြကလည္း ပူးေပါင္းၾကတယ္။ အဲဒီ့ေတာ့ သူတို႔ေတြေပ်ာ္ၾကတာေပါ့။ ကၽြန္မတို႔နိုင္ငံက ကေလးေတြနဲ႔ ဆရာ၊မေတြကိုလည္း ေပ်ာ္ရႊင္ေစခ်င္တာပါပဲ။ အားလုံးေပ်ာ္ရႊင္ၾကပါေစ။

ေမတၱာျဖင့္….
Sayarma-ဆရာမ