[Unicode]
သီရိလင်္ကာနိုင်ငံ ပညာရေး..
——————————–
ကျွန်မ ရက်အနည်းငယ် သွားရောက်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း ကျွန်မသိခဲ့ရသလောက် ပြောပြချင်ပါတယ်။ ကျွန်မ ပညာရေးအကြောင်းလေ့လာဖို့ သီရိလင်္ကာ ပညာရေး ဝန်ကြီးရုံးလက်အောက်က သင်ရိုးရေးဆွဲရေးဌာနမှာ အလုပ်လုပ်နေတဲ့ ဆရာ၊မတွေ ဘုန်းဘုန်းတွေနဲ့တွေ့ခဲ့ပါတယ်၊ ဆရာအတတ်သင်ကျောင်းက ဆရာ၊မကြီးတွေနဲ့လည်းတွေ့ခဲ့သလို အစိုးရအဖွဲ့မဟုတ်တဲ့ အခြား ပညာရေးလုပ်နေတဲ့သူတွေ၊ ကျောင်းသားမိဘတွေလည်း တွေ့ခဲ့ပါတယ်။ သုတေသနလုပ်တာမျိုးမဟုတ်ဘဲ ကိုယ်သိချင်တာလေးတွေမေးရင်း အလ္လာပ သလ္လာပ ပြောဖြစ်ရင်းသိလာတာတွေကို ရေးပါရစေ။
ဆရာ၊မပညာရေးနှင့် လစာ
——————————-
သီရိလင်္ကာနိုင်ငံရဲ့ အစိုးရကျောင်းတွေမှာ ဆရာ၊မပေါင်း ၂၄၁၀၀၀ (နှစ်သိန်း လေးသောင်း တစ်ထောင်) စာသင်နေပါတယ်။ ကျွန်မတို့နိုင်ငံမှာလိုပဲ ဆရာ၊မဖြစ်ချင်တဲ့သူတွေဟာ ဆရာအတတ်သင်ကျောင်း ဒါမှမဟုတ် ပညာရေးတက္ကသိုလ်မှာ သုံးနှစ်တာ သင်ကြားရေးအကြောင်း သင်ပြီးရင် သူတို့လျှောက်ထားရာနေရာတွေ ဒါမှမဟုတ် လိုအပ်နေတဲ့နေရာတွေမှာ စာသွားသင်လို့ရပါတယ်။ မူလတန်းမှာ ဘာသာစုံဘယ်လိုသင်ရမလဲဆိုတဲ့ အကြောင်းတွေ သင်ပေးပြီးတာ့၊ အလယ်တန်း အထက်တန်းတွေမှာ အထူးပြုဘာသာရပ်ကို ဘယ်လိုသင်ရမယ်ဆိုတာတွေကအစ သင်ပါတယ်။ မူလတန်းဆရာ၊မတွေနဲ့ အလယ်တန်း အထက်တန်းဆရာ၊မတွေရဲ့ လစာတွေဟာ သူတို့ သင်နေတဲ့ အတန်းနဲ့မဆိုင်ပါဘူး။ ဆရာ၊မတွေအားလုံးရဲ့ လစာစကေးဟာ သူတို့ရဲ့လုပ်ဆောင်မှု၊ အရည်အချင်းနဲ့ ပညာရေးအဆင့်အပေါ်မှာမူတည်ပြီး တိုးတက်သွားပါတယ်။ မူလတန်းဆရာမတစ်ယောက်နဲ့ အလယ်တန်းဆရာမတစ်ယောက် အရည်အချင်း၊လုပ်အား၊ပညာစတာတွေတူနေရင် လစာတူတူရမှာပါ။ နည်းတဲ့သူက လစာနည်းမယ်ဆိုတဲ့ သဘောကို အခြေခံပါတယ်။
ဘာသာရေးနှင့် ပညာရေး
—————————
အစိုးရကျောင်းတွေဟာ ကျောင်းသားတွေရဲ့ ဘာသာတရားအလိုက် ကျောင်းအမျိုးအစားကို ခွဲပါတယ်။ ဗုဒ္ဓဘာသာကျောင်း၊ အစ္စလာမ်ကျောင်း၊ ဟိန္ဒူကျောင်း၊ ခရစ်ယာန် အင်္ဂလီဂန်ကျောင်း၊ ခရစ်ယာန် ကသလစ်ကျောင်းဆိုပြီးတော့ အစိုးရကျောင်းကို (၅)မျိုးခွဲပါတယ်။ ကျောင်းတည်ရှိရာနေရာမှာ အများစုနေထိုင်တဲ့ ဘာသာတရားအတိုင်း ကျောင်းတွေကို သတ်မှတ်ပါတယ်။ ဗုဒ္ဓဘာသာကျောင်းမှာ ဗုဒ္ဓဘာသာမိသားစုဝင်တွေရဲ့ ကလေးတွေအများစု တက်ရောက်ပါတယ်။ ကျောင်းတွေမှာ “ဘာသာတရား”အကြောင်း ဘာသာရပ်ကို ပထမတန်းကတည်းက ထည့်သွင်းသင်ပေးရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကျောင်းမှာ ဗုဒ္ဓဘာသာအကြောင်းပဲ သင်ရပြီး အခြား ဘာသာအကြောင်းမသိကြပါဘူး။ အခြားဘာသာဝင်တွေရဲ့ကျောင်းတွေမှာလည်း အဲဒီ့လိုပါပဲ။ ဒါပေမယ့် သင်ရိုးညွှန်းတမ်းဌာနမှာ ဘာသာကြီး ၅ ခုရဲ့ ဘာသာတရားတာဝန်ခံဆရာတွေရှိပါတယ်။ အဲဒီ့ တာဝန်ခံဆရာတွေက သင်ရိုးညွှန်းတမ်းကို ရေးပါတယ်။ သူတို့ သင်ရိုးရေးနိုင်ဖို့ ဘာသာအားလုံးရဲ့ အဓိက တန်ဖိုးထားမှုတွေကို အရင် စုစည်းပါတယ်။ ကျွန်မသိသလောက် တန်ဖိုးထားမှု (၁၀)ကို ဘာသာတိုင်းရဲ့ သင်ရိုးထဲမှာ ပါဝင်အောင် သင်ရပါတယ်။ ဥပမာ မြတ်ဗုဒ္ဓ/ဘုရားသခင်ကို ရိုသေ၊လေးစားမှုရှိခြင်း။ အကယ်၍ ထူးထူးခြားခြား ထည့်ချင်တဲ့ စည်းမျဉ်းရှိတယ်ဆိုရင်လည်း ထည့်လို့ရပါတယ်။ အဲဒီ့ဘာသာရပ်တွေကို သင်ဖို့အတွက် သက်ဆိုင်ရာ ဘာသာဝင် ဆရာ၊မတွေကိုလည်း ကျောင်းတွေမှာ ခန့်အပ်ထားပါတယ်။ အစ္စလာမ် ကျောင်းမှာ အစ္စလာမ်ကို သင်နိုင်တဲ့ ဆရာမခန့်ပြီး သင်စေတာမျိုးပေါ့။ ဆရာ၊မတွေကိုလည်း ဆရာအတတ်သင်ကျောင်းတွေမှာကတည်းက ဘယ်လို သင်ရမယ်ဆိုတာ သင်ပေးလိုက်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာသင်ဖို့ မေဂျာယူထားတဲ့ဆရာ၊မတွေကို အခြားဘာသာရေးကျောင်းတွေမှာတော့ ခန့်အပ်ထားခြင်းမရှိပါဘူး။ ကလေးတွေရဲ့ မွေးဖွားခဲ့တဲ့ဘာသာအတိုင်း တစ်သက်လုံးသက်ဝင်ယုံကြည်နေဖို့နဲ့ အခြားဘာသာတွေအကြောင်း အပေါ်ယံ တစ်ချက်၊နှစ်ချက် သိရင်ကိုလုံလောက်လို့ ကျောင်းတိုင်းမှာ ဘာသာတစ်ဘာသာအကြောင်းပဲ သင်ခိုင်းတယ်လို့ အဲဒီ့စည်းမျဉ်းကို သတ်မှတ်ခဲ့တဲ့ အငြိမ်းစား ဆရာကြီးက ပြောပါတယ်။ ကျွန်မအနေနဲ့ကတော့ ဘာသာတရားတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ကိုယ့်ဘာသာတင်မက အခြားဘာသာတွေအကြောင်းကို သေချာလေ့လာတာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်လို့ ယုံတာမို့ ဆရာကြီးနဲ့တော့ သဘောထားကွဲလွဲခဲ့ပါတယ်။
သင်ကြားနည်းစနစ် နှင့် နည်းပညာ
————————————
ကျောင်းတွေတော်တော်များများမှာ လုပ်ငန်းအခြေပြု သင်ယူခြင်းစနစ်၊ စီမံချက်အသုံးပြုသင်ယူခြင်းနှင့် ကလေးဗဟိုပြုသင်ယူခြင်းကို မြန်မာနိုင်ငံမှာလိုပဲ ကြိုးစားတိုက်တွန်းနေပါတယ်။ ဒါပေမယ့် မူလတန်းဆုံး စာမေးပွဲ၊ အလယ်တန်းဆုံး စာမေးပွဲ၊ အထက်တန်းပြီးစာမေးပွဲစတာတွေကြောင့် ထိရောက်အောင် သိပ်မသုံးနိုင်သေးဘူးလို့လည်း သိရပါတယ်။
တက္ကသိုလ်ပညာရေးမှာတော့ သုတေသနလုပ်ခိုင်းတာတွေ၊ လက်တွေ့ဆင်းခိုင်းတာတွေ၊ အဖွဲ့စည်းတွေနဲ့ချိတ်ဆက်ပေးတာတွေ၊ စာတမ်းရေးရတာတွေက မြန်မာနိုင်ငံထက်ပိုပြီး ထိရောက်အောင် လုပ်နိုင်တာမို့ ကျွန်မတွေ့ခဲ့တဲ့ ကျောင်းသားတွေကတော့ မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးထက် သီရိလင်္ကာက နည်းနည်းပိုသာတယ်လို့ပြောပါတယ်။
နည်းပညာကို မူလတန်းမှာ လုံးဝ မသင်ခိုင်းဘူးလို့ပြောပါတယ်။ ဘာလို့လဲဆိုေတော့ ကလေးတွေရဲ့ဖွံ့ဖြိုးမှု အစောပိုင်းကာလမှာ ခန္ဓာကိုယ်လှုပ်ရှားပါဝင်ရတဲ့အလုပ်တွေက ပိုပြီးတော့ အရေးကြီးလို့ နည်းပညာကို မထည့်ပဲ ကို်ယ်ခန္ဓာဖွံ့ဖြိုးစေတဲ့ လုပ်ငန်းတွေပဲ ထည့်သွင်းပြီး သင်စေတယ်လို့ မူလတန်းမှာနည်းပညာမသင်ရစည်းမျဉ်းကို သတ်မှတ်ခဲ့တဲ့ ဆရာကြီးကပြောပါတယ်။
သီရိလင်္ကာမှာ သူငယ်တန်းမရှိပါဘူး။ မူကြိုကနေ ပထမတန်း၊ ပထမတန်းကနေ ၁၃ တန်းအထိရှိပါတယ်။ ပထမတန်းနဲ့ ဒုတိယတန်းမှာ အရေးအဖတ်လုံးဝမသင်ရပါဘူး။
ဘုန်းကြီး နှင့်အလုပ်
———————-
မြန်မာပြည်မှာ ဆရာတော်တွေဟာ လုပ်ငန်းခွင်ကို ဝင်လို့မရကြပါဘူး။ ကိုယ်ပိုင် ဖောင်ဒေးရှင်းတွေ ထောင် သင်တန်းတွေပေး စာတွေသင်တာတွေတွေ့ဖူးပေမယ့် အခြား သာမာန်လူတွေလို အစိုးရလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး သိပ်မတွေ့ရပါဘူး။ ကျွန်မနဲ့တွေ့ခဲ့တဲ့ ဘုန်းဘုန်းကတော့ ဆရာအတတ်သင်ကျောင်းမှာ ဘာသာရေးဆိုင်ရာ သင်ရိုးရေးပေးရတဲ့ ရာထူးရှိပါတယ်။ ရာထူးအလိုက်၊ လုပ်အားကောင်းမွန်မှုအလိုုက် လစာငွေလည်း ရရှိပါတယ်။ အစိုးရကျောင်းမှာ စာလည်း သင်လို့ရပါတယ်။ ဘုန်းကြီးကျောင်းမှာတော့ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာ စာပေတွေကို သင်ကြားပေးကြပါတယ်။ ကျွန်မအမြင်မှာတော့ နေရာတိုင်းမှာလိုပဲ နိုင်ငံရေး၊ လူမှုရေးတွေမှာ ဘုန်းကြီးတွေရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်နဲ့ ပညာတွေအပေါ်မှာမူတည်ပြီး ကွဲပြားစွာ ပြုမူကြတယ်၊ နေထိုင်ကြတယ်။
အချုပ်မှာ ကျွန်မပြောချင်တာက သီရိလင်္ကာနိုင်ငံက မြန်မာနိုင်ငံလိုမျိုး ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတယ်။ အခြားနေရာတွေလိုပဲ ချစ်စရာဓလေ့လေးတွေရှိတယ်။ ဥပမာ ကျောင်းဝတ်ဆုံလည်း အဖြူဝမ်းဆက်ပဲ၊ ဘုရားသွားကျောင်းတက်လည်း အဖြူဝမ်းဆက်ပဲ။ စားစရာသောက်စရာတော့ သိပ်ထွေထွေထူးထူးမကြိုက်လှဘူး။ အာပုံတော့ ကြိုက်တယ်။ အုန်းရည်ကောင်းတယ်။ လမ်းတွေကျဉ်းပြီး ကားတွေကြပ်တယ်။ ကံ့ကော်ပန်းတွေ အရမ်းစိုက်ကြတယ်။ ကျွန်မချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်။ တက္ကသိုလ်တစ်ခုမှာ စာသွားသင်ဖြစ်တယ်။ ပညာရေးအသိုင်းအဝိုင်းက လူတွေနဲ့တွေ့တော့ အများကြီး သင်ယူခဲ့ရတယ်။ မြန်မာနိုင်ငံထက် ပညာရေးအဆင့်အတန်းက နည်းနည်းလေးတော့ ပိုသာတယ်လို့မြင်မိတယ်။ ဒါပေမယ့် တဇွတ်ထိုး ၊ တစ်ကြောင်းဆွဲ ဆရာ၊မကြီးတွေလည်းရှိပြီးတော့ အာဏာသုံးပြီး စည်းဘောင်သတ်မှတ်ထားတာတွေလည်း အများကြီးတွေ့ရတယ်။ ခေတ်မီပြီး ဘက်မျှစွာတွေးတတ်တဲ့ ဆရာ၊မကြီးတွေလည်း တွေ့ခဲ့တယ်။ ဘာပဲပြောပြော တစ်နိုင်ငံ တစ်စနစ်မှာ သင်ယူစရာတွေကတော့ ရှိကြတာပါပဲ။ ဒီစာလေးကနေ တစ်ခုခု သိလိုက်ရတယ်ဆိုရင် ကျွန်မကို မျှဝေပေးပါဦး။
(နောက်လတစ်ခါ သွားတဲ့အခါ ဓမ္မစကူးလ်တွေနဲ့ ပတ်သတ်ပြီး ပိုလေ့လာခဲ့ပါ့မယ်။)
မေတ္တာဖြင့်….
Sayarma-ဆရာမ
[Zawgyi]
သီရိလကၤာနုိင္ငံ ပညာေရး..
——————————–
ကၽြန္မ ရက္အနည္းငယ္ သြားေရာက္ခဲ့တဲ့ သီရိလကၤာနုိင္ငံရဲ႕ ပညာေရးစနစ္အေၾကာင္း ကၽြန္မသိခဲ့ရသေလာက္ ေျပာျပခ်င္ပါတယ္။ ကၽြန္မ ပညာေရးအေၾကာင္းေလ့လာဖို႕ သီရိလကၤာ ပညာေရး ဝန္ၾကီးရံုးလက္ေအာက္က သင္ရိုးေရးဆြဲေရးဌာနမွာ အလုပ္လုပ္ေနတဲ့ ဆရာ၊မေတြ ဘုန္းဘုန္းေတြနဲ႕ေတြ႕ခဲ့ပါတယ္၊ ဆရာအတတ္သင္ေက်ာင္းက ဆရာ၊မၾကီးေတြနဲ႕လည္းေတြ႕ခဲ႕သလို အစိုးရအဖြဲ႕မဟုတ္တဲ့ အျခား ပညာေရးလုပ္ေနတဲ့သူေတြ၊ ေက်ာင္းသားမိဘေတြလည္း ေတြ႕ခဲ့ပါတယ္။ သုေတသနလုပ္တာမ်ိဳးမဟုတ္ဘဲ ကိုယ္သိခ်င္တာေလးေတြေမးရင္း အလႅာပ သလႅာပ ေျပာျဖစ္ရင္းသိလာတာေတြကို ေရးပါရေစ။
ဆရာ၊မပညာေရးႏွင့္ လစာ
——————————-
သီရိလကၤာနုိင္ငံရဲ႕ အစိုးရေက်ာင္းေတြမွာ ဆရာ၊မေပါင္း ၂၄၁၀၀၀ (ႏွစ္သိန္း ေလးေသာင္း တစ္ေထာင္) စာသင္ေနပါတယ္။ ကၽြန္မတို႕နုိင္ငံမွာလိုပဲ ဆရာ၊မျဖစ္ခ်င္တဲ့သူေတြဟာ ဆရာအတတ္သင္ေက်ာင္း ဒါမွမဟုတ္ ပညာေရးတကၠသိုလ္မွာ သံုးႏွစ္တာ သင္ၾကားေရးအေၾကာင္း သင္ျပီးရင္ သူတို႕ေလွ်ာက္ထားရာေနရာေတြ ဒါမွမဟုတ္ လိုအပ္ေနတဲ့ေနရာေတြမွာ စာသြားသင္လို႕ရပါတယ္။ မူလတန္းမွာ ဘာသာစံုဘယ္လိုသင္ရမလဲဆိုတဲ့ အေၾကာင္းေတြ သင္ေပးျပီးတာ့၊ အလယ္တန္း အထက္တန္းေတြမွာ အထူးျပဳဘာသာရပ္ကို ဘယ္လိုသင္ရမယ္ဆိုတာေတြကအစ သင္ပါတယ္။ မူလတန္းဆရာ၊မေတြနဲ႕ အလယ္တန္း အထက္တန္းဆရာ၊မေတြရဲ႕ လစာေတြဟာ သူတို႕ သင္ေနတဲ့ အတန္းနဲ႕မဆိုင္ပါဘူး။ ဆရာ၊မေတြအားလံုးရဲ႕ လစာစေကးဟာ သူတို႕ရဲ႕လုပ္ေဆာင္မွဳ၊ အရည္အခ်င္းနဲ႕ ပညာေရးအဆင့္အေပၚမွာမူတည္ျပီး တိုးတက္သြားပါတယ္။ မူလတန္းဆရာမတစ္ေယာက္နဲ႕ အလယ္တန္းဆရာမတစ္ေယာက္ အရည္အခ်င္း၊လုပ္အား၊ပညာစတာေတြတူေနရင္ လစာတူတူရမွာပါ။ နည္းတဲ့သူက လစာနည္းမယ္ဆိုတဲ့ သေဘာကို အေျခခံပါတယ္။
ဘာသာေရးႏွင့္ ပညာေရး
—————————
အစုိးရေက်ာင္းေတြဟာ ေက်ာင္းသားေတြရဲ႕ ဘာသာတရားအလိုက္ ေက်ာင္းအမ်ိဳးအစားကို ခြဲပါတယ္။ ဗုဒၶဘာသာေက်ာင္း၊ အစၥလာမ္ေက်ာင္း၊ ဟိႏၵဴေက်ာင္း၊ ခရစ္ယာန္ အဂၤလီဂန္ေက်ာင္း၊ ခရစ္ယာန္ ကသလစ္ေက်ာင္းဆိုျပီးေတာ့ အစိုးရေက်ာင္းကို (၅)မ်ိဳးခြဲပါတယ္။ ေက်ာင္းတည္ရွိရာေနရာမွာ အမ်ားစုေနထုိင္တဲ့ ဘာသာတရားအတိုင္း ေက်ာင္းေတြကို သတ္မွတ္ပါတယ္။ ဗုဒၶဘာသာေက်ာင္းမွာ ဗုဒၶဘာသာမိသားစုဝင္ေတြရဲ႕ ကေလးေတြအမ်ားစု တက္ေရာက္ပါတယ္။ ေက်ာင္းေတြမွာ “ဘာသာတရား”အေၾကာင္း ဘာသာရပ္ကို ပထမတန္းကတည္းက ထည့္သြင္းသင္ေပးရပါတယ္။ ဒါေပမယ့္ ဗုဒၶဘာသာေက်ာင္းမွာ ဗုဒၶဘာသာအေၾကာင္းပဲ သင္ရျပီး အျခား ဘာသာအေၾကာင္းမသိၾကပါဘူး။ အျခားဘာသာဝင္ေတြရဲ႕ေက်ာင္းေတြမွာလည္း အဲဒီ့လိုပါပဲ။ ဒါေပမယ့္ သင္ရိုးညႊန္းတမ္းဌာနမွာ ဘာသာၾကီး ၅ ခုရဲ႕ ဘာသာတရားတာဝန္ခံဆရာေတြရွိပါတယ္။ အဲဒီ့ တာဝန္ခံဆရာေတြက သင္ရိုးညႊန္းတမ္းကို ေရးပါတယ္။ သူတို႕ သင္ရိုးေရးနုိင္ဖို႕ ဘာသာအားလံုးရဲ႕ အဓိက တန္ဖိုးထားမွဳေတြကို အရင္ စုစည္းပါတယ္။ ကၽြန္မသိသေလာက္ တန္ဖိုးထားမွဳ (၁၀)ကို ဘာသာတုိင္းရဲ႕ သင္ရိုးထဲမွာ ပါဝင္ေအာင္ သင္ရပါတယ္။ ဥပမာ ျမတ္ဗုဒၶ/ဘုရားသခင္ကို ရိုေသ၊ေလးစားမွဳရွိျခင္း။ အကယ္၍ ထူးထူးျခားျခား ထည့္ခ်င္တဲ့ စည္းမ်ဥ္းရွိတယ္ဆိုရင္လည္း ထည့္လို႕ရပါတယ္။ အဲဒီ့ဘာသာရပ္ေတြကို သင္ဖို႕အတြက္ သက္ဆိုင္ရာ ဘာသာဝင္ ဆရာ၊မေတြကိုလည္း ေက်ာင္းေတြမွာ ခန္႕အပ္ထားပါတယ္။ အစၥလာမ္ ေက်ာင္းမွာ အစၥလာမ္ကို သင္နုိင္တဲ့ ဆရာမခန္႕ျပီး သင္ေစတာမ်ိဳးေပါ့။ ဆရာ၊မေတြကိုလည္း ဆရာအတတ္သင္ေက်ာင္းေတြမွာကတည္းက ဘယ္လို သင္ရမယ္ဆိုတာ သင္ေပးလုိက္ပါတယ္။ ေသခ်ာတာကေတာ့ ဗုဒၶဘာသာသင္ဖို႕ ေမဂ်ာယူထားတဲ့ဆရာ၊မေတြကို အျခားဘာသာေရးေက်ာင္းေတြမွာေတာ့ ခန္႕အပ္ထားျခင္းမရွိပါဘူး။ ကေလးေတြရဲ႕ ေမြးဖြားခဲ့တဲ့ဘာသာအတုိင္း တစ္သက္လံုးသက္ဝင္ယံုၾကည္ေနဖို႕နဲ႕ အျခားဘာသာေတြအေၾကာင္း အေပၚယံ တစ္ခ်က္၊ႏွစ္ခ်က္ သိရင္ကိုလံုေလာက္လို႕ ေက်ာင္းတိုင္းမွာ ဘာသာတစ္ဘာသာအေၾကာင္းပဲ သင္ခုိင္းတယ္လို႕ အဲဒီ့စည္းမ်ဥ္းကို သတ္မွတ္ခဲ့တဲ့ အျငိမ္းစား ဆရာၾကီးက ေျပာပါတယ္။ ကၽြန္မအေနနဲ႕ကေတာ့ ဘာသာတရားေတြဟာ စိတ္ဝင္စားဖို႕ေကာင္းျပီး ကုိယ့္ဘာသာတင္မက အျခားဘာသာေတြအေၾကာင္းကို ေသခ်ာေလ့လာတာဟာ ေကာင္းတဲ့အမူအက်င့္ျဖစ္တယ္လို႕ ယံုတာမို႕ ဆရာၾကီးနဲ႕ေတာ့ သေဘာထားကြဲလြဲခဲ့ပါတယ္။
သင္ၾကားနည္းစနစ္ ႏွင့္ နည္းပညာ
————————————
ေက်ာင္းေတြေတာ္ေတာ္မ်ားမ်ားမွာ လုပ္ငန္းအေျချပဳ သင္ယူျခင္းစနစ္၊ စီမံခ်က္အသံုးျပဳသင္ယူျခင္းႏွင့္ ကေလးဗဟိုျပဳသင္ယူျခင္းကို ျမန္မာနုိင္ငံမွာလိုပဲ ၾကိဳးစားတုိက္တြန္းေနပါတယ္။ ဒါေပမယ့္ မူလတန္းဆံုး စာေမးပြဲ၊ အလယ္တန္းဆံုး စာေမးပြဲ၊ အထက္တန္းျပီးစာေမးပြဲစတာေတြေၾကာင့္ ထိေရာက္ေအာင္ သိပ္မသံုးနုိင္ေသးဘူးလို႕လည္း သိရပါတယ္။
တကၠသိုလ္ပညာေရးမွာေတာ့ သုေတသနလုပ္ခုိင္းတာေတြ၊ လက္ေတြ႕ဆင္းခုိင္းတာေတြ၊ အဖြဲ႕စည္းေတြနဲ႕ခ်ိတ္ဆက္ေပးတာေတြ၊ စာတမ္းေရးရတာေတြက ျမန္မာနုိင္ငံထက္ပိုျပီး ထိေရာက္ေအာင္ လုပ္နုိင္တာမို႕ ကၽြန္မေတြ႕ခဲ့တဲ့ ေက်ာင္းသားေတြကေတာ့ ျမန္မာနုိင္ငံက တကၠသိုလ္ပညာေရးထက္ သီရိလကၤာက နည္းနည္းပိုသာတယ္လို႕ေျပာပါတယ္။
နည္းပညာကို မူလတန္းမွာ လံုးဝ မသင္ခိုင္းဘူးလို႕ေျပာပါတယ္။ ဘာလို႕လဲဆိုေေတာ့ ကေလးေတြရဲ႕ဖြံ႕ျဖိဳးမွု အေစာပိုင္းကာလမွာ ခႏၶာကိုယ္လွဳပ္ရွားပါဝင္ရတဲ့အလုပ္ေတြက ပိုျပီးေတာ့ အေရးၾကီးလို႕ နည္းပညာကို မထည့္ပဲ ကို္ယ္ခႏၶာဖြံ႕ျဖိဳးေစတဲ့ လုပ္ငန္းေတြပဲ ထည့္သြင္းျပီး သင္ေစတယ္လို႕ မူလတန္းမွာနည္းပညာမသင္ရစည္းမ်ဥ္းကို သတ္မွတ္ခဲ့တဲ့ ဆရာၾကီးကေျပာပါတယ္။
သီရိလကၤာမွာ သူငယ္တန္းမရွိပါဘူး။ မူၾကိဳကေန ပထမတန္း၊ ပထမတန္းကေန ၁၃ တန္းအထိရွိပါတယ္။ ပထမတန္းနဲ႕ ဒုတိယတန္းမွာ အေရးအဖတ္လံုးဝမသင္ရပါဘူး။
ဘုန္းၾကီး ႏွင့္အလုပ္
———————-
ျမန္မာျပည္မွာ ဆရာေတာ္ေတြဟာ လုပ္ငန္းခြင္ကို ဝင္လို႕မရၾကပါဘူး။ ကိုယ္ပိုင္ ေဖာင္ေဒးရွင္းေတြ ေထာင္ သင္တန္းေတြေပး စာေတြသင္တာေတြေတြ႕ဖူးေပမယ့္ အျခား သာမာန္လူေတြလုိ အစိုးရလုပ္ငန္းေတြမွာ ဝင္လုပ္တာမ်ိဳး သိပ္မေတြ႕ရပါဘူး။ ကၽြန္မနဲ႕ေတြ႕ခဲ့တဲ့ ဘုန္းဘုန္းကေတာ့ ဆရာအတတ္သင္ေက်ာင္းမွာ ဘာသာေရးဆုိင္ရာ သင္ရိုးေရးေပးရတဲ့ ရာထူးရွိပါတယ္။ ရာထူးအလုိက္၊ လုပ္အားေကာင္းမြန္မွဳအလုိုက္ လစာေငြလည္း ရရွိပါတယ္။ အစိုးရေက်ာင္းမွာ စာလည္း သင္လို႕ရပါတယ္။ ဘုန္းၾကီးေက်ာင္းမွာေတာ့ တနဂၤေႏြေန႕တိုင္း ဗုဒၶဘာသာ စာေပေတြကို သင္ၾကားေပးၾကပါတယ္။ ကၽြန္မအျမင္မွာေတာ့ ေနရာတိုင္းမွာလိုပဲ နုိင္ငံေရး၊ လူမွဳေရးေတြမွာ ဘုန္းၾကီးေတြရဲ႕ အေတြ႕အၾကံဳ၊ အေတြးအေခၚနဲ႕ ပညာေတြအေပၚမွာမူတည္ျပီး ကြဲျပားစြာ ျပဳမူၾကတယ္၊ ေနထုိင္ၾကတယ္။
အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာက သီရိလကၤာနုိင္ငံက ျမန္မာနုိင္ငံလိုမ်ိဳး ဗုဒၶဘာသာဝင္ေတြ အမ်ားစု ေနထုိင္ၾကတယ္။ အျခားေနရာေတြလိုပဲ ခ်စ္စရာဓေလ့ေလးေတြရွိတယ္။ ဥပမာ ေက်ာင္းဝတ္ဆံုလည္း အျဖဴဝမ္းဆက္ပဲ၊ ဘုရားသြားေက်ာင္းတက္လည္း အျဖဴဝမ္းဆက္ပဲ။ စားစရာေသာက္စရာေတာ့ သိပ္ေထြေထြထူးထူးမၾကိဳက္လွဘူး။ အာပံုေတာ့ ၾကိဳက္တယ္။ အုန္းရည္ေကာင္းတယ္။ လမ္းေတြက်ဥ္းျပီး ကားေတြၾကပ္တယ္။ ကံ့ေကာ္ပန္းေတြ အရမ္းစိုက္ၾကတယ္။ ကၽြန္မခ်စ္ရတဲ့ မိသားစုနဲ႕ သူငယ္ခ်င္းေတြ အမ်ားၾကီးရွိတယ္။ တကၠသိုလ္တစ္ခုမွာ စာသြားသင္ျဖစ္တယ္။ ပညာေရးအသိုင္းအဝိုင္းက လူေတြနဲ႕ေတြ႕ေတာ့ အမ်ားၾကီး သင္ယူခဲ့ရတယ္။ ျမန္မာနုိင္ငံထက္ ပညာေရးအဆင့္အတန္းက နည္းနည္းေလးေတာ့ ပိုသာတယ္လို႕ျမင္မိတယ္။ ဒါေပမယ့္ တဇြတ္ထိုး ၊ တစ္ေၾကာင္းဆြဲ ဆရာ၊မၾကီးေတြလည္းရွိျပီးေတာ့ အာဏာသံုးျပီး စည္းေဘာင္သတ္မွတ္ထားတာေတြလည္း အမ်ားၾကီးေတြ႕ရတယ္။ ေခတ္မီျပီး ဘက္မွ်စြာေတြးတတ္တဲ့ ဆရာ၊မၾကီးေတြလည္း ေတြ႕ခဲ့တယ္။ ဘာပဲေျပာေျပာ တစ္နိုင္ငံ တစ္စနစ္မွာ သင္ယူစရာေတြကေတာ့ ရွိၾကတာပါပဲ။ ဒီစာေလးကေန တစ္ခုခု သိလုိက္ရတယ္ဆိုရင္ ကၽြန္မကို မွ်ေဝေပးပါဦး။
(ေနာက္လတစ္ခါ သြားတဲ့အခါ ဓမၼစကူးလ္ေတြနဲ႕ ပတ္သတ္ျပီး ပိုေလ့လာခဲ့ပါ့မယ္။)
ေမတၱာျဖင့္….
Sayarma-ဆရာမ