[ Unicode ]
အရင်တပတ်က သင်္ချာသင်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အရာတွေနဲ့ သင်္ချာဆိုတာ ဘာလဲဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ မဖတ်ရသေးရင် -https://bit.ly/3jpGrib ဒီလင့်ခ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
သင်္ချာဘာသာရပ်ရဲ့ အနှစ်သာရကို အချုပ်အားဖြင့် ပြန်လည် မျှဝေရရင် –
၁) သင်္ချာဆိုတာ ဖြစ်စဉ်တွေရဲ့ ပုံစံတွေနဲ့ ဆက်စပ်ပုံတွေကို လေ့လာခြင်းဖြစ်တယ်။
၂) သင်္ချာဆိုတာ စဉ်းစားနည်း တစ်မျိုးဖြစ်တယ်။
၃) သင်္ချာဆိုတာ စည်းချက်ညီတဲ့ အစီစဉ်ကျနတဲ့ အနုပညာရပ်တစ်ခုဖြစ်တယ်။
၄) သင်္ချာဆိုတာက တိတိကျကျ သေသေချာချာ ရွေးချယ်ထားတဲ့ သင်္ကေတတွေနဲ့ အသုံးအနှုန်းတွေ စုစည်းထားတဲ့ ဘာသာစကားတစ်ခုလည်း ဖြစ်တယ်။
၅) သင်္ချာဆိုတာ အသုံးဝင်တဲ့ ပစ္စည်း ကိရိယာ တစ်ခုဖြစ်တယ်။
ဒါကြောင့် သင်္ချာကို သင်ဖို့ စဉ်းစားတဲအခါမှာ ပေါင်းနှုတ်မြှောက်စား ပုစ္ဆာတွေကို တွက်တတ်ရုံလောက်ပဲ သင်ပေးလို့ မရပါဘူး။ သင်္ချာဂဏန်းတွေနဲ့ ပုံသဏ္ဍာန်တွေနောက်ကွယ်က ဆက်စပ်မှုတွေ၊ အတွေးအခေါ်တွေနဲ့ ဆင်ခြင်စဉ်းစားမှုပုံစံတွေကိုလည်း သင်ပေးဖို့လိုပါတယ်။
ကျွန်မကျောင်းတက်တော့ ကျွန်မတို့က မူလတန်းကလေးတွေကို ပြန်သင်ကြားကြမှာမို့ ကလေးတွေ သင်ရတဲ့ သင်္ချာတွေကို သင်ပေးသလို သင်ကြားပုံတွေကိုလည်း သင်ပေးပါတယ်။ သင်ခန်းစာတစ်ခုမှာ ဆရာက ကျွန်မတို့ကို အမြှောက်ပုစ္ဆာတွက်ခိုင်းပါတယ်။ ဂဏန်းကိုတော့ ကျွန်မ သေချာ မမှတ်မိပါ။ ကျွန်မက အဲဒီ့ပုစ္ဆာကို သေချာ ထွက်တတ်ပါတယ်။ ဒါပေမယ့် ဆရာရဲ့ နောက်ဆက်တွဲ မေးခွန်းက ဘာလို့ အဲဒီ့လိုတွက်တာလဲ ဆိုတာပါပဲ။ ကျွန်မတို့က အဖြေရဖို့ နည်းလမ်းရှာတဲ့အခါ ဆရာ၊မသင်ပေးတဲ့ နည်းစနစ်အတိုင်း ပုံသေတွက်တာမို့ ဘာကြောင့်ဆိုတဲ့ မေးခွန်းကြားတဲ့အချိန် ကျွန်မ ဘာဖြေရမှန်းမသိခဲ့ပါဘူး။ ဆရာက ကျွန်မတို့ကို ထပ်ပြီး ရှင်းပြတာက – သင်္ချာသင်တဲ့အခါ ဘာကြောင့် ဘယ်လို ဖြေရှင်းမှုမျိုးကို အသုံးပြုပြီး ဖြေရှင်းရသလဲဆိုတာ စဉ်းစားဖို့ပါ။ အဲဒီ့အတွေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ၊ နေ့စဉ်ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာပါ အထောက်အကူပြုမယ်တဲ့။ ကျွန်မတော့ အဲဒီ့သဘောတရားတွေကို သိပ်သဘောကျပါတယ်။ ဒါကြောင့် သင်္ချာ သင်တဲ့အခါ ပုံသေနည်းကို တစ်ခါတည်း ချပြတာထက် ပုစ္ဆာတစ်ပုဒ်ကို ချဉ်းကပ်နိုင်တဲ့ ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းပုံအမျိုးမျိုးကို ရှာဖွေစေခြင်းက ကလေးကို တွက်ချက်နည်း၊ ဖြေရှင်းနည်းအပြင် စဉ်းစားခြင်းအတတ်ပညာကိုပါ တတ်မြောက်စေပါတယ်။
၁) အဖြေမျိုးစုံရှာခိုင်းပါ။
သင်္ချာပုစ္ဆာတွေမှာ အဖြေတူနိုင်ပေမယ့် ချဉ်းကပ်ပုံ၊ တွက်ချက်ပုံ မတူနိုင်ပါဘူး။ ဆိုလိုချင်တာက – ၁၀ ရဖို့၊ ၁ ဆယ်ခါပေါင်းနိုင်တယ်၊ ၅ နဲ့ ၂ နဲ့ မြှောက်နိုင်တယ်၊ ၇ နဲ့ ၃ နဲ့ ပေါင်းနိုင်တယ်၊ ၁၀၀ ကို ၁၀နဲ့ စားနိုင်တယ်…. စသဖြင့် အများကြီးပါ။ ဒါကြောင့် ကလေးကို သင်တဲ့အခါ အဖြေရနိုင်ခြေရှိတဲ့ နည်းလမ်း မျိုးစုံကို သုံးခိုင်းပါ။ ပြီးရင် နည်းလမ်းတစ်ခုထပ်ပိုရှိရဲ့သားနဲ့ ဘာလို့ သူဖြေတဲ့အဖြေကို ပြောလဲဆိုတာကို စဉ်းစားခိုင်းပါ။
လက်တွေ့ပစ္စည်းလေးတွေ အသုံးပြုပြီး ကစားလို့ရတဲ့ ကစားနည်းတစ်ခုက – ကလေးတွေကို အရပ်တိုင်းဖို့ လှဲအိပ်ခိုင်းပါ။ နှစ်ယောက်ရှိရင် တစ်ယောက်ကို စမှတ်နဲ့ ဆုံးမှတ်နဲ့ မှတ်ပြီး အစအဆုံး အရှည်ကို တွက်ခိုင်းပါ။ တွက်တဲ့အခါ သမားရိုးကျ ပေကြိုးတွေနဲ့မဟုတ်ဘဲ ရှိတဲ့ ပစ္စည်းတွေနဲ့တိုင်းခိုင်းပါ။ ဥပမာ- သူ့အရပ်က ပဲတောင့်ရှည် (၅)ချောင်းနဲ့ ညီမျှတယ်၊ ဒါမှမဟုတ်၊ ဖတ်စာစာအုပ် ၁၀ အုပ်နဲ့ ညီမျှတယ်၊ ဒါမှမဟုတ်၊ ပဲစေ့ပေါင်း အစေ့ ၁၀၀နဲ့ ညီမျှတယ်ဆိုတာမျိုးပေါ့။
၂) လက်တွေ့ဘဝထဲက လုပ်ငန်းတွေကို အခြေပြုပါ။
ထင်သာမြင်သာ ရှိလှတဲ့ သင်္ချာတွက်ရတဲ့ လုပ်ငန်းတွေ နေ့စဉ်ဘဝမှာရှိပါတယ်။ အသိသာဆုံးက အိမ်စရိတ်တွက်ချက်တာ၊ ဈေးဝယ်တာ၊ ရေတွက်တာ စသဖြင့်ပေ့ါ။ ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေရဲ့ အလေးချိန်၊ အချိုးချမှု၊ ကုန်ကျမှု၊ ကြာချိန် စတာတွေကနေ သင်္ချာကို ချိတ်ဆက်သင်ပေးပါ။ ငယ်တဲ့ကလေးတွေဆိုရင် အဝတ်ခေါက်ရင်း ဖြစ်ဖြစ်၊ အရုပ်တွေနဲ့ကစားရင်းဖြစ်ဖြစ်၊ ၁ ၂ ၃ ၄ ရေတွက်ခြင်းကို သင်ပေးနိုင်တယ်။ ပေါင်ချိန်စက် ရှိခဲ့ရင်၊ အရပ်တိုင်းတဲ့ ပေကြိုး (သို့) နံရပ်ကပ် အရပ်တိုင်းမျဉ်းလေးရှိရင် ပုံမှန် ဝိတ်ချိန်၊ အရပ်တိုင်းပြီး မှတ်သားခိုင်း၊ နောက်ကာလတွေမှာလည်း ဆက်လုပ်ပြီး တစ်ခါနဲ့ တစ်ခါ ပြောင်းလဲလာတဲ့ အပြောင်းအလဲကို အဖြေရှာခိုင်းတာမျိုးလုပ်လို့ရပါတယ်။ သင်္ချာဆိုတာ လက်တွေ့ဘဝထဲမှာ ရှိပါတယ်။ အရင်စာတွေမှာ ကျွန်မမောင်ကို ဈေးဖိုးတွက်ခိုင်းတာ၊ တစ်နေ့တာ ကုန်ကျစရိတ်တွက်ခိုင်းတာတွေလုပ်ရင်း သင်္ချာသင်တယ်ဆိုတဲ့ ဥပမာလည်း ပေးထားတာရှိပါတယ်။
၃) ပတ်ဝန်းကျင်က ပုံစံတွေ၊ ပုံသဏ္ဍာန်တွေလေ့လာပါ။
ဂြီသြမေတြီဆိုင်ရာ ပုံသဏ္ဍာန်တွေသင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ပတ်ဝန်းကျင်က ပုံသဏ္ဍာန်တွေကို သိရှိပြီး သူတို့ရဲ့ ချိတ်ဆက်ပုံတွေကို နားလည်ဖို့ပါ။ ကလေးတွေကို တြိဂံ၊ စတုရန်း၊ ထောင့်မှန်စတုဂံ စတာတွေကို ရုပ်ပုံတွေနဲ့တင် မဟုတ်ဘဲ လက်တွေ့ နဲ့ ချိတ်ဆက်ပေးပါ။ အိမ်တွေမှာ ရှိနေတဲ့ပစ္စည်းတွေရဲ့ ပုံသဏ္ဍာန်တွေနဲ့ ဘာကြောင့် အဲဒီ့ပုံသဏ္ဍာန်ကို ထားရှိရတာလဲ ဆိုတာ တွေ နားလည်ဖို့လိုပါတယ်။ ဆိုလိုချင်တာက – ခေါင်မိုးတွေမှာဘာလို့ တြိဂံဆန်ဆန် ပုံစံမျိုးထားကြတာလဲ။ ဆိုတဲ့ မေးခွန်းမျိုးမေးပါ။ အဲဒီ့အခါ ကလေးတွေက ဂြီသြမေတြီဆိုင်ရာ ပုံသဏ္ဍာန်တွေက ရာသီဥတုအလိုက်၊ အခြေအနေအလိုက်၊ အသုံးပြုပုံအလိုက် ပြောင်းလဲ အသုံးပြုကြရတယ်၊ ပေါင်းစပ်အသုံးပြုကြတယ်ဆိုတာ ပိုနားလည်လာနိုင်ပါတယ်။
ကစားနည်းတစ်ခုက – ကလေးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးကို ပေးထားပြီး ပစ္စည်းလေးတွေ အသစ် တည်ဆောက်ခိုင်းနိုင်ပါတယ်။ ဘာကြောင့် ဘယ်ပုံသဏ္ဍာန်ကို ဘယ်နေရာမှာ အသုံးပြုတယ်ဆိုတာလဲ မေးဖို့ မမေ့ပါနဲ့နော်။
သင်္ချာသင်တဲ့အခါ Worksheets တွေ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Worksheets တွေ၊ ဖတ်စာစာအုပ်ထဲက သင်ခန်းစာတွေပဲ လေ့လာတာမဟုတ်ဘဲ လက်တွေ့နဲ့ ချိတ်ဆက်တဲ့ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ သင်ကြားနည်းစနစ်တွေ အသုံးပြုရင် သင်္ချာက ပျော်စရာကောင်းတဲ့ ဘာသာရပ်အဖြစ် မြင်နိုင်လာမှာပါ။
ပျော်ရွှင်သော သင်္ချာသင်ကြားမှုနည်းလမ်းများ အသုံးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
photo credit – https://www.aliexpress.com/i/4000054592120.html
[ Zawgyi ]
အရင္တပတ္က သခၤ်ာသင္တဲ့အခါ ထည့္သြင္းစဥ္းစားရမယ့္ အရာေတြနဲ႔ သခၤ်ာဆိုတာ ဘာလဲဆိုတာကို ရွင္းျပခဲ့ၿပီးပါၿပီ။ မဖတ္ရေသးရင္ -https://bit.ly/3jpGrib ဒီလင့္ခ္မွာ ဝင္ေရာက္ ဖတ္ရႈနိုင္ပါတယ္။
သခၤ်ာဘာသာရပ္ရဲ့ အႏွစ္သာရကို အခ်ဳပ္အားျဖင့္ ျပန္လည္ မၽွေဝရရင္ –
၁) သခၤ်ာဆိုတာ ျဖစ္စဥ္ေတြရဲ့ ပုံစံေတြနဲ႔ ဆက္စပ္ပုံေတြကို ေလ့လာျခင္းျဖစ္တယ္။
၂) သခၤ်ာဆိုတာ စဥ္းစားနည္း တစ္မ်ိဳးျဖစ္တယ္။
၃) သခၤ်ာဆိုတာ စည္းခ်က္ညီတဲ့ အစီစဥ္က်နတဲ့ အႏုပညာရပ္တစ္ခုျဖစ္တယ္။
၄) သခၤ်ာဆိုတာက တိတိက်က် ေသေသခ်ာခ်ာ ေရြးခ်ယ္ထားတဲ့ သေကၤတေတြနဲ႔ အသုံးအႏႈန္းေတြ စုစည္းထားတဲ့ ဘာသာစကားတစ္ခုလည္း ျဖစ္တယ္။
၅) သခၤ်ာဆိုတာ အသုံးဝင္တဲ့ ပစၥည္း ကိရိယာ တစ္ခုျဖစ္တယ္။
ဒါေၾကာင့္ သခၤ်ာကို သင္ဖို႔ စဥ္းစားတဲအခါမွာ ေပါင္းႏႈတ္ေျမႇာက္စား ပုစၧာေတြကို တြက္တတ္႐ုံေလာက္ပဲ သင္ေပးလို႔ မရပါဘူး။ သခၤ်ာဂဏန္းေတြနဲ႔ ပုံသ႑ာန္ေတြေနာက္ကြယ္က ဆက္စပ္မႈေတြ၊ အေတြးအေခၚေတြနဲ႔ ဆင္ျခင္စဥ္းစားမႈပုံစံေတြကိုလည္း သင္ေပးဖို႔လိုပါတယ္။
ကၽြန္မေက်ာင္းတက္ေတာ့ ကၽြန္မတို႔က မူလတန္းကေလးေတြကို ျပန္သင္ၾကားၾကမွာမို႔ ကေလးေတြ သင္ရတဲ့ သခၤ်ာေတြကို သင္ေပးသလို သင္ၾကားပုံေတြကိုလည္း သင္ေပးပါတယ္။ သင္ခန္းစာတစ္ခုမွာ ဆရာက ကၽြန္မတို႔ကို အေျမႇာက္ပုစၧာတြက္ခိုင္းပါတယ္။ ဂဏန္းကိုေတာ့ ကၽြန္မ ေသခ်ာ မမွတ္မိပါ။ ကၽြန္မက အဲဒီ့ပုစၧာကို ေသခ်ာ ထြက္တတ္ပါတယ္။ ဒါေပမယ့္ ဆရာရဲ့ ေနာက္ဆက္တြဲ ေမးခြန္းက ဘာလို႔ အဲဒီ့လိုတြက္တာလဲ ဆိုတာပါပဲ။ ကၽြန္မတို႔က အေျဖရဖို႔ နည္းလမ္းရွာတဲ့အခါ ဆရာ၊မသင္ေပးတဲ့ နည္းစနစ္အတိုင္း ပုံေသတြက္တာမို႔ ဘာေၾကာင့္ဆိုတဲ့ ေမးခြန္းၾကားတဲ့အခ်ိန္ ကၽြန္မ ဘာေျဖရမွန္းမသိခဲ့ပါဘူး။ ဆရာက ကၽြန္မတို႔ကို ထပ္ၿပီး ရွင္းျပတာက – သခၤ်ာသင္တဲ့အခါ ဘာေၾကာင့္ ဘယ္လို ေျဖရွင္းမႈမ်ိဳးကို အသုံးျပဳၿပီး ေျဖရွင္းရသလဲဆိုတာ စဥ္းစားဖို႔ပါ။ အဲဒီ့အေတြးက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ၊ ေန႔စဥ္ဘဝရဲ့ ျပႆနာေတြကို ေျဖရွင္းရာမွာပါ အေထာက္အကူျပဳမယ္တဲ့။ ကၽြန္မေတာ့ အဲဒီ့သေဘာတရားေတြကို သိပ္သေဘာက်ပါတယ္။ ဒါေၾကာင့္ သခၤ်ာ သင္တဲ့အခါ ပုံေသနည္းကို တစ္ခါတည္း ခ်ျပတာထက္ ပုစၧာတစ္ပုဒ္ကို ခ်ဥ္းကပ္နိုင္တဲ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေျဖရွင္းပုံအမ်ိဳးမ်ိဳးကို ရွာေဖြေစျခင္းက ကေလးကို တြက္ခ်က္နည္း၊ ေျဖရွင္းနည္းအျပင္ စဥ္းစားျခင္းအတတ္ပညာကိုပါ တတ္ေျမာက္ေစပါတယ္။
၁) အေျဖမ်ိဳးစုံရွာခိုင္းပါ။
သခၤ်ာပုစၧာေတြမွာ အေျဖတူနိုင္ေပမယ့္ ခ်ဥ္းကပ္ပုံ၊ တြက္ခ်က္ပုံ မတူနိုင္ပါဘူး။ ဆိုလိုခ်င္တာက – ၁၀ ရဖို႔၊ ၁ ဆယ္ခါေပါင္းနိုင္တယ္၊ ၅ နဲ႔ ၂ နဲ႔ ေျမႇာက္နိုင္တယ္၊ ၇ နဲ႔ ၃ နဲ႔ ေပါင္းနိုင္တယ္၊ ၁၀၀ ကို ၁၀နဲ႔ စားနိုင္တယ္…. စသျဖင့္ အမ်ားႀကီးပါ။ ဒါေၾကာင့္ ကေလးကို သင္တဲ့အခါ အေျဖရနိုင္ေျခရွိတဲ့ နည္းလမ္း မ်ိဳးစုံကို သုံးခိုင္းပါ။ ၿပီးရင္ နည္းလမ္းတစ္ခုထပ္ပိုရွိရဲ့သားနဲ႔ ဘာလို႔ သူေျဖတဲ့အေျဖကို ေျပာလဲဆိုတာကို စဥ္းစားခိုင္းပါ။
လက္ေတြ႕ပစၥည္းေလးေတြ အသုံးျပဳၿပီး ကစားလို႔ရတဲ့ ကစားနည္းတစ္ခုက – ကေလးေတြကို အရပ္တိုင္းဖို႔ လွဲအိပ္ခိုင္းပါ။ ႏွစ္ေယာက္ရွိရင္ တစ္ေယာက္ကို စမွတ္နဲ႔ ဆုံးမွတ္နဲ႔ မွတ္ၿပီး အစအဆုံး အရွည္ကို တြက္ခိုင္းပါ။ တြက္တဲ့အခါ သမားရိုးက် ေပႀကိဳးေတြနဲ႔မဟုတ္ဘဲ ရွိတဲ့ ပစၥည္းေတြနဲ႔တိုင္းခိုင္းပါ။ ဥပမာ- သူ႔အရပ္က ပဲေတာင့္ရွည္ (၅)ေခ်ာင္းနဲ႔ ညီမၽွတယ္၊ ဒါမွမဟုတ္၊ ဖတ္စာစာအုပ္ ၁၀ အုပ္နဲ႔ ညီမၽွတယ္၊ ဒါမွမဟုတ္၊ ပဲေစ့ေပါင္း အေစ့ ၁၀၀နဲ႔ ညီမၽွတယ္ဆိုတာမ်ိဳးေပါ့။
၂) လက္ေတြ႕ဘဝထဲက လုပ္ငန္းေတြကို အေျချပဳပါ။
ထင္သာျမင္သာ ရွိလွတဲ့ သခၤ်ာတြက္ရတဲ့ လုပ္ငန္းေတြ ေန႔စဥ္ဘဝမွာရွိပါတယ္။ အသိသာဆုံးက အိမ္စရိတ္တြက္ခ်က္တာ၊ ေဈးဝယ္တာ၊ ေရတြက္တာ စသျဖင့္ေပ့ါ။ ဟင္းခ်က္တဲ့အခါ အသုံးျပဳတဲ့ ပစၥည္းေတြရဲ့ အေလးခ်ိန္၊ အခ်ိဳးခ်မႈ၊ ကုန္က်မႈ၊ ၾကာခ်ိန္ စတာေတြကေန သခၤ်ာကို ခ်ိတ္ဆက္သင္ေပးပါ။ ငယ္တဲ့ကေလးေတြဆိုရင္ အဝတ္ေခါက္ရင္း ျဖစ္ျဖစ္၊ အ႐ုပ္ေတြနဲ႔ကစားရင္းျဖစ္ျဖစ္၊ ၁ ၂ ၃ ၄ ေရတြက္ျခင္းကို သင္ေပးနိုင္တယ္။ ေပါင္ခ်ိန္စက္ ရွိခဲ့ရင္၊ အရပ္တိုင္းတဲ့ ေပႀကိဳး (သို႔) နံရပ္ကပ္ အရပ္တိုင္းမ်ဥ္းေလးရွိရင္ ပုံမွန္ ဝိတ္ခ်ိန္၊ အရပ္တိုင္းၿပီး မွတ္သားခိုင္း၊ ေနာက္ကာလေတြမွာလည္း ဆက္လုပ္ၿပီး တစ္ခါနဲ႔ တစ္ခါ ေျပာင္းလဲလာတဲ့ အေျပာင္းအလဲကို အေျဖရွာခိုင္းတာမ်ိဳးလုပ္လို႔ရပါတယ္။ သခၤ်ာဆိုတာ လက္ေတြ႕ဘဝထဲမွာ ရွိပါတယ္။ အရင္စာေတြမွာ ကၽြန္မေမာင္ကို ေဈးဖိုးတြက္ခိုင္းတာ၊ တစ္ေန႔တာ ကုန္က်စရိတ္တြက္ခိုင္းတာေတြလုပ္ရင္း သခၤ်ာသင္တယ္ဆိုတဲ့ ဥပမာလည္း ေပးထားတာရွိပါတယ္။
၃) ပတ္ဝန္းက်င္က ပုံစံေတြ၊ ပုံသ႑ာန္ေတြေလ့လာပါ။
ၿဂီၾသေမႀတီဆိုင္ရာ ပုံသ႑ာန္ေတြသင္ရတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုက ပတ္ဝန္းက်င္က ပုံသ႑ာန္ေတြကို သိရွိၿပီး သူတို႔ရဲ့ ခ်ိတ္ဆက္ပုံေတြကို နားလည္ဖို႔ပါ။ ကေလးေတြကို ႀတိဂံ၊ စတုရန္း၊ ေထာင့္မွန္စတုဂံ စတာေတြကို ႐ုပ္ပုံေတြနဲ႔တင္ မဟုတ္ဘဲ လက္ေတြ႕ နဲ႔ ခ်ိတ္ဆက္ေပးပါ။ အိမ္ေတြမွာ ရွိေနတဲ့ပစၥည္းေတြရဲ့ ပုံသ႑ာန္ေတြနဲ႔ ဘာေၾကာင့္ အဲဒီ့ပုံသ႑ာန္ကို ထားရွိရတာလဲ ဆိုတာ ေတြ နားလည္ဖို႔လိုပါတယ္။ ဆိုလိုခ်င္တာက – ေခါင္မိုးေတြမွာဘာလို႔ ႀတိဂံဆန္ဆန္ ပုံစံမ်ိဳးထားၾကတာလဲ။ ဆိုတဲ့ ေမးခြန္းမ်ိဳးေမးပါ။ အဲဒီ့အခါ ကေလးေတြက ၿဂီၾသေမႀတီဆိုင္ရာ ပုံသ႑ာန္ေတြက ရာသီဥတုအလိုက္၊ အေျခအေနအလိုက္၊ အသုံးျပဳပုံအလိုက္ ေျပာင္းလဲ အသုံးျပဳၾကရတယ္၊ ေပါင္းစပ္အသုံးျပဳၾကတယ္ဆိုတာ ပိုနားလည္လာနိုင္ပါတယ္။
ကစားနည္းတစ္ခုက – ကေလးေတြကို ပုံသ႑ာန္အမ်ိဳးမ်ိဳးကို ေပးထားၿပီး ပစၥည္းေလးေတြ အသစ္ တည္ေဆာက္ခိုင္းနိုင္ပါတယ္။ ဘာေၾကာင့္ ဘယ္ပုံသ႑ာန္ကို ဘယ္ေနရာမွာ အသုံးျပဳတယ္ဆိုတာလဲ ေမးဖို႔ မေမ့ပါနဲ႔ေနာ္။
သခၤ်ာသင္တဲ့အခါ Worksheets ေတြ အသုံးျပဳနိုင္ပါတယ္။ ဒါေပမယ့္ Worksheets ေတြ၊ ဖတ္စာစာအုပ္ထဲက သင္ခန္းစာေတြပဲ ေလ့လာတာမဟုတ္ဘဲ လက္ေတြ႕နဲ႔ ခ်ိတ္ဆက္တဲ့ ပိုၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ သင္ၾကားနည္းစနစ္ေတြ အသုံးျပဳရင္ သခၤ်ာက ေပ်ာ္စရာေကာင္းတဲ့ ဘာသာရပ္အျဖစ္ ျမင္နိုင္လာမွာပါ။
ေပ်ာ္ရႊင္ေသာ သခၤ်ာသင္ၾကားမႈနည္းလမ္းမ်ား အသုံးျပဳနိုင္ၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
photo credit – https://www.aliexpress.com/i/4000054592120.html