[ Unicode ]

ပြောင်းလဲလာတဲ့ ခေတ်နဲ့ အညီ လူမှုကွန်ယက် သုံးစွဲမှု၊ အင်တာနက်သုံးစွဲမှု ပိုမိုများပြားလာပါပြီ။
အထူးသဖြင့် လူမှုကွန်ယက် သုံးစွဲမှု (Social Media) ပိုများတာပါ။ လူမှုကွန်ယက်ထဲမှာမှ Facebook သုံးစွဲမှု အများဆုံးပါပဲ။ ဒီတော့ ဒီအပတ်မှာ ကျွန်မတို့ ပညာရေးသမားတွေ၊ မိဘတွေ၊ ကျောင်းသားတွေ အနေနဲ့ လူမှုကွန်ယက်အသုံးပြုတဲ့အခါ သတိပြုစရာလေးတွေကို မျှဝေပေးချင်ပါတယ်။

အချို့ဆရာ၊မတွေ၊ ခေါင်းဆောင်တွေက လူမှုကွန်ယက်ကို အပျော်သုံးကြပါတယ်။ လုပ်ငန်းခွင်မှာ အရမ်းတော်၊ အရမ်းထက် တယ်။ လူမှုကွန်ယက်ပေါ်မှာ ပျော်စရာစကားတွေ၊ စနောက်မှုတွေပဲ တင်တယ်ဆိုတဲ့သူတွေရှိပါတယ်။ အချို့က လူမှုကွန်ယက်ကို ကိုယ့်ရဲ့ ဂုဏ်ပုဒ်ရုပ်ပုံ (Brand image)ကို တည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီး လူလေးစားစေမယ့်၊ လူအထင်ကြီးစေမယ့် ပို့စ်တွေပဲတင်ပါတယ်။ အချို့က သွားနိုင်၊လာနိုင်၊စားနိုင်ကြောင်း၊ ပဲပေးနိုင်ကြောင်းပြနိုင်ဖို့ ပုံအလွန်တင်ပါတယ်။ ဆိုလိုချင်တာက ရည်ရွယ်ချက်မျိုးစုံနဲ့ ကျွန်မတို့တွေက လူမှုကွန်ယက်ကို သုံးကြပါတယ်။ ကွန်ယက်ဆိုတဲ့အတိုင်း ချိတ်ဆက်နေတဲ့သဘောဖြစ်လို့ တစ်ယောက်နဲ့သိရင် နောက်တစ်ယောက်မက သိဖို့ မခက်ခဲပါဘူး။ ကောင်းတာဆိုလည်း ဟုတ်တယ်၊ မကောင်းတာဆိုလည်း ဟုတ်ပါတယ်။ ကျွန်မတို့ လူမှုကွန်ယက်ပေါ်မှာ သူငယ်ချင်း၊မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ အခြား သိသူ၊မသိသူတွေအများကြီး ပါနိုင်ပါတယ်။

ကျောင်းသားများနှင့် လူမှုကွန်ယက်တွင် မချိတ်ဆက်ရ စည်းမျဉ်း —- မြန်မာနိုင်ငံမှာ ပညာရေးသမား (ဆရာ၊မ)တွေကို ဘယ်သူတွေနဲ့ အွန်လိုင်းမှာ သူငယ်ချင်း လုပ်ခွင့် ရှိတယ်၊မရှိဘူးဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် တော်တော်များများနိုင်ငံတွေမှာ ဆရာ၊မတွေဟာ ကျောင်းသား၊ကျောင်းသူတွေ၊ ကျောင်းသား မိဘတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ဆက်သွယ်ခြင်း၊ သူငယ်ချင်းလုပ်ခြင်း မပြုလုပ်ရပါဘူး။ တင်းတင်းကြပ်ကြပ် ချမှတ်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။ လူမှုကွန်ယက်ဆိုတာ လူတွေ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအချက်အလက်တွေတင်တဲ့နေရာဖြစ်တယ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဗရုတ်ကျချင်လည်း ကျမယ်၊ ကိုယ့်လုပ်ငန်းနဲ့ မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာတွေလည်း တင်မယ်။ ဆိုတော့ ကိုယ်တင်ချင်တာတင်တဲ့အခါ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တာတွေ၊ လုပ်ငန်းခွင်မှာ ထားရှိရတဲ့ အပြုအမူတွေ၊ ထိန်းသိမ်းရမယ့် ကျင့်ဝတ်တွေကို မပြသနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီ့အတွက် ဆရာ၊မတွေရဲ့ ကိုယ်ရေးကိုယ်တာတင်တဲ့ လူမှုကွန်ယက်မှာ ကျောင်းသား၊သူတွေနဲ့ သူငယ်ချင်းလုပ်ခွင့်မရှိပါဘူး။

မြန်မာနိုင်ငံ အွန်လိုင်းပေါ်မှာ ပို့စ်အချို့ —- ဒီမှာ ကျွန်မ ကြုံဖူးသလောက် မြန်မာပြည်မှာ ကလးတွေ၊ မိဘတွေတော်တော်များများက သူတို့ ဆရာ၊မတွေနဲ့ အွန်လိုင်းမှာ အသိမိတ်ဆွေတွေဖြစ်ကြပါတယ်။ အားလုံက တူညီတဲ့ လူမှုကွန်ယက်ကိုပဲ အသုံးပြုတတ်ကြတာကိုး။ အဲဒီ့အခါ အွန်လိုင်းပေါ်မှာ ဆရာ၊မတွေကလည်း ကိုယ်ရေးကိုယ်တာတွေ (ချစ်ရေးချစ်ရာ)တွေအပြင် တစ်ခါတစ်လေမှာ ကလေးတွေများ မပြောသင့်တဲ့ စကား ကြမ်းတာတွေ၊ ရိုင်းတာတွေ ထည့်သွင်း ကွန်းမန့်ပေးတာ၊ ပို့စ်တင်ကြတာတွေကို မြင်ရပါတယ်။ ဆရာ၊မတွေဟာ ကျောင်းတွေ၊ စာသင်ခန်းတွေမှာ ကလေးတွေကို ဘာတွေ လုပ်ရမယ်၊ ဘာတွေ မလုပ်ရဘူးဆိုတာ ဆုံးမရပါတယ်။ တစ်ခါတစ်လေမှာ မလုပ်ရဘူးလို့ဆိုပြီး သင်ထားတဲ့ အရာတွေ လုပ်နေတဲ့ ပုံတွေ တင်တာမျိုးတွေလည်း မြင်ဖူးပါတယ်။ အဲဒီ့အခါ ကလေးတွေက ဆရာ၊မတွေ အပေါ် ထားတဲ့ ယုံကြည်မှု၊ လေးစားမှု၊ အလေးထားမှု တွေလျော့နည်းပါတယ်။

ကျွန်မတို့ မမေ့ရမှာက —– မျက်လုံးများစွာက ကျွန်မတို့ကို ကြည့်နေတာပါ။ သူက ဘယ်လို လူမျိုးလဲ။ ပို့စ်တွေကို ကြည့်ပြီး အကဲခတ်ကြတယ်။ ကောက်ချက်ချကြတယ်။ သုံးသပ်ဝေဖန်ကြပါတယ်။ ဆရာ၊မတွေဆိုတာ အလေးစားခံရဆုံးသူတွေရဲ့ စာရင်းထဲမှာ ပါပါတယ်။ အဲဒီ့အတွက် လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်က ဆရာ၊မ တာဝန်ယူထားသူက အဖက်ဖက်က လေးစားထိုက်တဲ့ ဂုဏ်ဒြပ်နဲ့ညီလားဆိုတာကို အမြဲဆန်းစစ်နေပါတယ်။ အမြဲကြည့်နေပါတယ်။ ဒါကြောင့်လည်း ဆရာ၊မတွေ တစ်ခုခုလွဲရင် ထောက်ပြတဲ့သူ၊ပြောဆိုတဲ့သူများတာပါ။ ဒီတော့ ကျွန်မတို့ ဆရာ၊မတွေအနေနဲ့ လူမှုကွန်ယက်မှာ ဘယ်သူတွေနဲ့ သူငယ်ချင်းလုပ်မယ်၊ ဘယ်လို ပို့စ်တွေ တင်မယ်ဆိုတာကို စဉ်းစားသင့်ပါတယ်။

ပို့စ်ရွေးချယ်မှု —- ကျောင်းမှာ စာသင်နေတဲ့ သူမဟုတ်ဘဲ အခြားလုပ်ငန်းခွင်က လူဆိုရင်လည်း သတိထားရမှာပါ။
ကိုယ်တင်တဲ့ပို့စ်က၊ ကိုယ့်လုပ်ငန်းလုပ်ဖက်တွေကို စိတ်အနှောင့်အယှက်ပေးတာတွေ၊ စောင်းမြောင်းရေးသားတာတွေ၊ အများရှေ့မှာ ဝေဖန်မှုအဖြစ် သက်ရောက်တာတွေဟာ Professional မဆန်သော လုပ်ရပ်အဖြစ် သတ်မှတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ အဆင်မပြေတာဟာ လုပ်ငန်းခွင်မှာ နည်းလမ်းတကျ ရှင်းဖို့လိုပါတယ်။ လူမှုကွန်ယက်မှာ တင်တာတွေက ကိုယ့်အဖွဲ့အစည်းရဲ့ သိက္ခာကို ကျစေနိုင်သလို၊ ပို့စ်တင်သူရဲ့ အကျင့်ကို မြင်သာစေပါတယ်။ ကျွန်မဆို လူတစ်ယောက်နဲ့ ခင်တဲ့အခါ သူတို့ Share လုပ်တဲ့ ပို့စ်တွေကိုပါမြင်ရပါတယ်။ သူကတော့ ဘယ်လိုအရာတွေကို Share လုပ်လဲ။ ငွေရမယ် Share လုပ်ပါဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ ပို့စ်မျိုးတွေ ခဏခဏ ရှဲလုပ်တဲ့သူဆို unfollow လုပ်လိုက်မိတယ်။ တန်ဖိုးမရှိတာတွေကြောင့် ကျွန်မအချိန်မကုန်ချင်လို့ပါ။ ဒီလိုပါပဲ၊ ကျွန်မတို့တင်တဲ့ ပို့စ်တွေတင်မဟုတ်ဘူး ကျွန်မတို့ ရှဲလိုက်တဲ့အရာတွေကလည်း ကျွန်မတို့ရဲ့ စိတ်ဝင်စားမှု၊ စိတ်နေသဘောထား၊ အကျင့်၊နဲ့ ကျွန်မတို့ ပုံရိပ်ကို ထင်ဟပ်စေတာပါပဲ။ ဒါကြောင့် ပို့စ်တင်ဖို့ စဉ်းစားတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း ထင်ဟပ်စေတာ၊ သူများကို မထိခိုက်စေတာမျိုးတွေဖြစ်ဖို့ လိုပါတယ်။

နောက်အရေးကြီးဆုံး ကျွန်မတို့ သတိပြုရမှာက —– ကျောင်းသား၊ကျောင်းသူ တွေဟာ အများအားဖြင့် ၁၈ နှစ်အောက်တွေဖြစ်ကြပါတယ။် အထိခိုက်ခံရနိုင်ဆုံး၊ အနိုင်ကျင့်ခံရလွယ်ဆုံး အရွယ်တွေဖြစ်ကြပါတယ်။ အခုအချိန် ကလေးတွေ အနားမှာ ရှိတဲ့ ဘယ်သူ့ကိုမှ မယုံပါနဲ့လို့ ပြောရလောက်အောင် စာရိတ္တပျက်ပြားသူတွေလည်း ရှိလာပါတယ်။ လူချင်းမနီးပေမယ့် အွန်လိုင်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ ဖျားယောင်းမှုတွေ၊ ငွေညှစ်အနိုင်ကျင့်မှုတွေလည်း အများကြီးရှိလာပါတယ်။ ဒါကြောင့် ၁၈ နှစ်အောက် ကလေးတွေ လူမှုကွန်ယက် အသုံးပြုတဲ့အခါ သတိနဲ့ သုံးဖို့၊ စဉ်းစားပြီးသုံးဖို့၊ လူတိုင်းကို မယုံဖို့ ကျွန်မတို့တွေက သင်ပေးဖို့လိုပါတယ်။ ဆရာ၊မတွေအနေနဲ့ တတ်နိုင်သလောက် လူမှုကွန်ယက်ကနေ ကလေးတွေနဲ့ အချိန်မတော် စကားပြောတာတွေ၊ ပညာရေးပြင်ပ စကားတွေပြောတာတွေမှာ သတိထားဖို့လိုပါတယ်။ ကလေးတွေကို အွန်လိုင်းမှာ လုံခြုံစွာ အသုံးပြုတတ်ဖို့ ကျွန်မတို့ သင်ပေးဖို့လိုပါတယ်။

အချုပ်မှာ ကျွန်မဝေမျှချင်တာကတော့ ကျွန်မတို့ ဆရာ၊မတွေဟာ အရေးကြီးတဲ့ မျိုးဆက်သစ်တွေရဲ့ လမ်းပြကြယ်တွေဖြစ်ကြတာမို့ ကျွန်မတို့ရဲ့ သင်ကြားရေးတာဝန်တွေကို ထိရောက်စွာ တာဝန်ယူနိုင်ဖို့ လိုသလို ကျွန်မတို့ရဲ့ စိတ်နေမြင့်မှုကလည်း ကိုယ်ပိုင်ဘဝမှာရော၊ လူမှုကွန်ယက်ပေါ်မှာရော ထင်ဟပ်နေဖို့လိုပါတယ်။

ပျော်ရွှင်စွာနဲ့ ကွန်ယက်ချိတ်ဆက် အသုံးပြုနိုင်ကြပါစေ။ အဆိပ်တောက်ပါတဲ့ ပို့စ်တွေကင်းသော Facebook Account ပိုင်ရှင်များ ဖြစ်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

[ Zawgyi ]

ေျပာင္းလဲလာတဲ့ ေခတ္နဲ႔ အညီ လူမႈကြန္ယက္ သုံးစြဲမႈ၊ အင္တာနက္သုံးစြဲမႈ ပိုမိုမ်ားျပားလာပါၿပီ။
အထူးသျဖင့္ လူမႈကြန္ယက္ သုံးစြဲမႈ (Social Media) ပိုမ်ားတာပါ။ လူမႈကြန္ယက္ထဲမွာမွ Facebook သုံးစြဲမႈ အမ်ားဆုံးပါပဲ။ ဒီေတာ့ ဒီအပတ္မွာ ကၽြန္မတို႔ ပညာေရးသမားေတြ၊ မိဘေတြ၊ ေက်ာင္းသားေတြ အေနနဲ႔ လူမႈကြန္ယက္အသုံးျပဳတဲ့အခါ သတိျပဳစရာေလးေတြကို မၽွေဝေပးခ်င္ပါတယ္။

အခ်ိဳ႕ဆရာ၊မေတြ၊ ေခါင္းေဆာင္ေတြက လူမႈကြန္ယက္ကို အေပ်ာ္သုံးၾကပါတယ္။ လုပ္ငန္းခြင္မွာ အရမ္းေတာ္၊ အရမ္းထက္ တယ္။ လူမႈကြန္ယက္ေပၚမွာ ေပ်ာ္စရာစကားေတြ၊ စေနာက္မႈေတြပဲ တင္တယ္ဆိုတဲ့သူေတြရွိပါတယ္။ အခ်ိဳ႕က လူမႈကြန္ယက္ကို ကိုယ့္ရဲ့ ဂုဏ္ပုဒ္႐ုပ္ပုံ (Brand image)ကို တည္ေဆာက္ဖို႔အတြက္ ရည္ရြယ္ၿပီး လူေလးစားေစမယ့္၊ လူအထင္ႀကီးေစမယ့္ ပို႔စ္ေတြပဲတင္ပါတယ္။ အခ်ိဳ႕က သြားနိုင္၊လာနိုင္၊စားနိုင္ေၾကာင္း၊ ပဲေပးနိုင္ေၾကာင္းျပနိုင္ဖို႔ ပုံအလြန္တင္ပါတယ္။ ဆိုလိုခ်င္တာက ရည္ရြယ္ခ်က္မ်ိဳးစုံနဲ႔ ကၽြန္မတို႔ေတြက လူမႈကြန္ယက္ကို သုံးၾကပါတယ္။ ကြန္ယက္ဆိုတဲ့အတိုင္း ခ်ိတ္ဆက္ေနတဲ့သေဘာျဖစ္လို႔ တစ္ေယာက္နဲ႔သိရင္ ေနာက္တစ္ေယာက္မက သိဖို႔ မခက္ခဲပါဘူး။ ေကာင္းတာဆိုလည္း ဟုတ္တယ္၊ မေကာင္းတာဆိုလည္း ဟုတ္ပါတယ္။ ကၽြန္မတို႔ လူမႈကြန္ယက္ေပၚမွာ သူငယ္ခ်င္း၊မိတ္ေဆြေတြ၊ လုပ္ေဖၚကိုင္ဖက္ေတြ၊ အျခား သိသူ၊မသိသူေတြအမ်ားႀကီး ပါနိုင္ပါတယ္။

ေက်ာင္းသားမ်ားႏွင့္ လူမႈကြန္ယက္တြင္ မခ်ိတ္ဆက္ရ စည္းမ်ဥ္း —- ျမန္မာနိုင္ငံမွာ ပညာေရးသမား (ဆရာ၊မ)ေတြကို ဘယ္သူေတြနဲ႔ အြန္လိုင္းမွာ သူငယ္ခ်င္း လုပ္ခြင့္ ရွိတယ္၊မရွိဘူးဆိုတဲ့ ကန႔္သတ္ခ်က္မရွိပါဘူး။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားနိုင္ငံေတြမွာ ဆရာ၊မေတြဟာ ေက်ာင္းသား၊ေက်ာင္းသူေတြ၊ ေက်ာင္းသား မိဘေတြနဲ႔ လူမႈကြန္ယက္ေပၚမွာ ဆက္သြယ္ျခင္း၊ သူငယ္ခ်င္းလုပ္ျခင္း မျပဳလုပ္ရပါဘူး။ တင္းတင္းၾကပ္ၾကပ္ ခ်မွတ္ထားတဲ့ စည္းကမ္း ျဖစ္ပါတယ္။ လူမႈကြန္ယက္ဆိုတာ လူေတြ ကိုယ့္ရဲ့ ကိုယ္ပိုင္ဘဝအခ်က္အလက္ေတြတင္တဲ့ေနရာျဖစ္တယ္၊ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ဗ႐ုတ္က်ခ်င္လည္း က်မယ္၊ ကိုယ့္လုပ္ငန္းနဲ႔ မဆိုင္တဲ့ ကိုယ္ေရးကိုယ္တာေတြလည္း တင္မယ္။ ဆိုေတာ့ ကိုယ္တင္ခ်င္တာတင္တဲ့အခါ လုပ္ငန္းခြင္နဲ႔ မသက္ဆိုင္တာေတြ၊ လုပ္ငန္းခြင္မွာ ထားရွိရတဲ့ အျပဳအမူေတြ၊ ထိန္းသိမ္းရမယ့္ က်င့္ဝတ္ေတြကို မျပသနိုင္တာေတြ ျဖစ္နိုင္ပါတယ္။ အဲဒီ့အတြက္ ဆရာ၊မေတြရဲ့ ကိုယ္ေရးကိုယ္တာတင္တဲ့ လူမႈကြန္ယက္မွာ ေက်ာင္းသား၊သူေတြနဲ႔ သူငယ္ခ်င္းလုပ္ခြင့္မရွိပါဘူး။

ျမန္မာနိုင္ငံ အြန္လိုင္းေပၚမွာ ပို႔စ္အခ်ိဳ႕ —- ဒီမွာ ကၽြန္မ ၾကဳံဖူးသေလာက္ ျမန္မာျပည္မွာ ကလးေတြ၊ မိဘေတြေတာ္ေတာ္မ်ားမ်ားက သူတို႔ ဆရာ၊မေတြနဲ႔ အြန္လိုင္းမွာ အသိမိတ္ေဆြေတြျဖစ္ၾကပါတယ္။ အားလုံက တူညီတဲ့ လူမႈကြန္ယက္ကိုပဲ အသုံးျပဳတတ္ၾကတာကိုး။ အဲဒီ့အခါ အြန္လိုင္းေပၚမွာ ဆရာ၊မေတြကလည္း ကိုယ္ေရးကိုယ္တာေတြ (ခ်စ္ေရးခ်စ္ရာ)ေတြအျပင္ တစ္ခါတစ္ေလမွာ ကေလးေတြမ်ား မေျပာသင့္တဲ့ စကား ၾကမ္းတာေတြ၊ ရိုင္းတာေတြ ထည့္သြင္း ကြန္းမန႔္ေပးတာ၊ ပို႔စ္တင္ၾကတာေတြကို ျမင္ရပါတယ္။ ဆရာ၊မေတြဟာ ေက်ာင္းေတြ၊ စာသင္ခန္းေတြမွာ ကေလးေတြကို ဘာေတြ လုပ္ရမယ္၊ ဘာေတြ မလုပ္ရဘူးဆိုတာ ဆုံးမရပါတယ္။ တစ္ခါတစ္ေလမွာ မလုပ္ရဘူးလို႔ဆိုၿပီး သင္ထားတဲ့ အရာေတြ လုပ္ေနတဲ့ ပုံေတြ တင္တာမ်ိဳးေတြလည္း ျမင္ဖူးပါတယ္။ အဲဒီ့အခါ ကေလးေတြက ဆရာ၊မေတြ အေပၚ ထားတဲ့ ယုံၾကည္မႈ၊ ေလးစားမႈ၊ အေလးထားမႈ ေတြေလ်ာ့နည္းပါတယ္။

ကၽြန္မတို႔ မေမ့ရမွာက —– မ်က္လုံးမ်ားစြာက ကၽြန္မတို႔ကို ၾကည့္ေနတာပါ။ သူက ဘယ္လို လူမ်ိဳးလဲ။ ပို႔စ္ေတြကို ၾကည့္ၿပီး အကဲခတ္ၾကတယ္။ ေကာက္ခ်က္ခ်ၾကတယ္။ သုံးသပ္ေဝဖန္ၾကပါတယ္။ ဆရာ၊မေတြဆိုတာ အေလးစားခံရဆုံးသူေတြရဲ့ စာရင္းထဲမွာ ပါပါတယ္။ အဲဒီ့အတြက္ လူတိုင္းက ကိုယ့္ပတ္ဝန္းက်င္က ဆရာ၊မ တာဝန္ယူထားသူက အဖက္ဖက္က ေလးစားထိုက္တဲ့ ဂုဏ္ျဒပ္နဲ႔ညီလားဆိုတာကို အျမဲဆန္းစစ္ေနပါတယ္။ အျမဲၾကည့္ေနပါတယ္။ ဒါေၾကာင့္လည္း ဆရာ၊မေတြ တစ္ခုခုလြဲရင္ ေထာက္ျပတဲ့သူ၊ေျပာဆိုတဲ့သူမ်ားတာပါ။ ဒီေတာ့ ကၽြန္မတို႔ ဆရာ၊မေတြအေနနဲ႔ လူမႈကြန္ယက္မွာ ဘယ္သူေတြနဲ႔ သူငယ္ခ်င္းလုပ္မယ္၊ ဘယ္လို ပို႔စ္ေတြ တင္မယ္ဆိုတာကို စဥ္းစားသင့္ပါတယ္။

ပို႔စ္ေရြးခ်ယ္မႈ —- ေက်ာင္းမွာ စာသင္ေနတဲ့ သူမဟုတ္ဘဲ အျခားလုပ္ငန္းခြင္က လူဆိုရင္လည္း သတိထားရမွာပါ။
ကိုယ္တင္တဲ့ပို႔စ္က၊ ကိုယ့္လုပ္ငန္းလုပ္ဖက္ေတြကို စိတ္အေႏွာင့္အယွက္ေပးတာေတြ၊ ေစာင္းေျမာင္းေရးသားတာေတြ၊ အမ်ားေရွ႕မွာ ေဝဖန္မႈအျဖစ္ သက္ေရာက္တာေတြဟာ Professional မဆန္ေသာ လုပ္ရပ္အျဖစ္ သတ္မွတ္ၾကပါတယ္။ လုပ္ငန္းခြင္မွာ အဆင္မေျပတာဟာ လုပ္ငန္းခြင္မွာ နည္းလမ္းတက် ရွင္းဖို႔လိုပါတယ္။ လူမႈကြန္ယက္မွာ တင္တာေတြက ကိုယ့္အဖြဲ႕အစည္းရဲ့ သိကၡာကို က်ေစနိုင္သလို၊ ပို႔စ္တင္သူရဲ့ အက်င့္ကို ျမင္သာေစပါတယ္။ ကၽြန္မဆို လူတစ္ေယာက္နဲ႔ ခင္တဲ့အခါ သူတို႔ Share လုပ္တဲ့ ပို႔စ္ေတြကိုပါျမင္ရပါတယ္။ သူကေတာ့ ဘယ္လိုအရာေတြကို Share လုပ္လဲ။ ေငြရမယ္ Share လုပ္ပါဆိုတဲ့ အဓိပၸါယ္မရွိတဲ့ ပို႔စ္မ်ိဳးေတြ ခဏခဏ ရွဲလုပ္တဲ့သူဆို unfollow လုပ္လိုက္မိတယ္။ တန္ဖိုးမရွိတာေတြေၾကာင့္ ကၽြန္မအခ်ိန္မကုန္ခ်င္လို႔ပါ။ ဒီလိုပါပဲ၊ ကၽြန္မတို႔တင္တဲ့ ပို႔စ္ေတြတင္မဟုတ္ဘူး ကၽြန္မတို႔ ရွဲလိုက္တဲ့အရာေတြကလည္း ကၽြန္မတို႔ရဲ့ စိတ္ဝင္စားမႈ၊ စိတ္ေနသေဘာထား၊ အက်င့္၊နဲ႔ ကၽြန္မတို႔ ပုံရိပ္ကို ထင္ဟပ္ေစတာပါပဲ။ ဒါေၾကာင့္ ပို႔စ္တင္ဖို႔ စဥ္းစားတဲ့အခါ ကိုယ့္ရဲ့ ကိုယ္က်င့္သိကၡာကိုလည္း ထင္ဟပ္ေစတာ၊ သူမ်ားကို မထိခိုက္ေစတာမ်ိဳးေတြျဖစ္ဖို႔ လိုပါတယ္။

ေနာက္အေရးႀကီးဆုံး ကၽြန္မတို႔ သတိျပဳရမွာက —– ေက်ာင္းသား၊ေက်ာင္းသူ ေတြဟာ အမ်ားအားျဖင့္ ၁၈ ႏွစ္ေအာက္ေတြျဖစ္ၾကပါတယ။္ အထိခိုက္ခံရနိုင္ဆုံး၊ အနိုင္က်င့္ခံရလြယ္ဆုံး အရြယ္ေတြျဖစ္ၾကပါတယ္။ အခုအခ်ိန္ ကေလးေတြ အနားမွာ ရွိတဲ့ ဘယ္သူ႔ကိုမွ မယုံပါနဲ႔လို႔ ေျပာရေလာက္ေအာင္ စာရိတၱပ်က္ျပားသူေတြလည္း ရွိလာပါတယ္။ လူခ်င္းမနီးေပမယ့္ အြန္လိုင္းေပၚမွာ လိင္ပိုင္းဆိုင္ရာ ဖ်ားေယာင္းမႈေတြ၊ ေငြညႇစ္အနိုင္က်င့္မႈေတြလည္း အမ်ားႀကီးရွိလာပါတယ္။ ဒါေၾကာင့္ ၁၈ ႏွစ္ေအာက္ ကေလးေတြ လူမႈကြန္ယက္ အသုံးျပဳတဲ့အခါ သတိနဲ႔ သုံးဖို႔၊ စဥ္းစားၿပီးသုံးဖို႔၊ လူတိုင္းကို မယုံဖို႔ ကၽြန္မတို႔ေတြက သင္ေပးဖို႔လိုပါတယ္။ ဆရာ၊မေတြအေနနဲ႔ တတ္နိုင္သေလာက္ လူမႈကြန္ယက္ကေန ကေလးေတြနဲ႔ အခ်ိန္မေတာ္ စကားေျပာတာေတြ၊ ပညာေရးျပင္ပ စကားေတြေျပာတာေတြမွာ သတိထားဖို႔လိုပါတယ္။ ကေလးေတြကို အြန္လိုင္းမွာ လုံျခဳံစြာ အသုံးျပဳတတ္ဖို႔ ကၽြန္မတို႔ သင္ေပးဖို႔လိုပါတယ္။

အခ်ဳပ္မွာ ကၽြန္မေဝမၽွခ်င္တာကေတာ့ ကၽြန္မတို႔ ဆရာ၊မေတြဟာ အေရးႀကီးတဲ့ မ်ိဳးဆက္သစ္ေတြရဲ့ လမ္းျပၾကယ္ေတြျဖစ္ၾကတာမို႔ ကၽြန္မတို႔ရဲ့ သင္ၾကားေရးတာဝန္ေတြကို ထိေရာက္စြာ တာဝန္ယူနိုင္ဖို႔ လိုသလို ကၽြန္မတို႔ရဲ့ စိတ္ေနျမင့္မႈကလည္း ကိုယ္ပိုင္ဘဝမွာေရာ၊ လူမႈကြန္ယက္ေပၚမွာေရာ ထင္ဟပ္ေနဖို႔လိုပါတယ္။

ေပ်ာ္ရႊင္စြာနဲ႔ ကြန္ယက္ခ်ိတ္ဆက္ အသုံးျပဳနိုင္ၾကပါေစ။ အဆိပ္ေတာက္ပါတဲ့ ပို႔စ္ေတြကင္းေသာ Facebook Account ပိုင္ရွင္မ်ား ျဖစ္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ