[ Unicode ]

ကျွန်မတို့တွေ ဂုဏ်သိက္ခာကြီးမားတယ် (Integrity ရှိတယ်)ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ။ ကျွန်မကတော့ အကျင့်သီလသိက္ခာရဲ့ ဂုဏ်လို့တွေးမိတယ်။ ကောင်းသောအလုပ်၊ ကောင်းသောစကား၊ ကောင်းသော သီလရှိခြင်းအပေါ် တန်ဖိုးထားခြင်းဖြစ်တယ်လို့မြင်တယ်။ ကောင်းသော အကျင့်သီလဆိုတာ ကိုယ့်တိုင် ကျင့်ကြံရသလို သူများတွေ ကျင့်ကြံဖို့လည်း တိုက်တွန်းရပါတယ်။

ကျွန်မတို့ လူကြီးမိဘတွေက ကလေးငယ်တွေ၊ လူငယ်တွေကို အကျင့်သီလပိုင်းဆိုင်ရာ အားကောင်းဖို့၊ စိတ်နေမြင့်ကြဖို့၊ လူတော်ရုံမဟုတ် လူကောင်းပါဖြစ်ဖို့ သင်ပြလမ်းညွှန်ကြတာ၊ ကူညီပံ့ပိုးကြတာဟာ သိပ်ကို မင်္ဂလာရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အကျင့်သီလပိုင်း ဘယ်လောက်သင်ထား သင်ထား၊ အကျင့်ပျက်ချစားမှုဟာ ကလေးအရွယ်ကနေ အိုကြီးအိုမထိ ဖြစ်နေကြတာဟာလည်း အမြင်တိုင်းပါပဲ။ ဒါဆို ကျွန်မတို့ စဉ်းစားဖို့လိုပြီ။ ဟိုးဘိုးစဉ်ဘောင်ဆက်ကတည်းက ဆုံးမလမ်းညွှန်လာခဲ့ပေမယ့် အကျင့်စာရိတ္တ၊ အကျင့်သီလပိုင်းမှာ ဘာလို့ အားနည်းလာကြတာလဲ။

အကြောင်းအရင်းတွေ အများကြီးထဲက တစ်ခုကို ဆွေးနွေးရမယ်ဆိုရင် လူကြီးတွေ ကိုယ်တိုင် အကျင့်သီလ မလုံကြလို့ လို့ ပြောချင်ပါတယ်။ ဒါမှမဟုတ် လုံခြုံပါတယ်ဆိုတဲ့ အကျင့်သီလကို ကလေးတွေ မမြင်ရလို့ပေါ့။ ကလေးစိတ်ပညာအရပဲကြည့်ကြည့် ဖွံ့ဖြိုးရေး သီအိုရီတွေ အရပဲ သုံးသပ်သပ်၊ ကလေးတွေဟာ သူတို့ မိသားစု၊ အသိုင်းဝန်း၊ သူတို့ကျင်လည်ရာ နေရာတွေကို မြင်၊ ကြား၊ ခံစား၊ တွေ့ကြုံရင်းကနေ သင်ယူတယ်ဆိုတာပါပဲ။
ဒါကြောင့် ကျွန်မတို့တွေဟာ ကလေးတွေကို နှုတ်ကနေတစ်ဆင့် ကောင်းတာတွေ သင်နေရုံနဲ့ မပြီးပါဘူး။ သူတို့ကိုယ်တိုင် ကောင်းတာတွေကို လက်တွေ့ ကြုံနိုင်ဖို့၊ မြင်နိုင်ဖို့၊ ခံစားနိုင်ဖို့လည်း လိုအပ်ပါတယ်။

ကျွန်မ အခု အင်ဒိုနီးရှားက ဘာလီကျွန်းမှာ Coaching Mastery Retreat လာရင်း ဟောင်ကောင်က Lisa ဆိုတဲ့ သမီး (၂) ယောက် မေမေ နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့တာ။ သူက အိုင်တီနည်းပညာရှင်ဖြစ်တယ်။ Coaching ပညာတွေကိုလည်း အဆက်မပြတ်သင်ယူနေတယ်။ နေ့စဉ်နီးပါး ရေကူး၊ အပြေး၊ စက်ဘီးစီးတဲ့လေ့ကျင့်ခန်းတွေလုပ်တယ်။ နှစ်စဉ် အကြိမ်အရေအတွက် များစွာ ၁၄ နာရီလောက် ပြိုင်ရတဲ့ Ironman (ရေကူး၊ အပြေး၊ စက်ဘီးစီး) ပြိုင်ပွဲကိုလည်း ဝင်ပြိုင်တယ်။ ကျွန်မကလည်း ကလေးတစ်ဖက်၊ ပညာရေးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ဘာလို့ ဒီလို ပြိုင်ပွဲတွေ ဝင်ပြိုင်တာလဲလို့ မေးတော့ သူ့ သမီးတွေအတွက် စံပြ မိခင်ဖြစ်ချင်လို့တဲ့။ သူပြိုင်ပွဲဝင်ဖို့ လေ့ကျင့်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်၊ ဇွဲရှိရတယ်။ စိတ်ခိုင်ရတယ်။ စွန့်စားမှုတွေလုပ်ရတယ်။ အဲဒီ့အရာတွေဟာ ဘဝမှာ လိုအပ်တဲ့ စွမ်းရည်တွေဖြစ်တယ်။ အဲဒီ့အတွက် သူ Ironman ပြိုင်ပွဲအတွက်ပြင်ဆင်ရင်း၊ ပြိုင်နေရင်း ကြုံတာတွေကို ဘယ်လို ဖြတ်သန်းသွားသလဲဆိုတာကို သမီးတွေကို လက်တွေ့မြင်စေချင်လို့ပါတဲ့။ အဲဒီ့ကျော်လွှားနည်းတွေကို ကလေးတွေကို သူ သင်ပေးဖို့အတွက်ရည်ရွယ်ပါတယ်တဲ့။

ကျွန်မကတော့ Lisa ကို အရမ်း လေးစားမိတယ်။ သူဟာ သူ့ သမီးတွေအတွက် ဂုဏ်သိက္ခာကြီးတဲ့ မိခင်လို့ မြင်မိတယ်။ ကောင်းသော သင်ယူမှု၊ ကောင်းသော အကျင့်တွေကို သင်ပေးတဲ့အခါ ကိုယ်တိုင်လည်း လုပ်ပြတယ်၊ ကလေးတွေကိုလည်း မြင်စေတယ်။ Lisa သမီးတွေဟာ သိပ်ကံကောင်းတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာရော အပြောနဲ့ အလုပ်နဲ့ ညီတဲ့ လူကြီးတွေက ကလေးတွေကို အကျင့်သီလကောင်းအောင် အမှန်တစ်ကယ် ပံ့ပိုးနေကြပြီလား။ Lisa သမီးလေးတွေလို့ ကံကောင်းတဲ့ ကလေးတွေ ရှိနေကြပြီလား။

ကလေးတိုင်း ဂုဏ်သိက္ခာကြီးတဲ့ မိဘတွေ ဆရာတွေ အသိုင်းအဝန်းနဲ့ ကြီးပြင်းစေချင်တယ်။ ကလေးကို ချစ်တယ်လို့ပြောရင် ချစ်ခြင်းမေတ္တာကို မြင်စေ၊ ခံစားစေမယ့် လုပ်ရပ်မျိုး ပြစေချင်တယ်။ တော်စေချင်တယ်လို့ ပြောရင် တော်ဖို့အတွက် ပံ့ပိုးမှု၊ အားပေးမှု၊ ကူညီမှုနဲ့ အတူ ကိုယ်တိုင်လည်း တော်အောင် လုပ်နေတယ်ဆိုတာမြင်အောင် ပြရမယ်။ ငါပြောတဲ့အတိုင်းလုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုတာဟာ ဂုဏ်သိက္ခာ သေးသိမ်သော၊ ဂုဏ်သိက္ခာ မရှိသော လူကြီးတွေက အသုံးပြုတယ်လို့ ကျွန်မမြင်တယ်။ ကလေးကအစ အသက်ကြီးသည်အထိ ဂုဏ်သိက္ခာကြီးသော သူတွေဖြစ်စေချင်တယ်။

ဒီနေ့က စလို့ ပြောတဲ့အတိုင်း လုပ်နိုင်အောင်၊ ကောင်းသော အကျင့်သီလကို စောင့်ထိန်းနိုင်အောင် ကြိုးစားခြင်းအားဖြင့် ကလေးတွေအတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးကြရအောင်လေ။

မေတ္တာဖြင့်…..
Sayarma-ဆရာမ

[ Zawgyi ]

ကၽြန္မတို႔ေတြ ဂုဏ္သိကၡာႀကီးမားတယ္ (Integrity ရွိတယ္)ဆိုတာကို ဘယ္လို အဓိပၸါယ္ဖြင့္ၾကသလဲ။ ကၽြန္မကေတာ့ အက်င့္သီလသိကၡာရဲ့ ဂုဏ္လို႔ေတြးမိတယ္။ ေကာင္းေသာအလုပ္၊ ေကာင္းေသာစကား၊ ေကာင္းေသာ သီလရွိျခင္းအေပၚ တန္ဖိုးထားျခင္းျဖစ္တယ္လို႔ျမင္တယ္။ ေကာင္းေသာ အက်င့္သီလဆိုတာ ကိုယ့္တိုင္ က်င့္ႀကံရသလို သူမ်ားေတြ က်င့္ႀကံဖို႔လည္း တိုက္တြန္းရပါတယ္။

ကၽြန္မတို႔ လူႀကီးမိဘေတြက ကေလးငယ္ေတြ၊ လူငယ္ေတြကို အက်င့္သီလပိုင္းဆိုင္ရာ အားေကာင္းဖို႔၊ စိတ္ေနျမင့္ၾကဖို႔၊ လူေတာ္႐ုံမဟုတ္ လူေကာင္းပါျဖစ္ဖို႔ သင္ျပလမ္းညႊန္ၾကတာ၊ ကူညီပံ့ပိုးၾကတာဟာ သိပ္ကို မဂၤလာရွိတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ အက်င့္သီလပိုင္း ဘယ္ေလာက္သင္ထား သင္ထား၊ အက်င့္ပ်က္ခ်စားမႈဟာ ကေလးအရြယ္ကေန အိုႀကီးအိုမထိ ျဖစ္ေနၾကတာဟာလည္း အျမင္တိုင္းပါပဲ။ ဒါဆို ကၽြန္မတို႔ စဥ္းစားဖို႔လိုၿပီ။ ဟိုးဘိုးစဥ္ေဘာင္ဆက္ကတည္းက ဆုံးမလမ္းညႊန္လာခဲ့ေပမယ့္ အက်င့္စာရိတၱ၊ အက်င့္သီလပိုင္းမွာ ဘာလို႔ အားနည္းလာၾကတာလဲ။

အေၾကာင္းအရင္းေတြ အမ်ားႀကီးထဲက တစ္ခုကို ေဆြးေႏြးရမယ္ဆိုရင္ လူႀကီးေတြ ကိုယ္တိုင္ အက်င့္သီလ မလုံၾကလို႔ လို႔ ေျပာခ်င္ပါတယ္။ ဒါမွမဟုတ္ လုံျခဳံပါတယ္ဆိုတဲ့ အက်င့္သီလကို ကေလးေတြ မျမင္ရလို႔ေပါ့။ ကေလးစိတ္ပညာအရပဲၾကည့္ၾကည့္ ဖြံ့ၿဖိဳးေရး သီအိုရီေတြ အရပဲ သုံးသပ္သပ္၊ ကေလးေတြဟာ သူတို႔ မိသားစု၊ အသိုင္းဝန္း၊ သူတို႔က်င္လည္ရာ ေနရာေတြကို ျမင္၊ ၾကား၊ ခံစား၊ ေတြ႕ၾကဳံရင္းကေန သင္ယူတယ္ဆိုတာပါပဲ။
ဒါေၾကာင့္ ကၽြန္မတို႔ေတြဟာ ကေလးေတြကို ႏႈတ္ကေနတစ္ဆင့္ ေကာင္းတာေတြ သင္ေန႐ုံနဲ႔ မၿပီးပါဘူး။ သူတို႔ကိုယ္တိုင္ ေကာင္းတာေတြကို လက္ေတြ႕ ၾကဳံနိုင္ဖို႔၊ ျမင္နိုင္ဖို႔၊ ခံစားနိုင္ဖို႔လည္း လိုအပ္ပါတယ္။

ကၽြန္မ အခု အင္ဒိုနီးရွားက ဘာလီကၽြန္းမွာ Coaching Mastery Retreat လာရင္း ေဟာင္ေကာင္က Lisa ဆိုတဲ့ သမီး (၂) ေယာက္ ေမေမ နဲ႔ မိတ္ေဆြေတြ ျဖစ္ခဲ့တာ။ သူက အိုင္တီနည္းပညာရွင္ျဖစ္တယ္။ Coaching ပညာေတြကိုလည္း အဆက္မျပတ္သင္ယူေနတယ္။ ေန႔စဥ္နီးပါး ေရကူး၊ အေျပး၊ စက္ဘီးစီးတဲ့ေလ့က်င့္ခန္းေတြလုပ္တယ္။ ႏွစ္စဥ္ အႀကိမ္အေရအတြက္ မ်ားစြာ ၁၄ နာရီေလာက္ ၿပိဳင္ရတဲ့ Ironman (ေရကူး၊ အေျပး၊ စက္ဘီးစီး) ၿပိဳင္ပြဲကိုလည္း ဝင္ၿပိဳင္တယ္။ ကၽြန္မကလည္း ကေလးတစ္ဖက္၊ ပညာေရးတစ္ဖက္၊ အလုပ္တစ္ဖက္နဲ႔ ဘာလို႔ ဒီလို ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္တာလဲလို႔ ေမးေတာ့ သူ႔ သမီးေတြအတြက္ စံၿပ မိခင္ျဖစ္ခ်င္လို႔တဲ့။ သူၿပိဳင္ပြဲဝင္ဖို႔ ေလ့က်င့္ရတဲ့အခါ အခက္အခဲေတြ အမ်ားႀကီးရွိတယ္၊ ဇြဲရွိရတယ္။ စိတ္ခိုင္ရတယ္။ စြန႔္စားမႈေတြလုပ္ရတယ္။ အဲဒီ့အရာေတြဟာ ဘဝမွာ လိုအပ္တဲ့ စြမ္းရည္ေတြျဖစ္တယ္။ အဲဒီ့အတြက္ သူ Ironman ၿပိဳင္ပြဲအတြက္ျပင္ဆင္ရင္း၊ ၿပိဳင္ေနရင္း ၾကဳံတာေတြကို ဘယ္လို ျဖတ္သန္းသြားသလဲဆိုတာကို သမီးေတြကို လက္ေတြ႕ျမင္ေစခ်င္လို႔ပါတဲ့။ အဲဒီ့ေက်ာ္လႊားနည္းေတြကို ကေလးေတြကို သူ သင္ေပးဖို႔အတြက္ရည္ရြယ္ပါတယ္တဲ့။

ကၽြန္မကေတာ့ Lisa ကို အရမ္း ေလးစားမိတယ္။ သူဟာ သူ႔ သမီးေတြအတြက္ ဂုဏ္သိကၡာႀကီးတဲ့ မိခင္လို႔ ျမင္မိတယ္။ ေကာင္းေသာ သင္ယူမႈ၊ ေကာင္းေသာ အက်င့္ေတြကို သင္ေပးတဲ့အခါ ကိုယ္တိုင္လည္း လုပ္ျပတယ္၊ ကေလးေတြကိုလည္း ျမင္ေစတယ္။ Lisa သမီးေတြဟာ သိပ္ကံေကာင္းတယ္။ ကၽြန္မတို႔ ပတ္ဝန္းက်င္မွာေရာ အေျပာနဲ႔ အလုပ္နဲ႔ ညီတဲ့ လူႀကီးေတြက ကေလးေတြကို အက်င့္သီလေကာင္းေအာင္ အမွန္တစ္ကယ္ ပံ့ပိုးေနၾကၿပီလား။ Lisa သမီးေလးေတြလို႔ ကံေကာင္းတဲ့ ကေလးေတြ ရွိေနၾကၿပီလား။

ကေလးတိုင္း ဂုဏ္သိကၡာႀကီးတဲ့ မိဘေတြ ဆရာေတြ အသိုင္းအဝန္းနဲ႔ ႀကီးျပင္းေစခ်င္တယ္။ ကေလးကို ခ်စ္တယ္လို႔ေျပာရင္ ခ်စ္ျခင္းေမတၱာကို ျမင္ေစ၊ ခံစားေစမယ့္ လုပ္ရပ္မ်ိဳး ျပေစခ်င္တယ္။ ေတာ္ေစခ်င္တယ္လို႔ ေျပာရင္ ေတာ္ဖို႔အတြက္ ပံ့ပိုးမႈ၊ အားေပးမႈ၊ ကူညီမႈနဲ႔ အတူ ကိုယ္တိုင္လည္း ေတာ္ေအာင္ လုပ္ေနတယ္ဆိုတာျမင္ေအာင္ ျပရမယ္။ ငါေျပာတဲ့အတိုင္းလုပ္၊ ငါလုပ္သလို မလုပ္နဲ႔ဆိုတာဟာ ဂုဏ္သိကၡာ ေသးသိမ္ေသာ၊ ဂုဏ္သိကၡာ မရွိေသာ လူႀကီးေတြက အသုံးျပဳတယ္လို႔ ကၽြန္မျမင္တယ္။ ကေလးကအစ အသက္ႀကီးသည္အထိ ဂုဏ္သိကၡာႀကီးေသာ သူေတြျဖစ္ေစခ်င္တယ္။

ဒီေန႔က စလို႔ ေျပာတဲ့အတိုင္း လုပ္နိုင္ေအာင္၊ ေကာင္းေသာ အက်င့္သီလကို ေစာင့္ထိန္းနိုင္ေအာင္ ႀကိဳးစားျခင္းအားျဖင့္ ကေလးေတြအတြက္ ပတ္ဝန္းက်င္ေကာင္း ဖန္တီးၾကရေအာင္ေလ။

ေမတၱာျဖင့္…..
Sayarma-ဆရာမ