[ Unicode ]
ပညာကမ္ဘာဆိုတာ လူတစ်ယောက် ပညာသင်ယူနိုင်မယ့် နေရာကြီးတစ်ခုဖြစ်တာမို့ ကျောင်းအပါအဝင်၊ သင်ယူခွင့်ပေးတဲ့ နေရာတိုင်းကို ဆိုလိုပါတယ်။ နေရာတိုင်းက ပညာရဖို့ အခွင့်အလမ်းတွေရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိရင် ပြည့်ပြည့်ဝဝသင်ယူနိုင်မှာမဟုတ်ပါဘူး။
ပညာသင်ယူရာတွင်မကပါဘူး၊ နေ့စဉ်ဘဝမှာ လူတိုင်းလူတိုင်း လုံခြုံမှုကို ခံစားဖို့လိုပါတယ်။ ဒီနေ့ ကျွန်မယုံကြည်လက်ခံထားတဲ့ လုံခြုံမှု (၃)မျိုးအကြောင်း မျှဝေပေးချင်ပါတယ်။
- ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုဆိုတာ ကိုယ်ခန္ဓာ ထိခိုက်မခံရအောင် လုံခြုံမှုပေးတာကို ဆိုလိုတာပါ။ ဥပမာ – စာသင်ခန်းတွေက လေဝင်လေထွက်ကောင်းတာ၊ အမိုးအကာပြည့်စုံတာ၊ အလင်းရောင် ကောင်းစွာရတာ၊ ထိခိုက်စေမယ့် ပစ္စည်းတွေ မထားရှိတာ အစရှိသဖြင့်ပေါ့။ စစ်ဖြစ်လို့ ပြေးနေရတာ၊ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့အခါ ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်မှုတွေ ကင်းလို့ ကြောင့်ကြနေရတာ၊ ဆင်းရဲလွန်းလို့ လမ်းဘေးမှာ နေထိုင်ရတာတွေဟာ နိုင်ငံသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ပြသတဲ့ ပြရုပ်ဖြစ်ပါတယ်။ စာသင်ခန်းတွေထဲမှာ လာတဲ့ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် အကောင်းဆုံးပံ့ပိုးပေးဖို့ ဆရာ၊မ၊ မိဘ၊ ရပ်မိရပ်ဖတွေမှာ တာဝန်ရှိသလို အဲဒီ့တာဝန်တွေယူကြမယ့်သူတွေကို ပြန်လည် လုံခြုံအောင် စောင့်ရှောက်ပေးဖို့ လူတွေ၊ စနစ်တွေ လိုအပ်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဆိုတာ စိတ်ထိခိုက် နာကျင်မှုတွေ ကင်းဝေးစေအောင် ထားရှိခြင်းဖြစ်ပါတယ်။ ဥပမာ – အနိုင်ကျင့်တာတွေ၊ နှိမ့်ချတာတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ လှောင်ပြောင်တာတွေ၊ ခြိမ်းခြောက် ရိုက်နှက်မှုတွေ၊ စတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားစေတဲ့ အရာတွေမပြုလုပ်အောင် ကာကွယ်ခြင်းဖြစ်ပါတယ်။ အသားမဲလို့၊ သွေးနှောလို့၊ ကိုယ်အင်္ဂါမသန်စွမ်းလို့ (ချို့ယွင်းလို့)၊ ပိန်လို့၊ ဝလို့၊ စကားမပီလို့၊ ဆင်းရဲလို့၊ ဘာသာမတူလို့၊ လူမျိုးမတူလို့ စတဲ့ ကိုယ်ပြောင်းလဲလို့မရတဲ့ အရာတွေအပေါ် အကြောင်းပြပြီး ခွဲခြားဆက်ဆံတာ၊ လှောင်ပြောင်တာ တွေဟာ ပြောသူအတွက် ပေါ့ပေါ့ပါးပါးလေးဖြစ်နိုင်ပေမယ့် ခံရသူအတွက် စိတ်ဒဏ်ရာအထိ ဖြစ်နိုင်ပါတယ်။ အဲဒီ့ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် အနိုင်ကျင့်တာတွေခံရရင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဆိုတာ မရှိတော့ပါဘူး။ တစ်ချိန်လုံး ကြောက်နေတာ၊ စိုးရိမ်နေတာ၊ ဝမ်းနည်းနေတာ၊ မလုံခြုံနေတာတွေဖြစ်နေပါတယ်။ အဲဒီ့အတွက် ကျွန်မတို့တစ်တွေရဲ့ မတူညီမှုတွေကို မတူညီကြောင်း အသိမှတ်ပြုပြီး လက်ခံဖို့လည်း လိုပါတယ်။ ဘယ်လို ချို့ယွင်းသူ၊ မတူညီသူလို့ သတ်မှတ် သတ်မှတ်၊ ချစ်တတ်၊ ကြင်နာတတ်၊ ခင်တွယ်တတ်တဲ့ လူသားတွေဖြစ်ကြတယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။
- လိင်ပိုင်းဆိုင်ရာ လုံခြုံမှု ဆိုတာ လိင်အကြမ်းဖက်ခံရမှုမျိုးတွေကနေ ကင်းဝေးရာ၊ လုံခြုံရာကို ဆိုလိုပါတယ်။ ကလေး၊လူကြီး၊ကျား၊မ မရွေး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာဆိုရင် Victoria (ဗစ်တိုးရီးယား)လေးလို သမီးငယ် သားငယ်လေးတွေ အများကြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတယ်။ ကျောင်းခန်းထဲမှာဖြစ်နိုင်သလို၊ ဘာသာရေး ပရဝုဏ်ထဲမှာဖြစ်တာတွေလည်းဖြစ်နိုင်သလို ၊ အိမ်တွေ ဈေးတွေနဲ့ နေရာတိုင်းလိုလိုဟာ လိင်ပိုင်းအကြမ်းဖက်လိုသူတွေအတွက် အခွင့်အရေးဖြစ်နိုင်တယ်။ ကိုယ်ထိလက်ရောက်ပြုလုပ်ကြသလို၊ အွန်လိုင်းပေါ်ကနေ စော်ကားတဲ့စကားတွေပြောရင်း လိင်ပိုင်းအကြမ်းဖက်တာတွေလည်းရှိကြတယ်၊ ပါးစပ်အရသာခံပြီး သားပြောမယားပြော ပြောခြင်းအားဖြင့်လည်း လိင်ပိုင်းအကြမ်းဖက်ခြင်းတွေပြုလုပ်ကြတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟာ နေရာတိုင်းမှာဖြစ်နိုင်သလို၊ ပုံစံအမျိုးမျိုးနဲ့ဖြစ်နိုင်တယ်။ အဲဒီ့ဖြစ်နိုင်ချေတွေကနေ လုံခြုံအောင် ကာကွယ်ပေးဖို့လိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကို ကလေး သူငယ်တွေတင်မဟုတ်ဘူး၊ လူတိုင်းရသင့်တယ်။ နိုင်ငံသားတိုင်း၊ ကမ္ဘာသားတိုင်းရသင့်တယ်။ ကျွန်မတို့တွေ ကိုယ့်အသားနာတာ မကြိုက်ကြဘူး၊ ကျီးလန့်စာစားဘဝတွေကို မလိုချင်ဘူး၊ သေးသိမ်နှိမ့်ကျစွာခံစားနေရတာတွေမဖြစ်ချင်ဘူး၊ ဘယ်လိုပုံနဲ့မှ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာတွေမလိုချင်ဘူးဆိုရင် လူတိုင်း ကာကွယ်ဖို့ ပညာပေးရမယ်၊ အသိပေးရမယ်၊ ကျွန်မတို့ရဲ့ အတွေးအခေါ်တွေကို မြှင့်တင်ရမယ်၊ လုံခြုံမှုပေးမယ့် အစိုးရနဲ့ ပေါ်လစီတွေ၊ စနစ်တွေရအောင် လုပ်ရမယ်။ လုပ်ရမှာကတော့ အများကြီးပဲ ကျွန်မကတော့ ကျွန်မတတ်နိုင်တဲ့ ပညာပေးခြင်းအလုပ်နဲ့စမယ်၊ ကျွန်မပတ်ဝန်းကျင်ကလူတွေကို မေတ္တာနဲ့ ဆက်ဆံပြောဆိုမယ်၊ ကူညီပံ့ပိုးမယ်။ ကဲ…….. စာဖတ်ပေးသူတွေရော…. ဘာလုပ်ကြမလဲ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
Photo Credit to https://i1.wp.com/www.messagemagazine.com/wp-content/uploads/2017/02/Birds-Set-Free.jpeg?fit=1170%2C772&ssl=1
[ Zawgyi ]
ပညာကမၻာဆိုတာ လူတစ္ေယာက္ ပညာသင္ယူနိုင္မယ့္ ေနရာႀကီးတစ္ခုျဖစ္တာမို႔ ေက်ာင္းအပါအဝင္၊ သင္ယူခြင့္ေပးတဲ့ ေနရာတိုင္းကို ဆိုလိုပါတယ္။ ေနရာတိုင္းက ပညာရဖို႔ အခြင့္အလမ္းေတြရွိေပမယ့္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ လိင္ပိုင္းဆိုင္ရာ လုံျခဳံမႈမရွိရင္ ျပည့္ျပည့္ဝဝသင္ယူနိုင္မွာမဟုတ္ပါဘူး။
ပညာသင္ယူရာတြင္မကပါဘူး၊ ေန႔စဥ္ဘဝမွာ လူတိုင္းလူတိုင္း လုံျခဳံမႈကို ခံစားဖို႔လိုပါတယ္။ ဒီေန႔ ကၽြန္မယုံၾကည္လက္ခံထားတဲ့ လုံျခဳံမႈ (၃)မ်ိဳးအေၾကာင္း မၽွေဝေပးခ်င္ပါတယ္။
- ႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈဆိုတာ ကိုယ္ခႏၶာ ထိခိုက္မခံရေအာင္ လုံျခဳံမႈေပးတာကို ဆိုလိုတာပါ။ ဥပမာ – စာသင္ခန္းေတြက ေလဝင္ေလထြက္ေကာင္းတာ၊ အမိုးအကာျပည့္စုံတာ၊ အလင္းေရာင္ ေကာင္းစြာရတာ၊ ထိခိုက္ေစမယ့္ ပစၥည္းေတြ မထားရွိတာ အစရွိသျဖင့္ေပါ့။ စစ္ျဖစ္လို႔ ေျပးေနရတာ၊ သဘာဝေဘးအႏၲရာယ္ေတြျဖစ္တဲ့အခါ ကာကြယ္ေရး၊ ႀကိဳတင္ျပင္ဆင္မႈေတြ ကင္းလို႔ ေၾကာင့္ၾကေနရတာ၊ ဆင္းရဲလြန္းလို႔ လမ္းေဘးမွာ ေနထိုင္ရတာေတြဟာ နိုင္ငံသားေတြရဲ့ ႐ုပ္ပိုင္းဆိုင္ရာ မလုံျခဳံမႈကို ျပသတဲ့ ျပ႐ုပ္ျဖစ္ပါတယ္။ စာသင္ခန္းေတြထဲမွာ လာတဲ့ ကေလးေတြရဲ့ ႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈအတြက္ အေကာင္းဆုံးပံ့ပိုးေပးဖို႔ ဆရာ၊မ၊ မိဘ၊ ရပ္မိရပ္ဖေတြမွာ တာဝန္ရွိသလို အဲဒီ့တာဝန္ေတြယူၾကမယ့္သူေတြကို ျပန္လည္ လုံျခဳံေအာင္ ေစာင့္ေရွာက္ေပးဖို႔ လူေတြ၊ စနစ္ေတြ လိုအပ္ပါတယ္။
- စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈဆိုတာ စိတ္ထိခိုက္ နာက်င္မႈေတြ ကင္းေဝးေစေအာင္ ထားရွိျခင္းျဖစ္ပါတယ္။ ဥပမာ – အနိုင္က်င့္တာေတြ၊ ႏွိမ့္ခ်တာေတြ၊ ခြဲျခားဆက္ဆံတာေတြ၊ ေလွာင္ေျပာင္တာေတြ၊ ၿခိမ္းေျခာက္ ရိုက္ႏွက္မႈေတြ၊ စတဲ့ စိတ္ပိုင္းဆိုင္ရာ နာက်င္ခံစားေစတဲ့ အရာေတြမျပဳလုပ္ေအာင္ ကာကြယ္ျခင္းျဖစ္ပါတယ္။ အသားမဲလို႔၊ ေသြးေႏွာလို႔၊ ကိုယ္အဂၤါမသန္စြမ္းလို႔ (ခ်ိဳ႕ယြင္းလို႔)၊ ပိန္လို႔၊ ဝလို႔၊ စကားမပီလို႔၊ ဆင္းရဲလို႔၊ ဘာသာမတူလို႔၊ လူမ်ိဳးမတူလို႔ စတဲ့ ကိုယ္ေျပာင္းလဲလို႔မရတဲ့ အရာေတြအေပၚ အေၾကာင္းျပၿပီး ခြဲျခားဆက္ဆံတာ၊ ေလွာင္ေျပာင္တာ ေတြဟာ ေျပာသူအတြက္ ေပါ့ေပါ့ပါးပါးေလးျဖစ္နိုင္ေပမယ့္ ခံရသူအတြက္ စိတ္ဒဏ္ရာအထိ ျဖစ္နိုင္ပါတယ္။ အဲဒီ့ ကိုယ့္ရဲ့ ျဖစ္တည္မႈအေပၚ အနိုင္က်င့္တာေတြခံရရင္ စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈဆိုတာ မရွိေတာ့ပါဘူး။ တစ္ခ်ိန္လုံး ေၾကာက္ေနတာ၊ စိုးရိမ္ေနတာ၊ ဝမ္းနည္းေနတာ၊ မလုံျခဳံေနတာေတြျဖစ္ေနပါတယ္။ အဲဒီ့အတြက္ ကၽြန္မတို႔တစ္ေတြရဲ့ မတူညီမႈေတြကို မတူညီေၾကာင္း အသိမွတ္ျပဳၿပီး လက္ခံဖို႔လည္း လိုပါတယ္။ ဘယ္လို ခ်ိဳ႕ယြင္းသူ၊ မတူညီသူလို႔ သတ္မွတ္ သတ္မွတ္၊ ခ်စ္တတ္၊ ၾကင္နာတတ္၊ ခင္တြယ္တတ္တဲ့ လူသားေတြျဖစ္ၾကတယ္ဆိုတာ မေမ့ၾကဖို႔လိုပါတယ္။
- လိင္ပိုင္းဆိုင္ရာ လုံျခဳံမႈ ဆိုတာ လိင္အၾကမ္းဖက္ခံရမႈမ်ိဳးေတြကေန ကင္းေဝးရာ၊ လုံျခဳံရာကို ဆိုလိုပါတယ္။ ကေလး၊လူႀကီး၊က်ား၊မ မေရြး လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈဆိုတာ ျဖစ္နိုင္ပါတယ္။ ကၽြန္မတို႔ ျမန္မာျပည္မွာဆိုရင္ Victoria (ဗစ္တိုးရီးယား)ေလးလို သမီးငယ္ သားငယ္ေလးေတြ အမ်ားႀကီး လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံေနရတယ္။ ေက်ာင္းခန္းထဲမွာျဖစ္နိုင္သလို၊ ဘာသာေရး ပရဝုဏ္ထဲမွာျဖစ္တာေတြလည္းျဖစ္နိုင္သလို ၊ အိမ္ေတြ ေဈးေတြနဲ႔ ေနရာတိုင္းလိုလိုဟာ လိင္ပိုင္းအၾကမ္းဖက္လိုသူေတြအတြက္ အခြင့္အေရးျဖစ္နိုင္တယ္။ ကိုယ္ထိလက္ေရာက္ျပဳလုပ္ၾကသလို၊ အြန္လိုင္းေပၚကေန ေစာ္ကားတဲ့စကားေတြေျပာရင္း လိင္ပိုင္းအၾကမ္းဖက္တာေတြလည္းရွိၾကတယ္၊ ပါးစပ္အရသာခံၿပီး သားေျပာမယားေျပာ ေျပာျခင္းအားျဖင့္လည္း လိင္ပိုင္းအၾကမ္းဖက္ျခင္းေတြျပဳလုပ္ၾကတယ္။ ဒါေၾကာင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ျခင္းဟာ ေနရာတိုင္းမွာျဖစ္နိုင္သလို၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ျဖစ္နိုင္တယ္။ အဲဒီ့ျဖစ္နိုင္ေခ်ေတြကေန လုံျခဳံေအာင္ ကာကြယ္ေပးဖို႔လိုပါတယ္။
႐ုပ္ပိုင္းဆိုင္ရာလုံျခဳံမႈ၊ စိတ္ပိုင္းဆိုင္ရာလုံျခဳံမႈနဲ႔ လိင္ပိုင္းဆိုင္ရာ လုံျခဳံမႈေတြကို ကေလး သူငယ္ေတြတင္မဟုတ္ဘူး၊ လူတိုင္းရသင့္တယ္။ နိုင္ငံသားတိုင္း၊ ကမၻာသားတိုင္းရသင့္တယ္။ ကၽြန္မတို႔ေတြ ကိုယ့္အသားနာတာ မႀကိဳက္ၾကဘူး၊ က်ီးလန႔္စာစားဘဝေတြကို မလိုခ်င္ဘူး၊ ေသးသိမ္ႏွိမ့္က်စြာခံစားေနရတာေတြမျဖစ္ခ်င္ဘူး၊ ဘယ္လိုပုံနဲ႔မွ လိင္ပိုင္းဆိုင္ရာ ထိပါးေစာ္ကားတာေတြမလိုခ်င္ဘူးဆိုရင္ လူတိုင္း ကာကြယ္ဖို႔ ပညာေပးရမယ္၊ အသိေပးရမယ္၊ ကၽြန္မတို႔ရဲ့ အေတြးအေခၚေတြကို ျမႇင့္တင္ရမယ္၊ လုံျခဳံမႈေပးမယ့္ အစိုးရနဲ႔ ေပၚလစီေတြ၊ စနစ္ေတြရေအာင္ လုပ္ရမယ္။ လုပ္ရမွာကေတာ့ အမ်ားႀကီးပဲ ကၽြန္မကေတာ့ ကၽြန္မတတ္နိုင္တဲ့ ပညာေပးျခင္းအလုပ္နဲ႔စမယ္၊ ကၽြန္မပတ္ဝန္းက်င္ကလူေတြကို ေမတၱာနဲ႔ ဆက္ဆံေျပာဆိုမယ္၊ ကူညီပံ့ပိုးမယ္။ ကဲ…….. စာဖတ္ေပးသူေတြေရာ…. ဘာလုပ္ၾကမလဲ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ
Photo Credit to https://i1.wp.com/www.messagemagazine.com/wp-content/uploads/2017/02/Birds-Set-Free.jpeg?fit=1170%2C772&ssl=1