[ Unicode ]

လုံခြုံတဲ့ သင်ယူမှု ဝန်းကျင်၊ လုံခြုံတဲ့ မိသားစု၊ လုံခြုံတဲ့ ရပ်ရွာ ရှိမှ ကလေးတွေဟာ လွတ်လပ် ပျော်ရွှင် ထိရောက်စွာ ပညာသင်ကြားနိုင်ပါတယ်။ လုံခြုံမှု မရှိတဲ့အခါ ကြောက်စိတ်၊ စိုးရွံ့စိတ်၊ အားငယ်စိတ်၊ မယုံကြည်မှု အစရှိတဲ့ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ အတွေးတွေ ရှိတတ်တာမို့ သင်ယူနိုင်သလောက် မသင်ယူကြပါဘူး။ ဒါကြောင့် ပညာရေးစနစ်တစ်ခုကို စဉ်းစားမယ်ဆိုရင် ကလေးတွေအတွက် လုံခြုံမှု ပေးနိုင်လားဆိုတာကို ထည့်သွင်းစဉ်းစားရပါတယ်။ ဒီနေ့ ကျွန်မတို့ သင်တန်းတွေမှာ မျှဝေလေေ့ရှိတဲ့ လုံခြုံမှု (၅)မျိုးအကြောင်းကို မျှဝေချင်ပါတယ်။

၁) ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု – ကလေးတွေရဲ့ နေထိုင်ရာ အရပ်ဒေသဟာ သူတို့ကို အသက်အန္တရာယ်သော်လည်းကောင်း၊ ကိုယ်ခန္ဓာထိခိုက်စေမှုများကိုသော်လည်းကောင်း မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိခြင်းကို ဆိုလိုပါတယ်။ ဒီထဲမှာ စစ်ပွဲတွေကြောင့်၊ ပဋိပက္ခတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် မိဘတွေ၊ ဆရာ၊မတွေရဲ့ ရိုက်နှက်ဆုံးမခြင်းတွေကနေ ကင်းလွှတ်တဲ့ လုံခြုံမှုမျိုးလည်း ပါဝင်ပါတယ်။

၂) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု – ကလေးတွေကို စိတ်ထိခိုက်အောင်၊ ဝမ်းနည်းအောင်၊ နာကျင်အောင်၊ စိတ်ဒဏ်ရာရအောင် ပြုလုပ်ခြင်းမှ ကင်းဝေးခြင်းကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလို့ ခေါ်နိုင်ပါတယ်။ ကလေးတွေကို အသိမှတ်မပြုပေးဘဲ နှိမ်ချဆက်ဆံတာတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီးလုပ်တာတွေဟာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မပေးနိုင်ပါဘူး။ ကလေးနဲ့ ဆရာ၊မကြားက ယုံကြည်မှုကလည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို တနည်းအားဖြင့် ပေးစွမ်းနိုင်ပါတယ်။

၃) လိင်ပိုင်းဆိုင်ရာ လုံခြုံမှု – ကလေးတွေကို မတော်မတရားကြံခြင်း၊ စော်ကားခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း စတာတွေမရှိတဲ့အတွက်၊ ကလေးတွေဟာ လုံခြုံမှု ခံစားရခြင်းကို ဆိုလိုပါတယ်။ ဒီအထဲမှာ ကလေးတွေကို လိင်ကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားတာတွေ၊ မကိုင်ရမယ့်နေရာတွေကို အာသာဖြေဖို့ ကိုင်တာတွေရဲ့ အန္တရာယ်ကနေလည်း ကင်းဝေးဖို့ ထည့်သွင်းစဉ်းစားရပါတယ်။

၄) လူမှုရေးဆိုင်ရာ လုံခြုံမှု – ကလေးတွေရဲ့ ဖြစ်တည်မှုအပေါ်မူတည်ပြီး လူမှုဝန်းကျင်က ဖယ်ကျဉ်တာမျိုးမရှိဘဲ ပါဝင်ခွင့်ရှိခြင်းမျိုးကို ဆိုလိုပါတယ်။ ကလေးရဲ့ အသားရောင်၊ အမျိုးအနွယ်၊ ရုပ်ရည် စတဲ့အပေါ်မှာ သူငယ်ချင်းတွေက စနှောက်တာ၊ ဝေဖန်တာ၊ ဖယ်ကျဉ်တာမျိုးတွေ မဖြစ်အောင် ပံ့ပိုးမှ လူမှုရေးဆိုင်ရာ လုံခြုံမှု ရှိမှာပါ။ အရှင်းဆုံးပြောရရင် – ကလေးရဲ့ အရှိကို အရှိအတိုင်း ပတ်ဝန်းကျင်က လက်ခံပေးတာမျိုးပါ။

၅) ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လုံခြုံမှု – ဒါကတော့ အခုနောက်ပိုင်းမှ ထပ်တိုးဆွေးနွေးကြတဲ့ ကဏ္ဍပါ။ ကလေးတွေရဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် ကလေးတွေကို ကိုယ်၊ စိတ်၊ နှလုံး မလုံခြုံအောင် ပြုလုပ်တာတွေ၊ အသိုင်းအဝန်း ပတ်ဝန်းကျင်က ဖယ်ကျဉ်တာတွေ မရှိအောင် လုပ်ဆောင်ရတာဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ မိဘတွေ၊ သူတို့တွေရဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် မလုံခြုံမှု မခံစားရအောင် ပံ့ပိုးပေးတာ၊ မတူညီစွာ ယုံကြည်ကြတဲ့ ကလေးတွေကို တန်းတူပါဝင်ခွင့်ပေးတာဟာ ကလေးတွေကို လုံခြုံမှုပေးတာပါ။

ဒီတော့ ကျွန်မတို့ ပညာရေးလုပ်ဆောင်နေတဲ့သူတွေ၊ ပညာရေး စနစ်ကို ဖေါ်ဆောင်နေသူတွေဟာ၊ ပညာရေး စနစ်ထဲမှာ အထက်မှာ ပြောသွားတဲ့ လုံခြုံမု (၅)ခုကို ပေးနိုင်ဖို့ ထည့်သွင်းစဉ်းစားရပါတယ်။ ကိုယ်ဖေါ်ဆောင်နေတဲ့ ပညာရေး စနစ်ဟာ အပေါ်မှာ မျှဝေထားတဲ့ လုံ (၅)လုံနဲ့ လုံခြုံမှုပေးနိုင်ပြီလား၊ ကိုယ့်ပညာရေးစနစ်က ဘယ် လုံခြုံမှုကို ထိခိုက်နေသလဲ ဆိုတာ အမြဲ ဆန်းစစ် သုံးသပ်နေဖို့လိုပါတယ်။ ပညာရေး စနစ်ကြောင့်တော့မဟုတ်ဘူး၊ အခြား အုပ်ချုပ်ရေး စနစ်ကြောင့်ဖြစ်ဖြစ်၊ အခြား ပေါ်လစီ တစ်ခုခုကြောင့်ဖြစ်ဖြစ် ကလေးတွေဟာ လုံခြုံမှု မရနေဘူးဆိုရင် ပညာရေး တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံပြီး ကလေးတွေရဲ့ လုံခြုံမှု ရရှိအောင် အဖြေရှာရမှာဖြစ်ပါတယ်။

လုံခြုံမှုကတော့ ၁၀၀% ရှိမနေဘူး၊ ဒါပေမယ့် သင်ယူမှုက ဆက်သွားမှ ရမှာဖြစ်လို့ ဆက်သွားဖို့အတွက် ကြိုးပမ်းကြပြီဆိုရင် ဖန်တီးမယ့် ပညာရေးပုံစံတွေဟာ ဖြစ်ပေါ်နေတဲ့ မလုံခြုံမှုတွေကို ပြေပျောက်စေဖို့၊ မလုံခြုံတဲ့အရာတွေကို လုံခြုံအောင် လုပ်ဆောင်နိုင်ဖို့၊ မလုံခြုံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဒဏ်ရာတွေကို ကုစားနိုင်ဖို့၊ နောက်ထပ်မလုံခြုံမှုတွေ မဖြစ်လာအောင် ဖန်တီးလုပ်ဆောင်နိုင်ဖို့ကို ရည်ရွယ်ပြီး လိုအပ်မယ့် ဗဟုသုတတွေ၊ စွမ်းရည်တွေ၊ အတွေးအခေါ်တွေ ထည့်သွင်းနိုင်ဖို့ စဉ်းစား ပြင်ဆင်ရပါမယ်။

လုံခြုံစွာ ပညာသင်ခွင့် ရကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo credit to – “In your hands, I feel safe” by Ine Spee

https://ih1.redbubble.net/…/flat,1000×1000,075,f.u10.jpg

[ Zawgyi ]

လုံျခဳံတဲ့ သင္ယူမႈ ဝန္းက်င္၊ လုံျခဳံတဲ့ မိသားစု၊ လုံျခဳံတဲ့ ရပ္ရြာ ရွိမွ ကေလးေတြဟာ လြတ္လပ္ ေပ်ာ္ရႊင္ ထိေရာက္စြာ ပညာသင္ၾကားနိုင္ပါတယ္။ လုံျခဳံမႈ မရွိတဲ့အခါ ေၾကာက္စိတ္၊ စိုးရြံ့စိတ္၊ အားငယ္စိတ္၊ မယုံၾကည္မႈ အစရွိတဲ့ အျပဳသေဘာမေဆာင္တဲ့ ခံစားခ်က္ေတြ အေတြးေတြ ရွိတတ္တာမို႔ သင္ယူနိုင္သေလာက္ မသင္ယူၾကပါဘူး။ ဒါေၾကာင့္ ပညာေရးစနစ္တစ္ခုကို စဥ္းစားမယ္ဆိုရင္ ကေလးေတြအတြက္ လုံျခဳံမႈ ေပးနိုင္လားဆိုတာကို ထည့္သြင္းစဥ္းစားရပါတယ္။ ဒီေန႔ ကၽြန္မတို႔ သင္တန္းေတြမွာ မၽွေဝေလေ့ရွိတဲ့ လုံျခဳံမႈ (၅)မ်ိဳးအေၾကာင္းကို မၽွေဝခ်င္ပါတယ္။

၁) ႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈ – ကေလးေတြရဲ့ ေနထိုင္ရာ အရပ္ေဒသဟာ သူတို႔ကို အသက္အႏၲရာယ္ေသာ္လည္းေကာင္း၊ ကိုယ္ခႏၶာထိခိုက္ေစမႈမ်ားကိုေသာ္လည္းေကာင္း မရွိဘဲ ႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈ ရွိျခင္းကို ဆိုလိုပါတယ္။ ဒီထဲမွာ စစ္ပြဲေတြေၾကာင့္၊ ပဋိပကၡေတြေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြအျပင္ မိဘေတြ၊ ဆရာ၊မေတြရဲ့ ရိုက္ႏွက္ဆုံးမျခင္းေတြကေန ကင္းလႊတ္တဲ့ လုံျခဳံမႈမ်ိဳးလည္း ပါဝင္ပါတယ္။

၂) စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈ – ကေလးေတြကို စိတ္ထိခိုက္ေအာင္၊ ဝမ္းနည္းေအာင္၊ နာက်င္ေအာင္၊ စိတ္ဒဏ္ရာရေအာင္ ျပဳလုပ္ျခင္းမွ ကင္းေဝးျခင္းကို စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈလို႔ ေခၚနိုင္ပါတယ္။ ကေလးေတြကို အသိမွတ္မျပဳေပးဘဲ ႏွိမ္ခ်ဆက္ဆံတာေတြ၊ ခြဲျခားဆက္ဆံတာေတြ၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေအာင္ တိုက္ရိုက္ (သို႔) သြယ္ဝိုက္ၿပီးလုပ္တာေတြဟာ ကေလးေတြကို စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈ မေပးနိုင္ပါဘူး။ ကေလးနဲ႔ ဆရာ၊မၾကားက ယုံၾကည္မႈကလည္း စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈကို တနည္းအားျဖင့္ ေပးစြမ္းနိုင္ပါတယ္။

၃) လိင္ပိုင္းဆိုင္ရာ လုံျခဳံမႈ – ကေလးေတြကို မေတာ္မတရားႀကံျခင္း၊ ေစာ္ကားျခင္း၊ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ျခင္း စတာေတြမရွိတဲ့အတြက္၊ ကေလးေတြဟာ လုံျခဳံမႈ ခံစားရျခင္းကို ဆိုလိုပါတယ္။ ဒီအထဲမွာ ကေလးေတြကို လိင္ကၽြန္အျဖစ္ ေရာင္းဝယ္ေဖာက္ကားတာေတြ၊ မကိုင္ရမယ့္ေနရာေတြကို အာသာေျဖဖို႔ ကိုင္တာေတြရဲ့ အႏၲရာယ္ကေနလည္း ကင္းေဝးဖို႔ ထည့္သြင္းစဥ္းစားရပါတယ္။

၄) လူမႈေရးဆိုင္ရာ လုံျခဳံမႈ – ကေလးေတြရဲ့ ျဖစ္တည္မႈအေပၚမူတည္ၿပီး လူမႈဝန္းက်င္က ဖယ္က်ဥ္တာမ်ိဳးမရွိဘဲ ပါဝင္ခြင့္ရွိျခင္းမ်ိဳးကို ဆိုလိုပါတယ္။ ကေလးရဲ့ အသားေရာင္၊ အမ်ိဳးအႏြယ္၊ ႐ုပ္ရည္ စတဲ့အေပၚမွာ သူငယ္ခ်င္းေတြက စေႏွာက္တာ၊ ေဝဖန္တာ၊ ဖယ္က်ဥ္တာမ်ိဳးေတြ မျဖစ္ေအာင္ ပံ့ပိုးမွ လူမႈေရးဆိုင္ရာ လုံျခဳံမႈ ရွိမွာပါ။ အရွင္းဆုံးေျပာရရင္ – ကေလးရဲ့ အရွိကို အရွိအတိုင္း ပတ္ဝန္းက်င္က လက္ခံေပးတာမ်ိဳးပါ။

၅) ကိုးကြယ္ယုံၾကည္မႈဆိုင္ရာ လုံျခဳံမႈ – ဒါကေတာ့ အခုေနာက္ပိုင္းမွ ထပ္တိုးေဆြးေႏြးၾကတဲ့ က႑ပါ။ ကေလးေတြရဲ့ မတူညီတဲ့ ကိုးကြယ္ယုံၾကည္မႈေၾကာင့္ ကေလးေတြကို ကိုယ္၊ စိတ္၊ ႏွလုံး မလုံျခဳံေအာင္ ျပဳလုပ္တာေတြ၊ အသိုင္းအဝန္း ပတ္ဝန္းက်င္က ဖယ္က်ဥ္တာေတြ မရွိေအာင္ လုပ္ေဆာင္ရတာျဖစ္ပါတယ္။ ကေလးေတြဟာ သူတို႔ မိဘေတြ၊ သူတို႔ေတြရဲ့ ကိုးကြယ္ယုံၾကည္မႈေၾကာင့္ မလုံျခဳံမႈ မခံစားရေအာင္ ပံ့ပိုးေပးတာ၊ မတူညီစြာ ယုံၾကည္ၾကတဲ့ ကေလးေတြကို တန္းတူပါဝင္ခြင့္ေပးတာဟာ ကေလးေတြကို လုံျခဳံမႈေပးတာပါ။

ဒီေတာ့ ကၽြန္မတို႔ ပညာေရးလုပ္ေဆာင္ေနတဲ့သူေတြ၊ ပညာေရး စနစ္ကို ေဖၚေဆာင္ေနသူေတြဟာ၊ ပညာေရး စနစ္ထဲမွာ အထက္မွာ ေျပာသြားတဲ့ လုံျခဳံမု (၅)ခုကို ေပးနိုင္ဖို႔ ထည့္သြင္းစဥ္းစားရပါတယ္။ ကိုယ္ေဖၚေဆာင္ေနတဲ့ ပညာေရး စနစ္ဟာ အေပၚမွာ မၽွေဝထားတဲ့ လုံ (၅)လုံနဲ႔ လုံျခဳံမႈေပးနိုင္ၿပီလား၊ ကိုယ့္ပညာေရးစနစ္က ဘယ္ လုံျခဳံမႈကို ထိခိုက္ေနသလဲ ဆိုတာ အျမဲ ဆန္းစစ္ သုံးသပ္ေနဖို႔လိုပါတယ္။ ပညာေရး စနစ္ေၾကာင့္ေတာ့မဟုတ္ဘူး၊ အျခား အုပ္ခ်ဳပ္ေရး စနစ္ေၾကာင့္ျဖစ္ျဖစ္၊ အျခား ေပၚလစီ တစ္ခုခုေၾကာင့္ျဖစ္ျဖစ္ ကေလးေတြဟာ လုံျခဳံမႈ မရေနဘူးဆိုရင္ ပညာေရး တာဝန္ရွိသူေတြနဲ႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြ ေတြ႕ဆုံၿပီး ကေလးေတြရဲ့ လုံျခဳံမႈ ရရွိေအာင္ အေျဖရွာရမွာျဖစ္ပါတယ္။

လုံျခဳံမႈကေတာ့ ၁၀၀% ရွိမေနဘူး၊ ဒါေပမယ့္ သင္ယူမႈက ဆက္သြားမွ ရမွာျဖစ္လို႔ ဆက္သြားဖို႔အတြက္ ႀကိဳးပမ္းၾကၿပီဆိုရင္ ဖန္တီးမယ့္ ပညာေရးပုံစံေတြဟာ ျဖစ္ေပၚေနတဲ့ မလုံျခဳံမႈေတြကို ေျပေပ်ာက္ေစဖို႔၊ မလုံျခဳံတဲ့အရာေတြကို လုံျခဳံေအာင္ လုပ္ေဆာင္နိုင္ဖို႔၊ မလုံျခဳံမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ စိတ္ပိုင္း၊ ႐ုပ္ပိုင္း ဒဏ္ရာေတြကို ကုစားနိုင္ဖို႔၊ ေနာက္ထပ္မလုံျခဳံမႈေတြ မျဖစ္လာေအာင္ ဖန္တီးလုပ္ေဆာင္နိုင္ဖို႔ကို ရည္ရြယ္ၿပီး လိုအပ္မယ့္ ဗဟုသုတေတြ၊ စြမ္းရည္ေတြ၊ အေတြးအေခၚေတြ ထည့္သြင္းနိုင္ဖို႔ စဥ္းစား ျပင္ဆင္ရပါမယ္။

လုံျခဳံစြာ ပညာသင္ခြင့္ ရၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo credit to – “In your hands, I feel safe” by Ine Spee

https://ih1.redbubble.net/…/flat,1000×1000,075,f.u10.jpg