[ Unicode ]
ဒီနေ့ ရပ်ရွာအခြေပြု ပညာရေးနဲ့ ပတ်သက်ပြီး သိသလောက်လေး မျှဝေပေးချင်ပါတယ်။
ရပ်ရွာအခြေပြု ပညာရေးဆိုတာ —
ရပ်ရွာအခြေပြု ပညာရေးကို နိုင်ငံရဲ့ အခြေအနေ၊ လိုအပ်ချက်တွေအပေါ်မှာ မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် သတ်မှတ်ပြီး လုပ်ဆောင်ကြပါတယ်။ ပညာရေးဟာ လူတိုင်းလက်လှမ်းမီနိုင်တဲ့ အခြေအနေဖြစ်နေတဲ့ နိုင်ငံတွေမှာ ရပ်ရွာအခြေပြု ပညာရေးဆိုတာ ကျောင်းသင်ခန်းစာတွေကို ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ချိတ်ဆက်စဉ်းစားထည့်သွင်းကြတာမျိုးပါ။ အဲဒီ့လိုဆင်တူနိုင်ငံမျိုးမှာ ကလေးတွေကို ကျောင်းသင်ခန်းစာတွေနဲ့ ကိုယ့်ဒေသရဲ့ လိုအပ်ချက်ကိုက်ညီအောင်၊ ရပ်ရွာအတွင်း ကွင်းဆင်းလေ့လာ သင်ယူစေတာမျိုးလည်းရှိပါတယ်။
ကျွန်မတို့နိုင်ငံမှာတော့ အရည်သွေးမီ ပညာရေးကို ကလေးတိုင်း လက်လှမ်းမမီနိုင်တာမို့ ရပ်ရွာက ကလေးတွေအတွက် ပညာရေးရအောင် စီစဉ် ဆောင်ရွက်ကြတာမျိုးကို ဆိုလိုပါတယ်။ ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းမျိုးတွေ ပေါ်ထွက်လာသလိုမျိုးပေါ့။
အခုအချိန်မှာ….
ကလေးတွေရဲ့ သင်ယူမှု ဆက်လက်ရှိနေဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကလေးဆိုရာမှာ မြို့ပေါ်က အင်တာနက်ရနိုင်တဲ့ နေရာက ကလေးတွေတင် ဆိုလိုတာမဟုတ်ပါဘူး။ စစ်ဘေးရှောင်နေရတဲ့ကလေးတွေ၊ တောင်ပေါ် မြေပြန့် ပညာရေးရဖို့ ခက်ခဲတဲ့ကလေးတွေ၊ ပြောရရင် မြန်မာပြည်က ကလေးတိုင်း ပညာရေး ကောင်းကောင်းရဖို့ ကျွန်မတို့ တတ်နိုင်သလောက် ဆက်လက် လုပ်ဆောင်ဖို့လိုပါတယ်။
အဲဒီ့အတွက် ရပ်ရွာအခြေပြု ပညာရေးလုပ်ဆောင်ဖို့လည်း လိုလာပါတယ်။ အရင်ကလည်း လိုခဲ့သလို အခုလည်း လိုနေမြဲပါပဲ။
ဒါဆို ဘယ်ကစလုပ်မလဲ။
ဒေသလိုအပ်ချက်၊အခြေအနေ – ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေကို မသင်ခင် အဲဒီ့ဒေသ၊ပတ်ဝန်းကျင်ရဲ့ အခြေအနေ၊ ယဉ်ကျေးမှု၊ လိုအပ်ချက် စတာတွေကို သေချာ နားလည်ဖို့လိုပါတယ်။ ကလေးတွေရဲ့ ဘာသာစကား၊ နေထိုင်စားသောက်ပုံ စတဲ့ အခြေခံ အကြောင်းအရာတွေအပေါ်မူတည်ပြီး အဲဒီ့ကလေးတွေနဲ့ ကိုက်ညီမယ့် ဘယ်ခေါင်းစဉ်၊ ဘယ်အကြောင်းအရာတွေကို ချိတ်ဆက်သင်ရမလဲဆိုတာကို စဉ်းစားနိုင်မှာပါ။ ဥပမာ – ပဲပုပ်နဲ့ပဲ ထိတွေ့ဖူးတဲ့ကလေးကို ငပိအကြောင်းသွားသင်ရင် အဓိပ္ပါယ်ရှိချင်မှရှိမှာလေ။ အဲဒီ့တော့ ဒေသနဲ့ ကလေးတွေနဲ့ ကိုက်ညီမယ့် အကြောင်းအရာတွေ၊ စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေကို သေချာစဉ်းစားပြီး ဘယ်ခေါင်းစဉ်တွေ သင်မယ်၊ ဘယ်လို သင်မယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။
လုပ်ဆောင်မယ့်သူ – ရပ်ရွာ အခြေပြု ပညာရေး ပေးဖို့ ပူးပေါင်း လုပ်ဆောင်ရမယ့်သူတွေ လိုပါတယ်။ စာသင်တဲ့သူအပြင် ဆော်သြမယ့်သူ၊ စီစဉ်ပံ့ပိုးမယ့်သူ၊ နည်းပညာရှင်တွေနဲ့ ချိတ်ဆက်ကူညီမယ့်သူ စတဲ့သူတွေအချင်းချင်း ပူးပေါင်းပြီး ပြင်ဆင်ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်က သေချာ စဉ်းစားပြီး ဆက်လက်ကူညီနိုင်မယ့်သူကို စုရုံးတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။ ရေရှည်လုပ်နိုင်ဖို့ ရပ်ရွာက စုပေါင်းလုပ်ဖို့လိုပါတယ်။ ကျွန်မ သိရသလောက် Community Based Education (CBE Myanmar) မှာဆိုရင် ရပ်ရွာတစ်ခုမှာ ပညာပေးဖို့ စတင်မယ်ဆိုရင် အနည်းဆုံး စည်းရုံးဆော်သြ စီမံပေးမယ့်သူရယ်၊ သင်ကြားမယ့်သူရယ် နှစ်မျိုးလုပ်ကြဖို့ အကြံပေးပါတယ်။ ထိုနည်းအတူ အဲဒီ့ လက်တွေ့ မြေပြင်မှာ လုပ်ကြမယ့်သူတွေကို ငွေကြေးအားဖြင့်၊ သင်ထောက်ကူအားဖြင့်၊ နည်းပညာအားဖြင့် ပံ့ပိုးပေးမယ့်၊ ကူညီမယ့်သူတွေလည်း လိုအပ်ပါတယ်။
ပညာရေးဆိုင်ရာ အသိ – ဘယ်လိုအကြောင်းအရာတွေသင်မယ်၊ ဘယ်သူတွေကဘာတွေလုပ်မယ်ဆိုတာတွေနည်းတူ ပါဝင် ဦးဆောင်ကြမယ့်သူတွေမှာ ပညာရေးဆိုင်ရာ အသိတွေရှိဖို့ ကြိုးစားရမယ်။ ကျွန်မတို့နိုင်ငံမှာ ဆရာဖြစ်ဖို့ အရမ်းလွယ်တယ်လို့ ထင်ကြတယ်။ ဘာဘွဲ့ရရ၊ ဘယ်လိုအခြေအနေဖြစ်ဖြစ် စာသင်တဲ့ အလုပ်လုပ်လို့ရတယ်လို့ တွေးကြတယ်။ အမှန်က သင်ကြားရေးဆိုတာ အရမ်းနက်နဲသလို အကြိမ်ကြိမ်လေ့ကျင့်မှ ကျွမ်းကျင်တာပါ။ လုပ်ချင်စိတ်ရှိယုံနဲ့တင်မလုံလောက်ဘဲ လုပ်မယ့်သူတွေက ပညာရေးအပေါ်မှာ မှန်ကန်တဲ့ စိတ်နေသဘောထား၊ ယုံကြည်မှု ရှိဖို့လိုပါတယ်။ ဒါကြောင့် ကလေးတွေကို မသင်ခင် အနည်းဆုံး သင်ကြားရေးဆိုင်ရာ စာတွေဖတ်တာ၊ သင်တန်းတက်တာမျိုး၊ ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ကျွန်မတို့ ဆရာမ စာမျက်နှာမှာလည်း ပညာရေးဆိုင်ရာ နည်းပညာ ပံ့ပိုးမှုတွေကို မေလ တတိယအပတ်ကနေစပြီး ပြုလုပ်ပေးဖို့ ရှိပါတယ်။
သင်ရိုးညွှန်းတမ်း+သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ – ကလေးတွေအတွက် ကိုက်ညီမယ့် အကြောင်းအရာတွေကို သိထားတယ်၊ ကိုယ်တိုင်ကလည်း ပညာရေးဆိုင်ရာ အသိတွေရှိနေပြီဆိုရင် လက်ရှိ ရရှိနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေထဲက သင်ခန်းစာတွေနဲ့ လိုအပ်တာတွေကို စတင်ပြီး ရွေးချယ် သင်ပေးဖို့အတွက် ပြင်ပေးနိုင်ပါတယ်။ သင်ခန်းစာတွေကို လွယ်ရာကနေ၊ ခက်ရာကို ပြောင်းလဲသင်နိုင်ဖို့ အစီစဉ်လုပ်ပါ။ ကလေးတွေရဲ့ လက်တွေ့ဘဝနဲ့ အနီးဆုံးအရာတွေကနေ သူတို့အတွက် အသစ်ဖြစ်မယ့်အရာတွေကို တဖြည်းဖြည်းချင်းသင်နိုင်အောင် ပြင်ဆင်ပါ။ သင်ရိုးညွှန်းတမ်းရှိတယ်ဆိုပြီး ၏သည်မရွေး သင်တာကိုတော့ ကျွန်မက အားမပေးပါဘူး။ သင်ရိုးညွှန်းတမ်းဆိုတာ ဖြစ်နိုင်ခြေအများဆုံးကို မှန်းဆွဲရတာပါ။ ကိုယ်သင်မယ့်ကလေးနဲ့ ကိုက်ညီတာတွေပါနိုင်သလို မကိုက်ညီတာတွေလည်းရှိနိုင်လို့ သေချာ ပြန်လည် စီစစ်ပြီး သင်ဖို့ ပြင်ဆင်ပါ။
အရေးကြီးတာက အရည်သွေးမြှင့် ပညာရေးကို ရပ်ရွာထဲက ကလေးတွေရသွားဖို့ပဲမဟုတ်လား။ အရည်သွေးမြှင့် ပညာရေး ပေးဖို့ ကိုယ်တိုင်လည်း အမြဲ သင်ယူပြီး ချိတ်ဆက် လေ့လာနေဖို့လိုတယ်ဆိုတာလည်း မမေ့ပါနဲ့နော်။
ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်တဲ့၊ မေတ္တာ ကရုဏာ ကြီးမားတဲ့ ကလေးတွေဖြစ်အောင် သင်ပေးနိုင်ဖို့ ကျွန်မတို့ ရပ်ရွာတွေကအစ ကြိုးပမ်းကြမယ်။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo – ကျွန်မတို့ ဆာယာဖောင်ဒေးရှင်းနဲ့ CBE Myanmar ပူးပေါင်းထားတဲ့ အစီအစဉ်လေးမှာ ပါဝင်ထားတဲ့ ဆရာမလေးတစ်ယောက်ရဲ့ စာသင်ခန်းနဲ့ ကလေးတွေပုံလေးပါ။
[ Zawgyi ]
ဒီေန႔ ရပ္ရြာအေျချပဳ ပညာေရးနဲ႔ ပတ္သက္ၿပီး သိသေလာက္ေလး မၽွေဝေပးခ်င္ပါတယ္။
ရပ္ရြာအေျချပဳ ပညာေရးဆိုတာ —
ရပ္ရြာအေျချပဳ ပညာေရးကို နိုင္ငံရဲ့ အေျခအေန၊ လိုအပ္ခ်က္ေတြအေပၚမွာ မူတည္ၿပီး အမ်ိဳးမ်ိဳး အဓိပၸါယ္ သတ္မွတ္ၿပီး လုပ္ေဆာင္ၾကပါတယ္။ ပညာေရးဟာ လူတိုင္းလက္လွမ္းမီနိုင္တဲ့ အေျခအေနျဖစ္ေနတဲ့ နိုင္ငံေတြမွာ ရပ္ရြာအေျချပဳ ပညာေရးဆိုတာ ေက်ာင္းသင္ခန္းစာေတြကို ကိုယ့္ေဒသ၊ ကိုယ့္ရပ္ရြာရဲ့ လိုအပ္ခ်က္နဲ႔ ကိုက္ညီေအာင္ ခ်ိတ္ဆက္စဥ္းစားထည့္သြင္းၾကတာမ်ိဳးပါ။ အဲဒီ့လိုဆင္တူနိုင္ငံမ်ိဳးမွာ ကေလးေတြကို ေက်ာင္းသင္ခန္းစာေတြနဲ႔ ကိုယ့္ေဒသရဲ့ လိုအပ္ခ်က္ကိုက္ညီေအာင္၊ ရပ္ရြာအတြင္း ကြင္းဆင္းေလ့လာ သင္ယူေစတာမ်ိဳးလည္းရွိပါတယ္။
ကၽြန္မတို႔နိုင္ငံမွာေတာ့ အရည္ေသြးမီ ပညာေရးကို ကေလးတိုင္း လက္လွမ္းမမီနိုင္တာမို႔ ရပ္ရြာက ကေလးေတြအတြက္ ပညာေရးရေအာင္ စီစဥ္ ေဆာင္ရြက္ၾကတာမ်ိဳးကို ဆိုလိုပါတယ္။ ကိုယ္ထူကိုယ္ထ ပရဟိတေက်ာင္းမ်ိဳးေတြ ေပၚထြက္လာသလိုမ်ိဳးေပါ့။
အခုအခ်ိန္မွာ….
ကေလးေတြရဲ့ သင္ယူမႈ ဆက္လက္ရွိေနဖို႔ ကၽြန္မတို႔မွာ တာဝန္ရွိပါတယ္။ ကေလးဆိုရာမွာ ၿမိဳ႕ေပၚက အင္တာနက္ရနိုင္တဲ့ ေနရာက ကေလးေတြတင္ ဆိုလိုတာမဟုတ္ပါဘူး။ စစ္ေဘးေရွာင္ေနရတဲ့ကေလးေတြ၊ ေတာင္ေပၚ ေျမျပန႔္ ပညာေရးရဖို႔ ခက္ခဲတဲ့ကေလးေတြ၊ ေျပာရရင္ ျမန္မာျပည္က ကေလးတိုင္း ပညာေရး ေကာင္းေကာင္းရဖို႔ ကၽြန္မတို႔ တတ္နိုင္သေလာက္ ဆက္လက္ လုပ္ေဆာင္ဖို႔လိုပါတယ္။
အဲဒီ့အတြက္ ရပ္ရြာအေျချပဳ ပညာေရးလုပ္ေဆာင္ဖို႔လည္း လိုလာပါတယ္။ အရင္ကလည္း လိုခဲ့သလို အခုလည္း လိုေနျမဲပါပဲ။
ဒါဆို ဘယ္ကစလုပ္မလဲ။
ေဒသလိုအပ္ခ်က္၊အေျခအေန – ကိုယ့္ေဒသ၊ ကိုယ့္ပတ္ဝန္းက်င္က ကေလးေတြကို မသင္ခင္ အဲဒီ့ေဒသ၊ပတ္ဝန္းက်င္ရဲ့ အေျခအေန၊ ယဥ္ေက်းမႈ၊ လိုအပ္ခ်က္ စတာေတြကို ေသခ်ာ နားလည္ဖို႔လိုပါတယ္။ ကေလးေတြရဲ့ ဘာသာစကား၊ ေနထိုင္စားေသာက္ပုံ စတဲ့ အေျခခံ အေၾကာင္းအရာေတြအေပၚမူတည္ၿပီး အဲဒီ့ကေလးေတြနဲ႔ ကိုက္ညီမယ့္ ဘယ္ေခါင္းစဥ္၊ ဘယ္အေၾကာင္းအရာေတြကို ခ်ိတ္ဆက္သင္ရမလဲဆိုတာကို စဥ္းစားနိုင္မွာပါ။ ဥပမာ – ပဲပုပ္နဲ႔ပဲ ထိေတြ႕ဖူးတဲ့ကေလးကို ငပိအေၾကာင္းသြားသင္ရင္ အဓိပၸါယ္ရွိခ်င္မွရွိမွာေလ။ အဲဒီ့ေတာ့ ေဒသနဲ႔ ကေလးေတြနဲ႔ ကိုက္ညီမယ့္ အေၾကာင္းအရာေတြ၊ စြမ္းရည္ေတြ၊ ကၽြမ္းက်င္မႈေတြကို ေသခ်ာစဥ္းစားၿပီး ဘယ္ေခါင္းစဥ္ေတြ သင္မယ္၊ ဘယ္လို သင္မယ္ဆိုတာကို စဥ္းစားေစခ်င္ပါတယ္။
လုပ္ေဆာင္မယ့္သူ – ရပ္ရြာ အေျချပဳ ပညာေရး ေပးဖို႔ ပူးေပါင္း လုပ္ေဆာင္ရမယ့္သူေတြ လိုပါတယ္။ စာသင္တဲ့သူအျပင္ ေဆာ္ၾသမယ့္သူ၊ စီစဥ္ပံ့ပိုးမယ့္သူ၊ နည္းပညာရွင္ေတြနဲ႔ ခ်ိတ္ဆက္ကူညီမယ့္သူ စတဲ့သူေတြအခ်င္းခ်င္း ပူးေပါင္းၿပီး ျပင္ဆင္ဖို႔လိုပါတယ္။ တစ္ခါတစ္ေလမွာ တစ္ေယာက္က ေသခ်ာ စဥ္းစားၿပီး ဆက္လက္ကူညီနိုင္မယ့္သူကို စု႐ုံးတာမ်ိဳးလည္း ျဖစ္နိုင္တာပါပဲ။ ေရရွည္လုပ္နိုင္ဖို႔ ရပ္ရြာက စုေပါင္းလုပ္ဖို႔လိုပါတယ္။ ကၽြန္မ သိရသေလာက္ Community Based Education (CBE Myanmar) မွာဆိုရင္ ရပ္ရြာတစ္ခုမွာ ပညာေပးဖို႔ စတင္မယ္ဆိုရင္ အနည္းဆုံး စည္း႐ုံးေဆာ္ၾသ စီမံေပးမယ့္သူရယ္၊ သင္ၾကားမယ့္သူရယ္ ႏွစ္မ်ိဳးလုပ္ၾကဖို႔ အႀကံေပးပါတယ္။ ထိုနည္းအတူ အဲဒီ့ လက္ေတြ႕ ေျမျပင္မွာ လုပ္ၾကမယ့္သူေတြကို ေငြေၾကးအားျဖင့္၊ သင္ေထာက္ကူအားျဖင့္၊ နည္းပညာအားျဖင့္ ပံ့ပိုးေပးမယ့္၊ ကူညီမယ့္သူေတြလည္း လိုအပ္ပါတယ္။
ပညာေရးဆိုင္ရာ အသိ – ဘယ္လိုအေၾကာင္းအရာေတြသင္မယ္၊ ဘယ္သူေတြကဘာေတြလုပ္မယ္ဆိုတာေတြနည္းတူ ပါဝင္ ဦးေဆာင္ၾကမယ့္သူေတြမွာ ပညာေရးဆိုင္ရာ အသိေတြရွိဖို႔ ႀကိဳးစားရမယ္။ ကၽြန္မတို႔နိုင္ငံမွာ ဆရာျဖစ္ဖို႔ အရမ္းလြယ္တယ္လို႔ ထင္ၾကတယ္။ ဘာဘြဲ႕ရရ၊ ဘယ္လိုအေျခအေနျဖစ္ျဖစ္ စာသင္တဲ့ အလုပ္လုပ္လို႔ရတယ္လို႔ ေတြးၾကတယ္။ အမွန္က သင္ၾကားေရးဆိုတာ အရမ္းနက္နဲသလို အႀကိမ္ႀကိမ္ေလ့က်င့္မွ ကၽြမ္းက်င္တာပါ။ လုပ္ခ်င္စိတ္ရွိယုံနဲ႔တင္မလုံေလာက္ဘဲ လုပ္မယ့္သူေတြက ပညာေရးအေပၚမွာ မွန္ကန္တဲ့ စိတ္ေနသေဘာထား၊ ယုံၾကည္မႈ ရွိဖို႔လိုပါတယ္။ ဒါေၾကာင့္ ကေလးေတြကို မသင္ခင္ အနည္းဆုံး သင္ၾကားေရးဆိုင္ရာ စာေတြဖတ္တာ၊ သင္တန္းတက္တာမ်ိဳး၊ ေဆြးေႏြးတိုင္ပင္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ကၽြန္မတို႔ ဆရာမ စာမ်က္ႏွာမွာလည္း ပညာေရးဆိုင္ရာ နည္းပညာ ပံ့ပိုးမႈေတြကို ေမလ တတိယအပတ္ကေနစၿပီး ျပဳလုပ္ေပးဖို႔ ရွိပါတယ္။
သင္ရိုးညႊန္းတမ္း+သင္ၾကားေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား – ကေလးေတြအတြက္ ကိုက္ညီမယ့္ အေၾကာင္းအရာေတြကို သိထားတယ္၊ ကိုယ္တိုင္ကလည္း ပညာေရးဆိုင္ရာ အသိေတြရွိေနၿပီဆိုရင္ လက္ရွိ ရရွိနိုင္တဲ့ သင္ရိုးညႊန္းတမ္းေတြထဲက သင္ခန္းစာေတြနဲ႔ လိုအပ္တာေတြကို စတင္ၿပီး ေရြးခ်ယ္ သင္ေပးဖို႔အတြက္ ျပင္ေပးနိုင္ပါတယ္။ သင္ခန္းစာေတြကို လြယ္ရာကေန၊ ခက္ရာကို ေျပာင္းလဲသင္နိုင္ဖို႔ အစီစဥ္လုပ္ပါ။ ကေလးေတြရဲ့ လက္ေတြ႕ဘဝနဲ႔ အနီးဆုံးအရာေတြကေန သူတို႔အတြက္ အသစ္ျဖစ္မယ့္အရာေတြကို တျဖည္းျဖည္းခ်င္းသင္နိုင္ေအာင္ ျပင္ဆင္ပါ။ သင္ရိုးညႊန္းတမ္းရွိတယ္ဆိုၿပီး ၏သည္မေရြး သင္တာကိုေတာ့ ကၽြန္မက အားမေပးပါဘူး။ သင္ရိုးညႊန္းတမ္းဆိုတာ ျဖစ္နိုင္ေျခအမ်ားဆုံးကို မွန္းဆြဲရတာပါ။ ကိုယ္သင္မယ့္ကေလးနဲ႔ ကိုက္ညီတာေတြပါနိုင္သလို မကိုက္ညီတာေတြလည္းရွိနိုင္လို႔ ေသခ်ာ ျပန္လည္ စီစစ္ၿပီး သင္ဖို႔ ျပင္ဆင္ပါ။
အေရးႀကီးတာက အရည္ေသြးျမႇင့္ ပညာေရးကို ရပ္ရြာထဲက ကေလးေတြရသြားဖို႔ပဲမဟုတ္လား။ အရည္ေသြးျမႇင့္ ပညာေရး ေပးဖို႔ ကိုယ္တိုင္လည္း အျမဲ သင္ယူၿပီး ခ်ိတ္ဆက္ ေလ့လာေနဖို႔လိုတယ္ဆိုတာလည္း မေမ့ပါနဲ႔ေနာ္။
ကိုယ္ခ်င္းစာတရား လက္ကိုင္ထားနိုင္တဲ့၊ ေမတၱာ က႐ုဏာ ႀကီးမားတဲ့ ကေလးေတြျဖစ္ေအာင္ သင္ေပးနိုင္ဖို႔ ကၽြန္မတို႔ ရပ္ရြာေတြကအစ ႀကိဳးပမ္းၾကမယ္။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo – ကၽြန္မတို႔ ဆာယာေဖာင္ေဒးရွင္းနဲ႔ CBE Myanmar ပူးေပါင္းထားတဲ့ အစီအစဥ္ေလးမွာ ပါဝင္ထားတဲ့ ဆရာမေလးတစ္ေယာက္ရဲ့ စာသင္ခန္းနဲ႔ ကေလးေတြပုံေလးပါ။