-ယခုလိုအခြေအနေမှာ ကျောင်းသူ၊ကျောင်းသားများ၊ ဆရာ၊ဆရာမများ၊ မိဘများနှင့်အုပ်ထိန်း သူများ နှင့် လူငယ်များ အားလုံးကို ရပ်ရွာပညာရေးအကြောင်းလေးကို မျှဝေပေးချင်ပါတယ်။ ရပ်ရွာပညာရေးကိုတော့ သင်ကြားသင်ယူမှု စိတ်ဝင်စားသူအားလုံးက မိမိတို့ရပ်ရွာတိုးတက်အောင်ဖို့လုပ်ဆောင်ပေးနိုင်တဲ့ သင်ကြား သင်ယူမှုနည်းလမ်းလေးတစ်ခုဆိုပြီးလည်းပြောနိုင်ပါတယ်။

-ရပ်ရွာပညာရေးဆိုတာ လူအဖွဲ့အစည်း၊ မိမိတို့နေထိုင်ရာ‌ဒေသ ပတ်ဝန်းကျင်အလိုက် ပညာရေးတိုးတက်ဖို့ရာ စိန်ခေါ်မှုကိုတုံ့ပြန်ရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းကောင်းတစ်ခုအနေနဲ့ ကလေးများအတွက် အိမ်၊ ကျောင်းနှင့် အဖွဲ့အစည်းတို့တွင် မတူညီသော လူမှု့ပတ်ဝန်းကျင် နှင့် သင်ကြားသင်ယူမှုပုံစံအမျိုးမျိုးကိုလည်း လေ့လာသင်ယူခွင့်ရရှိပါတယ်။

-ရပ်ရွာပညာရေးစတင်ဖို့ လိုအပ်ချက်တွေအများကြီးရှိပါသည်။ မိမိတို့သင်ကြား‌ပေးမည့် ပတ်ဝန်းကျင်နေရာ၊ လူအဖွဲ့အစည်း နှင့် ယဥ်ကျေးမှုများကိုလည်း နားလည်သိရှိရန် လေ့လာထားဖို့ လိုအပ်ပါတယ်။ ရပ်ရွာအနေနှင့်မိိမရပ်ရွာပညာရေးတိုးတက်ဖို့ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ကူညီပံ့ပိုးမှုများလည်း လိုအပ်ပါတယ်။ ရပ်ရွာပညာရေးအတွက် အခြေခံသ‌ဘောတရားများနှင့်လိုအပ်ချက်များ –

အ​ခြေခံသ‌ဘောတရားများ

•စဥ်ဆက်မပြတ်သင်ယူမှုရှိစေခြင်း။
• မတူညီသောအကြောင်းအရာများကိုထိ‌ရောက်စွာ သင်ယူတတ်မြောက်ခြင်း။
• ခေါင်းဆောင်မှုစွမ်းရည်တိုးတက်ခြင်း။
• လူမှုဆက်ဆံရေးတိုးတက်လာခြင်း။

လိုအပ်ချက်များ

• စဥ်ဆက်မပြတ်သင်ယူမှုရှိစေခြင်း။
• • သင်ကြားသင်ယူမှုပြုလုပ်ရန် သင်ခန်းစာများ ပြုပြင်ထားခြင်း။
• ရပ်ရွာအဖွဲ့အစည်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်း။
• • ရပ်ရွာမှ လူသားအရင်အမြစ်နှင့် အခြားသောသင်ထောက်ကူပစ္စည်းများကို အသုံးပြုခြင်း။
• လူသားအားလုံးအသက်အရွယ်မရွေး ပါဝင်နိုင်ခြင်း နှင့် မတူညီသော အရပ်ဒေသအားလုံးတွင် ပြုလုပ်နိုင်သောကြောင့် အခြားသောတူညီသည့် လိုအပ်ချက်များစွာလည်း ရှိနိုင်ပါတယ်။(*ညီမဒီနေရာသိပ့်နားမလည်လို့ဆရာမအဆင်ပြေတဲ့အချိန်ရှင်းပြပေးလို့ရမလားဆရာမ)

-ရပ်ရွာပညာရေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေပြီးအောင်မြင်သော သင်ကြားသင်ယူမှုလုပ်ငန်းစဥ် တစ်ခုဖြစ်ပါတယ်။
-တစ်သက်တာစွမ်းရည်မြင့်တင်ရန်နှင့် အသက် မွေးဝမ်းကျောင်းအတွက်လည်း တီထွင်ဖန်တီးမှုများကို သင်ယူတတ်မြောက် နိုင်သည့် ကြီးမားသောအခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုများကြောင့် ရပ်ရွာအတွက်အကျိုးပြု မည့် ခေါင်းဆောင်မှုစွမ်းရည်များကိုလည်း လေ့လာသင်ယူခွင့်ရရှိနိုင်ပါတယ်။
• ရပ်ရွာပညာရေးသည် ရပ်ရွာတွင်ရှိသော တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းမိမိတို့ ကျွမ်းကျင်သော လက်မှုပညာ၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားသော ကျွမ်းကျင်းမှုနှင့် ဗဟုသုတများကိုလည်း သင်ကြားသင်ယူမှုများပြုလုပ်နိုင်ပါတယ်။

-ရပ်ရွာပညာရေးမှ သင်ယူတတ်မြောက်ခဲ့သော သူများသည်လည်း အခြားသောပညာရေးစနစ်ပုံစံဖြင့် သင်ယူတတ်မြောက် ခဲ့သူများကဲ့သို့ အသက်မွေးဝမ်းကြောင်းနှင့် ဘဝနေထိုင်မူပုံများရရှိပါသည်။

-သင်ကြားသင်ယူမှုပြုလုပ်မှာဖြစ်တဲ့အတွက်သင်ကြားပေးသူများအနေနှင့်မိမိကိုယ်တိုင်ကလည်း စဥ်ဆက်မပြတ်လေ့လာ သင်ယူနေဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။

-အပြုသဘောဆောင်ပြီး အမှန်တရားတွေရရှိဖို့ မတူညီသည့် သင်ယူလိုသူများနှင့် မတူညီသည့် ဘဝအသက်မွေးဝမ်းပညာရပ်တွေကို ပျော်ရွှင်စွာ စည်းပူးလေ့လာကြပါစို့။

• မေတ္တာဖြင့်
• ဆရာမ ခင်ခင်

• ကိုးကား – https://www.isd194.org/ce/about-us