[Unicode]
မိဘပဲဖြစ်ဖြစ် ဆရာ/မပဲဖြစ်ဖြစ် ကိုယ်ပြုစုပျိုးထောင်သင်ကြားပေးနေတဲ့ ကလေးတွေကို ကလေးလို့သတ်မှတ်ရင်း မကြာခင်မှာ ကလေးတွေက အရွယ်ရောက်လာတယ််။ အချို့လုပ်ရပ်တွေကို လူကြီးတွေ လက်မခံနိုင်ကြဘူး။ အဲဒီ့အထဲက အများစု လက်မခံနိုင်ကြတဲ့ အချက်တစ်ခုက ကလေးေတွေ ငယ်ငယ်နဲ့ ရည်းစားထားတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ ကနေဒါနိုင်ငံက စစ်တမ်းတစ်ခုမှာဆိုရင် ကလေးတွေဟာ ပျမ်းမျှ အသက် ၁၁.၈ နှစ် အရွယ်က စပြီး ရည်းစားတွေ ထားကြတယ်လို့ဆိုပါတယ်။ဆယ်နှစ် မကျော်ခင်မှာလည်း ဟိုလူ့ကို သဘောကျတယ်၊ ဒီလူ့ကို ကြိုက်တယ် စတာတွေ စပြီး ဖြစ်နေကြပါပြီ။ မိန်းကလေးနဲ့ ယောက်ျားလေး ယှဉ်ရင်တော့ ယောက်ျားလေးတွေက အသက် ပိုငယ်တဲ့ အချိန်ကတညး်က ဒီအကြောင်းတွေ စပြီး စဉ်းစားနေကြပါပြီ။ ဒါကြောင့် ကိုယ့်ကလေးတွေ ရည်းစားထားတယ်၊ ကြိုက်တဲ့သူတွေရှိနေတယ်ဆိုရင် ဘယ်လိုတွေ လုပ်ကြမလဲဆိုတာ ကျွန်မအမြင်လေးကို မျှဝေခြင်ပါတယ်။
ကလေးတွေ စိတ်ကူးယဉ်တတ်တာ၊ သဘောကျတဲ့သူရှိတတ်တာဟာ တစ်ကယ်တော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ တားမြစ်ထားလဲ ဖြစ်မှာပဲ။ သူတို့ပတ်ဝန်းကျင်မှာ လူအချင်းချင်း ချစ်ကြတာ၊ ကြိုက်ကြတာ ၊ တွဲကြတာ မြင်နေရတာပဲ။ ရုပ်ရှင်ထဲမှာ၊ အင်တာနက်ပေါ်မှာ စုံတွဲတွေ အကြောင်းအစုံမြင်နေရတာပဲ။ ငယ်ငယ်လေးကတည်းက လူကြီးတွေကလည်း ယောက်ျားလေး ကလေးဆိုရင် ကောင်မလေးမြင်ရင် ချစ်ချစ်လို့ခေါ်လိုက်၊ ဖက်လိုက်၊ နမ်းလိုက် စသည်ဖြင့် သင်ပေးကြတာပဲ။ ဆိုတော့ ဒီကိစ္စတွေဖြစ်လာတာ အမှန်တော့ သိပ်မဆန်းကြယ်လှပါဘူး။ ဖြစ်လာပြီ ဆိုရင်ရော ဆရာ၊မတွေ၊ မိဘတွေ အနေနဲ့ ဘာလုပ်ကြမလဲ။
၁) ကောင်းမွန်သော ဆက်စပ်မှု (Relationship)တစ်ခုအကြောင်း သင်ပေးပါ။
ရည်းစားထားသည်ဖြစ်စေ၊ သူငယ်ချင်းထားသည်ဖြစ်စေ – ခင်မင်မှု၊ ချစ်ခင်မှု ကြောင့် ဆက်စပ်မှုတစ်ခုစမိပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှု ရှိဖို့လိုတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှုကိုတစ်ယောက်က တန်ဖိုးထားပြီး တစ်ယောက် ကောင်းဖို့ တစ်ယောက်က အကောင်းဆုံးပံ့ပိုးပေးကြတယ်၊ ဖြည့်စည်းပေးကြတယ် စသည်ဖြင့် ကောင်းမှုသော ဆက်စပ်မှုတစ်ခုဖြစ်ဖို့ ထားရမယ့် တန်ဖိုးတွေနဲ့ သိရမယ့် အသိပညာတွေကို အပြုသဘော မျှဝေသင့်တယ်။
၂) ဖြစ်နိုင်ခြေရှိသော အခက်အခဲ နှင့် ပြဿနာတွေကို ပွင့်လင်းစွာ ဆွေးနွေးအဖြေရှာပါ။
ရည်းစားထားခြင်းအားဖြင့် (ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတဲ့အတွက်) စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု တစ်ခုရကောင်းရလိမ့်မယ်။ ဒါပေမယ့် ကျောင်းနေတဲ့ အရွယ်မှာဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ ရှိနိုင်တယ်။ ဥပမာ ကျောင်းလစ်ပြီး ချိန်းတွေ့လို့ ကျောင်းစာတွေ မမှီတာမျိုး၊ ရည်းစားအကြောင်းပဲတွေးနေလို့ စာမလုပ်နိုင်တာမျိုး၊ ရည်းစားခိုင်းတာလုပ်နေရလို့ ဒါမှမဟုတ်လည်း ရည်းစားကို အချိန်ပေးနေလို့ စာကို မလေ့လာဖြစ်တော့တာမျိုး၊ အခြားသူငယ်ချင်းတွေနဲ့ စကားသိပ်မပြောဖြစ်တော့တာမျိုး .. စသည်ဖြင့် ဖြစ်တတ်တဲ့အတွက် အဲ့လိုမျိုးအခြေအနေတွေ ဖြစ်မလာအောင် ဘယ်လိုတွေ လုပ်မလဲ။ ဖြစ်လာခဲ့ရင် ဘာတွေ ဆက်လုပ်မလဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆွေးနွေးဖို့လိုပါတယ်။
၃) လိင်ပိုင်းပိုင်းဆိုင်ရာ ပညာပေးမှုတွေပြုလုပ်ပေးပါ။
မြို့ကြီးပြကြီးတွေမှာ ဆယ်ကျော်သက်တွေတောင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေကိုလာပြီး အတူနေကြတာတွေ သိရပါတယ်။ ဒီတိုင်းနေရင် ရှက်စရာကိစ္စတွေဆိုပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေမရှိထားတော့ ဖြစ်ချင်သလိုတွေဖြစ်ကုန်ရတယ်။ ဆယ်ကျော်သက်တွေကို လိင်ပိုင်းဆိုင်ရာ ပညာပေးတွေ လုပ်ပေးဖို့လိုပါတယ်။ ငယ်သေးလို့ ဆိုပြီး မသင်ဘဲထားလို့မရပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ သူတို့အဆင့်အလိုက် သိထားသင့်တာကို သိပေးရမယ်။ ဆောင်ရန် ရှောင်ရန်တွေကို သင်ပေးရမယ်။ သင်ပေးလိုက်လို့ လိုက်လုပ်မှာ စိုးတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မသိထားပဲနဲ့ လုပ်တာနဲ့ သိထားပြီး အန္တရာယ်ကင်းကင်းလုပ်တာ ဘယ်ဟာကို ပိုလိုချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သင်တာမသင်တာကို ဆုံးဖြတ်ပေါ့။
၄) စည်းမျဉ်းတွေ အတူတူချပါ။
ဟိုဟာ မလုပ်ရ ဒီဟာမလုပ်ရဆိုတာမျိုးတွေက လူကြီးတွေက ကလေးတွေကိုပဲ ပြောကြတယ်။ အမှန်က ကလေးတွေကို နားလည်အောင် ပြောဆိုပြီး သူတို့နဲ့အတူ သူတို့လိုက်နာနိုင်မယ့်၊ လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ၊ ဘောင်တွေကို ဆွေးနွေးပြီး သတ်မှတ်ဖို့လိုပါတယ်။ ချမှတ်တာတွေထဲမှာ ကလေးတွေလုပ်ရမှာတွေပါသလို လူကြီးတွေ လုပ်ဆောင်ပေးရမယ့်ဟာတွေလည်း မျှမျှတတ ထည့်သွင်းပြီး သေသေချာချာ ကိုယ်တိုင်ကစ လိုက်နာပါ။
၅) အပြုသဘောဆောင်သော ဆွေးနွေးမှု၊ ဘက်မျှပြီး ပွင့်လင်းသော ဆွေးနွေးမှုကို ဖေါ်ဆောင်ပါ။
ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေအပေါ်ဖွင့်ပြောပြတာနဲ့ မိဘအပေါ်ဖွင့််ပြောပြတာနဲ့ ယှဉ်ရင် သူငယ်ချင်းတွေ အပေါ် ဖွင့်ပြောပြတာ ပိုများတယ်။ မိဘတွေဟာ အုပ်ထိန်းသူတွေ၊ ဆရာ၊မတွေဟာ သင်ကြားသူတွေဆိုတော့ ပြောပြဖို့ မရဲတာတို့၊ ပြောပြလေ့မရှိလို့ မပြောပြတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ကလေးတွေက ကိုယ့်ကို သူတို့ရဲ့ အတွင်းရေးတွေ တိုင်ပင်နိုင်အောင် အပြုသဘောဆောင်သော၊ ဘက်မျှသော၊ ပွင့်လင်းသော ဆွေးနွေးမှုတွေ ဖန်တီးပါ။
၆) လေးစားစွာ နားထောင်ရင်း အကြံပြုပါ။
အချက် (၅)မှာလိုမျိုးပဲ ဆွေးနွေးမှုတွေလုပ်ဖို့ဆိုရင် ကိုယ်က ကလေးတွေကို အမှန်တစ်ကယ် နားထောင်ပြီး သူတို့ရဲ့ အမြင်တွေကို လေးစားကြောင်း ကလေးတွေ ခံစားမိမှ ကိုယ့်အကြံပြုချက်တွေ၊ ကိုယ်ပြောချင်တာတွေကို သူတို့ကလည်း နားထောင်မှာပါ။ ဒါကြောင့် သူတို့လည်း သူတို့ သိထားတာ၊ တတ်ထားတာရှိတယ်၊ သူတို့ အသက်အရွယ်နဲ့ သူတို့ အတွေ့အကြုံပေါ်က ထွက်လာတဲ့ အမြင်တွေကိုလည်း လေးစားမယ်ဆိုတဲ့ စိတ်ကလေးနဲ့ချဉ်းကပ်ဖို့လိုပါတယ်။
အချုပ်မှာတော့ ကျွန်မတို့နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ ကလေးတွေအတွက် ကောင်းတာရော မကောင်းတာရော သင်ယူစရာတွေ ပြည့်နေတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာ ကျွန်မတို့ရဲ့ အဓိပ္ပါယ်ဖွင့်မှုပေါ်မှာလည်း မူတည်ပေမယ့် ကလေးတွေကတော့ အကုန်သင်မှာပဲ။ အင်တာနက်ခေတ်မှာ တားမရနိုင်တဲ့ ကိစ္စတွေ ရှိတာကြောင့် ကြိုတင်ပြီး ကိုယ့်ကလေးတွေကို သိထားသင့်တာတွေ သင်ပေးဖို့၊ ကလေးတွေမှာ ဖြစ်ပျက်နေတာတွေကို နားထောင်ပြီး အပြုသဘော အကြံပေးဖို့၊ ကလေးတွေအတွက် ရှိနေပေးတယ်ဆိုတဲ့ အသိစိတ် ကလေးတွေ မြင်နိုင်ဖို့ လူကြီးတွေ အနေနဲ့ ကြိုးပမ်းဖို့လိုလာပါပြီ။ အရင်တုန်းကလို အိမ်တွင်း အောင်ခိုင်းပြီးထားလို့ဖြစ်တဲ့ခေတ်မဟုတ်တော့တာ သိရင် ခေတ်အလိုက် စည်းမျဉ်းချပုံတွေ၊ ကလေးတွေနဲ့အပြန်အလှန် ဆက်သွယ်ပုံတွေလည်း လိုက်လျော်ညီထွေဖြစ်အောင် ပြုပြင်ပါမှ ကလေးတွေကို ကျွန်မတို့တစ်တွေက အမာျးကြီး ပံ့ပိုးပေးနိုင်မှာလို့ ကျွန်မမြင်ပါတယ်။ အပြုသဘောဆောင်သော အနာဂါတ်ကို ဖေါ်ဆောင်ဖို့ ဒီစာလေးက အထောက်အပံ့ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Some Useful Readings
Photo Credit to Goodthreapy.org
[Zawgyi]
မိဘပဲျဖစ္ျဖစ္ ဆရာ/မပဲျဖစ္ျဖစ္ ကိုယ္ျပဳစုပ်ိဳးေထာင္သင္ၾကားေပးေနတဲ့ ကေလးေတြကို ကေလးလို႕သတ္မွတ္ရင္း မၾကာခင္မွာ ကေလးေတြက အရြယ္ေရာက္လာတယ္္။ အခ်ိဳ႕လုပ္ရပ္ေတြကို လူၾကီးေတြ လက္မခံနုိင္ၾကဘူး။ အဲဒီ့အထဲက အမ်ားစု လက္မခံနုိင္ၾကတဲ့ အခ်က္တစ္ခုက ကေလးေေတြ ငယ္ငယ္နဲ႕ ရည္းစားထားတဲ့ ကိစၥလည္း ပါဝင္ပါတယ္။ ကေနဒါနုိင္ငံက စစ္တမ္းတစ္ခုမွာဆိုရင္ ကေလးေတြဟာ ပ်မ္းမွ် အသက္ ၁၁.၈ ႏွစ္ အရြယ္က စျပီး ရည္းစားေတြ ထားၾကတယ္လို႕ဆိုပါတယ္။ဆယ္ႏွစ္ မေက်ာ္ခင္မွာလည္း ဟိုလူ့ကို သေဘာက်တယ္၊ ဒီလူ့ကို ၾကိဳက္တယ္ စတာေတြ စျပီး ျဖစ္ေနၾကပါျပီ။ မိန္းကေလးနဲ႕ ေယာက္်ားေလး ယွဥ္ရင္ေတာ့ ေယာက္်ားေလးေတြက အသက္ ပိုငယ္တဲ့ အခ်ိန္ကတညး္က ဒီအေၾကာင္းေတြ စျပီး စဥ္းစားေနၾကပါျပီ။ ဒါေၾကာင့္ ကိုယ့္ကေလးေတြ ရည္းစားထားတယ္၊ ၾကိဳက္တဲ့သူေတြရွိေနတယ္ဆိုရင္ ဘယ္လိုေတြ လုပ္ၾကမလဲဆိုတာ ကၽြန္မအျမင္ေလးကို မွ်ေဝျခင္ပါတယ္။
ကေလးေတြ စိတ္ကူးယဥ္တတ္တာ၊ သေဘာက်တဲ့သူရွိတတ္တာဟာ တစ္ကယ္ေတာ့ ထူးဆန္းတဲ့ ကိစၥမဟုတ္ပါဘူး။ တားျမစ္ထားလဲ ျဖစ္မွာပဲ။ သူတို႕ပတ္ဝန္းက်င္မွာ လူအခ်င္းခ်င္း ခ်စ္ၾကတာ၊ ၾကိဳက္ၾကတာ ၊ တြဲၾကတာ ျမင္ေနရတာပဲ။ ရုပ္ရွင္ထဲမွာ၊ အင္တာနက္ေပၚမွာ စံုတြဲေတြ အေၾကာင္းအစံုျမင္ေနရတာပဲ။ ငယ္ငယ္ေလးကတည္းက လူၾကီးေတြကလည္း ေယာက္်ားေလး ကေလးဆိုရင္ ေကာင္မေလးျမင္ရင္ ခ်စ္ခ်စ္လို႕ေခၚလုိက္၊ ဖက္လုိက္၊ နမ္းလုိက္ စသည္ျဖင့္ သင္ေပးၾကတာပဲ။ ဆိုေတာ့ ဒီကိစၥေတြျဖစ္လာတာ အမွန္ေတာ့ သိပ္မဆန္းၾကယ္လွပါဘူး။ ျဖစ္လာျပီ ဆိုရင္ေရာ ဆရာ၊မေတြ၊ မိဘေတြ အေနနဲ႕ ဘာလုပ္ၾကမလဲ။
၁) ေကာင္းမြန္ေသာ ဆက္စပ္မွဳ (Relationship)တစ္ခုအေၾကာင္း သင္ေပးပါ။
ရည္းစားထားသည္ျဖစ္ေစ၊ သူငယ္ခ်င္းထားသည္ျဖစ္ေစ – ခင္မင္မွဳ၊ ခ်စ္ခင္မွဳ ေၾကာင့္ ဆက္စပ္မွဳတစ္ခုစမိျပီဆိုရင္ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ေလးစားမွဳ၊ နားလည္မွဳ၊ ယံုၾကည္မွဳ ရွိဖို႕လိုတယ္။ တစ္ေယာက္ရဲ႕ ေအာင္ျမင္မွဳကိုတစ္ေယာက္က တန္ဖိုးထားျပီး တစ္ေယာက္ ေကာင္းဖို႕ တစ္ေယာက္က အေကာင္းဆံုးပံ့ပိုးေပးၾကတယ္၊ ျဖည့္စည္းေပးၾကတယ္ စသည္ျဖင့္ ေကာင္းမွဳေသာ ဆက္စပ္မွုတစ္ခုျဖစ္ဖို႕ ထားရမယ့္ တန္ဖိုးေတြနဲ႕ သိရမယ့္ အသိပညာေတြကို အျပဳသေဘာ မွ်ေဝသင့္တယ္။
၂) ျဖစ္နုိင္ေျခရွိေသာ အခက္အခဲ ႏွင့္ ျပႆနာေတြကို ပြင့္လင္းစြာ ေဆြးေႏြးအေျဖရွာပါ။
ရည္းစားထားျခင္းအားျဖင့္ (ကိုယ္လုပ္ခ်င္တာ လုပ္လုိက္ရတဲ့အတြက္) စိတ္ပုိင္းဆုိင္ရာ ေက်နပ္မွဳ တစ္ခုရေကာင္းရလိမ့္မယ္။ ဒါေပမယ့္ ေက်ာင္းေနတဲ့ အရြယ္မွာျဖစ္လာနုိင္တဲ့ အက်ိဳးဆက္ေတြ ရွိနုိင္တယ္။ ဥပမာ ေက်ာင္းလစ္ျပီး ခ်ိန္းေတြ႕လို႕ ေက်ာင္းစာေတြ မမွီတာမ်ိဳး၊ ရည္းစားအေၾကာင္းပဲေတြးေနလို႕ စာမလုပ္နိုင္တာမ်ိဳး၊ ရည္းစားခုိင္းတာလုပ္ေနရလို႕ ဒါမွမဟုတ္လည္း ရည္းစားကို အခ်ိန္ေပးေနလို့ စာကို မေလ့လာျဖစ္ေတာ့တာမ်ိဳး၊ အျခားသူငယ္ခ်င္းေတြနဲ႕ စကားသိပ္မေျပာျဖစ္ေတာ့တာမ်ိဳး .. စသည္ျဖင့္ ျဖစ္တတ္တဲ့အတြက္ အဲ့လိုမ်ိဳးအေျခအေနေတြ ျဖစ္မလာေအာင္ ဘယ္လိုေတြ လုပ္မလဲ။ ျဖစ္လာခဲ့ရင္ ဘာေတြ ဆက္လုပ္မလဲဆိုတာေတြကို ပြင့္ပြင့္လင္းလင္းနဲ႕ အျပဳသေဘာေဆြးေႏြးဖို႕လိုပါတယ္။
၃) လိင္ပိုင္းပိုင္းဆိုင္ရာ ပညာေပးမွဳေတြျပဳလုပ္ေပးပါ။
ျမိဳ႕ၾကီးျပၾကီးေတြမွာ ဆယ္ေက်ာ္သက္ေတြေတာင္ ဟိုတယ္ေတြ၊ တည္းခိုခန္းေတြကိုလာျပီး အတူေနၾကတာေတြ သိရပါတယ္။ ဒီတိုင္းေနရင္ ရွက္စရာကိစၥေတြဆိုျပီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးမွဳေတြမရွိထားေတာ့ ျဖစ္ခ်င္သလိုေတြျဖစ္ကုန္ရတယ္။ ဆယ္ေက်ာ္သက္ေတြကို လိင္ပိုင္းဆုိင္ရာ ပညာေပးေတြ လုပ္ေပးဖို႕လိုပါတယ္။ ငယ္ေသးလို႕ ဆိုျပီး မသင္ဘဲထားလို႕မရပါဘူး။ ဆယ္ေက်ာ္သက္အရြယ္မွာ သူတို႕အဆင့္အလုိက္ သိထားသင့္တာကို သိေပးရမယ္။ ေဆာင္ရန္ ေရွာင္ရန္ေတြကို သင္ေပးရမယ္။ သင္ေပးလုိက္လုိ့ လုိက္လုပ္မွာ စိုးတာမ်ိဳးျဖစ္နုိင္ပါတယ္။ ဒါေပမယ့္ မသိထားပဲနဲ႕ လုပ္တာနဲ႕ သိထားျပီး အႏၱရာယ္ကင္းကင္းလုပ္တာ ဘယ္ဟာကို ပိုလိုခ်င္သလဲဆိုတဲ့ အေပၚမွာ မူတည္ျပီး သင္တာမသင္တာကို ဆံုးျဖတ္ေပါ့။
၄) စည္းမ်ဥ္းေတြ အတူတူခ်ပါ။
ဟိုဟာ မလုပ္ရ ဒီဟာမလုပ္ရဆိုတာမ်ိဳးေတြက လူၾကီးေတြက ကေလးေတြကိုပဲ ေျပာၾကတယ္။ အမွန္က ကေလးေတြကို နားလည္ေအာင္ ေျပာဆိုျပီး သူတို႕နဲ႕အတူ သူတုိ႕လုိက္နာနုိင္မယ့္၊ လိုက္နာရမယ့္၊ လုိက္နာသင့္တဲ့ စည္းမ်ဥ္းေတြ၊ ေဘာင္ေတြကို ေဆြးေႏြးျပီး သတ္မွတ္ဖို႕လိုပါတယ္။ ခ်မွတ္တာေတြထဲမွာ ကေလးေတြလုပ္ရမွာေတြပါသလုိ လူၾကီးေတြ လုပ္ေဆာင္ေပးရမယ့္ဟာေတြလည္း မွ်မွ်တတ ထည့္သြင္းျပီး ေသေသခ်ာခ်ာ ကိုယ္တုိင္ကစ လုိက္နာပါ။
၅) အျပဳသေဘာေဆာင္ေသာ ေဆြးေႏြးမွဳ၊ ဘက္မွ်ျပီး ပြင့္လင္းေသာ ေဆြးေႏြးမွဳကို ေဖၚေဆာင္ပါ။
ကေလးေတြဟာ သူတို႕ရဲ႕ သူငယ္ခ်င္းေတြအေပၚဖြင့္ေျပာျပတာနဲ႕ မိဘအေပၚဖြင့္္ေျပာျပတာနဲ႕ ယွဥ္ရင္ သူငယ္ခ်င္းေတြ အေပၚ ဖြင့္ေျပာျပတာ ပိုမ်ားတယ္။ မိဘေတြဟာ အုပ္ထိန္းသူေတြ၊ ဆရာ၊မေတြဟာ သင္ၾကားသူေတြဆိုေတာ့ ေျပာျပဖို႕ မရဲတာတို႕၊ ေျပာျပေလ့မရွိလို႕ မေျပာျပတာမ်ိဳးေတြ ျဖစ္နုိင္တဲ့အတြက္ ကေလးေတြက ကိုယ့္ကို သူတို႕ရဲ႕ အတြင္းေရးေတြ တုိင္ပင္နုိင္ေအာင္ အျပဳသေဘာေဆာင္ေသာ၊ ဘက္မွ်ေသာ၊ ပြင့္လင္းေသာ ေဆြးေႏြးမွဳေတြ ဖန္တီးပါ။
၆) ေလးစားစြာ နားေထာင္ရင္း အၾကံျပဳပါ။
အခ်က္ (၅)မွာလိုမ်ိဳးပဲ ေဆြးေႏြးမွဳေတြလုပ္ဖို႕ဆိုရင္ ကိုယ္က ကေလးေတြကို အမွန္တစ္ကယ္ နားေထာင္ျပီး သူတို႕ရဲ႕ အျမင္ေတြကို ေလးစားေၾကာင္း ကေလးေတြ ခံစားမိမွ ကိုယ့္အၾကံျပဳခ်က္ေတြ၊ ကိုယ္ေျပာခ်င္တာေတြကို သူတုိ႕ကလည္း နားေထာင္မွာပါ။ ဒါေၾကာင့္ သူတို႕လည္း သူတို႕ သိထားတာ၊ တတ္ထားတာရွိတယ္၊ သူတို႕ အသက္အရြယ္နဲ႕ သူတို႕ အေတြ႕အၾကံဳေပၚက ထြက္လာတဲ့ အျမင္ေတြကိုလည္း ေလးစားမယ္ဆိုတဲ့ စိတ္ကေလးနဲ႕ခ်ဥ္းကပ္ဖို႕လိုပါတယ္။
အခ်ဳပ္မွာေတာ့ ကၽြန္မတို႕ေနထုိင္ေနတဲ့ ပတ္ဝန္းက်င္မွာ ကေလးေတြအတြက္ ေကာင္းတာေရာ မေကာင္းတာေရာ သင္ယူစရာေတြ ျပည့္ေနတယ္။ ေကာင္းတယ္ မေကာင္းဘူးဆိုတာ ကၽြန္မတို႕ရဲ႕ အဓိပၸါယ္ဖြင့္မွဳေပၚမွာလည္း မူတည္ေပမယ့္ ကေလးေတြကေတာ့ အကုန္သင္မွာပဲ။ အင္တာနက္ေခတ္မွာ တားမရနိုင္တဲ့ ကိစၥေတြ ရွိတာေၾကာင့္ ၾကိဳတင္ျပီး ကိုယ့္ကေလးေတြကို သိထားသင့္တာေတြ သင္ေပးဖုိ႕၊ ကေလးေတြမွာ ျဖစ္ပ်က္ေနတာေတြကို နားေထာင္ျပီး အျပဳသေဘာ အၾကံေပးဖို႕၊ ကေလးေတြအတြက္ ရွိေနေပးတယ္ဆိုတဲ့ အသိစိတ္ ကေလးေတြ ျမင္နုိင္ဖို႕ လူၾကီးေတြ အေနနဲ႕ ၾကိဳးပမ္းဖုိ႕လိုလာပါျပီ။ အရင္တုန္းကလို အိမ္တြင္း ေအာင္ခုိင္းျပီးထားလို႕ျဖစ္တဲ့ေခတ္မဟုတ္ေတာ့တာ သိရင္ ေခတ္အလိုက္ စည္းမ်ဥ္းခ်ပံုေတြ၊ ကေလးေတြနဲ႕အျပန္အလွန္ ဆက္သြယ္ပံုေတြလည္း လုိက္ေလ်ာ္ညီေထြျဖစ္ေအာင္ ျပဳျပင္ပါမွ ကေလးေတြကို ကၽြန္မတို႕တစ္ေတြက အမာ်းၾကီး ပံ့ပိုးေပးနုိင္မွာလုိ႕ ကၽြန္မျမင္ပါတယ္။ အျပဳသေဘာေဆာင္ေသာ အနာဂါတ္ကို ေဖၚေဆာင္ဖို႕ ဒီစာေလးက အေထာက္အပံ့ျဖစ္နုိင္ပါေစလို႕ ဆႏၵျပဳရင္း။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Some Useful Readings
http://parentingsquad.com/8-rules-for-when-your-kids-start-dating Photo Credit to Goodthreapy.org