[Unicode]

၂၀၁၅ခုနှစ်မှာ Bill Clinton ရဲ့  ဒုတိယအကြိမ် ဖိတ်ကြားမှုကြောင့် Clinton ရဲ့ သမီး Chelsea Clinton ရယ်၊ အန္ဒိယနိုင်ငံမှာ ကလေးအခွင့်အရေးလှုပ်ရှားသူ နိုဘယ်ဆုရှင် Kailash Satyarthiရယ်၊  Sun Mediaရဲ့ ဥက္ကဌ Yang Lanတို့နဲ့အတူ Clinton Global Initiatve Annual Meetingရဲ့ အဖွင့်Panelမှာ စကားပြောခွင့်ရခဲ့ပါတယ်။ အမှန်တိုင်းပြောရရင် Bill Gate အပါအဝင် နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါဝင်တာမို့ ဒူးတုန်မိပါတယ်။ ဒါပေမယ့် ကျွန်မ ဘေးမှာ ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အားပေးတဲ့အပြင် သင်ပြပေး၊ အကြံဉာဏ်ပေးကြတဲ့ သူတွေကြောင့် ကျွန်မ ပြောချင်တဲ့အရာတွေကို ပြောတတ်သလောက် အကောင်းဆုံးပြောခဲ့ပါတယ်။  အရမ်းကြောက်ခဲ့ရသလို၊ အရမ်းလည်းကျေနပ်ခဲ့ပါတယ်။ သင်ယူခဲ့ရတာတွေ အများကြီးထဲက လူအများရှေ့မှာ စကားတွေပြောတဲ့အခါ ရဲရဲဝံ့ဝံ့နဲ့ စကားပြောနိုင်အောင် ကလေး ကတည်းက ဘာတွေ ဘယ်လို လုပ်ပေးသင့်တဲ့တယ်ဆိုတာ ကျွန်မ ရဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် ဝေမျှချင်ပါတယ်။

၁) လေ့ကျင့်မှု

——————

ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးတော်တော်များများဟာ စာသင်ခန်းရှေ့ထွက်ပြီး အားလုံးကို ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေ ပြောပြခိုင်းတာ နည်းပါတယ်။ အခု စနစ်သစ်မှာ အများကြီး ထည့်သွင်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို အထောက်အထားတွေနဲ့ တင်ပြခိုင်းတာ၊ မျှဝေခိုင်းတာဟာ အသက်ကြီးလို့ အလုပ်ခွင်ထဲ ရောက်တဲ့အခါ မကြောက်အောင်၊ လူရှေ့သူရှေ့ ယုံကြည်မှုရှိစွာ ပြောရဲအောင် လေ့ကျင့်သင်ကြားပေးရာ ရောက်ပါတယ်။ ကလေးတွေကို တင်ပြခိုင်းတဲ့အခါ ထင်ရာပြောခိုင်းတာထက် သက်သေအထောက်အထားပါတဲ့ ထင်မြင်ယူဆချက်တွေကို အခြားကလေးတွေ နားထောင်ချင်အောင်၊ စိတ်ဝင်စားအောင် တင်ပြနိုင်ဖို့လည်း ပံ့ပိုးပေးဖို့လိုပါတယ်။ ငယ်ငယ်လေးကတည်းက မိသားစုစကားဝိုင်းမှာ လူရာသွင်းပြီး ဆွေးနွေးခွင့်ပေးခြင်း၊ ကလေးတွေ စကားကို နားထောင်ပြီး ကွာဟမှုလေးတွေ၊ အဆက်စပ်မဲ့တာလေးတွေအပေါ် မေးခွန်းပြန်ထုတ်ခြင်း တွေကလည်း ကလေးတွေကို လူအများရှေ့မှာ စကားပြောရဲအောင်၊ သူတို့အမြင်တွေ ဖေါ်ထုတ်ခွင့်ရအောင် လေ့ကျင့်ပေးသလိုပါပဲ။

၂) ယုံကြည်မှု

——————-

ယုံကြည်မှုဆိုတဲ့အခါ ကလေးတွေကိုယ်တိုင် ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ကလည်း အရေးကြီးသလို ကလေးအပေါ် ယုံကြည်ပေးနေတဲ့ လူကြီးတွေရှိနေတယ်ဆိုတာ ကလေးကိုယ်တိုင် သိနေဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကို ယုံကြည်ပေးတဲ့သူတွေကို အကောင်းဆုံးလုပ်ပြချင်တာ သဘာဝပါပဲ။ အောင်မြင်တဲ့အခါ ချီးကျူးသလို အဆင်မပြေတဲ့အခါ သင်ယူစရာကို အတူတူ ဆွေးနွေးပေးမယ့် ဆရာ၊မတွေ၊ လူကြီးတွေနဲ့ နေရတဲ့ကလေးဟာ အမှားကနေလည်း သင်ယူနိုင်တယ်ဆိုတာသိလို့ မှားနိုင်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ယုံကြည်မှုရှိရှိနဲ့ ပြောရဲမှာပါ။ ဒါကြောင့် ကလေးတွေဟာ တစ်ခုမဟုတ်တစ်ခု အကောငး်ဆုံးလုပ်နိုင်မယ်ဆိုတာ ယုံကြည်သလို အောင်မြင်မှု၊ ကျရှုံးမှုတိုင်းကနေ သင်ခန်းစာယူတတ်အောင် ဘေးကနေ ပံ့ပိုးပေးဖို့လိုပါတယ်။ ကလေးကို ဖိအားတော့မပေးပါနဲ့။ ဖိအားပေးခံရတဲ့ကလေးက ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့လွယ်ပြီး အားငယ်လွယ်ပါတယ်။

၃) ပိုင်နိုင်မှု

—————-

 ပြောမယ့်အကြောင်းအရာကို သိအောင် ပိုင်နိုင်အောင် ပံ့ပိုးပေးဖို့လိုသလို၊ စကားပြောစွမ်းရည်၊ အသုံးအနှုန်း စတာတွေ တိုးတက်အောင် ပံ့ပိုးပေးဖို့လိုပါတယ်။ ကလေးကို ယုံကြည်တယ်ပြောပြီး လိုအပ်တာတွေ လမ်းညွှန်မှုမပေးရင်လည်း မရပါဘူး။ ကလေးတွေက သူတို့ ပြောမယ့်အကြောင်းအရာကို သေချာသိအောင်၊ ပြောမယ့် ဘာသာစကား အသုံးအနှုန်းစတာတွေနဲ့ အကျွမ်းတဝင်ဖြစ်အောင်၊ လေ့ကျင့်တဲ့နေရာမှာလည်း ပံ့ပိုးပေးဖို့လိုပါတယ်။ အကြောင်းအရာနဲ့ ဘာသာစကား မသိရင် ယုံကြည်မှုလည်း မရှိနိုင်ပါဘူး။ ကလေးကိုယ်တိုင်လည်း လေ့လာသင့်တဲ့ပုံစံ နဲ့ လေ့လာရမယ့်အကြောင်းအရာတွေကိုလည်း လမ်းညွှန်ပေးပါ။ ပြောမယ့်အကြောင်းအရာတွေ ပိုင်နိုင်အောင် ကျောင်းစာတင်သာမက သင့်လျော်တဲ့ အပြင်စာတွေကိုလည်း ဖတ်ခိုင်းပါ။ အခြားသူတွေစကားပြောတဲ့အခါ နားထောင်ခိုင်းပါ၊ နားထောင်ပြီး ပြန်လည် သုံးသပ်ခိုင်းပါ၊ သင်ယူစရာထုတ်နှုတ်ခိုင်းပါ။

 ကလေးတွေ ကြီးလာတဲ့အခါ လုပ်ငန်းခွင်ထဲမှာ အမြဲတမ်း သူများပြောတာပဲ နားထောင်တတ်စေချင်တယ်၊ ကိုယ့်အမြင်ကို မပြောရဲဘဲ အမြဲ ယုံကြည်မှုကင်းမဲ့နေစေချင်တယ်ဆိုရင် ကလေးတွေကို ငါတို့ လူကြီးတွေက အမြဲမှန်တယ်ဆိိုပြီး လုပ်ပါ၊ ကလေးရဲ့အမြင်ပြောလာရင် တစ်ခါတည်း ပါးစပ်ပိတ်လိုက်ပါ၊ ရိုက်ပလိုက်ပါ။ 

ကလေးကို ရဲရင့်စွာ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်အမြင်ကို ဖေါ်ထုတ်နိုင်စေချင်တယ်ဆိုရင်တော့ သူတို့ ပြောမယ့် အကြောင်းအရာတွေ အကြောင်း ရှုထောင့်ပေါင်းစုံက မြင်တတ်အောင် လေ့ကျင့်ပေးပါ၊ ဗဟုသုတတွေ တိုးအောင် စာဖတ်ခိုင်းပါ၊ အောင်မြင်မှု ကျရှုံးမှုတွေကနေ သင်ယူတတ်အောင် ပံ့ပိုးပေးပါ၊ ထင်မြင်ယူဆချက်တွေကို နားထောင်ပေးပါ၊ ကလေးတွေရဲ့ အမြင်တွေ ပိုပြီး ခိုင်မာအောင် မေးခွန်းတွေမေးပါ။ ကလေးတွေရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ပေးပါ။ ဒီလိုပံ့ပိုးမှုတွေသာ ရခဲ့ရင် ယုံကြည်မှုရှိရှိ လူရှေ့ထွက်ပြီး ကိုယ့်အမြင်တွေကို အခြားသူတွေနဲ့ ဖလှယ်နိုင်မှာသေချာပါတယ်။ ကလေးတိုင်း ယုံကြည်မှုရှိစွာ ကြီးပြင်းနိုင်ကြပါစေ။ 

မေတ္တာဖြင့်….

             Sayarma-ဆရာမ

[Zawgyi]

၂၀၁၅ခုႏွစ္မွာ Bill Clinton ရဲ႕  ဒုတိယအၾကိမ္ ဖိတ္ၾကားမွဳေၾကာင့္ Clinton ရဲ႕ သမီး Chelsea Clinton ရယ္၊ အႏၵိယနုိင္ငံမွာ ကေလးအခြင့္အေရးလွဳပ္ရွားသူ နိုဘယ္ဆုရွင္ Kailash Satyarthiရယ္၊  Sun Mediaရဲ႕ ဥကၠဌ Yang Lanတို႕နဲ႕အတူ Clinton Global Initiatve Annual Meetingရဲ႕ အဖြင့္Panelမွာ စကားေျပာခြင့္ရခဲ့ပါတယ္။ အမွန္တိုင္းေျပာရရင္ Bill Gate အပါအဝင္ နာမည္ၾကီး စီးပြါးေရးလုပ္ငန္းရွင္ေတြနဲ႕ နုိင္ငံ့ေခါင္းေဆာင္ေတြပါဝင္တာမို႕ ဒူးတုန္မိပါတယ္။ ဒါေပမယ့္ ကၽြန္မ ေဘးမွာ ကၽြန္မကို ယံုယံုၾကည္ၾကည္နဲ႕ အားေပးတဲ့အျပင္ သင္ျပေပး၊ အၾကံဥာဏ္ေပးၾကတဲ့ သူေတြေၾကာင့္ ကၽြန္မ ေျပာခ်င္တဲ့အရာေတြကို ေျပာတတ္သေလာက္ အေကာင္းဆံုးေျပာခဲ့ပါတယ္။  အရမ္းေၾကာက္ခဲ့ရသလို၊ အရမ္းလည္းေက်နပ္ခဲ့ပါတယ္။ သင္ယူခဲ့ရတာေတြ အမ်ားၾကီးထဲက လူအမ်ားေရွ႕မွာ စကားေတြေျပာတဲ့အခါ ရဲရဲဝံ့ဝံ့နဲ႕ စကားေျပာနုိင္ေအာင္ ကေလး ကတည္းက ဘာေတြ ဘယ္လို လုပ္ေပးသင့္တဲ့တယ္ဆိုတာ ကၽြန္မ ရဲ႕ အေတြ႕အၾကံဳေတြကေနတစ္ဆင့္ ေဝမွ်ခ်င္ပါတယ္။

၁) ေလ့က်င့္မွဳ

——————

ကၽြန္မတို႕ ျမန္မာနုိင္ငံမွာ ကေလးေတာ္ေတာ္မ်ားမ်ားဟာ စာသင္ခန္းေရွ႕ထြက္ျပီး အားလံုးကို ကိုယ့္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြ ေျပာျပခုိင္းတာ နည္းပါတယ္။ အခု စနစ္သစ္မွာ အမ်ားၾကီး ထည့္သြင္းနုိင္မယ္လို႕ ေမွ်ာ္လင့္မိပါတယ္။ ကေလးေတြကို ငယ္စဥ္ကတည္းက သူတို႕ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို အေထာက္အထားေတြနဲ႕ တင္ျပခိုင္းတာ၊ မွ်ေဝခုိင္းတာဟာ အသက္ၾကီးလို႕ အလုပ္ခြင္ထဲ ေရာက္တဲ့အခါ မေၾကာက္ေအာင္၊ လူေရွ႕သူေရွ႕ ယံုၾကည္မွဳရွိစြာ ေျပာရဲေအာင္ ေလ့က်င့္သင္ၾကားေပးရာ ေရာက္ပါတယ္။ ကေလးေတြကို တင္ျပခိုင္းတဲ့အခါ ထင္ရာေျပာခုိင္းတာထက္ သက္ေသအေထာက္အထားပါတဲ့ ထင္ျမင္ယူဆခ်က္ေတြကို အျခားကေလးေတြ နားေထာင္ခ်င္ေအာင္၊ စိတ္ဝင္စားေအာင္ တင္ျပနုိင္ဖို႕လည္း ပံ့ပိုးေပးဖုိ႕လိုပါတယ္။ ငယ္ငယ္ေလးကတည္းက မိသားစုစကားဝိုင္းမွာ လူရာသြင္းျပီး ေဆြးေႏြးခြင့္ေပးျခင္း၊ ကေလးေတြ စကားကို နားေထာင္ျပီး ကြာဟမွဳေလးေတြ၊ အဆက္စပ္မဲ့တာေလးေတြအေပၚ ေမးခြန္းျပန္ထုတ္ျခင္း ေတြကလည္း ကေလးေတြကို လူအမ်ားေရွ႕မွာ စကားေျပာရဲေအာင္၊ သူတို႕အျမင္ေတြ ေဖၚထုတ္ခြင့္ရေအာင္ ေလ့က်င့္ေပးသလိုပါပဲ။

၂) ယုံၾကည္မွဳ

——————-

ယံုၾကည္မွုဆိုတဲ့အခါ ကေလးေတြကိုယ္တိုင္ ကိုယ့္ကိုကိုယ္ ယံုၾကည္ဖို႕ကလည္း အေရးၾကီးသလို ကေလးအေပၚ ယံုၾကည္ေပးေနတဲ့ လူၾကီးေတြရွိေနတယ္ဆိုတာ ကေလးကိုယ္တိုင္ သိေနဖို႕လည္း အေရးၾကီးပါတယ္။ ကိုယ့္ကို ယံုၾကည္ေပးတဲ့သူေတြကို အေကာင္းဆံုးလုပ္ျပခ်င္တာ သဘာဝပါပဲ။ ေအာင္ျမင္တဲ့အခါ ခ်ီးက်ဴးသလို အဆင္မေျပတဲ့အခါ သင္ယူစရာကို အတူတူ ေဆြးေႏြးေပးမယ့္ ဆရာ၊မေတြ၊ လူၾကီးေတြနဲ႕ ေနရတဲ့ကေလးဟာ အမွားကေနလည္း သင္ယူနုိင္တယ္ဆိုတာသိလို႕ မွားနုိင္သည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ ယံုၾကည္မွဳရွိရွိနဲ႕ ေျပာရဲမွာပါ။ ဒါေၾကာင့္ ကေလးေတြဟာ တစ္ခုမဟုတ္တစ္ခု အေကာငး္ဆံုးလုပ္နုိင္မယ္ဆိုတာ ယံုၾကည္သလို ေအာင္ျမင္မွဳ၊ က်ရွံဳးမွုတုိင္းကေန သင္ခန္းစာယူတတ္ေအာင္ ေဘးကေန ပံ့ပိုးေပးဖုိ႕လိုပါတယ္။ ကေလးကို ဖိအားေတာ့မေပးပါနဲ႕။ ဖိအားေပးခံရတဲ့ကေလးက ကိုယ့္ကိုကိုယ္ ယံုၾကည္မွဳကင္းမဲ့လြယ္ျပီး အားငယ္လြယ္ပါတယ္။

၃) ပိုင္နုိင္မွဳ

—————-

 ေျပာမယ့္အေၾကာင္းအရာကို သိေအာင္ ပိုင္နုိင္ေအာင္ ပံ့ပိုးေပးဖုိ႕လိုသလို၊ စကားေျပာစြမ္းရည္၊ အသံုးအနွုန္း စတာေတြ တိုးတက္ေအာင္ ပံ့ပုိးေပးဖုိ႕လိုပါတယ္။ ကေလးကို ယံုၾကည္တယ္ေျပာျပီး လုိအပ္တာေတြ လမ္းညႊန္မွဳမေပးရင္လည္း မရပါဘူး။ ကေလးေတြက သူတို႕ ေျပာမယ့္အေၾကာင္းအရာကို ေသခ်ာသိေအာင္၊ ေျပာမယ့္ ဘာသာစကား အသံုးအႏွဳန္းစတာေတြနဲ႕ အကၽြမ္းတဝင္ျဖစ္ေအာင္၊ ေလ့က်င့္တဲ့ေနရာမွာလည္း ပံ့ပိုးေပးဖုိ႕လိုပါတယ္။ အေၾကာင္းအရာနဲ႕ ဘာသာစကား မသိရင္ ယံုၾကည္မွဳလည္း မရွိနုိင္ပါဘူး။ ကေလးကိုယ္တိုင္လည္း ေလ့လာသင့္တဲ့ပံုစံ နဲ႕ ေလ့လာရမယ့္အေၾကာင္းအရာေတြကိုလည္း လမ္းညႊန္ေပးပါ။ ေျပာမယ့္အေၾကာင္းအရာေတြ ပိုင္နုိင္ေအာင္ ေက်ာင္းစာတင္သာမက သင့္ေလ်ာ္တဲ့ အျပင္စာေတြကိုလည္း ဖတ္ခိုင္းပါ။ အျခားသူေတြစကားေျပာတဲ့အခါ နားေထာင္ခုိင္းပါ၊ နားေထာင္ျပီး ျပန္လည္ သံုးသပ္ခုိင္းပါ၊ သင္ယူစရာထုတ္ႏွုတ္ခုိင္းပါ။

 ကေလးေတြ ၾကီးလာတဲ့အခါ လုပ္ငန္းခြင္ထဲမွာ အျမဲတမ္း သူမ်ားေျပာတာပဲ နားေထာင္တတ္ေစခ်င္တယ္၊ ကိုယ့္အျမင္ကို မေျပာရဲဘဲ အျမဲ ယံုၾကည္မွဳကင္းမဲ့ေနေစခ်င္တယ္ဆိုရင္ ကေလးေတြကို ငါတို႕ လူၾကီးေတြက အျမဲမွန္တယ္ဆိိုျပီး လုပ္ပါ၊ ကေလးရဲ႕အျမင္ေျပာလာရင္ တစ္ခါတည္း ပါးစပ္ပိတ္လုိက္ပါ၊ ရိုက္ပလုိက္ပါ။ 

ကေလးကို ရဲရင့္စြာ ယံုၾကည္မွုအျပည့္နဲ႕ ကိုယ့္အျမင္ကို ေဖၚထုတ္နုိင္ေစခ်င္တယ္ဆိုရင္ေတာ့ သူတို႕ ေျပာမယ့္ အေၾကာင္းအရာေတြ အေၾကာင္း ရွဳေထာင့္ေပါင္းစံုက ျမင္တတ္ေအာင္ ေလ့က်င့္ေပးပါ၊ ဗဟုသုတေတြ တိုးေအာင္ စာဖတ္ခုိင္းပါ၊ ေအာင္ျမင္မွဳ က်ရွံဳးမွုေတြကေန သင္ယူတတ္ေအာင္ ပံ့ပိုးေပးပါ၊ ထင္ျမင္ယူဆခ်က္ေတြကို နားေထာင္ေပးပါ၊ ကေလးေတြရဲ႕ အျမင္ေတြ ပုိျပီး ခုိင္မာေအာင္ ေမးခြန္းေတြေမးပါ။ ကေလးေတြရဲ႕ လုပ္နုိင္စြမ္းကို ယံုၾကည္ေပးပါ။ ဒီလိုပံ့ပိုးမွုေတြသာ ရခဲ့ရင္ ယံုၾကည္မွဳရွိရွိ လူေရွ႕ထြက္ျပီး ကိုယ့္အျမင္ေတြကို အျခားသူေတြနဲ႕ ဖလွယ္နုိင္မွာေသခ်ာပါတယ္။ ကေလးတိုင္း ယံုၾကည္မွုရွိစြာ ၾကီးျပင္းနုိင္ၾကပါေစ။ 

ေမတၱာျဖင့္….              Sayarma-ဆရာမ