[Unicode]

ကလေးတွေရဲ့ ပညာရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လေး မြင်ခဲ့ရတဲ့ ကျောင်းလေးတစ်ကျောင်းအကြောင်းပြောပြချင်ပါတယ်။ ဇွန်လ တတိယအပတ်ထဲမှာ ကျွန်မတို့ ဆရာမဖောင်ဒေးရှင်းအဖွဲ့သားတွေနဲ့ ကျွန်မတို့ရဲ့ မိိတ်ဖက် စာသင်ကျောင်းက ကျောင်းအုပ်တွေ၊ ဆရာ၊မတွေဟာ ရေဦး မြို့နယ်ထဲက အစိုးရကျောင်းလေး တစ်ကျောင်းဖြစ်တဲ့ အလက ဇိန်ဇွန်းကို သွားရောက် လေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံက ကျောင်းတွေလည်း ကောင်းကြပါတယ် ဆိုတာ သက်သေပြနိုင်မယ့်ကျောင်းလေး၊ မြန်မာပြည်က ဆရာ၊မတွေက မပြည့်စုံမှုတွေ ကြားက ကလေးတွေ အရည်သွေးပြည့်မီသော ပညာရေးရဖို့ အစွမး်ကုန် ကြိုးစားကြပါတယ် ဆိုတာ လက်တွေ့ပြနိုင်မယ့် ကျောင်းလေးမို့ အ.လ.က ဇိန့်ဇွန်းမှာ တွေ့ခဲ့ရတဲ့ သဘောကျစရာတွေအများကြီးထဲက အချက် (၃)ချက်ကို မျှဝေပေးချင်ပါတယ်။

၁) ကျောင်းအုပ်နှင့် ကျောင်းဆရာ၊မများ

——————————————

အ.လ.က ဇိန့်ဇွန်းမှာ ကလေးတွေအတွက် အလေးထားပြီး သေသေချာချာ သင်ပြပေးကြတာ တွေ့ရတော့ ကျွန်မက မေးကြည့်ဖြစ်တယ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်း က ဘာမှမပြောဘူးလားလို့မေးကြည့်တော့ ကျောင်းက ဆရာ၊မတွေ ဖြစ်ချင်တာ လုပ်ချင်တာတွေက ကလေးတွေအတွက် ကောင်းမယ်ဆို အားလုံး စုပေါင်း လုပ်ကြမယ်ဆိုပြီး အကြံဉာဏ်တွေကို နားထောင်ပေးတယ်၊ လက်တွေ့ အကောင်ထည်ဖေါ်စေတယ်တဲ့။ ကျောင်းအုပ်ဆရာမကြီးရဲ့ သဘောထားကြီးမှု နဲ့ ခေါင်းဆောင်ကောင်းပီသမှုကြောင့် ကလေးပျော်ကျောင်းဖြစ်ဖို့ အကြောင်းဖန်လာသလို၊ ဆရာပျော်ကျောင်းလည်း ဖြစ်လာတယ်။

သင်ကြားရေး တာဝန်ယူသူတွေကလည်း တက်ကြွတယ်။ ပူးပေါင်းလိုစိတ် ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြုင်ကြတာထက် ဝိုင်းဝန်းပံ့ပိုးကူညီချင်ကြတယ်၊ တစ်ယောက်က ဖြစ်ချင်တာကို တစ်ယောက်က ပံ့ပိုးကြတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ဆရာ၊မတွေထဲက ဆရာစိုးဝေဟန်နဲ့ ကျွန်မ အွန်လိုင်းပေါ်မှာ သိကျွမ်းရင်းကနေ ဒီကျောင်းလေးကို သွားရောက်လေ့လာဖြစ်ခဲ့တာပါ။

ကျွန်မတို့ သွားရောက်လေ့လာခဲ့တဲ့ အချိန် ခဏမှာလည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သတ်ပြီး မျှဝေပေးခွင့် ရခဲ့ပါတယ်။ ကလေးတွေအတွက် အမြဲ အကောင်းဆုံး ကြိုးစားသင်ယူချင်စိတ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ ကျွန်မတို့ အဖွဲ့သားတွေလည်း သိသလောက် မှတ်သလောက် ကြိုးစားပြီး မျှဝေပေးခဲ့ပါတယ်။

၂) စာပေမြတ်နိုုးမှုနှင့် ဦးဆောင်နိုင်စွမ်း

—————————————–

အ.လ.က ဇိန့်ဇွန်းက ကလေးတွေဟာ မအိမ်ကံ လို၊ ဆူးပန်းခွေသွယ်ဘယက် ပေရွက်လိပ် နားထောင်းဆင် လို

စာအုပ်အကြီးကြီးတွေ အပြင် အခြား ဗဟုသုတရဖွယ် စာအုပ်တွေကို နှစ်သက် မြတ်နိုးစွာ ဖတ်ရှုကြတဲ့အပြင် ရင်ထဲက နှစ်နှစ်ကာကာ စာဖတ်ခြင်းကို မြတ်နို်းတာကို တွေ့မြင်ခဲ့ရပါတယ်။ စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တွေကို စီမံခန့်ခွဲတာ၊ စာအုပ်ငှားတဲ့ ကိစ္စတွေကို စီမံခန့်ခွဲတာ စတာတွေကို ကလေးတွေ ကိုယ်တိုင် လုပ်ဆောင်ကြပါတယ်။စာအုပ်တွေ ပျက်စီး ပျောက်ရှခြင်း ရှိလားလို့ မေးတော့ စာကြည့်တိုက် အစီအစဉ်လေးတွေ စတင်တုန်းကတော့ ကလေးတွေလည်း စီမံခန့်ခွဲမတတ်သေးလို့စာအုပ်အချို့ ပျောက်ရှတာ နည်းနည်း ရှိခဲ့ပေမယ့် အခု အချိန်မှာတော့ ကလေးတွေဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွကို စောင့်ရှောက် ကြီးကြပ်ဖို့ အလှည့်ကျ တာဝန်ယူကြပါတယ်။ ကလေးတွေရဲ့ ဦးဆောင်နိုင်မှုနဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို မြှင့်တင်ပေးတာ၊ သင်ပြပေးတာကတော့ ကျောင်းက ဆရာ၊မတွေပါပဲ။ ကလေးတွေဟာ ကျောင်းတက်ချိန် မတိုင်ခင် ၄၅ မိနစ်လောက်စောလာပြီး စာဖတ်ကြတယ်၊ အားချိန်တွေမှာလည်း စာဖတ်ကြတယ်။ စာဖတ်တာကို နှစ်သက်မြတ်နို်းလာအောင် စီစဉ်ပေးကြသလို ၊ သင်ပြပေးတာကိုတော့ ချီးကျူးရပါတယ်။ စာကြည့်တိုက်ဆိုပြီး သတ်သတ်တော့ မရှိပါဘူး။ Hall ခန်းမထဲက ထောင့်နေရာလေးမှာ စာသင်ခုံတွေ အကြား ကိုယ်ပိုင်ဖန်တီးထားတဲ့ စာကြည့်စရာနေရာလေးကို စာကြည့်တိုက်လို့ခေါ်ကြတာပါ။ ကျွန်မကတော့ စာကြည့်တိုက်တွေ သော့ခတ်ထားတာမဟုတ်ဘဲ၊ တိုက်တာတွေနဲ့ ခန့်ထည်မှု မတွေ့ရပေမယ့် စာအုပ်တွေအကြား စာဖတ်နေတဲ့ ကလေးတွေကို မြင်ရတာက ခန့်ငြားထည်ဝါလွန်းတဲ့ မြင်ကွင်းလို့ ထင်ပါတယ်။ ဖတ်စာ စာအုပ် အပြင် အခြား ဗဟုသုတရစရာတွေ ဖတ်ခွင့်ပေးတာ၊ စာအုပ်စာပေကို မိတ်ဆွေဖွဲ့ခွင့်ပေးတဲ့ ကျောင်းက ဆရာ၊မတွေက ချီးကျူးစရာပါ။

၃) ကျောင်းစာ ပြင်ပ လုပ်ငန်းများ

——————————–

ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေအပြင် ကျောင်းဝန်းအတွက်မှာ အသင်းလိုက် စိုက်ပျိုးရေး လုပ်ငန်းတွေ၊ စာသင်နှစ် တစ်နှစ်ပတ်လုံးလုပ်ကြပါတယ်။ အသင်းအလိုက် နေရာကွက်လပ်တစ်ခုပေးထားတယ်။ ကြီးကြပ်သူ ဆရာမတွေပါတယ်။ သတ်မှတ်ထားတဲ့ ကာလတွေမှာ ဆရာ၊မတွေအဖွဲ့လိုက် စစ်ဆေး အကဲဖြတ် မှတ်တမ်းတင်ထားတယ်။ တစ်ချိန်ကနေ နောက်တစ်ချိန် ပိုကောင်းအောင် ကြိုးစားကြတယ်။ ကျွန်မကိုယ်တိုင် သစ်ပင်ချစ်တတ်သူမို့ – ကလေးတွေက သူတို့စိုက်ထားတဲ့ သစ်ပင်လေးတွေကို အားတိုင်း သွားကြည့်ပြီး ဂရုစိုက်ကြတယ် ဆိုတာပြောပြတော့ သူတို့ရဲ့ ခံစားချက်ကို ချိတ်ဆက်ခံစားနိုင်တယ်။ ကလေးတွေက ရာသီအလိုက် အပင်စိုက်ပျိုးခြင်းပညာရပ်တင်မကဘူး၊ အဖွဲ့လိုက် လုပ်ဆောင်မှု၊ ပြဿနာဖြေရှင်းမှု၊ သဘာဝပတ်ဝန်းကျင်ချစ်ခင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု စတဲ့ ကျွမ်းကျင်မှု၊ တန်ဖိုးထားမှုတွေကိုပါ တစ်ပါတည်း သင်ယူကြပါတယ်။

ကလေးတွေက စာသင်နှစ် တစ်နှစ်လုံး သစ်ပင်စိုက်ကြသလို – အားကစားလည်း လုပ်ကြတယ်။ ရှိတဲ့မြေကွက်လပ်မှာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေလို တစ်နှစ်ပတ်လုံး လေ့ကျင့်ခြင်း၊ ကစားခြင်း၊ ယှဉ်ပြိုင်ခြင်းတွေ အမြဲ လုပ်နေကြတယ်။ အားကစားပွဲဆိုတာ ဒီဇင်ဘာလမှ ထပြီး လုပ်ရတဲ့ ပြပွဲလေး မဟုတ်ဘူးဆိုတာ အလုပ်နဲ့ သက်သေပြနေသလိုပါပဲ။

နောက်ထပ်ချစ်စရာကောင်းတဲ့ နေရာလေးကတော့ ကလေး ကစားကွင်းလေးပါ။ ကစားကွင်းဆိုပေမယ့် ကားတာယာလေးတွေနဲ့ ကလေးတွေ ကစားချင်အောင် ကိုယ်တိုင် ကိုယ်ကျ ပုံဖေါ်ပြီး တည်ဆောက်ထားတာပါ။

အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ အ.လ.က ဇိန့်ဇွန်းဟာ အစိုးရကျောင်းဖြစ်တယ်။ အဆောက်ဦအားဖြင့် ငွေကြေးအားဖြင့် ဆင်းရဲတယ် ဒါပေမယ့် တက်ကြွမှု၊ သင်ယူမှု၊ပျော်ရွှင်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ချမ်းသာတဲ့ ကျောင်းလေးတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းက ကလေးတွေ၊ မိဘတွေနဲ့ ဆရာ၊မတွေဟာ ကျူရှင်ထက် ကျောင်းက ပညာပေးတဲ့ ပညာရေးအစီအစဉ်တွေကို ပိုပြီးတန်ဖိုးထားတဲ့အတွက် ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ဂိုက် သွားရတဲ့ အခြေအနေမဟုတ်လို့ ကလေးတွေအတွက် အပြင်စာ ဖတ်ချိန်၊ ကစားချိန်၊ စိုက်ပျိုးချိန် ပိုလို့ ရရှိပါတယ်။ အဲဒီ့အကျိုးဆက်ကတော့ ကလေးတွေဟာ ကျောင်းကို ချစ်တယ်၊ ကျောင်းက စာတွေကို အလေးထားတယ်၊ ကျောင်းဖတ်စာနဲ့ လက်တွေ့ဘဝကို ချိတ်ဆက်နိုင်မှုအပြင် လက်တွေ့ဘဝထဲက သင်ယူစရာတွေကိုလည်း တန်ဖိုးထားတတ်လာပါတယ်။ ကျွန်မကတော့ အ.လ.က ဇိန့်ဇွန်းကို သွားလေ့လာခဲ့ရတဲ့ အချိန်တွေဟာ သိပ်တန်ဖိုးရှိတယ်လို့ ခံစားရသလို မြန်မာပြည်က ကလေးတွေအတွက် အနာဂါတ် ပညာရေး မျှော်လင့်ချက် ရောင်ချည်လေး မြင်လိုက်ရသလို ပီတိဖြစ်မိပါတယ်။ ဒီလို ကြိုးစားကြတဲ့ ဆရာ၊မတွေ ကျောင်းအုပ်တွေ မြန်မာပြည်မှာ များများ ပေါ်ထွန်းစေချင်တာပါပဲ။ ကျွန်မတို့ကို လေ့လာခွင့့် ပေးပြီး ကူညီပေးခဲ့ကြသူတွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံး တန်ဖိုးရှိသော သင်ယူမှုများ နေ့စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

မေတ္တာဖြင့်…..

Sayarma-ဆရာမ

ကျောင်းကလေးရဲ့ ပို့စ် အချို့ကို လေ့လာလိုရင် –

https://m.facebook.com/story.php?story_fbid=1987349558000502&id=100001764315478
https://m.facebook.com/story.php?story_fbid=1997573596978098&id=100001764315478

န်ပုံတွေကို ဆရာစိုးဝေဟန်တင်ထားသည့် ပို့စ်မှ ကူးယူဖေါ်ပြထားပါတယ်။

[Zawgyi]

ကေလးေတြရဲ႕ ပညာေရးအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလး ျမင္ခဲ့ရတဲ့ ေက်ာင္းေလးတစ္ေက်ာင္းအေၾကာင္းေျပာျပခ်င္ပါတယ္။ ဇြန္လ တတိယအပတ္ထဲမွာ ကၽြန္မတို႕ ဆရာမေဖာင္ေဒးရွင္းအဖြဲ႕သားေတြနဲ႕ ကၽြန္မတို႕ရဲ႕ မိိတ္ဖက္ စာသင္ေက်ာင္းက ေက်ာင္းအုပ္ေတြ၊ ဆရာ၊မေတြဟာ ေရဦး ျမိဳ႕နယ္ထဲက အစိုးရေက်ာင္းေလး တစ္ေက်ာင္းျဖစ္တဲ့ အလက ဇိန္ဇြန္းကို သြားေရာက္ ေလ့လာခဲ့ပါတယ္။ ျမန္မာနုိင္ငံက ေက်ာင္းေတြလည္း ေကာင္းၾကပါတယ္ ဆိုတာ သက္ေသျပနုိင္မယ့္ေက်ာင္းေလး၊ ျမန္မာျပည္က ဆရာ၊မေတြက မျပည့္စံုမွဳေတြ ၾကားက ကေလးေတြ အရည္ေသြးျပည့္မီေသာ ပညာေရးရဖို႕ အစြမး္ကုန္ ၾကိဳးစားၾကပါတယ္ ဆိုတာ လက္ေတြ႕ျပနုိင္မယ့္ ေက်ာင္းေလးမို႕ အ.လ.က ဇိန္႕ဇြန္းမွာ ေတြ႕ခဲ႕ရတဲ့ သေဘာက်စရာေတြအမ်ားၾကီးထဲက အခ်က္ (၃)ခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။

၁) ေက်ာင္းအုပ္ႏွင့္ ေက်ာင္းဆရာ၊မမ်ား
——————————————
အ.လ.က ဇိန္႕ဇြန္းမွာ ကေလးေတြအတြက္ အေလးထားျပီး ေသေသခ်ာခ်ာ သင္ျပေပးၾကတာ ေတြ႕ရေတာ့ ကၽြန္မက ေမးၾကည့္ျဖစ္တယ္၊ ေက်ာင္းအုပ္ဆရာမၾကီး ေဒၚလဲ့လဲ့ဝင္း က ဘာမွမေျပာဘူးလားလို႕ေမးၾကည့္ေတာ့ ေက်ာင္းက ဆရာ၊မေတြ ျဖစ္ခ်င္တာ လုပ္ခ်င္တာေတြက ကေလးေတြအတြက္ ေကာင္းမယ္ဆို အားလံုး စုေပါင္း လုပ္ၾကမယ္ဆိုျပီး အၾကံဥာဏ္ေတြကို နားေထာင္ေပးတယ္၊ လက္ေတြ႕ အေကာင္ထည္ေဖၚေစတယ္တဲ့။ ေက်ာင္းအုပ္ဆရာမၾကီးရဲ႕ သေဘာထားၾကီးမွဳ နဲ႕ ေခါင္းေဆာင္ေကာင္းပီသမွဳေၾကာင့္ ကေလးေပ်ာ္ေက်ာင္းျဖစ္ဖုိ႕ အေၾကာင္းဖန္လာသလို၊ ဆရာေပ်ာ္ေက်ာင္းလည္း ျဖစ္လာတယ္။

သင္ၾကားေရး တာဝန္ယူသူေတြကလည္း တက္ၾကြတယ္။ ပူးေပါင္းလိုစိတ္ ရွိတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ယွဥ္ျပဳင္ၾကတာထက္ ဝိုင္းဝန္းပံ့ပိုးကူညီခ်င္ၾကတယ္၊ တစ္ေယာက္က ျဖစ္ခ်င္တာကို တစ္ေယာက္က ပံ့ပိုးၾကတယ္။ ဒီလို ခ်စ္စရာေကာင္းတဲ့ ဆရာ၊မေတြထဲက ဆရာစိုးေဝဟန္နဲ႕ ကၽြန္မ အြန္လုိင္းေပၚမွာ သိကၽြမ္းရင္းကေန ဒီေက်ာင္းေလးကို သြားေရာက္ေလ့လာျဖစ္ခဲ့တာပါ။

ကၽြန္မတို႕ သြားေရာက္ေလ့လာခဲ့တဲ့ အခ်ိန္ ခဏမွာလည္း ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးနဲ႕ ပတ္သတ္ျပီး မွ်ေဝေပးခြင့္ ရခဲ့ပါတယ္။ ကေလးေတြအတြက္ အျမဲ အေကာင္းဆံုး ၾကိဳးစားသင္ယူခ်င္စိတ္ကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရေတာ့ ကၽြန္မတို႕ အဖြဲ႕သားေတြလည္း သိသေလာက္ မွတ္သေလာက္ ၾကိဳးစားျပီး မွ်ေဝေပးခဲ့ပါတယ္။

၂) စာေပျမတ္နုိုးမွဳႏွင့္ ဦးေဆာင္နုိင္စြမ္း
—————————————–
အ.လ.က ဇိန္႕ဇြန္းက ကေလးေတြဟာ မအိမ္ကံ လို၊ ဆူးပန္းေခြသြယ္ဘယက္ ေပရြက္လိပ္ နားေထာင္းဆင္ လို
စာအုပ္အၾကီးၾကီးေတြ အျပင္ အျခား ဗဟုသုတရဖြယ္ စာအုပ္ေတြကို ႏွစ္သက္ ျမတ္နုိးစြာ ဖတ္ရွဳၾကတဲ့အျပင္ ရင္ထဲက ႏွစ္ႏွစ္ကာကာ စာဖတ္ျခင္းကို ျမတ္နုိ္းတာကုိ ေတြ႕ျမင္ခဲ့ရပါတယ္။ စာၾကည့္တုိက္မွာ ရွိတဲ့ စာအုပ္ေတြကို စီမံခန္႕ခြဲတာ၊ စာအုပ္ငွားတဲ့ ကိစၥေတြကို စီမံခန္႕ခြဲတာ စတာေတြကို ကေလးေတြ ကိုယ္တိုင္ လုပ္ေဆာင္ၾကပါတယ္။စာအုပ္ေတြ ပ်က္စီး ေပ်ာက္ရွျခင္း ရွိလားလို႕ ေမးေတာ့ စာၾကည့္တုိက္ အစီအစဥ္ေလးေတြ စတင္တုန္းကေတာ့ ကေလးေတြလည္း စီမံခန္႕ခြဲမတတ္ေသးလို႕စာအုပ္အခ်ိဳ႕ ေပ်ာက္ရွတာ နည္းနည္း ရွိခဲ့ေပမယ့္ အခု အခ်ိန္မွာေတာ့ ကေလးေတြဟာ ကိုယ့္ေျခကိုယ့္လက္နဲ႕ ကိုယ္ၾကိဳက္တဲ့ စာအုပ္ေလးတြကို ေစာင့္ေရွာက္ ၾကီးၾကပ္ဖုိ႕ အလွည့္က် တာဝန္ယူၾကပါတယ္။ ကေလးေတြရဲ႕ ဦးေဆာင္နုိင္မွဳနဲ႕ စီမံခန္႕ခြဲမွဳ စြမ္းရည္ကို ျမွင့္တင္ေပးတာ၊ သင္ျပေပးတာကေတာ့ ေက်ာင္းက ဆရာ၊မေတြပါပဲ။ ကေလးေတြဟာ ေက်ာင္းတက္ခ်ိန္ မတိုင္ခင္ ၄၅ မိနစ္ေလာက္ေစာလာျပီး စာဖတ္ၾကတယ္၊ အားခ်ိန္ေတြမွာလည္း စာဖတ္ၾကတယ္။ စာဖတ္တာကို ႏွစ္သက္ျမတ္နုိ္းလာေအာင္ စီစဥ္ေပးၾကသလို ၊ သင္ျပေပးတာကိုေတာ့ ခ်ီးက်ဴးရပါတယ္။ စာၾကည့္တိုက္ဆုိျပီး သတ္သတ္ေတာ့ မရွိပါဘူး။ Hall ခန္းမထဲက ေထာင့္ေနရာေလးမွာ စာသင္ခံုေတြ အၾကား ကိုယ္ပုိင္ဖန္တီးထားတဲ့ စာၾကည့္စရာေနရာေလးကို စာၾကည့္တုိက္လို႕ေခၚၾကတာပါ။ ကၽြန္မကေတာ့ စာၾကည့္တုိက္ေတြ ေသာ့ခတ္ထားတာမဟုတ္ဘဲ၊ တုိက္တာေတြနဲ႕ ခန္႕ထည္မွု မေတြ႕ရေပမယ့္ စာအုပ္ေတြအၾကား စာဖတ္ေနတဲ့ ကေလးေတြကို ျမင္ရတာက ခန္႕ျငားထည္ဝါလြန္းတဲ့ ျမင္ကြင္းလို႕ ထင္ပါတယ္။ ဖတ္စာ စာအုပ္ အျပင္ အျခား ဗဟုသုတရစရာေတြ ဖတ္ခြင့္ေပးတာ၊ စာအုပ္စာေပကို မိတ္ေဆြဖြဲ႕ခြင့္ေပးတဲ့ ေက်ာင္းက ဆရာ၊မေတြက ခ်ီးက်ဴးစရာပါ။

၃) ေက်ာင္းစာ ျပင္ပ လုပ္ငန္းမ်ား 
——————————–
ဘာသာရပ္ဆုိင္ရာ သင္ခန္းစာေတြအျပင္ ေက်ာင္းဝန္းအတြက္မွာ အသင္းလိုက္ စိုက္ပ်ိဳးေရး လုပ္ငန္းေတြ၊ စာသင္ႏွစ္ တစ္ႏွစ္ပတ္လံုးလုပ္ၾကပါတယ္။ အသင္းအလုိက္ ေနရာကြက္လပ္တစ္ခုေပးထားတယ္။ ၾကီးၾကပ္သူ ဆရာမေတြပါတယ္။ သတ္မွတ္ထားတဲ့ ကာလေတြမွာ ဆရာ၊မေတြအဖဲြ႕လိုက္ စစ္ေဆး အကဲျဖတ္ မွတ္တမ္းတင္ထားတယ္။ တစ္ခ်ိန္ကေန ေနာက္တစ္ခ်ိန္ ပိုေကာင္းေအာင္ ၾကိဳးစားၾကတယ္။ ကၽြန္မကိုယ္တုိင္ သစ္ပင္ခ်စ္တတ္သူမို႕ – ကေလးေတြက သူတုိ႕စိုက္ထားတဲ့ သစ္ပင္ေလးေတြကို အားတုိင္း သြားၾကည့္ျပီး ဂရုစိုက္ၾကတယ္ ဆိုတာေျပာျပေတာ့ သူတို႕ရဲ႕ ခံစားခ်က္ကို ခ်ိတ္ဆက္ခံစားနုိင္တယ္။ ကေလးေတြက ရာသီအလုိက္ အပင္စိုက္ပ်ိဳးျခင္းပညာရပ္တင္မကဘူး၊ အဖြဲ႕လုိက္ လုပ္ေဆာင္မွဳ၊ ျပႆနာေျဖရွင္းမွဳ၊ သဘာဝပတ္ဝန္းက်င္ခ်စ္ခင္မွဳ၊ တာဝန္ယူမွဳ၊ တာဝန္ခံမွဳ စတဲ့ ကၽြမ္းက်င္မွဳ၊ တန္ဖိုးထားမွဳေတြကိုပါ တစ္ပါတည္း သင္ယူၾကပါတယ္။

ကေလးေတြက စာသင္ႏွစ္ တစ္ႏွစ္လံုး သစ္ပင္စိုက္ၾကသလို – အားကစားလည္း လုပ္ၾကတယ္။ ရွိတဲ့ေျမကြက္လပ္မွာ နုိင္ငံတကာ ေဘာလံုးျပိဳင္ပြဲေတြလို တစ္ႏွစ္ပတ္လံုး ေလ့က်င့္ျခင္း၊ ကစားျခင္း၊ ယွဥ္ျပိုင္ျခင္းေတြ အျမဲ လုပ္ေနၾကတယ္။ အားကစားပြဲဆိုတာ ဒီဇင္ဘာလမွ ထျပီး လုပ္ရတဲ့ ျပပြဲေလး မဟုတ္ဘူးဆိုတာ အလုပ္နဲ႕ သက္ေသျပေနသလိုပါပဲ။ 
ေနာက္ထပ္ခ်စ္စရာေကာင္းတဲ့ ေနရာေလးကေတာ့ ကေလး ကစားကြင္းေလးပါ။ ကစားကြင္းဆိုေပမယ့္ ကားတာယာေလးေတြနဲ႕ ကေလးေတြ ကစားခ်င္ေအာင္ ကိုယ္တုိင္ ကိုယ္က် ပံုေဖၚျပီး တည္ေဆာက္ထားတာပါ။

အခ်ဳပ္မွာ ကၽြန္မ မွ်ေဝခ်င္တာကေတာ့ အ.လ.က ဇိန္႕ဇြန္းဟာ အစိုးရေက်ာင္းျဖစ္တယ္။ အေဆာက္ဦအားျဖင့္ ေငြေၾကးအားျဖင့္ ဆင္းရဲတယ္ ဒါေပမယ့္ တက္ၾကြမွဳ၊ သင္ယူမွဳ၊ေပ်ာ္ရႊင္မွဳနဲ႕ ပူးေပါင္းလုပ္ေဆာင္မွဳေတြ ခ်မ္းသာတဲ့ ေက်ာင္းေလးတစ္ေက်ာင္းျဖစ္ပါတယ္။ ေက်ာင္းက ကေလးေတြ၊ မိဘေတြနဲ႕ ဆရာ၊မေတြဟာ က်ဴရွင္ထက္ ေက်ာင္းက ပညာေပးတဲ့ ပညာေရးအစီအစဥ္ေတြကို ပိုျပီးတန္ဖိုးထားတဲ့အတြက္ ေက်ာင္းျပီး က်ဴရွင္၊ က်ဴရွင္ျပီး ဂိုက္ သြားရတဲ့ အေျခအေနမဟုတ္လို႕ ကေလးေတြအတြက္ အျပင္စာ ဖတ္ခ်ိန္၊ ကစားခ်ိန္၊ စိုက္ပ်ိဳးခ်ိန္ ပိုလို႕ ရရွိပါတယ္။ အဲဒီ့အက်ိဳးဆက္ကေတာ့ ကေလးေတြဟာ ေက်ာင္းကို ခ်စ္တယ္၊ ေက်ာင္းက စာေတြကို အေလးထားတယ္၊ ေက်ာင္းဖတ္စာနဲ႕ လက္ေတြ႕ဘဝကို ခ်ိတ္ဆက္နုိင္မွဳအျပင္ လက္ေတြ႕ဘဝထဲက သင္ယူစရာေတြကိုလည္း တန္ဖုိးထားတတ္လာပါတယ္။ ကၽြန္မကေတာ့ အ.လ.က ဇိန္႕ဇြန္းကို သြားေလ့လာခဲ့ရတဲ့ အခ်ိန္ေတြဟာ သိပ္တန္ဖိုးရွိတယ္လို႕ ခံစားရသလို ျမန္မာျပည္က ကေလးေတြအတြက္ အနာဂါတ္ ပညာေရး ေမွ်ာ္လင့္ခ်က္ ေရာင္ခ်ည္ေလး ျမင္လိုက္ရသလို ပီတိျဖစ္မိပါတယ္။ ဒီလို ၾကိဳးစားၾကတဲ့ ဆရာ၊မေတြ ေက်ာင္းအုပ္ေတြ ျမန္မာျပည္မွာ မ်ားမ်ား ေပၚထြန္းေစခ်င္တာပါပဲ။ ကၽြန္မတို႕ကို ေလ့လာခြင့့္ ေပးျပီး ကူညီေပးခဲ့ၾကသူေတြအားလံုးကိုလည္း ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ အားလံုး တန္ဖိုးရွိေသာ သင္ယူမွဳမ်ား ေန႕စဥ္ႏွင့္အမွ် ရွာေဖြေတြ႕ရွိနုိင္ၾကပါေစ။

ေမတၱာျဖင့္…..
Sayarma-ဆရာမ

ေက်ာင္းကေလးရဲ႕ ပို႕စ္ အခ်ိဳ႕ကို ေလ့လာလိုရင္ – 
https://m.facebook.com/story.php?story_fbid=1987349558000502&id=100001764315478

https://m.facebook.com/story.php?story_fbid=1997573596978098&id=100001764315478

န္ပံုေတြကို ဆရာစိုးေဝဟန္တင္ထားသည့္ ပို႕စ္မွ ကူးယူေဖၚျပထားပါတယ္။