[ Unicode ]

ကျွန်မတို့တစ်တွေက ကိုယ့်ကျောင်းသားတွေကိုပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးတွေကိုပဲဖြစ်ဖြစ် အောင်မြင်ပျော်ရွှင်စေချင်ကြတယ်၊ စိတ်ရော ကိုယ်ပါချမ်းသာစေချင်ကြတယ်၊ ပညာတတ်ကြီးတွေ အများလေးစားသူတွေဖြစ်စေချင်ကြတယ်။ အများကြီးပါပဲ။ ကလေးလေး မမွေးခင်ကတည်းက ဘယ်လိုလေးဖြစ်အောင် ပံ့ပိုးပေးမယ်၊ ဘာလုပ်ပေးမယ်၊ ဘာတွေသင်ပေးမယ်ဆိုပြီး တွေးကြ၊ ပြင်ကြပါတယ်။ အဲဒီ့လို မမွေးခင်ကတည်းက စိတ်ကူးယဉ်မျှော်လင့်လာကြတော့ ကလေးမွေးလာတဲ့အခါ ကိုယ်ဖြစ်စေချင်သလို ပုံသွင်းကြတဲ့ ဇာတ်လမ်းတွေစလာပါတော့တယ်။ ကလေးက ကိုယ့်သဘောအတိုင်း ဖြစ်လာတဲ့အခါ စိတ်ချမ်းသာကြပေမယ့် ကိုယ့်သဘောအတိုင်းမဖြစ်တဲ့အခါတွေမှာ စိတ်ညစ်ရတာ၊ ဒေါသထွက်ရတာတွေဖြစ်ကြတာက ပုံမှန်ပါပဲ။

ဒီဖြစ်စဉ်က ကိုယ့်သားသမီးပေါ်မှာတင်မဟုတ်ပါဘူး၊ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖေါ်ကိုင်ဖက်တွေအပေါ်မှာ ကိုယ့်စိတ်ကြိုက် မျှော်လင့်ချက်တွေကြီးကြီးမားမားထားမိတဲ့အခါမှာ စိတ်အနှောင့်အယှက်တွေ၊ ဝမ်းနည်းစရာတွေ၊ အားမလို အားမရဖြစ်ရတာတွေဖြစ်တတ်တာပါပဲ။ လူတစ်ယောက်အပေါ် မျှော်လင့်ချက်ထားတာက နှစ်ဖက်စလုံးအတွက် အဆင်မပြေတဲ့အခိုက်အတန့်တွေအများကြီးဖြစ်နိုင်တာမို့ ကျွန်မကတော့ မျှော်လင့်ချက်ထက် ယုံကြည်ချက်ကို ပိုထားစေချင်ပါတယ်။

ကိုယ့်သားသမီးဟာ ကိုယ်ပုံသွင်းတဲ့အတိုင်း ဖြစ်ရမယ်ဆိုတာထက်၊ ကိုယ့်သားသမီးရဲ့ သဘာဝတွေ၊ စရိုက်တွေ၊ ဗီဇတွေနဲ့ ကိုက်ညီတဲ့ သင်ယူမှု၊ စွမ်းဆောင်မှုရှိဖို့ ယုံကြည်မှုထားပြီး ပံ့ပိုးမှုပေးဖို့ကို ဆိုလိုချင်တာပါ။

ကလေးတွေဟာ ကျွန်မတို့ မဟုတ်ပါဘူး။ ကျွန်မတို့ ကောင်းတယ်ထင်တဲ့အရာတိုင်းကို ကလေးတွေက ကြိုက်ချင်မှကြိုက်မှာ။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တိုင်းကို ကလေးတွေက နားလည်ပေးနိုင်ချင်မှာ ပေးနိုင်မှာ။ ကျွန်မတို့ရဲ့ ဆန္ဒတွေကို ဖြည့်စည်းဖို့ သူတို့က လောကကို ရောက်လာတာမှမဟုတ်တာ။ သူတို့က ဘယ်သူနဲ့မှ ထပ်တူညီမှု မရှိတဲ့ ထူးခြားတဲ့ လူသားလေးတွေဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး မျှော်လင့်တာမျိုးတွေမလုပ်သင့်ပါဘူး။

နှိုင်းယှဉ်တဲ့အခါ ကိုယ့်ကလေးနဲ့ အခြားကလေးကို ယှဉ်တာတင်မဟုတ်ဘူး ကိုယ်နဲ့သူ့ကိုလည်းမယှဉ်ပါနဲ့။ ငါတို့တုန်းက ဘယ်လို….ဆိုတဲ့ စကားလုံး အစချီပြီး အမြဲဆူပူတာဟာ မထိရောက်ပါဘူး ဘာလို့လဲဆိုတော့ ကိုယ်ကြီးပြင်းခဲ့ရတဲ့ပုံစံ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ဘဝတွေနဲ့ ကိုယ့်ဗီဇ သဘာဝတွေက ကိုယ့်လုပ်ဆောင်မှုတွေကို ပုံဖေါ်ပေးတာလေ။ ကလေးတွေက ကျွန်မတို့ ကြီးပြင်းရသလို ကြီးပြင်းရတာမဟုတ်၊ ကျွန်မတို့ ပတ်ဝန်းကျင်နဲ့လည်း မတူညီဘူး၊ ကိုယ့်တုန်းကမရှိခဲ့တဲ့ အရာတွေလည်း သူတို့မှာရှိနေတယ်၊ ဒါကြောင့် ငါတို့တုန်းက…အစချီပြီး သူတို့ကို ကျွန်မတို့ဖြစ်စေချင်သလို လုပ်ခိုင်းတာ၊ ကျွန်မတို့ မဖြစ်ခဲ့ရတဲ့ ဘဝတွေကို သူတို့ကို အစားထိုးလုပ်ခိုင်းတာတွေက တရားတယ်လို့ ကျွန်မမထင်ပါဘူး။

မိခင်၊ဖခင်ကောင်းတွေ၊ ဆရာ၊မကောင်းတွေအဖြစ် သတ်မှတ်ခံချင်ရင် ဘယ်လိုကလေးရဲ့ မိဘ၊ ဘယ်လိုတပည့်ရဲ့ ဆရာ၊မဖြစ်ချင်တယ်ဆိုတာထက် ဘယ်လိုကလေးမွေးမွေး၊ ဘယ်လိုကလေး ကျောင်းလာလာ၊ အကောင်းဆုံးပံ့ပိုးပေးမယ်ဆိုတဲ့ ခံယူချက်ထားပါ။ ကိုယ့်ကလေး၊ ကိုယ့်တပည့်ရဲ့ အခြေအနေနဲ့ အကျင့်စရိုက်က ကျွန်မတို့မျှော်မှန်းထားသလို အမြဲမဖြစ်နိုင်ဘူးလေ။ သူတို့နဲ့ အကိုက်ညီဆုံး၊ အသင့်တော်ဆုံးက ဘာလဲဆိုတာ သိအောင် အရင်လုပ်ဖို့ ကြိုးစားရမှာ။ သူတို့ကို သိအောင်၊ သူတို့ကို နားလည်နိုင်အောင် အရင်သင်ယူရမှာ။ ပြီးမှ ဘယ်လိုပံ့ပိုးပေးမလဲဆိုတာ စဉ်းစားဆုံးဖြတ်စေချင်တယ်။

မိဘတွေရဲ့ မျှော်လင့်ချက်တွေကြောင့် မလေ့လာချင်ဘဲ ရွေးလိုက်ရတဲ့ ကျောင်းတွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်ကြောင့် မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့ အလုပ်တွေကြောင့် ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ ကလေးတွေရဲ့ ဇာတ်လမ်းတွေကြားဖူးတယ်၊ ရွဲ့ပြီး ဖြစ်ချင်ရာဖြစ်လုပ်ကြတဲ့ ကလေးတွေရဲ့ အကြောင်းကြားဖူးတယ်။ အဲ့လိုမဖြစ်စေချင်ဘူး။

ကလေးတွေအပေါ် မျှော်လင့်ချက်သိပ်မထားဘဲ ယုံကြည်ချက်ပိုထားပေးပါ။ အကောင်းဆုံးနားလည်အောင်လုပ်ပြီး ပံ့ပိုးပေးပါ။ အားလုံး လက်တွဲညီညီ အကောင်းဆုံး ပံ့ပိုးပေးကြရင် ကလေးတွေဟာ ပျော်ရွှင်ပြီး စိတ်ချမ်းသာစွာ သင်ယူနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

မေတ္တာဖြင့်……
Sayarma-ဆရာမ

[ Zawgyi ]

ကၽြန္မတို႔တစ္ေတြက ကိုယ့္ေက်ာင္းသားေတြကိုပဲျဖစ္ျဖစ္၊ ကိုယ့္သားသမီးေတြကိုပဲျဖစ္ျဖစ္ ေအာင္ျမင္ေပ်ာ္ရႊင္ေစခ်င္ၾကတယ္၊ စိတ္ေရာ ကိုယ္ပါခ်မ္းသာေစခ်င္ၾကတယ္၊ ပညာတတ္ႀကီးေတြ အမ်ားေလးစားသူေတြျဖစ္ေစခ်င္ၾကတယ္။ အမ်ားႀကီးပါပဲ။ ကေလးေလး မေမြးခင္ကတည္းက ဘယ္လိုေလးျဖစ္ေအာင္ ပံ့ပိုးေပးမယ္၊ ဘာလုပ္ေပးမယ္၊ ဘာေတြသင္ေပးမယ္ဆိုၿပီး ေတြးၾက၊ ျပင္ၾကပါတယ္။ အဲဒီ့လို မေမြးခင္ကတည္းက စိတ္ကူးယဥ္ေမၽွာ္လင့္လာၾကေတာ့ ကေလးေမြးလာတဲ့အခါ ကိုယ္ျဖစ္ေစခ်င္သလို ပုံသြင္းၾကတဲ့ ဇာတ္လမ္းေတြစလာပါေတာ့တယ္။ ကေလးက ကိုယ့္သေဘာအတိုင္း ျဖစ္လာတဲ့အခါ စိတ္ခ်မ္းသာၾကေပမယ့္ ကိုယ့္သေဘာအတိုင္းမျဖစ္တဲ့အခါေတြမွာ စိတ္ညစ္ရတာ၊ ေဒါသထြက္ရတာေတြျဖစ္ၾကတာက ပုံမွန္ပါပဲ။

ဒီျဖစ္စဥ္က ကိုယ့္သားသမီးေပၚမွာတင္မဟုတ္ပါဘူး၊ ကိုယ့္မိသားစု၊ သူငယ္ခ်င္း၊ လုပ္ေဖၚကိုင္ဖက္ေတြအေပၚမွာ ကိုယ့္စိတ္ႀကိဳက္ ေမၽွာ္လင့္ခ်က္ေတြႀကီးႀကီးမားမားထားမိတဲ့အခါမွာ စိတ္အေႏွာင့္အယွက္ေတြ၊ ဝမ္းနည္းစရာေတြ၊ အားမလို အားမရျဖစ္ရတာေတြျဖစ္တတ္တာပါပဲ။ လူတစ္ေယာက္အေပၚ ေမၽွာ္လင့္ခ်က္ထားတာက ႏွစ္ဖက္စလုံးအတြက္ အဆင္မေျပတဲ့အခိုက္အတန႔္ေတြအမ်ားႀကီးျဖစ္နိုင္တာမို႔ ကၽြန္မကေတာ့ ေမၽွာ္လင့္ခ်က္ထက္ ယုံၾကည္ခ်က္ကို ပိုထားေစခ်င္ပါတယ္။

ကိုယ့္သားသမီးဟာ ကိုယ္ပုံသြင္းတဲ့အတိုင္း ျဖစ္ရမယ္ဆိုတာထက္၊ ကိုယ့္သားသမီးရဲ့ သဘာဝေတြ၊ စရိုက္ေတြ၊ ဗီဇေတြနဲ႔ ကိုက္ညီတဲ့ သင္ယူမႈ၊ စြမ္းေဆာင္မႈရွိဖို႔ ယုံၾကည္မႈထားၿပီး ပံ့ပိုးမႈေပးဖို႔ကို ဆိုလိုခ်င္တာပါ။

ကေလးေတြဟာ ကၽြန္မတို႔ မဟုတ္ပါဘူး။ ကၽြန္မတို႔ ေကာင္းတယ္ထင္တဲ့အရာတိုင္းကို ကေလးေတြက ႀကိဳက္ခ်င္မွႀကိဳက္မွာ။ ကၽြန္မတို႔ရဲ့ ေမၽွာ္လင့္ခ်က္တိုင္းကို ကေလးေတြက နားလည္ေပးနိုင္ခ်င္မွာ ေပးနိုင္မွာ။ ကၽြန္မတို႔ရဲ့ ဆႏၵေတြကို ျဖည့္စည္းဖို႔ သူတို႔က ေလာကကို ေရာက္လာတာမွမဟုတ္တာ။ သူတို႔က ဘယ္သူနဲ႔မွ ထပ္တူညီမႈ မရွိတဲ့ ထူးျခားတဲ့ လူသားေလးေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို အျခားတစ္ေယာက္နဲ႔ ႏွိုင္းယွဥ္ၿပီး ေမၽွာ္လင့္တာမ်ိဳးေတြမလုပ္သင့္ပါဘူး။

ႏွိုင္းယွဥ္တဲ့အခါ ကိုယ့္ကေလးနဲ႔ အျခားကေလးကို ယွဥ္တာတင္မဟုတ္ဘူး ကိုယ္နဲ႔သူ႔ကိုလည္းမယွဥ္ပါနဲ႔။ ငါတို႔တုန္းက ဘယ္လို….ဆိုတဲ့ စကားလုံး အစခ်ီၿပီး အျမဲဆူပူတာဟာ မထိေရာက္ပါဘူး ဘာလို႔လဲဆိုေတာ့ ကိုယ္ႀကီးျပင္းခဲ့ရတဲ့ပုံစံ၊ ကိုယ့္ပတ္ဝန္းက်င္၊ ကိုယ္ၾကဳံေတြ႕ခဲ့ရတဲ့ဘဝေတြနဲ႔ ကိုယ့္ဗီဇ သဘာဝေတြက ကိုယ့္လုပ္ေဆာင္မႈေတြကို ပုံေဖၚေပးတာေလ။ ကေလးေတြက ကၽြန္မတို႔ ႀကီးျပင္းရသလို ႀကီးျပင္းရတာမဟုတ္၊ ကၽြန္မတို႔ ပတ္ဝန္းက်င္နဲ႔လည္း မတူညီဘူး၊ ကိုယ့္တုန္းကမရွိခဲ့တဲ့ အရာေတြလည္း သူတို႔မွာရွိေနတယ္၊ ဒါေၾကာင့္ ငါတို႔တုန္းက…အစခ်ီၿပီး သူတို႔ကို ကၽြန္မတို႔ျဖစ္ေစခ်င္သလို လုပ္ခိုင္းတာ၊ ကၽြန္မတို႔ မျဖစ္ခဲ့ရတဲ့ ဘဝေတြကို သူတို႔ကို အစားထိုးလုပ္ခိုင္းတာေတြက တရားတယ္လို႔ ကၽြန္မမထင္ပါဘူး။

မိခင္၊ဖခင္ေကာင္းေတြ၊ ဆရာ၊မေကာင္းေတြအျဖစ္ သတ္မွတ္ခံခ်င္ရင္ ဘယ္လိုကေလးရဲ့ မိဘ၊ ဘယ္လိုတပည့္ရဲ့ ဆရာ၊မျဖစ္ခ်င္တယ္ဆိုတာထက္ ဘယ္လိုကေလးေမြးေမြး၊ ဘယ္လိုကေလး ေက်ာင္းလာလာ၊ အေကာင္းဆုံးပံ့ပိုးေပးမယ္ဆိုတဲ့ ခံယူခ်က္ထားပါ။ ကိုယ့္ကေလး၊ ကိုယ့္တပည့္ရဲ့ အေျခအေနနဲ႔ အက်င့္စရိုက္က ကၽြန္မတို႔ေမၽွာ္မွန္းထားသလို အျမဲမျဖစ္နိုင္ဘူးေလ။ သူတို႔နဲ႔ အကိုက္ညီဆုံး၊ အသင့္ေတာ္ဆုံးက ဘာလဲဆိုတာ သိေအာင္ အရင္လုပ္ဖို႔ ႀကိဳးစားရမွာ။ သူတို႔ကို သိေအာင္၊ သူတို႔ကို နားလည္နိုင္ေအာင္ အရင္သင္ယူရမွာ။ ၿပီးမွ ဘယ္လိုပံ့ပိုးေပးမလဲဆိုတာ စဥ္းစားဆုံးျဖတ္ေစခ်င္တယ္။

မိဘေတြရဲ့ ေမၽွာ္လင့္ခ်က္ေတြေၾကာင့္ မေလ့လာခ်င္ဘဲ ေရြးလိုက္ရတဲ့ ေက်ာင္းေတြ၊ မိဘေတြရဲ့ ေမၽွာ္လင့္ခ်က္ေၾကာင့္ မလုပ္ခ်င္ဘဲ လုပ္လိုက္ရတဲ့ အလုပ္ေတြေၾကာင့္ ကိုယ့္ကိုကိုယ္သတ္ေသသြားတဲ့ ကေလးေတြရဲ့ ဇာတ္လမ္းေတြၾကားဖူးတယ္၊ ရြဲ႕ၿပီး ျဖစ္ခ်င္ရာျဖစ္လုပ္ၾကတဲ့ ကေလးေတြရဲ့ အေၾကာင္းၾကားဖူးတယ္။ အဲ့လိုမျဖစ္ေစခ်င္ဘူး။

ကေလးေတြအေပၚ ေမၽွာ္လင့္ခ်က္သိပ္မထားဘဲ ယုံၾကည္ခ်က္ပိုထားေပးပါ။ အေကာင္းဆုံးနားလည္ေအာင္လုပ္ၿပီး ပံ့ပိုးေပးပါ။ အားလုံး လက္တြဲညီညီ အေကာင္းဆုံး ပံ့ပိုးေပးၾကရင္ ကေလးေတြဟာ ေပ်ာ္ရႊင္ၿပီး စိတ္ခ်မ္းသာစြာ သင္ယူနိုင္ၾကမယ္လို႔ ေမၽွာ္လင့္ပါတယ္။

ေမတၱာျဖင့္……
Sayarma-ဆရာမ