[ Unicode ]

ကျွန်မတို့ တော်တော်များများဟာ ပညာသင်ယူတဲ့အခါ၊ လေ့လာစရာတွေရှာဖွေတဲ့အခါ စာသင်ခန်းကို မြင်ကြတယ်၊ ကျောင်းတွေကို တွေးမိကြတယ်၊ တက္ကသိုလ်တွေကို ထင်ကြတယ်။ မှန်ပါတယ်။ အဲဒီ့နေရာတွေဟာ ကလေးတွေအတွက် သင်ယူခွင့်တွေ အများကြီး ဖန်တီးပေးတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့ သင်ယူမှု ဝန်းကျင်က မလုံလောက်ပါဘူး။ နေရာတိုင်းဟာ ကလေးတွေအတွက် သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်နေသင့်ပါတယ်။ ဒီနေ့တော့ အိမ်တိုင်းမှာ ရှိတတ်တဲ့ မီးဖိုချောင်ကို သင်ယူစရာဝန်းကျင်အဖြစ် ဘယ်လို အသုံးပြုနိုင်မယ်ဆိုတာ မျှဝေချင်ပါတယ်။

မီးဖိုချောင်ကို အသုံးပြုပြီး သင်ပေးနိုင်တဲ့ အကြောင်းအရာ (၂)ကို အရင် မျှဝေပါ့မယ်။ ပြီးရင် ဒီ အကြောင်းအရာတွေကို ဘယ်လိုထိရောက်အောင် သင်ယူခွင့်ပေးမလဲဆိုတာ ဆက်လက် မျှဝေပေးပါ့မယ်။

၁) တိုင်းရင်းသားလူမျိုး၊ ဘာသာ၊ ဓလေ့၊ ရိုးရာ တွေအကြောင်း သင်ပေးပါ။
ကလေးတွေ နေ့တိုင်းစားနေတဲ့ ထမင်းဟာ ဘယ်ဒေသက ဆန်ကို ချက်ထားတာလဲ။ ဆန်ထွက်တဲ့ဒေသတွေက ဘယ်နေရာတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ ဒေသတွေအကြောင်း သင်လို့ရတယ်။ ကျွန်မတို့ ပြင်ဆင်တဲ့ ဟင်းတွေ၊ မုန့်တွေဟာ မြန်မာ့ရိုးရာတစ်ခုထဲမှ မဟုတ်တာ။ ဥပမာ – မနက်ဆိုရင် အချို့က ရှမ်းခေါက်ဆွဲ စားတတ်ကြတယ်၊ ကောက်ညှင်းပေါင်းစားကြတယ်၊ ဆန်ပြုတ်သောက်ကြတယ်၊ ပလာတာ စားကြတယ်၊ အီကြာကွေးစားကြတယ်… အစရှိတဲ့ အစားအစာတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသား အစားအစာတွေတင်မက အခြား နိုင်ငံရဲ့ ရိုးရာ အစားအစာတွေဖြစ်တယ်။ အဲဒီ့အစားအစာတွေကို အကြောင်းပြုပြီး ဒီအစားအစာတွေရဲ့ လာရာ ရိုးရာ၊ လာရာ ယဉ်ကျေးမှု၊ လာရာ ဒေသတွေကို သင်ပေးခြင်းအားဖြင့် ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေကို အစားအစားအသောက်တွေကနေတစ်ဆင့် သင်ပေးနိုင်ပါတယ်။

၂) ကျန်းမာစွာ နေထိုင်ခြင်းအကြောင်းသင်ပါ။
ကျွန်မတို့ စားတဲ့အရာနဲ့ ချက်ပြုတ်ပုံတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာစွာ နိုင်ထိုင်နိုင်ခြင်းအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ အသားငါး၊အသီးနှံ၊ ဆန် ပြောင်း ဂျုံ စတဲ့ အစားအစာ ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ စားစရာတွေမှာ မတူညီတဲ့ အာဟာရ တန်ဖိုးတွေရှိကြတယ်၊ အာဟာရမျှတအောင် ဘယ်လို ချက်ပြုတ်ရမယ်ဆိုတာတွေကို ဆွေးနွေးပါ၊ သင်ပေးပါ။ နေ့စဉ်စားတဲ့ အစားအစာတွေကို အတူတူပြန်လည် သုံးသပ်ပါ။ ချက်ပြုတ်ရာမှာ သုံးတဲ့ ဆီ၊ ဟင်းခတ်မှုန့်၊ ဆား စတာတွေရဲ့ ပြုလုပ်ပုံ၊ ချက်ပြုတ်သင့်တဲ့ ပမာဏနဲ့ ကျန်းမာအောင် အသုံးပြုပုံတွေကို သင်ပေးပါ။ ကလေးတွေကို သင်တဲ့အတိုင်း စားနိုင်အောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ ပြင်ဆင်တဲ့အခါမှာ မီးဖိုချောင်သန့်ရှင်းရေးကလည်း အရေးပါတဲ့အတွက် သန့်ရှင်းသပ်ရပ်ခြင်းအကြောင်း၊ သန့်ရှင်းပုံ၊ အသုံးပြုတဲ့ ဆပ်ပြာပြုလုပ်ပုံ အစရှိတာတွေလည်း ဆက်စပ်သင်ပေးနိုင်ပါတယ်။

မီးဖိုချောင်နဲ့ပတ်သတ်ပြီး အခြားအရာတွေလည်း အများကြီးသင်နိုင်ပါတယ်။ ဥပမာ – ရာသီဥတုနဲ့ မီးဖိုချောင်ထဲက အစားအသောက်ပြင်ဆင်ပုံ၊ မီးဖိုချောင်သုံး စက်ပစ္စည်းများ။

ဒါဆိုရင် ဒီခေါင်းစဉ်တွေကို ဘယ်လို သင်ရင် ထိရောက်နိုင်မလဲ။

လုပ်နိုင်တာ လုပ်ခွင့်ပေးခြင်းဖြင့် အရေးပေးပါ၊ အတူတူ လုပ်ဆောင်ခြင်းဖြင့် အလေးထားပါ။ —–
ကလေးတွေဟာ အရေးပါအရာဝင်ချင်ကြတယ်။ မီးဖိုချောင်ထဲမှာ ဝင်ကူချင်ကြတယ်။ အထူးသဖြင့် ကျွန်မတို့က အန္တရာယ်များတယ်ဆိုတဲ့ အရာတွေကို လုပ်ချင်ကြတယ်။ မီးနဲ့ ဆော့ချင်တယ်၊ ဓါးတွေနဲ့ လှီးဖြတ်တာတွေ လုပ်ချင်ကြတယ်။ အဲဒီ့အတွက် အန္တရာယ်ကင်းစွာ လုပ်နိုင်အောင် အတူတူ လုပ်ပါ။ တားမြစ်တာထက် အန္တရာယ်ကင်းစွာ လုပ်ဆောင်ပုံကို နည်းပြပါ။ အရေးကြီးဆုံးက တစ်ခုခုအတူတူ လုပ်ရင်း၊ စကားပြောရင်း သင်ပေးပါ။ ကလေးတွေဟာ အရာအားလုံးထက် လူကြီးတွေရဲ့ သူတို့ကို ပြည့်ပြည့်ဝဝ အလေးပေးတာ ကိုကြိုက်ကြတယ်။ သူတို့ကို အရေးပါတဲ့ လူတစ်ယောက်အနေနဲ့ ပြောဆို ဆက်ဆံကြတာကို သဘောကျတယ်။ ဒါကြောင့် သူတို့ကို သင်ပြတဲ့အခါ ကလေးတစ်ယောက်လို့ မမြင်ဘဲ လူကြီးတစ်ယောက်ကို စကားပြောသလို လေးလေးစားစားနဲ့ ဆွေးနွေးပြောဆိုပါ။

မီးဖိုချောင်ဟာ အိမ်တစ်အိမ်အတွက် အလွန်အရေးပါတဲ့နေရာဖြစ်တယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ မီးဖိုချောင် တစ်ခုမဟုတ်တစ်ခုစီက ရတာဖြစ်တယ်။ အဲဒါတင်မကဘဲ မီးဖိုချောင်နေ သိစရာ၊ သင်စရာတွေ အများကြီးရှိပါတယ်။ ကလေးတွေကို ကူညီဖို့ သင်ပေးဖို့ ကြိုးစားရင်း ကျန်းမာသော အစားအသောက်များကို သန့်ရှင်းစွာပြင်ဆင်နိုင်ဖို့ သင်ယူနိုင်ကြပါစေ။

မေတ္တာဖြင့်…..
Sayarma-ဆရာမ

Photo Credit to : https://thenextsomewhere.com/wp-content/uploads/2018/09/BurmeseCookingClass-Myanmar21-740×493.jpg

[ Zawgyi ]

ကၽြန္မတို႔ ေတာ္ေတာ္မ်ားမ်ားဟာ ပညာသင္ယူတဲ့အခါ၊ ေလ့လာစရာေတြရွာေဖြတဲ့အခါ စာသင္ခန္းကို ျမင္ၾကတယ္၊ ေက်ာင္းေတြကို ေတြးမိၾကတယ္၊ တကၠသိုလ္ေတြကို ထင္ၾကတယ္။ မွန္ပါတယ္။ အဲဒီ့ေနရာေတြဟာ ကေလးေတြအတြက္ သင္ယူခြင့္ေတြ အမ်ားႀကီး ဖန္တီးေပးတဲ့ေနရာေတြျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီ့ သင္ယူမႈ ဝန္းက်င္က မလုံေလာက္ပါဘူး။ ေနရာတိုင္းဟာ ကေလးေတြအတြက္ သင္ယူနိုင္တဲ့ ပတ္ဝန္းက်င္ျဖစ္ေနသင့္ပါတယ္။ ဒီေန႔ေတာ့ အိမ္တိုင္းမွာ ရွိတတ္တဲ့ မီးဖိုေခ်ာင္ကို သင္ယူစရာဝန္းက်င္အျဖစ္ ဘယ္လို အသုံးျပဳနိုင္မယ္ဆိုတာ မၽွေဝခ်င္ပါတယ္။

မီးဖိုေခ်ာင္ကို အသုံးျပဳၿပီး သင္ေပးနိုင္တဲ့ အေၾကာင္းအရာ (၂)ကို အရင္ မၽွေဝပါ့မယ္။ ၿပီးရင္ ဒီ အေၾကာင္းအရာေတြကို ဘယ္လိုထိေရာက္ေအာင္ သင္ယူခြင့္ေပးမလဲဆိုတာ ဆက္လက္ မၽွေဝေပးပါ့မယ္။

၁) တိုင္းရင္းသားလူမ်ိဳး၊ ဘာသာ၊ ဓေလ့၊ ရိုးရာ ေတြအေၾကာင္း သင္ေပးပါ။
ကေလးေတြ ေန႔တိုင္းစားေနတဲ့ ထမင္းဟာ ဘယ္ေဒသက ဆန္ကို ခ်က္ထားတာလဲ။ ဆန္ထြက္တဲ့ေဒသေတြက ဘယ္ေနရာေတြလဲ ဆိုတဲ့ ေမးခြန္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ျမန္မာနိုင္ငံရဲ့ ေဒသေတြအေၾကာင္း သင္လို႔ရတယ္။ ကၽြန္မတို႔ ျပင္ဆင္တဲ့ ဟင္းေတြ၊ မုန႔္ေတြဟာ ျမန္မာ့ရိုးရာတစ္ခုထဲမွ မဟုတ္တာ။ ဥပမာ – မနက္ဆိုရင္ အခ်ိဳ႕က ရွမ္းေခါက္ဆြဲ စားတတ္ၾကတယ္၊ ေကာက္ညႇင္းေပါင္းစားၾကတယ္၊ ဆန္ျပဳတ္ေသာက္ၾကတယ္၊ ပလာတာ စားၾကတယ္၊ အီၾကာေကြးစားၾကတယ္… အစရွိတဲ့ အစားအစာေတြဟာ ျမန္မာနိုင္ငံက တိုင္းရင္းသား အစားအစာေတြတင္မက အျခား နိုင္ငံရဲ့ ရိုးရာ အစားအစာေတြျဖစ္တယ္။ အဲဒီ့အစားအစာေတြကို အေၾကာင္းျပဳၿပီး ဒီအစားအစာေတြရဲ့ လာရာ ရိုးရာ၊ လာရာ ယဥ္ေက်းမႈ၊ လာရာ ေဒသေတြကို သင္ေပးျခင္းအားျဖင့္ ကၽြန္မတို႔ရဲ့ ေန႔စဥ္ဘဝမွာ မတူညီတဲ့ ရိုးရာယဥ္ေက်းမႈေတြကို အစားအစားအေသာက္ေတြကေနတစ္ဆင့္ သင္ေပးနိုင္ပါတယ္။

၂) က်န္းမာစြာ ေနထိုင္ျခင္းအေၾကာင္းသင္ပါ။
ကၽြန္မတို႔ စားတဲ့အရာနဲ႔ ခ်က္ျပဳတ္ပုံေတြဟာ ကၽြန္မတို႔ရဲ့ က်န္းမာစြာ နိုင္ထိုင္နိုင္ျခင္းအေပၚမွာ သက္ေရာက္မႈရွိနိုင္ပါတယ္။ အသားငါး၊အသီးႏွံ၊ ဆန္ ေျပာင္း ဂ်ဳံ စတဲ့ အစားအစာ ခ်က္ျပဳတ္ရာမွာ အသုံးျပဳတဲ့ စားစရာေတြမွာ မတူညီတဲ့ အာဟာရ တန္ဖိုးေတြရွိၾကတယ္၊ အာဟာရမၽွတေအာင္ ဘယ္လို ခ်က္ျပဳတ္ရမယ္ဆိုတာေတြကို ေဆြးေႏြးပါ၊ သင္ေပးပါ။ ေန႔စဥ္စားတဲ့ အစားအစာေတြကို အတူတူျပန္လည္ သုံးသပ္ပါ။ ခ်က္ျပဳတ္ရာမွာ သုံးတဲ့ ဆီ၊ ဟင္းခတ္မႈန႔္၊ ဆား စတာေတြရဲ့ ျပဳလုပ္ပုံ၊ ခ်က္ျပဳတ္သင့္တဲ့ ပမာဏနဲ႔ က်န္းမာေအာင္ အသုံးျပဳပုံေတြကို သင္ေပးပါ။ ကေလးေတြကို သင္တဲ့အတိုင္း စားနိုင္ေအာင္ ျပင္ဆင္ေပးဖို႔လိုပါတယ္။ ျပင္ဆင္တဲ့အခါမွာ မီးဖိုေခ်ာင္သန႔္ရွင္းေရးကလည္း အေရးပါတဲ့အတြက္ သန႔္ရွင္းသပ္ရပ္ျခင္းအေၾကာင္း၊ သန႔္ရွင္းပုံ၊ အသုံးျပဳတဲ့ ဆပ္ျပာျပဳလုပ္ပုံ အစရွိတာေတြလည္း ဆက္စပ္သင္ေပးနိုင္ပါတယ္။

မီးဖိုေခ်ာင္နဲ႔ပတ္သတ္ၿပီး အျခားအရာေတြလည္း အမ်ားႀကီးသင္နိုင္ပါတယ္။ ဥပမာ – ရာသီဥတုနဲ႔ မီးဖိုေခ်ာင္ထဲက အစားအေသာက္ျပင္ဆင္ပုံ၊ မီးဖိုေခ်ာင္သုံး စက္ပစၥည္းမ်ား။

ဒါဆိုရင္ ဒီေခါင္းစဥ္ေတြကို ဘယ္လို သင္ရင္ ထိေရာက္နိုင္မလဲ။

လုပ္နိုင္တာ လုပ္ခြင့္ေပးျခင္းျဖင့္ အေရးေပးပါ၊ အတူတူ လုပ္ေဆာင္ျခင္းျဖင့္ အေလးထားပါ။ —–
ကေလးေတြဟာ အေရးပါအရာဝင္ခ်င္ၾကတယ္။ မီးဖိုေခ်ာင္ထဲမွာ ဝင္ကူခ်င္ၾကတယ္။ အထူးသျဖင့္ ကၽြန္မတို႔က အႏၲရာယ္မ်ားတယ္ဆိုတဲ့ အရာေတြကို လုပ္ခ်င္ၾကတယ္။ မီးနဲ႔ ေဆာ့ခ်င္တယ္၊ ဓါးေတြနဲ႔ လွီးျဖတ္တာေတြ လုပ္ခ်င္ၾကတယ္။ အဲဒီ့အတြက္ အႏၲရာယ္ကင္းစြာ လုပ္နိုင္ေအာင္ အတူတူ လုပ္ပါ။ တားျမစ္တာထက္ အႏၲရာယ္ကင္းစြာ လုပ္ေဆာင္ပုံကို နည္းျပပါ။ အေရးႀကီးဆုံးက တစ္ခုခုအတူတူ လုပ္ရင္း၊ စကားေျပာရင္း သင္ေပးပါ။ ကေလးေတြဟာ အရာအားလုံးထက္ လူႀကီးေတြရဲ့ သူတို႔ကို ျပည့္ျပည့္ဝဝ အေလးေပးတာ ကိုႀကိဳက္ၾကတယ္။ သူတို႔ကို အေရးပါတဲ့ လူတစ္ေယာက္အေနနဲ႔ ေျပာဆို ဆက္ဆံၾကတာကို သေဘာက်တယ္။ ဒါေၾကာင့္ သူတို႔ကို သင္ျပတဲ့အခါ ကေလးတစ္ေယာက္လို႔ မျမင္ဘဲ လူႀကီးတစ္ေယာက္ကို စကားေျပာသလို ေလးေလးစားစားနဲ႔ ေဆြးေႏြးေျပာဆိုပါ။

မီးဖိုေခ်ာင္ဟာ အိမ္တစ္အိမ္အတြက္ အလြန္အေရးပါတဲ့ေနရာျဖစ္တယ္။ ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြဟာ မီးဖိုေခ်ာင္ တစ္ခုမဟုတ္တစ္ခုစီက ရတာျဖစ္တယ္။ အဲဒါတင္မကဘဲ မီးဖိုေခ်ာင္ေန သိစရာ၊ သင္စရာေတြ အမ်ားႀကီးရွိပါတယ္။ ကေလးေတြကို ကူညီဖို႔ သင္ေပးဖို႔ ႀကိဳးစားရင္း က်န္းမာေသာ အစားအေသာက္မ်ားကို သန႔္ရွင္းစြာျပင္ဆင္နိုင္ဖို႔ သင္ယူနိုင္ၾကပါေစ။

ေမတၱာျဖင့္…..
Sayarma-ဆရာမ

Photo Credit to : https://thenextsomewhere.com/wp-content/uploads/2018/09/BurmeseCookingClass-Myanmar21-740×493.jpg