[Unicode]

ကလေးပညာရစေချင်လို့ ကျောင်းကို ပို့တဲ့ မိဘရယ်၊ ကလေးတွေကို ပညာသင်ပေးချင်လို့ ကျောင်းမှာ လုပ်တဲ့ ဆရာ၊မတွေရယ် – တူညီတာက ကလေးတွေရဲ့ ပညာရေးအတွက် ပေးဆပ်ချင်တာနဲ့ ပံ့ပိုးချင်တာပါပဲ။ မတူညီတာကတော့ အခန်းကဏ္ဍတွေပေါ့။ မတူညီတဲ့ တာဝန်တွေကိုယူထားတဲ့ အရေးကြီးပုဂ္ဂိုလ်တွေ အတူတစ်ကွ တက်ညီလက်ညီ လုပ်ကြပါမှ ကလေးတွေရရှိမယ့် ပညာသင်ယူမှု အတွေ့အကြုံတွေက ပိုကောင်းမယ်၊ ပိုထိရောက်မယ်၊ ပိုအသုံးဝင်မယ်။

လတ်တလောမှာ မိဘတွေ ဆရာ၊မတွေကြားက ပြဿနာအချို့က ဆရာ၊မတွေက မိဘတွေ ကလေးတွေကို ပညာရေး  မပေးချင်ကြလို့ဆိုပြီး စိတ်ညစ်ကြတာရယ်၊ မိဘတွေက ပြောင်းလဲနေတဲ့ သင်ကြားနည်းတွေကို နားမလည်လို့ ဆရာ၊မတွေကို ပြောကြတာရယ်၊ ကလေးတွေကို ဆူလိုက်ရိုက်လိုက်လို့ ဆရာ၊မတွေက ဝန်ချတောင်းပန်ကြရတာတွေရယ်။  မိဘတွေဘက်ကလည်း ကျောင်းကဆရာ၊မ ထက် ကျူရှင်ကဆရာ၊မက ပိုသင်ပေးနိုင်တယ်လို့ ထင်တာတွေရယ်၊ ဆရာ၊မကို မျက်နှာလုပ်မှ ကိုယ့်သားသမီးကို ဂရုစိုက်တာလို့ပြောကြတာတွေရယ်၊ တစ်နှစ်သာ ကုန်သွားတယ် ဘာမှ မတတ်ဘဲ စာဘဲကျက်ရလို့ စိတ်ညစ်တာတွေရယ်၊ ဆရာ၊မတွေက ကလေးတွေကို နှိပ်စက်လို့ ဘယ်လိုလုပ်ရမှန်းမသိဘူးဖြစ်နေတာတွေရယ်ပေါ့။ ဒါတွေကို ကြည့်မယ်ဆိုရင် သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်ဖြစ်နေတာ။ တစ်ချို့ဟာတွေက အထင်လွဲတာ၊ အချို့ပြဿနာတွေက ကြိုတင်ပြင်ဆင်ဆွေးနွေးမထားလို့ဖြစ်ရတာ၊ အချို့က မှန်ကန်တဲ့နည်းနဲ့ ပြဿနာကိုမဖြေရှင်းလို့ဖြစ်ရတာ။

ဒီတော့ ကျွန်မ ဒီနေ့ဆွေးနွေးမှာတော့ မိဘတွေနဲ့ ဆရာ၊မတွေအကြားမှာ ကလေးတွေရဲ့ ပညာရေးအတွက် အတူတစ်ကွ ပြုလုပ်နိုင်မယ့် လုပ်ငန်း (၅)ခုပါ။ အခြားနည်းလမ်းတွေ အများကြီးလည်း ရှိပါသေးတယ်။ ကိုယ်ပြုလုပ်ဖူးတဲ့ အခြားလုပ်ငန်းတွေကိုလည်း Commentရေးပြီး မျှဝေပေးပါဦး။

၁) ပုံမှန် မိဘ-ဆရာ တွေ့ဆုံပွဲများ ပြုလုပ်ပါ။

—————————————————-

ကျွန်မ သြစတျေးလျ မူလတန်းကျောင်းများမှာ တာဝန်ကျတုန်းက ကလေးတစ်ယောက်ချင်းစီရဲ့ ကဏ္ဍပေါင်းစုံ တိုးတက်မှုကို သေသေချာချာ မှတ်တမ်းထားပေးရတယ်။ အတန်းထဲမှာ အယောက် (၅၀)ရှိတယ်။ ကျွန်မတို့ စာသင်တဲ့ ဆရာမတွေက ကလေးအရေအတွက်အလိုက်ခွဲပြီး တာဝန်ယူတယ်။ မှတ်တမ်းတွေကို ဆရာမတွေ အချင်းချင်းဖတ်ပြီး သုံးသပ်ချက်တွေ အချင်းချင်းပြန်ပေးတယ်။ ပြီးရင် မိဘရဲ့ ဘယ်လို ပံ့ပိုးမှုရရင်၊ ဆရာ၊မတွေရဲ့ ဘယ်လို့ပံ့ပိုးမှုရရင်၊ ကလေးအချင်းချင်းရဲ့ ဘယ်လို ပ့့ံပိုးမှုရရင် ကလေးက ပိုပြီး တိုးတက်နိုင်မလဲဆိုတာတွေကို စဉ်းစား မှတ်တမ်းတင်ထားတယ်။ ပြီးရင် မိဘဆရာ တွေ့ဆုံချိန်ရောက်တဲ့အခါ ဆွေးနွေးဝိုင်းမှာ ဆရာမ တစ်ယောက် (သို့) နှစ်ယောက်ရယ် မိဘရယ် ကလေးရယ် – သုံးပွင့်ဆိုင် ပညာရေး အကြောင်း ပြောကြတယ်။ မိဘဘက်ကလည်း ပြောချင်တာကို ပြောပြတယ်။ ကလေးကလည်း ဆွေးနွေးတဲ့ စကားဝိုင်းမှာ ပါတာဆိုတော့ အပြုသဘောဆောင်တဲ့ စကားဝိုင်းဖြစ်အောင် ဆရာမတွေက ဦးဆောင်ပြီး ဆွေးနွေးတယ်။ ကလေးကိုလည်း မေးတယ် ဘယ်လိုတွေ ခက်ခဲပြီး ဘာတွေ ကူညီပေးရမလဲဆိုတာမျိုးပေါ့။ ဆရာမတွေရဲ့ သင်ကြားမှုနဲ့ သင်ခန်းစာတွေအပေါ်မှာ ကလေးတွေနဲ့ မိဘတွေကလည်း အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေပေးဖို့ တောင်းဆိုကြတယ်။ ဒါမျိုးကို တစ်ချို့က သုံးလ တစ်ခါ လုပ်တယ်။

၂) ကျောင်းအုပ်တွေ၊ ဆရာ၊မတွေနဲ့ မိဘတွေ အစည်းအဝေးလုပ်ပါ။

—————————————————————————–

အစည်းအဝေးတွေကို ကလေးသင်ယူမှုနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေအတွက် ပြုလုပ်ပါတယ်။ ကျောင်း ဖွင့်ခါစမှာ ဒီတစ်နှစ်တာလုံးမှာ ကလေးတွေအတွက် ဘယ်လိုခေါင်းစဉ်တွေကို ဘယ်လို နည်းစနစ်တွေနဲ့သင်မယ်ဆိုတာမျိုးတွေ ရှင်းပြတယ်။ သရုပ်ပြတယ်။ ပြီးတော့ ကလေးတွေနဲ့ ပတ်သတ်တဲ့ ဘယလို စည်းမျဉ်းစည်းကမ်းတွေချထားသင့်တယ်၊ ချထားတယ် စတာတွေကို မိဘတွေနဲ့ဆွေးနွေးတယ်။ ကလေးကြောင့် တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုမျိုးတွေလုပ်မယ်၊ မိဘတွေက ဘယ်လို ပံ့ပိုးပေးရမလဲ စတာတွေ ဆွေးနွေးတယ်။ ဥပမာ – ကလေးက စာရိတ္တနဲ့ပတ်သတ်တဲ့ ပြဿနာတစ်ခုခု လုပ်ရင် မိဘကို ခေါ်ဆွေးနွေးမှာလား၊ ဘယ်လို အပြစ်မျိုးပေးမှာလည်း ဆိုတာမျိုးပေါ့။ အပြုသဘောဆောင်တဲ့ ကိစ္စမျိုးဖြစ်တဲ့ အားကစားပွဲတော်တွေမှာ အောင်မြင်တဲ့ကလေးတွေကို ဘယ်လို ဆုတွေချပြီး ဘယ်လို ချိီးမြှောက်မယ် ဆိုတာမျိုးပေါ့။ အစကတည်းက ပွင့်ပွင့်လင်းလင်းနဲ့ ကလေးသင်ယူမှုအတွက် အခန်းကဏ္ဍအလိုက် မိဘကဘယ်လို ပံ့ပိုးပေးသင့်တယ်၊ ဆရာ၊မတွေက ဘာတွေ ကူညီပေးရမယ်၊ ကျောင်းအုပ်ကရော ဘယ်လိုတွေ လုပ်ဆောင်ပေးမယ်ဆိုတဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ကြိုတင်ဆွေးနွေးထားတော့ မိဘဆရာအကြား အထင်လွဲမှုတွေ ခဏခဏ မဖြစ်တော့ဘူးပေါ့။

၃) မိဘတွေကို  ပါဝင်ခိုင်းပါ။

———————————–

မိဘတွေထဲမှာ သူ့နေရာနဲ့ သူထူးချွန်တဲ့သူတွေရှိပါတယ်။ လယ်စိုက်တဲ့သူကလည်း လယ်စိုက်တဲ့ အတတ်ပညာတစ်ခုရှိသလို စျေးရောင်းတဲ့ မိဘကလည်း အရောင်းအဝယ်သဘောတရားကို နားလည်ကြတယ်။ အဲဒီ့တော့ သင်ခန်းစာတွေနဲ့ ချိတ်ဆက်ပြီး မိဘတွေကို စာသင်ခန်းထဲမှာ ဖိတ်ကြားပြီး အတွေ့အကြုံတွေ မျှဝေခိုင်းတာမျိုး၊ မိဘတွေကို သူတို့တတ်တဲ့ပညာကို သင်ပေးခိုင်းတာမျိုးတွေ ပြုလုပ်စေလို့ရပါတယ်။ အင်ဂျင်နီယာမှ၊ ဒေါက်တာမှ ကျောင်းစာသင်ခန်းထဲကို ခေါ်ပြီး သင်စေတာမဟုတ်ဘဲ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေတဲ့ ဘယ်မိဘကိုမဆို စာသင်ခန်းထဲ မှာ ဖိတ်ကြားစေလို့ရပါတယ်။

၄) မိဘတွေကို အသိမှတ်ပြုပေးပါ။

—————————————-

အထူးသဖြင့် အမေများနေ့၊ အဖေများနေ့ဆိုတာမျိုးပေါ့။  အမေများနေ့ဆိုရင် အမေတွေကို ဖိတ်ပြီး မုန့်တွေကျွေးတာမျိုး။ အမေတွေနဲ့ ပတ်သတ်တဲ့ စာတွေဖတ်တာမျိုး၊ ပုံပြင်ဇာတ်လမ်းကပြတာမျိုးတွေ ကလေးတွေကို လုပ်ခိုငး်လို့ရပါတယ်။ နောက်ပြီးတော့  မိဘတွေနဲ့ဆိုင်တဲ့ ပွဲတော်တွေမှာ မိဘတွေအတွက် ကလေးတွေက ပြုလုပ်ထားတဲ့ ကဒ်ကလေးတွေ၊ အရုပ်ကလေးတွေ၊ လက်ဆောင်လေးတွေ ပေးစေတာမျိုးပေါ့။ မိဘကို အသိမှတ်ပြုအောင်် သင်ပေးနိုင်တဲ့ ဆရာ၊မတွေကို မိဘတွေက ပိုလေးစားကြမှာပါ။ ကျွန်မရဲ့ သန္တိဆာယာ စာကြည့်တိုက်လေးမှာ အမေများနေ့တုန်းက ကလေးတွေက သူတို့အမေတွေအတွက် စာတွေရေး၊ ကဒ်ကလေးတွေလုပ်ပြီးပေးကြတော့ မေမေတွေ တော်တော်ပျော်ကြတယ်။ တစ်ကယ်တမ်း ကျွန်မသင်တာ အင်္ဂလိပ်စာ ဆိုတော့ ကလေးတွေကို အင်္ဂလိပ်လိုရေးခိုင်းတယ်။ မြန်မာလို လည်း သိအောင် သင်ပေးတယ်။ ဒီတော့ ကလေးတွေက သင်ရမယ့် စာလည်း ရတယ်၊ မိဘအတွက်လည်း လုပ်ပေးပြီးသားဖြစ်တယ်။

၅) ပုံမှန်ဆက်သွယ် စကားပြောပါ။

——————————————-

ကလေးအကြောင်းကို စာသင်ခန်းအတွင်းကနေ သိထားတဲ့ ဆရာ၊မတွေက မိဘတွေနဲ့ ပုံမှန် ဆက်သွယ်ပြောဆိုဖို့လိုပါတယ်။ မျက်နှာချင်းဆိုင် တွေ့ရင်ပဲဖြစ်ဖြစ်၊ ရပ်ထဲရွာထဲ လမ်းလျှောက်ရင်ဖြစ်ဖြစ်၊ ဖုန်းဆက်တာပဲဖြစ်ဖြစ် ကလေးတွေရဲ့ တိုးတက်မှုနဲ့ ဒီ့ထက်ပိုပြီး တိုးတက်အောင် မိဘတွေက ဆရာ၊မတွေနဲ့ ဘယ်လို အပြုသဘော ပူးပေါင်းရမယ်ဆိုတာမျိုးကို ဆရာ၊မတွေက မျှဝေဖို့လိုပါတယ်။ မိဘတွေမလုပ်နိုင်တဲ့ အခြေအနေတွေရှိခဲ့ရင် လုပ်နိုင်မယ့် အခြေအနေထဲက လုပ်သင့်တဲ့ လုပ်ငန်းမျိုးကို ပညာရေးကျွမ်းကျင်သူတွေဖြစ်တဲ့ ဆရာ၊မတွေက အကြံပေးကူညီဖို့လိုအပ်ပါတယ်။ ကျွန်မကြားဖူးတယ်- အမေရိက က အချို့ဆရာတွေဆိုရင် နေ့စဉ် မိဘတစ်ယောက်ကို ကလေးတစ်ယောက် အကြောင်း ဖုန်းဆက်ပြီး ပြောလေ့ရှိတယ်တဲ့။ တစ်လကြာတော့ ကလေးတိုင်းရဲ့ မိဘတွေဆီကို ဖုန်းဆက်ပြီးအကြောင်းကြားပြီးသားဖြစ်သွားတာပေါ့။

တစ်ကယ်လို့ ဒီစာတွေကို ဖတ်နေတာ မိဘတွေဆိုရင် ဆရာ၊မတွေမှာလည်း စာသင်တဲ့ လုပ်ငန်းတင်မဟုတ်ဘဲ အခြား ကျောင်းနဲ့ဆိုင်သော လုပ်ငန်းတွေအများကြီး တာဝန်ယူထားရတာကို နားလည်ပေးပြီး ဆရာ၊မတွေ ကိုယ်တွေရဲ့ ကလေးတွေကို သင်ကြားပေးတဲ့အခါ ပိုထိရောက်စွာ သင်နိုင်အောင် ဘယ်လို ကူညီပံ့ပိုးပေးရမလဲဆိုတာကို စဉ်းစားစေလိုပါတယ်။ ပညာရေးအပြောင်းအလဲတစ်ခုကို လက်တွေ့လုပ်ဆောင်နေတဲ့ ဆရာ၊မတွေကိုယ်တိုင်က စနစ်ဟောင်းနဲ့ ထိတွေ့သင်ယူခဲ့ရတာမို့ စနစ်သစ်တွေ၊ အကျင့်သစ်တွေကို ပြောင်းလဲလုပ်ဆောင်ဖို့ အချိန်နဲ့ ပံ့ပိုးမှုတွေ လိုနေတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးဖို့လိုအပ်ပါတယ်။ ကျွန်မ အထက်မှာ အကြံပြုထားတဲ့ လုပ်ငန်း (၅) ခုကို လုပ်ဆောင်ချင်တယ်ဆိုရင် ကျောင်းအုပ်၊ ကျောင်းက ဆရာ၊မတွေနဲ့ အပြုသဘောဆောင်ပြီး ဆွေးနွေးပါ။ အခြေအနေနဲ့ ကိုက်ညီမယ့် လုပ်ငန်းမျိုးကို ရွေးချယ်ပြီး လုပ်ဆောင်နိုင်ပါတယ်။

အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့၊ ကလေးတွေရဲ့ ပညာရေးကို ကောင်းစေချင်တဲ့ မိဘတွေရော၊ ဆရာ၊မတွေရော တက်ညီလက်ညီ ပူးပေါင်းပါမှ ကလေးတွေရဲ့ ပညာကောင်းမှာပါ။ ကျောင်းအုပ်တွေရဲ့ ဉာဏ်အမျှော်အမြင်ကြီးမားမှု၊ ကြိုတင်ပြင်ဆင်နိုင်မှုအပေါ်မှာမူတည်ပြီးတော့လည်း ဆရာ၊မတွေနဲ့ မိဘတွေအကြားက အဖုအထစ်တွေကို ဖြေလျှော့ပေးနိုင်မှာဖြစ်လို့ ကျောင်းအုပ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။

အခုအချိန်က ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုပြီး တစ်ယောက််နဲ့တစ်ယောက် အပြန်အလှန် လက်ညှိုးထိုးရမယ့် အချိန် မဟုတ်တော့ပါဘူး။ မိဘကလည်း ကိုယ်တတ်နိုင်သလောက် ဘာကူမလဲ၊ ဆရာ၊မတွေကလည်း ဘယ်လို ပံ့ပိုးမလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကလေးပညာရေးအတွက် အပြုသဘောဆောင်သော ပူးပေါင်းမှုအဖြေများ ရှာဖွေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

မေတ္တာဖြင့်..

              Sayarma-ဆရာမ

မှတ်ချက် ။  ။ ဒီဓါတ်ပုံက ကျွန်မတို့ ကျောင်းမှာ မိဘတစ်ယောက်ကို ဖိတ်ပြီး စာသင်ခိုင်းတုန်းက ပုံပါ။

[Zawgyi]

ကေလးပညာရေစခ်င္လုိ့ ေက်ာင္းကို ပို႕တဲ့ မိဘရယ္၊ ကေလးေတြကို ပညာသင္ေပးခ်င္လုိ့ ေက်ာင္းမွာ လုပ္တဲ့ ဆရာ၊မေတြရယ္ – တူညီတာက ကေလးေတြရဲ႕ ပညာေရးအတြက္ ေပးဆပ္ခ်င္တာနဲ႕ ပံ့ပိုးခ်င္တာပါပဲ။ မတူညီတာကေတာ့ အခန္းက႑ေတြေပါ့။ မတူညီတဲ့ တာဝန္ေတြကုိယူထားတဲ့ အေရးၾကီးပုဂၢိဳလ္ေတြ အတူတစ္ကြ တက္ညီလက္ညီ လုပ္ၾကပါမွ ကေလးေတြရရွိမယ့္ ပညာသင္ယူမွဳ အေတြ႕အၾကံဳေတြက ပိုေကာင္းမယ္၊ ပိုထိေရာက္မယ္၊ ပိုအသံုးဝင္မယ္။

လတ္တေလာမွာ မိဘေတြ ဆရာ၊မေတြၾကားက ျပႆနာအခ်ိဳ႕က ဆရာ၊မေတြက မိဘေတြ ကေလးေတြကို ပညာေရး  မေပးခ်င္ၾကလို့ဆိုျပီး စိတ္ညစ္ၾကတာရယ္၊ မိဘေတြက ေျပာင္းလဲေနတဲ့ သင္ၾကားနည္းေတြကို နားမလည္လုိ့ ဆရာ၊မေတြကို ေျပာၾကတာရယ္၊ ကေလးေတြကို ဆူလုိက္ရိုက္လုိက္လို့ ဆရာ၊မေတြက ဝန္ခ်ေတာင္းပန္ၾကရတာေတြရယ္။  မိဘေတြဘက္ကလည္း ေက်ာင္းကဆရာ၊မ ထက္ က်ဴရွင္ကဆရာ၊မက ပိုသင္ေပးနုိင္တယ္လို့ ထင္တာေတြရယ္၊ ဆရာ၊မကို မ်က္ႏွာလုပ္မွ ကိုယ့္သားသမီးကို ဂရုစိုက္တာလို့ေျပာၾကတာေတြရယ္၊ တစ္ႏွစ္သာ ကုန္သြားတယ္ ဘာမွ မတတ္ဘဲ စာဘဲက်က္ရလို့ စိတ္ညစ္တာေတြရယ္၊ ဆရာ၊မေတြက ကေလးေတြကို ႏွိပ္စက္လို့ ဘယ္လိုလုပ္ရမွန္းမသိဘူးျဖစ္ေနတာေတြရယ္ေပါ့။ ဒါေတြကို ၾကည့္မယ္ဆိုရင္ သူ႔ဘက္ ကိုယ့္ဘက္ ႏွစ္ဘက္ျဖစ္ေနတာ။ တစ္ခ်ိဳ႕ဟာေတြက အထင္လြဲတာ၊ အခ်ိဳ႕ျပႆနာေတြက ၾကိဳတင္ျပင္ဆင္ေဆြးေႏြးမထားလို့ျဖစ္ရတာ၊ အခ်ိဳ႕က မွန္ကန္တဲ့နည္းနဲ႕ ျပႆနာကိုမေျဖရွင္းလို့ျဖစ္ရတာ။

ဒီေတာ့ ကၽြန္မ ဒီေန႕ေဆြးေႏြးမွာေတာ့ မိဘေတြနဲ႕ ဆရာ၊မေတြအၾကားမွာ ကေလးေတြရဲ႕ ပညာေရးအတြက္ အတူတစ္ကြ ျပဳလုပ္နုိင္မယ့္ လုပ္ငန္း (၅)ခုပါ။ အျခားနည္းလမ္းေတြ အမ်ားၾကီးလည္း ရွိပါေသးတယ္။ ကိုယ္ျပဳလုပ္ဖူးတဲ့ အျခားလုပ္ငန္းေတြကိုလည္း Commentေရးျပီး မွ်ေဝေပးပါဦး။

၁) ပံုမွန္ မိဘ-ဆရာ ေတြ႕ဆံုပြဲမ်ား ျပဳလုပ္ပါ။

—————————————————-

ကၽြန္မ ျသစေတ်းလ် မူလတန္းေက်ာင္းမ်ားမွာ တာဝန္က်တုန္းက ကေလးတစ္ေယာက္ခ်င္းစီရဲ႕ က႑ေပါင္းစံု တိုးတက္မွဳကို ေသေသခ်ာခ်ာ မွတ္တမ္းထားေပးရတယ္။ အတန္းထဲမွာ အေယာက္ (၅၀)ရွိတယ္။ ကၽြန္မတို႕ စာသင္တဲ့ ဆရာမေတြက ကေလးအေရအတြက္အလိုက္ခြဲျပီး တာဝန္ယူတယ္။ မွတ္တမ္းေတြကို ဆရာမေတြ အခ်င္းခ်င္းဖတ္ျပီး သံုးသပ္ခ်က္ေတြ အခ်င္းခ်င္းျပန္ေပးတယ္။ ျပီးရင္ မိဘရဲ႕ ဘယ္လို ပံ့ပိုးမွဳရရင္၊ ဆရာ၊မေတြရဲ႕ ဘယ္လို႕ပံ့ပိုးမွဳရရင္၊ ကေလးအခ်င္းခ်င္းရဲ႕ ဘယ္လို ပ့့ံပိုးမွဳရရင္ ကေလးက ပိုျပီး တိုးတက္နုိင္မလဲဆိုတာေတြကို စဥ္းစား မွတ္တမ္းတင္ထားတယ္။ ျပီးရင္ မိဘဆရာ ေတြ႕ဆံုခ်ိန္ေရာက္တဲ့အခါ ေဆြးေႏြးဝိုင္းမွာ ဆရာမ တစ္ေယာက္ (သို႕) ႏွစ္ေယာက္ရယ္ မိဘရယ္ ကေလးရယ္ – သံုးပြင့္ဆိုင္ ပညာေရး အေၾကာင္း ေျပာၾကတယ္။ မိဘဘက္ကလည္း ေျပာခ်င္တာကို ေျပာျပတယ္။ ကေလးကလည္း ေဆြးေႏြးတဲ့ စကားဝိုင္းမွာ ပါတာဆိုေတာ့ အျပဳသေဘာေဆာင္တဲ့ စကားဝိုင္းျဖစ္ေအာင္ ဆရာမေတြက ဦးေဆာင္ျပီး ေဆြးေႏြးတယ္။ ကေလးကိုလည္း ေမးတယ္ ဘယ္လိုေတြ ခက္ခဲျပီး ဘာေတြ ကူညီေပးရမလဲဆိုတာမ်ိဳးေပါ့။ ဆရာမေတြရဲ႕ သင္ၾကားမွဳနဲ႕ သင္ခန္းစာေတြအေပၚမွာ ကေလးေတြနဲ႕ မိဘေတြကလည္း အျပဳသေဘာေဆာင္တဲ့ အၾကံဥာဏ္ေတြေပးဖုိ႕ ေတာင္းဆိုၾကတယ္။ ဒါမ်ိဳးကို တစ္ခ်ိဳ႕က သံုးလ တစ္ခါ လုပ္တယ္။

၂) ေက်ာင္းအုပ္ေတြ၊ ဆရာ၊မေတြနဲ႕ မိဘေတြ အစည္းအေဝးလုပ္ပါ။

—————————————————————————–

အစည္းအေဝးေတြကို ကေလးသင္ယူမွဳနဲ႕ ပတ္သတ္တဲ့အေၾကာင္းအရာေတြအတြက္ ျပဳလုပ္ပါတယ္။ ေက်ာင္း ဖြင့္ခါစမွာ ဒီတစ္ႏွစ္တာလံုးမွာ ကေလးေတြအတြက္ ဘယ္လိုေခါင္းစဥ္ေတြကို ဘယ္လို နည္းစနစ္ေတြနဲ႕သင္မယ္ဆိုတာမ်ိဳးေတြ ရွင္းျပတယ္။ သရုပ္ျပတယ္။ ျပီးေတာ့ ကေလးေတြနဲ႕ ပတ္သတ္တဲ့ ဘယလို စည္းမ်ဥ္းစည္းကမ္းေတြခ်ထားသင့္တယ္၊ ခ်ထားတယ္ စတာေတြကို မိဘေတြနဲ႕ေဆြးေႏြးတယ္။ ကေလးေၾကာင့္ တစ္ခုခုျဖစ္ခဲ့ရင္ ဘယ္လိုမ်ိဳးေတြလုပ္မယ္၊ မိဘေတြက ဘယ္လို ပံ့ပိုးေပးရမလဲ စတာေတြ ေဆြးေႏြးတယ္။ ဥပမာ – ကေလးက စာရိတၱနဲ႕ပတ္သတ္တဲ့ ျပႆနာတစ္ခုခု လုပ္ရင္ မိဘကို ေခၚေဆြးေႏြးမွာလား၊ ဘယ္လို အျပစ္မ်ိဳးေပးမွာလည္း ဆိုတာမ်ိဳးေပါ့။ အျပဳသေဘာေဆာင္တဲ့ ကိစၥမ်ိဳးျဖစ္တဲ့ အားကစားပြဲေတာ္ေတြမွာ ေအာင္ျမင္တဲ့ကေလးေတြကို ဘယ္လို ဆုေတြခ်ျပီး ဘယ္လို ခ်ိီးေျမွာက္မယ္ ဆိုတာမ်ိဳးေပါ့။ အစကတည္းက ပြင့္ပြင့္လင္းလင္းနဲ႕ ကေလးသင္ယူမွုအတြက္ အခန္းက႑အလိုက္ မိဘကဘယ္လို ပံ့ပိုးေပးသင့္တယ္၊ ဆရာ၊မေတြက ဘာေတြ ကူညီေပးရမယ္၊ ေက်ာင္းအုပ္ကေရာ ဘယ္လိုေတြ လုပ္ေဆာင္ေပးမယ္ဆိုတဲ့ အခ်က္အလက္ေတြကို ပြင့္လင္းျမင္သာမွုရွိရွိ ၾကိဳတင္ေဆြးေႏြးထားေတာ့ မိဘဆရာအၾကား အထင္လြဲမွုေတြ ခဏခဏ မျဖစ္ေတာ့ဘူးေပါ့။

၃) မိဘေတြကို  ပါဝင္ခုိင္းပါ။

———————————–

မိဘေတြထဲမွာ သူ႕ေနရာနဲ႕ သူထူးခၽြန္တဲ့သူေတြရွိပါတယ္။ လယ္စိုက္တဲ့သူကလည္း လယ္စိုက္တဲ့ အတတ္ပညာတစ္ခုရွိသလို ေစ်းေရာင္းတဲ့ မိဘကလည္း အေရာင္းအဝယ္သေဘာတရားကို နားလည္ၾကတယ္။ အဲဒီ့ေတာ့ သင္ခန္းစာေတြနဲ႕ ခ်ိတ္ဆက္ျပီး မိဘေတြကို စာသင္ခန္းထဲမွာ ဖိတ္ၾကားျပီး အေတြ႕အၾကံဳေတြ မွ်ေဝခုိင္းတာမ်ိဳး၊ မိဘေတြကို သူတို႕တတ္တဲ့ပညာကို သင္ေပးခုိင္းတာမ်ိဳးေတြ ျပဳလုပ္ေစလို့ရပါတယ္။ အင္ဂ်င္နီယာမွ၊ ေဒါက္တာမွ ေက်ာင္းစာသင္ခန္းထဲကို ေခၚျပီး သင္ေစတာမဟုတ္ဘဲ အတတ္ပညာတစ္ခုခုကို ကၽြမ္းက်င္စြာ တတ္ေျမာက္ျပီး ေကာင္းမြန္စြာ လုပ္ကိုင္စားေသာက္ေနတဲ့ ဘယ္မိဘကိုမဆို စာသင္ခန္းထဲ မွာ ဖိတ္ၾကားေစလုိ့ရပါတယ္။

၄) မိဘေတြကို အသိမွတ္ျပဳေပးပါ။

—————————————-

အထူးသျဖင့္ အေမမ်ားေန႕၊ အေဖမ်ားေန႕ဆိုတာမ်ိဳးေပါ့။  အေမမ်ားေန႕ဆိုရင္ အေမေတြကို ဖိတ္ျပီး မုန္႕ေတြေကၽြးတာမ်ိဳး။ အေမေတြနဲ႕ ပတ္သတ္တဲ့ စာေတြဖတ္တာမ်ိဳး၊ ပံုျပင္ဇာတ္လမ္းကျပတာမ်ိဳးေတြ ကေလးေတြကို လုပ္ခုိငး္လို့ရပါတယ္။ ေနာက္ျပီးေတာ့  မိဘေတြနဲ႕ဆိုင္တဲ့ ပြဲေတာ္ေတြမွာ မိဘေတြအတြက္ ကေလးေတြက ျပဳလုပ္ထားတဲ့ ကဒ္ကေလးေတြ၊ အရုပ္ကေလးေတြ၊ လက္ေဆာင္ေလးေတြ ေပးေစတာမ်ိဳးေပါ့။ မိဘကို အသိမွတ္ျပဳေအာင္္ သင္ေပးနုိင္တဲ့ ဆရာ၊မေတြကို မိဘေတြက ပိုေလးစားၾကမွာပါ။ ကၽြန္မရဲ႕ သႏၱိဆာယာ စာၾကည့္တိုက္ေလးမွာ အေမမ်ားေန႕တုန္းက ကေလးေတြက သူတုိ႕အေမေတြအတြက္ စာေတြေရး၊ ကဒ္ကေလးေတြလုပ္ျပီးေပးၾကေတာ့ ေမေမေတြ ေတာ္ေတာ္ေပ်ာ္ၾကတယ္။ တစ္ကယ္တမ္း ကၽြန္မသင္တာ အဂၤလိပ္စာ ဆိုေတာ့ ကေလးေတြကို အဂၤလိပ္လိုေရးခိုင္းတယ္။ ျမန္မာလို လည္း သိေအာင္ သင္ေပးတယ္။ ဒီေတာ့ ကေလးေတြက သင္ရမယ့္ စာလည္း ရတယ္၊ မိဘအတြက္လည္း လုပ္ေပးျပီးသားျဖစ္တယ္။

၅) ပံုမွန္ဆက္သြယ္ စကားေျပာပါ။

——————————————-

ကေလးအေၾကာင္းကို စာသင္ခန္းအတြင္းကေန သိထားတဲ့ ဆရာ၊မေတြက မိဘေတြနဲ႕ ပံုမွန္ ဆက္သြယ္ေျပာဆိုဖုိ႕လိုပါတယ္။ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ရင္ပဲျဖစ္ျဖစ္၊ ရပ္ထဲရြာထဲ လမ္းေလွ်ာက္ရင္ျဖစ္ျဖစ္၊ ဖုန္းဆက္တာပဲျဖစ္ျဖစ္ ကေလးေတြရဲ႕ တိုးတက္မွုနဲ႕ ဒီ့ထက္ပိုျပီး တိုးတက္ေအာင္ မိဘေတြက ဆရာ၊မေတြနဲ႕ ဘယ္လို အျပဳသေဘာ ပူးေပါင္းရမယ္ဆိုတာမ်ိဳးကို ဆရာ၊မေတြက မွ်ေဝဖို႕လိုပါတယ္။ မိဘေတြမလုပ္နုိင္တဲ့ အေျခအေနေတြရွိခဲ့ရင္ လုပ္နိုင္မယ့္ အေျခအေနထဲက လုပ္သင့္တဲ့ လုပ္ငန္းမ်ိဳးကို ပညာေရးကၽြမ္းက်င္သူေတြျဖစ္တဲ့ ဆရာ၊မေတြက အၾကံေပးကူညီဖို႕လိုအပ္ပါတယ္။ ကၽြန္မၾကားဖူးတယ္- အေမရိက က အခ်ိဳ႕ဆရာေတြဆိုရင္ ေန႕စဥ္ မိဘတစ္ေယာက္ကို ကေလးတစ္ေယာက္ အေၾကာင္း ဖုန္းဆက္ျပီး ေျပာေလ့ရွိတယ္တဲ့။ တစ္လၾကာေတာ့ ကေလးတိုင္းရဲ႕ မိဘေတြဆီကို ဖုန္းဆက္ျပီးအေၾကာင္းၾကားျပီးသားျဖစ္သြားတာေပါ့။

တစ္ကယ္လို႕ ဒီစာေတြကို ဖတ္ေနတာ မိဘေတြဆိုရင္ ဆရာ၊မေတြမွာလည္း စာသင္တဲ့ လုပ္ငန္းတင္မဟုတ္ဘဲ အျခား ေက်ာင္းနဲ႕ဆိုင္ေသာ လုပ္ငန္းေတြအမ်ားၾကီး တာဝန္ယူထားရတာကို နားလည္ေပးျပီး ဆရာ၊မေတြ ကိုယ္ေတြရဲ႕ ကေလးေတြကို သင္ၾကားေပးတဲ့အခါ ပိုထိေရာက္စြာ သင္နုိင္ေအာင္ ဘယ္လို ကူညီပံ့ပိုးေပးရမလဲဆိုတာကို စဥ္းစားေစလိုပါတယ္။ ပညာေရးအေျပာင္းအလဲတစ္ခုကို လက္ေတြ႕လုပ္ေဆာင္ေနတဲ့ ဆရာ၊မေတြကိုယ္တိုင္က စနစ္ေဟာင္းနဲ႕ ထိေတြ႕သင္ယူခဲ့ရတာမို႕ စနစ္သစ္ေတြ၊ အက်င့္သစ္ေတြကုိ ေျပာင္းလဲလုပ္ေဆာင္ဖုိ႕ အခ်ိန္နဲ႕ ပံ့ပိုးမွဳေတြ လိုေနတတ္ပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႕ အတတ္နိုင္ဆံုး ကူညီေပးဖို႕လုိအပ္ပါတယ္။ ကၽြန္မ အထက္မွာ အၾကံျပဳထားတဲ့ လုပ္ငန္း (၅) ခုကို လုပ္ေဆာင္ခ်င္တယ္ဆိုရင္ ေက်ာင္းအုပ္၊ ေက်ာင္းက ဆရာ၊မေတြနဲ႕ အျပဳသေဘာေဆာင္ျပီး ေဆြးေႏြးပါ။ အေျခအေနနဲ႕ ကိုက္ညီမယ့္ လုပ္ငန္းမ်ိဳးကို ေရြးခ်ယ္ျပီး လုပ္ေဆာင္နုိင္ပါတယ္။

အခ်ဳပ္မွာ ကၽြန္မ မွ်ေဝခ်င္တာကေတာ့၊ ကေလးေတြရဲ႕ ပညာေရးကို ေကာင္းေစခ်င္တဲ့ မိဘေတြေရာ၊ ဆရာ၊မေတြေရာ တက္ညီလက္ညီ ပူးေပါင္းပါမွ ကေလးေတြရဲ႕ ပညာေကာင္းမွာပါ။ ေက်ာင္းအုပ္ေတြရဲ႕ ဥာဏ္အေမွ်ာ္အျမင္ၾကီးမားမွဳ၊ ၾကိဳတင္ျပင္ဆင္နုိင္မွဳအေပၚမွာမူတည္ျပီးေတာ့လည္း ဆရာ၊မေတြနဲ႕ မိဘေတြအၾကားက အဖုအထစ္ေတြကို ေျဖေလွ်ာ့ေပးနုိင္မွာျဖစ္လုိ့ ေက်ာင္းအုပ္ေတြရဲ႕ အခန္းက႑ကလည္း အေရးၾကီးပါတယ္။

အခုအခ်ိန္က ဘယ္သူ႕ေၾကာင့္ ဘယ္ဝါ့ေၾကာင့္ဆိုျပီး တစ္ေယာက္္နဲ႕တစ္ေယာက္ အျပန္အလွန္ လက္ညွိဳးထိုးရမယ့္ အခ်ိန္ မဟုတ္ေတာ့ပါဘူး။ မိဘကလည္း ကိုယ္တတ္နုိင္သေလာက္ ဘာကူမလဲ၊ ဆရာ၊မေတြကလည္း ဘယ္လို ပံ့ပိုးမလဲဆိုတာကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးျပီး ကေလးပညာေရးအတြက္ အျပဳသေဘာေဆာင္ေသာ ပူးေပါင္းမွုအေျဖမ်ား ရွာေဖြနုိင္ၾကပါေစလို့ ဆႏၵျပဳရင္း…

ေမတၱာျဖင့္..

              Sayarma-ဆရာမ မွတ္ခ်က္ ။  ။ ဒီဓါတ္ပံုက ကၽြန္မတို႕ ေက်ာင္းမွာ မိဘတစ္ေယာက္ကို ဖိတ္ျပီး စာသင္ခိုင္းတုန္းက ပံုပါ။