[Unicode]

ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က မိခင်ဘာသာစကားနေ့ဆိုတာ သိပါသလား။ မိခင်ဘာသာစကား ပြောခွင့်မရှိဘဲ ကြီးပြင်းကြရတဲ့ ကလေးတွေမြင်ဖူးလား။ မိခင်ဘာသာစကားနဲ့ အများသုံးဘာသာစကားကြားထဲ ရွေးချယ်ရခက်နေတာ မြင်ဖူးလား။ ကိုယ်သိတဲ့ ဘာသာစကားကို မပြောတဲ့ ကလေးတွေ ကိုယ့်စာသင်ခန်းထဲမှာ ရှိနေလား။ ဒီမေးခွန်းတစ်ခုခုအတွက် အဖြေနဲ့အတူ မျှဝေစရာ အတွေ့အကြုံ၊ ဗဟုသုတတွေရှိနေရင် ကျွန်မကို မျှဝေပေးပါဦး။

မိခင်ဘာသာစကားကို အမေ၊ အဖေ တွေ ပြောဆိုတဲ့စကား၊ မိမိပတ်ဝန်းကျင်/မွေးဖွားရာ ဒေသရဲ့ စကား ၊ ဒေသိယစကား ဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။  ဘာလို့ မိခင်ဘာသာစကား (mother tongue) လို့ခေါ်တာလဲဆိုရင် ကလေးကို မွေးပြီးတဲ့အခါ အများဆုံးကြားရတာ အမေရဲ့ ဘာသာစကား၊ အမေ့ရဲ့ စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဘာသာစကားတွေနောက်မှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ပြောဆိုအသုံးပြုတဲ့သူတွေရဲ့ ဖြစ်တည်မှု ရပ်တည်မှုတွေ အများကြီးရှိနေကြတယ်။ မိခင်ဘာသာစကားဟာ ကလေးတွေရဲ့ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်။ မိခင်ဘာသာစကားကို နားလည်တဲ့၊ ပြောတတ်တဲ့ ကလေးတွေဟာ သိမှု ဖွံ့ဖြိုးမှုကို အထောက်ကူပြုတယ်၊ ယဉ်ကျေးမှုကို ပိုနားလည်စေတယ်။ အဲဒီ့ အပြင် အခြား ဘာသာစကား အသစ်တွေ သင်ယူတဲ့အခါမှာလည်း အထောက်ကူပြုပါတယ်။

မိခင်ဘာသာစကားတွေဟာ တန်ဖိုးကြီးသလို အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပေမယ့် တန်ဖိုးထားမှ၊ ထိန်းသိမ်းတတ်မှ မပျောက်ကွယ်ဘဲ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားပေါင်း ၆၀၀၀ (ခြောက်ထောင်)ခန့်ရဲ့ ၄၃% လောက်က ပျော်ကွယ်မယ့် အန္တရာယ်ကို ကြုံနေရပါတယ်။ 

တည်ရှိနေတဲ့ ဘာသာစကားတွေထဲကမှ စီးပွါးရေးအရ၊ ဖွံ့ဖြိုးရေးအခြေအနေနဲ့ ပညာရေး အခြေအနေတွေအရ အများဆုံး အသုံးပြုတဲ့ ဘာသာစကားဟာ ရာဂဏန်းပဲရှိပါတယ်။ အခုလို ဒီဂျစ်တယ်ခေတ်မှာ စက်ပစ္စည်းတွေ နည်းပညာတွေထဲမှာ အသုံးပြုတဲ့ ဘာသာစကားတွေကတော့ တစ်ရာတောင် မပြည့်ပါဘူး။   

ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို သယ်ဆောင်ပေးတဲ့ တန်ဖိုးကြီးတဲ့ ကမ္ဘာပေါ်က ဘာသာစကားတိုင်းကို ထိမ်းသိမ်းဖို့အတွက် ရည်ရွယ်တဲ့အတွက် ၂ဝဝဝခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ကို UN က ဦးဆောင်ပြီး အခုနှစ်အထိ နှစ်တိုင်း ကျင်းပခဲ့ပါတယ်။

ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ လောက်ရှိမယ်လို့ ပြောကြတာ်။ ဘာသာစကားတွေကတော့ စာရင်းထဲက နံပါတ်တွေထက် ပိုများတယ်။ ဘာသာစကားနဲ့ပတ်သတ်တဲ့ အခက်အခဲတွေဆိုရင် တိုင်းရင်းသား ဒေသတွေမှာ တော်တော်များများ ကြုံရတတ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသက စာသင်ကျောင်းတွေမှာပေါ့။ မြန်မာစကားတောင်မတတ်တဲ့ ကလေးတွေကို မြန်မာစကားပဲ တတ်တဲ့ ဆရာ၊မတွေက သင်ပေးရတဲ့ အဖြစ်မျိုးတွေ၊  မြို့ကြီးပြကြီးတွေမှာဆိုရင် မိခင်ဖခင်ရဲ့ တိုင်းရင်းသား ဘာသာစကားကို မတတ်ဘဲ အများသုံးဘာသာစကားကိုပဲ တတ်တဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်။

အခုကာလမှာမိဘ၊ အသိုင်းဝန်း၊ဆရာ၊မနဲ့ ကလေးတွေကိုယ်တိုင် တစ်ခါတစ်လေမှာ ဘာသာစကားတွေကို ဘယ်လို ထိမ်းသိမ်းရမယ်၊ တန်ဖိုးထားကြောင်းပြရမယ်ဆိုတာ မသိတာတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ တန်ဖိုးထားထိမ်းသိမ်းမှုထက် ပိုအသုံးဝင်မယ့်၊ ပိုပြီး အလုပ်ရနိုင်ခြေရှိတဲ့ဘာသာစကားကို သင်ယူရတာပါ။  ဒါကြောင့် ဒီတစ်ပတ်မှာ မိခင်ဘာသာစကားတွေကို တန်ဖိုးထားဖို့နဲ့ တန်ဖိုးထားကြောင်းပြတတ်ဖို့ ကျွန်မ အမြင်လေး(၂)ခု မျှဝေချင်ပါတယ်။

၁) ဘာသာစကားတိုင်းဟာ အရေးကြီးပါတယ်။

——————————————————-

ဘာသာစကားတွေအကြား တစ်ခုကိုတစ်ခုထက်ပိုသုံးတာ ရှိသောြ်ငားလည်း ထိမ်းသိမ်းဖို့ လိုအပ်ချက်က တန်းတူအနေအထားမှာရှိပါတယ်။ ကိုယ့်ဘာသာစကားမှ သာတယ်ဆိုတာမျိုးပြောရင် မမှန်ဘူးလို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာနေလို့ မြန်မာစကားဟာ တိုင်းရင်းသားဘာသာစကားတစ်ခုခုထက် မသာပါဘူး။ မြန်မာစကားကို တန်ဖိုးထားသလို အခြားဘာသာစကားတွေကိုလည်း တန်ဖိုးထားဖို့လိုပါတယ်။ အဲ့လိုပဲ တိုင်းရင်းသားဘာသာစကားမွေးပြီး ကြီးပြင်းခဲ့တဲ့အတွက် မြန်မာစကားဟာ တန်ဖိုးမဲ့တယ်ပြောလို့ မရပြန်ဘူး။ ဘာသာစကားတိုင်းဟာ တန်ဖိုးရှိတယ်။

ဘာသာစကားတိုင်းမှာ မိခင်ဘာသာစကားအဖြစ် ပြောဖို့ မွေးဖွါးလာတဲ့သူတွေရှိတယ်။ ကိုယ့်မိခင်ဘာသာစကားမို့ မလေးစား၊ တန်ဖိုးမထားလို့မရဘူး။ ကိုယ်ချင်းစာတရားလေးရှေ့ထားပြီး ဘာသာစကားတွေကို တန်ဖိုးထားကြဖို့လိုပါတယ်။

စာသင်ခန်းအတွင်းက အများသုံးဘာသာစကားဟာ အရေးကြီးသလို ကလေးတွေရဲ့ ဘာသာစကားဟာလည်း အရေးပါတာမို့ ဆက်ပြောဖို့၊ လေ့ကျင့်ဖို့ အားပေးပါ၊ အခွင့်အလမ်းပေးပါ။ 

ကိုယ့်ရဲ့ စာသင်ခန်းထဲမှာ မတူညီတဲ့ ဘာသာစကားပြောတဲ့ကလေးတွေရှိရင် သူတို့ရဲ့ ဘာသာစကား အသုံးပြုနိုင်မယ့် အခွင့်အလမ်းပေးပါ။ ဥပမာ – မြန်မာစာသင်ချိန် – ကြိယာတွေအကြောင်းသင်နေဆိုပါတော့။ ကိုယ့်အတန်းထဲက မတူညီတဲ့ဘာသာစကားပြောတဲ့ကလေးတွေကို သူတို့ရဲ့ တိုင်းရင်းသားဘာသာစကားမှာ ဘယ်လို သုံးလဲဆိုတာမျိုး။ စားသည် ဆိုတဲ့ စကားလုံးကို သူတို့ဘာသာစကားမှာ ဘယ်လိုပြောလဲဆိုတာမျိုးတွေ ဆက်စပ်မေးပါ။ 

စာသင်ခန်းထဲက ကလေးတွေ မြန်မာလို နားမလည်ရင်ဖြစ်ဖြစ်၊ မြန်မာလိုပြောတာ မပီရင်ဖြစ်ဖြစ် မြန်မာလိုနဲ့ သူတို့ နားလည်တဲ့ဘာသာစကားနဲ့ ချိတ်ဆက် သင်ယူနိုင်ဖို့ တိုက်တွန်းအားပေးပါ။ ကူညီပါ။ သူတို့ရဲ့ တိုင်းရင်းသားဘာသာစကားကို တတ်ထားတာဟာ ဂုဏ်ယူစရာကောင်းသလို ဒုတိယဘာသာအဖြစ် မြန်မာစာကိုလည်း ဆရာ၊မတွေက တတ်ကျွမ်းအောင် သင်ပေးဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြသဖို့လိုပါတယ်။

၂) ကိုယ်တိုင်သင်ယူပါ။

———————

ဘာသာစကားတွေကို သင်ယူသူမရှိ၊ လက်ဆင့်ကမ်းမှု မရှိရင် ပျောက်ကွယ်သွားကြမှာပါပဲ။ ဒါကြောင့် သင်ယူခြင်းအားဖြင့် အသုံးပြုခြင်းအားဖြင့် အခြားသူတွေကို သင်ပေးခြင်းအားဖြင့် ထိမ်းသိမ်းရာရောက်ပါတယ်။

တိုင်းရင်းသားဒေသမှာ  တာဝန်ကျတဲ့ ဆရာ၊မတွေဆိုရင် ကိုယ်တာဝန်ကျရာဒေသရဲ့ အသုံးအနှုန်း၊ ဘာသာစကားကို အတတ်နိုင်ဆုံး သင်ယူခြင်းအားဖြင့် တန်ဖိုးထားကြောင်းပြပါ။  အနည်းဆုံး ထမင်းစားရေသောက်လောက်တော့ တတ်သင့်ပါတယ်။  ကိုယ်ပြောတဲ့စကား မှားတာပါရင် ရယ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကလည်း နိုင်ငံခြားသားတစ်ယောက် မြန်မာလိုပြောရင် ချစ်လို့ သဘောကျလို့ ရယ်သလိုမျိုးပါပဲ။

ဘာသာစကားတင်မကဘဲ ဘာသာစကားနောက်ကွယ်က တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို သင်ယူပါ။ နားလည်အောင်လုပ်ပါ။ ဖြစ်နိုင်ရင် သူတို့ရဲ့ ရက်ကြီးခါကြီးတွေကို ကောင်းမွန် သင့်တော်တဲ့ အလေ့အထတွေ သိအောင်လုပ်ပြီး အနည်းဆုံး ဆုတောင်းပေးတာမျိုး ကျင်းပပေးတာမျိုး အားလုံး လိုက် လုပ်ကြည့်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

ကလေးတွေရဲ့ မိဘတွေကိုလည်း သင်ပေးဖို့ တိုက်တွန်းပါ။ သင်ယူချင်ပေမယ့် သင်ပေးမယ့်သူမရှိလို့လည်းမရဘူးလေ။ ဒါကြောင့် တတ်ကျွမ်းသူတွေကို သင်ပေးခိုင်းပါ။ အခြားဘာသာစကားတွေ အပြင်ပတ်ဝန်းကျင်မှာ သင်ယူနေတယ်၊ လေ့ကျင့်နေတယ်ဆိုရင်တောင် ကလေးတွေကို အိမ်မှာ မိခင်ဘာသာစကားတွေနဲ့ ပြောခိုင်းပါ။ ဒါဆို  မိခင်ဘာသာစကားအပြင်၊ ဒုတိယ၊ တတိယ ဘာသာစကားတွေမှာ ပြောဖို့ အခွင့်အလမ်းရတာပေါ့။

ဘာသာစကားများများပြောနိုင်လေလေ ကောင်းလေလေပါပဲ။ အခုနောက်ပိုင်းမှာ အင်္ဂလိပ်စကားပြောပြီး မြန်မာလို သေသေချာချာမတတ်တာတွေ တွေ့ဖူးလားမသိဘူး။ ကျွန်မကတော့ မိခင်ဘာသာစကားကို ကျောင်းသုံး၊ရုံးသုံးဘာသာစကားအဖြစ်သုံးတဲ့နိုင်ငံမှာ မွေးဖွါးကြီးပြင်းပြီး မိခင်ဘာသာစကားကို မကျွမ်းကျင်တာဟာ ရှုံးတယ်လို့ ခံစားရပါတယ်။

အချုပ်မှာ ကျွန်မ ပြောချင်တာကတော့  ဘာသာစကားတိုင်းဟာ တန်ဖိုးကြီးပါတယ်။ တန်ဖိုးထားခံရဖို့ ထိုက်တန်ပါတယ်။ လူတိုင်းဟာ ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့အတူ အခြားသော ဘာသာစကားတွေကို  တန်ဖိုးထားမယ်၊ ပြောတတ်မယ် ဆိုရုံနဲ့လည်း မပြီးသေးပါဘူး။ အုပ်ချုပ်သူတွေ၊ စနစ်သတ်မှတ်သူတွေကိုယ်တိုင်ကလည်း ဘာသာစကားတွေရဲ့ တန်ဖိုးကို နားလည်ပြီး အများသုံးဘာသာစကားပြောသော ကလေးတွေတင်မကဘဲ အများသုံးဘာသာစကားကို မိခင်ဘာသာစကားအဖြစ် မပြောသော ကလေးတွေအတွက်ပါ စဉ်းစားခြင်းအားဖြင့် တစ်နိုင်ငံလုံးမှာ ပြောနေတဲ့ မိခင်ဘာသာစကားတွေကို တန်ဖိုးထားကြောင်း ပြသင့်ပါတယ်။

ဘာသာစကားတွေက များများပြောတတ်လေ ကောင်းလေလေပါပဲ။ ဘာသာစကားတွေကို သင်တာ ဘာသာစကားတွေကို ထိမ်းသိမ်းရာရောက်သလို ကိုယ်တိုင်အတွက်လည်း အလုပ်ကိုင်အခွင့်အလမ်း၊ ပညာရေး၊ သင်ယူနိုင်စွမ်း စတာတွေ အများကြီး တိုးတက်လာမှာပါ။  မိခင်ဘာသာစကားအပြင် ဒုတိယ၊ တတိယ၊ စတုတ္ထ ဘာသာစကား စသည်ဖြင့် များစွာသင်ယူပါ။

ဘာသာစကားဟာ ယဉ်ကျေးမှုတစ်ခုရဲ့ တံခါးပေါက်၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအကြားက တံတားတစ်စင်းဆိုသလိုပါပဲ။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ဖြစ်လာတဲ့အခုအချိန်မျိုးမှာ နိုင်ငံခြားဘာသာစကားတွေအပြင် ကိုယ့်နိုင်ငံတွင်းက ဘာသာစကားတွေကိုလည်း ဂုဏ်ယူစွာ တန်ဖိုးထား သင်ယူကြရင်ဖြင့် အပြန်အလှန်တန်ဖိုးထားတတ်တဲ့ အသိုင်းအဝန်းလေးတစ်ခု ဖန်တီးရာပါဝင်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။

အဆုံးသတ်အနေနဲ့ မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်၊ နေကောင်းလား  စတဲ့ စကားလုံးတွေဖြစ်ဖြစ် ငြိမ်းချမ်းခြင်း၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရား စတဲ့ သဘောတရားတွေကို ဖေါ်ညွှန်းတဲ့ တိုင်းရင်းသား စကားပုံတွေ စကားတွေ ရှိရင် မျှဝေခဲ့ပါဦး။ ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်..

             Sayarma-ဆရာမ

Reference : http://www.un.org/en/events/motherlanguageday/

Photo: http://www.lwinpyin.com/2017/09/myanamar-language-about.html

[Zawgyi]

ေဖေဖၚဝါရီ ၂၁ ရက္ေန႕က မိခင္ဘာသာစကားေန႕ဆိုတာ သိပါသလား။ မိခင္ဘာသာစကား ေျပာခြင့္မရွိဘဲ ၾကီးျပင္းၾကရတဲ့ ကေလးေတြျမင္ဖူးလား။ မိခင္ဘာသာစကားနဲ႕ အမ်ားသံုးဘာသာစကားၾကားထဲ ေရြးခ်ယ္ရခက္ေနတာ ျမင္ဖူးလား။ ကိုယ္သိတဲ့ ဘာသာစကားကို မေျပာတဲ့ ကေလးေတြ ကိုယ့္စာသင္ခန္းထဲမွာ ရွိေနလား။ ဒီေမးခြန္းတစ္ခုခုအတြက္ အေျဖနဲ႕အတူ မွ်ေဝစရာ အေတြ႕အၾကံဳ၊ ဗဟုသုတေတြရွိေနရင္ ကၽြန္မကို မွ်ေဝေပးပါဦး။

မိခင္ဘာသာစကားကို အေမ၊ အေဖ ေတြ ေျပာဆိုတဲ့စကား၊ မိမိပတ္ဝန္းက်င္/ေမြးဖြားရာ ေဒသရဲ႕ စကား ၊ ေဒသိယစကား ဆိုျပီး အမ်ိဳးမ်ိဳး ေျပာၾကပါတယ္။  ဘာလို႕ မိခင္ဘာသာစကား (mother tongue) လို႕ေခၚတာလဲဆိုရင္ ကေလးကို ေမြးျပီးတဲ့အခါ အမ်ားဆံုးၾကားရတာ အေမရဲ႕ ဘာသာစကား၊ အေမ့ရဲ႕ စကားလံုးေတြျဖစ္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ဘာသာစကားေတြေနာက္မွာ ယဥ္ေက်းမွဳ ဓေလ့ထံုးတမ္းေတြ၊ ေျပာဆိုအသံုးျပဳတဲ့သူေတြရဲ႕ ျဖစ္တည္မွဳ ရပ္တည္မွဳေတြ အမ်ားၾကီးရွိေနၾကတယ္။ မိခင္ဘာသာစကားဟာ ကေလးေတြရဲ႕ အလံုးစံုဖြံ႕ျဖိဳးတိုးတက္မွဳအတြက္ အေရးပါတယ္။ မိခင္ဘာသာစကားကို နားလည္တဲ့၊ ေျပာတတ္တဲ့ ကေလးေတြဟာ သိမွဳ ဖြံ႕ျဖိဳးမွဳကို အေထာက္ကူျပဳတယ္၊ ယဥ္ေက်းမွဳကို ပိုနားလည္ေစတယ္။ အဲဒီ့ အျပင္ အျခား ဘာသာစကား အသစ္ေတြ သင္ယူတဲ့အခါမွာလည္း အေထာက္ကူျပဳပါတယ္။

မိခင္ဘာသာစကားေတြဟာ တန္ဖိုးၾကီးသလို အေရးၾကီးတဲ့အခန္းက႑မွာပါဝင္ေနေပမယ့္ တန္ဖိုးထားမွ၊ ထိန္းသိမ္းတတ္မွ မေပ်ာက္ကြယ္ဘဲ ထိန္းသိမ္းနုိင္မွာ ျဖစ္ပါတယ္။ ကမာၻေပၚမွာရွိတဲ့ ဘာသာစကားေပါင္း ၆၀၀၀ (ေျခာက္ေထာင္)ခန္႕ရဲ႕ ၄၃% ေလာက္က ေပ်ာ္ကြယ္မယ့္ အႏၱရာယ္ကို ၾကံဳေနရပါတယ္။ 

တည္ရွိေနတဲ့ ဘာသာစကားေတြထဲကမွ စီးပြါးေရးအရ၊ ဖြံ႕ျဖိဳးေရးအေျခအေနနဲ႕ ပညာေရး အေျခအေနေတြအရ အမ်ားဆံုး အသံုးျပဳတဲ့ ဘာသာစကားဟာ ရာဂဏန္းပဲရွိပါတယ္။ အခုလို ဒီဂ်စ္တယ္ေခတ္မွာ စက္ပစၥည္းေတြ နည္းပညာေတြထဲမွာ အသံုးျပဳတဲ့ ဘာသာစကားေတြကေတာ့ တစ္ရာေတာင္ မျပည့္ပါဘူး။   

ရိုးရာယဥ္ေက်းမွဳဓေလ့ထံုးတမ္းေတြကို သယ္ေဆာင္ေပးတဲ့ တန္ဖိုးၾကီးတဲ့ ကမာၻေပၚက ဘာသာစကားတုိင္းကို ထိမ္းသိမ္းဖို႕အတြက္ ရည္ရြယ္တဲ့အတြက္ ၂၀၀၀ခုႏွစ္ကတည္းက အျပည္ျပည္ဆိုင္ရာ မိခင္ဘာသာစကားေန႕ကို UN က ဦးေဆာင္ျပီး အခုႏွစ္အထိ ႏွစ္တုိင္း က်င္းပခဲ့ပါတယ္။

ကၽြန္မတုိ႕နုိင္ငံမွာ တိုင္းရင္းသားလူမ်ိုးေပါင္း ၁၃၅ ေလာက္ရွိမယ္လို႕ ေျပာၾကတာ္။ ဘာသာစကားေတြကေတာ့ စာရင္းထဲက နံပါတ္ေတြထက္ ပိုမ်ားတယ္။ ဘာသာစကားနဲ႕ပတ္သတ္တဲ့ အခက္အခဲေတြဆိုရင္ တုိင္းရင္းသား ေဒသေတြမွာ ေတာ္ေတာ္မ်ားမ်ား ၾကံဳရတတ္ပါတယ္။ အထူးသျဖင့္ တုိင္းရင္းသားေဒသက စာသင္ေက်ာင္းေတြမွာေပါ့။ ျမန္မာစကားေတာင္မတတ္တဲ့ ကေလးေတြကို ျမန္မာစကားပဲ တတ္တဲ့ ဆရာ၊မေတြက သင္ေပးရတဲ့ အျဖစ္မ်ိဳးေတြ၊  ျမိဳ႕ၾကီးျပၾကီးေတြမွာဆိုရင္ မိခင္ဖခင္ရဲ႕ တိုင္းရင္းသား ဘာသာစကားကို မတတ္ဘဲ အမ်ားသံုးဘာသာစကားကိုပဲ တတ္တဲ့ အျဖစ္မ်ိဳးေတြ ၾကံုဖူးၾကမယ္ထင္ပါတယ္။

အခုကာလမွာမိဘ၊ အသိုင္းဝန္း၊ဆရာ၊မနဲ႕ ကေလးေတြကိုယ္တုိင္ တစ္ခါတစ္ေလမွာ ဘာသာစကားေတြကို ဘယ္လို ထိမ္းသိမ္းရမယ္၊ တန္ဖိုးထားေၾကာင္းျပရမယ္ဆိုတာ မသိတာေတြျဖစ္တတ္ပါတယ္။ တစ္ခါတစ္ေလမွာ တန္ဖိုးထားထိမ္းသိမ္းမွဳထက္ ပိုအသံုးဝင္မယ့္၊ ပိုျပီး အလုပ္ရနုိင္ေျခရွိတဲ့ဘာသာစကားကို သင္ယူရတာပါ။  ဒါေၾကာင့္ ဒီတစ္ပတ္မွာ မိခင္ဘာသာစကားေတြကို တန္ဖိုးထားဖို႕နဲ႕ တန္ဖိုးထားေၾကာင္းျပတတ္ဖို႕ ကၽြန္မ အျမင္ေလး(၂)ခု မွ်ေဝခ်င္ပါတယ္။

၁) ဘာသာစကားတုိင္းဟာ အေရးၾကီးပါတယ္။

——————————————————-

ဘာသာစကားေတြအၾကား တစ္ခုကိုတစ္ခုထက္ပိုသံုးတာ ရွိေသာျ္ငားလည္း ထိမ္းသိမ္းဖို႕ လိုအပ္ခ်က္က တန္းတူအေနအထားမွာရွိပါတယ္။ ကိုယ့္ဘာသာစကားမွ သာတယ္ဆိုတာမ်ိဳးေျပာရင္ မမွန္ဘူးလို႕ထင္ပါတယ္။ ျမန္မာနုိင္ငံမွာေနလို႕ ျမန္မာစကားဟာ တုိင္းရင္းသားဘာသာစကားတစ္ခုခုထက္ မသာပါဘူး။ ျမန္မာစကားကို တန္ဖိုးထားသလို အျခားဘာသာစကားေတြကိုလည္း တန္ဖိုးထားဖို႕လိုပါတယ္။ အဲ့လိုပဲ တိုင္းရင္းသားဘာသာစကားေမြးျပီး ၾကီးျပင္းခဲ့တဲ့အတြက္ ျမန္မာစကားဟာ တန္ဖိုးမဲ့တယ္ေျပာလို႕ မရျပန္ဘူး။ ဘာသာစကားတုိင္းဟာ တန္ဖိုးရွိတယ္။

ဘာသာစကားတိုင္းမွာ မိခင္ဘာသာစကားအျဖစ္ ေျပာဖို႕ ေမြးဖြါးလာတဲ့သူေတြရွိတယ္။ ကိုယ့္မိခင္ဘာသာစကားမို႕ မေလးစား၊ တန္ဖိုးမထားလို႕မရဘူး။ ကိုယ္ခ်င္းစာတရားေလးေရွ႕ထားျပီး ဘာသာစကားေတြကို တန္ဖိုးထားၾကဖို႕လိုပါတယ္။

စာသင္ခန္းအတြင္းက အမ်ားသံုးဘာသာစကားဟာ အေရးၾကီးသလို ကေလးေတြရဲ႕ ဘာသာစကားဟာလည္း အေရးပါတာမုိ႕ ဆက္ေျပာဖို႕၊ ေလ့က်င့္ဖို႕ အားေပးပါ၊ အခြင့္အလမ္းေပးပါ။ 

ကုိယ့္ရဲ႕ စာသင္ခန္းထဲမွာ မတူညီတဲ့ ဘာသာစကားေျပာတဲ့ကေလးေတြရွိရင္ သူတို႕ရဲ႕ ဘာသာစကား အသံုးျပဳနုိင္မယ့္ အခြင့္အလမ္းေပးပါ။ ဥပမာ – ျမန္မာစာသင္ခ်ိန္ – ျကိယာေတြအေၾကာင္းသင္ေနဆိုပါေတာ့။ ကိုယ့္အတန္းထဲက မတူညီတဲ့ဘာသာစကားေျပာတဲ့ကေလးေတြကို သူတို႕ရဲ႕ တုိင္းရင္းသားဘာသာစကားမွာ ဘယ္လို သံုးလဲဆိုတာမ်ိဳး။ စားသည္ ဆိုတဲ့ စကားလံုးကို သူတို႕ဘာသာစကားမွာ ဘယ္လိုေျပာလဲဆိုတာမ်ိဳးေတြ ဆက္စပ္ေမးပါ။ 

စာသင္ခန္းထဲက ကေလးေတြ ျမန္မာလို နားမလည္ရင္ျဖစ္ျဖစ္၊ ျမန္မာလိုေျပာတာ မပီရင္ျဖစ္ျဖစ္ ျမန္မာလိုနဲ႕ သူတို႕ နားလည္တဲ့ဘာသာစကားနဲ႕ ခ်ိတ္ဆက္ သင္ယူနိုင္ဖို႕ တိုက္တြန္းအားေပးပါ။ ကူညီပါ။ သူတို႕ရဲ႕ တိုင္းရင္းသားဘာသာစကားကို တတ္ထားတာဟာ ဂုဏ္ယူစရာေကာင္းသလို ဒုတိယဘာသာအျဖစ္ ျမန္မာစာကိုလည္း ဆရာ၊မေတြက တတ္ကၽြမ္းေအာင္ သင္ေပးဖုိ႕ အသင့္ရွိေနတယ္ဆိုတာကို ျပသဖို႕လိုပါတယ္။

၂) ကိုယ္တုိင္သင္ယူပါ။

———————

ဘာသာစကားေတြကို သင္ယူသူမရွိ၊ လက္ဆင့္ကမ္းမွု မရွိရင္ ေပ်ာက္ကြယ္သြားၾကမွာပါပဲ။ ဒါေၾကာင့္ သင္ယူျခင္းအားျဖင့္ အသံုးျပဳျခင္းအားျဖင့္ အျခားသူေတြကို သင္ေပးျခင္းအားျဖင့္ ထိမ္းသိမ္းရာေရာက္ပါတယ္။

တိုင္းရင္းသားေဒသမွာ  တာဝန္က်တဲ့ ဆရာ၊မေတြဆိုရင္ ကိုယ္တာဝန္က်ရာေဒသရဲ႕ အသံုးအႏွဳန္း၊ ဘာသာစကားကို အတတ္နုိင္ဆံုး သင္ယူျခင္းအားျဖင့္ တန္ဖိုးထားေၾကာင္းျပပါ။  အနည္းဆံုး ထမင္းစားေရေသာက္ေလာက္ေတာ့ တတ္သင့္ပါတယ္။  ကိုယ္ေျပာတဲ့စကား မွားတာပါရင္ ရယ္တာမ်ိဳးျဖစ္နုိင္ပါတယ္။ ဒါကလည္း နုိင္ငံျခားသားတစ္ေယာက္ ျမန္မာလိုေျပာရင္ ခ်စ္လို႕ သေဘာက်လို႕ ရယ္သလိုမ်ိဳးပါပဲ။

ဘာသာစကားတင္မကဘဲ ဘာသာစကားေနာက္ကြယ္က တိုင္းရင္းသားေတြရဲ႕ ဓေလ့ထံုးတမ္းေတြ၊ ရိုးရာယဥ္ေက်းမွဳေတြကို သင္ယူပါ။ နားလည္ေအာင္လုပ္ပါ။ ျဖစ္နုိင္ရင္ သူတို႕ရဲ႕ ရက္ၾကးီခါၾကီးေတြကို ေကာင္းမြန္ သင့္ေတာ္တဲ့ အေလ့အထေတြ သိေအာင္လုပ္ျပီး အနည္းဆံုး ဆုေတာင္းေပးတာမ်ိဳး က်င္းပေပးတာမ်ိဳး အားလံုး လုိက္ လုပ္ၾကည့္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

ကေလးေတြရဲ႕ မိဘေတြကိုလည္း သင္ေပးဖို႕ တိုက္တြန္းပါ။ သင္ယူခ်င္ေပမယ့္ သင္ေပးမယ့္သူမရွိလို႕လည္းမရဘူးေလ။ ဒါေၾကာင့္ တတ္ကၽြမ္းသူေတြကို သင္ေပးခုိင္းပါ။ အျခားဘာသာစကားေတြ အျပင္ပတ္ဝန္းက်င္မွာ သင္ယူေနတယ္၊ ေလ့က်င့္ေနတယ္ဆိုရင္ေတာင္ ကေလးေတြကို အိမ္မွာ မိခင္ဘာသာစကားေတြနဲ႕ ေျပာခုိင္းပါ။ ဒါဆို  မိခင္ဘာသာစကားအျပင္၊ ဒုတိယ၊ တတိယ ဘာသာစကားေတြမွာ ေျပာဖို႕ အခြင့္အလမ္းရတာေပါ့။

ဘာသာစကားမ်ားမ်ားေျပာနုိင္ေလေလ ေကာင္းေလေလပါပဲ။ အခုေနာက္ပိုင္းမွာ အဂၤလိပ္စကားေျပာျပီး ျမန္မာလို ေသေသခ်ာခ်ာမတတ္တာေတြ ေတြ႕ဖူးလားမသိဘူး။ ကၽြန္မကေတာ့ မိခင္ဘာသာစကားကို ေက်ာင္းသံုး၊ရံုးသံုးဘာသာစကားအျဖစ္သံုးတဲ့နုိင္ငံမွာ ေမြးဖြါးၾကီးျပင္းျပီး မိခင္ဘာသာစကားကို မကၽြမ္းက်င္တာဟာ ရွံဳးတယ္လို႕ ခံစားရပါတယ္။

အခ်ဳပ္မွာ ကၽြန္မ ေျပာခ်င္တာကေတာ့  ဘာသာစကားတုိင္းဟာ တန္ဖိုးၾကီးပါတယ္။ တန္ဖိုးထားခံရဖို႕ ထုိက္တန္ပါတယ္။ လူတိုင္းဟာ ကိုယ့္ရဲ႕ မိခင္ဘာသာစကားနဲ႕အတူ အျခားေသာ ဘာသာစကားေတြကို  တန္ဖိုးထားမယ္၊ ေျပာတတ္မယ္ ဆိုရံုနဲ႕လည္း မျပီးေသးပါဘူး။ အုပ္ခ်ဳပ္သူေတြ၊ စနစ္သတ္မွတ္သူေတြကိုယ္တုိင္ကလည္း ဘာသာစကားေတြရဲ႕ တန္ဖိုးကို နားလည္ျပီး အမ်ားသံုးဘာသာစကားေျပာေသာ ကေလးေတြတင္မကဘဲ အမ်ားသံုးဘာသာစကားကို မိခင္ဘာသာစကားအျဖစ္ မေျပာေသာ ကေလးေတြအတြက္ပါ စဥ္းစားျခင္းအားျဖင့္ တစ္နုိင္ငံလံုးမွာ ေျပာေနတဲ့ မိခင္ဘာသာစကားေတြကို တန္ဖိုးထားေၾကာင္း ျပသင့္ပါတယ္။

ဘာသာစကားေတြက မ်ားမ်ားေျပာတတ္ေလ ေကာင္းေလေလပါပဲ။ ဘာသာစကားေတြကို သင္တာ ဘာသာစကားေတြကို ထိမ္းသိမ္းရာေရာက္သလို ကိုယ္တုိင္အတြက္လည္း အလုပ္ကိုင္အခြင့္အလမ္း၊ ပညာေရး၊ သင္ယူနုိင္စြမ္း စတာေတြ အမ်ားၾကီး တိုးတက္လာမွာပါ။  မိခင္ဘာသာစကားအျပင္ ဒုတိယ၊ တတိယ၊ စတုတၳ ဘာသာစကား စသည္ျဖင့္ မ်ားစြာသင္ယူပါ။

ဘာသာစကားဟာ ယဥ္ေက်းမွဳတစ္ခုရဲ႕ တံခါးေပါက္၊ လူမ်ိဳးတစ္မ်ိဳးနဲ႕ တစ္မ်ိဳးအၾကားက တံတားတစ္စင္းဆိုသလိုပါပဲ။ ကမာၻၾကီးက ရြာၾကီးတစ္ရြာလို ျဖစ္လာတဲ့အခုအခ်ိန္မ်ိဳးမွာ နုိင္ငံျခားဘာသာစကားေတြအျပင္ ကိုယ့္နုိင္ငံတြင္းက ဘာသာစကားေတြကိုလည္း ဂုဏ္ယူစြာ တန္ဖိုးထား သင္ယူၾကရင္ျဖင့္ အျပန္အလွန္တန္ဖိုးထားတတ္တဲ့ အသိုင္းအဝန္းေလးတစ္ခု ဖန္တီးရာပါဝင္ျပီးသားျဖစ္မယ္လို႕ ထင္ပါတယ္။

အဆံုးသတ္အေနနဲ႕ မဂၤလာပါ၊ ေက်းဇူးတင္ပါတယ္၊ ေနေကာင္းလား  စတဲ့ စကားလံုးေတြျဖစ္ျဖစ္ ျငိမ္းခ်မ္းျခင္း၊ ေမတၱာတရား၊ ကိုယ္ခ်င္းစာတရား စတဲ့ သေဘာတရားေတြကို ေဖၚညႊန္းတဲ့ တုိင္းရင္းသား စကားပံုေတြ စကားေတြ ရွိရင္ မွ်ေဝခဲ့ပါဦး။ ေက်းဇူးတင္ပါတယ္။

ေမတၱာျဖင့္..

             Sayarma-ဆရာမ

Reference : http://www.un.org/en/events/motherlanguageday/

Photo: http://www.lwinpyin.com/2017/09/myanamar-language-about.html