[Unicode]
၁၉၉၉ ခုနှစ် နှစ်လည်ပိုင်းဟာ ကျွန်မအတွက် စိတ်အညစ်ရဆုံး၊ စိတ်အလိုမကျဆုံး အချိန်ကာလပေါ့။ ကျွန်မ မူလတန်းပြီးတော့ အလယ်တန်းတက်ဖို့ သူငယ်ချင်းတွေ သွားတက်ကြမယ့် အနီးအနားက အစိုးရကျောင်းကို ကျွန်မလိုက်တက်ချင်ခဲ့တယ်။ ဘဝအခြေအနေမပေးလို့ သူငယ်ချင်းတွေတော်တော်များများသွားတဲ့ ကျောင်းမှာ မတက်ရဘဲ အမှိုက်ပုံပေါ်ဆောက်ထားတဲ့ ယိုင်နဲ့နဲ့ ဘုန်းကြီးကျောင်းမှာ ပညာဆက်သင်ရမယ်တဲ့လေ။ ကျွန်မ မသွားချင်ပါဘူး။ သူငယ်ချင်းတွေကိုလည်း မခွဲနိုင်ပါဘူး။ ဒါပေမယ့် မိဘကို မလွန်ဆန်နိုင်တဲ့ဘဝမှာ အနီးက ဘုန်းကြီးကျောင်းကို ကျွန်မစတက်ရတာပေါ့။ ထိုင်ခုံအလုံအလောက်မရှိလို့ အလှည့်ကျ မြေကြီးပေါ်မှာ ထိုင်ပြီးစာသင်ခဲ့ရတယ်။ မိုးရွာလာရင် ရေတွေတက်လို့ စာမသင်ဖြစ်ရင် မျောလာတဲ့ သစ်တုံးကို လှေလုပ်ကစားခဲ့ဖူးတယ်။ ကိုယ်ထိုင်ဖို့ သစ်သားပြားကိုယ်စီ သူငယ်ချင်းတွေနဲ့ အတူတူ ကောက်ခဲ့ဖူးတယ်။တစ်ကယ်တော့ အခုချိန်တွေးကြည့်တာ ပျော်စရာတွေကြည့်ပါပဲ။
မကြာပါဘူး။ ကျွန်မတက်နေတဲ့ ဖောင်တော်ဦးကျောင်းကို အလှူရှင်ရှိလို့ အာစီတိုက်ကြီးနဲ့ စာသင်ရတော့မယ့်အချိန်မှာ ကျွန်မတောင် အလယ်တန်းပြီးခါနီးပြီလေ။ ကျွန်မလည်း ကျောင်းပျော်နေပါပြီ။ သူငယ်ချင်းအသစ်တွေရှိသလို ပျော်စရာသင်ခန်းစာတွေနဲ့ အတွေ့အကြုံသစ်တွေ ရနေပြီလေ။ နွေရာသီမှာ ကျောင်းက စက်ချုပ်သင်တန်းမှာ သင်တန်းတက်၊ အင်္ဂလိပ်စာတန်းတွေမှန်သမျှ မလွတ်တမ်းတက်၊ ပျော်ပွဲရွှင်ပွဲတိုင်းလည်း ကိုယ်ပါဝင် ဆိုတော့ ကျွန်မလောက် ပျော်မယ့်သူ ကမ္ဘာမှာ မရှိလောက်ဘူးလို့ ကျွန်မထင်ခဲ့ဖူးတယ်။
ခုနှစ်တန်းအောင်လို့ ရှစ်တန်းတက်ရမယ့်နှစ်မှာ ကျွန်မကို ယုံကြည်ပေးခဲ့တဲ့ ဆရာမဒေါ်ယဉ်ယဉ်ကြည်က အထူးတန်းကို ပို့ပြီး အင်္ဂလိပ်စာသင်ယူစေတယ်။ တစ်ကယ်တော့ ကျွန်မက အထူးတန်းမှာ အင်္ဂလိပ်စာ အညံ့ဆုံးပါလေ။ ဖတ်စာစာအုပ်ထဲမှာ ပါတဲ့ မပုကြွယ်နဲ ့ ခရုငယ်ရဲ့ ဇာတ်လမ်းလို အင်္ဂလိပ်စာအညံ့ဆုံးဖြစ်တဲ့ ကျွန်မ ဇွဲရှိရှိနဲ့ ညနေတိုင်းလိုလို မန္တလေးတောင်တက်ပြီး နိုင်ငံခြားသားတွေနဲ့ စကားပြောဖြစ်လာတယ်။ အိမ်မှာ သနခါးလိမ်းရင်း မှန်ထဲကိုကြည့် အင်္ဂလိပ်လို တစ်ယောက်ထဲစကားတွေပြောတတ်လာတယ်။ ယုတ်စွအဆုံး ယောင်ရင်တောင် အင်္ဂလိပ်လို ပြောပြီးယောင်တယ်လို့ ကျွန်မအမေက ပြောဖူးတယ်။ ဒီလို ရူးသွပ်စွာလေ့လာခဲ့တယ်။ အင်္ဂလိပ်စာလေးမတောက်တစ်ခေါက်ပြောတတ်လာတဲ့အခါ ရပ်တန့်မသွားဘဲ တစ်ချိန်လုံး လေ့ကျင့်နေအောင်၊ အားမလျော့သွားအောင် အမြဲ ပံ့ပိုးပြီး အခုလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပြီး၊ အများကို ပညာမျှဝေပေးနိုင်တဲ့သူ ဖြစ်လာစေတဲ့ အဓိက ဇာတ်လိုက်က ကျွန်မရဲ့ ဆရာသခင်၊ ကျေးဇူးရှင်၊ ဒုတိယဖခင် ဖောင်တော်ဦးဆရာတော်ဘုရားပါပဲ။
ကျွန်မတက်ခဲ့ရတဲ့ အမှိုက်ပုံပေါ်ကကျောင်းလေးကနေ လေလုံမိုးလုံ တိုက်တာအဆောက်အဦ စာသင်ကျောင်းကြီးအဖြစ် ပြောင်းလဲစေနိုင်ခဲ့သူပါ။ နှစ်စဉ် ကျောင်းသားထောင်ပေါင်းများစွာအတွက် အပူအပင်မရှိစာသင်နိုင်အောင် ဦးဆောင်လမ်းညွှန်ပေးနိုင်သူလည်း ဟုတ်ပါတယ်။ စဖွင့်ချိန်ကနေ အခုထိဆို ကျောင်းသား၊သူပေါင်း သိန်းချီပြီး ပညာပေးဝေနိုင်ခဲ့ပါပြီ။ ကလေးငယ်တွေရဲ့ မျှော်လင့်ချက်အလင်းရောင်ကို မပျောက်ကွယ်သွားအောင် အမြဲ ကာကွယ် ပံ့ပိုး လမ်းညွှန်ပေးတတ်တဲ့ ဘုန်းဘုန်းကြီးသာ မရှိခဲ့ရင် ကျွန်မလည်း မသေချာတဲ့ ဝေဝါးဝါးလူငယ်တစ်ယောက် ဖြစ်နေချင်ဖြစ်နေမှာ။
အအေးအလွန်ကြောက်တတ်တဲ့ ဘုန်းဘုန်းကြီးကို နွေမိုးဆောင် ရာသီမရွေး သင်္ကန်းထူထူကို ခေါင်းမြီးခြုံပြီး အမြဲ တွေ့ရတတ်တယ်။ သင်္ခန်းထူထူတွေ ခြုံထားလွန်းလို့ ဝဖိုင့်ဖိုင့် ပုံစံ ထွက်နေပေမယ့် ထီးတစ်ချောင်းနဲ့ အမြဲ သွက်သွက်လက်လက် မနက်ည အချိန်မှန် လမ်းလျှောက်ထွက်တတ်တယ်။ လမ်းမှာတွေ့သမျှ အမှိုက်တွေကိုလည်း ကောက်တတ်သေးတယ်။
ကျွန်မကျောင်းသူဘဝကတည်းကဘုန်းဘုန်းကြီးက အမြဲ ထီးတစ်ချောင်းနဲ့ လမ်းလျှောက်ရင်း ကျွန်မတို့တစ်တွေနဲ့ စကားပြောတတ်တယ်။ ဆရာမတွေရဲ့ သင်ပြမှု အဆင်ပြေမပြေ၊ ကလေးတွေကျောင်းပျော်မပျော် စတဲ့ မေးခွန်းတွေမေးရင်း တစ်ခါတစ်လေ မုန့်တွေကျွေးတတ်သေးတယ်။ တစ်ခါတစ်လေ စာအုပ်၊ ခဲတံကုန်လို့ မဝယ်နိုင်သေးလို့ သိမ်ကျောင်း (ဘုန်းဘုန်း အမြဲရှိတဲ့ကျောင်း)ပေါ်တက်ပြီး တောင်းရင် လက်မနှေးဘဲ အမြဲ ပေးတတ်တယ်။ ကိုယ့်အိပ်ထဲ ဘယ်လောက်မရှိ မရှိ၊ မရှိတဲ့သူလာတောင်းရင် ပေးဖို့ အမြဲ အဆင်သင့်ဖြစ်အောင် ကြိုးပမ်းအားထုတ်နေသူဆိုလည်း မှန်ပါတယ်။
ဘုန်းဘုန်းစိတ်ဆိုးတာကို ကျွန်မငယ်ငယ်က မမြင်ဖူးဘူး။ ကျွန်မတို့ ကျောင်းသူတွေ ဘုနး်ဘုန်းကို ရွယ်တူလို သဘောထားပြီး စကားတွေလျှောက်ပြောလည်း ကလေးတွေ ဒီလို မရှက်မကြောက်ပဲ ရဲရဲဝ့ံဝံ့ပြောရဲတာ ကောင်းတယ်ဆိုပြီး ပြုံးပြုံးကြီး နားထောင်တတ်တယ်။ ကျွန်မ ကျောင်းဆရာမဖြစ်လာတဲ့အခါကျတော့လည်း ကိုယ်တွေးမြင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြခွင့်ပေးသလို၊ သေချာလည်း နားထောင်တတ်သေးတယ်။ တစ်ခါတစ်ခါ ကျွန်မ သင်တန်းက ပြန်လာလို့ ဘုန်းဘုန်းကြီးကို သင်ယူခဲ့ရတာတွေ ပြန်လျှောက်တင်ရင် စာအုပ်နဲ့ ဘောပင်ယူပြီး မှတ်သင့်တာမှတ်၊ ဆွေးနွေးသင့်တာဆွေးနွေးတတ်ပါသေးတယ်။ ငါက ဘုန်းကြီး နင်က တပည့်ဆိုတဲ့ အတွေးမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြတာ၊ အချက်အလက်တွေနဲ့ ရှင်းပြတာ ကို သဘောကျတယ်၊ နားထောင်ပေးတယ်၊ သဘောထားကွဲလွဲစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ကွဲလွဲတယ်။ တစ်ကယ်တော့ လိုအပ်တာတွေပံ့ပိုးပေးသလို ကောင်းမွန်တာတွေ မြင်ရင်လည်း ချီးမြှောက်ဖို့ ဝန်မလေးတဲ့ ဘုန်းဘုန်းကြီးက ကျွန်မအတွက်တော့ ပညာအမွေပေးတဲ့ အဖေပါပဲ။
အိမ်တစ်အိမ်မှာ သားသမီးတစ်ယောက်ရှိရင်တောင် ပြုစုပံ့ပိုးရတာ မလွယ်ကူတဲ့ ကာလမှာ ဖောင်တော်ဦးကျောင်းအနေနဲ့ နှစ်စဉ် ကျောင်းသူ ကျောင်းသား ၇၀၀၀ က နေ ၈၀၀၀ ပတ်ဝန်းကျင် အရေအတွက် ရှိတဲ့ ကလေးတွေကို ပညာ သင်ကြားပေးနေပါတယ်။
အဲဒီ့လို များစားသော ကလေးတွေနဲ့ များစွာသော ပညာရေး လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါမှာ ဟာကွက်တွေ၊ အားနည်းချက်တွေ မနည်းမနော ရှိပါတယ်။ အဲဒီ့အတွက်လည်း ပြင်းပြင်းထန်ထနန် ဝေဖန် ထောက်ပြခံရသလို အပြုသဘောနဲ့ အကြံပေးတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လို အကောင်းအဆိုး ဝေဖန် အကြံပေးချက်တွေကိုမဆို အပြုသဘောနဲ့ လက်ခံပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အကြံဉာဏ်တွေနဲ့ အကူညီတွေကိုလည်း တောင်းဖို့ ဝန်မလေးသူလည်း ဖြစ်တဲ့ ဘုန်းဘုန်းကြီးပါ။
ပညာရေးတိုးတက်ဖို့ ဆရာတွေရဲ့ အရည်အသွေးမြင့်မားမှုကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တာကို ယုံကြည်လို့ ဖောင်တော်ဦးကျောင်းရဲ့ မနိုင်မနင်း တာဝန်တွေအကြားက မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဘကကျောင်းများ ဖွံ့ဖြိုးရေးနဲ့ ပညာရေးဖွွံ့ဖြိုးရေးအတွက် လုပ်ငန်းတွေလည်း မမောမပန်း ကြိုးပမ်းပါဝင် လုပ်ဆောင်နေတာကိုတွေ့ရတော့ ကျွန်မတို့လို လူငယ် ပညာရေးသမားတွေလည်း အားနဲ့မာန်နဲ့ ဝိုင်းဝန်း အားထည့်ချင်စိတ်တွေ၊ ကူညီပံ့ပိုးချင်စိတ်တွေဖြစ်ရတဲ့အတွက် ဒီဆရာမ စာမျက်နှာလေးကိုလည်း စတင်ရေးသားခဲ့ပါတယ်။
ဘုန်းဘုန်းကြီးနဲ့တွေ့တိုင်း အတွေးအမြင်တွေ အမြဲ ဖလှယ်၊ အမြဲ ဆွေးနွေး၊ အသိသစ်တွေ အမြဲ ပြောပြချင်လွန်းတဲ့ ကျွန်မကို သာလိကာ လို့ ခေါ်လေ့ရှိတယ်။ ဘုန်းဘုန်းကြီးကပဲ ခေါ်တဲ့ နာမည်မို့ ကျွန်မတန်ဖိုးထားပါတယ်။ မပုကြွယ်လို အမြဲ ကြိုးစားတတ်တာကို အသိမှတ်ပြုတတ်တဲ့ ဘုန်းဘုန်းကြီး၊ ဝေဖန် ဆွေးနွေးမှုတွေကို အမြဲ အားပေးတဲ့ ဘုန်းဘုန်းကြီး – ဒီနေ့မှာ သက်တော် ၇၃ နှစ်ပြည့်လေပြီ။ နားစေချင်ပြီ။ နောက်လူတွေကို ဘုန်းဘုန်းကြီးလို ကြိုးစားပြီး အားသွန်စိုက်ထုတ် အများအကျိုးအတွက် ပံ့ပိုးစေချင်သည်။ ဘုန်းဘုန်းမွေးနေ့အတွက် အလှူဒါန အပြင် ပေးနိုင်တဲ့ ကတိကတော့ ဘုန်းဘုန်းကြီးနဲ့ တစ်ထေရာတည်းမဟုတ်ရင်တောင် ပညာရေးဖွံ့ဖြိုးရေးကို ရှေးရှုပြီး အားသွန်ခွန်စိုက် ကြိုးစားသော ပညာရှင်တစ်ယောက် ဖြစ်ချင်အောင် ကြိုးစားမည်။ ဘုန်းဘုန်းကြီး ကျန်းမာ ပျော်ရွှင်စွာ အများအကျိုး၊ သာသနာ့အကျိုး သယ်ပိုးထမ်းရွက်နိုင်ပါစေ အရှင်ဘုရား။။။
မှတ်ချက် ။ ။ ဖောင်တော်ဦးကျောင်းတော်ကြီး တည်တံ့ရပ်တည်နိုင်ရေးအတွက် သဒ္ဒါတရားနည်းများမဆို လှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
လှူဒါန်းလိုပါက – Kbzpay Ph Number – 09767119800 ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
မေတ္တာဖြင့်……
ဘုနး်ဘုန်းကြီး၏ သမီးတပည့် သာလိကာ
Photo credit to @myatmin Khant
[Zawgyi]
၁၉၉၉ ခုႏွစ္ ႏွစ္လည္ပိုင္းဟာ ကၽြန္မအတြက္ စိတ္အညစ္ရဆံုး၊ စိတ္အလိုမက်ဆံုး အခ်ိန္ကာလေပါ့။ ကၽြန္မ မူလတန္းျပီးေတာ့ အလယ္တန္းတက္ဖို့ သူငယ္ခ်င္းေတြ သြားတက္ၾကမယ့္ အနီးအနားက အစိုးရေက်ာင္းကို ကၽြန္မလိုက္တက္ခ်င္ခဲ့တယ္။ ဘဝအေျခအေနမေပးလို့ သူငယ္ခ်င္းေတြေတာ္ေတာ္မ်ားမ်ားသြားတဲ့ ေက်ာင္းမွာ မတက္ရဘဲ အမွိုက္ပံုေပၚေဆာက္ထားတဲ့ ယိုင္နဲ့နဲ့ ဘုန္းၾကီးေက်ာင္းမွာ ပညာဆက္သင္ရမယ္တဲ့ေလ။ ကၽြန္မ မသြားခ်င္ပါဘူး။ သူငယ္ခ်င္းေတြကိုလည္း မခြဲနိုင္ပါဘူး။ ဒါေပမယ့္ မိဘကို မလြန္ဆန္နိုင္တဲ့ဘဝမွာ အနီးက ဘုန္းၾကီးေက်ာင္းကို ကၽြန္မစတက္ရတာေပါ့။ ထိုင္ခံုအလံုအေလာက္မရွိလို့ အလွည့္က် ေျမၾကီးေပၚမွာ ထုိင္ျပီးစာသင္ခဲ့ရတယ္။ မိုးရြာလာရင္ ေရေတြတက္လို့ စာမသင္ျဖစ္ရင္ ေမ်ာလာတဲ့ သစ္တံုးကို ေလွလုပ္ကစားခဲ့ဖူးတယ္။ ကိုယ္ထုိင္ဖို့ သစ္သားျပားကိုယ္စီ သူငယ္ခ်င္းေတြနဲ့ အတူတူ ေကာက္ခဲ့ဖူးတယ္။တစ္ကယ္ေတာ့ အခုခ်ိန္ေတြးၾကည့္တာ ေပ်ာ္စရာေတြၾကည့္ပါပဲ။
မၾကာပါဘူး။ ကၽြန္မတက္ေနတဲ့ ေဖာင္ေတာ္ဦးေက်ာင္းကို အလွဴရွင္ရွိလို့ အာစီတုိက္ၾကီးနဲ့ စာသင္ရေတာ့မယ့္အခ်ိန္မွာ ကၽြန္မေတာင္ အလယ္တန္းျပီးခါနီးျပီေလ။ ကၽြန္မလည္း ေက်ာင္းေပ်ာ္ေနပါျပီ။ သူငယ္ခ်င္းအသစ္ေတြရွိသလို ေပ်ာ္စရာသင္ခန္းစာေတြနဲ့ အေတြ႕အၾကံုသစ္ေတြ ရေနျပီေလ။ ေႏြရာသီမွာ ေက်ာင္းက စက္ခ်ဳပ္သင္တန္းမွာ သင္တန္းတက္၊ အဂၤလိပ္စာတန္းေတြမွန္သမွ် မလြတ္တမ္းတက္၊ ေပ်ာ္ပြဲရႊင္ပြဲတိုင္းလည္း ကိုယ္ပါဝင္ ဆိုေတာ့ ကၽြန္မေလာက္ ေပ်ာ္မယ့္သူ ကမာၻမွာ မရွိေလာက္ဘူးလို့ ကၽြန္မထင္ခဲ့ဖူးတယ္။
ခုႏွစ္တန္းေအာင္လို့ ရွစ္တန္းတက္ရမယ့္ႏွစ္မွာ ကၽြန္မကို ယံုၾကည္ေပးခဲ့တဲ့ ဆရာမေဒၚယဥ္ယဥ္ၾကည္က အထူးတန္းကို ပို့ျပီး အဂၤလိပ္စာသင္ယူေစတယ္။ တစ္ကယ္ေတာ့ ကၽြန္မက အထူးတန္းမွာ အဂၤလိပ္စာ အညံ့ဆံုးပါေလ။ ဖတ္စာစာအုပ္ထဲမွာ ပါတဲ့ မပုၾကြယ္နဲ ့ ခရုငယ္ရဲ့ ဇာတ္လမ္းလို အဂၤလိပ္စာအညံ့ဆံုးျဖစ္တဲ့ ကၽြန္မ ဇြဲရွိရွိနဲ့ ညေနတိုင္းလိုလို မႏၱေလးေတာင္တက္ျပီး နုိင္ငံျခားသားေတြနဲ့ စကားေျပာျဖစ္လာတယ္။ အိမ္မွာ သနခါးလိမ္းရင္း မွန္ထဲကိုၾကည့္ အဂၤလိပ္လို တစ္ေယာက္ထဲစကားေတြေျပာတတ္လာတယ္။ ယုတ္စြအဆံုး ေယာင္ရင္ေတာင္ အဂၤလိပ္လို ေျပာျပီးေယာင္တယ္လို့ ကၽြန္မအေမက ေျပာဖူးတယ္။ ဒီလို ရူးသြပ္စြာေလ့လာခဲ့တယ္။ အဂၤလိပ္စာေလးမေတာက္တစ္ေခါက္ေျပာတတ္လာတဲ့အခါ ရပ္တန့္မသြားဘဲ တစ္ခ်ိန္လံဳး ေလ့က်င့္ေနေအာင္၊ အားမေလ်ာ့သြားေအာင္ အျမဲ ပံ့ပိုးျပီး အခုလို ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္နိုင္ျပီး၊ အမ်ားကို ပညာမွ်ေဝေပးနိုင္တဲ့သူ ျဖစ္လာေစတဲ့ အဓိက ဇာတ္လိုက္က ကၽြန္မရဲ့ ဆရာသခင္၊ ေက်းဇူးရွင္၊ ဒုတိယဖခင္ ေဖာင္ေတာ္ဦးဆရာေတာ္ဘုရားပါပဲ။
ကၽြန္မတက္ခဲ့ရတဲ့ အမိွဳက္ပံုေပၚကေက်ာင္းေလးကေန ေလလံုမိုးလံု တိုက္တာအေဆာက္အဦ စာသင္ေက်ာင္းၾကီးအျဖစ္ ေျပာင္းလဲေစနုိင္ခဲ့သူပါ။ ႏွစ္စဥ္ ေက်ာင္းသားေထာင္ေပါင္းမ်ားစြာအတြက္ အပူအပင္မရွိစာသင္နိုင္ေအာင္ ဦးေဆာင္လမ္းညႊန္ေပးနိုင္သူလည္း ဟုတ္ပါတယ္။ စဖြင့္ခ်ိန္ကေန အခုထိဆို ေက်ာင္းသား၊သူေပါင္း သိန္းခ်ီျပီး ပညာေပးေဝနိုင္ခဲ့ပါျပီ။ ကေလးငယ္ေတြရဲ့ ေမွ်ာ္လင့္ခ်က္အလင္းေရာင္ကို မေပ်ာက္ကြယ္သြားေအာင္ အျမဲ ကာကြယ္ ပံ့ပိုး လမ္းညႊန္ေပးတတ္တဲ့ ဘုန္းဘုန္းၾကီးသာ မရွိခဲ့ရင္ ကၽြန္မလည္း မေသခ်ာတဲ့ ေဝဝါးဝါးလူငယ္တစ္ေယာက္ ျဖစ္ေနခ်င္ျဖစ္ေနမွာ။
အေအးအလြန္ေၾကာက္တတ္တဲ့ ဘုန္းဘုန္းၾကီးကို ေႏြမိုးေဆာင္ ရာသီမေရြး သကၤန္းထူထူကို ေခါင္းျမီးျခံဳျပီး အျမဲ ေတြ႕ရတတ္တယ္။ သခၤန္းထူထူေတြ ျခံဳထားလြန္းလို႕ ဝဖိုင့္ဖိုင့္ ပံုစံ ထြက္ေနေပမယ့္ ထီးတစ္ေခ်ာင္းနဲ႕ အျမဲ သြက္သြက္လက္လက္ မနက္ည အခ်ိန္မွန္ လမ္းေလွ်ာက္ထြက္တတ္တယ္။ လမ္းမွာေတြ႕သမွ် အမိွဳက္ေတြကိုလည္း ေကာက္တတ္ေသးတယ္။
ကၽြန္မေက်ာင္းသူဘဝကတည္းကဘုန္းဘုန္းၾကီးက အျမဲ ထီးတစ္ေခ်ာင္းနဲ့ လမ္းေလွ်ာက္ရင္း ကၽြန္မတို့တစ္ေတြနဲ့ စကားေျပာတတ္တယ္။ ဆရာမေတြရဲ့ သင္ျပမွဳ အဆင္ေျပမေျပ၊ ကေလးေတြေက်ာင္းေပ်ာ္မေပ်ာ္ စတဲ့ ေမးခြန္းေတြေမးရင္း တစ္ခါတစ္ေလ မုန့္ေတြေကၽြးတတ္ေသးတယ္။ တစ္ခါတစ္ေလ စာအုပ္၊ ခဲတံကုန္လို့ မဝယ္နိုင္ေသးလို့ သိမ္ေက်ာင္း (ဘုန္းဘုန္း အျမဲရွိတဲ့ေက်ာင္း)ေပၚတက္ျပီး ေတာင္းရင္ လက္မေႏွးဘဲ အျမဲ ေပးတတ္တယ္။ ကိုယ့္အိပ္ထဲ ဘယ္ေလာက္မရွိ မရွိ၊ မရွိတဲ့သူလာေတာင္းရင္ ေပးဖို့ အျမဲ အဆင္သင့္ျဖစ္ေအာင္ ၾကိဳးပမ္းအားထုတ္ေနသူဆိုလည္း မွန္ပါတယ္။
ဘုန္းဘုန္းစိတ္ဆိုးတာကို ကၽြန္မငယ္ငယ္က မျမင္ဖူးဘူး။ ကၽြန္မတို့ ေက်ာင္းသူေတြ ဘုနး္ဘုန္းကို ရြယ္တူလို သေဘာထားျပီး စကားေတြေလွ်ာက္ေျပာလည္း ကေလးေတြ ဒီလို မရွက္မေၾကာက္ပဲ ရဲရဲဝ့ံဝံ့ေျပာရဲတာ ေကာင္းတယ္ဆိုျပီး ျပံုးျပံုးၾကီး နားေထာင္တတ္တယ္။ ကၽြန္မ ေက်ာင္းဆရာမျဖစ္လာတဲ့အခါက်ေတာ့လည္း ကိုယ္ေတြးျမင္တာကို ပြင့္ပြင့္လင္းလင္း ေျပာျပခြင့္ေပးသလို၊ ေသခ်ာလည္း နားေထာင္တတ္ေသးတယ္။ တစ္ခါတစ္ခါ ကၽြန္မ သင္တန္းက ျပန္လာလို့ ဘုန္းဘုန္းၾကီးကို သင္ယူခဲ့ရတာေတြ ျပန္ေလွ်ာက္တင္ရင္ စာအုပ္နဲ့ ေဘာပင္ယူျပီး မွတ္သင့္တာမွတ္၊ ေဆြးေႏြးသင့္တာေဆြးေႏြးတတ္ပါေသးတယ္။ ငါက ဘုန္းၾကီး နင္က တပည့္ဆိုတဲ့ အေတြးမ်ိဳးကို တစ္ခါမွ မျမင္ခဲ့ဖူးဘူး။ အျမင္ကို ပြင့္ပြင့္လင္းလင္းေျပာျပတာ၊ အခ်က္အလက္ေတြနဲ႕ ရွင္းျပတာ ကို သေဘာက်တယ္၊ နားေထာင္ေပးတယ္၊ သေဘာထားကြဲလြဲစရာရွိရင္လည္း ပြင့္ပြင့္လင္းလင္း ကြဲလြဲတယ္။ တစ္ကယ္ေတာ့ လုိအပ္တာေတြပံ့ပိုးေပးသလို ေကာင္းမြန္တာေတြ ျမင္ရင္လည္း ခ်ီးေျမွာက္ဖို့ ဝန္မေလးတဲ့ ဘုန္းဘုန္းၾကီးက ကၽြန္မအတြက္ေတာ့ ပညာအေမြေပးတဲ့ အေဖပါပဲ။
အိမ္တစ္အိမ္မွာ သားသမီးတစ္ေယာက္ရွိရင္ေတာင္ ျပဳစုပံ့ပိုးရတာ မလြယ္ကူတဲ့ ကာလမွာ ေဖာင္ေတာ္ဦးေက်ာင္းအေနနဲ႕ ႏွစ္စဥ္ ေက်ာင္းသူ ေက်ာင္းသား ၇၀၀၀ က ေန ၈၀၀၀ ပတ္ဝန္းက်င္ အေရအတြက္ ရွိတဲ့ ကေလးေတြကို ပညာ သင္ၾကားေပးေနပါတယ္။
အဲဒီ့လို မ်ားစားေသာ ကေလးေတြနဲ႕ မ်ားစြာေသာ ပညာေရး လုပ္ငန္းေတြကို လုပ္ေဆာင္တဲ့အခါမွာ ဟာကြက္ေတြ၊ အားနည္းခ်က္ေတြ မနည္းမေနာ ရွိပါတယ္။ အဲဒီ့အတြက္လည္း ျပင္းျပင္းထန္ထနန္ ေဝဖန္ ေထာက္ျပခံရသလို အျပဳသေဘာနဲ႕ အၾကံေပးတဲ့သူေတြလည္း ရွိပါတယ္။ ဘယ္လို အေကာင္းအဆိုး ေဝဖန္ အၾကံေပးခ်က္ေတြကိုမဆို အျပဳသေဘာနဲ႕ လက္ခံျပီး အေကာင္းဆံုး လုပ္ေဆာင္နုိင္ဖို႕ အၾကံဥာဏ္ေတြနဲ႕ အကူညီေတြကိုလည္း ေတာင္းဖုိ႕ ဝန္မေလးသူလည္း ျဖစ္တဲ့ ဘုန္းဘုန္းၾကီးပါ။
ပညာေရးတုိးတက္ဖုိ႕ ဆရာေတြရဲ႕ အရည္အေသြးျမင့္မားမွဳကလည္း အေရးပါတဲ့အခန္းက႑မွာ ပါဝင္တာကို ယံုၾကည္လို႕ ေဖာင္ေတာ္ဦးေက်ာင္းရဲ႕ မနုိင္မနင္း တာဝန္ေတြအၾကားက ျမန္မာနုိင္ငံတစ္ဝွမ္းလံုးက ဘကေက်ာင္းမ်ား ဖြံ႕ျဖိဳးေရးနဲ႕ ပညာေရးဖြြံ႕ျဖိဳးေရးအတြက္ လုပ္ငန္းေတြလည္း မေမာမပန္း ၾကိဳးပမ္းပါဝင္ လုပ္ေဆာင္ေနတာကိုေတြ႕ရေတာ့ ကၽြန္မတို႕လို လူငယ္ ပညာေရးသမားေတြလည္း အားနဲ႕မာန္နဲ႕ ဝိုင္းဝန္း အားထည့္ခ်င္စိတ္ေတြ၊ ကူညီပံ့ပိုးခ်င္စိတ္ေတြျဖစ္ရတဲ႕အတြက္ ဒီဆရာမ စာမ်က္ႏွာေလးကိုလည္း စတင္ေရးသားခဲ့ပါတယ္။
ဘုန္းဘုန္းၾကီးနဲ႕ေတြ႕တုိင္း အေတြးအျမင္ေတြ အျမဲ ဖလွယ္၊ အျမဲ ေဆြးေႏြး၊ အသိသစ္ေတြ အျမဲ ေျပာျပခ်င္လြန္းတဲ့ ကၽြန္မကို သာလိကာ လို႕ ေခၚေလ့ရွိတယ္။ ဘုန္းဘုန္းၾကီးကပဲ ေခၚတဲ့ နာမည္မို႕ ကၽြန္မတန္ဖိုးထားပါတယ္။ မပုၾကြယ္လို အျမဲ ၾကိဳးစားတတ္တာကို အသိမွတ္ျပဳတတ္တဲ့ ဘုန္းဘုန္းၾကီး၊ ေဝဖန္ ေဆြးေႏြးမွဳေတြကို အျမဲ အားေပးတဲ့ ဘုန္းဘုန္းၾကီး – ဒီေန႕မွာ သက္ေတာ္ ၇၃ ႏွစ္ျပည့္ေလျပီ။ နားေစခ်င္ျပီ။ ေနာက္လူေတြကို ဘုန္းဘုန္းၾကီးလုိ ၾကိဳးစားျပီး အားသြန္စိုက္ထုတ္ အမ်ားအက်ိဳးအတြက္ ပံ့ပိုးေစခ်င္သည္။ ဘုန္းဘုန္းေမြးေန႕အတြက္ အလွဴဒါန အျပင္ ေပးနိုင္တဲ့ ကတိကေတာ့ ဘုန္းဘုန္းၾကီးနဲ႕ တစ္ေထရာတည္းမဟုတ္ရင္ေတာင္ ပညာေရးဖြံ႕ျဖိဳးေရးကို ေရွးရွဳျပီး အားသြန္ခြန္စိုက္ ၾကိဳးစားေသာ ပညာရွင္တစ္ေယာက္ ျဖစ္ခ်င္ေအာင္ ၾကိဳးစားမည္။ ဘုန္းဘုန္းၾကီး က်န္းမာ ေပ်ာ္ရႊင္စြာ အမ်ားအက်ိဳး၊ သာသနာ့အက်ိဳး သယ္ပိုးထမ္းရြက္နုိင္ပါေစ အရွင္ဘုရား။။။
မွတ္ခ်က္ ။ ။ ေဖာင္ေတာ္ဦးေက်ာင္းေတာ္ၾကီး တည္တံ့ရပ္တည္နုိင္ေရးအတြက္ သဒၵါတရားနည္းမ်ားမဆို လွဴဒါန္းေပးပါရန္လည္း ေမတၱာရပ္ခံအပ္ပါတယ္။
လွဴဒါန္းလိုပါက – Kbzpay Ph Number – 09767119800 ကို ဆက္သြယ္ လွဴဒါန္းနိုင္ပါတယ္။
ေမတၱာျဖင့္……
ဘုနး္ဘုန္းၾကီး၏ သမီးတပည့္ သာလိကာ Photo credit to @myatmin Khant