[Unicode]
မင်္ဂလာပါရှင်…
Sayarma-ဆရာမ စာမျက်နှာလေးကို စရေးဖြစ်ရခြင်း အကြောင်းအရင်းတစ်ခုက မြန်မာနိုင်ငံတွင်းက ဆရာ၊မတွေနဲ့ မိဘတွေကို ကျွန်မသိထားတဲ့ ဗဟုသုတတွေ မျှဝေချင်တာပါ။ ကျွန်မမျှဝေတာတွေကို ပြန်လည် ကျင့်သုံးကြည့်လို့ ကလေးတစ်ယောက်ဘဝ အပြုသဘောပြောင်းလဲသွားမယ်ဆိုရင် ၊ သင်ယူမှုမှ ပျော်ရွှင်သွားရင် သိပ်ကောင်းမယ်ဆိုတဲ ့အတွေးနဲ့ အပတ်စဉ်တိုင်း စနေနေ့ဆိုရင် မအားတဲ့ကြားက စာရေးဖြစ်ပါတယ်။
စာရေးတဲ့ နောက်ထပ်မျှော်လင့်ချက်ကတော့ စာဖတ်သူအချင်းချင်းကြားမှာ “အပြုသဘောဆောင်သော” ဆွေးနွေးမှုမျိုးဖြစ်စေပြီး အပြန်အလှန် ဗဟုသုတ၊ အတွေ့အကြုံတွေ မျှဝေနိုင်အောင်လို့ပါ။ ဒါကြောင့် လွတ်လွတ်လပ်လပ် အပြုသဘောဆောင်သော အတွေးအခေါ်တွေကို မျှဝေပေးပါ။ ဒီလိုမျှဝေရင်း ကလေးတွေအတွက် အပြုသဘောဆောင်သော ပညာရေး စနစ်တစ်ခုဖေါ်ဆောင်ချင်တဲ့ အသိုင်းအဝန်းကောင်းလေး တစ်ခု တည်ဆောက်ကြရအောင်။
ကျွန်မ စာရေးတဲ့အခါ အပြုသဘောဆောင်ဖို့ အမြဲ ကိုယ့်ကိုကိုယ် အားပေးတယ်။ အပြုသဘောမဆောင်သော ထောက်ပြမှုတွေထက် အပြုသဘောဆောင်သော ပညာရေးပြောင်းလဲမှု၊ ထိရောက်သော သင်ယူမှု အခွင့်အလမ်းတွေအတွက် ဘယ်လို ဖန်တီးလုပ်ဆောင်ရမလဲ၊ ဘယ်လိုလက်တွေ့ကျင့်ကြံရမယ်ဆိုတာကို ကျွန်မပိုစိတ်ဝင်စားပါတယ်။
အခုအချိန်အတိုင်းအတာအတွင်းမှာ ကျွန်မ သိသလောက်မှတ်သလောက် ရေးဖူးတဲ့ ခေါင်းစဉ် (၁၅) ခုကို မျှဝေထားပါတယ်။ ဘယ်လို ခေါင်းစဉ်တွေကို သဘောကျပြီး ဘယ်လို ထင်မြင်မိတယ်၊ ဘာတွေ ဆက်ရေးစေချင်တယ်ဆိုတာကို အပြုသဘောဆောင်ပြီး ဆွေးနွေးပေးပါဦးရှင်။
1) သီတင်းကျွတ်ကာလမှာ ပြုလုပ်လို့ရတဲ့ သင်ယူမှုလုပ်ငန်း ၇ ခု https://www.facebook.com/teacher4teachers/photos/a.285494118867381/343112539772205/?type=3&theater
2) ကလေးတွေကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းအကြောင်း
3) မြန်မာပြည်မှ ဘကကျောင်းများနှင့် သြစတျေးလျမှ ကတ်သလစ်ကျောင်းများ အကြောင်း
4) မွေးစကနေ အသက် (၂) နှစ် အရွယ်တွင်း ကလေးတွေအတွက် စာဖတ်ခြင်းအကြောင်း
5) သြစတျေးလျနိုင်ငံ အစိုးရကျောင်းတစ်ကျောင်း အကြောင်း
6) လက်တွေ့ဘဝကို ပြင်ဆင်ပေးမယ့် သချင်္ာသင်ကြားပေးပုံ
7) သြစတျေးလျ မူလတန်းကျောင်းများမှ စာအုပ်စာပေ သီတင်းပတ်အကြောင်း
8 ) ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားကျောင်းတွေမှာ ပြုလုပ်တဲ့ ကျောင်းသားကောင်စီများအကြောင်း
9) အင်္ဂလိပ်စာအပြင် အခြား အရေးကြီးသော ထည့်သွင်းစဉ်းစားစရာများ
10) ထိရောက်သော သင်ယူမှုလုပ်ငန်း (၂၁)ခု
11) အာဇာနည်နေ့အတွက် သင်ယူမှုလုပ်ငန်းများ
12) မိခင်မဲ့၊ဖခင်မဲ့၊ မိဘမဲ့ကလေးတွေကို ပညာသင်ပေးခြင်းဆိုင်ရာ အကြောင်းအရာတွေ
13) ပျော်ရွှင်ကျမ်းမာသော ကလေးများဖြစ်ဖို့ စဉ်းစားစရာ အချက်် (၃) ချက်
14) ဆရာ၊မတွေအကြောင်း တစ်စေ့တစ်စောင်း
15) ဆရာကောင်းမှ ပညာကောင်းမယ် https://www.facebook.com/teacher4teachers/photos/a.285494118867381/339338823482910/?type=3&theater
မေတ္တာဖြင့်…
Sayarma-ဆရာမ
[Zawgyi]
မဂၤလာပါရွင္…
Sayarma-ဆရာမ စာမ်က္ႏွာေလးကို စေရးျဖစ္ရျခင္း အေၾကာင္းအရင္းတစ္ခုက ျမန္မာနိုင္ငံတြင္းက ဆရာ၊မေတြနဲ႕ မိဘေတြကို ကၽြန္မသိထားတဲ့ ဗဟုသုတေတြ မွ်ေဝခ်င္တာပါ။ ကၽြန္မမွ်ေဝတာေတြကို ျပန္လည္ က်င့္သံုးၾကည့္လို႕ ကေလးတစ္ေယာက္ဘဝ အျပဳသေဘာေျပာင္းလဲသြားမယ္ဆိုရင္ ၊ သင္ယူမွဳမွ ေပ်ာ္ရႊင္သြားရင္ သိပ္ေကာင္းမယ္ဆိုတဲ ့အေတြးနဲ႕ အပတ္စဥ္တိုင္း စေနေန႕ဆိုရင္ မအားတဲ့ၾကားက စာေရးျဖစ္ပါတယ္။
စာေရးတဲ့ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္ကေတာ့ စာဖတ္သူအခ်င္းခ်င္းၾကားမွာ “အျပဳသေဘာေဆာင္ေသာ” ေဆြးေႏြးမွဳမ်ိဳးျဖစ္ေစျပီး အျပန္အလွန္ ဗဟုသုတ၊ အေတြ႕အၾကံဳေတြ မွ်ေဝနုိင္ေအာင္လုိ့ပါ။ ဒါေၾကာင့္ လြတ္လြတ္လပ္လပ္ အျပဳသေဘာေဆာင္ေသာ အေတြးအေခၚေတြကို မွ်ေဝေပးပါ။ ဒီလိုမွ်ေဝရင္း ကေလးေတြအတြက္ အျပဳသေဘာေဆာင္ေသာ ပညာေရး စနစ္တစ္ခုေဖၚေဆာင္ခ်င္တဲ့ အသိုင္းအဝန္းေကာင္းေလး တစ္ခု တည္ေဆာက္ၾကရေအာင္။
ကၽြန္မ စာေရးတဲ့အခါ အျပဳသေဘာေဆာင္ဖုိ႕ အျမဲ ကိုယ့္ကိုကိုယ္ အားေပးတယ္။ အျပဳသေဘာမေဆာင္ေသာ ေထာက္ျပမွဳေတြထက္ အျပဳသေဘာေဆာင္ေသာ ပညာေရးေျပာင္းလဲမွဳ၊ ထိေရာက္ေသာ သင္ယူမွဳ အခြင့္အလမ္းေတြအတြက္ ဘယ္လို ဖန္တီးလုပ္ေဆာင္ရမလဲ၊ ဘယ္လိုလက္ေတြ႕က်င့္ၾကံရမယ္ဆိုတာကို ကၽြန္မပိုစိတ္ဝင္စားပါတယ္။
အခုအခ်ိန္အတုိင္းအတာအတြင္းမွာ ကၽြန္မ သိသေလာက္မွတ္သေလာက္ ေရးဖူးတဲ့ ေခါင္းစဥ္ (၁၅) ခုကို မွ်ေဝထားပါတယ္။ ဘယ္လို ေခါင္းစဥ္ေတြကို သေဘာက်ျပီး ဘယ္လို ထင္ျမင္မိတယ္၊ ဘာေတြ ဆက္ေရးေစခ်င္တယ္ဆိုတာကို အျပဳသေဘာေဆာင္ျပီး ေဆြးေႏြးေပးပါဦးရွင္။
1) သီတင္းကၽြတ္ကာလမွာ ျပဳလုပ္လို႕ရတဲ့ သင္ယူမွဳလုပ္ငန္း ၇ ခု https://www.facebook.com/teacher4teachers/photos/a.285494118867381/343112539772205/?type=3&theater
2) ကေလးေတြကို ရိုက္ႏွက္ျခင္း၊ ဆဲဆိုျခင္းအေၾကာင္း
3) ျမန္မာျပည္မွ ဘကေက်ာင္းမ်ားႏွင့္ ျသစေတ်းလ်မွ ကတ္သလစ္ေက်ာင္းမ်ား အေၾကာင္း
4) ေမြးစကေန အသက္ (၂) ႏွစ္ အရြယ္တြင္း ကေလးေတြအတြက္ စာဖတ္ျခင္းအေၾကာင္း
5) ျသစေတ်းလ်နိုင္ငံ အစိုးရေက်ာင္းတစ္ေက်ာင္း အေၾကာင္း
6) လက္ေတြ႕ဘဝကို ျပင္ဆင္ေပးမယ့္ သခ်ၤာသင္ၾကားေပးပံု
7) ျသစေတ်းလ် မူလတန္းေက်ာင္းမ်ားမွ စာအုပ္စာေပ သီတင္းပတ္အေၾကာင္း
8 ) ထုိင္းနုိင္ငံႏွင့္ ကေမာၻဒီးယားေက်ာင္းေတြမွာ ျပဳလုပ္တဲ့ ေက်ာင္းသားေကာင္စီမ်ားအေၾကာင္း
9) အဂၤလိပ္စာအျပင္ အျခား အေရးၾကီးေသာ ထည့္သြင္းစဥ္းစားစရာမ်ား
10) ထိေရာက္ေသာ သင္ယူမွဳလုပ္ငန္း (၂၁)ခု
11) အာဇာနည္ေန႕အတြက္ သင္ယူမွုလုပ္ငန္းမ်ား
12) မိခင္မဲ့၊ဖခင္မဲ့၊ မိဘမဲ့ကေလးေတြကို ပညာသင္ေပးျခင္းဆိုင္ရာ အေၾကာင္းအရာေတြ
13) ေပ်ာ္ရႊင္က်မ္းမာေသာ ကေလးမ်ားျဖစ္ဖို႕ စဥ္းစားစရာ အခ်က္္ (၃) ခ်က္
14) ဆရာ၊မေတြအေၾကာင္း တစ္ေစ့တစ္ေစာင္း
15) ဆရာေကာင္းမွ ပညာေကာင္းမယ္ https://www.facebook.com/teacher4teachers/photos/a.285494118867381/339338823482910/?type=3&theater
ေမတၱာျဖင့္… Sayarma-ဆရာမ