[Unicode]
မင်္ဂလာပါရှင်။
ဗုဒ္ဓဘာသာနှင် ့သင်ကြားခြင်းအနုပညာ ဆွေးနွေးပွဲ (အပတ်စဉ် – ၂)
နေ့ရက် = နိုဝင်ဘာ ၆ – ၇
အချိန် = နံနက် ၉ နာရီမှ ညနေ ၅ နာရီိထိ
နေရာ =ဓမ္မင်္ဂဂါ ပါဠိကောလိပ်၊ ရန်ကုန်မြို့ ၊ လှိုင်သာယာ (ထန်းတပင် မြို့နယ်)၊ ရွှေလင်ဗန်းစက်မှုဇုန်။
ပံ့ပိုးမှုများ = မနက်စာ၊ နေ့လည်စာ၊ ညနေစာ ကျွေးပါ့မယ်။ လမ်းစားရိတ်မပေးပါ။ ရေးမှတ်စရာများ ထောက်ပံ့ပါ့မယ်။ ကောင်းမွန်စွာသင်ယူခြင်းနဲ့ လက်တွေ့အသုံးချနိုင်ခြင်းကို သင်တန်းကြေးအဖြစ်ယူပါ့မယ်။
မှတ်ချက် = အမှန်တစ်ကယ် စိတ်ဝင်စား၍ နှစ်ရက်လုံး အချိန် ပြည့်တက်နိုင်မှ စာရင်းပေးပါ။  လူဦးရေ (၃၀) သာ လက်ခံပါ့မယ်။
စာရင်းပေးရန် =https://docs.google.com/forms/d/e/1FAIpQLSch1FEhZVjzHAQ4mZjCAfKIxLyo4K7S2ixyUpBWYs-9JQvzsw/viewform?usp=sf_link
သင်တန်းအကြောင်းအရာ အသေးစိတ်
Sayarma-ဆရာမ နဲ့ Dhamma Gangha Pali College ပူးပေါင်းပြီး နောက်တစ်ကြိမ် ဗုဒ္ဓဘာသာ ဆရာ၊မ များအတွက် ဗုဒ္ဓဘာသာသဘောတရားများနှင့် သင်ကြားရေး ချိတ်ဆက်ဖေါ်ထုတ်ခြင်းနဲ့ အခြားဘာသာတရားများအကြောင်း အကြမ်းဖျဉ်းလေ့လာခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
 အဓိက ရည်ရွယ်တာက ဗုဒ္ဓဘာသာဝင် ကျောင်းဆရာ၊မတွေအနေနဲ့ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာရေး သင်ကြားမှုတွေကို စာသင်ခန်းအတွင်းမှာ အသုံးချနိုင်ဖို့နဲ့ အခြား ဘာသာဝင် ဆရာ၊မတွေရဲ့ သင်ကြားမှုဆိုင်ရာ အကြောင်းအရာတွေကို လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
ဘုန်းဘုန်း ဓမ္မဂင်္ဂါရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကျွန်မရဲ့ သင်ကြားရေးဆိုင်ရာ ဗဟုသုတတွေကို ပေါင်းစပ်ပြီး စိတ်ဝင်စားစရာ သင်ယူမှုလုပ်ငန်းတွေနဲ့ တက်ရောက်သူတွေရဲ့ သင်ယူမှုကို အထောက်အကူပြုဖို့ စီစဉ်ထားပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အစိုးရကျောင်းဆရာ၊မတွေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာ၊မ၊ ပုဂ္ဂလိကဆရာ၊မ၊ ဓမ္မစကူးလ် ဆရာ၊မ စသည်ဖြင့် စာသင်တဲ့ သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ စိတ်ဝင်စားရင် ပေးထားတဲ့ လင့်ခ် (link) ကို နှိပ်ပြီး လျှောက်ပါ။
စက်တင်ဘာ(1) ရက်နေ့က  ပြုလုပ်ခဲ့တဲ့ သင်တန်း တက်ရောက်ထားသူတွေ တက်လို့မရတော့ပါ။ အကြောင်းကတော့ ပထမသင်တန်းနဲ့ ဆင်တူတဲ့အတွက် ဖြစ်ပါတယ်။
လက်တွေ့ကျောင်းစာသင်ခန်းတွေမှာ ပြန်လည် အသုံးချနိုင်မယ့်သူတွေသာ လျှောက်ဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
[Zawgyi]
မင်္ဂလာပါရှင်။
နေ့ရက် = နိုဝင်ဘာ ၆ – ၇