[Unicode]

     ကျွန်မတို့ Sayarma-ဆရာမ စာမျက်နှာမှာ နှစ်ပတ်တစ်ခါ ပညာရေး၊သင်ကြားရေး၊ ကလေးပြုစုပျိုးထောင်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဗွီဒီယိုလေးတွေအဖြစ်တင်ပေးတာမျိုး၊ Live လွှင့်တာမျိုးတွေ လုပ်ဖြစ်ပါတယ်။

ဒီတစ်ခေါက် မန္တလေးတိုင်းဒေသကြီး ဓမ္မစကူးလ် ကော်မတီ တာဝန်ခံ ဘုန်းဘုန်း ဦးဥတ္တမနဲ့ အောက်တိုဘာလ (၁၈) ကြာသပတေးနေ့ ညနေ (၃)နာရီမှာ Live လွှင့်ပါ့မယ်။

ဘုန်းဘုန်း ဦးဥတ္တမကတော့  သီရိလင်္ကာနိုင်ငံမှာ ငါးနှစ်တာ ပညာသင်ယူခဲ့ပြီး၊  မြန်မာပြည် ဓမ္မစကူးလ်လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် လုပ်ကိုင်ပေးနေတာ ငါးနှစ်တာခန့်ရှိပါပြီ။

သီရိလင်္ကာနိုင်ငံမှာရော မြန်မာနိုင်ငံမှာရော ဗုဒ္ဓဘာသာသင်ကြားခြင်းအကြောင်းနှံ့စပ်တဲ့ ဘုန်းဘုန်းနဲ့အတူ

သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးတွေအတွက် တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာအကြောင်းတွေ သင်ကြားပေးနေတဲ့ Sunday School အစီအစဉ်နဲ့ မြန်မာနိုင်ငံမှ ဓမ္မစကူးလ်အစီအစဉ်တွေ အကြောင်း ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဓါတ်ပုံကတော့  ၂၀၁၆ခုနှစ် သီရိလင်္ကာကို လေ့လာရေး သွားတုန်းက သီရိလင်္ကာက ကျွန်မတို့ရဲ့ မိတ်ဆွေရယ်၊ ဖောင်တော်ဦးဆရာတော်ရယ်၊ ဘုန်းဘုန်းဦးဥတ္တမရယ်၊ကျွန်မရယ် စာအုပ်ဆိုင်သွားပြီး ဗုဒ္ဓဘာသာစာပေတွေ သွားပြီး ဝယ်ရင်း ရိုက်ဖြစ်ခဲ့တာပါ။

[Zawgyi]

     ကၽြန္မတို႕ Sayarma-ဆရာမ စာမ်က္ႏွာမွာ ႏွစ္ပတ္တစ္ခါ ပညာေရး၊သင္ၾကားေရး၊ ကေလးျပဳစုပ်ိဳးေထာင္ေရးနဲ႕ဆိုင္တဲ့ အေၾကာင္းအရာေတြကို ဗြီဒီယိုေလးေတြအျဖစ္တင္ေပးတာမ်ိဳး၊ Live လႊင့္တာမ်ိဳးေတြ လုပ္ျဖစ္ပါတယ္။

ဒီတစ္ေခါက္ မႏၱေလးတိုင္းေဒသၾကီး ဓမၼစကူးလ္ ေကာ္မတီ တာဝန္ခံ ဘုန္းဘုန္း ဦးဥတၱမနဲ႕ ေအာက္တိုဘာလ (၁၈) ၾကာသပေတးေန့ ညေန (၃)နာရီမွာ Live လႊင့္ပါ့မယ္။

ဘုန္းဘုန္း ဦးဥတၱမကေတာ့  သီရိလကၤာနုိင္ငံမွာ ငါးႏွစ္တာ ပညာသင္ယူခဲ့ျပီး၊  ျမန္မာျပည္ ဓမၼစကူးလ္လုပ္ငန္းေတြမွာ တက္တက္ၾကြၾကြ ပါဝင္ လုပ္ကိုင္ေပးေနတာ ငါးႏွစ္တာခန္႕ရွိပါျပီ။

သီရိလကၤာနုိင္ငံမွာေရာ ျမန္မာနုိင္ငံမွာေရာ ဗုဒၶဘာသာသင္ၾကားျခင္းအေၾကာင္းႏွံ႕စပ္တဲ့ ဘုန္းဘုန္းနဲ႕အတူ

သီရိလကၤာနုိင္ငံမွာ ဗုဒၶဘာသာကေလးေတြအတြက္ တနဂၤေႏြေန႕တိုင္း ဗုဒၶဘာသာအေၾကာင္းေတြ သင္ၾကားေပးေနတဲ့ Sunday School အစီအစဥ္နဲ႕ ျမန္မာနုိင္ငံမွ ဓမၼစကူးလ္အစီအစဥ္ေတြ အေၾကာင္း ေဆြးေႏြးဖို႕ စီစဥ္ထားပါတယ္။ ဓါတ္ပံုကေတာ့  ၂၀၁၆ခုႏွစ္ သီရိလကၤာကို ေလ့လာေရး သြားတုန္းက သီရိလကၤာက ကၽြန္မတို႕ရဲ႕ မိတ္ေဆြရယ္၊ ေဖာင္ေတာ္ဦးဆရာေတာ္ရယ္၊ ဘုန္းဘုန္းဦးဥတၱမရယ္၊ကၽြန္မရယ္ စာအုပ္ဆိုင္သြားျပီး ဗုဒၶဘာသာစာေပေတြ သြားျပီး ဝယ္ရင္း ရိုက္ျဖစ္ခဲ့တာပါ။