[ Unicode ]

ကျွန်မတို့မိဘတွေ၊ ဆရာ၊မတွေဟာ ကလေးတွေကို လိမ္မာယဉ်ကျေးပြီး ပညာတော်သူတွေ ဖြစ်စေချင်ကြတယ်။ အဲဒီ့လို ဖြစ်ဖို့၊ ကလေးတွေရဲ့ ကောင်းမွန်တဲ့စိတ်နေသဘောထားတွေနဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်နိုင်ဖို့၊ ဘာသာတရားသင်ခန်းစာတွေကို သင်ပေးကြတယ်။ ကျောင်းတွေမှာ ဆရာ၊မတွေဆိုရင်လည်း ကိုယ်ယုံကြည်ရာ ဘာသာတရားရဲ့ သင်ကြားမှုကို အသုံးပြုပြီး ကလေးတွေကို ဆုံးမ သွန်သင်တတ်ကြတယ်။ မိဘတွေဆိုရင်လည်း အတူတူပါပဲ။ ကိုယ်ယုံကြည်ရာဟာ အမှန်တရားလို့ ယူဆတဲ့အတွက် ကလေးတွေကို အမှန်တရားကနေ သင်ယူစေချင်ကြတယ်။ ဒီတော့ ကျွန်မတို့ ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ၊ ဘာသာရေးအကြောင်း ကလေးတွေကို သင်ပေးတဲ့အခါ သတိထားစေချင်တဲ့ အချက် (၄) ချက်ကို မျှဝေပေးချင်ပါတယ်။

၁) အခြေခံသဘောတရားတွေ သိမြင်ပါစေ – ဘာသာတရားတိုင်းမှာ ရွတ်ဆိုရတာ၊ ဖတ်ရှုရတာတွေရှိတယ်၊ ပူဇော် ရှိခိုး ရတာတွေလည်း ရှိတတ်တယ်။ အဲဒီ့လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ အခြေခံ ဘာသာရေးသဘောတရားတွေရှိကြပါတယ်။ ဒါတွေကို ကျွန်မတို့က အဓိက သင်ပေးဖို့လိုပါတယ်။ ကလေးတွေကို အခြေခံသဘောတရားတွေ၊ ရွတ်ဆိုနေတဲ့အရာတွေရဲ့ အဓိပ္ပါယ်တွေနဲ့ အဲဒီ့လိုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို သေချာ မရှင်းပြခဲ့ရင် အဲဒီ့ ဘာသာတရားရဲ့ အနှစ်သာရကို သေချာ သိမြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို မသိမြင်ဘဲ ရွတ်ဖတ်မှု၊ ပူဇော်ရှိခိုးမှု တွေကို ဆက်တိုက်လုပ်ခိုင်းလာတော့ မိရိုးဖလာ ဘာသာဝင်တွေဖြစ်ပြီး အမှန်တစ်ကယ် သိမြင်ယုံကြည်သူတွေ ဖြစ်လာဖို့ ခက်ခဲပါတယ်။

၂) လက်တွေ့ဘဝနဲ့ နီးစပ်ပါစေ – ကျွန်မတို့ ဘာသာရေး အသုံးအနှုန်းတွေဟာ အချိန်တော်တော်များများမှာ ကလေးတွေအတွက် ခက်ခဲပါတယ်။ အမြဲတမ်း ပြောဆိုနေကြတဲ့အတွက် ရင်းနှီးတဲ့ အသုံးအနှုန်းတွေဖြစ်ရင်တောင် နက်နဲတဲ့ အဓိပ္ပါယ်တွေကို နားလည်ဖို့ အခက်အခဲရှိပါသေးတယ်။ အဲဒီ့လို ခက်ခဲတဲ့အတွက် ကလေးတွေကို သင်တဲ့အခါ သူတို့ နားလည်တဲ့ စကားလုံးတွေ အသုံးပြုပေးရပါ့မယ်။ ကလေးတွေဖြစ်ဖြစ် ကျွန်မတို့လူကြီးတွေဖြစ်ဖြစ်၊ ကိုယ်နဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေ၊ ကိုယ့်လက်တွေ့ဘဝမှာ မြင်ရကြုံရတဲ့ အရာတွေနဲ့ ချိတ်ဆက်မှ ကျွန်မတို့က ပိုမှတ်မိသလို၊ ပိုအလေးထားကြပါတယ်။ ဒါကြောင့် ကလေးတွေကို ဘာသာရေးကို တန်ဖိုးထားစေချင်ရင် သူတို့ နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ သူတို့ ကြုံတွေ့ဖူးတဲ့ အဖြစ်အပျက်တွေနဲ့ ချိတ်ဆက်ရှင်းပြပေးဖို့လိုပါတယ်။ ဒီလိုမှ လက်တွေ့အသုံးချနိုင်ကြမှာပါ။

၃) လက်တွေ့ အသုံးချခွင့်ရပါစေ – ဘာသာတရားတွေဟာ ပိုကောင်းတဲ့သူတွေ ဖြစ်စေဖို့ သွန်သင် ဆုံးမမှုတွေ၊ အလေ့အကျင့်တွေကို စုစည်းထားတယ်လို့ ကျွန်မ မြင်ပါတယ်။ ဒီနေ့ကိုယ်နဲ့ နောက်နေ့ ကိုယ်၊ နှိုင်းယှဉ် ကြည့်လိုက်ရင် နောက်နေ့မှာ ပိုကောင်းတဲ့ ကိုယ် ဖြစ်စေဖို့ ဘယ်လို လုပ်ရမယ် ဆိုတာမျိုး လမ်းညွှန်တာတွေ ပါဝင်ကြပါတယ်။ အဲဒီ့ လမ်းညွှန်မှုတွေကို လက်တွေ့ အသုံးချနိုင်ဖို့ ကျွန်မတို့က လမ်းညွှန်ပေးဖို့လိုပါတယ်။ ဥပမာ – ဗုဒ္ဓဘာသာမှာ ကျွန်မတို့ ရွတ်ဆိုကြတဲ့ မေတ္တာသုတ်ဟာ လူတွေကို မေတ္တာထားနိုင်ဖို့ အလေ့အကျင့်တွေကို စုစည်းသင်ပြပေးထားသလို၊ အစ္စလာန်ဘာသာ အခြေခံ စည်းမျဉ်းတစ်ခုဖြစ်တဲ့ Zakat (ပေးကမ်းလှူဒါန်းခြင်း) ဆိုရင် လိုအပ်သူတွေကို ပေးကမ်းကြဖို့ ကူညီကြဖို့ သင်ပြပေးတာမျိုးပေါ့။ ကျွန်မတို့တွေ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ကလေးတွေကို ကောင်းသော အရာတွေ လက်တွေ့ဘဝမှာ အသုံးချနိုင်အောင် ကူညီပေးဖို့လိုပါတယ်။

၄) ထိရောက်မှုရှိသော သင်ယူမှု လုပ်ငန်းဖြစ်ပါစေ – ကလေးတွေဟာ တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုကို အကြာကြီးပြောတာကို နားမထောင်နိုင်ကြပါဘူး။ အများဆုံး ၁၀ မိနစ်စာလောက်ပဲ အာရုံစိုက်နိုင်ကြပါတယ်။ ဒီတော့ တရားဟောတာ ရှည်ကြာတာမျိုးဆို နားထောင်သလို ဖြစ်နိုင်ပေမယ့် သူတို့ ခေါင်းထဲမဝင်ပါဘူး။ ဒီတော့ ကျွန်မတို့တွေက ကလေးတွေကို သေချာ သင်ယူစေချင်ရင် သူတို့နဲ့ အပြန်အလှန် ဆွေးနွေးတဲ့ သင်ယူမှုပုံစံတွေ၊ သူတို့ကို လက်တွေ့ ဖတ်ရှုစေရင်း အမြင်တွေ ဖလှယ်ကြတာမျိုးတွေ၊ ဘာသာရေးပွဲတော်တွေမှာ ပါဝင်ရင်း လေ့လာမှုတွေပြုလုပ်ကြတာတွေ၊ ပြန်လည်သုံးသပ်မှု လုပ်ခိုင်းတာတွေ စတဲ့ ကလေးတွေအတွက် သင်ယူမှုကို ထိရောက်မှု ရှိတဲ့ လုပ်ငန်းတွေကို အလှည့်ကျ အသုံးပြုပေးရင် အကူညီဖြစ်နိုင်ပါတယ်။

ကျွန်မကတော့ ကိုယ်တိုင် ယုံကြည်တဲ့ ဘာသာတရားကို သေချာ နားလည်ချင်တယ်။ အခြေခံသဘောတရားတွေကို နားလည်ပြီး လက်တွေ့မှာ ဘယ်လို အသုံးချနိုင်မလဲဆိုတာ သိမြင်ဖို့က ကျွန်မအတွက် အရေးကြီးတဲ့ အချက်ပါပဲ။ ဘာသာတရားအကြောင်း သေသေချာချာ ပိုသိလေလေ၊ ပိုနားလည်လေလေ၊ ပိုယုံကြည်လေလေ ဖြစ်လာတယ်လို့ ကျွန်မထင်မြင်မိပါတယ်။

ကျွန်မတို့ရဲ့ ကလေးတွေ ဘယ်ဘာသာ ကိုးကွယ်ပါစေ၊ ပိုကောင်းတဲ့ ကလေးတွေ ဖြစ်စေဖို့ လေ့ကျင့်နိုင်ကြသူတွေ ဖြစ်စေချင်တာ ကျွန်မစေတနာပါ။
အားလုံးပဲ မိမိတို့ ကိုယ်စီ ဘာသာတရားတွေကို ထိရောက်စွာ သင်ပြလမ်းညွှန်ပြီး ပိုကောင်းသူတွေ ဖြစ်နိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo credit – https://www.sittercity.com/parents/parenting-tips/teach-kids-cultures-religions?fbclid=IwAR0ZVU2mLXhWb4ra24lw3__CPQco4BUuV5TgruWElvecWKwedjpK7TcZWgM

[ Zawgyi ]

ကၽြန္မတို႔မိဘေတြ၊ ဆရာ၊မေတြဟာ ကေလးေတြကို လိမၼာယဥ္ေက်းၿပီး ပညာေတာ္သူေတြ ျဖစ္ေစခ်င္ၾကတယ္။ အဲဒီ့လို ျဖစ္ဖို႔၊ ကေလးေတြရဲ့ ေကာင္းမြန္တဲ့စိတ္ေနသေဘာထားေတြနဲ႔ လုပ္ရပ္ေတြကို ေဖၚထုတ္နိုင္ဖို႔၊ ဘာသာတရားသင္ခန္းစာေတြကို သင္ေပးၾကတယ္။ ေက်ာင္းေတြမွာ ဆရာ၊မေတြဆိုရင္လည္း ကိုယ္ယုံၾကည္ရာ ဘာသာတရားရဲ့ သင္ၾကားမႈကို အသုံးျပဳၿပီး ကေလးေတြကို ဆုံးမ သြန္သင္တတ္ၾကတယ္။ မိဘေတြဆိုရင္လည္း အတူတူပါပဲ။ ကိုယ္ယုံၾကည္ရာဟာ အမွန္တရားလို႔ ယူဆတဲ့အတြက္ ကေလးေတြကို အမွန္တရားကေန သင္ယူေစခ်င္ၾကတယ္။ ဒီေတာ့ ကၽြန္မတို႔ ဘယ္ဘာသာဝင္ပဲျဖစ္ပါေစ၊ ဘာသာေရးအေၾကာင္း ကေလးေတြကို သင္ေပးတဲ့အခါ သတိထားေစခ်င္တဲ့ အခ်က္ (၄) ခ်က္ကို မၽွေဝေပးခ်င္ပါတယ္။

၁) အေျခခံသေဘာတရားေတြ သိျမင္ပါေစ – ဘာသာတရားတိုင္းမွာ ရြတ္ဆိုရတာ၊ ဖတ္ရႈရတာေတြရွိတယ္၊ ပူေဇာ္ ရွိခိုး ရတာေတြလည္း ရွိတတ္တယ္။ အဲဒီ့လုပ္ရပ္ေတြရဲ့ ေနာက္ကြယ္မွာ အေျခခံ ဘာသာေရးသေဘာတရားေတြရွိၾကပါတယ္။ ဒါေတြကို ကၽြန္မတို႔က အဓိက သင္ေပးဖို႔လိုပါတယ္။ ကေလးေတြကို အေျခခံသေဘာတရားေတြ၊ ရြတ္ဆိုေနတဲ့အရာေတြရဲ့ အဓိပၸါယ္ေတြနဲ႔ အဲဒီ့လိုျပဳလုပ္ရျခင္းရဲ့ ရည္ရြယ္ခ်က္ေတြကို ေသခ်ာ မရွင္းျပခဲ့ရင္ အဲဒီ့ ဘာသာတရားရဲ့ အႏွစ္သာရကို ေသခ်ာ သိျမင္နိုင္မွာ မဟုတ္ပါဘူး။ ဒီလို မသိျမင္ဘဲ ရြတ္ဖတ္မႈ၊ ပူေဇာ္ရွိခိုးမႈ ေတြကို ဆက္တိုက္လုပ္ခိုင္းလာေတာ့ မိရိုးဖလာ ဘာသာဝင္ေတြျဖစ္ၿပီး အမွန္တစ္ကယ္ သိျမင္ယုံၾကည္သူေတြ ျဖစ္လာဖို႔ ခက္ခဲပါတယ္။

၂) လက္ေတြ႕ဘဝနဲ႔ နီးစပ္ပါေစ – ကၽြန္မတို႔ ဘာသာေရး အသုံးအႏႈန္းေတြဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြအတြက္ ခက္ခဲပါတယ္။ အျမဲတမ္း ေျပာဆိုေနၾကတဲ့အတြက္ ရင္းႏွီးတဲ့ အသုံးအႏႈန္းေတြျဖစ္ရင္ေတာင္ နက္နဲတဲ့ အဓိပၸါယ္ေတြကို နားလည္ဖို႔ အခက္အခဲရွိပါေသးတယ္။ အဲဒီ့လို ခက္ခဲတဲ့အတြက္ ကေလးေတြကို သင္တဲ့အခါ သူတို႔ နားလည္တဲ့ စကားလုံးေတြ အသုံးျပဳေပးရပါ့မယ္။ ကေလးေတြျဖစ္ျဖစ္ ကၽြန္မတို႔လူႀကီးေတြျဖစ္ျဖစ္၊ ကိုယ္နဲ႔ ဆက္စပ္ေနတဲ့ စကားလုံးေတြ၊ ကိုယ့္လက္ေတြ႕ဘဝမွာ ျမင္ရၾကဳံရတဲ့ အရာေတြနဲ႔ ခ်ိတ္ဆက္မွ ကၽြန္မတို႔က ပိုမွတ္မိသလို၊ ပိုအေလးထားၾကပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ဘာသာေရးကို တန္ဖိုးထားေစခ်င္ရင္ သူတို႔ နားလည္နိုင္တဲ့ စကားလုံး အသုံးအႏႈန္းေတြနဲ႔ သူတို႔ ၾကဳံေတြ႕ဖူးတဲ့ အျဖစ္အပ်က္ေတြနဲ႔ ခ်ိတ္ဆက္ရွင္းျပေပးဖို႔လိုပါတယ္။ ဒီလိုမွ လက္ေတြ႕အသုံးခ်နိုင္ၾကမွာပါ။

၃) လက္ေတြ႕ အသုံးခ်ခြင့္ရပါေစ – ဘာသာတရားေတြဟာ ပိုေကာင္းတဲ့သူေတြ ျဖစ္ေစဖို႔ သြန္သင္ ဆုံးမမႈေတြ၊ အေလ့အက်င့္ေတြကို စုစည္းထားတယ္လို႔ ကၽြန္မ ျမင္ပါတယ္။ ဒီေန႔ကိုယ္နဲ႔ ေနာက္ေန႔ ကိုယ္၊ ႏွိုင္းယွဥ္ ၾကည့္လိုက္ရင္ ေနာက္ေန႔မွာ ပိုေကာင္းတဲ့ ကိုယ္ ျဖစ္ေစဖို႔ ဘယ္လို လုပ္ရမယ္ ဆိုတာမ်ိဳး လမ္းညႊန္တာေတြ ပါဝင္ၾကပါတယ္။ အဲဒီ့ လမ္းညႊန္မႈေတြကို လက္ေတြ႕ အသုံးခ်နိုင္ဖို႔ ကၽြန္မတို႔က လမ္းညႊန္ေပးဖို႔လိုပါတယ္။ ဥပမာ – ဗုဒၶဘာသာမွာ ကၽြန္မတို႔ ရြတ္ဆိုၾကတဲ့ ေမတၱာသုတ္ဟာ လူေတြကို ေမတၱာထားနိုင္ဖို႔ အေလ့အက်င့္ေတြကို စုစည္းသင္ျပေပးထားသလို၊ အစၥလာန္ဘာသာ အေျခခံ စည္းမ်ဥ္းတစ္ခုျဖစ္တဲ့ Zakat (ေပးကမ္းလႉဒါန္းျခင္း) ဆိုရင္ လိုအပ္သူေတြကို ေပးကမ္းၾကဖို႔ ကူညီၾကဖို႔ သင္ျပေပးတာမ်ိဳးေပါ့။ ကၽြန္မတို႔ေတြ ဘယ္ဘာသာဝင္ျဖစ္ျဖစ္ ကေလးေတြကို ေကာင္းေသာ အရာေတြ လက္ေတြ႕ဘဝမွာ အသုံးခ်နိုင္ေအာင္ ကူညီေပးဖို႔လိုပါတယ္။

၄) ထိေရာက္မႈရွိေသာ သင္ယူမႈ လုပ္ငန္းျဖစ္ပါေစ – ကေလးေတြဟာ တစ္စုံတစ္ေယာက္က အေၾကာင္းအရာတစ္ခုကို အၾကာႀကီးေျပာတာကို နားမေထာင္နိုင္ၾကပါဘူး။ အမ်ားဆုံး ၁၀ မိနစ္စာေလာက္ပဲ အာ႐ုံစိုက္နိုင္ၾကပါတယ္။ ဒီေတာ့ တရားေဟာတာ ရွည္ၾကာတာမ်ိဳးဆို နားေထာင္သလို ျဖစ္နိုင္ေပမယ့္ သူတို႔ ေခါင္းထဲမဝင္ပါဘူး။ ဒီေတာ့ ကၽြန္မတို႔ေတြက ကေလးေတြကို ေသခ်ာ သင္ယူေစခ်င္ရင္ သူတို႔နဲ႔ အျပန္အလွန္ ေဆြးေႏြးတဲ့ သင္ယူမႈပုံစံေတြ၊ သူတို႔ကို လက္ေတြ႕ ဖတ္ရႈေစရင္း အျမင္ေတြ ဖလွယ္ၾကတာမ်ိဳးေတြ၊ ဘာသာေရးပြဲေတာ္ေတြမွာ ပါဝင္ရင္း ေလ့လာမႈေတြျပဳလုပ္ၾကတာေတြ၊ ျပန္လည္သုံးသပ္မႈ လုပ္ခိုင္းတာေတြ စတဲ့ ကေလးေတြအတြက္ သင္ယူမႈကို ထိေရာက္မႈ ရွိတဲ့ လုပ္ငန္းေတြကို အလွည့္က် အသုံးျပဳေပးရင္ အကူညီျဖစ္နိုင္ပါတယ္။

ကၽြန္မကေတာ့ ကိုယ္တိုင္ ယုံၾကည္တဲ့ ဘာသာတရားကို ေသခ်ာ နားလည္ခ်င္တယ္။ အေျခခံသေဘာတရားေတြကို နားလည္ၿပီး လက္ေတြ႕မွာ ဘယ္လို အသုံးခ်နိုင္မလဲဆိုတာ သိျမင္ဖို႔က ကၽြန္မအတြက္ အေရးႀကီးတဲ့ အခ်က္ပါပဲ။ ဘာသာတရားအေၾကာင္း ေသေသခ်ာခ်ာ ပိုသိေလေလ၊ ပိုနားလည္ေလေလ၊ ပိုယုံၾကည္ေလေလ ျဖစ္လာတယ္လို႔ ကၽြန္မထင္ျမင္မိပါတယ္။

ကၽြန္မတို႔ရဲ့ ကေလးေတြ ဘယ္ဘာသာ ကိုးကြယ္ပါေစ၊ ပိုေကာင္းတဲ့ ကေလးေတြ ျဖစ္ေစဖို႔ ေလ့က်င့္နိုင္ၾကသူေတြ ျဖစ္ေစခ်င္တာ ကၽြန္မေစတနာပါ။
အားလုံးပဲ မိမိတို႔ ကိုယ္စီ ဘာသာတရားေတြကို ထိေရာက္စြာ သင္ျပလမ္းညႊန္ၿပီး ပိုေကာင္းသူေတြ ျဖစ္နိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo credit – https://www.sittercity.com/parents/parenting-tips/teach-kids-cultures-religions?fbclid=IwAR0ZVU2mLXhWb4ra24lw3__CPQco4BUuV5TgruWElvecWKwedjpK7TcZWgM