[ Unicode ]

ဒီရက်ပိုင်းမှာ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းအမြဲ မေးဖြစ်တာ။ စိတ်ထဲရှိရာ အနည်းငယ်ရေးပါ့မယ်။

ပညာရေးလုပ်တဲ့ ကျွန်မတို့ COVID ကြောင့် ကျောင်းတွေပိတ်လို့ အွန်လိုင်းပေါ်ကနေ ပညာသင်နိုင်ဖို့အတွက် အားစိုက်ကြိုးပမ်းနေချိန်မှာ အာဏာသိမ်းမှုဖြစ်တယ်။ အဲဒီ့တော့ ကျွန်မတို့ဆရာ၊မတွေရော ကလေးတွေရော၊ ကလေးမိဘတွေရော လမ်းပျောက်သလိုဖြစ်သွားရတယ်။ မျှော်လင့်ထားတဲ့ မနက်ဖြန်တွေ ပျောက်သွားသလို ဖြစ်ကုန်တယ်။

ဒါနဲ့ ဒီတောင်ကို ကျော်ဖို့ ကျွန်မတို့တွေ ဝိုင်းဝန်းပြီး ကြိုးစားရပြန်တယ်။ အသက်ပေးသွားရသူတွေ၊ အိုးအိမ်ခွဲခွါထွက်သွားရသူတွေ၊ အကျဉ်းချခံရသူတွေ၊ ဒဏ်ရာတွေနဲ့ဘဝတွေကို ရင်းပြီး ကျွန်မတို့ အားလုံးရဲ့ ဘဝတွေကောင်းဖို့ ရောင်နီကို မျှော်မှန်းရင်း၊ အောင်မြင်ဖို့ ကြိုးစားကြတယ်။

ပညာရေး သီအိုရီမှာ အတွေ့အကြုံအခြေပြု သင်ယူနည်းဆိုတာရှိတယ်။ အတွေ့အကြုံတွေကို လေ့လာသုံးသပ်၊ ပိုကောင်းအောင် လုပ်နိုင်ဖို့ သင်ယူ၊ လက်တွေ့လုပ်ကြည့်၊ အောင်မြင်ရင် ပိုအောင်မြင်အောင်ဆက်လုပ်၊ အမှားပါရင် သေချာ ပြန်ပြင်ပြီး ဆက်လုပ်ရတာမျိုးပေါ့။ တော်လှန်ရေး ဆိုတာလည်း ဒီလိုပါပဲ။ အတွေ့အကြုံအပေါ်မူတည်ပြီး အမြဲ ကြိုးပမ်းနေရမယ့် ဖြစ်စဉ်တစ်ခုပဲ။ အမှားတွေ၊ ခြေချော်တာတွေပါမယ်။ ဒါပေမယ့် အဲဒီ့အပေါ် ပြန်လည် သုံးသပ်ပြင်ဆင်ပြီး ပိုကောင်းဖို့ လုပ်ရမယ်။ အဲဒီ့ဖြစ်စဉ်အတိုင်း သွားနေတယ်လို့ မြင်တယ်။

ပြီးရင် စုပေါင်း သင်ယူနည်း(collaborative learning)တို့၊ ပူပေါင်းပါဝင်လုပ်ဆောင်ခြင်းဖြင့် ချဉ်းကပ်ခြင်း (participatory approach)တို့၊ သင်ယူသူဗဟိုပြုချဉ်းကပ်ခြင်းတို့( learners centered approach )လည်း လက်တွေ့ဘဝနဲ့ ချိန်ထိုးမြင်နိုင်တယ်။ နွေဦးတော်လှန်ရေးဟာ စုပေါင်းလုပ်ဆောင်ခြင်းကနေ သင်ယူခွင့်တွေပေးခဲ့တယ်၊ ပူးပေါင်းပါဝင်လုပ်ဆောင်ကြလို့ အောင်မြင်ခဲ့ကြတယ်၊ လူငယ်တွေ ဗဟိုပြု၊ လူငယ်တွေရဲ့ ဦးဆောင်မှုနောက်ကနေ လိုတာပံ့ပိုးကူညီရင်း အောင်မြေနင်းခွင့်ရခဲ့တယ်ဆိုတာ ကျွန်မတို့ သင်ယူကြရမယ်။ မျှဝေကြရမယ်။

ရောင်နီလာတဲ့အခါ သမိုင်းသင်ခန်းစာမှာ နွေဦးတော်လှန်ရေးအကြောင်း၊ နွေဦးတော်လှန်ရေး သူရဲကောင်းတွေရဲ့ အကြောင်း ကျွန်မတို့တတွေ စာသင်ခန်းတွေမှာ ပြန်သင်နိုင်အောင် အခုကတည်းက မှတ်တမ်းတွေယူ၊ အနီးကပ်ပံ့ပိုး၊ သေချာလေ့လာ၊ လက်တွေ့လုပ်ဆောင်ကြရအောင်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

(သဘောကျလို့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဓါတ်ပုံလေး ကူးယူလိုက်ပါတယ်။)

ကျွန်မရဲ့ သဘောထားနဲ့ မကိုက်ညီဘူးဆိုရင် Page ကို unfollow လုပ်နိုင်ပါတယ်။ ကျေးဇူးပါ။

[ Zawgyi ]

ဒီရက္ပိုင္းမွာ ဘာလုပ္ရမလဲ ဆိုတဲ့ ေမးခြန္းအျမဲ ေမးျဖစ္တာ။ စိတ္ထဲရွိရာ အနည္းငယ္ေရးပါ့မယ္။

ပညာေရးလုပ္တဲ့ ကၽြန္မတို႔ COVID ေၾကာင့္ ေက်ာင္းေတြပိတ္လို႔ အြန္လိုင္းေပၚကေန ပညာသင္နိုင္ဖို႔အတြက္ အားစိုက္ႀကိဳးပမ္းေနခ်ိန္မွာ အာဏာသိမ္းမႈျဖစ္တယ္။ အဲဒီ့ေတာ့ ကၽြန္မတို႔ဆရာ၊မေတြေရာ ကေလးေတြေရာ၊ ကေလးမိဘေတြေရာ လမ္းေပ်ာက္သလိုျဖစ္သြားရတယ္။ ေမၽွာ္လင့္ထားတဲ့ မနက္ျဖန္ေတြ ေပ်ာက္သြားသလို ျဖစ္ကုန္တယ္။

ဒါနဲ႔ ဒီေတာင္ကို ေက်ာ္ဖို႔ ကၽြန္မတို႔ေတြ ဝိုင္းဝန္းၿပီး ႀကိဳးစားရျပန္တယ္။ အသက္ေပးသြားရသူေတြ၊ အိုးအိမ္ခြဲခြါထြက္သြားရသူေတြ၊ အက်ဥ္းခ်ခံရသူေတြ၊ ဒဏ္ရာေတြနဲ႔ဘဝေတြကို ရင္းၿပီး ကၽြန္မတို႔ အားလုံးရဲ့ ဘဝေတြေကာင္းဖို႔ ေရာင္နီကို ေမၽွာ္မွန္းရင္း၊ ေအာင္ျမင္ဖို႔ ႀကိဳးစားၾကတယ္။

ပညာေရး သီအိုရီမွာ အေတြ႕အၾကဳံအေျချပဳ သင္ယူနည္းဆိုတာရွိတယ္။ အေတြ႕အၾကဳံေတြကို ေလ့လာသုံးသပ္၊ ပိုေကာင္းေအာင္ လုပ္နိုင္ဖို႔ သင္ယူ၊ လက္ေတြ႕လုပ္ၾကည့္၊ ေအာင္ျမင္ရင္ ပိုေအာင္ျမင္ေအာင္ဆက္လုပ္၊ အမွားပါရင္ ေသခ်ာ ျပန္ျပင္ၿပီး ဆက္လုပ္ရတာမ်ိဳးေပါ့။ ေတာ္လွန္ေရး ဆိုတာလည္း ဒီလိုပါပဲ။ အေတြ႕အၾကဳံအေပၚမူတည္ၿပီး အျမဲ ႀကိဳးပမ္းေနရမယ့္ ျဖစ္စဥ္တစ္ခုပဲ။ အမွားေတြ၊ ေျခေခ်ာ္တာေတြပါမယ္။ ဒါေပမယ့္ အဲဒီ့အေပၚ ျပန္လည္ သုံးသပ္ျပင္ဆင္ၿပီး ပိုေကာင္းဖို႔ လုပ္ရမယ္။ အဲဒီ့ျဖစ္စဥ္အတိုင္း သြားေနတယ္လို႔ ျမင္တယ္။

ၿပီးရင္ စုေပါင္း သင္ယူနည္း(collaborative learning)တို႔၊ ပူေပါင္းပါဝင္လုပ္ေဆာင္ျခင္းျဖင့္ ခ်ဥ္းကပ္ျခင္း (participatory approach)တို႔၊ သင္ယူသူဗဟိုျပဳခ်ဥ္းကပ္ျခင္းတို႔( learners centered approach )လည္း လက္ေတြ႕ဘဝနဲ႔ ခ်ိန္ထိုးျမင္နိုင္တယ္။ ေႏြဦးေတာ္လွန္ေရးဟာ စုေပါင္းလုပ္ေဆာင္ျခင္းကေန သင္ယူခြင့္ေတြေပးခဲ့တယ္၊ ပူးေပါင္းပါဝင္လုပ္ေဆာင္ၾကလို႔ ေအာင္ျမင္ခဲ့ၾကတယ္၊ လူငယ္ေတြ ဗဟိုျပဳ၊ လူငယ္ေတြရဲ့ ဦးေဆာင္မႈေနာက္ကေန လိုတာပံ့ပိုးကူညီရင္း ေအာင္ေျမနင္းခြင့္ရခဲ့တယ္ဆိုတာ ကၽြန္မတို႔ သင္ယူၾကရမယ္။ မၽွေဝၾကရမယ္။

ေရာင္နီလာတဲ့အခါ သမိုင္းသင္ခန္းစာမွာ ေႏြဦးေတာ္လွန္ေရးအေၾကာင္း၊ ေႏြဦးေတာ္လွန္ေရး သူရဲေကာင္းေတြရဲ့ အေၾကာင္း ကၽြန္မတို႔တေတြ စာသင္ခန္းေတြမွာ ျပန္သင္နိုင္ေအာင္ အခုကတည္းက မွတ္တမ္းေတြယူ၊ အနီးကပ္ပံ့ပိုး၊ ေသခ်ာေလ့လာ၊ လက္ေတြ႕လုပ္ေဆာင္ၾကရေအာင္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

(သေဘာက်လို႔ ေဖ့စ္ဘြတ္ခ္ေပၚကေန ဓါတ္ပုံေလး ကူးယူလိုက္ပါတယ္။)

ကၽြန္မရဲ့ သေဘာထားနဲ႔ မကိုက္ညီဘူးဆိုရင္ Page ကို unfollow လုပ္နိုင္ပါတယ္။ ေက်းဇူးပါ။