[ Unicode ]

“ဘယ်သူ့ကို ပိုချစ်လဲ” – ဒီမေးခွန်းလေးကို ကျွန်မတို့ ခဏခဏ ကြားဖူးတယ်၊ ကိုယ်တိုင်လည်း မေးဖူးကြမယ်ထင်တယ်။ အဲဒီ့မေးခွန်းမျိုး ကလေးတွေကို မေးသင့်လား။ မမေးသင့်ဘူးလား။ ကျွန်မ အမြင်လေးကို ဆွေးနွေးချင်ပါတယ်။

လူတစ်ယောက်ကနေ အခြား တစ်ယောက်ထက်ပိုတဲ့ လူတွေကို ချစ်တဲ့အခါ ကျွန်မတို့ (အထူးသဖြင့် ကလေးတွေက) ဘယ်သူ့ကို ပိုချစ်လဲဆိုတာကို နှိုင်းယှဉ်ကြတယ်။ တစ်ယောက်ထက် နောက်တစ်ယောက်ကို ချစ်မှာ မလိုလားကြသလို၊ ကိုယ့်ကို ပိုပြီး ချစ်စေချင်ကြတာလည်း ဖြစ်ကြတယ်။ အဲဒီ့နောက်ကွယ်မှာ အကြောင်းအရင်းများစွာ ရှိနိုင်ပေမယ့် အဲဒီ့အထဲက တစ်ချက်က ကျွန်မတို့တွေ အမေးခံရတဲ့ ဘယ်သူ့ကို ပိုချစ်လဲဆိုတဲ့ မေးခွန်းကြောင့်လို့ ကျွန်မ ထင်မြင်သုံးသပ်မိပါတယ်။

ကျွန်မ သြစတျေးလျမှာ ကျောင်းတက်တော့ အသိမိတ်ဆွေအိမ်ရောက်တယ်။ သူတို့မှာ သမီးလေးတစ်ယောက်ရှိတယ်။ သမီးလေးက ချစ်စရာကောင်းလွန်းတော့ ကျွန်မကလည်းသူနဲ့ကစားရင်း စကားတွေပြောကြတယ်။ ကျွန်မကလည်း ခါတိုင်းလို ဖေဖေနဲ့ မေမေ ဘယ်သူ့ကိုပိုချစ်လဲလို့ မေးမိတယ်။ အဲဒါကို ကလေးအဖေက ကြားတော့ ကျွန်မကို မမေးဖို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးရဲ့ ဘဝမှာ အမေရော၊ အဖေပါ အရေးပါကြတယ်။ အရေးပါတဲ့သူနှစ်ဦးစလုံး ကလေးကိုချစ်ကြသလို ကလေးကလည်း မိဘတွေကို ချစ်ကြတယ်။ အဲဒီ့ချစ်ခြင်းမေတ္တာတွေကို အလေးအပေ့ါမနှိုင်းပါနဲ့။ တူညီသောမေတ္တာ ပေးတတ်အောင်သာ သင်ပေးပါလို့ ကျွန်မကို ပြောတယ်။ ကျွန်မ တော်တော်အံ့သြမိတယ်။ အဲဒီ့နောက်မှာ အတွေးများစွာ ကျန်ခဲ့တယ်။

ကျွန်မတို့ ကလေးဘဝတုန်းကဆိုရင် လူကြီးတော်တော်များများ တွေ့ရင် မေးကြတဲ့ မေးခွန်းလေးတွေထဲက တစ်ခုက – အမေနဲ့ အဖေ ဘယ်သူ့ကို ပိုချစ်လဲ။

ကျွန်မတို့ ကြီးလာတဲ့အခါ ကလေးတွေကို ရင်းနှီးချင်တဲ့အခါ၊ ကလေးတွေနဲ့ စကားပြောကြတဲ့အခါ မေးကြတဲ့ မေးခွန်းတွေထဲက တစ်ခုကလည်း – အမေနဲ့ အဖေ ဘယ်သူ့ကို ပိုချစ်လဲ။ မိဘတွေကလည်း တစ်ခါတစ်လေ သူတို့ ကလေးတွေကို မေးလေ့ရှိတယ်၊ မေမေနဲ့ ဖေဖေ – ဘယ်သူ့ကို ပိုချစ်လဲ။ ဒီလိုမေးခွန်းတွေနဲ့ ကျွန်မတို့က အသားကျ ကြီးပြင်းလာကြတာဆိုတော့ ကျွန်မတို့အတွက် သာမာန်ပဲလို့ ထင်မြင်လာကြတယ်။

ကျွန်မမိတ်ဆွေပြောသလို ပြန်တွေးကြည့်ရင် ကျွန်မတို့လူကြီးတွေရဲ့ မေးခွန်းတွေက တစ်ခါတစ်လေ ကလေးတွေရဲ့ တန်ဖိုးထားမှု၊ အသိုင်းအဝန်းကို ရှုမြင်မှုအပေါ် သက်ရောက်မှုရှိတယ်။ ကလေးတွေငယ်စဉ်မှာ ဘယ်သူ့ကို ပိုချစ်လဲဆိုတဲ့ မေးခွန်းထက် သူ့အတွက် မိဘနှစ်ပါးစလုံးရဲ့ အရေးပါပုံတွေကို ရှင်းပြရမှာ။ ကလေးတွေရဲ့ ဘေးက လူတွေ၊ အရာဝတ္တုတွေ၊ သဘာတရားတွေကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် သင်ပေးရမှာ။ ဘယ်အရာကို ပိုပြီး ချစ်ပြီး ဘယ်အရာကို လျော့ချစ်ရမယ်ဆိုတာ သင်ရင် ကလေးက နှိုင်းယှဉ်တတ်လာမယ်၊ ပိုချစ်ခံချင်လာမယ်၊ အတ္တပိုကြီးလာမယ်။
ဘယ်သူ့ကို ပိုချစ်လဲဆိုတဲ့ မေးခွန်းမျိုးကို မေးပြီးအဖြေကိုကြားတဲ့အခါ – ကိုယ့်ကို မချစ်ဘူး၊ အခြားတစ်ယောက်ကို ပိုချစ်တယ်လို့ ပြောရင် ဘယ်လောက် စိတ်မကောင်းဖြစ်ရမလဲ။ ကိုယ့်ကိုပိုချစ်ပြီး အခြားတစ်ယောက်ကို မချစ်ဘူးဆိုရင်လည်း အားနာပါးနာဖြစ်ရသေးတယ်။ ကလေးတွေအနေနဲ့လည်း ဖြေရခက်ပါတယ်။

ကလေးတွေကိုတွေ့ရင် ဘယ်သူ့ကို ပိုချစ်လဲဆိုတာ မမေးပါနဲ့။ သူ့ပတ်ဝန်းကျင်ကလူတွေကို တန်ဖိုးထားတတ်အောင် သင်ပေးပါ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo Taken from – https://image.freepik.com/free-photo/happy-young-asian-parents-smiling_36984-248.jpg

[ Zawgyi ]

“ဘယ္သူ႔ကို ပိုခ်စ္လဲ” – ဒီေမးခြန္းေလးကို ကၽြန္မတို႔ ခဏခဏ ၾကားဖူးတယ္၊ ကိုယ္တိုင္လည္း ေမးဖူးၾကမယ္ထင္တယ္။ အဲဒီ့ေမးခြန္းမ်ိဳး ကေလးေတြကို ေမးသင့္လား။ မေမးသင့္ဘူးလား။ ကၽြန္မ အျမင္ေလးကို ေဆြးေႏြးခ်င္ပါတယ္။

လူတစ္ေယာက္ကေန အျခား တစ္ေယာက္ထက္ပိုတဲ့ လူေတြကို ခ်စ္တဲ့အခါ ကၽြန္မတို႔ (အထူးသျဖင့္ ကေလးေတြက) ဘယ္သူ႔ကို ပိုခ်စ္လဲဆိုတာကို ႏွိုင္းယွဥ္ၾကတယ္။ တစ္ေယာက္ထက္ ေနာက္တစ္ေယာက္ကို ခ်စ္မွာ မလိုလားၾကသလို၊ ကိုယ့္ကို ပိုၿပီး ခ်စ္ေစခ်င္ၾကတာလည္း ျဖစ္ၾကတယ္။ အဲဒီ့ေနာက္ကြယ္မွာ အေၾကာင္းအရင္းမ်ားစြာ ရွိနိုင္ေပမယ့္ အဲဒီ့အထဲက တစ္ခ်က္က ကၽြန္မတို႔ေတြ အေမးခံရတဲ့ ဘယ္သူ႔ကို ပိုခ်စ္လဲဆိုတဲ့ ေမးခြန္းေၾကာင့္လို႔ ကၽြန္မ ထင္ျမင္သုံးသပ္မိပါတယ္။

ကၽြန္မ ၾသစေတ်းလ်မွာ ေက်ာင္းတက္ေတာ့ အသိမိတ္ေဆြအိမ္ေရာက္တယ္။ သူတို႔မွာ သမီးေလးတစ္ေယာက္ရွိတယ္။ သမီးေလးက ခ်စ္စရာေကာင္းလြန္းေတာ့ ကၽြန္မကလည္းသူနဲ႔ကစားရင္း စကားေတြေျပာၾကတယ္။ ကၽြန္မကလည္း ခါတိုင္းလို ေဖေဖနဲ႔ ေမေမ ဘယ္သူ႔ကိုပိုခ်စ္လဲလို႔ ေမးမိတယ္။ အဲဒါကို ကေလးအေဖက ၾကားေတာ့ ကၽြန္မကို မေမးဖို႔ ေျပာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကေလးရဲ့ ဘဝမွာ အေမေရာ၊ အေဖပါ အေရးပါၾကတယ္။ အေရးပါတဲ့သူႏွစ္ဦးစလုံး ကေလးကိုခ်စ္ၾကသလို ကေလးကလည္း မိဘေတြကို ခ်စ္ၾကတယ္။ အဲဒီ့ခ်စ္ျခင္းေမတၱာေတြကို အေလးအေပ့ါမႏွိုင္းပါနဲ႔။ တူညီေသာေမတၱာ ေပးတတ္ေအာင္သာ သင္ေပးပါလို႔ ကၽြန္မကို ေျပာတယ္။ ကၽြန္မ ေတာ္ေတာ္အံ့ၾသမိတယ္။ အဲဒီ့ေနာက္မွာ အေတြးမ်ားစြာ က်န္ခဲ့တယ္။

ကၽြန္မတို႔ ကေလးဘဝတုန္းကဆိုရင္ လူႀကီးေတာ္ေတာ္မ်ားမ်ား ေတြ႕ရင္ ေမးၾကတဲ့ ေမးခြန္းေလးေတြထဲက တစ္ခုက – အေမနဲ႔ အေဖ ဘယ္သူ႔ကို ပိုခ်စ္လဲ။

ကၽြန္မတို႔ ႀကီးလာတဲ့အခါ ကေလးေတြကို ရင္းႏွီးခ်င္တဲ့အခါ၊ ကေလးေတြနဲ႔ စကားေျပာၾကတဲ့အခါ ေမးၾကတဲ့ ေမးခြန္းေတြထဲက တစ္ခုကလည္း – အေမနဲ႔ အေဖ ဘယ္သူ႔ကို ပိုခ်စ္လဲ။ မိဘေတြကလည္း တစ္ခါတစ္ေလ သူတို႔ ကေလးေတြကို ေမးေလ့ရွိတယ္၊ ေမေမနဲ႔ ေဖေဖ – ဘယ္သူ႔ကို ပိုခ်စ္လဲ။ ဒီလိုေမးခြန္းေတြနဲ႔ ကၽြန္မတို႔က အသားက် ႀကီးျပင္းလာၾကတာဆိုေတာ့ ကၽြန္မတို႔အတြက္ သာမာန္ပဲလို႔ ထင္ျမင္လာၾကတယ္။

ကၽြန္မမိတ္ေဆြေျပာသလို ျပန္ေတြးၾကည့္ရင္ ကၽြန္မတို႔လူႀကီးေတြရဲ့ ေမးခြန္းေတြက တစ္ခါတစ္ေလ ကေလးေတြရဲ့ တန္ဖိုးထားမႈ၊ အသိုင္းအဝန္းကို ရႈျမင္မႈအေပၚ သက္ေရာက္မႈရွိတယ္။ ကေလးေတြငယ္စဥ္မွာ ဘယ္သူ႔ကို ပိုခ်စ္လဲဆိုတဲ့ ေမးခြန္းထက္ သူ႔အတြက္ မိဘႏွစ္ပါးစလုံးရဲ့ အေရးပါပုံေတြကို ရွင္းျပရမွာ။ ကေလးေတြရဲ့ ေဘးက လူေတြ၊ အရာဝတၱဳေတြ၊ သဘာတရားေတြကို ခ်စ္ျမတ္နိုးတတ္ေအာင္၊ တန္ဖိုးထားတတ္ေအာင္ သင္ေပးရမွာ။ ဘယ္အရာကို ပိုၿပီး ခ်စ္ၿပီး ဘယ္အရာကို ေလ်ာ့ခ်စ္ရမယ္ဆိုတာ သင္ရင္ ကေလးက ႏွိုင္းယွဥ္တတ္လာမယ္၊ ပိုခ်စ္ခံခ်င္လာမယ္၊ အတၱပိုႀကီးလာမယ္။
ဘယ္သူ႔ကို ပိုခ်စ္လဲဆိုတဲ့ ေမးခြန္းမ်ိဳးကို ေမးၿပီးအေျဖကိုၾကားတဲ့အခါ – ကိုယ့္ကို မခ်စ္ဘူး၊ အျခားတစ္ေယာက္ကို ပိုခ်စ္တယ္လို႔ ေျပာရင္ ဘယ္ေလာက္ စိတ္မေကာင္းျဖစ္ရမလဲ။ ကိုယ့္ကိုပိုခ်စ္ၿပီး အျခားတစ္ေယာက္ကို မခ်စ္ဘူးဆိုရင္လည္း အားနာပါးနာျဖစ္ရေသးတယ္။ ကေလးေတြအေနနဲ႔လည္း ေျဖရခက္ပါတယ္။

ကေလးေတြကိုေတြ႕ရင္ ဘယ္သူ႔ကို ပိုခ်စ္လဲဆိုတာ မေမးပါနဲ႔။ သူ႔ပတ္ဝန္းက်င္ကလူေတြကို တန္ဖိုးထားတတ္ေအာင္ သင္ေပးပါ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo Taken from – https://image.freepik.com/free-photo/happy-young-asian-parents-smiling_36984-248.jpg