[ Unicode ]
ကလေးတွေကို စာဖတ်ပြခြင်းဟာ ကလေးတွေအတွက် စကားလုံးကြွယ်ဝစေတယ်၊ နားလည်မှုစွမ်းရည်ကို မြှင့်တက်စေတယ်။ ငယ်စဉ်ကတည်းက စာဖတ်ချိန် ပုံမှန်ထားပြီး သေချာ စာဖတ်ပြခြင်းခံရတဲ့ ကလေးတွေရဲ့ စာပေစွမ်းရည်နဲ့ ဘာသာစကားစွမ်းရည်က၊ သူတို့နဲ့ အသက်အရွယ်တူပေမယ့် ရံဖန်ရံခါပဲ စာဖတ်လေ့ရှိတဲ့ ကလေးတွေထက် ၁၂လ စာ လောက် ရှေ့ရောက်နေတတ်တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ကလေးတွေကို စတင်ပြီး စာဖတ်ပြသင့်တဲ့အချိန်၊ စာဖတ်ပြပုံတွေကို မျှဝေပေးချင်ပါတယ်။
===> ဘယ်အချိန်မှာ စာ စဖတ်ပြသင့်လဲ။
သုတေသနတွေအရ ကလေးတွေကို စောစောစာဖတ်ပြလေလေ၊ ကလေးရဲ့ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကို ပိုအထောက်အကူပြုလေလေပါပဲ။ ကျွန်မကတော့ ကျွန်မနဲ့ သိတဲ့သူတွေကို ကိုယ်ဝန်ဆောင်ချိန်ကတည်းက စာကို စဖတ်ခိုင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ၂၃ ပတ်နဲ့ ၂၇ ပတ် ကြားမှာ ဗိုက်ထဲက ကလေးလေးက အသံမျိုးစုံကို စပြီးကြားနေပါပြီ။ ကလေးလေး ပထမဦးဆုံး သေသေချာချာ ကြားတာကတော့ မေမေတွေရဲ့ နှလုံးခုံသံပါ။ အဲဒီ့နောက်မှာ ဗိုက်အပြင်ဖက်က အခြား အသံတွေလည်း ကြားလာကြပါတယ်။
ကလေးလေး အကြားအာရုံစတင်ဖွံ့ဖြိုးလာတဲ့အတွက် ကလေးကို စကားတွေပြောပေးရမယ်၊ ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို မျှဝေပေးနိုင်တယ်၊ သူ့အတွက် သီချင်းတွေဆိုပြ၊ စာတွေဖတ်ပြရပါမယ်။ ဒီလို ကလေးနဲ့ ဆက်သွယ်ပေးခြင်းဟာ ကလေးလေးကြုံတွေ့နိုင်တဲ့ ခံစားချက်မျိုးစုံကို လှုံ့ဆော်ပေးပါတယ်။ ကိုယ့်ရဲ့ အသံလည်း ကြားရတဲ့အတွက် အသံကို မှတ်မိပြီး စာဖတ်ပြသူ၊ စကားပြောပေးသူတွေနဲ့ ပိုပြီး ရင်းနှီးမှု ရရှိတတ်ပါတယ်။ အဓိက ကတော့ ဘာသာစကားကြွယ်ဝဖို့၊ စာပေနဲ့ရင်းနှီးဖို့ ပိုပြီး အထောက်ကူပြုပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကလေးလေးအတွက် စာကောင်းပေကောင်းလေးတွေကို ပုံမှန်ဖတ်ပြပြီး၊ ကောင်းမွန်တဲ့ သဘောတရားတွေ၊ အတွေးအမြင်တွေကို သူနဲ့ ဆွေးနွေးပေးဖို့လိုပါတယ်။
အကယ်၍ ကိုယ်က ကလေးမွေးပြီးပြီဆိုလည်း သိတဲ့အချိန်ကနေ စပြီး စဖတ်ပါ။ အခုသိ အခု စဖတ်လိုက်ပါ။ စာဖတ်ခြင်းဟာ ဘယ်တော့မှမစောသလို ဘယ်တော့မှလည်း နောက်မကျပါဘူး။ အရွယ်ရောက်လာတဲ့ ကလေးအတွက် အကျင့်ဖြစ်အောင် စာဖတ်ပြဖို့က အချိန်ပိုယူတာတော့မှန်ပါတယ်။
===> ဘယ်လို စာအုပ်တွေ ဖတ်ပြမလဲ။
ကိုယ်မြင်ချင်တဲ့ ကလေး၊ ကိုယ်ဖြစ်စေချင်တဲ့ကလေးလေးဖြစ်ဖို့ ရည်ရွယ်ပြီး ရွေးချယ်နိုင်ပါတယ်။ မေတ္တာတရား အခြေခံတဲ့ စာအုပ်တွေ၊ အခက်အခဲတွေကို ကျော်လွှားမှုတွေပါတဲ့ စာအုပ်တွေ၊ ပျော်ရွှင်မှု ခင်မင်မှု လေးစားမှုစတဲ့ သဘောတရား အခြေခံစာအုပ်တွေ၊ စသဖြင့် အပြုသဘောဆောင်တဲ့ စာအုပ်တွေကို ဖတ်ဖို့တော့ ကျွန်မ တိုက်တွန်းလိုပါတယ်။ များသောအားဖြင့် Third Story Children Books ကို ကျွန်မ ဖတ်ခိုင်းပါတယ်။
===> စာဖတ်ပြရင် ဘယ်လို ဖတ်ပြမလဲ။
၁) စာဖတ်ချိန် သတ်မှတ်ပါ။ အိပ်ခါနီးဖတ်မလား၊ နေ့ပိုင်းမှာဖတ်မလား။
၂) စာဖတ်သံကလွဲရင် ကျန်တဲ့ အသံတွေမကြားအောင် ထားပါ။ တီဗွီတွေ၊ သီချင်းတွေပိတ်လိုက်ပါ။ ကိုယ့်အသံလေး၊ ကလေးတွေ ပီပီသသ ကြားအောင် ဖတ်ပြပါ။
၃) ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကလေးကို ပွတ်ပြီး ဖတ်ပြနိုင်သလို၊ ကလေးလေးတွေဆိုရင် ပွေ့ဖက်ပြီး ကလေးနဲ့ နီးကပ်စွာနေရင်း ဖတ်ပြပါ။
၄) အသံနေအသံထား၊ အမူအရာတွေနဲ့ ဖတ်ပြပါ။
၅) စာအုပ်အစ၊ လယ်၊ အဆုံး မေးခွန်းလေးတွေ မေးပါ။
၆) ကလေးတွေနဲ့ အတူတူ ဆွေးနွေးပါ။ ဗိုက်ထဲက ကလေးလေးအတွက်ဖတ်ပြရင် အပြင်မှာ ကလေးတစ်ယောက်ရှိသလို ကိုယ့်အမြင်လေးတွေပြောပြပေးပါ။
ဖြစ်နိုင်ရင် ဖေဖေတွေက ဖတ်ပြပြီး၊ မေမေနဲ့ ဖေဖေက ဒီစာအုပ်လေး အကြောင်း ဆွေးနွေးကြပါ။ ဆွေးနွေးတဲ့အခါ အပြန်အလှန် စနောက်နိုင်သလို၊ အပြုသဘော ချိုသာစွာ ဆွေးနွေးဖို့လည်းလိုပါတယ်။ မေတ္တာပြည့်၀တဲ့ ပျော်ရွှင်တဲ့ ကလေးလေးဖြစ်ဖို့ မိဘတွေဆီက ပထမဆုံးအကြိမ် သင်ယူနိုင်မယ့် အခွင့်အရေးပါ။
အချုပ်မှာ ပြောချင်တာက —- စာဖတ်တဲ့ အလေ့အကျင့်ဆိုတာ စောလွန်းတယ်၊ နောက်ကျလွန်းတယ်မရှိပါဘူး။ အစောဆုံး ကိုယ်ဝန်ဆောင်ချိန်ကနေ မသေခင်အထိ ဖတ်သင့်ပါတယ်။ ဖတ်တဲ့အခါ သုံးသပ်ဖို့၊ ခံစားနားလည်ဖို့၊ အနှစ်သာရထုတ်ယူဖို့၊ ချိတ်ဆက်သင်ယူဖို့ မမေ့ပါနဲ့။ ကလေးတွေ အရွယ်ရောက်လာမှ စာမလုပ်ဘူး၊ မသင်ယူဘူးဆိုပြီး မငြူစူပါနဲ့၊ မဆူပူပါနဲ့။ သူတို့ စာချစ်တတ်လာရင်၊ စာပေကို မြတ်နိုးလာရင်၊ သင်ယူမှုမှာ ပျော်မွှေ့တတ်လာရင် သူတို့ရဲ့ အချိန်တွေက သင်ယူမှုအတွက်၊ စာဖတ်ဖို့အတွက် အသုံးချလာမယ်လို့ ကျွန်မယုံကြည်တယ်။ ဒါကြောင့် ကျွန်မတို့က တတ်နိုင်သလောက် ပံ့ပိုးပေးဖို့လိုပါတယ်။
မေတ္တာဖြင့်….
Sayarma-ဆရာမ
ဓါတ်ပုံက – April လတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ စနောက်ပြီး ရိုက်ထားတာပါ။ ပုံအစစ်ရိုက်ခွင့်ရတဲ့အခါ ထပ်မျှဝေပါ့မယ်။
[ Zawgyi ]
ကေလးေတြကို စာဖတ္ျပျခင္းဟာ ကေလးေတြအတြက္ စကားလုံးႂကြယ္ဝေစတယ္၊ နားလည္မႈစြမ္းရည္ကို ျမႇင့္တက္ေစတယ္။ ငယ္စဥ္ကတည္းက စာဖတ္ခ်ိန္ ပုံမွန္ထားၿပီး ေသခ်ာ စာဖတ္ျပျခင္းခံရတဲ့ ကေလးေတြရဲ့ စာေပစြမ္းရည္နဲ႔ ဘာသာစကားစြမ္းရည္က၊ သူတို႔နဲ႔ အသက္အရြယ္တူေပမယ့္ ရံဖန္ရံခါပဲ စာဖတ္ေလ့ရွိတဲ့ ကေလးေတြထက္ ၁၂လ စာ ေလာက္ ေရွ႕ေရာက္ေနတတ္တယ္။ ဒါေၾကာင့္ ဒီတစ္ပတ္မွာ ကေလးေတြကို စတင္ၿပီး စာဖတ္ျပသင့္တဲ့အခ်ိန္၊ စာဖတ္ျပပုံေတြကို မၽွေဝေပးခ်င္ပါတယ္။
===> ဘယ္အခ်ိန္မွာ စာ စဖတ္ျပသင့္လဲ။
သုေတသနေတြအရ ကေလးေတြကို ေစာေစာစာဖတ္ျပေလေလ၊ ကေလးရဲ့ ဦးေႏွာက္ရဲ့ ဖြံ့ၿဖိဳးမႈကို ပိုအေထာက္အကူျပဳေလေလပါပဲ။ ကၽြန္မကေတာ့ ကၽြန္မနဲ႔ သိတဲ့သူေတြကို ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက စာကို စဖတ္ခိုင္းပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ၂၃ ပတ္နဲ႔ ၂၇ ပတ္ ၾကားမွာ ဗိုက္ထဲက ကေလးေလးက အသံမ်ိဳးစုံကို စၿပီးၾကားေနပါၿပီ။ ကေလးေလး ပထမဦးဆုံး ေသေသခ်ာခ်ာ ၾကားတာကေတာ့ ေမေမေတြရဲ့ ႏွလုံးခုံသံပါ။ အဲဒီ့ေနာက္မွာ ဗိုက္အျပင္ဖက္က အျခား အသံေတြလည္း ၾကားလာၾကပါတယ္။
ကေလးေလး အၾကားအာ႐ုံစတင္ဖြံ့ၿဖိဳးလာတဲ့အတြက္ ကေလးကို စကားေတြေျပာေပးရမယ္၊ ကိုယ့္ရဲ့ ခံစားခ်က္ေတြ၊ အေတြးေတြကို မၽွေဝေပးနိုင္တယ္၊ သူ႔အတြက္ သီခ်င္းေတြဆိုျပ၊ စာေတြဖတ္ျပရပါမယ္။ ဒီလို ကေလးနဲ႔ ဆက္သြယ္ေပးျခင္းဟာ ကေလးေလးၾကဳံေတြ႕နိုင္တဲ့ ခံစားခ်က္မ်ိဳးစုံကို လႈံ႔ေဆာ္ေပးပါတယ္။ ကိုယ့္ရဲ့ အသံလည္း ၾကားရတဲ့အတြက္ အသံကို မွတ္မိၿပီး စာဖတ္ျပသူ၊ စကားေျပာေပးသူေတြနဲ႔ ပိုၿပီး ရင္းႏွီးမႈ ရရွိတတ္ပါတယ္။ အဓိက ကေတာ့ ဘာသာစကားႂကြယ္ဝဖို႔၊ စာေပနဲ႔ရင္းႏွီးဖို႔ ပိုၿပီး အေထာက္ကူျပဳပါတယ္။ ဒါေၾကာင့္ ျဖစ္နိုင္ရင္ ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက ကေလးေလးအတြက္ စာေကာင္းေပေကာင္းေလးေတြကို ပုံမွန္ဖတ္ျပၿပီး၊ ေကာင္းမြန္တဲ့ သေဘာတရားေတြ၊ အေတြးအျမင္ေတြကို သူနဲ႔ ေဆြးေႏြးေပးဖို႔လိုပါတယ္။
အကယ္၍ ကိုယ္က ကေလးေမြးၿပီးၿပီဆိုလည္း သိတဲ့အခ်ိန္ကေန စၿပီး စဖတ္ပါ။ အခုသိ အခု စဖတ္လိုက္ပါ။ စာဖတ္ျခင္းဟာ ဘယ္ေတာ့မွမေစာသလို ဘယ္ေတာ့မွလည္း ေနာက္မက်ပါဘူး။ အရြယ္ေရာက္လာတဲ့ ကေလးအတြက္ အက်င့္ျဖစ္ေအာင္ စာဖတ္ျပဖို႔က အခ်ိန္ပိုယူတာေတာ့မွန္ပါတယ္။
===> ဘယ္လို စာအုပ္ေတြ ဖတ္ျပမလဲ။
ကိုယ္ျမင္ခ်င္တဲ့ ကေလး၊ ကိုယ္ျဖစ္ေစခ်င္တဲ့ကေလးေလးျဖစ္ဖို႔ ရည္ရြယ္ၿပီး ေရြးခ်ယ္နိုင္ပါတယ္။ ေမတၱာတရား အေျခခံတဲ့ စာအုပ္ေတြ၊ အခက္အခဲေတြကို ေက်ာ္လႊားမႈေတြပါတဲ့ စာအုပ္ေတြ၊ ေပ်ာ္ရႊင္မႈ ခင္မင္မႈ ေလးစားမႈစတဲ့ သေဘာတရား အေျခခံစာအုပ္ေတြ၊ စသျဖင့္ အျပဳသေဘာေဆာင္တဲ့ စာအုပ္ေတြကို ဖတ္ဖို႔ေတာ့ ကၽြန္မ တိုက္တြန္းလိုပါတယ္။ မ်ားေသာအားျဖင့္ Third Story Children Books ကို ကၽြန္မ ဖတ္ခိုင္းပါတယ္။
===> စာဖတ္ျပရင္ ဘယ္လို ဖတ္ျပမလဲ။
၁) စာဖတ္ခ်ိန္ သတ္မွတ္ပါ။ အိပ္ခါနီးဖတ္မလား၊ ေန႔ပိုင္းမွာဖတ္မလား။
၂) စာဖတ္သံကလြဲရင္ က်န္တဲ့ အသံေတြမၾကားေအာင္ ထားပါ။ တီဗြီေတြ၊ သီခ်င္းေတြပိတ္လိုက္ပါ။ ကိုယ့္အသံေလး၊ ကေလးေတြ ပီပီသသ ၾကားေအာင္ ဖတ္ျပပါ။
၃) ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဗိုက္ကေလးကို ပြတ္ၿပီး ဖတ္ျပနိုင္သလို၊ ကေလးေလးေတြဆိုရင္ ေပြ႕ဖက္ၿပီး ကေလးနဲ႔ နီးကပ္စြာေနရင္း ဖတ္ျပပါ။
၄) အသံေနအသံထား၊ အမူအရာေတြနဲ႔ ဖတ္ျပပါ။
၅) စာအုပ္အစ၊ လယ္၊ အဆုံး ေမးခြန္းေလးေတြ ေမးပါ။
၆) ကေလးေတြနဲ႔ အတူတူ ေဆြးေႏြးပါ။ ဗိုက္ထဲက ကေလးေလးအတြက္ဖတ္ျပရင္ အျပင္မွာ ကေလးတစ္ေယာက္ရွိသလို ကိုယ့္အျမင္ေလးေတြေျပာျပေပးပါ။
ျဖစ္နိုင္ရင္ ေဖေဖေတြက ဖတ္ျပၿပီး၊ ေမေမနဲ႔ ေဖေဖက ဒီစာအုပ္ေလး အေၾကာင္း ေဆြးေႏြးၾကပါ။ ေဆြးေႏြးတဲ့အခါ အျပန္အလွန္ စေနာက္နိုင္သလို၊ အျပဳသေဘာ ခ်ိဳသာစြာ ေဆြးေႏြးဖို႔လည္းလိုပါတယ္။ ေမတၱာျပည့္၀တဲ့ ေပ်ာ္ရႊင္တဲ့ ကေလးေလးျဖစ္ဖို႔ မိဘေတြဆီက ပထမဆုံးအႀကိမ္ သင္ယူနိုင္မယ့္ အခြင့္အေရးပါ။
အခ်ဳပ္မွာ ေျပာခ်င္တာက —- စာဖတ္တဲ့ အေလ့အက်င့္ဆိုတာ ေစာလြန္းတယ္၊ ေနာက္က်လြန္းတယ္မရွိပါဘူး။ အေစာဆုံး ကိုယ္ဝန္ေဆာင္ခ်ိန္ကေန မေသခင္အထိ ဖတ္သင့္ပါတယ္။ ဖတ္တဲ့အခါ သုံးသပ္ဖို႔၊ ခံစားနားလည္ဖို႔၊ အႏွစ္သာရထုတ္ယူဖို႔၊ ခ်ိတ္ဆက္သင္ယူဖို႔ မေမ့ပါနဲ႔။ ကေလးေတြ အရြယ္ေရာက္လာမွ စာမလုပ္ဘူး၊ မသင္ယူဘူးဆိုၿပီး မျငဴစူပါနဲ႔၊ မဆူပူပါနဲ႔။ သူတို႔ စာခ်စ္တတ္လာရင္၊ စာေပကို ျမတ္နိုးလာရင္၊ သင္ယူမႈမွာ ေပ်ာ္ေမႊ႕တတ္လာရင္ သူတို႔ရဲ့ အခ်ိန္ေတြက သင္ယူမႈအတြက္၊ စာဖတ္ဖို႔အတြက္ အသုံးခ်လာမယ္လို႔ ကၽြန္မယုံၾကည္တယ္။ ဒါေၾကာင့္ ကၽြန္မတို႔က တတ္နိုင္သေလာက္ ပံ့ပိုးေပးဖို႔လိုပါတယ္။
ေမတၱာျဖင့္….
Sayarma-ဆရာမ
ဓါတ္ပုံက – April လတုန္းက သူငယ္ခ်င္းတစ္ေယာက္နဲ႔ စေနာက္ၿပီး ရိုက္ထားတာပါ။ ပုံအစစ္ရိုက္ခြင့္ရတဲ့အခါ ထပ္မၽွေဝပါ့မယ္။