[ Unicode ]
ကျွန်မ လွန်ခဲ့တဲ့ တစ်ပတ်က အန္ဒိယနိုင်ငံကို အပြည်ပြည်ဆိုင်ရာ လူမှုယှက်နွယ်ဗုဒ္ဓဘာသာဝင်များ၏ ညီလာခံတက်ရောက်ဖို့ သွားခဲ့ပါတယ်။ လူမှုယှက်နွယ် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ စကားလုံးကတော့ ဗုဒ္ဓဘာသာအမည်ခံပြီး ဘာသာရေးက သက်သက်၊ လူမှုရေးကသက်သက်ဆိုတာမျိုး မဟုတ်ဘဲ၊ ဗုဒ္ဓ၏ တရားဓမ္မ သင်ကြားမှုများကို နေ့စဉ်ဘဝ လူမှုဘဝမှာ ပြန်လည် လက်တွေ့အသုံးချပြီး ပိုမိုကောင်းမွန်သော လူသားများဖြစ်စေရန်ရည်ရွယ်ပါတယ်။ လူမှုယှက်နွယ် ဗုဒ္ဓဘာသာကို ယုံကြည်ကြသော မတူညီတဲ့ ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာကတော့ ကျွန်မအတွက် မဟာအခွင့်အရေးပါပဲ။ ဒီညီလာခံကနေ ကျွန်မ သင်ယူခဲ့ရတာတွေထဲက ၃ ချက်ကို ဝေမျှပေးချင်ပါတယ်။
၁) စိတ်ကို ဥယျဉ်အလားပြုစုပါ။
အန္ဒိယနိုင်ငံမှာ သာသနာပြုနေတဲ့ ဆရာလေးPalmoရဲ့ သင်ပြမှုလေးပါ။ စိတ်ကို ဥယျာဉ်တစ်ခုအဖြစ် ရှုမြင်ပါ။ ဥယျာဉ်ထဲမှာ ကိုယ်ပွင့်ဖူးစေချင်တဲ့ ပန်းလေးတွေရှိသလို၊ မလိုလားအပ်တဲ့ ပေါင်းပင်တွေလည်း ရှိတတ်တယ်။ ဥယျာဉ်အတွက် မလိုလားအပ်တဲ့ အပင်တွေ၊ အမှိုက်တွေကို ဖယ်ရှားဖို့ ဥယျာဉ်မှူးတွေကလုပ်ရမယ်။ မလိုအပ်တဲ့အပြင် ကောင်းမွန်တဲ့ ပန်းပင်၊ သီးပင်၊ စားပင်တွေရဲ့ ဖွံ့ဖြိုးမှုကို နှေးကွေးစေမယ့်အရာတွေကို ရှင်းထုတ်ရပါတယ်။ ကျွန်မတို့ စိတ်ကိုလည်း ထိုနည်းလည်းကောင်းပဲ မကောင်းတဲ့အတွေးတွေများလာရင် ကောင်းတဲ့စိတ်လေး ညှိုးငယ်လာပြီး နည်းပါးလာလိမ့်မယ်။ ကောင်းတဲ့ အတွေး၊ မေတ္တာစိတ်၊ ဂရုဏာစိတ်တွေ မွေးနိုင်အောင်ကြိုးစားရမယ်။ ကိုယ်တိုင်ရော ကလေးတွေကိုပါ တစ်နေ့တာ ဘာတွေ ကောင်းတာလုပ်ခဲ့သလဲ၊ ဘယ်သူ့ကို ကူညီခဲ့သလဲ စတဲ့မေးခွန်းတွေ မေးတာမျိုး၊ မေတ္တာသုတ်ရွတ်ယုံတင်မကဘူး – လူတိုင်းအပေါ် အကောင်းမြင်တတ်အောင်၊ ကိစ္စရပ်တွေမှာ အပြုသဘောတွေးတတ်အောင် လေ့ကျင့် သင်ယူသင့်ပါတယ်။
၂) ခွေးလိုထက် ခြင်္သေ့လို ဖြေရှင်းပါ။
ကိုရီးယားနိုင်ငံက ဆရာတော်ကြီးရဲ့ ဥပမာလေးပါ။ ပစ္စည်းတစ်ခုခု၊ စားစရာတစ်ခုခုကို ခွေးဆီကို ပစ်လိုက်တဲ့အခါ ခွေးက ပစ်လိုက်တဲ့ ပစ္စည်း (သို့) အစားအစာဆီကို ပြေးတယ်။ ထို့နည်းအတူ ပစ္စည်းတစ်ခုခု၊ စားစရာတစ်ခုခုကို ခြင်္သေ့ဆီကို ပစ်လိုက်ရင် ခြင်္သေ့က ပစ်တဲ့သူနောက်ကိုလိုက်တယ်တဲ့။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ပြသနာတွေကို ဖြေရှင်းတဲ့အခါ ခွေးလိုမကျင့်ဘဲ၊ ခြင်္သေ့လို ပြုကျင့်ရမယ်တဲ့။ ဆိုလိုချင်တာကတော့ ပြဿနာဖြစ်လာရင် ဖြစ်လာတဲ့ ပြဿနာကိုပဲ ကြည့်ပြီး စိတ်ခံစားနေတာမျိုးမလုပ်ဘဲ အဲဒီ့ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းကိုရှာရမယ်၊ အကြောင်းအရင်းကိုသိပြီး ဖြေရှင်းမှ နောက် ဒီလို ပုံစံတူ ပြဿနာမျိုး မဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ကလေးတွေဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ် ပြဿနာတွေကိုကြုံတဲ့အခါ၊ အမှားလုပ်မိတဲ့အခါ ဘာကြောင့် ပြဿနာဖြစ်ရသလဲ၊ ဘယ်လိုကြောင့် မှားသွားတာလဲဆိုတာကို မြင်အောင် ကြည့်ပြီး အရင်းမြစ်ကို ရှာဖွေ ဖြေရှင်းတတ်အောင် သင်ပေးသင့်ပါတယ်။
၃) သေဖို့အတွက် ပြင်ဆင်ပါ။
ညီလာခံရဲ့ ဆွေးနွေးဝိုင်းတစ်ခုမှာ အသက်ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအကြောင်းကို ဆွေးနွေးကြတယ်။ ထိုင်းက ဆရာတော်တစ်ပါးက ဆေးရုံတွေမှာ လူနာတွေအတွက် ဗုဒ္ဓနည်းကျ နှစ်သိမ့်ဆွေးနွေးပြီး သေခြင်းတရားအတွက် ပြင်ဆင်ပေးတာတွေလေ့လာဖြစ်တယ်။ ဂျပန်က ဘုန်းတော်ကြီးတစ်ပါးကလည်း ကိုယ့်ကိုကိုယ်သက်သေနှုန်းမြင့်နေတဲ့ ဂျပန်နိုင်ငံမှာ ဖုန်းနဲ့ သို့မဟုတ် ဆွေးနွေးဝိုင်းအသေးလေးတွေကနေ လူငယ်တွေကို ဗုဒ္ဓတရားအခြေခံသော နှစ်သိမ့်ဆွေးနွေးမှုတွေ၊ စိတ်အပန်းဖြေရေးအစီအစဉ်တွေလုပ်ပေးတယ်ဆိုတာ သိခဲ့ရတယ်။ နောက်ဆုံး အစီစဉ်မှာ အမေရိကန်နိုင်ငံသူ သီလရှင်က ကျွန်မတို့ကို သေဖို့အတွက် အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတယ်။ သူက ကျွန်မတို့ကို မေးတယ် – ကိုယ်သေပြီးတဲ့အခါ ကိုယ့်အကြောင်းကို လူတွေက ဘယ်လိုတွေ၊ ဘာတွေ ပြောစေချင်သလဲတဲ့။ ပြီးတော့ ကျွန်မတို့ကို တစ်နည်းနည်းနဲ့ ရုတ်တရက် သေဆုံးသွားခဲ့ရင် နောင်တရစရာတွေရှိနေမလား၊ အဆင်သင့်ဖြစ်ပြီဆိုတဲ့ ခံစားချက်ရှိနေမလား ဆိုတာတွေ စဉ်းစားခိုင်းတယ်။ အဲဒီ့လိုတွေ စဉ်းစားပြီးတဲ့အခါ တိုတောင်းတဲ့ကာလအတွင်းမှာ တန်ဖိုးရှိတာ၊ အဓိပ္ပါယ်ရှိတာ၊ နောင်တမရစေမှာတွေကိုပဲ ကျွန်မ ဦးစားပေးပြီး လုပ်ချင်တော့တယ်။ သေခြင်းဆိုတာ နေ့တိုင်းဖြစ်နိုင်တဲ့အတွက် ဒီနေ့သာ သေမယ်ဆိုရင် အဓိက ဘာတွေလုပ်မလဲဆိုတာ နေ့စဉ်တွေးရင်း ကောင်းသော လုပ်ငန်းနဲ့ မေတ္တာဂရုဏာရှေ့ထားရတဲ့ လုပ်ငန်းတွေကိုရှေးရှုတတ်အောင် သင်ယူပါ။
ဒီညီလာခံကို ဆရာတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံခြင်းဖြင့် ဖွင့်တယ်။ သင်ယူခြင်းတွေနဲ့ အဆုံးသတ်တယ်။ အဖွင့်တရားမှာ မတူညီသော ဘယ်လို ဗုဒ္ဓဘာသာ အယူအဆတွေကိုပဲ လက်ခံကျင့်သုံးနေနေ၊ မေတ္တာ၊ ဂရုဏာထားပြီးတော့ ကောင်းသောအတွေးတွေ၊ သင်ယူမှုတွေ၊ ကျင့်သုံးမှုတွေအတွက် စိတ်ကို ဖွင့်ထားရမယ်ဆိုတာ သိလိုက်ရပြီး ညီလာခံ တစ်လျှောက်လုံး ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာပေါင်းစုံအကြောင်း နည်းနည်းစီ လေ့လာသင်ယူခွင့်ရခဲ့ရလို့ကျေနပ်မိတယ်။ ကျွန်မသင်ယူခဲ့ရတဲ့ သင်ယူမှုတွေသည် စာဖတ်သူတွေ၏ ပိုကောင်းမွန်မြင့်မြတ်သော ဘဝများအတွက် အထောက်အပံ့ဖြစ်ပါစေ။
မေတ္တာဖြင့်…….
Sayarma-ဆရာမ
မှတ်ချက်။ ။ ဓါတ်ပုံကတော့ ညီလာခံမှာ ကျွန်မရဲ့ အမြင်တွေကို အများရှေ့မှာ ဝေမျှခွင့်ရခဲ့ချိန်က ရိုက်ထားတဲ့ပုံလေးပါ။
[ Zawgyi ]
ကၽြန္မ လြန္ခဲ့တဲ့ တစ္ပတ္က အႏၵိယနိုင္ငံကို အျပည္ျပည္ဆိုင္ရာ လူမႈယွက္ႏြယ္ဗုဒၶဘာသာဝင္မ်ား၏ ညီလာခံတက္ေရာက္ဖို႔ သြားခဲ့ပါတယ္။ လူမႈယွက္ႏြယ္ ဗုဒၶဘာသာဝင္ ဆိုတဲ့ စကားလုံးကေတာ့ ဗုဒၶဘာသာအမည္ခံၿပီး ဘာသာေရးက သက္သက္၊ လူမႈေရးကသက္သက္ဆိုတာမ်ိဳး မဟုတ္ဘဲ၊ ဗုဒၶ၏ တရားဓမၼ သင္ၾကားမႈမ်ားကို ေန႔စဥ္ဘဝ လူမႈဘဝမွာ ျပန္လည္ လက္ေတြ႕အသုံးခ်ၿပီး ပိုမိုေကာင္းမြန္ေသာ လူသားမ်ားျဖစ္ေစရန္ရည္ရြယ္ပါတယ္။ လူမႈယွက္ႏြယ္ ဗုဒၶဘာသာကို ယုံၾကည္ၾကေသာ မတူညီတဲ့ ကမၻာတစ္ဝွမ္းက ဗုဒၶဘာသာဝင္ေတြနဲ႔ ေတြ႕ဆုံခြင့္ရခဲ့တာကေတာ့ ကၽြန္မအတြက္ မဟာအခြင့္အေရးပါပဲ။ ဒီညီလာခံကေန ကၽြန္မ သင္ယူခဲ့ရတာေတြထဲက ၃ ခ်က္ကို ေဝမၽွေပးခ်င္ပါတယ္။
၁) စိတ္ကို ဥယ်ဥ္အလားျပဳစုပါ။
အႏၵိယနိုင္ငံမွာ သာသနာျပဳေနတဲ့ ဆရာေလးPalmoရဲ့ သင္ျပမႈေလးပါ။ စိတ္ကို ဥယ်ာဥ္တစ္ခုအျဖစ္ ရႈျမင္ပါ။ ဥယ်ာဥ္ထဲမွာ ကိုယ္ပြင့္ဖူးေစခ်င္တဲ့ ပန္းေလးေတြရွိသလို၊ မလိုလားအပ္တဲ့ ေပါင္းပင္ေတြလည္း ရွိတတ္တယ္။ ဥယ်ာဥ္အတြက္ မလိုလားအပ္တဲ့ အပင္ေတြ၊ အမွိုက္ေတြကို ဖယ္ရွားဖို႔ ဥယ်ာဥ္မႉးေတြကလုပ္ရမယ္။ မလိုအပ္တဲ့အျပင္ ေကာင္းမြန္တဲ့ ပန္းပင္၊ သီးပင္၊ စားပင္ေတြရဲ့ ဖြံ့ၿဖိဳးမႈကို ေႏွးေကြးေစမယ့္အရာေတြကို ရွင္းထုတ္ရပါတယ္။ ကၽြန္မတို႔ စိတ္ကိုလည္း ထိုနည္းလည္းေကာင္းပဲ မေကာင္းတဲ့အေတြးေတြမ်ားလာရင္ ေကာင္းတဲ့စိတ္ေလး ညႇိုးငယ္လာၿပီး နည္းပါးလာလိမ့္မယ္။ ေကာင္းတဲ့ အေတြး၊ ေမတၱာစိတ္၊ ဂ႐ုဏာစိတ္ေတြ ေမြးနိုင္ေအာင္ႀကိဳးစားရမယ္။ ကိုယ္တိုင္ေရာ ကေလးေတြကိုပါ တစ္ေန႔တာ ဘာေတြ ေကာင္းတာလုပ္ခဲ့သလဲ၊ ဘယ္သူ႔ကို ကူညီခဲ့သလဲ စတဲ့ေမးခြန္းေတြ ေမးတာမ်ိဳး၊ ေမတၱာသုတ္ရြတ္ယုံတင္မကဘူး – လူတိုင္းအေပၚ အေကာင္းျမင္တတ္ေအာင္၊ ကိစၥရပ္ေတြမွာ အျပဳသေဘာေတြးတတ္ေအာင္ ေလ့က်င့္ သင္ယူသင့္ပါတယ္။
၂) ေခြးလိုထက္ ျခေသၤ့လို ေျဖရွင္းပါ။
ကိုရီးယားနိုင္ငံက ဆရာေတာ္ႀကီးရဲ့ ဥပမာေလးပါ။ ပစၥည္းတစ္ခုခု၊ စားစရာတစ္ခုခုကို ေခြးဆီကို ပစ္လိုက္တဲ့အခါ ေခြးက ပစ္လိုက္တဲ့ ပစၥည္း (သို႔) အစားအစာဆီကို ေျပးတယ္။ ထို႔နည္းအတူ ပစၥည္းတစ္ခုခု၊ စားစရာတစ္ခုခုကို ျခေသၤ့ဆီကို ပစ္လိုက္ရင္ ျခေသၤ့က ပစ္တဲ့သူေနာက္ကိုလိုက္တယ္တဲ့။ ကၽြန္မတို႔ရဲ့ ေန႔စဥ္ဘဝမွာ ျပသနာေတြကို ေျဖရွင္းတဲ့အခါ ေခြးလိုမက်င့္ဘဲ၊ ျခေသၤ့လို ျပဳက်င့္ရမယ္တဲ့။ ဆိုလိုခ်င္တာကေတာ့ ျပႆနာျဖစ္လာရင္ ျဖစ္လာတဲ့ ျပႆနာကိုပဲ ၾကည့္ၿပီး စိတ္ခံစားေနတာမ်ိဳးမလုပ္ဘဲ အဲဒီ့ျပႆနာျဖစ္ရတဲ့ အေၾကာင္းအရင္းကိုရွာရမယ္၊ အေၾကာင္းအရင္းကိုသိၿပီး ေျဖရွင္းမွ ေနာက္ ဒီလို ပုံစံတူ ျပႆနာမ်ိဳး မျဖစ္လာနိုင္မွာျဖစ္ပါတယ္။ ကေလးေတြျဖစ္ျဖစ္ ကိုယ္တိုင္ျဖစ္ျဖစ္ ျပႆနာေတြကိုၾကဳံတဲ့အခါ၊ အမွားလုပ္မိတဲ့အခါ ဘာေၾကာင့္ ျပႆနာျဖစ္ရသလဲ၊ ဘယ္လိုေၾကာင့္ မွားသြားတာလဲဆိုတာကို ျမင္ေအာင္ ၾကည့္ၿပီး အရင္းျမစ္ကို ရွာေဖြ ေျဖရွင္းတတ္ေအာင္ သင္ေပးသင့္ပါတယ္။
၃) ေသဖို႔အတြက္ ျပင္ဆင္ပါ။
ညီလာခံရဲ့ ေဆြးေႏြးဝိုင္းတစ္ခုမွာ အသက္ရွင္သန္ျခင္းနဲ႔ ေသဆုံးျခင္းအေၾကာင္းကို ေဆြးေႏြးၾကတယ္။ ထိုင္းက ဆရာေတာ္တစ္ပါးက ေဆး႐ုံေတြမွာ လူနာေတြအတြက္ ဗုဒၶနည္းက် ႏွစ္သိမ့္ေဆြးေႏြးၿပီး ေသျခင္းတရားအတြက္ ျပင္ဆင္ေပးတာေတြေလ့လာျဖစ္တယ္။ ဂ်ပန္က ဘုန္းေတာ္ႀကီးတစ္ပါးကလည္း ကိုယ့္ကိုကိုယ္သက္ေသႏႈန္းျမင့္ေနတဲ့ ဂ်ပန္နိုင္ငံမွာ ဖုန္းနဲ႔ သို႔မဟုတ္ ေဆြးေႏြးဝိုင္းအေသးေလးေတြကေန လူငယ္ေတြကို ဗုဒၶတရားအေျခခံေသာ ႏွစ္သိမ့္ေဆြးေႏြးမႈေတြ၊ စိတ္အပန္းေျဖေရးအစီအစဥ္ေတြလုပ္ေပးတယ္ဆိုတာ သိခဲ့ရတယ္။ ေနာက္ဆုံး အစီစဥ္မွာ အေမရိကန္နိုင္ငံသူ သီလရွင္က ကၽြန္မတို႔ကို ေသဖို႔အတြက္ အဆင္သင့္ျဖစ္ၿပီလားဆိုတဲ့ေခါင္းစဥ္နဲ႔ ေဆြးေႏြးတယ္။ သူက ကၽြန္မတို႔ကို ေမးတယ္ – ကိုယ္ေသၿပီးတဲ့အခါ ကိုယ့္အေၾကာင္းကို လူေတြက ဘယ္လိုေတြ၊ ဘာေတြ ေျပာေစခ်င္သလဲတဲ့။ ၿပီးေတာ့ ကၽြန္မတို႔ကို တစ္နည္းနည္းနဲ႔ ႐ုတ္တရက္ ေသဆုံးသြားခဲ့ရင္ ေနာင္တရစရာေတြရွိေနမလား၊ အဆင္သင့္ျဖစ္ၿပီဆိုတဲ့ ခံစားခ်က္ရွိေနမလား ဆိုတာေတြ စဥ္းစားခိုင္းတယ္။ အဲဒီ့လိုေတြ စဥ္းစားၿပီးတဲ့အခါ တိုေတာင္းတဲ့ကာလအတြင္းမွာ တန္ဖိုးရွိတာ၊ အဓိပၸါယ္ရွိတာ၊ ေနာင္တမရေစမွာေတြကိုပဲ ကၽြန္မ ဦးစားေပးၿပီး လုပ္ခ်င္ေတာ့တယ္။ ေသျခင္းဆိုတာ ေန႔တိုင္းျဖစ္နိုင္တဲ့အတြက္ ဒီေန႔သာ ေသမယ္ဆိုရင္ အဓိက ဘာေတြလုပ္မလဲဆိုတာ ေန႔စဥ္ေတြးရင္း ေကာင္းေသာ လုပ္ငန္းနဲ႔ ေမတၱာဂ႐ုဏာေရွ႕ထားရတဲ့ လုပ္ငန္းေတြကိုေရွးရႈတတ္ေအာင္ သင္ယူပါ။
ဒီညီလာခံကို ဆရာေတာ္ႀကီး ဒလိုင္းလားမားနဲ႔ ေတြ႕ဆုံျခင္းျဖင့္ ဖြင့္တယ္။ သင္ယူျခင္းေတြနဲ႔ အဆုံးသတ္တယ္။ အဖြင့္တရားမွာ မတူညီေသာ ဘယ္လို ဗုဒၶဘာသာ အယူအဆေတြကိုပဲ လက္ခံက်င့္သုံးေနေန၊ ေမတၱာ၊ ဂ႐ုဏာထားၿပီးေတာ့ ေကာင္းေသာအေတြးေတြ၊ သင္ယူမႈေတြ၊ က်င့္သုံးမႈေတြအတြက္ စိတ္ကို ဖြင့္ထားရမယ္ဆိုတာ သိလိုက္ရၿပီး ညီလာခံ တစ္ေလၽွာက္လုံး ကမၻာတစ္ဝွမ္းက ဗုဒၶဘာသာေပါင္းစုံအေၾကာင္း နည္းနည္းစီ ေလ့လာသင္ယူခြင့္ရခဲ့ရလို႔ေက်နပ္မိတယ္။ ကၽြန္မသင္ယူခဲ့ရတဲ့ သင္ယူမႈေတြသည္ စာဖတ္သူေတြ၏ ပိုေကာင္းမြန္ျမင့္ျမတ္ေသာ ဘဝမ်ားအတြက္ အေထာက္အပံ့ျဖစ္ပါေစ။
ေမတၱာျဖင့္…….
Sayarma-ဆရာမ
မွတ္ခ်က္။ ။ ဓါတ္ပုံကေတာ့ ညီလာခံမွာ ကၽြန္မရဲ့ အျမင္ေတြကို အမ်ားေရွ႕မွာ ေဝမၽွခြင့္ရခဲ့ခ်ိန္က ရိုက္ထားတဲ့ပုံေလးပါ။