[ Unicode ]
သြစတျေးလျနိုင်ငံ မဲလ်ဘုန်းမြို့က မူလတန်းစာသင်ကျောင်းလေးတစ်ကျောင်းမှာ ၂ တန်းကလေးတွေကို သင်ပေးခဲ့ဖူးတယ်။ စာသင်ခန်းထဲမှာ ကလေးတွေက လူမျိုးအစုံ။ ကျွန်မ စာသင်ခန်းထဲမှာ ကမ္ဘောဒီးယားကနေ သြစီမိသားစုက မွေးစားလို့ ရောက်လာတဲ့ မယ်ရီ (နာမည်လွှဲ) ဆိုတဲ့ ကောင်မလေးရှိတယ်။ ကလေးတွေအားလုံး တက်ကြွကြပြီး သင်ရတာ ပျော်ဖို့ကောင်းခဲ့တယ်။ ဒါပေမယ့် အတန်းထဲမှာ မယ်ရီက သူများပစ္စည်းတွေယူတဲ့အကြောင်း ခဏခဏ လာတိုင်ကြတယ်။ အတန်းပိုင်ဆရာမရော ကျွန်မရော ခေါင်းစားကြတာပေါ့။ ကလေးကို ဆရာမက ခေါ်ပြီးဘာလို့ သူများ ပစ္စည်းတွေ ယူတာလဲဆိုတဲ့အကြောင်း နှစ်ယောက်ထဲခေါ်တွေ့ပြီးမေးတယ်။ နားထောင်ပေးတယ်။ ဒါပေမယ့် မယ်ရီလေးက လုပ်မြဲလုပ်ဆဲပဲ။
ကျွန်မကလည်း အတန်းထဲမှာ ပစ္စည်းတိုင်းကို ပိုင်ရှင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်ဖိုးထားဖို့ ပုံပြင်လေးတွေ ပြောပြဖြစ်တယ်။ တစ်နေ့မှာ မယ်ရီက ပစ္စည်းလေးတစ်ခု ပြုတ်ကျတာကို ကောက်တင်လိုက်တာ ကျွန်မတွေ့လိုက်တယ်။ အဲဒါနဲ့ အားလုံးကြားအောင် မယ်ရီက သူများပစ္စည်းကို ကောက်တင်တာ တော်ကြောင်း ပြောပြီး ကျောက်သင်ပုန်းပေါ်မှာ မယ်ရီ့နာမည်ရေးထားလိုက်တယ်။ ကျွန်မရဲ့ စာသင်ခန်းမှာ ညံ့သူ၊ ဆိုးသူတွေရဲ့ နာမည်ထက် လုပ်ငန်းဆောင်တာ တော်သူ၊ ထူးချွန်သူတွေနာမည်ကို ကျောက်သင်ပုန်းပေါ်မှာ နေ့တိုင်း မှတ်တမ်းတင်လေ့ရှိပါတယ်။ ကျွန်မ မယ်ရီ့နာမည်ရေးလိုက်ပြီးချိန် သူ့မျက်နှာလေးမှာ ပြုံးနေတာ မရပ်တော့တာ ကျွန်မ သတိထားမိတယ်။
အဲဒီ့နောက်ပိုင်း ဘာပစ္စည်းတွေ့တွေ့ သူက ကျွန်မကို လာပေးတယ်။ ကျွန်မကလည်း သူ့နာမည်ကို ကျောက်သင်ပုန်းပေးမှာ ရေးပြီး အားလုံးရှေ့မှာ ချီးကျူးတယ်။ ကျန်တဲ့ကလေးတွေကိုလည်း ကောင်းတဲ့အပြုအမူတွေလုပ်တိုင်းမှာ ထိုနည်းတူစွာ ကျွန်မလုပ်ဖြစ်တယ်။ ဒီလိုနဲ့ ကျွန်မတို့တစ်တွေ ဆရာတပည့်ထက် သူငယ်ချင်းတွေလိုဖြစ်လာခဲ့တယ်။ မယ်ရီလေးသူများပစ္စည်းယူလို့ တိုင်ခံရတဲ့ ကိစ္စလည်း ဖြစ်မလာခဲ့တော့ပါဘူး။
ဒီ ဖြစ်ရပ်ကလေးကို ကျွန်မ သိပ်သဘောကျမိသလို အမြဲ အားလုံးနဲ့ ဝေမျှဖြစ်တယ်။ ဘာလို့လည်းဆိုရင် ကျွန်မတို့တစ်တွေက ကလေးတွေကို တော်စေချင်၊ တတ်စေချင်ကြတယ်။ အဲဒီ့အခါ ပြုပြင်စရာလိုနေတဲ့အချက်တွေ၊ အားနည်းတယ်ထင်တယ်ဆိုတဲ့အရာတွေ၊ ညံ့နေတယ်လို့ တွေးမိတယ်အကြောင်းအရာတွေအပေါ် ဖိပြီး ပြုပြင်ပေးချင်ကြတယ်။ ညံ့တာတွေ၊ မကောင်းတာတွေ ဖယ်မှ ပိုကောင်းသွားမယ်လို့ ယုံကြည်တာကိုး။
ကျွန်မအမြင်ကတော့ လိုအပ်တဲ့နေရာတွေကို ပြင်ဖို့ ပြောင်းဖို့ လိုအပ်သလို ကောင်းတဲ့အရာတွေကိုလည်း ဖိပြီး လုပ်စေသင့်တယ်။ ရှိနေတဲ့ အားသာချက်တွေကိုလည်း ပိုမြင်သာလာအောင် လုပ်ပေးသင့်တယ်။ လုပ်ဆောင်ချက်ကောင်းတွေကို အများရှေ့မှာ အသိမှတ်ပြုပေးသင့်တယ်။ ကျွန်မတို့ ဆီမှာက ပြောင်းပြန်။ ဆူစရာရှိ၊ ဆုံးမစရာရှိရင် လူရှေ့ သူရှေ့ကို ဆူတယ်၊ ဆုံးမတယ်၊ တစ်ခါတစ်လေ ရှက်အောင် ရိုက်တာတွေဘာတွေလုပ်လိုက်တယ်။
တစ်ကယ်တော့ ကလေးတွေရဲ့ အပြုအမူတွေကောင်းစေဖို့ ကိုယ်လုပ်စေချင်တဲ့ အပြုအမူကောင်းတွေ တွေ့ရင် ဒီလုပ်ရပ်ဟာ ချီးကျူးထိုက်တယ်ဆိုတာ ပြုလုပ်သူရော၊ ပတ်ဝန်းကျင်ကသူတွေရောသိအောင် ပြုလုပ်သင့်တယ်။ ဒါမှလည်း ကောင်းတဲ့အပြုအမူတွေဟာ တိုးပွါးလာမှာဖြစ်တယ်၊ ကောင်းတဲ့အပြုအမူဟာ ဂုဏ်ယူစရာကောင်းတယ်ဆိုတာသိလာမယ်။
ဒီတစ်ပတ်မှာ ကျွန်မ ပေးချင်တဲ့ အမှတ်တရ စကားလေးကတော့ – ဖြစ်လိုသည်ကို သင်ပေးပါ – ဖြစ်ပါတယ်။ ကလေးကိုပဲဖြစ်ဖြစ်၊ ကိုယ့်ဝန်ထမ်းကိုပဲဖြစ်ဖြစ်၊ အလုပ်ခွင်က သူငယ်ချင်းကိုပဲဖြစ်ဖြစ် ကိုယ်ဖြစ်စေချင်တဲ့အလုပ်၊ ကောင်းမွန်တဲ့အမူအကျင့်၊ မွန်မြတ်တဲ့လုပ်ဆောင်မှုတွေ တွေ့မြင်ရရင် လုပ်ဆောင်သူရော၊ ဘေးပတ်ဝန်းကျင်မှာ သိအောင် အသိမှတ်ပြုပေးပါ။ အားလုံး ဖြစ်လိုသည်ကို သင်ပေးနိုင်သူတွေ ဖြစ်ကြပါစေ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
Photo Credit to – https://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=2ahUKEwjLzLTO6Y_mAhXKTX0KHTI0BRkQjRx6BAgBEAQ&url=https%3A%2F%2Fwww.peaceathomeparenting.com%2Fnecc%2F&psig=AOvVaw1yGXtPnPz1bsWpkeyHmdb4&ust=1575129969819293
[ Zawgyi ]
ၾသစေတ်းလ်နိုင္ငံ မဲလ္ဘုန္းၿမိဳ႕က မူလတန္းစာသင္ေက်ာင္းေလးတစ္ေက်ာင္းမွာ ၂ တန္းကေလးေတြကို သင္ေပးခဲ့ဖူးတယ္။ စာသင္ခန္းထဲမွာ ကေလးေတြက လူမ်ိဳးအစုံ။ ကၽြန္မ စာသင္ခန္းထဲမွာ ကေမၻာဒီးယားကေန ၾသစီမိသားစုက ေမြးစားလို႔ ေရာက္လာတဲ့ မယ္ရီ (နာမည္လႊဲ) ဆိုတဲ့ ေကာင္မေလးရွိတယ္။ ကေလးေတြအားလုံး တက္ႂကြၾကၿပီး သင္ရတာ ေပ်ာ္ဖို႔ေကာင္းခဲ့တယ္။ ဒါေပမယ့္ အတန္းထဲမွာ မယ္ရီက သူမ်ားပစၥည္းေတြယူတဲ့အေၾကာင္း ခဏခဏ လာတိုင္ၾကတယ္။ အတန္းပိုင္ဆရာမေရာ ကၽြန္မေရာ ေခါင္းစားၾကတာေပါ့။ ကေလးကို ဆရာမက ေခၚၿပီးဘာလို႔ သူမ်ား ပစၥည္းေတြ ယူတာလဲဆိုတဲ့အေၾကာင္း ႏွစ္ေယာက္ထဲေခၚေတြ႕ၿပီးေမးတယ္။ နားေထာင္ေပးတယ္။ ဒါေပမယ့္ မယ္ရီေလးက လုပ္ျမဲလုပ္ဆဲပဲ။
ကၽြန္မကလည္း အတန္းထဲမွာ ပစၥည္းတိုင္းကို ပိုင္ရွင္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ တန္ဖိုးထားဖို႔ ပုံျပင္ေလးေတြ ေျပာျပျဖစ္တယ္။ တစ္ေန႔မွာ မယ္ရီက ပစၥည္းေလးတစ္ခု ျပဳတ္က်တာကို ေကာက္တင္လိုက္တာ ကၽြန္မေတြ႕လိုက္တယ္။ အဲဒါနဲ႔ အားလုံးၾကားေအာင္ မယ္ရီက သူမ်ားပစၥည္းကို ေကာက္တင္တာ ေတာ္ေၾကာင္း ေျပာၿပီး ေက်ာက္သင္ပုန္းေပၚမွာ မယ္ရီ့နာမည္ေရးထားလိုက္တယ္။ ကၽြန္မရဲ့ စာသင္ခန္းမွာ ညံ့သူ၊ ဆိုးသူေတြရဲ့ နာမည္ထက္ လုပ္ငန္းေဆာင္တာ ေတာ္သူ၊ ထူးခၽြန္သူေတြနာမည္ကို ေက်ာက္သင္ပုန္းေပၚမွာ ေန႔တိုင္း မွတ္တမ္းတင္ေလ့ရွိပါတယ္။ ကၽြန္မ မယ္ရီ့နာမည္ေရးလိုက္ၿပီးခ်ိန္ သူ႔မ်က္ႏွာေလးမွာ ျပဳံးေနတာ မရပ္ေတာ့တာ ကၽြန္မ သတိထားမိတယ္။
အဲဒီ့ေနာက္ပိုင္း ဘာပစၥည္းေတြ႕ေတြ႕ သူက ကၽြန္မကို လာေပးတယ္။ ကၽြန္မကလည္း သူ႔နာမည္ကို ေက်ာက္သင္ပုန္းေပးမွာ ေရးၿပီး အားလုံးေရွ႕မွာ ခ်ီးက်ဴးတယ္။ က်န္တဲ့ကေလးေတြကိုလည္း ေကာင္းတဲ့အျပဳအမူေတြလုပ္တိုင္းမွာ ထိုနည္းတူစြာ ကၽြန္မလုပ္ျဖစ္တယ္။ ဒီလိုနဲ႔ ကၽြန္မတို႔တစ္ေတြ ဆရာတပည့္ထက္ သူငယ္ခ်င္းေတြလိုျဖစ္လာခဲ့တယ္။ မယ္ရီေလးသူမ်ားပစၥည္းယူလို႔ တိုင္ခံရတဲ့ ကိစၥလည္း ျဖစ္မလာခဲ့ေတာ့ပါဘူး။
ဒီ ျဖစ္ရပ္ကေလးကို ကၽြန္မ သိပ္သေဘာက်မိသလို အျမဲ အားလုံးနဲ႔ ေဝမၽွျဖစ္တယ္။ ဘာလို႔လည္းဆိုရင္ ကၽြန္မတို႔တစ္ေတြက ကေလးေတြကို ေတာ္ေစခ်င္၊ တတ္ေစခ်င္ၾကတယ္။ အဲဒီ့အခါ ျပဳျပင္စရာလိုေနတဲ့အခ်က္ေတြ၊ အားနည္းတယ္ထင္တယ္ဆိုတဲ့အရာေတြ၊ ညံ့ေနတယ္လို႔ ေတြးမိတယ္အေၾကာင္းအရာေတြအေပၚ ဖိၿပီး ျပဳျပင္ေပးခ်င္ၾကတယ္။ ညံ့တာေတြ၊ မေကာင္းတာေတြ ဖယ္မွ ပိုေကာင္းသြားမယ္လို႔ ယုံၾကည္တာကိုး။
ကၽြန္မအျမင္ကေတာ့ လိုအပ္တဲ့ေနရာေတြကို ျပင္ဖို႔ ေျပာင္းဖို႔ လိုအပ္သလို ေကာင္းတဲ့အရာေတြကိုလည္း ဖိၿပီး လုပ္ေစသင့္တယ္။ ရွိေနတဲ့ အားသာခ်က္ေတြကိုလည္း ပိုျမင္သာလာေအာင္ လုပ္ေပးသင့္တယ္။ လုပ္ေဆာင္ခ်က္ေကာင္းေတြကို အမ်ားေရွ႕မွာ အသိမွတ္ျပဳေပးသင့္တယ္။ ကၽြန္မတို႔ ဆီမွာက ေျပာင္းျပန္။ ဆူစရာရွိ၊ ဆုံးမစရာရွိရင္ လူေရွ႕ သူေရွ႕ကို ဆူတယ္၊ ဆုံးမတယ္၊ တစ္ခါတစ္ေလ ရွက္ေအာင္ ရိုက္တာေတြဘာေတြလုပ္လိုက္တယ္။
တစ္ကယ္ေတာ့ ကေလးေတြရဲ့ အျပဳအမူေတြေကာင္းေစဖို႔ ကိုယ္လုပ္ေစခ်င္တဲ့ အျပဳအမူေကာင္းေတြ ေတြ႕ရင္ ဒီလုပ္ရပ္ဟာ ခ်ီးက်ဴးထိုက္တယ္ဆိုတာ ျပဳလုပ္သူေရာ၊ ပတ္ဝန္းက်င္ကသူေတြေရာသိေအာင္ ျပဳလုပ္သင့္တယ္။ ဒါမွလည္း ေကာင္းတဲ့အျပဳအမူေတြဟာ တိုးပြါးလာမွာျဖစ္တယ္၊ ေကာင္းတဲ့အျပဳအမူဟာ ဂုဏ္ယူစရာေကာင္းတယ္ဆိုတာသိလာမယ္။
ဒီတစ္ပတ္မွာ ကၽြန္မ ေပးခ်င္တဲ့ အမွတ္တရ စကားေလးကေတာ့ – ျဖစ္လိုသည္ကို သင္ေပးပါ – ျဖစ္ပါတယ္။ ကေလးကိုပဲျဖစ္ျဖစ္၊ ကိုယ့္ဝန္ထမ္းကိုပဲျဖစ္ျဖစ္၊ အလုပ္ခြင္က သူငယ္ခ်င္းကိုပဲျဖစ္ျဖစ္ ကိုယ္ျဖစ္ေစခ်င္တဲ့အလုပ္၊ ေကာင္းမြန္တဲ့အမူအက်င့္၊ မြန္ျမတ္တဲ့လုပ္ေဆာင္မႈေတြ ေတြ႕ျမင္ရရင္ လုပ္ေဆာင္သူေရာ၊ ေဘးပတ္ဝန္းက်င္မွာ သိေအာင္ အသိမွတ္ျပဳေပးပါ။ အားလုံး ျဖစ္လိုသည္ကို သင္ေပးနိုင္သူေတြ ျဖစ္ၾကပါေစ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ
Photo Credit to – https://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=2ahUKEwjLzLTO6Y_mAhXKTX0KHTI0BRkQjRx6BAgBEAQ&url=https%3A%2F%2Fwww.peaceathomeparenting.com%2Fnecc%2F&psig=AOvVaw1yGXtPnPz1bsWpkeyHmdb4&ust=1575129969819293