[Unicode]
ကျွန်မ လေ့လာ သင်ယူနေတဲ့ Coaching အစီအစဉ်တွေနဲ့သာမာန် နေ့စဉ် စကားဝိုင်းတွေမှာ အကောင်းဆုံးရလဒ်ရဖို့ ကိုယ်နဲ့ စကားပြောတဲ့သူကို ဖြစ်နိုင်စွမ်းနဲ့ အပြုသဘောကို အဓိကထားပြီးပြောဖို့ ဆရာက အမြဲ အားပေးတယ်။ ကျွန်မတို့ လူ့သဘာဝ အရ တော်တော်များများမှာ သူများအကြောင်း အတင်းတုတ်ရတာ၊ ငြီးတွားရတာ၊ မဟုတ်တာကို အဟုတ် – မရှိတာကို အရှိ ပြောရတာ ပိုလွယ်ကြတယ်။ အဲဒီ့လိုစကားဝိုင်းတွေက ကိုယ့်ကို အမှန်တစ်ကယ် ပျော်ရွှင်စေတာမျိုး မဟုတ်ဘူး။ ဖြစ်နိုင်ခြေတွေကို စဉ်းစားပြီး ဖြစ်အောင် လုပ်ဖို့ ဆွေးနွေးကြတာ၊ ဖြစ်လာတဲ့ အခက်အခဲတွေအပေါ် အပြုသဘောသုံးသပ်ကြတာ၊ ဘဝကို အပြုသဘော ရှုမြင်နိုင်အောင် စကားပြောကြတာတွေက ပိုပြီးထိရောက်စေတယ်တဲ့။ ဒီနေ့ ကျွန်မ ဆွေးနွေးချင်တဲ့ အကြောင်းက ပျော်ရွှင်တဲ့ ကလေးတွေအဖြစ် ပြုစု ပျိုးထောင်ဖို့ ဖြစ်နိုင်စွမ်းနဲ့ အပြုသဘောတို့ရဲ့ ယှဉ်တွဲနိယာမကို ဘယ်လို အသုံးချမလဲဆိုတာပါပဲ။
Possibility (ဖြစ်နိုင်ချေ၊ ဖြစ်နိုင်စွမ်း)
– ကလေးတွေကို သင်ပြပေးတဲ့အခါ လက်တွေ့ဘဝမှာ အသုံးပြုနိုင်ခြေရှိတဲ့ အရာတွေနဲ့ ချိတ်ဆက်သင်ပေးရင် ကလေးတွေအတွက် သင်ယူရတာ ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။ သူတို့ သင်ယူနေရတဲ့ အရာတွေဟာ စာမေးပွဲအောင်ရုံ၊ အတန်းတက်ရုံတင်မဟုတ်ဘဲ လက်တွေ့ဘဝရဲ့ ဘယ်လို ကဏ္ဍတွေမှာ အသုံးပြုနိုင်မယ်ဆိုတာ မြင်နိုင်မယ်၊ ချိတ်ဆက်နိုင်မယ်ဆိုရင် ပေါ့ပေါ့တွေးတတ်တဲ့ အကျင့်တွေ လျော့လာပါလိမ့်မယ်။
– ကလေးတွေကို ပြုပြင်စေချင်တဲ့ အရာတွေ ရှိမှာပါ။ ပြုပြင်စေချင်လို့ အကြံဉာဏ်တွေပေးတဲ့အခါ သူတို့ရဲ့ လက်ရှိအခြေအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အကြံပြုမှုမျိုးကိုပေးသင့်ပါတယ်။ လက်ရှိအခြေအနေထက် အလှမ်းဝေးလွန်းတဲ့ အကြံပြုချက်တွေ၊ မျှော်မှန်းချက်တွေကို အပြုသဘောမဆောင်ဘဲ ပြောတဲ့အခါ ကလေးတွေက ပညာသင်ယူမှုမှာ စိတ်ဖိစီးလာတတ်ပါတယ်။ ဒါကြောင့် စာစစ်တဲ့အခါတောင် အမှားမှန်သမျှ အကုန်မှင်နီနဲ့ လိုက်ဝိုင်းတာထက်၊ အခုသင်ခန်းစာနဲ့သက်ဆိုင်တဲ့ အမှားကိုသာ ဝိုင်းပြီး တစ်ဆင့်ချင်း တိုးတက်လာအောင်ကူညီပေးဖို့လိုပါတယ်။
– ဖြစ်နိုင်ချေဟာ မဖြစ်နိုင်တဲ့အရာကို အတင်းမတိုက်တွန်းတာလို့လည်း အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ မဖြစ်နိုင်တဲ့အရာတွေထဲမှာ ကျောင်းသား၊သူတွေအားလုံး တန်းတူဖြစ်နေခြင်း၊ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် ထပ်တူကျနေခြင်းတွေလည်းပါဝင်ပါတယ်။ ကလေးတွေရဲ့ စာမေးပွဲ အမှတ်တွေ တူကောင်းတူနိုင်မယ်၊ ကလေးတွေရဲ့ နောက်ခံအခြေအနေ၊ ဝါသနာ နဲ့ သင်ယူမှုပုံစံတွေက မတူညီနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို အခြားကလေးတစ်ယောက်လို ပြုမူနေထိုင်ဖို့ ဆုံးမခြင်း မပြုလုပ်စေချင်ပါ။ ကလေးကို တိုးတက်စေချင်တယ်ဆိုရင် သူများနဲ့ နှိုင်းယှဉ်တာထက် မနေ့ကသူနဲ့ ဒီနေ့သူ၊ ဒီနေ့သူနဲ့ မနက်ဖြန်သူ မတူအောင်၊ ပိုတိုးတက်လာအောင် ပြုလုပ်ဖို့ ဖြစ်နိုင်ချေရှိမယ့် ကြိုးစားနည်းတွေ သင်ပေးပါ။
– မိဘတွေရော ဆရာ၊မတွေရော မမေ့ဖို့က ကိုယ့်ရဲ့ ကလေး၊ တပည့်ကို ချစ်လို့ ဆုံးမတဲ့အခါ၊ သင်ပြတဲ့အခါ ကလေးတွေရဲ့ လက်ခံနိုင်စွမ်း၊ ဖြစ်နိုင်ချေရှိမှု၊ သူတို့ အရွယ်နဲ့ကိုက်ညီမှု စတာတွေအပေါ်မှာ မူတည်ပြီးမှ ဆုံးမသွန်သင်ဖို့ပါ။
Positivity (အပြုသဘော)
– ကျွန်မတို့ ဘဝမှာ အရာအားလုံးဟာ အကောင်းကြည့်ပဲဖြစ်ကြတာမဟုတ်ပါဘူး။ အကောင်း၊ အဆိုး၊ အောင်မြင်မှု၊ ကျရှုံးမှု၊ အမှား၊အမှန် အားလုံး ဒွန်တွဲနေကြတာပါ။ ဒါကြောင့်ကလေးတွေကို မတူညီတဲ့အရာတွေအပေါ် အပြုသဘောတွေးတတ်ဖို့က ကောင်းတာဖြစ်လာတဲ့အပေါ်မှာရော၊ ဆိုးတာဖြစ်လာတဲ့အခါမှာရော သင်ယူမှု ယူတတ်အောင် သင်ပေးဖို့ပါ။ ကလေးတွေ မှန်လာတဲ့အခါ ချီးကျူးကြတယ်။ တော်လိုက်တာ လို့ပြောကြတယ်။ ဒါနဲ့တက်မလုံလောက်ပါဘူး။ ဘယ်လိုခွန်အားစိုက်ထုတ်ပြီး ဘယ်နေရာတွေမှာ ဘယ်လို လုပ်လို့ တော်လိုက်တာဆိုတဲ့ ကိုယ်ဖြစ်စေချင်တဲ့ အပြုသဘောလုပ်ရပ်ကို ထည့်သွင်းပြောဆိုပြီးမှ ချီးကျူးရင် ဘယ်အပြုအမူက ဆက်လုပ်သင့်တယ်ဆိုတာ တစ်ခါတည်း မြင်သာသွားပါတယ်။ အမှားဖြစ်လာတဲ့အခါမှာလည်း အပြုံးမပျက်ဘဲ ဘယ်လိုအကြောင်းရင်းကြောင့်မှားသွားတယ်ဆိုတာ နားလည်အောင် လုပ်ပြီး ဘယ်လိုလုပ်ရပ်ကြောင့် မှားသွားတယ်၊ ဒါကြောင့် ဒါမျိုးထပ်မမှားအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ တစ်ခါတည်း ဆွေးနွေးဖို့လိုပါတယ်။ မှားတဲ့အခါ နာမည်တပ်ပြီး အဲဒီ့သူမှားကြောင်းလုပ်တာဟာ ကလေးကို အပြုသဘောခံစားမှုမရစေဘဲ ပိုမိုစိုးရွားစေမှာပါ။
– ကလေးတွေကို အကြံပြုချက်တွေပေးတဲ့အခါ၊ လုပ်စေချင်တဲ့အရာတွေပြောတဲ့အခါ – “—-မလုပ်ရ။…….ခွင့်မပြု” စတဲ့ မလုပ်စေချင်တဲ့အရာတွေကို အသုံးပြုတာထက် လုပ်စေချင်တဲ့ အချက်၊ စည်းမျဉ်းကို တိုက်ရိုက် ညှိနိုှင်းတာ၊ ဆွေးနွေးတာက ပိုထိရောက်ပါတယ်။ အကြောင်းက ကလေးတွေဟာ နောက်က မလုပ်ရ၊ ခွင့်မပြု စတဲ့ စကားလုံးတွေထက် ရှေ့က ကြိယာတွေ စကားလုံးတွေကို ပိုပြီး မှတ်သားလွယ်တဲ့အတွက် ကျွန်မတို့ ဖြစ်စေချင်တာထက် ဆန့်ကျင်ဘက်အရာတွေ ဖြစ်နိုင်စွမ်းပိုများပါတယ်။
– ကလေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးတတ်ဖို့ မိဘဖြစ်ဖြစ်၊ ဆရာဖြစ်ဖြစ် ကိုယ်တိုင်ကလည်း အပြုသဘောဆောင်နေမှ ရပါတယ်။ ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်က လူကြီးတွေကို ကြည့်ရင်း ကြီးပြင်းလာကြတယ််။ သူတို့သဘောကျတဲ့လူကြီးတွေလို ပြုမူကြတယ်၊ လိုက်လုပ်ကြတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ပြဿနာတွေ အခက်အခဲတွေရှိလာတဲ့အခါ သင်ယူစရာရှာကြည့်ပြီး နောက်ထပ် ပုံစံတူ မဖြစ်အောင် ဘယ်လို ပြင်ဆင်မလဲ၊ ဆက်လုပ်မလဲဆိုတာကို စဉ်းစားပြီး ဖြေရှင်းသင့်ပါတယ်။ အိမ်မှာ တစ်ခါတစ်လေ မိဘတွေ အချင်းချင်း အပြန်အလှန် စကားပြောပုံ၊ ဆက်ဆံပုံတွေက လည်း အများကြီး သက်ရောက်မှုရှိပါတယ်။ အချို့မိဘတွေက တစ်ခုခုဆို ဆဲလိုက်ရမှ ဆိုရင် ကလေးဟာ အပြုသဘောစကားလုံးတွေထပ် ကြမ်းတဲ့စကားလုံးတွေကို သုံးဖို့ ပိုအလားလာများပါတယ်။
ကျွန်မအမြင်မှာတော့ Possibility နဲ့ Positivity က ကလေးတွေအတွက် တင်မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းချင်း စကားပြောတဲ့အခါမှာ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း နဲ့ အဆင်မပြေတဲ့ အခြေအနေတွေကိုပဲ ပြောနေမှာထက်စာရင် အပြုသဘောဆောင်တဲ့ စကားဝိုင်းတွေ၊ ဖြစ်လာတဲ့ အခက်အခဲတွေအပေါ် သင်ယူမှုတွေ အတူတူ သုံးသပ်ခြင်းတွေ နဲ့ ဖြစ်နိုင်ချေရှိတဲ့ လုပ်ရပ်တွေကို ဦးစားပေးပြီး ဆွေးနွေးကြရင် ပိုပြီး အောင်မြင်ပျော်ရွှင်ကြမယ့်သူတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။
ကိုယ်တိုင်လည်း ပျော်ရွှင်အောင်မြင်ချင်တယ်၊ ကလေးတွေကိုလည်း အောင်မြင်ပျော်ရွှင်စေချင်တယ်ဆိုရင် ကလေးတွေကို အပြုသဘောဆောင်အောင်၊ ဖြစ်နိုင်ချေကို စဉ်းစားပြီး လက်တွေ့ကျကျ ပြုမူတတ်အောင် သင်ပေးဖို့၊ ပမာပြဖို့လိုအပ်ပါတယ်။ အားလုံး လက်တွေ့ကျကျ အပြုသဘောဆောင်ပြီး သင်ကြားသင်ယူမှုဖြစ်စဉ်တွေကို ပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်…..
မေတ္တာဖြင့်…….
Sayarma-ဆရာမ
Photo Credit to https://www.merriam-webster.com/words-at-play/positivity-is-a-word
[Zawgyi]
ကၽြန္မ ေလ့လာ သင္ယူေနတဲ့ Coaching အစီအစဥ္ေတြနဲ႕သာမာန္ ေန႕စဥ္ စကားဝိုင္းေတြမွာ အေကာင္းဆံုးရလဒ္ရဖုိ႕ ကိုယ္နဲ႕ စကားေျပာတဲ့သူကို ျဖစ္နုိင္စြမ္းနဲ႕ အျပဳသေဘာကို အဓိကထားျပီးေျပာဖုိ႕ ဆရာက အျမဲ အားေပးတယ္။ ကၽြန္မတုိ႕ လူ႕သဘာဝ အရ ေတာ္ေတာ္မ်ားမ်ားမွာ သူမ်ားအေၾကာင္း အတင္းတုတ္ရတာ၊ ျငီးတြားရတာ၊ မဟုတ္တာကို အဟုတ္ – မရွိတာကို အရွိ ေျပာရတာ ပိုလြယ္ၾကတယ္။ အဲဒီ့လိုစကားဝိုင္းေတြက ကိုယ့္ကို အမွန္တစ္ကယ္ ေပ်ာ္ရႊင္ေစတာမ်ိဳး မဟုတ္ဘူး။ ျဖစ္နုိင္ေျခေတြကို စဥ္းစားျပီး ျဖစ္ေအာင္ လုပ္ဖုိ႕ ေဆြးေႏြးၾကတာ၊ ျဖစ္လာတဲ့ အခက္အခဲေတြအေပၚ အျပဳသေဘာသံုးသပ္ၾကတာ၊ ဘဝကို အျပဳသေဘာ ရွဳျမင္နုိင္ေအာင္ စကားေျပာၾကတာေတြက ပိုျပီးထိေရာက္ေစတယ္တဲ့။ ဒီေန႕ ကၽြန္မ ေဆြးေႏြးခ်င္တဲ့ အေၾကာင္းက ေပ်ာ္ရႊင္တဲ့ ကေလးေတြအျဖစ္ ျပဳစု ပ်ိဳးေထာင္ဖို႕ ျဖစ္နုိင္စြမ္းနဲ႕ အျပဳသေဘာတုိ႕ရဲ႕ ယွဥ္တြဲနိယာမကို ဘယ္လို အသံုးခ်မလဲဆိုတာပါပဲ။
Possibility (ျဖစ္နုိင္ေခ်၊ ျဖစ္နုိင္စြမ္း)
– ကေလးေတြကို သင္ျပေပးတဲ့အခါ လက္ေတြ႕ဘဝမွာ အသံုးျပဳနုိင္ေျခရွိတဲ့ အရာေတြနဲ႕ ခ်ိတ္ဆက္သင္ေပးရင္ ကေလးေတြအတြက္ သင္ယူရတာ ပိုအဓိပၸါယ္ရွိလာပါလိမ့္မယ္။ သူတုိ႕ သင္ယူေနရတဲ့ အရာေတြဟာ စာေမးပြဲေအာင္ရံု၊ အတန္းတက္ရံုတင္မဟုတ္ဘဲ လက္ေတြ႕ဘဝရဲ႕ ဘယ္လို က႑ေတြမွာ အသံုးျပဳနုိင္မယ္ဆိုတာ ျမင္နုိင္မယ္၊ ခ်ိတ္ဆက္နုိင္မယ္ဆိုရင္ ေပါ့ေပါ့ေတြးတတ္တဲ့ အက်င့္ေတြ ေလ်ာ့လာပါလိမ့္မယ္။
– ကေလးေတြကို ျပဳျပင္ေစခ်င္တဲ့ အရာေတြ ရွိမွာပါ။ ျပဳျပင္ေစခ်င္လုိ႕ အၾကံဥာဏ္ေတြေပးတဲ့အခါ သူတုိ႕ရဲ႕ လက္ရွိအေျခအေနနဲ႕ ျဖစ္နုိင္ေခ်ရွိတဲ့ အၾကံျပဳမွဳမ်ိဳးကိုေပးသင့္ပါတယ္။ လက္ရွိအေျခအေနထက္ အလွမ္းေဝးလြန္းတဲ့ အၾကံျပဳခ်က္ေတြ၊ ေမွ်ာ္မွန္းခ်က္ေတြကို အျပဳသေဘာမေဆာင္ဘဲ ေျပာတဲ့အခါ ကေလးေတြက ပညာသင္ယူမွဳမွာ စိတ္ဖိစီးလာတတ္ပါတယ္။ ဒါေၾကာင့္ စာစစ္တဲ့အခါေတာင္ အမွားမွန္သမွ် အကုန္မွင္နီနဲ႕ လုိက္ဝိုင္းတာထက္၊ အခုသင္ခန္းစာနဲ႕သက္ဆိုင္တဲ့ အမွားကိုသာ ဝိုင္းျပီး တစ္ဆင့္ခ်င္း တုိးတက္လာေအာင္ကူညီေပးဖုိ႕လိုပါတယ္။
– ျဖစ္နုိင္ေခ်ဟာ မျဖစ္နုိင္တဲ့အရာကို အတင္းမတုိက္တြန္းတာလို႕လည္း အဓိပၸါယ္ေကာက္ယူနုိင္ပါတယ္။ မျဖစ္နုိင္တဲ့အရာေတြထဲမွာ ေက်ာင္းသား၊သူေတြအားလံုး တန္းတူျဖစ္ေနျခင္း၊ ေက်ာင္းသားတစ္ေယာက္နဲ႕တစ္ေယာက္ ထပ္တူက်ေနျခင္းေတြလည္းပါဝင္ပါတယ္။ ကေလးေတြရဲ႕ စာေမးပြဲ အမွတ္ေတြ တူေကာင္းတူနုိင္မယ္၊ ကေလးေတြရဲ႕ ေနာက္ခံအေျခအေန၊ ဝါသနာ နဲ႕ သင္ယူမွဳပံုစံေတြက မတူညီနိုင္ပါဘူး။ ဒါေၾကာင့္ ကေလးေတြကို အျခားကေလးတစ္ေယာက္လို ျပဳမူေနထုိင္ဖုိ႕ ဆံုးမျခင္း မျပဳလုပ္ေစခ်င္ပါ။ ကေလးကို တုိးတက္ေစခ်င္တယ္ဆိုရင္ သူမ်ားနဲ႕ နွဳိင္းယွဥ္တာထက္ မေန႕ကသူနဲ႕ ဒီေန႕သူ၊ ဒီေန႕သူနဲ႕ မနက္ျဖန္သူ မတူေအာင္၊ ပိုတိုးတက္လာေအာင္ ျပဳလုပ္ဖုိ႕ ျဖစ္နုိင္ေခ်ရွိမယ့္ ၾကိဳးစားနည္းေတြ သင္ေပးပါ။
– မိဘေတြေရာ ဆရာ၊မေတြေရာ မေမ႕ဖုိ႕က ကိုယ့္ရဲ႕ ကေလး၊ တပည့္ကို ခ်စ္လို႕ ဆံုးမတဲ့အခါ၊ သင္ျပတဲ့အခါ ကေလးေတြရဲ႕ လက္ခံနုိင္စြမ္း၊ ျဖစ္နုိင္ေခ်ရွိမွဳ၊ သူတုိ႕ အရြယ္နဲ႕ကိုက္ညီမွဳ စတာေတြအေပၚမွာ မူတည္ျပီးမွ ဆံုးမသြန္သင္ဖုိ႕ပါ။
Positivity (အျပဳသေဘာ)
– ကၽြန္မတုိ႕ ဘဝမွာ အရာအားလံုးဟာ အေကာင္းၾကည့္ပဲျဖစ္ၾကတာမဟုတ္ပါဘူး။ အေကာင္း၊ အဆိုး၊ ေအာင္ျမင္မွဳ၊ က်ရွံဳးမွဳ၊ အမွား၊အမွန္ အားလံုး ဒြန္တြဲေနၾကတာပါ။ ဒါေၾကာင့္ကေလးေတြကို မတူညီတဲ့အရာေတြအေပၚ အျပဳသေဘာေတြးတတ္ဖို႕က ေကာင္းတာျဖစ္လာတဲ့အေပၚမွာေရာ၊ ဆိုးတာျဖစ္လာတဲ့အခါမွာေရာ သင္ယူမွဳ ယူတတ္ေအာင္ သင္ေပးဖုိ႕ပါ။ ကေလးေတြ မွန္လာတဲ့အခါ ခ်ီးက်ဴးၾကတယ္။ ေတာ္လုိက္တာ လုိ႕ေျပာၾကတယ္။ ဒါနဲ႕တက္မလံုေလာက္ပါဘူး။ ဘယ္လိုခြန္အားစိုက္ထုတ္ျပီး ဘယ္ေနရာေတြမွာ ဘယ္လို လုပ္လို႕ ေတာ္လုိက္တာဆိုတဲ့ ကိုယ္ျဖစ္ေစခ်င္တဲ့ အျပဳသေဘာလုပ္ရပ္ကို ထည့္သြင္းေျပာဆိုျပီးမွ ခ်ီးက်ဴးရင္ ဘယ္အျပဳအမူက ဆက္လုပ္သင့္တယ္ဆိုတာ တစ္ခါတည္း ျမင္သာသြားပါတယ္။ အမွားျဖစ္လာတဲ့အခါမွာလည္း အျပံဳးမပ်က္ဘဲ ဘယ္လိုအေၾကာင္းရင္းေၾကာင့္မွားသြားတယ္ဆိုတာ နားလည္ေအာင္ လုပ္ျပီး ဘယ္လိုလုပ္ရပ္ေၾကာင့္ မွားသြားတယ္၊ ဒါေၾကာင့္ ဒါမ်ိဳးထပ္မမွားေအာင္ ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတာ တစ္ခါတည္း ေဆြးေႏြးဖုိ႕လိုပါတယ္။ မွားတဲ့အခါ နာမည္တပ္ျပီး အဲဒီ့သူမွားေၾကာင္းလုပ္တာဟာ ကေလးကို အျပဳသေဘာခံစားမွဳမရေစဘဲ ပိုမိုစိုးရြားေစမွာပါ။
– ကေလးေတြကို အၾကံျပဳခ်က္ေတြေပးတဲ့အခါ၊ လုပ္ေစခ်င္တဲ့အရာေတြေျပာတဲ့အခါ – “—-မလုပ္ရ။…….ခြင့္မျပဳ” စတဲ့ မလုပ္ေစခ်င္တဲ့အရာေတြကို အသံုးျပဳတာထက္ လုပ္ေစခ်င္တဲ့ အခ်က္၊ စည္းမ်ဥ္းကို တုိက္ရိုက္ ညွိနုိွင္းတာ၊ ေဆြးေႏြးတာက ပိုထိေရာက္ပါတယ္။ အေၾကာင္းက ကေလးေတြဟာ ေနာက္က မလုပ္ရ၊ ခြင့္မျပဳ စတဲ့ စကားလံုးေတြထက္ ေရွ႕က ၾကိယာေတြ စကားလံုးေတြကို ပိုျပီး မွတ္သားလြယ္တဲ့အတြက္ ကၽြန္မတို႕ ျဖစ္ေစခ်င္တာထက္ ဆန္႕က်င္ဘက္အရာေတြ ျဖစ္နုိင္စြမ္းပိုမ်ားပါတယ္။
– ကေလးေတြကို အျပဳသေဘာေဆာင္တဲ့ အေတြးေတြ ေတြးတတ္ဖုိ႕ မိဘျဖစ္ျဖစ္၊ ဆရာျဖစ္ျဖစ္ ကိုယ္တိုင္ကလည္း အျပဳသေဘာေဆာင္ေနမွ ရပါတယ္။ ကေလးေတြဟာ သူတို႕ပတ္ဝန္းက်င္က လူၾကီးေတြကို ၾကည့္ရင္း ၾကီးျပင္းလာၾကတယ္္။ သူတို႕သေဘာက်တဲ့လူၾကီးေတြလုိ ျပဳမူၾကတယ္၊ လုိက္လုပ္ၾကတယ္။ ဒါေၾကာင့္ ကိုယ္တုိင္လည္း ျပႆနာေတြ အခက္အခဲေတြရွိလာတဲ့အခါ သင္ယူစရာရွာၾကည့္ျပီး ေနာက္ထပ္ ပံုစံတူ မျဖစ္ေအာင္ ဘယ္လို ျပင္ဆင္မလဲ၊ ဆက္လုပ္မလဲဆိုတာကို စဥ္းစားျပီး ေျဖရွင္းသင့္ပါတယ္။ အိမ္မွာ တစ္ခါတစ္ေလ မိဘေတြ အခ်င္းခ်င္း အျပန္အလွန္ စကားေျပာပံု၊ ဆက္ဆံပံုေတြက လည္း အမ်ားၾကီး သက္ေရာက္မွဳရွိပါတယ္။ အခ်ိဳ႕မိဘေတြက တစ္ခုခုဆို ဆဲလိုက္ရမွ ဆိုရင္ ကေလးဟာ အျပဳသေဘာစကားလံုးေတြထပ္ ၾကမ္းတဲ့စကားလံုးေတြကို သံုးဖို႕ ပိုအလားလာမ်ားပါတယ္။
ကၽြန္မအျမင္မွာေတာ့ Possibility နဲ႕ Positivity က ကေလးေတြအတြက္ တင္မဟုတ္ပါဘူး၊ ကၽြန္မတုိ႕ရဲ႕ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းခ်င္း စကားေျပာတဲ့အခါမွာ သူမ်ားမေကာင္းေၾကာင္း၊ ကိုယ္ေကာင္းေၾကာင္း နဲ႕ အဆင္မေျပတဲ့ အေျခအေနေတြကိုပဲ ေျပာေနမွာထက္စာရင္ အျပဳသေဘာေဆာင္တဲ့ စကားဝုိင္းေတြ၊ ျဖစ္လာတဲ့ အခက္အခဲေတြအေပၚ သင္ယူမွဳေတြ အတူတူ သံုးသပ္ျခင္းေတြ နဲ႕ ျဖစ္နုိင္ေခ်ရွိတဲ့ လုပ္ရပ္ေတြကို ဦးစားေပးျပီး ေဆြးေႏြးၾကရင္ ပိုျပီး ေအာင္ျမင္ေပ်ာ္ရႊင္ၾကမယ့္သူေတြ ျဖစ္လာနုိင္လိမ့္မယ္လို႕ ကၽြန္မ ေမွ်ာ္လင့္ပါတယ္။
ကိုယ္တိုင္လည္း ေပ်ာ္ရႊင္ေအာင္ျမင္ခ်င္တယ္၊ ကေလးေတြကိုလည္း ေအာင္ျမင္ေပ်ာ္ရႊင္ေစခ်င္တယ္ဆိုရင္ ကေလးေတြကို အျပဳသေဘာေဆာင္ေအာင္၊ ျဖစ္နုိင္ေခ်ကို စဥ္းစားျပီး လက္ေတြ႕က်က် ျပဳမူတတ္ေအာင္ သင္ေပးဖုိ႕၊ ပမာျပဖုိ႕လိုအပ္ပါတယ္။ အားလံုး လက္ေတြ႕က်က် အျပဳသေဘာေဆာင္ျပီး သင္ၾကားသင္ယူမွဳျဖစ္စဥ္ေတြကို ျပဳလုပ္နုိင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းလ်က္…..
ေမတၱာျဖင့္…….
Sayarma-ဆရာမ Photo Credit to https://www.merriam-webster.com/words-at-play/positivity-is-a-word