[Unicode]
မိဘတွေ၊ ဆရာ၊မတွေ၊ ပညာရေးနဲ့ဆက်စပ်သူတွေဆိုရင် ဒီစာလေးကို ဖတ်ပါ။ ပုံပြင်ကြိုက်သူ၊ စာဖတ်သူ၊ အရေးအဖတ်သင်ရသူ၊ ဘာသာရပ်တွေ သင်ရသူတွေဆိုလည်း ဒီစာလေးကို ဖတ်ပေးပါ။
ဒီနေ့မျှဝေချင်တာကတော့ ပုံပြင်တွေကို ချိတ်ဆက်ပုံကို အခြေခံပြီး ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတွေ သင်တဲ့အခါ ထိရောက်အောင် ဘယ်လို ချိတ်ဆက်သင်ကြားရမလဲဆိုတာပါ။ အခု မျှဝေမယ့် ချိတ်ဆက်မှုတွေအကြောင်းကို အမေရိကန်နိုင်ငံက ပုံပြင်ဆိုင်ရာ နည်းပညာရှင်ဆရာမကြီး Magaret Read MacDonald နဲ့ ဆရာမကြီးရဲ့ မိသားစုရေးတဲ့Teaching with Story: Classroom Connections to Storytelling စာအုပ်မှာစတင်သိခဲ့ရပါတယ်။ အဲဒီ့ အချက်အလက်တွေကို အခြေခံပြီး ကျွန်မရဲ့ အမြင်တွေနဲ့ ပေါင်းစပ် မျှဝေပါ့မယ်။
စာတွေ၊ ပုံပြင်တွေဆိုရင် ကျွန်မတို့က ကလေးတွေရဲ့ စရိုက်လက္ခဏာတွေနဲ့ ကိုယ်ကျင့်တရား (Character)ကိုပဲ ဦးစားပေးပြီး သင်ကြတယ်။ ဒါပေမယ့် အခြားချိတ်လို့ရမယ့် C ချိတ်တွေကတော့ –
၁) Community (အသိုင်းဝန်း၊ ရပ်ဝန်း) – ပုံပြင်တွေ၊ စာအုပ်တွေဟာ စာသင်ခန်းက ကလေးတွေကို အတူတစ်ကွ ပူးပေါင်းစေတယ်။ ပုံပြင်ပြောချိန်၊ စာဆွေးနွေးချိန်မှာ ကလေးတွေဟာ အတူတစ်ကွ နားထောင်ရတယ်၊ ဆွေးနွေးရတယ်။ အဲဒီ့အပြင် ပုံပြင်တွေ စာအုပ်တွေကနေတစ်ဆင့် ကိုယ့်ရပ်ရွာ၊ ဒေသ အခြေအနေနဲ့ ချိတ်ဆက်ဆွေးနွေးခိုင်းရလို့ရတယ်။ စာအုပ်ထဲက အချက်အလက်တွေ အသုံးပြုပြီး ကိုယ့်ဒေသ၊ ရပ်ဝန်း၊ စာသင်ခန်း ပိုမိုကောင်းမွန် ဖွံ့ဖြိုးဖိုက ဘာလုပ်လို့ရမလဲဆိုတဲ့ ချိတ်ဆက်မှုမျိုးတွေလည်း လုပ်လို့ရပါတယ်။
ဥပမာ – ပထဝီစာအုပ်ထဲက မြေအနေအထားတွေ အကြောင်းသင်ပြီးတဲ့အခါ ကိုယ့်အိမ်၊ ကျောင်း၊ဒေသက မြေအမျိုးအစားတွေ ကို ဆက်လေ့လာ၊ ပြီးရင် မြေအမျိုးအစားအလိုက် စိုက်သင့်တဲ့အပင်တွေကို စိုက်ကြတာမျိုးပေါ့။
……………………………………………..
၂) Character (စရိုက်၊လက္ခဏာ၊အပြုအမူ) – ကလေးတွေကို စာအုပ်တွေဖတ်ပြရင် စာအုပ်ထဲက ဇာတ်ကောင်စရိုက် တွေ အပေါ်မှာ မူတည်ပြီး ဘယ်လိုကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူးဆိုတာ သင်ပေးလို့ရတယ်။ ကောင်းတဲ့ ဇာတ်ကောင်စရိုက်၊ ဖြစ်ရပ်တွေ ကနေတစ်ဆင့် ကိုယ်လည်း ကောင်းအောင် ဘယ်လို နေသင့်တယ်ဆိုတာ ဆွေးနွေးသင့်သလို မကောင်းတဲ့ ဇာတ်ကောင်စရိုက်၊ဖြစ်ရပ်တွေကနေ မကောင်းရတဲ့ အကြောင်းရင်းကို အတူတစ်ကွ ရှာဖွေပြီး ကိုယ့်မှာလည်း အဲ့လို မဖြစ်လာအောင် ဘယ်လိုနေထိုင်ကြမလဲ၊လုပ်ကြမလဲဆိုတာ ဆွေးနွေးလို့ရတယ်။
ဥပမာ – သမိုင်းစာအုပ်က ခေတ်တွေ အကြောင်း လေ့လာပြီး ခေတ်အလိုက် အပြုသဘောဆောင်တာ၊ အပြုသဘောမဆောင်တာတွေကို လေ့လာ။ လေ့လာပြီး အဲဒီ့ ဖြစ်ရပ်တွေရဲ့နောက်ကွယ်က အကြောင်းရငး်တွေကို ဆက်ပြီး ဆန်းစစ်။ ပြီးရင် အခုခေတ်မှာ အရင်တုန်းက မကောင်းတာတွေ ဆက်မဖြစ်အောင်၊ အရင်က ကောင်းခဲ့တာတွေ ပိုကောင်းအောင် ဘာတွေ လုပ်ကြမလဲဆိုတာမျိုးတွေ ဆွေးနွေးတာမျိုးပေါ့။
………………………………………….
၃) Communication (အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်မှု) – ဖတ်ရတဲ့စာတွေကို အသုံးပြုပြီး ဆွေးနွေးခိုင်းတာ၊ မေးခွန်းမေးခိုင်းတာ၊ အဖြေရှာကြတာတွေ စတာတွေဟာ ကလေးတွေရဲ့ အပြန်အလှန် ပြောဆို ဆက်သွယ်နိုင်မှု၊ တွေးခေါ်မှုကို တိုးတက်ဖို့ ပ့့ံပိုးပေးပါတယ်။ ဆရာကကြည့်ပဲ စာကို ဖတ်ပြပြီး ရှင်းပြနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် ပုံပြင်/စာ မဖတ်ခင်၊ ဖတ်နေစဉ်၊ ဖတ်ပြီးချိန်တွေမှာ ဆွေးနွေးခိုင်းပါ၊ အဖြေရှာခိုင်းပါ၊ စဉ်းစားခိုင်းပါ။ ဖတ်ရ၊ကျက်ရတဲ့စာတွေအပြင် တွက်ရတဲ့စာတွေကလည်း ကလေးတွေရဲ့ ဆက်သွယ်ပြောဆိုမှု စွမ်းရည်ကို တိုးတက်နိုင်ပါတယ်။
ဥပမာ – သချင်္ာ ပုဒ်စာ တစ်ခုကို ဖတ်ပြီး ဖြေရှင်းနည်းတွေကို စဉ်းစားစေပါ။ ကိုယ်တိုင် တွက်ချင်တဲ့နည်းနဲ့ တွက်စေပါ။ ရလာတဲ့ အဖြေတွေ ဘယ်လို ရလာလဲ၊ ဘာကြောင့် အဲဒီ့နည်းကိုရွေးတာလဲဆိုတာတွေကို ပြန်ဆွေးနွေးခိုင်းပါ။ (ကျွန်မ သြစတျေးလျမှာ ကျောင်းတက်တုန်းက အပေါင်းအနှုတ် ပုစ္ဆာတွေကို ဆရာကတွက်ခိုင်းတယ်။ ကျွန်မက အရင်ဆုံးပြီးတယ်။ ဆရာက ဘာလို ဒီနည်းကို ရွေးတာလဲ၊ ဘယ်လို စဉ်းစားသလဲလို့ပြောတဲ့ အခါ ကျွန်မ မပြောနိုင်ခဲ့ပါဘူး။ ကျွန်မတို့က သချင်္ာဆိုရင် စဉ်းစားရတဲ့ ဘာသာရပ်မဟုတ်ဘူး တွက်ရုံအတွက် ပုံသေနည်းတွေပဲ သင်ခဲ့ရတာကိုး။)
……………………………………………
၄) Curriculum (ဘာသာရပ်) – ပုံပြင်တွေ၊ စာအုပ်တွေ ဖတ်ပြီး ကလေးတွေ သင်ရတဲ့ ဘာသာရပ်စာပေတွေနဲ့ ချိတ်ဆက်ခြင်းကို ဆိုလိုပါတယ်။ ချိတ်ဆက်နိုင်ဖို့ စာအုပ်ကို သေချာအရင်ဖတ်ပါ။ ဖတ်ပြီး ဘယ်ဘာသာရပ်နဲ့ ချိတ်သင်လို့ရမလဲဆိုတာ ရှာဖွေစဉ်းစားဖို့တော့လိုပါတယ်။ မြန်မာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း… စတဲ့ ဘာသာရပ်အမျိုးမျိုးနဲ့ ချိတ်ဆက်လို့မရတဲ့ စာဆိုတာတော့ မရှိပါဘူး။
ဥပမာ – ပုံပြင်တစ်ပုဒ်ဖတ်ပြီး ပုံပြင်ထဲက စကားလုံးတွေ အသုံးပြုပြီး နာမ်၊ ကြိယာ စတဲ့ သဒ္ဒါတွေ သင်လို့ရတယ်၊ အသုံးနှုန်းတွေ ဆွေးနွေးလို့ရတယ်။ ပုံစံတူ စာတွေ ရေးခိုင်းလို့ရတယ်။
……………………………………………..
၅) Cultural Connections (ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် ချိတ်ဆက်ခြင်း) – ပုံပြင်တွေမှာ စာအုပ်တွေမှာ ရေးသူ၊ နောက်ခံအခြေအနေအလိုက် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစတာတွေ ထင်ဟပ်လျက်ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် ဇာတ်ကောင်တွေရဲ့ ဝတ်ဆုံတွေ၊ အသုံးပြုတဲ့ အသုံးဆောင်၊ ပြောဆိုတဲ့ ဘာသာစကား၊ အပြုအမူစတာတွေအပေါ်မှာမူတည်ပြီး ပြုသင့်၊မပြုသင့်တာတွေ ဆွေးနွေးလို့ရတယ်။
ဥပမာ – ပံ ုပြင်စာအုပ်ထဲက ဇာတ်ကောင်တွေက ထဘီ ဝတ်ထားခဲ့ရင် ထဘီဝတ်ကျသော လူမျိုးစုတွေ အကြောင်း ဆက်စပ်ဆွေးနွေးလို့ရတယ်၊ ထဘီဝတ်တာချင်းတူပေမယ့် ထဘီ ဒီဇိုင်းမတူသော တိုင်းရင်းသား လူမျိုးစုတွေ အကြောင်း သင်ပေးလို့ရတယ်။
…………………………………………………..
၆) Creativity (တီထွင်ဖန်တီးနိုင်မှု) – ပုံပြင်တွေ၊ စာတွေကို အသုံးပြုပြီး ကလေးတွေရဲ့ အသစ်အသစ်တွေ ဖန်တီးနိုင်တဲ့ စွမ်းရည်၊ မတူညီတာတွေကို ရှုမြင်နိုင်တဲ့စွမ်းရည်တွေကို ဖေါ်ဆောင်နိုင်ပါတယ်။ အနုပညာဖန်တီးမှုပဲဖြစ်ဖြစ်၊ သိပ္ပံတီထွင်စမ်းသပ်မှုပဲဖြစ်ဖြစ် အသစ်ကို ရှာဖွေ ဖန်တီးကြတာပါပဲ။ ငယ်ငယ်ကတည်းက ဖန်တီးခြင်းကို စာပေတွေ အသုံးပြုပြီး သင်ပေးနိုင်ပါတယ်။
ဥပမာ – ပုံပြင်ဖတ်ပြီးတဲ့အခါ ဖတ်ပြီးသားပုံပြင်တွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးကြတာမျိုး၊ စာအပေါ်မူတည်ပြီး သီချင်း၊ ကဗျာ၊ ဂီတ စတာတွေ ဖန်တီးခိုင်းတာမျိုး၊ ကိုယ်သာသူ့နေရာမှာ ဆိုရင် — ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ စဉ်းစားခိုင်းတာမျိုး၊ ပြဇာတ်ပုံစံ ပြန်အသက်သွင်းတာမျိုး၊ ဘာသာရပ်ဆိုင်ရာစာတွေကို လက်တွေ့ဘဝမှာ တစ်နည်းနည်းနဲ့ ပြန်လည် အသုံးချခိုင်းတာမျိုးတွေ ကို ဆိုလိုပါတယ်။
…………………………………………………..
၇) Confidence (မိမိကိုယ်ကိုယုံကြည်မှု) – လူအများရှေ့မှာ ယုံကြည်မှုရှိရှိ ပြောရဲဆိုရဲဖို့ အခု ၂၁ ရာစုမှာ အရမ်းလိုအပ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှ အများကလည်း လေးစားမှုပိုရှိမယ်။ အဲဒီ့ ယုံကြည်မှုရှိဖို့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ မှန်ကန်တဲ့ စိတ်နေသဘောထားတွေ လိုအပ်တယ်။ ကလေးတွေကို စာတွေ ဖတ်စေရင်းကနေ သူတို့လုပ်နေတဲ့အလုပ်၊ လုပ်ရမယ့်အလုပ်တွေမှာ ယုံကြည်မှုရှိစေမယ့် ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေရအောင် ပံ့ပိုးပေးနိုင်မယ့် ရှေ့ထွက် တင်ပြခိုင်းတဲ့နည်းမျိုး၊ ကြောင်းကျိုးဆက်စပ်သုံးသပ်တဲ့နည်းမျိုး၊ ကိုယ့်အယူအဆနဲ့အခြားသူတွေရဲ့အယူအဆတွေကို ဖလှယ်ခိုင်းတာမျိုးတွေ လုပ်စေပါ။
ဥပမာ – ကဗျာတစ်ပုဒ်ဖတ်ပြီး – ကိုယ်နားလည်သလို အတန်းရှေ့မှာ ထွက်ပြီး ပြောပြတာမျိုး၊ မေးခွန်းတစ်ခုအပေါ်မှာ အပြန်အလှန် ကြောင်းကျိုးဆက်စပ်စဉ်းစားပြီး အချက်ကျကျ ပြန်လည်တင်ပြစေတာမျိုးပေါ့။
……………………………………………….
အချုပ်မှာ – ကျွန်မအားလုံးကို မှတ်မိစေချင်တာကတော့ စာဖတ်တတ်ရုံအတွက် ကျောင်းသွားရတာဆိုရင် ကျွန်မတို့ ပေးလိုက်ရတဲ့ ဆယ်စုနှစ်တစ်ခုကျော်အချိန်တွေက မတန်ပါဘူး။ ဖတ်ရတဲ့ စာတွေ၊ မှတ်ရတဲ့စာတွေ၊ တွက်ရတဲ့စာတွေကို စာမေးပွဲအတွက်တင်မဟုတ်ဘဲ၊ အခြား ဘဝအတွက် လိုအပ်မယ့် ချိတ်ဆက်မှုတွေလည်း လုပ်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ဖတ်စာ တွက်စာ မှတ်စာတွေကို Community, Character, Communication, Curriculum, Cultural Connections, Creativity, Confidence စတဲ့ ချိတ်ဆက်မှုတွေ ရအောင် ချိတ်ဆက်ရင်း စာသင်ရခြင်းရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်..
Sayarma-ဆရာမ
…………………………………………………..
မှတ်ချက် ။ ။ Teaching with Story စာအုပ်ထဲမှာ ပါတဲ့အချက်တွေက ပုံပြင်ကို စာသင်ခန်းထဲမှာ ချိတ်ဆက်ပြီး သုံးနိုင်အောင် ပြောပြထားပါတယ်။ ကျွန်မကတော့ မြန်မာနိုင်ငံက အခြေအနေနဲ့ ကိုက်ညီအောင် အဆင်ပြေသလို ပြန်လည် ချိတ်ဆက်မျှဝေပါတယ်။ C တစ်ခုချင်းစီကို ပြန်လည် ကြည့်ရင် ပိုနက်နဲပါတယ်။ ဆရာမကြီးအကြောင်းကို လေ့လာချင်ရင် http://www.margaretreadmacdonald.com/ မှာ သွားရောက်လေ့လာနိုင်ပါတယ်။
ဓါတ်ပုံကတော့ ၂၀၁၁ ခုနှစ် ကျွန်မ လားရှိုးမှာ ကလေးတွေကို ပုံပြင်ပြောပြတဲ့ပုံပါ။ အဲဒီ့အချိန်တုန်းက ဆံပင်အရှည်ကြီးနဲ့ပေါ့။
[Zawgyi]
မိဘေတြ၊ ဆရာ၊မေတြ၊ ပညာေရးနဲ႕ဆက္စပ္သူေတြဆိုရင္ ဒီစာေလးကို ဖတ္ပါ။ ပံုျပင္ၾကိဳက္သူ၊ စာဖတ္သူ၊ အေရးအဖတ္သင္ရသူ၊ ဘာသာရပ္ေတြ သင္ရသူေတြဆိုလည္း ဒီစာေလးကို ဖတ္ေပးပါ။
ဒီေန႕မွ်ေဝခ်င္တာကေတာ့ ပံုျပင္ေတြကို ခ်ိတ္ဆက္ပံုကို အေျခခံျပီး ဘာသာရပ္ဆိုင္ရာ အေၾကာင္းအရာေတြ သင္တဲ့အခါ ထိေရာက္ေအာင္ ဘယ္လို ခ်ိတ္ဆက္သင္ၾကားရမလဲဆိုတာပါ။ အခု မွ်ေဝမယ့္ ခ်ိတ္ဆက္မွဳေတြအေၾကာင္းကို အေမရိကန္နုိင္ငံက ပံုျပင္ဆိုင္ရာ နည္းပညာရွင္ဆရာမၾကီး Magaret Read MacDonald နဲ႕ ဆရာမၾကီးရဲ႕ မိသားစုေရးတဲ့Teaching with Story: Classroom Connections to Storytelling စာအုပ္မွာစတင္သိခဲ့ရပါတယ္။ အဲဒီ့ အခ်က္အလက္ေတြကို အေျခခံျပီး ကၽြန္မရဲ႕ အျမင္ေတြနဲ႕ ေပါင္းစပ္ မွ်ေဝပါ့မယ္။
စာေတြ၊ ပံုျပင္ေတြဆိုရင္ ကၽြန္မတို႕က ကေလးေတြရဲ႕ စရိုက္လကၡဏာေတြနဲ႕ ကိုယ္က်င့္တရား (Character)ကိုပဲ ဦးစားေပးျပီး သင္ၾကတယ္။ ဒါေပမယ့္ အျခားခ်ိတ္လို႕ရမယ့္ C ခ်ိတ္ေတြကေတာ့ –
၁) Community (အသိုင္းဝန္း၊ ရပ္ဝန္း) – ပံုျပင္ေတြ၊ စာအုပ္ေတြဟာ စာသင္ခန္းက ကေလးေတြကို အတူတစ္ကြ ပူးေပါင္းေစတယ္။ ပံုျပင္ေျပာခ်ိန္၊ စာေဆြးေႏြးခ်ိန္မွာ ကေလးေတြဟာ အတူတစ္ကြ နားေထာင္ရတယ္၊ ေဆြးေႏြးရတယ္။ အဲဒီ့အျပင္ ပံုျပင္ေတြ စာအုပ္ေတြကေနတစ္ဆင့္ ကိုယ့္ရပ္ရြာ၊ ေဒသ အေျခအေနနဲ႕ ခ်ိတ္ဆက္ေဆြးေႏြးခုိင္းရလို႕ရတယ္။ စာအုပ္ထဲက အခ်က္အလက္ေတြ အသံုးျပဳျပီး ကိုယ့္ေဒသ၊ ရပ္ဝန္း၊ စာသင္ခန္း ပိုမိုေကာင္းမြန္ ဖြံ႕ျဖိဳးဖိုက ဘာလုပ္လို႕ရမလဲဆိုတဲ့ ခ်ိတ္ဆက္မွုမ်ိဳးေတြလည္း လုပ္လို႕ရပါတယ္။
ဥပမာ – ပထဝီစာအုပ္ထဲက ေျမအေနအထားေတြ အေၾကာင္းသင္ျပီးတဲ့အခါ ကိုယ့္အိမ္၊ ေက်ာင္း၊ေဒသက ေျမအမ်ိဳးအစားေတြ ကို ဆက္ေလ့လာ၊ ျပီးရင္ ေျမအမ်ိဳးအစားအလုိက္ စိုက္သင့္တဲ့အပင္ေတြကို စိုက္ၾကတာမ်ိဳးေပါ့။
……………………………………………..
၂) Character (စရုိက္၊လကၡဏာ၊အျပဳအမူ) – ကေလးေတြကို စာအုပ္ေတြဖတ္ျပရင္ စာအုပ္ထဲက ဇာတ္ေကာင္စရုိက္ ေတြ အေပၚမွာ မူတည္ျပီး ဘယ္လိုကေတာ့ ေကာင္းတယ္၊ ဘယ္အရာကေတာ့ မေကာင္းဘူးဆိုတာ သင္ေပးလို႕ရတယ္။ ေကာင္းတဲ့ ဇာတ္ေကာင္စရုိက္၊ ျဖစ္ရပ္ေတြ ကေနတစ္ဆင့္ ကိုယ္လည္း ေကာင္းေအာင္ ဘယ္လို ေနသင့္တယ္ဆိုတာ ေဆြးေႏြးသင့္သလို မေကာင္းတဲ့ ဇာတ္ေကာင္စရိုက္၊ျဖစ္ရပ္ေတြကေန မေကာင္းရတဲ့ အေၾကာင္းရင္းကို အတူတစ္ကြ ရွာေဖြျပီး ကိုယ့္မွာလည္း အဲ့လို မျဖစ္လာေအာင္ ဘယ္လိုေနထုိင္ၾကမလဲ၊လုပ္ၾကမလဲဆိုတာ ေဆြးေႏြးလို႕ရတယ္။
ဥပမာ – သမိုင္းစာအုပ္က ေခတ္ေတြ အေၾကာင္း ေလ့လာျပီး ေခတ္အလိုက္ အျပဳသေဘာေဆာင္တာ၊ အျပဳသေဘာမေဆာင္တာေတြကို ေလ့လာ။ ေလ့လာျပီး အဲဒီ့ ျဖစ္ရပ္ေတြရဲ႕ေနာက္ကြယ္က အေၾကာင္းရငး္ေတြကို ဆက္ျပီး ဆန္းစစ္။ ျပီးရင္ အခုေခတ္မွာ အရင္တုန္းက မေကာင္းတာေတြ ဆက္မျဖစ္ေအာင္၊ အရင္က ေကာင္းခဲ့တာေတြ ပိုေကာင္းေအာင္ ဘာေတြ လုပ္ၾကမလဲဆိုတာမ်ိဳးေတြ ေဆြးေႏြးတာမ်ိဳးေပါ့။
………………………………………….
၃) Communication (အျပန္အလွန္ ဆက္သြယ္ေျပာဆိုနုိင္မွဳ) – ဖတ္ရတဲ့စာေတြကို အသံုးျပဳျပီး ေဆြးေႏြးခုိင္းတာ၊ ေမးခြန္းေမးခိုင္းတာ၊ အေျဖရွာၾကတာေတြ စတာေတြဟာ ကေလးေတြရဲ႕ အျပန္အလွန္ ေျပာဆို ဆက္သြယ္နုိင္မွဳ၊ ေတြးေခၚမွဳကို တိုးတက္ဖို႕ ပ့့ံပိုးေပးပါတယ္။ ဆရာကၾကည့္ပဲ စာကို ဖတ္ျပျပီး ရွင္းျပေနရံုနဲ႕ မလံုေလာက္ေတာ့ပါဘူး။ ဒါေၾကာင့္ ပံုျပင္/စာ မဖတ္ခင္၊ ဖတ္ေနစဥ္၊ ဖတ္ျပီးခ်ိန္ေတြမွာ ေဆြးေႏြးခိုင္းပါ၊ အေျဖရွာခုိင္းပါ၊ စဥ္းစားခုိင္းပါ။ ဖတ္ရ၊က်က္ရတဲ့စာေတြအျပင္ တြက္ရတဲ့စာေတြကလည္း ကေလးေတြရဲ႕ ဆက္သြယ္ေျပာဆိုမွဳ စြမ္းရည္ကို တိုးတက္နုိင္ပါတယ္။
ဥပမာ – သခ်ၤာ ပုဒ္စာ တစ္ခုကို ဖတ္ျပီး ေျဖရွင္းနည္းေတြကို စဥ္းစားေစပါ။ ကိုယ္တုိင္ တြက္ခ်င္တဲ့နည္းနဲ႕ တြက္ေစပါ။ ရလာတဲ့ အေျဖေတြ ဘယ္လို ရလာလဲ၊ ဘာေၾကာင့္ အဲဒီ့နည္းကိုေရြးတာလဲဆိုတာေတြကို ျပန္ေဆြးေႏြးခုိင္းပါ။ (ကၽြန္မ ျသစေတ်းလ်မွာ ေက်ာင္းတက္တုန္းက အေပါင္းအႏွုတ္ ပုစာၦေတြကို ဆရာကတြက္ခုိင္းတယ္။ ကၽြန္မက အရင္ဆံုးျပီးတယ္။ ဆရာက ဘာလို ဒီနည္းကို ေရြးတာလဲ၊ ဘယ္လို စဥ္းစားသလဲလို႕ေျပာတဲ့ အခါ ကၽြန္မ မေျပာနုိင္ခဲ့ပါဘူး။ ကၽြန္မတို႕က သခ်ၤာဆိုရင္ စဥ္းစားရတဲ့ ဘာသာရပ္မဟုတ္ဘူး တြက္ရံုအတြက္ ပံုေသနည္းေတြပဲ သင္ခဲ့ရတာကိုး။)
……………………………………………
၄) Curriculum (ဘာသာရပ္) – ပံုျပင္ေတြ၊ စာအုပ္ေတြ ဖတ္ျပီး ကေလးေတြ သင္ရတဲ့ ဘာသာရပ္စာေပေတြနဲ႕ ခ်ိတ္ဆက္ျခင္းကို ဆိုလိုပါတယ္။ ခ်ိတ္ဆက္နုိင္ဖို႕ စာအုပ္ကို ေသခ်ာအရင္ဖတ္ပါ။ ဖတ္ျပီး ဘယ္ဘာသာရပ္နဲ႕ ခ်ိတ္သင္လို႕ရမလဲဆိုတာ ရွာေဖြစဥ္းစားဖုိ႕ေတာ့လိုပါတယ္။ ျမန္မာ၊အဂၤလိပ္စာ၊ သခၤ်ာ၊ ပထဝီ၊ သမိုင္း… စတဲ့ ဘာသာရပ္အမ်ိဳးမ်ိဳးနဲ႕ ခ်ိတ္ဆက္လို႕မရတဲ့ စာဆိုတာေတာ့ မရွိပါဘူး။
ဥပမာ – ပံုျပင္တစ္ပုဒ္ဖတ္ျပီး ပံုျပင္ထဲက စကားလံုးေတြ အသံုးျပဳျပီး နာမ္၊ ၾကိယာ စတဲ့ သဒၵါေတြ သင္လို႕ရတယ္၊ အသံုးႏွဳန္းေတြ ေဆြးေႏြးလို႕ရတယ္။ ပံုစံတူ စာေတြ ေရးခိုင္းလို႕ရတယ္။
……………………………………………..
၅) Cultural Connections (ယဥ္ေက်းမွဳ ဓေလ့ ထံုးတမ္းမ်ားႏွင့္ ခ်ိတ္ဆက္ျခင္း) – ပံုျပင္ေတြမွာ စာအုပ္ေတြမွာ ေရးသူ၊ ေနာက္ခံအေျခအေနအလိုက္ ယဥ္ေက်းမွဳ ဓေလ့ ထံုးတမ္းစတာေတြ ထင္ဟပ္လ်က္ရွိပါတယ္။ အနီးစပ္ဆံုးေျပာရရင္ ဇာတ္ေကာင္ေတြရဲ႕ ဝတ္ဆံုေတြ၊ အသံုးျပဳတဲ့ အသံုးေဆာင္၊ ေျပာဆိုတဲ့ ဘာသာစကား၊ အျပဳအမူစတာေတြအေပၚမွာမူတည္ျပီး ျပဳသင့္၊မျပဳသင့္တာေတြ ေဆြးေႏြးလို႕ရတယ္။
ဥပမာ – ပံ ုျပင္စာအုပ္ထဲက ဇာတ္ေကာင္ေတြက ထဘီ ဝတ္ထားခဲ့ရင္ ထဘီဝတ္က်ေသာ လူမ်ိဳးစုေတြ အေၾကာင္း ဆက္စပ္ေဆြးေႏြးလို႕ရတယ္၊ ထဘီဝတ္တာခ်င္းတူေပမယ့္ ထဘီ ဒီဇိုင္းမတူေသာ တုိင္းရင္းသား လူမ်ိဳးစုေတြ အေၾကာင္း သင္ေပးလုိ႕ရတယ္။
…………………………………………………..
၆) Creativity (တီထြင္ဖန္တီးနုိင္မွဳ) – ပံုျပင္ေတြ၊ စာေတြကို အသံုးျပဳျပီး ကေလးေတြရဲ႕ အသစ္အသစ္ေတြ ဖန္တီးနုိင္တဲ့ စြမ္းရည္၊ မတူညီတာေတြကို ရွဳျမင္နုိင္တဲ့စြမ္းရည္ေတြကို ေဖၚေဆာင္နုိင္ပါတယ္။ အနုပညာဖန္တီးမွဳပဲျဖစ္ျဖစ္၊ သိပၸံတီထြင္စမ္းသပ္မွဳပဲျဖစ္ျဖစ္ အသစ္ကို ရွာေဖြ ဖန္တီးၾကတာပါပဲ။ ငယ္ငယ္ကတည္းက ဖန္တီးျခင္းကို စာေပေတြ အသံုးျပဳျပီး သင္ေပးနုိင္ပါတယ္။
ဥပမာ – ပံုျပင္ဖတ္ျပီးတဲ့အခါ ဖတ္ျပီးသားပံုျပင္ေတြကို ကိုယ္ပိုင္ဟန္နဲ႕ ျပန္ေရးၾကတာမ်ိဳး၊ စာအေပၚမူတည္ျပီး သီခ်င္း၊ ကဗ်ာ၊ ဂီတ စတာေတြ ဖန္တီးခုိင္းတာမ်ိဳး၊ ကိုယ္သာသူ့ေနရာမွာ ဆိုရင္ — ဆိုတဲ့ ေမးခြန္းမ်ိဳးေတြနဲ႕ စဥ္းစားခုိင္းတာမ်ိဳး၊ ျပဇာတ္ပံုစံ ျပန္အသက္သြင္းတာမ်ိဳး၊ ဘာသာရပ္ဆိုင္ရာစာေတြကို လက္ေတြ႕ဘဝမွာ တစ္နည္းနည္းနဲ႕ ျပန္လည္ အသံုးခ်ခုိင္းတာမ်ိဳးေတြ ကို ဆိုလိုပါတယ္။
…………………………………………………..
၇) Confidence (မိမိကိုယ္ကိုယံုၾကည္မွဳ) – လူအမ်ားေရွ႕မွာ ယံုၾကည္မွဳရွိရွိ ေျပာရဲဆိုရဲဖို႕ အခု ၂၁ ရာစုမွာ အရမ္းလိုအပ္ပါတယ္။ ဘာပဲလုပ္လုပ္ ကိုယ့္ကိုကိုယ္ ယံုၾကည္မွဳရွိမွ အမ်ားကလည္း ေလးစားမွဳပိုရွိမယ္။ အဲဒီ့ ယံုၾကည္မွဳရွိဖို႕ ကိုယ္လုပ္ေနတဲ့အလုပ္နဲ႕ ပတ္သတ္တဲ့ ဗဟုသုတ၊ ကၽြမ္းက်င္မွုနဲ႕ မွန္ကန္တဲ့ စိတ္ေနသေဘာထားေတြ လိုအပ္တယ္။ ကေလးေတြကို စာေတြ ဖတ္ေစရင္းကေန သူတုိ႕လုပ္ေနတဲ့အလုပ္၊ လုပ္ရမယ့္အလုပ္ေတြမွာ ယံုၾကည္မွဳရွိေစမယ့္ ဗဟုသုတေတြ၊ ကၽြမ္းက်င္မွုေတြရေအာင္ ပံ့ပိုးေပးနုိင္မယ့္ ေရွ႕ထြက္ တင္ျပခုိင္းတဲ့နည္းမ်ိဳး၊ ေၾကာင္းက်ိဳးဆက္စပ္သံုးသပ္တဲ့နည္းမ်ိဳး၊ ကိုယ့္အယူအဆနဲ႕အျခားသူေတြရဲ႕အယူအဆေတြကို ဖလွယ္ခုိင္းတာမ်ိဳးေတြ လုပ္ေစပါ။
ဥပမာ – ကဗ်ာတစ္ပုဒ္ဖတ္ျပီး – ကိုယ္နားလည္သလို အတန္းေရွ႕မွာ ထြက္ျပီး ေျပာျပတာမ်ိဳး၊ ေမးခြန္းတစ္ခုအေပၚမွာ အျပန္အလွန္ ေၾကာင္းက်ိဳးဆက္စပ္စဥ္းစားျပီး အခ်က္က်က် ျပန္လည္တင္ျပေစတာမ်ိဳးေပါ့။
……………………………………………….
အခ်ဳပ္မွာ – ကၽြန္မအားလံုးကို မွတ္မိေစခ်င္တာကေတာ့ စာဖတ္တတ္ရံုအတြက္ ေက်ာင္းသြားရတာဆိုရင္ ကၽြန္မတို႕ ေပးလုိက္ရတဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္အခ်ိန္ေတြက မတန္ပါဘူး။ ဖတ္ရတဲ့ စာေတြ၊ မွတ္ရတဲ့စာေတြ၊ တြက္ရတဲ့စာေတြကို စာေမးပြဲအတြက္တင္မဟုတ္ဘဲ၊ အျခား ဘဝအတြက္ လိုအပ္မယ့္ ခ်ိတ္ဆက္မွဳေတြလည္း လုပ္ဖို႕လိုအပ္ပါတယ္။ ကၽြန္မတို႕ရဲ႕ ဖတ္စာ တြက္စာ မွတ္စာေတြကို Community, Character, Communication, Curriculum, Cultural Connections, Creativity, Confidence စတဲ့ ခ်ိတ္ဆက္မွုေတြ ရေအာင္ ခ်ိတ္ဆက္ရင္း စာသင္ရျခင္းရဲ႕ တန္ဖိုးကို ျမွင့္တင္ေပးနုိင္ၾကပါေစ။
ေမတၱာျဖင့္..
Sayarma-ဆရာမ
…………………………………………………..
မွတ္ခ်က္ ။ ။ Teaching with Story စာအုပ္ထဲမွာ ပါတဲ့အခ်က္ေတြက ပံုျပင္ကို စာသင္ခန္းထဲမွာ ခ်ိတ္ဆက္ျပီး သံုးနုိင္ေအာင္ ေျပာျပထားပါတယ္။ ကၽြန္မကေတာ့ ျမန္မာနုိင္ငံက အေျခအေနနဲ႕ ကိုက္ညီေအာင္ အဆင္ေျပသလို ျပန္လည္ ခ်ိတ္ဆက္မွ်ေဝပါတယ္။ C တစ္ခုခ်င္းစီကို ျပန္လည္ ၾကည့္ရင္ ပိုနက္နဲပါတယ္။ ဆရာမၾကီးအေၾကာင္းကို ေလ့လာခ်င္ရင္ http://www.margaretreadmacdonald.com/ မွာ သြားေရာက္ေလ့လာနုိင္ပါတယ္။ ဓါတ္ပံုကေတာ့ ၂၀၁၁ ခုႏွစ္ ကၽြန္မ လားရွိဳးမွာ ကေလးေတြကို ပံုျပင္ေျပာျပတဲ့ပံုပါ။ အဲဒီ့အခ်ိန္တုန္းက ဆံပင္အရွည္ၾကီးနဲ႕ေပါ့။