[Unicode]
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ ထူးချွန်ထက်မြက်သူတွေ၊ ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်သူတွေ၊ အလုပ်တွေကို အကောင်းဆုံး ကြိုးစားကြသူတွေအများကြီးလိုအပ်သလို ပျော်ရွှင်တဲ့၊ စိတ်ချမ်းသာတဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံသားတွေလည်း အများကြီးလိုတယ်။ပျော်ရွှင်အေးချမ်းစွာ နေတတ်တဲ့ လူကြီးတွေ၊ စိတ်ခွန်အားအပြည့်နဲ့ ဖြစ်သမျှကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့ လူကြီးတွေဖြစ်ဖို့ ငယ်စဉ်ကတည်းက ပျော်ရွှင်တတ်သော ကလေးတွေ အဖြစ် ပျိုးထောင်ခြင်းခံခဲ့ရဖို့ကလည်း အရေးပါပါတယ်။ ငယ်စဉ်က ဘယ်လို အချိန်တွေဆို ပျော်စရာအကောင်းဆုံးဖြစ်ခဲဲ့လဲဆိုတာ စဉ်းစားကြည့်ရင်း ဒီကနေ့တော့ ကလေးတွေကို ငယ်စဉ်ကတည်းက ပျော်ရွှင်အောင် ပျိုးထောင် ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းလေး (၄)နည်းကို မျှဝေချင်ပါတယ်။
၁) ကူညီပံ့ပိုးသူကိုယ်တိုင် ပျော်ရွှင်အောင်နေပါ။
မိဘဖြစ်စေ၊ ဆရာ၊မဖြစ်စေ ကလေးတွေရှေ့မှာ ပျော်ရွှင်နိုင်အောင် ကြိုးစားပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေ အမြဲ တွေးပါ။ ကလေးတွေဟာ မိဘ၊ဆရာသမား လူကြီးမိဘဆီကနေ အမြဲသင်ယူနေကြတယ်။ အမြဲဒေါသထွက်ပြီး ဆဲဆိုနေတဲ့ လူကြီးတွေဆီကနေ ဆဲဆိုခြင်း ၊ ဒေါသကြီးခြင်းဟာ ပြဿနာမဟုတ်ဘူးဆိုတာသင်ယူတယ်၊ ကိုယ်တိုင်လည်း ဒေါသကြီးလာတယ်၊ ပြဿနာတစ်ခုခုကြုံရင် ဆဲဆိုတတ်လာတယ်။
အမြဲ ပြုံးနေတဲ့ ဆရာ၊မနဲ့ သင်ယူရသူဟာ စိတ်ချမ်းသာတယ်။ ငယ်ငယ်ကဆို အမြဲ ဆူပူနေတဲ့ ဆရာ၊မတွေထက် ပျော်ပျော်ပါးပါးစာသင်တတ်တဲ့ ဆရာ၊မတွေကို ပိုပြီး သံယောဇာဉ်တွယ်ကြတယ်။ ဆူပူနေတဲ့ ဆရာ၊နဲ့ တွေ့ရင် စိတ်ထဲမှာ အမြဲ ကြောက်စိတ်၊ မဝံ့ရဲစိတ်တွေနဲ့ စိတ်တွေက မလုံခြုံသလိုခံစားရတယ်။ ပြုံးရယ်ဖို့သတိမရတတ်ကြဘူး။ ဒါကြောင့် ကလေးတွေနဲ့ နေတဲ့သူတွေကိုယ်တိုင် ပျော်ရွှင်အောင် ကြိုးစားပါ။
၂) ပြီးပြည့်စုံမှုထက် လုပ်အားကို သတိပြုပါ။
ကလေးတွေကို လုပ်ငန်း လုပ်ခိုင်းတဲ့အခါ အသေးစိတ် ကြည့်ပြီး ဟိုဟာမကောင်းဘူး၊ ဒီနားက လွဲနေတယ််ဆိုတာကိုပဲ ကြည့်နေတာထက် သူတို့ အဲဒီ့လုပ်ငန်းအပေါ်မှာ ထည့်သွင်းထားတဲ့ အားအင်ကို အသိမှတ်ပြုခြင်းဟာ အရေးကြီးပါတယ်။ ပြီးပြည့်စုံခြင်းဟာ ရလဒ် (product)နဲ့တူပြီး ပြီးပြည့်စုံအောင် ကြိုးပမ်းတဲ့ လုပ်အားဟာ ဖြစ်စဉ် (process)နဲ့တူပါတယ်။ဖြစ်စဉ်ကောင်းမှ ရလဒ်ကောင်းမယ်။ ရလဒ်ကိုပဲ ဦးစားပေးရင် ဖြစ်စဉ်ကိုတန်ဖိုးထားတာ လျော့သွားတယ်။ ဖြတ်လမ်းနည်းနဲ့ ဘွဲ့ယူကြတာမျိုး၊ လာဘ်ထိုးပြီး စာမေးပွဲအောင်အောင်လုပ်ကြတာမျိုးတွေဟာ ဘွဲ့တံဆိပ်ဆိုတဲ့ ရလဒ်ကိုပဲ ဦးစားပေးကြပြီး စစ်မှန်တဲ့ ပညာတတ်မြောက်ခြင်း၊ လေ့လာသင်ယူခြင်းဆိုတဲ့ ဖြစ်စဉ်ကို တန်ဖိုးထားဖို့ မသင်ယူခဲ့ရလို့ လို့မြင်ပါတယ်။ ဒီတော့ အလုပ်ခွင်ထဲရောက်တဲ့အခါ ပညာမပါဘဲ ဘွဲ့လက်မှတ်ကြီးကိုင်လို့ – ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ ပိုဖြစ်ကြတယ်။
အမှားလုပ်တဲ့အခါမှာလည်း မှားခြင်းဆိုတဲ့ ရလဒ်ကိုပဲ ဦးတည်ပြီး ဆူငေါက်တာထက် ဘယ်လို ဖြစ်စဉ်ကြောင့် မှားသွားလဲဆိုတာကို သင်ယူစေမှ နောက်တစ်ခါ မမှားဖို့ ဘာလုပ်ရမယ်ဆိုတာ သိမယ်၊ အမှားအပေါ်မှာ အပြစ်ကြီးလို ခံစားပြီး လက်မြှောက်အရှုံးပေးတာမျိုးတွေမဖြစ်မယ်။ ကျွန်မတို့နိုင်ငံမှာ ပြဿနာအလွန်ပေါတယ် ဒါပေမယ့် အမှားပဲ လိုက်ထောက်တတ်တာများကြီး ဘယ်ဖြစ်စဉ်က ဘယ်လိုမှားပြီး ဘယ်လို ပြင်ကြမယ်ဆိုတာကို သေသေချာချာ တွေးတဲ့အပိုင်းမှာ အားနည်းတယ်။ ဒါကြောင့် အမြဲ စကားပြောကြရင် ပျော်စရာ ကောင်းတဲ့ အသိုင်းအဝန်းလို့ မခံစားရတော့ဘူး။ ပျော်ရွှင်စရာ အသိုက်အမြုံလေးအဖြစ် ဖန်တီးချင်ရင် ရလဒ်အပြင် ဖြစ်စဉ်ကိုလည်း အသိမှတ်ပြုအလေးထားတတ်အောင် သင်ပေးဖို့လိုပါတယ်။
၃) သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူတို့ရဲ့ ထူးခြားမှုကို မြင်အောင် ကြည့်ပါ။
သူငယ်ချင်းအချင်းချင်း၊ မောင်နှမအချင်းချင်း ဘယ်သူက ဘယ်သူ့ထက်သာတယ် ဆိုတာ ကလေးတွေကို မပြောသင့်ပါဘူး။ အမှန်က ကျွန်မတို့ လူကြီးတွေက ကလေးတိုင်းရဲ့ ထူးချွန်မှု၊ ထူးခြားမှုကို မရှာဖွေနိုင်လို့သာ အခုလိုပြောကြတာပါ။
ဆရာ၊မတွေမှာ သူတို့ သဘောကျတဲ့ သင်ယူမှုပုံစံရှိတဲ့ ကျောင်းသား၊သူတွေကို ပိုသဘောကျလေ့ရှိတယ်။ ဒါပေမယ့် ဆရာ၊မဖြစ်နေတဲ့အတွက် အဲဒီ့ကလေးကိုပဲ အပစားပေးပြီးနေတာမျိုးက မှားတယ်။ ဆရာဆိုတာ ကိုယ့်အတန်းထဲကို လာတဲ့သူတိုင်းရဲ့ ထူးခြားမှုကို မြင်အောင်ကြည့်၊ နားလည်အောင်လုပ်ပြီး အကောင်းဆုံး ပံ့ပိုးသင်ကြားပေးဖို့ တာဝန်ရှိတာ။ အခုက ဘယ်ကလေးက ညံ့တယ်၊ ဘယ်ကလေးက တော်တယ်ဆိုပြီး ကလေးတွေကို သူတို့မှာ ရှိနေတဲ့ စွမ်းရည်တွေကို မမြင်အောင်လုပ်ပြီး စိတ်ဖိစီးမှုပေးနေကြတာတွေရှိတယ်။ မိဘအချို့လည်း တူတူပါပဲ။ အကြီးနဲ့အငယ် ဆိုရင် ဘယ်သူကတော့ ဘယ်လို တော်ပြီး နောက်တစ်ယောက်က ဘယ်လိုဆိုးတယ်ဆိုတာမျိုးတွေ ပြောကြတယ်။
ဆရာ၊မတွေရော လူကြီး မိဘတွေရော ကိုယ်နဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ ကလေးတွေကို သေချာ နားလည်အောင် လေ့လာ စောင့်ကြည့်ပြီး သူတို့ကိုယ်စီရဲ့ ထူးခြားမှုကို မြင်အောင် ကြည့်ပါ။ သူတို့ရဲ့ အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပံ့ပိုးပြီး ထူးခြားမှုတွေကနေ ထူးချွန်မှုဖြစ်အောင် ပံ့ပိုးပေးပါ။ ကိုယ်ဟာ တစ်ယောက်ယောက်ထက် နိမ့်ကျခြင်းမရှိဘူး၊ အကောင်းဆုံးကြိုးစားဖို့ပဲလိုတယ်ဆိုတဲ့ အပြုသဘော အတွေးအခေါ်တွေကသာ ပျော်ရွှင်တဲ့ကလေးတွေအဖြစ် ပံ့ပိုးပေးနိုင်မှာပါ။
၄) လွတ်လပ် လုံခြုံစွာ ကစားစေပါ။
စာဖတ်သူတော့ မသိဘူး၊ ကျွန်မရဲ့ ငယ်ဘဝပျော်ရွှင်စရာတွေဟာ သစ်ပင်ပေါ်တက်ပြီး ကစားခဲ့တာတွေ၊ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ကစားခဲ့တာတွေနဲ့ ချိတ်ဆက်မှု အများကြီးရှိတယ်။ အခုချိန်ထိပြန်တွေးလိုက်ရင် ပြုံးပျော်ရွှင်စေတဲ့အထိပေါ့။ အန္တရာယ်ကင်းစွာ၊ အပူပင်ကင်းစွာ၊ ပျော်ရွှင်စွာ ကစားဖို့အတွက် ကစားစရာ ပြင်ဆင်ပေးတာ၊ ကူညီပေးတာဟာ ကလေးတွေကို ပျော်ရွှင်ဖို့အတွက် ပံ့ပိုးပေးတာပါပဲ။ အခုခေတ်မှာ ဖုန်းတွေ တီဗွီတွေအသုံးများလာတော့ ကလေးတွေကို တီဗွီရှေ့မှာ အမြဲထားတာမျိုး၊ ဖုန်းတစ်ချိန်လုံးပေးထားတာမျိုးဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်သလို ကိုယ်လက်လှှုပ်ရှား ဆော့ကစားခွင့် ရခြင်းလောက် ပျော်ရွှင်မှုကို မပေးစွမ်းနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို လွတ်လပ်စွာ ပြေးလွှား ကစားနိုင်မယ့် နေရာတွေ လိုက်ပို့ပါ၊ ဖန်တီးပေးပါ။
အချုပ်အားဖြင့် ပြောရရင် – လူတိုင်းအတွက် ပျော်စရာ အတိတ်ဘဝကို ပြန်တွေးရတာ ပျော်စရာကောင်းကြတယ်။ ငယ်စဉ်မှာ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊အနိုင်ကျင့်ခံရမှုတွေများခဲ့ရင် ကလေးတွေဟာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းရတယ်။ ငယ်ဘဝက စိတ်ဒဏ်ရာဟာ ဖျက်ရခက်လွန်းတယ်။ ပျော်ရွှင်တဲ့ ငယ်ဘဝက အနာဂါတ်အတွက် အင်အားဖြစ်စေတယ်။ ပျော်ရွှင်တဲ့အခါ ဉာဏ်ရွှင်တယ်၊ သင်ယူတတ်မြောက်လွယ်တယ်၊ တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းတယ်၊ ပြဿနာဖြေရှင်းနိုင်လာတယ်၊ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာတယ်၊ ကြုံလာတဲ့ လောကဓံကို သင်ယူစရာအဖြစ် သတ်မှတ်ပြီး အကောင်းဆုံးဆက်ကြိုးစားနိုင်လာမယ်။ ဒါကြောင့် တိုးတက်တဲ့နိုင်ငံဖြစ်ချင်ရင် ပျော်ရွှင်တဲ့ကလေးတွေကို ပြုစုပျိုးထောင်ဖို့လိုတယ်။ ပျော်ရွှင်တဲ့ ကလေးတွေဖြစ်ဖို့ လူကြီးတွေလည်း ပျော်အောင်၊ အပြုသဘောဆောင်အောင် ကြိုးစားရမယ်။ ရလဒ်တင်မက လုပ်ရပ်၊ဖြစ်စဉ်တွေကိုပါ အသိမှတ်ပြု အလေးထားရမယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်ချင်းနဲ့ ထူးခြားမှုတွေကို မြင်အောင် ကြည့်ပြီး ပံ့ပိုးပေးဖို့လိုတယ်။ ကလေးဘဝမှာပဲ အများစုရနိုင်တဲ့ လွတ်လပ်စွာ ပြေးလွှားဆော့ကစားခြင်းကို သင့်တော်သလို ခွင့်ပြုသင့်တယ်။
ပျော်ရွှင်စွာ သင်ယူနိုင်သူများကို ပြုစုပျိုးထောင်နိုင်ကြပါစေ။
မေတ္တာဖြင့်……..
Sayarma-ဆရာမ
Photo Credit to – https://www.vedanta.org.au/events/raising-happy-children/
[Zawgyi]
နုိင္ငံတစ္နုိင္ငံ တိုးတက္ဖြံ႕ျဖိဳးဖို႕ ထူးခၽြန္ထက္ျမက္သူေတြ၊ ျပႆနာကို ထိေရာက္စြာ ေျဖရွင္းနုိင္သူေတြ၊ အလုပ္ေတြကို အေကာင္းဆံုး ၾကိဳးစားၾကသူေတြအမ်ားၾကီးလိုအပ္သလို ေပ်ာ္ရႊင္တဲ့၊ စိတ္ခ်မ္းသာတဲ့ အျပဳသေဘာေဆာင္တဲ့ နုိင္ငံသားေတြလည္း အမ်ားၾကီးလိုတယ္။ေပ်ာ္ရႊင္ေအးခ်မ္းစြာ ေနတတ္တဲ့ လူၾကီးေတြ၊ စိတ္ခြန္အားအျပည့္နဲ႕ ျဖစ္သမွ်ကို အေကာင္းဆံုးေျဖရွင္းနုိင္တဲ့ လူၾကီးေတြျဖစ္ဖုိ႕ ငယ္စဥ္ကတည္းက ေပ်ာ္ရႊင္တတ္ေသာ ကေလးေတြ အျဖစ္ ပ်ိဳးေထာင္ျခင္းခံခဲ့ရဖို႕ကလည္း အေရးပါပါတယ္။ ငယ္စဥ္က ဘယ္လို အခ်ိန္ေတြဆို ေပ်ာ္စရာအေကာင္းဆံုးျဖစ္ခဲ့ဲလဲဆိုတာ စဥ္းစားၾကည့္ရင္း ဒီကေန႕ေတာ့ ကေလးေတြကို ငယ္စဥ္ကတည္းက ေပ်ာ္ရႊင္ေအာင္ ပ်ိဳးေထာင္ ပံ့ပိုးေပးနုိင္တဲ့ နည္းလမ္းေလး (၄)နည္းကို မွ်ေဝခ်င္ပါတယ္။
၁) ကူညီပံ့ပိုးသူကိုယ္တိုင္ ေပ်ာ္ရႊင္ေအာင္ေနပါ။
မိဘျဖစ္ေစ၊ ဆရာ၊မျဖစ္ေစ ကေလးေတြေရွ႕မွာ ေပ်ာ္ရႊင္နုိင္ေအာင္ ၾကိဳးစားပါ။ အျပဳသေဘာေဆာင္တဲ့ အေတြးေတြ အျမဲ ေတြးပါ။ ကေလးေတြဟာ မိဘ၊ဆရာသမား လူၾကီးမိဘဆီကေန အျမဲသင္ယူေနၾကတယ္။ အျမဲေဒါသထြက္ျပီး ဆဲဆိုေနတဲ့ လူၾကီးေတြဆီကေန ဆဲဆိုျခင္း ၊ ေဒါသၾကီးျခင္းဟာ ျပႆနာမဟုတ္ဘူးဆိုတာသင္ယူတယ္၊ ကိုယ္တိုင္လည္း ေဒါသၾကီးလာတယ္၊ ျပႆနာတစ္ခုခုၾကံဳရင္ ဆဲဆိုတတ္လာတယ္။
အျမဲ ျပံဳးေနတဲ့ ဆရာ၊မနဲ႕ သင္ယူရသူဟာ စိတ္ခ်မ္းသာတယ္။ ငယ္ငယ္ကဆို အျမဲ ဆူပူေနတဲ့ ဆရာ၊မေတြထက္ ေပ်ာ္ေပ်ာ္ပါးပါးစာသင္တတ္တဲ့ ဆရာ၊မေတြကို ပိုျပီး သံေယာဇာဥ္တြယ္ၾကတယ္။ ဆူပူေနတဲ့ ဆရာ၊နဲ႕ ေတြ႕ရင္ စိတ္ထဲမွာ အျမဲ ေၾကာက္စိတ္၊ မဝံ့ရဲစိတ္ေတြနဲ႕ စိတ္ေတြက မလံုျခံဳသလိုခံစားရတယ္။ ျပံုးရယ္ဖို႕သတိမရတတ္ၾကဘူး။ ဒါေၾကာင့္ ကေလးေတြနဲ႕ ေနတဲ့သူေတြကိုယ္တိုင္ ေပ်ာ္ရႊင္ေအာင္ ၾကိဳးစားပါ။
၂) ျပီးျပည့္စံုမွဳထက္ လုပ္အားကို သတိျပဳပါ။
ကေလးေတြကို လုပ္ငန္း လုပ္ခုိင္းတဲ့အခါ အေသးစိတ္ ၾကည့္ျပီး ဟိုဟာမေကာင္းဘူး၊ ဒီနားက လြဲေနတယ္္ဆိုတာကိုပဲ ၾကည့္ေနတာထက္ သူတို႕ အဲဒီ့လုပ္ငန္းအေပၚမွာ ထည့္သြင္းထားတဲ့ အားအင္ကို အသိမွတ္ျပဳျခင္းဟာ အေရးၾကီးပါတယ္။ ျပီးျပည့္စံုျခင္းဟာ ရလဒ္ (product)နဲ႕တူျပီး ျပီးျပည့္စံုေအာင္ ၾကိဳးပမ္းတဲ့ လုပ္အားဟာ ျဖစ္စဥ္ (process)နဲ႕တူပါတယ္။ျဖစ္စဥ္ေကာင္းမွ ရလဒ္ေကာင္းမယ္။ ရလဒ္ကိုပဲ ဦးစားေပးရင္ ျဖစ္စဥ္ကိုတန္ဖိုးထားတာ ေလ်ာ့သြားတယ္။ ျဖတ္လမ္းနည္းနဲ႕ ဘြဲ႕ယူၾကတာမ်ိဳး၊ လာဘ္ထုိးျပီး စာေမးပြဲေအာင္ေအာင္လုပ္ၾကတာမ်ိဳးေတြဟာ ဘြဲ႕တံဆိပ္ဆိုတဲ့ ရလဒ္ကိုပဲ ဦးစားေပးၾကျပီး စစ္မွန္တဲ့ ပညာတတ္ေျမာက္ျခင္း၊ ေလ့လာသင္ယူျခင္းဆိုတဲ့ ျဖစ္စဥ္ကို တန္ဖိုးထားဖုိ႕ မသင္ယူခဲ့ရလို႕ လို႕ျမင္ပါတယ္။ ဒီေတာ့ အလုပ္ခြင္ထဲေရာက္တဲ့အခါ ပညာမပါဘဲ ဘြဲ႕လက္မွတ္ၾကီးကိုင္လို႕ – ဘာမွမလုပ္တတ္ မကိုင္တတ္နဲ႕ စိတ္ဖိစီးမွဳေတြ၊ အလိုမက်မွဳေတြ ပိုျဖစ္ၾကတယ္။
အမွားလုပ္တဲ့အခါမွာလည္း မွားျခင္းဆိုတဲ့ ရလဒ္ကိုပဲ ဦးတည္ျပီး ဆူေငါက္တာထက္ ဘယ္လို ျဖစ္စဥ္ေၾကာင့္ မွားသြားလဲဆိုတာကို သင္ယူေစမွ ေနာက္တစ္ခါ မမွားဖုိ႕ ဘာလုပ္ရမယ္ဆိုတာ သိမယ္၊ အမွားအေပၚမွာ အျပစ္ၾကီးလို ခံစားျပီး လက္ေျမွာက္အရွံဳးေပးတာမ်ိဳးေတြမျဖစ္မယ္။ ကၽြန္မတို႕နုိင္ငံမွာ ျပႆနာအလြန္ေပါတယ္ ဒါေပမယ့္ အမွားပဲ လုိက္ေထာက္တတ္တာမ်ားၾကီး ဘယ္ျဖစ္စဥ္က ဘယ္လိုမွားျပီး ဘယ္လို ျပင္ၾကမယ္ဆိုတာကို ေသေသခ်ာခ်ာ ေတြးတဲ့အပိုင္းမွာ အားနည္းတယ္။ ဒါေၾကာင့္ အျမဲ စကားေျပာၾကရင္ ေပ်ာ္စရာ ေကာင္းတဲ့ အသိုင္းအဝန္းလို႕ မခံစားရေတာ့ဘူး။ ေပ်ာ္ရႊင္စရာ အသိုက္အျမံဳေလးအျဖစ္ ဖန္တီးခ်င္ရင္ ရလဒ္အျပင္ ျဖစ္စဥ္ကိုလည္း အသိမွတ္ျပဳအေလးထားတတ္ေအာင္ သင္ေပးဖုိ႕လိုပါတယ္။
၃) သူမ်ားနဲ႕ မႏွိဳင္းယွဥ္ပါနဲ႕။ သူတို႕ရဲ႕ ထူးျခားမွဳကို ျမင္ေအာင္ ၾကည့္ပါ။
သူငယ္ခ်င္းအခ်င္းခ်င္း၊ ေမာင္ႏွမအခ်င္းခ်င္း ဘယ္သူက ဘယ္သူ႕ထက္သာတယ္ ဆိုတာ ကေလးေတြကို မေျပာသင့္ပါဘူး။ အမွန္က ကၽြန္မတို႕ လူၾကီးေတြက ကေလးတုိင္းရဲ႕ ထူးခၽြန္မွဳ၊ ထူးျခားမွဳကို မရွာေဖြနုိင္လို႕သာ အခုလိုေျပာၾကတာပါ။
ဆရာ၊မေတြမွာ သူတို႕ သေဘာက်တဲ့ သင္ယူမွုပံုစံရွိတဲ့ ေက်ာင္းသား၊သူေတြကို ပိုသေဘာက်ေလ့ရွိတယ္။ ဒါေပမယ့္ ဆရာ၊မျဖစ္ေနတဲ့အတြက္ အဲဒီ့ကေလးကိုပဲ အပစားေပးျပီးေနတာမ်ိဳးက မွားတယ္။ ဆရာဆိုတာ ကုိယ့္အတန္းထဲကို လာတဲ့သူတုိင္းရဲ႕ ထူးျခားမွဳကို ျမင္ေအာင္ၾကည့္၊ နားလည္ေအာင္လုပ္ျပီး အေကာင္းဆံုး ပံ့ပိုးသင္ၾကားေပးဖုိ႕ တာဝန္ရွိတာ။ အခုက ဘယ္ကေလးက ညံ့တယ္၊ ဘယ္ကေလးက ေတာ္တယ္ဆိုျပီး ကေလးေတြကို သူတို႕မွာ ရွိေနတဲ့ စြမ္းရည္ေတြကို မျမင္ေအာင္လုပ္ျပီး စိတ္ဖိစီးမွုေပးေနၾကတာေတြရွိတယ္။ မိဘအခ်ိဳ႕လည္း တူတူပါပဲ။ အၾကီးနဲ႕အငယ္ ဆိုရင္ ဘယ္သူကေတာ့ ဘယ္လို ေတာ္ျပီး ေနာက္တစ္ေယာက္က ဘယ္လိုဆိုးတယ္ဆိုတာမ်ိဳးေတြ ေျပာၾကတယ္။
ဆရာ၊မေတြေရာ လူၾကီး မိဘေတြေရာ ကိုယ္နဲ႕ ထိေတြ႕ ဆက္ဆံေနရတဲ့ ကေလးေတြကို ေသခ်ာ နားလည္ေအာင္ ေလ့လာ ေစာင့္ၾကည့္ျပီး သူတို႕ကိုယ္စီရဲ႕ ထူးျခားမွဳကို ျမင္ေအာင္ ၾကည့္ပါ။ သူတို႕ရဲ႕ အားနည္းခ်က္ေတြကို အားသာခ်က္ျဖစ္ေအာင္ ပံ့ပိုးျပီး ထူးျခားမွဳေတြကေန ထူးခၽြန္မွုျဖစ္ေအာင္ ပံ့ပိုးေပးပါ။ ကိုယ္ဟာ တစ္ေယာက္ေယာက္ထက္ နိမ့္က်ျခင္းမရွိဘူး၊ အေကာင္းဆံုးၾကိဳးစားဖုိ႕ပဲလိုတယ္ဆိုတဲ့ အျပဳသေဘာ အေတြးအေခၚေတြကသာ ေပ်ာ္ရႊင္တဲ့ကေလးေတြအျဖစ္ ပံ့ပိုးေပးနုိင္မွာပါ။
၄) လြတ္လပ္ လံုျခံဳစြာ ကစားေစပါ။
စာဖတ္သူေတာ့ မသိဘူး၊ ကၽြန္မရဲ႕ ငယ္ဘဝေပ်ာ္ရႊင္စရာေတြဟာ သစ္ပင္ေပၚတက္ျပီး ကစားခဲ့တာေတြ၊ သူငယ္ခ်င္းေတြနဲ႕ လြတ္လြတ္လပ္လပ္ကစားခဲ့တာေတြနဲ႕ ခ်ိတ္ဆက္မွု အမ်ားၾကီးရွိတယ္။ အခုခ်ိန္ထိျပန္ေတြးလုိက္ရင္ ျပံဳးေပ်ာ္ရႊင္ေစတဲ့အထိေပါ့။ အႏၱရာယ္ကင္းစြာ၊ အပူပင္ကင္းစြာ၊ ေပ်ာ္ရႊင္စြာ ကစားဖို႕အတြက္ ကစားစရာ ျပင္ဆင္ေပးတာ၊ ကူညီေပးတာဟာ ကေလးေတြကို ေပ်ာ္ရႊင္ဖို႕အတြက္ ပံ့ပိုးေပးတာပါပဲ။ အခုေခတ္မွာ ဖုန္းေတြ တီဗြီေတြအသံုးမ်ားလာေတာ့ ကေလးေတြကို တီဗြီေရွ႕မွာ အျမဲထားတာမ်ိဳး၊ ဖုန္းတစ္ခ်ိန္လံုးေပးထားတာမ်ိဳးဟာ ကေလးရဲ႕ က်န္းမာေရးကို ထိခုိက္သလို ကိုယ္လက္လွွဳပ္ရွား ေဆာ့ကစားခြင့္ ရျခင္းေလာက္ ေပ်ာ္ရႊင္မွဳကို မေပးစြမ္းနုိင္ပါဘူး။ ဒါေၾကာင့္ ကေလးေတြကို လြတ္လပ္စြာ ေျပးလႊား ကစားနုိင္မယ့္ ေနရာေတြ လိုက္ပို႕ပါ၊ ဖန္တီးေပးပါ။
အခ်ဳပ္အားျဖင့္ ေျပာရရင္ – လူတုိင္းအတြက္ ေပ်ာ္စရာ အတိတ္ဘဝကို ျပန္ေတြးရတာ ေပ်ာ္စရာေကာင္းၾကတယ္။ ငယ္စဥ္မွာ စိတ္ဖိစီးမွဳ၊ ဝမ္းနည္းမွဳ၊အနုိင္က်င့္ခံရမွဳေတြမ်ားခဲ့ရင္ ကေလးေတြဟာ စိတ္ဒဏ္ရာေတြနဲ႕ ၾကီးျပင္းရတယ္။ ငယ္ဘဝက စိတ္ဒဏ္ရာဟာ ဖ်က္ရခက္လြန္းတယ္။ ေပ်ာ္ရႊင္တဲ့ ငယ္ဘဝက အနာဂါတ္အတြက္ အင္အားျဖစ္ေစတယ္။ ေပ်ာ္ရႊင္တဲ့အခါ ဥာဏ္ရႊင္တယ္၊ သင္ယူတတ္ေျမာက္လြယ္တယ္၊ တီထြင္ဖန္တီးနုိင္စြမ္းအားေကာင္းတယ္၊ ျပႆနာေျဖရွင္းနုိင္လာတယ္၊ ေပါင္းသင္းဆက္ဆံေရးပိုေကာင္းလာတယ္၊ ၾကံဳလာတဲ့ ေလာကဓံကို သင္ယူစရာအျဖစ္ သတ္မွတ္ျပီး အေကာင္းဆံုးဆက္ၾကိဳးစားနုိင္လာမယ္။ ဒါေၾကာင့္ တိုးတက္တဲ့နုိင္ငံျဖစ္ခ်င္ရင္ ေပ်ာ္ရႊင္တဲ့ကေလးေတြကို ျပဳစုပ်ိဳးေထာင္ဖို႕လိုတယ္။ ေပ်ာ္ရႊင္တဲ့ ကေလးေတြျဖစ္ဖုိ႕ လူၾကီးေတြလည္း ေပ်ာ္ေအာင္၊ အျပဳသေဘာေဆာင္ေအာင္ ၾကိဳးစားရမယ္။ ရလဒ္တင္မက လုပ္ရပ္၊ျဖစ္စဥ္ေတြကိုပါ အသိမွတ္ျပဳ အေလးထားရမယ္။ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ အရည္ခ်င္းနဲ႕ ထူးျခားမွုေတြကို ျမင္ေအာင္ ၾကည့္ျပီး ပံ့ပိုးေပးဖို႕လိုတယ္။ ကေလးဘဝမွာပဲ အမ်ားစုရနုိင္တဲ့ လြတ္လပ္စြာ ေျပးလႊားေဆာ့ကစားျခင္းကို သင့္ေတာ္သလို ခြင့္ျပဳသင့္တယ္။
ေပ်ာ္ရႊင္စြာ သင္ယူနုိင္သူမ်ားကို ျပဳစုပ်ိဳးေထာင္နုိင္ၾကပါေစ။
ေမတၱာျဖင့္……..
Sayarma-ဆရာမ
Photo Credit to – https://www.vedanta.org.au/events/raising-happy-children/