[ Unicode ]
ကျွန်မတို့နိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုဆို နေရာအနှံ့မှာ မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေ များစွာနဲ့ပေါ့။ ဒီအချိန်မှာ ကလေးတွေအတွက် ကျွန်မတို့က ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့လိုသလို ကြားကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ သိသင့်တာတွေ သိဖို့ သင်ပြမှုတွေက ကလေးတွေအတွက် အလွန် အရေးပါပါတယ်။
ပဋိပက္ခတွေကြားက ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးခံကြရတယ်။ စစ်/ပဋိပက္ခကို ကြုံဖူးတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာတွေဖြစ်ရတယ်။ ဘဝတစ်လျှောက်လုံး ကုသဖို့ခက်ခဲတဲ့ ကြောက်စိတ်တွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျမှုတွေအဓိကဖြစ်ကြတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ ကလေးတွေရဲ့ ခံနိုင်စွမ်းအား (resilience) ဘယ်လောက်ကောင်းသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အနည်းအများ ကွာဟမှု ရှိတတ်ကြပါတယ်။
စစ်ဖြစ်ပွါးတဲ့ ဒေသတွေက ကလေးတွေကို လေ့လာထားတဲ့ သုတေသနတစ်ခုအရ – ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု ပမာဏဟာ မိဘတွေရဲ့ ကလေးပြုစုပျိုးထောင်ပုံနဲ့ နွေးထွေးမှုအပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ဆိုပါတယ်။ အခြားသုတေသနများစွာမှာလည်း မိသားစုအတွင်း အပြုသဘောဆောင်တဲ့ အပြန်အလှန်ပြောဆိုဆက်ဆံမှုတွေ၊ စုစည်းတည်ရှိမှုတွေဟာ ကလေးတွေရဲ့ စိတ်တွင်းခံစားချက်ကို ပိုပြီး ကောင်းမွန်တဲ့ဖက် ရရှိစေတယ်တဲ့။
Resilience (ခံနိုင်စွမ်းအား၊ ကြံ့ခိုင်မှု) ဆိုတာရှိဖို့ စိတ်အတွင်း တည်ငြိမ်မှု + ခံစားချက်များကို နားလည်နိုင်မှု + အသိပညာ ပြည့်စုံမှု လိုအပ်ပါတယ်။
မိဘတွေက ကလေးတွေ စိတ်တည်ငြိမ်ဖို့၊ သူတို့ရဲ့ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို နားလည်နိုင်ဖို့နဲ့ ဖြစ်ပျက်နေတဲ့အရာတွေအပေါ် ကြောင်းကျိုးဆက်စပ်နားလည်နိုင်ဖို့ ကူညီပေးရင် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုမှုရရှိလာနိုင်ပါတယ်။
စိတ်တည်ငြိမ်ဖို့ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရား အဆုံးမတွေအတိုင်း ကျင့်ကြံတာ၊ ဆုတောင်း ဝတ်ပြုတာတွေလုပ်နိုင်ပါတယ်။ ပြီးရင် ကျွန်မတို့က သူတို့တွေရဲ့ ခံစားချက်တွေကို နားထောင်ပေးရမယ်၊ သူတို့သိသင့်တဲ့ အကြောင်းအရာတွေကို အကျိုးသင့်အကြောင်းသင့် ရှင်းပြဆွေးနွေးရမယ်၊ ဒီကာလမှာ အန္တရာယ်တစ်ခုခု ကြုံလာရင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ သင်ပေးဖို့လိုတယ်၊ သူတို့မှာ ရှိတဲ့ စွမ်းရည်တွေကို အသိမှတ်ပြုပေးဖို့လိုတယ်။ ကလေးတွေအတွက် သတ်သတ်မှတ်မှတ် လုပ်ရတဲ့ လုပ်ငန်းလေးတွေပေးထားပါ။ စကားပြောတဲ့ အချိန်လေးတွေထားပါ။ သင်ယူမှု တစ်ခုခု နေ့စဉ်လုပ်ခိုင်းပါ။ ကစားနည်းတွေ ကစားခိုင်းပါ။ အခြားလုပ်ပေးဖြစ်တဲ့ လုပ်ငန်းတွေရှိရင်လည်း ကျွန်မကို မျှဝေပေးပါ။
ကျွန်မတို့ရဲ့ ဒီမိုကရေစီအရေးတိုက်ပွဲနဲ့ ပြန်လည်ထူထောင်ရေးကာလဟာ ကြာကောင်းကြာလိမ့်မယ်။ အဲဒီ့အတွက် အိမ်မှာနေရင်း ကျွန်မတို့ သင်ပေးနိုင်တာ သင်ပေးရင်း ကလေးတွေကို အတတ်နိုင်ဆုံး နွေးထွေးမှု ပေးဖို့ လိုပါတယ်။ ဒီကာလမှာ နိုင်ငံ့အကျိုးကို အန္တရာယ်ကင်းစွာ သယ်ပိုးကြရင်း ကလေးတွေကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
ကျွန်မတို့ရဲ့ ကလေးတွေ စိတ်ဒဏ်ရာတွေ လျော့ပါးအောင် ဒီအရေးတော်ပုံ အောင်ရမယ်။
မေတ္တာဖြင့်..
Sayarma-ဆရာမ
Photo credit : Pinterest
[ Zawgyi ]
ကၽြန္မတို႔နိုင္ငံက တိုင္းရင္းသားေဒသေတြမွာ ျပည္တြင္းစစ္ျဖစ္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။ အခုဆို ေနရာအႏွံ့မွာ မတည္ၿငိမ္မႈေတြ၊ အၾကမ္းဖက္မႈေတြ မ်ားစြာနဲ႔ေပါ့။ ဒီအခ်ိန္မွာ ကေလးေတြအတြက္ ကၽြန္မတို႔က ၿငိမ္းခ်မ္းေရးရေအာင္ ႀကိဳးစားဖို႔လိုသလို ၾကားကာလအတြင္းမွာ စိတ္ပိုင္းဆိုင္ရာ ပံ့ပိုးမႈေတြ၊ သိသင့္တာေတြ သိဖို႔ သင္ျပမႈေတြက ကေလးေတြအတြက္ အလြန္ အေရးပါပါတယ္။
ပဋိပကၡေတြၾကားက ကေလးေတြဟာ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြအျပင္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ အမ်ားႀကီးခံၾကရတယ္။ စစ္/ပဋိပကၡကို ၾကဳံဖူးတဲ့ ကေလးေတြရဲ့ စိတ္ထဲမွာ စိတ္ဒဏ္ရာေတြျဖစ္ရတယ္။ ဘဝတစ္ေလၽွာက္လုံး ကုသဖို႔ခက္ခဲတဲ့ ေၾကာက္စိတ္ေတြ၊ စိတ္ဖိစီးမႈေတြ၊ စိတ္ဓါတ္က်မႈေတြအဓိကျဖစ္ၾကတယ္။
စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြဟာ ကေလးေတြရဲ့ ခံနိုင္စြမ္းအား (resilience) ဘယ္ေလာက္ေကာင္းသလဲဆိုတဲ့ အေပၚမွာ မူတည္ၿပီး အနည္းအမ်ား ကြာဟမႈ ရွိတတ္ၾကပါတယ္။
စစ္ျဖစ္ပြါးတဲ့ ေဒသေတြက ကေလးေတြကို ေလ့လာထားတဲ့ သုေတသနတစ္ခုအရ – ကေလးေတြရဲ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္နိုင္မႈ ပမာဏဟာ မိဘေတြရဲ့ ကေလးျပဳစုပ်ိဳးေထာင္ပုံနဲ႔ ေႏြးေထြးမႈအေပၚမွာလည္း အမ်ားႀကီးမူတည္တယ္လို႔ ဆိုပါတယ္။ အျခားသုေတသနမ်ားစြာမွာလည္း မိသားစုအတြင္း အျပဳသေဘာေဆာင္တဲ့ အျပန္အလွန္ေျပာဆိုဆက္ဆံမႈေတြ၊ စုစည္းတည္ရွိမႈေတြဟာ ကေလးေတြရဲ့ စိတ္တြင္းခံစားခ်က္ကို ပိုၿပီး ေကာင္းမြန္တဲ့ဖက္ ရရွိေစတယ္တဲ့။
Resilience (ခံနိုင္စြမ္းအား၊ ႀကံ့ခိုင္မႈ) ဆိုတာရွိဖို႔ စိတ္အတြင္း တည္ၿငိမ္မႈ + ခံစားခ်က္မ်ားကို နားလည္နိုင္မႈ + အသိပညာ ျပည့္စုံမႈ လိုအပ္ပါတယ္။
မိဘေတြက ကေလးေတြ စိတ္တည္ၿငိမ္ဖို႔၊ သူတို႔ရဲ့ ျဖစ္ေပၚေနတဲ့ ခံစားခ်က္ေတြကို နားလည္နိုင္ဖို႔နဲ႔ ျဖစ္ပ်က္ေနတဲ့အရာေတြအေပၚ ေၾကာင္းက်ိဳးဆက္စပ္နားလည္နိုင္ဖို႔ ကူညီေပးရင္ ကေလးေတြမွာ စိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈ ပိုမႈရရွိလာနိုင္ပါတယ္။
စိတ္တည္ၿငိမ္ဖို႔ ကိုယ္ကိုးကြယ္တဲ့ ဘာသာတရား အဆုံးမေတြအတိုင္း က်င့္ႀကံတာ၊ ဆုေတာင္း ဝတ္ျပဳတာေတြလုပ္နိုင္ပါတယ္။ ၿပီးရင္ ကၽြန္မတို႔က သူတို႔ေတြရဲ့ ခံစားခ်က္ေတြကို နားေထာင္ေပးရမယ္၊ သူတို႔သိသင့္တဲ့ အေၾကာင္းအရာေတြကို အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပေဆြးေႏြးရမယ္၊ ဒီကာလမွာ အႏၲရာယ္တစ္ခုခု ၾကဳံလာရင္ ဘယ္လိုကာကြယ္နိုင္မလဲဆိုတာ သင္ေပးဖို႔လိုတယ္၊ သူတို႔မွာ ရွိတဲ့ စြမ္းရည္ေတြကို အသိမွတ္ျပဳေပးဖို႔လိုတယ္။ ကေလးေတြအတြက္ သတ္သတ္မွတ္မွတ္ လုပ္ရတဲ့ လုပ္ငန္းေလးေတြေပးထားပါ။ စကားေျပာတဲ့ အခ်ိန္ေလးေတြထားပါ။ သင္ယူမႈ တစ္ခုခု ေန႔စဥ္လုပ္ခိုင္းပါ။ ကစားနည္းေတြ ကစားခိုင္းပါ။ အျခားလုပ္ေပးျဖစ္တဲ့ လုပ္ငန္းေတြရွိရင္လည္း ကၽြန္မကို မၽွေဝေပးပါ။
ကၽြန္မတို႔ရဲ့ ဒီမိုကေရစီအေရးတိုက္ပြဲနဲ႔ ျပန္လည္ထူေထာင္ေရးကာလဟာ ၾကာေကာင္းၾကာလိမ့္မယ္။ အဲဒီ့အတြက္ အိမ္မွာေနရင္း ကၽြန္မတို႔ သင္ေပးနိုင္တာ သင္ေပးရင္း ကေလးေတြကို အတတ္နိုင္ဆုံး ေႏြးေထြးမႈ ေပးဖို႔ လိုပါတယ္။ ဒီကာလမွာ နိုင္ငံ့အက်ိဳးကို အႏၲရာယ္ကင္းစြာ သယ္ပိုးၾကရင္း ကေလးေတြကိုလည္း အတတ္နိုင္ဆုံး ပံ့ပိုးေပးနိုင္ၾကပါေစလို႔ ဆုေတာင္းမိပါတယ္။
ကၽြန္မတို႔ရဲ့ ကေလးေတြ စိတ္ဒဏ္ရာေတြ ေလ်ာ့ပါးေအာင္ ဒီအေရးေတာ္ပုံ ေအာင္ရမယ္။
ေမတၱာျဖင့္..
Sayarma-ဆရာမ
Photo credit : Pinterest