[Unicode]

ပညာရေးဆိုင်ရာ သဘောတရားတွေ၊ သီအိုရီတွေကို များသောအားဖြင့် ပညာရေးမှာပဲ အသုံးပြုကြပါတယ်။  ကျွန်မကတော့ ပညာရေးသဘောတရားတွေကို စာသင်ခန်းအပြင်ဘက်က ဆရာ၊မတွေရဲ့ ကိုယ်ပိုင်ဘဝ၊ ဆရာ၊မအချင်းချင်း – လုပ်ဖေါ်ကိုင်ဖက်အချင်းချင်းကြားက ဆက်ဆံရေး နဲ့ သာမာန်လူသားတွေရဲ့ အပြန်အလှန် ဆက်နွယ်မှု ပိုခိုင်မာအောင်၊ ပိုပြီး အကျိုးရှိအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို စိတ်ဝင်စားလို့ ချိတ်ဆက်တွေးတောမိရင်း ဒီစာလေးဖြစ်လာခဲ့ပါတယ်။  ဒီကနေ့တော့ ပညာရေး သဘောတရား အမြင် (၃) ခုကို အခြေခံပြီး ကျွန်မယုံကြည်တဲ့ အပြန်အလှန် ဆက်နွယ်မှု တိုးတက်ရေးပုံစံကို ချဉ်းကပ်ကြည့်ပါ့မယ်။ မတူညီသော သဘောထားတွေရှိရင်လည်း လွတ်လပ်စွာ အပြုသဘောဆွေးနွေးပေးပါ။

၁) ကလေးတွေဟာ မတူညီကြဘူး။ ထပ်တူကျသူ မရှိကြဘူး။ ကလေးတိုင်းဟာ ထူးခြားတယ်။

—————————————————

 စာသင်ခန်းထဲကိုရောက်လာတဲ့ ကလေးတွေဟာ မိသားစုနောက်ခံ၊ အကြိုက်၊ ဗဟုသုတ၊ သင်ယူပုံ၊ ဘယ်အရာမှ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ကလေးတစ်ယောက်နဲ့ အဆင်ပြေတဲ့ နည်းလမ်းဟာ နောက်တစ်ယောက်အတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေရဲ့ လိုအပ်ချက်၊ နောက်ခံအခြေအနေနဲ့ သင်ယူမှုပုံစံ စတာတွေကို လေ့လာပြီး သူတို့နဲ့ ကိုက်ညီတာတွေကို အလှည့်ကျ အသုံးပြုသင်ပေးရပါတယ်။ အတန်းထဲမှာ ကစားနည်းတွေနဲ့ ချိတ်ဆက်ပြီး သင်တာကြိုက်တဲ့သူရှိသလို၊ စာဖတ်တာပိုကြိုက်တဲ့သူလည်းရှိမှာပဲ။ အစကတည်းက အားလုံးအတွက် အဆင်ပြေအောင် အမျိုးမျိုးအတတ်နိုင်ဆုံး သင်ကြားမယ် ဒါပေမယ့် ကလေးတွေကိုယ်တိုင်ကလည်း ကိုယ်မကြိုက်လို့ လိုက်မလုပ်တာမျိုးမဖြစ်အောင် အပြန်အလှန်သဘောတူတဲ့ စည်းမျဉ်းတွေ ချပြီး သင်ကြပါတယ်။

မတူညီတဲ့ကလေးတိုင်းမှာ ထူးခြားတဲ့ အရည်သွေးကိုယ်စီရှိကြတယ်။ အဲဒီ့အရည်သွေးတွေကို မြင်အောင် ကြည့်တတ်တဲ့ မိဘ၊ ဆရာသမားတွေနဲ့တွေ့ဖို့ပဲလိုပါတယ်။ ကလေးတွေရဲ့ မတူညီမှုတွေထဲက ထူးခြားမှုတွေကို ပိုပြီး အပြုသဘောဆောင်တဲ့ဘက်မှာ သုံးနိုင်အောင်လည်း ပံ့ပိုးပေးဖို့လိုပါတယ်။

သမီးရည်းစားဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ သူငယ်ချင်းခင်မင်မှုမှာဖြစ်ဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်တွေ အကြားမှဖြစ်ဖြစ် ဒီသဘောတရားကို သေသေချာချာ နားလည်ကြဖို့လိုပါတယ်။ လူတိုင်းဟာ မတူညီကြဘူး၊ ကွဲပြားကြတယ်။ ကိုယ်ကြိုက်ပေမယ့် သူကြိုက်ချင်မှ ကြိုက်မယ်။ ကိုယ်ကြိုက်တာလုပ်သလို သူကြိုက်တာ လုပ်ခွင့်လည်းပေးရမယ်။ မတူကြတဲ့ လူသားတွေ ပေါင်းစည်းနေရတာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ဘယ်အရာတွေကို ဘာကြောင့် ကြိုက်ပြီး ဘယ်အရာတွေ ဘာလို့ လက်မခံနိုင်လဲဆိုတာ အပြုသဘော အပြန်လှန် ပြောပြကြဖို့လိုပါတယ်။ ကိုယ်မကြိုက်လို့ သူလည်းမကြိုက်ရဘူးဆိုတာတော့ မဖြစ်သင့်ပါဘူး။ ဘယ်လောက်အတိုင်းအတာထိ လိုက်လျောနိုင်ပြီး ဘယ်လိုအခြေအနေဆိုရင် စိတ်ထဲမှာ ဘယ်လိုဖြစ်မယ်ဆိုတာ ကြိုတင် ပြောပြပြီး နှစ်ဦးအပြန်အလှန် သဘောတူတဲ့၊ တစ်ဖက်ဖက်မှ မနစ်နာတဲ့ စည်းမျဉ်းလေးတွေ ချထားဖို့လိုပါတယ်။ 

သူများအတွဲမှာ အဆင်ပြေတဲ့ နည်းလမ်းဟာ ကိုယ်တွေအတွက်လည်း အဆင်ပြေချင်မှ ပြေမယ်ဆိုတာလည်း သိစေချင်ပါတယ်။ အဆင်ပြေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆက်နွှယ်မှုတိုင်းမှာ ပါဝင်တဲ့သူတွေရဲ့ အခြေအနေနဲ့ သဘာဝကိုလိုက်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် နည်းစနစ်ကို ရွေးချယ်တာ အကောင်းဆုံးလို့မြင်ပါတယ်။

ပြီးတော့ ကိုယ်နဲ့ တွဲနေတဲ့သူ၊ ပေါင်းနေတဲ့သူ၊ အလုပ်လုပ်နေတဲ့သူတွေကလည်း မတူညီစွာ ထူးခြားကြတာကို မမေ့ပါနဲ့။ သူတို့ရဲ့ ထူးခြားချက်ကို စွမး်ရည်တွေကို မြင်နိုင်အောင် ကြည့်ပြီး အကောင်းဆုံးပံ့ပိုးပေးဖို့လိုပါတယ်။ ကျွန်မတို့တစ်တွေမှာ ဟိုသူက ဘယ်ဟာမကောင်းဘူး ဘယ်လိုဖြစ်တယ်ဆိုပြီး အတင်းအဖြစ် ပြောကြတယ်။ အတင်းပြောလိုက်တဲ့သူက အကောင်းကို မမြင်တတ်၊ ထူးခြားမှုတွေကို မမြင်တတ်တာ အရမ်းသိသာနေပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူ၊ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ထူးခြားချက်ကိုမြင်အောင်ကြည့်ပါ၊ အပြုသဘောပြောဆိုပါ၊ မျှမျှတတ စည်းမျဉ်းလေးတွေချပြီး အပြန်အလှန် ပံ့ပိုးကြဖို့ တိုင်ပင်ကြပါ။

၂) သင်ယူသူတွေဟာ အသိဟောင်းကနေ အသိသစ်ကို ပြောင်းလဲ သင်ယူတယ်။

—————————————————————–

သင်ယူသူတွေဟာ အသိဟောင်း (ယခင်သိပြီးသားအသိ)ကနေ အသိသစ် (သင်ယူမှုအသစ်)ကို ပြောင်းလဲသင်ယူကြတယ်။ ယခင်သိပြီးသားအသိတွေကို အခြေခံပြီးသင်ယူထားတဲ့ သင်ယူမှုအသစ်တွေက ပိုခိုင်မြဲတယ်၊ ပိုပြီး ထိရောက်တယ်လို့ဆိုကြတယ်။ ဥပမာ – ကလေးတစ်ယောက်ကို အပင်တွေက အောက်ဆီဂျင်ထုတ်ပေးတဲ့ သဘောတရားကို သင်မယ်ဆိုပါတော့။ အရင်ဆုံး အောက်ဆီဂျင်ရော အပင်တွေနဲ့ရော ပတ်သတ်တဲ့ အချက်အလက်တွေ ဘာတွေ သိမလဲ အရင်ဆုံးမေးရမယ်၊ ဆွေးနွေးကြမယ်။ အဲဒီ့မှာ သူတို့ မသိတာ၊ သိတာ အပေါ်မူတည်ပြီး မသိတာကို သင်မယ်၊ သိထားတာကို ပိုသိစေမယ်။ အရင်အသိတွေထဲမှာ လူတွေ အသက်ရှင်နေထိုင်ဖို့ လေ လိုအပ်တယ်ဆိုရင် – အဲဒီ့လိုအပ်တဲ့လေဟာ အောက်ဆီဂျင်ဖြစ်တယ်ဆိုတာကို ချိတ်ဆက်သင်ပေးလိုက်လို့ရတယ်။  အရင်တုန်းက သိထားတာတွေနဲ့ ချိတ်ဆက်လိုက်တော့မှာ သူတို့ အသစ်သင်ယူရမယ့် အကြောင်းအရာတွေက ပိုပြီး အဓိပ္ပါယ်ရှိလာတဲ့ သဘောမှာရှိတယ်။

လူတွေမှာလည်း မတူညီတဲ့ အတွေ့အကြုံတွေရှိကြတယ်။ ကျင်လည်ရာဘဝ၊ ပတ်ဝန်းကျင်၊ မိသားစု စတာတွေအပေါ်မှာ မူတည်ပြီး စရိုက်တွေ၊ ဗဟုသုတတွေ၊ အမြင်တွေ အများကြီး ကွာဟသွားကြတယ်။ ဒါကြောင့် ပထမဆုံးပြောခဲ့တဲ့ လူတိုင်းဟာ ထူးခြားတယ် ဆိုတဲ့အချက်ကို အမြဲ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ တစ်ခါတစ်လေ ကြုံဖူးလားတော့မသိဘူး။ ကိုယ်ပြောတဲ့စကားကို တစ်ဖက်က နားမလည်နိုင်တာမျိုး၊ တော်တော်နဲ့သဘောမပေါက်တာမျိုးလေ။ အဲဒီ့လို အခြေအနေမှာ သူ့ရဲ့ အသိဟောင်းနဲ့ ချိတ်ဆက်ပြီး ရှင်းပြနိုင်ဖို့ စဉ်းစားပါ။ တော်တော်တုံးတယ်၊ ထူတယ်ဆိုပြီး တွေးလိုက်မိရင် သူနဲ့ ကိုယ်နဲ့ကြားက ဆက်ဆံရေးက ပိုပြီး ဆိုးရုံပဲ ရှိမှာပေါ့။ သူနားလည်နိုင်တဲ့ အဆင့်၊ နားလည်နိုင်မယ့်ပုံစံကို သူနဲ့ ရင်းနှီးမယ့် အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီးရှင်းပြပါ။ ဥပမာ – စက်ပစ္စည်းတွေအကြောင်းကို ကျောင်းဆရာမ ရည်းစားကို ရှင်းပြချင်တယ်ဆိုပါစို့။ စက်ပစ္စည်းတွေရဲ့ အသုံးအနှုန်းကြီးတွေနဲ့ရှင်းပြလို့ နားမလည်ဘူးဆိုရင် စက်ပစ္စည်းရဲ့ အလုပ်လုပ်ပုံက စာသင်ခန်းထဲက ဘယ်သဘောတရားနဲ့ဆင်တယ်၊ ဘယ်လို သဘောရှိတယ်ဆိုတာကို အရင်နားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အဲဒီ့အခါ ကြိုးစားရှင်းပြနေသူကိုလည်း နားထောင်သူက အသိအမှတ်ပြုဖို့လိုပါတယ်။ 

၃) အတွေ့အကြုံတွေ အခြေပြု သုံးသပ်ဆင်ခြင်ရင်း တိုးတက်အောင် စွမ်းဆောင်နိုင်တယ်။

—————————————————————–

အတွေ့အကြုံအခြေပြုသင်ယူခြင်း သီအိုရီအကြောင်းကို “အမြဲမပြတ်သင်ယူနေသော ဆရာ၊မများဖြစ်စေလို” ဆိုတဲ့ စာလေးမှာ ပြောပြခဲ့ပြီးပါပြီ။ အတွေ့အကြုံအခြေပြု သင်ယူခြင်း သီအိုရီဆိုတာ အမေရိကန် စိတ်ပညာရှင် Kolbက ပညာရေးနယ်ပယ်မှာ ထင်ပေါ်ကျော်ကြားတဲ့ Jean Piaget၊ John Dewey၊ Kurt Lewin တို့ရဲ့ အတွေးအမြင် အယူအဆတွေအပေါ်ကို အခြေခံပြုပြီး ဖေါ်ထုတ်ခဲ့တာပါ။  အဲဒီ့သီအိုရီက နာမည်အတိုင်းပဲ သင်ယူသူတွေရဲ့ အတွေ့အကြုံတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေအပေါ် အခြေပြုပြီး နောက်ထပ် သင်ယူမှု အသစ်အသစ်တွေ ဘယ်လို ဖန်တီးနိုင်မယ်ဆိုတာကို အဆင့်လေးဆင့်နဲ့ ပြထားပါတယ်။  လက်ရှိရှိတဲ့ အတွေ့အကြုံကို အသုံးပြုပြီး အချက်အလက်စုဆောင်းမယ်၊ လေ့လာသုံးသပ်မယ်၊ သုံးသပ်ဆင်ခြင်ရမယ်၊ အဲဒီ့သုံးသပ်ချက်တွေအပေါ်မူတည်ပြီး ကောက်ချက်ချ။ ကောက်ချက်ချတဲ့အပေါ်မူတည်ပြီး ဒီအတွေ့အကြုံကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ပြင်ဆင်၊ လက်တွေ့လုပ်။ ဒီလိုနဲ့ ပဲ အလုပ်တွေ ဒီ့ထက်ဒီ့ထက်ပိုကောင်းအောင် လုပ်ကြတာပေါ့။

ကလေးတွေရဲ့ သင်ယူမှုတွေ၊ ဆရာ၊မတွေရဲ့လုပ်ဆောင်ချက်တွေကိုလည်း အမြဲ လေ့လာသုံးသပ်ဆင်ခြင်းပြီး ပိုကောင်းအောင် အမြဲပြင်ဆင်၊ စမ်းသပ်လုပ်ဆောင်ရင်း တစ်ခုထက်တစ်ခုပိုကောင်းအောင် လုပ်တာမျိုးပါ။

ချစ်ခြင်းမေတ္တာအခြေခံတဲ့ ဆက်နွယ်မှုမျိုးဖြစ်ဖြစ်၊ အလုပ်အခြေပြုတဲ့ ဆက်ဆံမှုတွေမှာလည်း အဲ့လိုပါပဲ။ မတူညီစွာ ထူးခြားကြတဲ့ လူတွေ အတူတစ်ကွ ယှဉ်တွဲလုပ်ကိုင်နိုင်ဖို့၊ ဘဝကိုဖြတ်သန်းကြဖို့ဆိုရင် ကြုံလာတဲ့ အခက်အခဲ၊ အောင်မြင်မှု၊ ဖြစ်ရပ်၊ အတွေ့အကြုံတွေအပေါ်မှာ အမြဲ အတူတစ်ကွ သုံးသပ်ဆင်ခြင်ပြီး ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ၊ နောက်တစ်ခါ အမှားနည်းအောင် ဘယ်လို ပြင်ဆင်မလဲဆိုတာကို အမြဲပြင်ဆင်ဖို့လိုတယ်။ လူဆိုတာ အမှားမကင်းပါဘူး။ အဲဒီ့အမှားအပေါ်မှာ ပြန်လည် ဆင်ခြင်းပြီး ကိုယ့်ဘက်ရော သူ့ဘက်ရော မနစ်နာအောင်၊ တူညီသော အမှားကို နောက်တစ်ခါ မဖြစ်လာအောင် သူ့ဘက်ကရော ကိုယ့်ဘက်ကရော ဘယ်လို လုပ်ကြမလဲဆိုတာကို အပြုသဘောဆောင်စွာ ဆွေးနွေးကြဖို့လိုပါတယ်။ ကြုံတွေ့လာတဲ့ အတွေ့အကြုံတွေက ယူတတ်ရင် အကျိုးရှိတာကြည့်ပါပဲ။ မကောင်းတဲ့ အတွေ့အကြုံတွေကနေ ဘယ်လို နောက်တစ်ခါ မလုပ်သင့်ဘူးလဲဆိုတာ သင်ယူနိုင်သလို ကောင်းတဲ့ အတွေ့အကြုံတွေကလည်း ဘာတွေ ဆက်လုပ်သင့်တယ်ဆိုတာ သိနိုင်တာပါပဲ။ဒါကြောင့် ဘယ်လို ဆက်နွယ်မှုမျိုးမဆို အတွေ့အကြုံအခြေပြုပြီး အတူတစ်ကွ သုံးသပ်ဆွေးနွေးပြီး နောင်လာမယ့် အတွေ့အကြုံတွေအတွက် အတူတစ်ကွ ပြင်ဆင်ကြရင် ပိုပြီး ကောင်းမွန်မယ်လို့ ယုံကြည်ပါတယ်။

 လက်ခုပ်တီးတယ်ဆိုတာ လက်တစ်ဖက်တည်းနဲ့မရဘူး။ လက်တစ်ဖက်ပဲရှိရင် လက်ဖျောက်တော့ တီးလို့ရတာပေါ့။ လက်ဖျောက်တီးတာကို လက်ခုပ်တီးတယ်လို့ ဆိုလို့ဘယ်ရပါ့မလဲ။ အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အမှန်တစ်ကယ်ပူးပေါင်းမှ အစုအဖွဲ့ရဲ့ ဂုဏ်ပုဒ်နဲ့ညီမှာပါ။ အိမ်ထောင်တစ်ခုတည်ဆောက်တယ်၊ စာသင်ခန်းမှာ စာသင်တယ်၊ ကျောင်းမှာ အလုပ်လုပ်တယ် စတာတွေဟာ အစုအဖွဲ့တစ်ခုကို အတူတူ တည်ဆောက်ပြီး အဖွဲ့ထဲမှာပါသူတွေ အားလုံးတိုးတက်ပျော်ရွှင်နေကြမှ အစုအဖွဲ့ ဂုဏ်နဲ့ ညီမျှမှာပါ။ အနည်းဆုံး အသိုင်းဝန်းဆိုတဲ့ အစုအဖွဲ့ထဲမှာ နေကြတဲ့သူတွေဖြစ်တဲ့အလျောက် ကိုယ့်အသိုင်းဝန်း အစုအဖွဲ့လေးတိုးတက်ဖို့အတွက်ဆိုရင် – ကိုယ်တိုင်ရော ကိုယ့်လက်တွဲဖေါ်တွေပါ အားလုံးက မတူညီကြဘူး၊ ထူးခြားကြတယ်ဆိုတာ သိဖို့လိုတယ်။ အားသာချက်တွေ ထူးခြားချက်တွေကို မြင်အောင်ကြည့်ပြီး ပိုပြီးကောင်းအောင် အားသာလာအောင် ပ့့ံပိုးပေးဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ သူတို့တွေကို ပံ့ပိုးဖို့လုပ်ဆောင်တဲ့အခါ သူတို့ရဲ့ အတွေ့ကြုံတွေနဲ့ချိတ်ဆက်ပြီး နားလည်အောင် သဘောပေါက်အောင် မြင်သာအောင် ပြောပြပေးဖို့လိုတယ်။ ပြီးတော့ အတွေ့အကြုံတွေအပေါ်မှာ ပြန်လည် သုံးသပ်ဆင်ခြင်းရင်း ပိုကောင်းအောင် ပိုတိုးတက်အောင် ဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ကို အပြုသဘောဆောင်ပြီး စဉ်းစားဖို့လိုတယ်။ အပြန်အလှန် ဆွေးနွေးတဲ့အခါမှာလည်း တစ်ဖက်လူ နားလည်နိုင်လောက်မယ့် ပုံစံနဲ့ ချိတ်ဆက်ဆွေးနွေးဖို့လိုတယ််။ ကိုယ်ပြောတဲ့ စကားကို နားမလည်ဘဲ လက်ခံတာထက် နားလည်ပြီး သဘောထားကွဲလွဲတာက ပိုပြီး ကောင်းပါတယ်။ သဘောထားကွဲလွဲတဲ့အခါမှာလည်း အပြုသဘောဆွေးနွေး သုံးသပ်ကြဖို့လိုပါတယ်။ ကျွန်မ ဒီနည်းစနစ်တွေကို ကျွန်မရဲ့ ကိုယ်ပိုင်မိသားစုလေးမှာ အသုံးချကြည့်ပါတယ်။ ထိရောက်တယ်လို ခံစားမိပါတယ်။ ဆိုတော့ ကိုယ်တိုင်ရော ချစ်သူတွေပါ ပညာရေးသဘောတရားတွေကို စာသင်ခန်းတွင်းရော ကိုယ်ပိုင်ဘဝမှာပါ ချိတ်ဆက်အသုံးပြုနိုင်ဖို့ ဆုတောင်းရင်း…

မေတ္တာဖြင့်…..

                  Sayarma-ဆရာမ

[Zawgyi]

ပညာေရးဆိုင္ရာ သေဘာတရားေတြ၊ သီအိုရီေတြကို မ်ားေသာအားျဖင့္ ပညာေရးမွာပဲ အသံုးျပဳၾကပါတယ္။  ကၽြန္မကေတာ့ ပညာေရးသေဘာတရားေတြကို စာသင္ခန္းအျပင္ဘက္က ဆရာ၊မေတြရဲ႕ ကိုယ္ပုိင္ဘဝ၊ ဆရာ၊မအခ်င္းခ်င္း – လုပ္ေဖၚကိုင္ဖက္အခ်င္းခ်င္းၾကားက ဆက္ဆံေရး နဲ႕ သာမာန္လူသားေတြရဲ႕ အျပန္အလွန္ ဆက္ႏြယ္မွု ပိုခိုင္မာေအာင္၊ ပိုျပီး အက်ိဳးရွိေအာင္ ဘယ္လိုလုပ္လို႕ရမလဲဆိုတာကို စိတ္ဝင္စားလို႕ ခ်ိတ္ဆက္ေတြးေတာမိရင္း ဒီစာေလးျဖစ္လာခဲ့ပါတယ္။  ဒီကေန႕ေတာ့ ပညာေရး သေဘာတရား အျမင္ (၃) ခုကို အေျခခံျပီး ကၽြန္မယံုၾကည္တဲ့ အျပန္အလွန္ ဆက္ႏြယ္မွု တိုးတက္ေရးပံုစံကို ခ်ဥ္းကပ္ၾကည့္ပါ့မယ္။ မတူညီေသာ သေဘာထားေတြရွိရင္လည္း လြတ္လပ္စြာ အျပဳသေဘာေဆြးေႏြးေပးပါ။

၁) ကေလးေတြဟာ မတူညီၾကဘူး။ ထပ္တူက်သူ မရွိၾကဘူး။ ကေလးတိုင္းဟာ ထူးျခားတယ္။

—————————————————

 စာသင္ခန္းထဲကိုေရာက္လာတဲ့ ကေလးေတြဟာ မိသားစုေနာက္ခံ၊ အၾကိဳက္၊ ဗဟုသုတ၊ သင္ယူပံု၊ ဘယ္အရာမွ တစ္ေယာက္နဲ႕တစ္ေယာက္ မတူညီၾကပါဘူး။ ကေလးတစ္ေယာက္နဲ႕ အဆင္ေျပတဲ့ နည္းလမ္းဟာ ေနာက္တစ္ေယာက္အတြက္ အဆင္ေျပခ်င္မွ ေျပပါလိမ့္မယ္။ ဒါေၾကာင့္ ကေလးေတြရဲ႕ လိုအပ္ခ်က္၊ ေနာက္ခံအေျခအေနနဲ႕ သင္ယူမွဳပံုစံ စတာေတြကို ေလ့လာျပီး သူတို႕နဲ႕ ကိုက္ညီတာေတြကို အလွည့္က် အသံုးျပဳသင္ေပးရပါတယ္။ အတန္းထဲမွာ ကစားနည္းေတြနဲ႕ ခ်ိတ္ဆက္ျပီး သင္တာၾကိဳက္တဲ့သူရွိသလို၊ စာဖတ္တာပိုၾကိဳက္တဲ့သူလည္းရွိမွာပဲ။ အစကတည္းက အားလံုးအတြက္ အဆင္ေျပေအာင္ အမ်ိဳးမ်ိဳးအတတ္နုိင္ဆံုး သင္ၾကားမယ္ ဒါေပမယ့္ ကေလးေတြကိုယ္တုိင္ကလည္း ကိုယ္မၾကိဳက္လို႕ လုိက္မလုပ္တာမ်ိဳးမျဖစ္ေအာင္ အျပန္အလွန္သေဘာတူတဲ့ စည္းမ်ဥ္းေတြ ခ်ျပီး သင္ၾကပါတယ္။

မတူညီတဲ့ကေလးတိုင္းမွာ ထူးျခားတဲ့ အရည္ေသြးကိုယ္စီရွိၾကတယ္။ အဲဒီ့အရည္ေသြးေတြကို ျမင္ေအာင္ ၾကည့္တတ္တဲ့ မိဘ၊ ဆရာသမားေတြနဲ႕ေတြ႕ဖို႕ပဲလိုပါတယ္။ ကေလးေတြရဲ႕ မတူညီမွဳေတြထဲက ထူးျခားမွဳေတြကို ပိုျပီး အျပဳသေဘာေဆာင္တဲ့ဘက္မွာ သံုးနုိင္ေအာင္လည္း ပံ့ပိုးေပးဖုိ႕လိုပါတယ္။

သမီးရည္းစားျဖစ္ျဖစ္၊ အိမ္ေထာင္ေရးမွာျဖစ္ျဖစ္၊ သူငယ္ခ်င္းခင္မင္မွဳမွာျဖစ္ျဖစ္၊ လုပ္ေဖၚကိုင္ဖက္ေတြ အၾကားမွျဖစ္ျဖစ္ ဒီသေဘာတရားကို ေသေသခ်ာခ်ာ နားလည္ၾကဖို႕လုိပါတယ္။ လူတုိင္းဟာ မတူညီၾကဘူး၊ ကြဲျပားၾကတယ္။ ကိုယ္ၾကိဳက္ေပမယ့္ သူၾကိဳက္ခ်င္မွ ၾကိဳက္မယ္။ ကိုယ္ၾကိဳက္တာလုပ္သလို သူၾကိဳက္တာ လုပ္ခြင့္လည္းေပးရမယ္။ မတူၾကတဲ့ လူသားေတြ ေပါင္းစည္းေနရတာျဖစ္တဲ့အတြက္ အတတ္နုိင္ဆံုး ဘယ္အရာေတြကို ဘာေၾကာင့္ ၾကိုက္ျပီး ဘယ္အရာေတြ ဘာလို႕ လက္မခံနုိင္လဲဆိုတာ အျပဳသေဘာ အျပန္လွန္ ေျပာျပၾကဖုိ႕လုိပါတယ္။ ကိုယ္မၾကိဳက္လို႕ သူလည္းမၾကိဳက္ရဘူးဆိုတာေတာ့ မျဖစ္သင့္ပါဘူး။ ဘယ္ေလာက္အတုိင္းအတာထိ လိုက္ေလ်ာနုိင္ျပီး ဘယ္လိုအေျခအေနဆိုရင္ စိတ္ထဲမွာ ဘယ္လိုျဖစ္မယ္ဆိုတာ ၾကိဳတင္ ေျပာျပျပီး ႏွစ္ဦးအျပန္အလွန္ သေဘာတူတဲ့၊ တစ္ဖက္ဖက္မွ မနစ္နာတဲ့ စည္းမ်ဥ္းေလးေတြ ခ်ထားဖို႕လိုပါတယ္။ 

သူမ်ားအတြဲမွာ အဆင္ေျပတဲ့ နည္းလမ္းဟာ ကိုယ္ေတြအတြက္လည္း အဆင္ေျပခ်င္မွ ေျပမယ္ဆိုတာလည္း သိေစခ်င္ပါတယ္။ အဆင္ေျပတာမ်ိဳးလည္း ျဖစ္နုိင္ပါတယ္။ ဒါေပမယ့္ ဆက္ႏႊယ္မွဳတိုင္းမွာ ပါဝင္တဲ့သူေတြရဲ႕ အေျခအေနနဲ႕ သဘာဝကိုလုိက္ျပီး ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေစမယ့္ နည္းစနစ္ကို ေရြးခ်ယ္တာ အေကာင္းဆံုးလို႕ျမင္ပါတယ္။

ျပီးေတာ့ ကိုယ္နဲ႕ တြဲေနတဲ့သူ၊ ေပါင္းေနတဲ့သူ၊ အလုပ္လုပ္ေနတဲ့သူေတြကလည္း မတူညီစြာ ထူးျခားၾကတာကို မေမ့ပါနဲ႕။ သူတို႕ရဲ႕ ထူးျခားခ်က္ကို စြမး္ရည္ေတြကို ျမင္နုိင္ေအာင္ ၾကည့္ျပီး အေကာင္းဆံုးပံ့ပိုးေပးဖုိ႕လိုပါတယ္။ ကၽြန္မတို႕တစ္ေတြမွာ ဟိုသူက ဘယ္ဟာမေကာင္းဘူး ဘယ္လိုျဖစ္တယ္ဆိုျပီး အတင္းအျဖစ္ ေျပာၾကတယ္။ အတင္းေျပာလုိက္တဲ့သူက အေကာင္းကို မျမင္တတ္၊ ထူးျခားမွုေတြကို မျမင္တတ္တာ အရမ္းသိသာေနပါတယ္။ ဒါေၾကာင့္ ကိုယ့္ခ်စ္သူ၊ လုပ္ေဖၚကိုင္ဖက္ေတြရဲ႕ ထူးျခားခ်က္ကိုျမင္ေအာင္ၾကည့္ပါ၊ အျပဳသေဘာေျပာဆိုပါ၊ မွ်မွ်တတ စည္းမ်ဥ္းေလးေတြခ်ျပီး အျပန္အလွန္ ပံ့ပိုးၾကဖုိ႕ တုိင္ပင္ၾကပါ။

၂) သင္ယူသူေတြဟာ အသိေဟာင္းကေန အသိသစ္ကို ေျပာင္းလဲ သင္ယူတယ္။

—————————————————————–

သင္ယူသူေတြဟာ အသိေဟာင္း (ယခင္သိျပီးသားအသိ)ကေန အသိသစ္ (သင္ယူမွုအသစ္)ကို ေျပာင္းလဲသင္ယူၾကတယ္။ ယခင္သိျပီးသားအသိေတြကို အေျခခံျပီးသင္ယူထားတဲ့ သင္ယူမွုအသစ္ေတြက ပိုခုိင္ျမဲတယ္၊ ပိုျပီး ထိေရာက္တယ္လို႕ဆိုၾကတယ္။ ဥပမာ – ကေလးတစ္ေယာက္ကို အပင္ေတြက ေအာက္ဆီဂ်င္ထုတ္ေပးတဲ့ သေဘာတရားကို သင္မယ္ဆိုပါေတာ့။ အရင္ဆံုး ေအာက္ဆီဂ်င္ေရာ အပင္ေတြနဲ႕ေရာ ပတ္သတ္တဲ့ အခ်က္အလက္ေတြ ဘာေတြ သိမလဲ အရင္ဆံုးေမးရမယ္၊ ေဆြးေႏြးၾကမယ္။ အဲဒီ့မွာ သူတို႕ မသိတာ၊ သိတာ အေပၚမူတည္ျပီး မသိတာကို သင္မယ္၊ သိထားတာကို ပုိသိေစမယ္။ အရင္အသိေတြထဲမွာ လူေတြ အသက္ရွင္ေနထုိင္ဖုိ႕ ေလ လိုအပ္တယ္ဆိုရင္ – အဲဒီ့လုိအပ္တဲ့ေလဟာ ေအာက္ဆီဂ်င္ျဖစ္တယ္ဆိုတာကို ခ်ိတ္ဆက္သင္ေပးလိုက္လို႕ရတယ္။  အရင္တုန္းက သိထားတာေတြနဲ႕ ခ်ိတ္ဆက္လုိက္ေတာ့မွာ သူတို႕ အသစ္သင္ယူရမယ့္ အေၾကာင္းအရာေတြက ပိုျပီး အဓိပၸါယ္ရွိလာတဲ့ သေဘာမွာရွိတယ္။

လူေတြမွာလည္း မတူညီတဲ့ အေတြ႕အၾကံုေတြရွိၾကတယ္။ က်င္လည္ရာဘဝ၊ ပတ္ဝန္းက်င္၊ မိသားစု စတာေတြအေပၚမွာ မူတည္ျပီး စရုိက္ေတြ၊ ဗဟုသုတေတြ၊ အျမင္ေတြ အမ်ားၾကီး ကြာဟသြားၾကတယ္။ ဒါေၾကာင့္ ပထမဆံုးေျပာခဲ့တဲ့ လူတုိင္းဟာ ထူးျခားတယ္ ဆိုတဲ့အခ်က္ကို အျမဲ ထည့္သြင္းစဥ္းစားဖို႕လိုတယ္။ တစ္ခါတစ္ေလ ၾကံုဖူးလားေတာ့မသိဘူး။ ကိုယ္ေျပာတဲ့စကားကို တစ္ဖက္က နားမလည္နုိင္တာမ်ိဳး၊ ေတာ္ေတာ္နဲ႕သေဘာမေပါက္တာမ်ိဳးေလ။ အဲဒီ့လို အေျခအေနမွာ သူ႕ရဲ႕ အသိေဟာင္းနဲ႕ ခ်ိတ္ဆက္ျပီး ရွင္းျပနုိင္ဖို႕ စဥ္းစားပါ။ ေတာ္ေတာ္တံုးတယ္၊ ထူတယ္ဆိုျပီး ေတြးလုိက္မိရင္ သူနဲ႕ ကိုယ္နဲ႕ၾကားက ဆက္ဆံေရးက ပိုျပီး ဆိုးရံုပဲ ရွိမွာေပါ့။ သူနားလည္နိုင္တဲ့ အဆင့္၊ နားလည္နုိင္မယ့္ပံုစံကို သူနဲ႕ ရင္းႏွီးမယ့္ အေၾကာင္းအရာေတြနဲ႕ ခ်ိတ္ဆက္ျပီးရွင္းျပပါ။ ဥပမာ – စက္ပစၥည္းေတြအေၾကာင္းကို ေက်ာင္းဆရာမ ရည္းစားကို ရွင္းျပခ်င္တယ္ဆိုပါစို႕။ စက္ပစၥည္းေတြရဲ႕ အသံုးအႏွဳန္းၾကီးေတြနဲ႕ရွင္းျပလို႕ နားမလည္ဘူးဆိုရင္ စက္ပစၥည္းရဲ႕ အလုပ္လုပ္ပံုက စာသင္ခန္းထဲက ဘယ္သေဘာတရားနဲ႕ဆင္တယ္၊ ဘယ္လို သေဘာရွိတယ္ဆိုတာကို အရင္နားလည္ေအာင္ လုပ္ေပးဖုိ႕လိုပါတယ္။ အဲဒီ့အခါ ၾကိဳးစားရွင္းျပေနသူကိုလည္း နားေထာင္သူက အသိအမွတ္ျပဳဖုိ႕လိုပါတယ္။ 

၃) အေတြ႕အၾကံဳေတြ အေျချပဳ သံုးသပ္ဆင္ျခင္ရင္း တိုးတက္ေအာင္ စြမ္းေဆာင္နုိင္တယ္။

—————————————————————–

အေတြ႕အၾကံဳအေျချပဳသင္ယူျခင္း သီအိုရီအေၾကာင္းကို “အျမဲမျပတ္သင္ယူေနေသာ ဆရာ၊မမ်ားျဖစ္ေစလို” ဆိုတဲ့ စာေလးမွာ ေျပာျပခဲ့ျပီးပါျပီ။ အေတြ႕အၾကံဳအေျချပဳ သင္ယူျခင္း သီအိုရီဆိုတာ အေမရိကန္ စိတ္ပညာရွင္ Kolbက ပညာေရးနယ္ပယ္မွာ ထင္ေပၚေက်ာ္ၾကားတဲ့ Jean Piaget၊ John Dewey၊ Kurt Lewin တုိ႕ရဲ႕ အေတြးအျမင္ အယူအဆေတြအေပၚကို အေျခခံျပဳျပီး ေဖၚထုတ္ခဲ့တာပါ။  အဲဒီ့သီအိုရီက နာမည္အတုိင္းပဲ သင္ယူသူေတြရဲ႕ အေတြ႕အၾကံဳေတြ၊ လက္ေတြ႕လုပ္ေဆာင္ခ်က္ေတြအေပၚ အေျချပဳျပီး ေနာက္ထပ္ သင္ယူမွု အသစ္အသစ္ေတြ ဘယ္လို ဖန္တီးနုိင္မယ္ဆိုတာကို အဆင့္ေလးဆင့္နဲ႕ ျပထားပါတယ္။  လက္ရွိရွိတဲ့ အေတြ႕အၾကံဳကို အသံုးျပဳျပီး အခ်က္အလက္စုေဆာင္းမယ္၊ ေလ့လာသံုးသပ္မယ္၊ သံုးသပ္ဆင္ျခင္ရမယ္၊ အဲဒီ့သံုးသပ္ခ်က္ေတြအေပၚမူတည္ျပီး ေကာက္ခ်က္ခ်။ ေကာက္ခ်က္ခ်တဲ့အေပၚမူတည္ျပီး ဒီအေတြ႕အၾကံဳကို ပိုေကာင္းေအာင္ ဘယ္လိုလုပ္မလဲ ျပင္ဆင္၊ လက္ေတြ႕လုပ္။ ဒီလိုနဲ႕ ပဲ အလုပ္ေတြ ဒီ့ထက္ဒီ့ထက္ပိုေကာင္းေအာင္ လုပ္ၾကတာေပါ့။

ကေလးေတြရဲ႕ သင္ယူမွုေတြ၊ ဆရာ၊မေတြရဲ႕လုပ္ေဆာင္ခ်က္ေတြကိုလည္း အျမဲ ေလ့လာသံုးသပ္ဆင္ျခင္းျပီး ပိုေကာင္းေအာင္ အျမဲျပင္ဆင္၊ စမ္းသပ္လုပ္ေဆာင္ရင္း တစ္ခုထက္တစ္ခုပိုေကာင္းေအာင္ လုပ္တာမ်ိဳးပါ။

ခ်စ္ျခင္းေမတၱာအေျခခံတဲ့ ဆက္ႏြယ္မွုမ်ိဳးျဖစ္ျဖစ္၊ အလုပ္အေျချပဳတဲ့ ဆက္ဆံမွုေတြမွာလည္း အဲ့လိုပါပဲ။ မတူညီစြာ ထူးျခားၾကတဲ့ လူေတြ အတူတစ္ကြ ယွဥ္တြဲလုပ္ကိုင္နုိင္ဖုိ႕၊ ဘဝကိုျဖတ္သန္းၾကဖုိ႕ဆိုရင္ ၾကံုလာတဲ့ အခက္အခဲ၊ ေအာင္ျမင္မွု၊ ျဖစ္ရပ္၊ အေတြ႕အၾကံုေတြအေပၚမွာ အျမဲ အတူတစ္ကြ သံုးသပ္ဆင္ျခင္ျပီး ပိုေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲ၊ ေနာက္တစ္ခါ အမွားနည္းေအာင္ ဘယ္လို ျပင္ဆင္မလဲဆိုတာကို အျမဲျပင္ဆင္ဖုိ႕လိုတယ္။ လူဆိုတာ အမွားမကင္းပါဘူး။ အဲဒီ့အမွားအေပၚမွာ ျပန္လည္ ဆင္ျခင္းျပီး ကိုယ့္ဘက္ေရာ သူ့ဘက္ေရာ မနစ္နာေအာင္၊ တူညီေသာ အမွားကို ေနာက္တစ္ခါ မျဖစ္လာေအာင္ သူ့ဘက္ကေရာ ကိုယ့္ဘက္ကေရာ ဘယ္လို လုပ္ၾကမလဲဆိုတာကို အျပဳသေဘာေဆာင္စြာ ေဆြးေႏြးၾကဖုိ႕လိုပါတယ္။ ၾကံဳေတြ႕လာတဲ့ အေတြ႕အၾကံဳေတြက ယူတတ္ရင္ အက်ိဳးရွိတာၾကည့္ပါပဲ။ မေကာင္းတဲ့ အေတြ႕အၾကံဳေတြကေန ဘယ္လို ေနာက္တစ္ခါ မလုပ္သင့္ဘူးလဲဆိုတာ သင္ယူနုိင္သလို ေကာင္းတဲ့ အေတြ႕အၾကံဳေတြကလည္း ဘာေတြ ဆက္လုပ္သင့္တယ္ဆိုတာ သိနုိင္တာပါပဲ။ဒါေၾကာင့္ ဘယ္လို ဆက္ႏြယ္မွုမ်ိဳးမဆို အေတြ႕အၾကံဳအေျချပဳျပီး အတူတစ္ကြ သံုးသပ္ေဆြးေႏြးျပီး ေနာင္လာမယ့္ အေတြ႕အၾကံဳေတြအတြက္ အတူတစ္ကြ ျပင္ဆင္ၾကရင္ ပိုျပီး ေကာင္းမြန္မယ္လို႕ ယံုၾကည္ပါတယ္။

 လက္ခုပ္တီးတယ္ဆိုတာ လက္တစ္ဖက္တည္းနဲ႕မရဘူး။ လက္တစ္ဖက္ပဲရွိရင္ လက္ေဖ်ာက္ေတာ့ တီးလို႕ရတာေပါ့။ လက္ေဖ်ာက္တီးတာကို လက္ခုပ္တီးတယ္လို႕ ဆိုလို႕ဘယ္ရပါ့မလဲ။ အျပန္အလွန္ ပူးေပါင္းလုပ္ေဆာင္ရတဲ့ လုပ္ငန္းေတြမွာ အမွန္တစ္ကယ္ပူးေပါင္းမွ အစုအဖြဲ႕ရဲ႕ ဂုဏ္ပုဒ္နဲ႕ညီမွာပါ။ အိမ္ေထာင္တစ္ခုတည္ေဆာက္တယ္၊ စာသင္ခန္းမွာ စာသင္တယ္၊ ေက်ာင္းမွာ အလုပ္လုပ္တယ္ စတာေတြဟာ အစုအဖြဲ႕တစ္ခုကို အတူတူ တည္ေဆာက္ျပီး အဖြဲ႕ထဲမွာပါသူေတြ အားလံုးတိုးတက္ေပ်ာ္ရႊင္ေနၾကမွ အစုအဖြဲ႕ ဂုဏ္နဲ႕ ညီမွ်မွာပါ။ အနည္းဆံုး အသိုင္းဝန္းဆိုတဲ့ အစုအဖြဲ႕ထဲမွာ ေနၾကတဲ့သူေတြျဖစ္တဲ့အေလ်ာက္ ကိုယ့္အသိုင္းဝန္း အစုအဖြဲ႕ေလးတိုးတက္ဖို႕အတြက္ဆိုရင္ – ကိုယ္တိုင္ေရာ ကိုယ့္လက္တြဲေဖၚေတြပါ အားလံုးက မတူညီၾကဘူး၊ ထူးျခားၾကတယ္ဆိုတာ သိဖုိ႕လိုတယ္။ အားသာခ်က္ေတြ ထူးျခားခ်က္ေတြကို ျမင္ေအာင္ၾကည့္ျပီး ပိုျပီးေကာင္းေအာင္ အားသာလာေအာင္ ပ့့ံပိုးေပးဖုိ႕ ကိုယ့္မွာ တာဝန္ရွိတယ္။ သူတို႕ေတြကို ပံ့ပိုးဖုိ႕လုပ္ေဆာင္တဲ့အခါ သူတို႕ရဲ႕ အေတြ႕ၾကံဳေတြနဲ႕ခ်ိတ္ဆက္ျပီး နားလည္ေအာင္ သေဘာေပါက္ေအာင္ ျမင္သာေအာင္ ေျပာျပေပးဖုိ႕လိုတယ္။ ျပီးေတာ့ အေတြ႕အၾကံဳေတြအေပၚမွာ ျပန္လည္ သံုးသပ္ဆင္ျခင္းရင္း ပိုေကာင္းေအာင္ ပိုတိုးတက္ေအာင္ ဘယ္လိုေတြလုပ္ေဆာင္ၾကမလဲဆိုတာ ကို အျပဳသေဘာေဆာင္ျပီး စဥ္းစားဖုိ႕လိုတယ္။ အျပန္အလွန္ ေဆြးေႏြးတဲ့အခါမွာလည္း တစ္ဖက္လူ နားလည္နုိင္ေလာက္မယ့္ ပံုစံနဲ႕ ခ်ိတ္ဆက္ေဆြးေႏြးဖို႕လိုတယ္္။ ကိုယ္ေျပာတဲ့ စကားကို နားမလည္ဘဲ လက္ခံတာထက္ နားလည္ျပီး သေဘာထားကြဲလြဲတာက ပိုျပီး ေကာင္းပါတယ္။ သေဘာထားကြဲလြဲတဲ့အခါမွာလည္း အျပဳသေဘာေဆြးေႏြး သံုးသပ္ၾကဖို႕လုိပါတယ္။ ကၽြန္မ ဒီနည္းစနစ္ေတြကို ကၽြန္မရဲ႕ ကိုယ္ပိုင္မိသားစုေလးမွာ အသံုးခ်ၾကည့္ပါတယ္။ ထိေရာက္တယ္လို ခံစားမိပါတယ္။ ဆိုေတာ့ ကိုယ္တုိင္ေရာ ခ်စ္သူေတြပါ ပညာေရးသေဘာတရားေတြကို စာသင္ခန္းတြင္းေရာ ကိုယ္ပုိင္ဘဝမွာပါ ခ်ိတ္ဆက္အသံုးျပဳနုိင္ဖုိ႕ ဆုေတာင္းရင္း…

ေမတၱာျဖင့္…..                   Sayarma-ဆရာမ