[ Unicode ]

ပညာရေးဆိုတာ ကျွန်မတို့ လူတစ်ဦးချင်းစီရဲ့ ဘဝမှာ အရေးကြီးဆုံး အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။ ပညာရေးဟာ စာအုပ်စာပေက စာတွေကို ဖတ်ခြင်း၊ ကျောင်းသွာခြင်း ဆိုတာထပ် ပိုပြီး ကျယ်ပြန့်ပါတယ်။ ပညာရေးဟာ ကျွန်မတို့ရဲ့ ဘဝတွေ တိုးတက်ဖို့ လိုအပ်မယ့် ဗဟုသုတတွေ၊ စွမ်းရည်တွေ၊ အတွေးအမြင် အယူအဆနဲ့ တန်ဖိုးထားမှုတွေကို ရရှိအောင် ပြုလုပ်တဲ့ ဘဝတစ်သက်တာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ပညာရှာရာမှာ နည်းလမ်း (၃)သွယ်နဲ့ ရှာဖွေနိုင်ပါတယ်။

၁) Formal Education – စည်းဘောင်တွေကြားက သင်ယူရတဲ့၊ စနစ်တကျ ပညာရရန် စီစဉ်ထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်းစနစ်တွေဟာ Formal Education စနစ်တွေပါပဲ။ ကလေးတစ်ယောက်က ဘယ်နှစ်မှာ ဘာတွေလုပ်တတ်ရမယ်၊ ဘာတွေသိရမယ်ဆိုတဲ့ သတ်မှတ်မှုတွေအပေါ်မှာ စနစ်တကျ တစ်တန်းပြီးတစ်တန်း သင်ယူနိုင်ဖို့ ပြင်ဆင်ထားတာပါ။

၂) Non-Formal Education – ကျောင်းစနစ် ပြင်ပက သင်ယူမှုတွေကို ဆိုလိုတာပါ။ ကျောင်းမတက်ပေမယ့် သင်ယူခွင့်ရဖို့ အပြင်သင်တန်းတွေတက်တာမျိုးပေါ့။ လုပ်ငန်းတစ်ခုအတွက် လိုအပ်လို့ သင့်တော်မယ့် စွမ်းရည်ဖြည့်သင်တန်းမျိုးတွေကလည်း ဘွဲ့၊ ဒီပလိုမာ စတာတွေနဲ့ မဆိုင်တဲ့အတွက် Non-formal education စနစ်တွေပါပဲ။

၃) Informal Education – စနစ်တွေ၊ သင်တန်းတွေမဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာ သင်ယူမှု ပြုလုပ်ခြင်းဖြစ်စဉ်ပါ။ ထမင်းချက်ရင်း ဆန်စပါးအကြောင်း၊ ချက်ပုံချက်နည်းအကြောင်း စတာတွေကို သင်ယူတာမျိုးကို Informal Education လို့ ခေါ်ပါတယ်။ ကျန်တဲ့ ပညာရေးစနစ်တွေထပ် informal education ကို ကျွန်မတို့ မွေးစကနေ သေသည်အထိ ပြုလုပ်ကြပါတယ်။ အခြားသူတွေကို ကြည့်ရင်း၊ စကားပြောရင်း၊ စာဖတ်ရင်း၊ အလုပ်လုပ်ရင်း စတဲ့ နေ့စဉ်လုပ်ငန်းတွေကနေ တဆင့် တစ်ခုခု သင်ယူလိုက်ရရင် Informal Education ရနေတာပါ။ ဒီမှာ အရေးကြီးတာက ပြန်လည် သုံးသပ်ကြဖို့၊ ဘာတွေ သင်ယူနေပြီလဲဆိုတာ ကလေးရော ကိုယ်ရော သိအောင် ဆွေးနွေးကြဖို့ပါပဲ။

အခုလို ကာလမျိုးမှာ ကျွန်မတို့အနေနဲ့ ကျောင်းတွေပိတ်ထားတဲ့ အတွက် Formal Education ရဖို့ မလွယ်ပါဘူး၊ Non-formal education အတွက်ကလည်း သင်ပေးသူ၊ သင်ယူသူအခက်ခဲတွေနဲ့မို့ မလွယ်နိုင်ပါဘူး။ ဒါပေမယ့် Informal educationဆိုတဲ့ နေ့စဉ်ဘဝကနေ သင်ယူခြင်းဖြစ်စဉ်ကို ကျွန်မတို့ အမြဲမပြတ် ပြုလုပ်နိုင်ပါတယ်။ Informal education ပေးရင်း Formal Educationအတွက် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင် ကူညီနိုင်တာပါပဲ။

အခုအချိန် ကလေးတွေကို ကျောင်းမပို့ရလို့ စိတ်တွေညစ်တာ၊ စိုးရိမ်တာတွေဖြစ်နေကြပါတယ်။ အခြားပညာရေးလုပ်သူတွေနဲ့ ကျွန်မရဲ့ အမြင် တူချင်မှ တူမှာပါ။ ဒါပေမယ့် ကျွန်မအမြင်ကတော့ ကလေးတွေအတွက် သိသင့်တာ၊ တတ်သင့်တာတွေကို နေ့စဉ်ဘဝလုပ်ငန်းတွေကနေတစ်ဆင့် မိဘတွေက သိအောင် ကူညီပေးနေတယ်ဆိုရင် အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ ကလေး စာတွေဖတ်ဖို့၊ လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာသိဖို့၊ နေ့စဉ်လိုအပ်တဲ့ ဗဟုသုတတွေ ပြောပြဖို့၊ တတ်သင့်တာတွေ လေ့ကျင့်နိုင်အောင် ကူညီဖို့၊ မှန်ကန်တဲ့တန်ဖိုးထားမှုနဲ့ စိတ်နေသဘောထားရှိဖို့ ကူညီပံ့ပိုးနိုင်ရင် ……Formal Education သို့မဟုတ် Non-formal Educationဆိုတာကို စောင့်လို့ရပါတယ်။

သင်ယူမှုရှိနေရင် ကျောင်းဆိုတာ အချိန်စောင့်လို့ရပါတယ်။
အားလုံး ကိုယ်စိတ်လုံခြုံစွာနဲ့ သင်ယူမှုပေးနိုင်ဖို့၊ သင်ယူနိုင်ဖို့ ဆုတောင်းလျက်…

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo Credit – https://www.pinterest.com.au/pin/637259416021351220/

[ Zawgyi ]

ပညာေရးဆိုတာ ကၽြန္မတို႔ လူတစ္ဦးခ်င္းစီရဲ့ ဘဝမွာ အေရးႀကီးဆုံး အစိတ္အပိုင္းအျဖစ္ ပါဝင္ပါတယ္။ ပညာေရးဟာ စာအုပ္စာေပက စာေတြကို ဖတ္ျခင္း၊ ေက်ာင္းသြာျခင္း ဆိုတာထပ္ ပိုၿပီး က်ယ္ျပန႔္ပါတယ္။ ပညာေရးဟာ ကၽြန္မတို႔ရဲ့ ဘဝေတြ တိုးတက္ဖို႔ လိုအပ္မယ့္ ဗဟုသုတေတြ၊ စြမ္းရည္ေတြ၊ အေတြးအျမင္ အယူအဆနဲ႔ တန္ဖိုးထားမႈေတြကို ရရွိေအာင္ ျပဳလုပ္တဲ့ ဘဝတစ္သက္တာ ျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ ဘဝတစ္ေလၽွာက္လုံး ပညာရွာရာမွာ နည္းလမ္း (၃)သြယ္နဲ႔ ရွာေဖြနိုင္ပါတယ္။

၁) Formal Education – စည္းေဘာင္ေတြၾကားက သင္ယူရတဲ့၊ စနစ္တက် ပညာရရန္ စီစဥ္ထားတဲ့ ျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။ ကၽြန္မတို႔ရဲ့ ေက်ာင္းစနစ္ေတြဟာ Formal Education စနစ္ေတြပါပဲ။ ကေလးတစ္ေယာက္က ဘယ္ႏွစ္မွာ ဘာေတြလုပ္တတ္ရမယ္၊ ဘာေတြသိရမယ္ဆိုတဲ့ သတ္မွတ္မႈေတြအေပၚမွာ စနစ္တက် တစ္တန္းၿပီးတစ္တန္း သင္ယူနိုင္ဖို႔ ျပင္ဆင္ထားတာပါ။

၂) Non-Formal Education – ေက်ာင္းစနစ္ ျပင္ပက သင္ယူမႈေတြကို ဆိုလိုတာပါ။ ေက်ာင္းမတက္ေပမယ့္ သင္ယူခြင့္ရဖို႔ အျပင္သင္တန္းေတြတက္တာမ်ိဳးေပါ့။ လုပ္ငန္းတစ္ခုအတြက္ လိုအပ္လို႔ သင့္ေတာ္မယ့္ စြမ္းရည္ျဖည့္သင္တန္းမ်ိဳးေတြကလည္း ဘြဲ႕၊ ဒီပလိုမာ စတာေတြနဲ႔ မဆိုင္တဲ့အတြက္ Non-formal education စနစ္ေတြပါပဲ။

၃) Informal Education – စနစ္ေတြ၊ သင္တန္းေတြမဟုတ္ဘဲ ေန႔စဥ္ဘဝထဲမွာ သင္ယူမႈ ျပဳလုပ္ျခင္းျဖစ္စဥ္ပါ။ ထမင္းခ်က္ရင္း ဆန္စပါးအေၾကာင္း၊ ခ်က္ပုံခ်က္နည္းအေၾကာင္း စတာေတြကို သင္ယူတာမ်ိဳးကို Informal Education လို႔ ေခၚပါတယ္။ က်န္တဲ့ ပညာေရးစနစ္ေတြထပ္ informal education ကို ကၽြန္မတို႔ ေမြးစကေန ေသသည္အထိ ျပဳလုပ္ၾကပါတယ္။ အျခားသူေတြကို ၾကည့္ရင္း၊ စကားေျပာရင္း၊ စာဖတ္ရင္း၊ အလုပ္လုပ္ရင္း စတဲ့ ေန႔စဥ္လုပ္ငန္းေတြကေန တဆင့္ တစ္ခုခု သင္ယူလိုက္ရရင္ Informal Education ရေနတာပါ။ ဒီမွာ အေရးႀကီးတာက ျပန္လည္ သုံးသပ္ၾကဖို႔၊ ဘာေတြ သင္ယူေနၿပီလဲဆိုတာ ကေလးေရာ ကိုယ္ေရာ သိေအာင္ ေဆြးေႏြးၾကဖို႔ပါပဲ။

အခုလို ကာလမ်ိဳးမွာ ကၽြန္မတို႔အေနနဲ႔ ေက်ာင္းေတြပိတ္ထားတဲ့ အတြက္ Formal Education ရဖို႔ မလြယ္ပါဘူး၊ Non-formal education အတြက္ကလည္း သင္ေပးသူ၊ သင္ယူသူအခက္ခဲေတြနဲ႔မို႔ မလြယ္နိုင္ပါဘူး။ ဒါေပမယ့္ Informal educationဆိုတဲ့ ေန႔စဥ္ဘဝကေန သင္ယူျခင္းျဖစ္စဥ္ကို ကၽြန္မတို႔ အျမဲမျပတ္ ျပဳလုပ္နိုင္ပါတယ္။ Informal education ေပးရင္း Formal Educationအတြက္ တတ္နိုင္သေလာက္ ႀကိဳတင္ျပင္ဆင္ ကူညီနိုင္တာပါပဲ။

အခုအခ်ိန္ ကေလးေတြကို ေက်ာင္းမပို႔ရလို႔ စိတ္ေတြညစ္တာ၊ စိုးရိမ္တာေတြျဖစ္ေနၾကပါတယ္။ အျခားပညာေရးလုပ္သူေတြနဲ႔ ကၽြန္မရဲ့ အျမင္ တူခ်င္မွ တူမွာပါ။ ဒါေပမယ့္ ကၽြန္မအျမင္ကေတာ့ ကေလးေတြအတြက္ သိသင့္တာ၊ တတ္သင့္တာေတြကို ေန႔စဥ္ဘဝလုပ္ငန္းေတြကေနတစ္ဆင့္ မိဘေတြက သိေအာင္ ကူညီေပးေနတယ္ဆိုရင္ အဆင္ေျပပါတယ္။ ကိုယ့္ရဲ့ ကေလး စာေတြဖတ္ဖို႔၊ လက္ေတြ႕မွာ ဘာေတြျဖစ္ေနတယ္ဆိုတာသိဖို႔၊ ေန႔စဥ္လိုအပ္တဲ့ ဗဟုသုတေတြ ေျပာျပဖို႔၊ တတ္သင့္တာေတြ ေလ့က်င့္နိုင္ေအာင္ ကူညီဖို႔၊ မွန္ကန္တဲ့တန္ဖိုးထားမႈနဲ႔ စိတ္ေနသေဘာထားရွိဖို႔ ကူညီပံ့ပိုးနိုင္ရင္ ……Formal Education သို႔မဟုတ္ Non-formal Educationဆိုတာကို ေစာင့္လို႔ရပါတယ္။

သင္ယူမႈရွိေနရင္ ေက်ာင္းဆိုတာ အခ်ိန္ေစာင့္လို႔ရပါတယ္။
အားလုံး ကိုယ္စိတ္လုံျခဳံစြာနဲ႔ သင္ယူမႈေပးနိုင္ဖို႔၊ သင္ယူနိုင္ဖို႔ ဆုေတာင္းလ်က္…

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo Credit – https://www.pinterest.com.au/pin/637259416021351220/