[ Unicode ]

မနေ့ညက အန္ဒိယနိုင်ငံ နယူးဒေလီ မြို့ ရောက်ပါတယ်။ နောက်တစ်ပတ်အတွင်းမှာ ဒလိုင်းလားမား ဘုန်းတော်ကြီးကို ဖူးမြော်ခွင့်ရမှာဖြစ်ပြီး နိုင်ငံပေါင်းများစွာက ဗုဒ္ဓဘာသာတွေနဲ့ တွေ့ဆုံပြီး အမြင်သစ်တွေ သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒလိုင်းလားမား ဘုန်းတော်ကြီးက အထူးဂရုပြုပြီး ဦးဆောင်ပံ့ပိုးနေတဲ့ နှလုံးသားများကို ပညာသင်ပေးရေး အကြောင်း မျှဝေပေးချင်ပါတယ်။

ဒလိုင်းလားမား ဘုန်းတော်ကြီးက နှစ်ပေါင်း ၃၀ ကျော် ဦးနှောက်လေ့လာသူတွေ၊ ပညာရေး စိတ်ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စာသင်ကြားသူတွေ၊ သုတေသနပညာရှင်တွေနဲ့ အတူ စိတ်နှလုံး ကောင်းမွန်ရေး နဲ့ ပတ်သတ်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ပါတယ်။သုတေသနတွေရဲ့ တွေ့ရှိချက်ကတော့ စိတ်နှလုံးသားနဲ့ ကိုယ်ခန္ဓာကျန်းမာရေးတွေရဲ့ ချိတ်ဆက်မှုတွေဖြစ်ပါတယ်။ ဥပမာ – စိတ်နှလုံးသားနူးညံ့ခြင်းတွေဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်၊ ခန္ဓာကိုယ်ထဲက သွေးဖိအားတွေကို ထိန်းညှိပေးတယ်၊ အဲဒီ့အပြင် ကိုယ်တွင်း စိတ်ငြိမ်းချမ်းမှုတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ တစ်ဖက်မှာလည်း တစ်ချိန်လုံး ကြောက်စိတ်ဖြစ်နေခြင်းတွေ၊ စိတ်တိုနေခြင်းတွေနဲ့ သံသယနဲ့ နေရခြင်းတွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ယုတ်လျော့စေပါတယ်။ ဒါကြောင့် တစ်ပါးသူအပေါ်ကို မေတ္တာဂရုဏာထားခြင်း၊ ဂရုစိုက် ကြင်နာတတ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးအတွက် ကောင်းပြီးတော့ ဒေါသတွေ၊ ကြောက်စိတ်တွေနဲ့ မယုံကြည်မှုတွေဟာ ကျန်းမာရေးကို ဆိုးရွားစေနိုင်ပါတယ်။ စိတ်ထားကောင်းအောင် သင်ပေးခြင်း၊ စိတ်နေသဘောထားနူးညံ့အောင် ပံ့ပိုးပေးခြင်းဟာ အသက်ရှည်ပြီး ကျန်းမာ သန်စွမ်းသော လူသား အရင်းအမြစ်တွေ ရှိလာအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

“၂၁ ရာစုမှာ အချင်းချင်းအပြန်အလှန် တိုက်ခိုက်တာတွေ၊ အကြမ်းဖက်ကြတာတွေကို အားလုံးရဲ့ ပတ်ဝန်းကျင်မှာ ပိုပြီး မြင်လာရပါတယ်။ ဒီပြဿနာတွေ၊ အကြမ်းဖက်တာတွေဟာ လူတွေကပဲ ပြုလုပ်တယ်လို့ ပြောယုံနဲ့ မလုံလောက်ပါဘူး၊ ဒါတွေဟာ ပညာတတ်ဆိုသော လူတွေ ပြုလုပ်ကြတာပါ။ လက်ရှိရှိနေတဲ့ ပညာရေးစနစ်တွေဟာ စိတ်နှလုံးသားဆိုင်ရာ စည်းမျဉ်းဥပဒေသတွေကို မျက်ကွယ်ပြုထားပါတယ်။ ဒီစိတ်နှလုံးသားဆိုင်ရာ စည်းမျဉ်းတွေကို ဘယ်သူက လာပြီး ချပေးမှာလဲ ဆိုရင် အစိုးရကချည်းပဲလုပ်လို့မရပါဘူး။ UN အဖွဲ့ အစည်းတွေပဲလည်း လုပ်လို့မရပါဘူး။ ဘာသာရေးအနေနဲ့တော့ နည်းနည်း လုပ်လို့ရမယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိနေတဲ့ ၇ ဘီလီယံသော လူတွေအကုန်လုံးကို ရောက်ရှိနိုင်ပါ့မလား။ အားလုံးရဲ့ စိတ်နှလုံးသားထဲမှာ မှန်ကန်တဲ့ စိတ်နှလုံးသားဆိုင်ရာ စည်းမျဉ်းတွေရှိဖို့ ပညာရေး ကပဲ အဓိက လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အခု လက်ရှိမှာတော့ ပညာရေးက အရာဝတ္ထုတွေ၊ ဂုဏ်တွေ ပကာသနတွေအကြောင်းပဲ ပိုအားစိုက်ပြီး အတွင်းစိတ်ပိုမိုကောင်းမွန်မှုကို အရေးတယူ မလုပ်ပါဘူး။ အဲဒီ့ အရေးတယူမလုပ်ထားတဲ့ အတွင်းစိတ်ကောင်းမွန်ရေးကိစ္စတွေ ဖြစ်လာအောင် ပြောင်းလဲဖို့ လိုနေပါပြီ။” ဆိုပြီး ဒလိုင်းလားမား ဘုန်းတော်ကြီးက ၂၀၁၄ ခုနှစ် ကနေဒါနိုင်ငံက John Oliver School မှာ ပြောပြခဲ့ပါတယ်။

ပညာတတ်တွေ ပညာကို ကောင်းတဲ့ဖက်မှာ အသုံးပြုရင် နိုင်ငံ အကျိုးရှိပြီး ပညာတတ်တွေ မကောင်းတဲ့အပိုင်းမှာ သူတို့ရဲ့ ပညာကို အသုံးချတဲ့အခါ နိုင်ငံက ပျက်စီးတယ်။ အကောင်းအဆိုးကို ဝေဖန်နိုင်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ နှလုံးသားထဲမှာ မေတ္တာတရား၊ ဂရုဏာတရား၊မုဒိတာတရားတွေ ရှိမှပဲရမယ်။ အဲဒီ့အတွက် ပညာရေးကနေ နှလုံးသားကို နူးညံ့အောင်၊ ကြင်နာတတ်အောင်၊ ကောင်းရာတွေကို မြတ်နိုးအောင် သင်ပေးဖို့လိုပါတယ်။
ကျွန်မတို့ ငယ်စဉ်ကနေ လေ့လာသင်ယူခဲ့တဲ့ ကျောင်းပညာရေးအပြင်၊ ပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝကနေ သင်ယူရတဲ့ ပညာရေးတွေမှာ စိတ်နှလုံးကို နူးညံ့ပြီး ကြင်နာ နားလည်တတ်စေဖို့ ပံ့ပိုးတဲ့ အခွင့်အလမ်းတွေ နည်းပါးလာတာနဲ့ အမျှ ကျွန်မတို့ နေထိုင်သော ဘဝမှာလည်း ငြိမ်းချမ်းမှုတွေ၊ မေတ္တာတရားတွေ လျှော့နည်းလာမှာပါ။ အဲဒီ့အခါ အကြမ်းဖက်မှုတွေ၊ ပြစ်တင်ရှုံ့ချမှုတွေ၊ စစ်ပွဲတွေ ပိုပြီး ဖြစ်လာကြမှာပါပဲ။ ဒါကြောင့် ကျောင်းပညာရေးတွင်သာမက နေ့စဉ် ဘဝထဲကနေပြီးပါ ကြင်နာတတ်အောင်၊ နားလည်တတ်အောင်၊ ဂရုဏာတရားထားတတ်အောင်၊ မုဒိတာပွါးတတ်အောင် သင်ပေးဖို့လိုပါတယ်။

ဒလိုင်းလားမားဘုန်းဘုန်းက ပြောတယ် – ငယ်စဉ်ကတည်းက ငြိမ်းချမ်းမှုဆိုတာဘာလဲ၊ ချစ်ခြင်းမေတ္တာဆိုတာဘာလဲ၊ ကြင်နာမှု ဆိုတာ ဘာလဲ ဆိုတာတွေ မသိဘူးဆိုရင် ကြီးလာတဲ့အခါ ငြိမ်းချမ်းရေးလုပ်တတ်မှာ မဟုတ်ပါဘူး၊ ကောင်းကောင်းလည်း ချစ်ပြတတ်မှာမဟုတ်ပါဘူး၊ တစ်ပါးသူကိုလည်း ကြင်နာဖို့ ခက်ခဲပါလိမ့်မယ်တဲ့။ ပြီးရင် စိတ်အတွင်းသန္တာန်မှာ ချစ်ခြင်းမေတ္တာတွေ၊ ငြိမ်းချမ်းမှုတွေ ကိန်းအောင်းဖို့ဆိုတာ မျက်စိတစ်မှိတ်အတွင်း၊ စက္ကန့်အပိုင်း ဖြစ်နိုင်တာမဟုတ်ပါဘူး။ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လေ့ကျင့်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေကို မွေးကတည်းက ချစ်ပြပါ၊ ကလေးတွေကို ဂရုဏာ ထားပြပါ။ ကလေးကို စစ်မှန်သော နားထောင်မှုများနဲ့ နားထောင်ပြီး စာနာ နားလည်တတ်အောင် သင်ပေးပါ။

ကျွန်မတို့ ကလေးဘဝတုန်းက လူကြီးတွေနဲ့ တွေ့တဲ့အခါဖြစ်ဖြစ်၊ အခြား ကလေးတွေနဲ့ တွေ့တဲ့အခါဖြစ်ဖြစ် ဘယ်ရာထူးမို့၊ ဘာလူမျိုးမလို့ ဆိုတာထက် ကိုယ့်ကို ဘယ်လောက် ချစ်သလဲ၊ ကိုယ့်ကို ဘယ်လို ချော့မြူသလဲ၊ ကိုယ့်ကို ဘယ်လို ကြင်နာသလဲ ဆိုတဲ့ အပေါ်မှာ ကျွန်မတို့ တွေ အလေးထားပြီး ဆက်သွယ်ပြောဆိုကြတယ်။ ဒါပေမယ့် ကြီးလာတဲ့အခါ လူနဲ့ လူကြားထဲက ချစ်ခြင်းမေတ္တာထက် ရာထူး၊ ဂုဏ်၊ နောက်ခံ အခြားသော အရာတွေကို ကြည့်ပြီး ပြောဆိုဆက်ဆံကြတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ကျွန်မတို့ ရဲ့ ပတ်ဝန်းကျင်နဲ့ ပညာရေးစနစ်တွေဟာ စိတ်နှလုံးသားနဲ့ ဆိုင်တဲ့ မေတ္တာ၊ ဂရုဏာတွေထက် ပြင်ပ ရုပ်ဝတ္ထုတွေကို ပိုပြီး အသားပေးလာကြတဲ့အတွက်ဖြစ်တယ်လို့ လည်း ဘုန်းဘုန်းက ပြောပါတယ်။

ဒါကြောင့် ဒလိုင်းလားမားနဲ့အတူ ပညာရှင်များစွာက နှလုံးသားကို ပညာပေးသော အစီအစဉ်တွေကို ကမ္ဘာတစ်ဝှမ်းမှာ စတင်ပြုလုပ်လာကြပါပြီ။ ကျွန်မတို့ နိုင်ငံမှာလည်း ငြိမ်းချမ်းစွာ နေထိုင်ရတဲ့ အခွင့်အရေးဟာ နည်းပါးလာပါပြီ။ အသည်းတွေမာလာကြတယ်။ မေတ္တာ၊ ဂရုဏာတရား ထက် ရုပ်ဝတ္ထုတွေကို ရှေ့တန်းတင်ချင်လာကြတယ်။ ဒီ့ထက် နောက်မကျခင် ကလေးတွေရဲ့ စိတ်နှလုံးသားကို နူးညံ့စေမယ့်၊ မေတ္တာ၊ ဂရုဏာနဲ့ ဆက်ဆံပေးကြပါ။ အချင်းချင်း နားလည်နိုင်အောင် ကြိုးစားပြီး မုဒိတာ အခြေပြု ပူးပေါင်းကြပါ။ အတွင်းစိတ်ငြိမ်းချမ်းအောင် သတိတရားများများ ရစေမယ့် လုပ်ငန်းတွေလုပ်ခိုင်းပါ။ စိတ်နှလုံးသားတွေ အေးချမ်းပျော်ရွှင်လာတဲ့အခါ ရုပ်ခန္ဓာလည်း ပို၍ ကျန်းမာလာမှာပါ။ ဒီတော့ ကျန်းမာပြီး ပျော်ရွှင်သော အသိုင်းအဝန်းဆီသို့ ရောက်နိုင်ဖို့ ကျွန်မတို့ ရဲ့ နှလုံးသားတွေကိုရော ပတ်ဝန်းကျင်က သူတွေရဲ့ နှလုံးသားတွေကိုရော၊ ကလေးတွေရဲ့ နှလုံးသားကိုရော ကောင်းမွန်သော ပညာတွေ ပေးလိုက်ကြရအောင်။

နောက်ဆုံးအနေနဲ့ ဒလိုင်းလားမားရဲ့ စကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ “မေတ္တာ၊ ဂရုဏာဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်တဲ့ လူတိုင်းအတွက် အခြေခံ လိုအပ်ချက်ဖြစ်တယ်။ အဲဒီ့ မေတ္တာ၊ ဂရုဏာ မရှိရင် လူသားဆိုတာ ရေရှည်တည်မြဲမှာမဟုတ်ဘူး။”။ အားလုံးမေတ္တာ ဂရုဏာ ထားနိုင်ကြပါစေ။

မေတ္တာဖြင့်…..
Sayarma-ဆရာမ

[ Zawgyi ]

မေန႔ညက အႏၵိယနိုင္ငံ နယူးေဒလီ ၿမိဳ႕ ေရာက္ပါတယ္။ ေနာက္တစ္ပတ္အတြင္းမွာ ဒလိုင္းလားမား ဘုန္းေတာ္ႀကီးကို ဖူးေျမာ္ခြင့္ရမွာျဖစ္ၿပီး နိုင္ငံေပါင္းမ်ားစြာက ဗုဒၶဘာသာေတြနဲ႔ ေတြ႕ဆုံၿပီး အျမင္သစ္ေတြ သင္ယူခြင့္ရမွာ ျဖစ္ပါတယ္။ ဒီေတာ့ ဒလိုင္းလားမား ဘုန္းေတာ္ႀကီးက အထူးဂ႐ုျပဳၿပီး ဦးေဆာင္ပံ့ပိုးေနတဲ့ ႏွလုံးသားမ်ားကို ပညာသင္ေပးေရး အေၾကာင္း မၽွေဝေပးခ်င္ပါတယ္။

ဒလိုင္းလားမား ဘုန္းေတာ္ႀကီးက ႏွစ္ေပါင္း ၃၀ ေက်ာ္ ဦးေႏွာက္ေလ့လာသူေတြ၊ ပညာေရး စိတ္ပညာရွင္ေတြ၊ သိပၸံပညာရွင္ေတြ၊ စာသင္ၾကားသူေတြ၊ သုေတသနပညာရွင္ေတြနဲ႔ အတူ စိတ္ႏွလုံး ေကာင္းမြန္ေရး နဲ႔ ပတ္သတ္တဲ့ သုေတသနေတြ ျပဳလုပ္ခဲ့ပါတယ္။သုေတသနေတြရဲ့ ေတြ႕ရွိခ်က္ကေတာ့ စိတ္ႏွလုံးသားနဲ႔ ကိုယ္ခႏၶာက်န္းမာေရးေတြရဲ့ ခ်ိတ္ဆက္မႈေတြျဖစ္ပါတယ္။ ဥပမာ – စိတ္ႏွလုံးသားႏူးညံ့ျခင္းေတြဟာ စိတ္ဖိစီးမႈကို ေလၽွာ့ခ်ေပးနိုင္တယ္၊ ခႏၶာကိုယ္ထဲက ေသြးဖိအားေတြကို ထိန္းညႇိေပးတယ္၊ အဲဒီ့အျပင္ ကိုယ္တြင္း စိတ္ၿငိမ္းခ်မ္းမႈေတြကိုလည္း ေပးစြမ္းနိုင္ပါတယ္။ တစ္ဖက္မွာလည္း တစ္ခ်ိန္လုံး ေၾကာက္စိတ္ျဖစ္ေနျခင္းေတြ၊ စိတ္တိုေနျခင္းေတြနဲ႔ သံသယနဲ႔ ေနရျခင္းေတြဟာ ခႏၶာကိုယ္ရဲ့ ခုခံအားစနစ္ကို ယုတ္ေလ်ာ့ေစပါတယ္။ ဒါေၾကာင့္ တစ္ပါးသူအေပၚကို ေမတၱာဂ႐ုဏာထားျခင္း၊ ဂ႐ုစိုက္ ၾကင္နာတတ္ျခင္းဟာ ခႏၶာကိုယ္ရဲ့ ဖြံ့ၿဖိဳးမႈ၊ က်န္းမာေရးအတြက္ ေကာင္းၿပီးေတာ့ ေဒါသေတြ၊ ေၾကာက္စိတ္ေတြနဲ႔ မယုံၾကည္မႈေတြဟာ က်န္းမာေရးကို ဆိုးရြားေစနိုင္ပါတယ္။ စိတ္ထားေကာင္းေအာင္ သင္ေပးျခင္း၊ စိတ္ေနသေဘာထားႏူးညံ့ေအာင္ ပံ့ပိုးေပးျခင္းဟာ အသက္ရွည္ၿပီး က်န္းမာ သန္စြမ္းေသာ လူသား အရင္းအျမစ္ေတြ ရွိလာေအာင္ ျပဳလုပ္ေပးျခင္းျဖစ္ပါတယ္။

“၂၁ ရာစုမွာ အခ်င္းခ်င္းအျပန္အလွန္ တိုက္ခိုက္တာေတြ၊ အၾကမ္းဖက္ၾကတာေတြကို အားလုံးရဲ့ ပတ္ဝန္းက်င္မွာ ပိုၿပီး ျမင္လာရပါတယ္။ ဒီျပႆနာေတြ၊ အၾကမ္းဖက္တာေတြဟာ လူေတြကပဲ ျပဳလုပ္တယ္လို႔ ေျပာယုံနဲ႔ မလုံေလာက္ပါဘူး၊ ဒါေတြဟာ ပညာတတ္ဆိုေသာ လူေတြ ျပဳလုပ္ၾကတာပါ။ လက္ရွိရွိေနတဲ့ ပညာေရးစနစ္ေတြဟာ စိတ္ႏွလုံးသားဆိုင္ရာ စည္းမ်ဥ္းဥပေဒသေတြကို မ်က္ကြယ္ျပဳထားပါတယ္။ ဒီစိတ္ႏွလုံးသားဆိုင္ရာ စည္းမ်ဥ္းေတြကို ဘယ္သူက လာၿပီး ခ်ေပးမွာလဲ ဆိုရင္ အစိုးရကခ်ည္းပဲလုပ္လို႔မရပါဘူး။ UN အဖြဲ႕ အစည္းေတြပဲလည္း လုပ္လို႔မရပါဘူး။ ဘာသာေရးအေနနဲ႔ေတာ့ နည္းနည္း လုပ္လို႔ရမယ္။ ဒါေပမယ့္ ကမၻာေပၚမွာ သက္ရွိထင္ရွားရွိေနတဲ့ ၇ ဘီလီယံေသာ လူေတြအကုန္လုံးကို ေရာက္ရွိနိုင္ပါ့မလား။ အားလုံးရဲ့ စိတ္ႏွလုံးသားထဲမွာ မွန္ကန္တဲ့ စိတ္ႏွလုံးသားဆိုင္ရာ စည္းမ်ဥ္းေတြရွိဖို႔ ပညာေရး ကပဲ အဓိက လုပ္ေဆာင္နိုင္ပါတယ္။ ဒါေပမယ့္ အခု လက္ရွိမွာေတာ့ ပညာေရးက အရာဝတၳဳေတြ၊ ဂုဏ္ေတြ ပကာသနေတြအေၾကာင္းပဲ ပိုအားစိုက္ၿပီး အတြင္းစိတ္ပိုမိုေကာင္းမြန္မႈကို အေရးတယူ မလုပ္ပါဘူး။ အဲဒီ့ အေရးတယူမလုပ္ထားတဲ့ အတြင္းစိတ္ေကာင္းမြန္ေရးကိစၥေတြ ျဖစ္လာေအာင္ ေျပာင္းလဲဖို႔ လိုေနပါၿပီ။” ဆိုၿပီး ဒလိုင္းလားမား ဘုန္းေတာ္ႀကီးက ၂၀၁၄ ခုႏွစ္ ကေနဒါနိုင္ငံက John Oliver School မွာ ေျပာျပခဲ့ပါတယ္။

ပညာတတ္ေတြ ပညာကို ေကာင္းတဲ့ဖက္မွာ အသုံးျပဳရင္ နိုင္ငံ အက်ိဳးရွိၿပီး ပညာတတ္ေတြ မေကာင္းတဲ့အပိုင္းမွာ သူတို႔ရဲ့ ပညာကို အသုံးခ်တဲ့အခါ နိုင္ငံက ပ်က္စီးတယ္။ အေကာင္းအဆိုးကို ေဝဖန္နိုင္ၿပီး ကိုယ္ခ်င္းစာတရားထားတတ္ဖို႔ ႏွလုံးသားထဲမွာ ေမတၱာတရား၊ ဂ႐ုဏာတရား၊မုဒိတာတရားေတြ ရွိမွပဲရမယ္။ အဲဒီ့အတြက္ ပညာေရးကေန ႏွလုံးသားကို ႏူးညံ့ေအာင္၊ ၾကင္နာတတ္ေအာင္၊ ေကာင္းရာေတြကို ျမတ္နိုးေအာင္ သင္ေပးဖို႔လိုပါတယ္။
ကၽြန္မတို႔ ငယ္စဥ္ကေန ေလ့လာသင္ယူခဲ့တဲ့ ေက်ာင္းပညာေရးအျပင္၊ ပတ္ဝန္းက်င္နဲ႔ ေန႔စဥ္ဘဝကေန သင္ယူရတဲ့ ပညာေရးေတြမွာ စိတ္ႏွလုံးကို ႏူးညံ့ၿပီး ၾကင္နာ နားလည္တတ္ေစဖို႔ ပံ့ပိုးတဲ့ အခြင့္အလမ္းေတြ နည္းပါးလာတာနဲ႔ အမၽွ ကၽြန္မတို႔ ေနထိုင္ေသာ ဘဝမွာလည္း ၿငိမ္းခ်မ္းမႈေတြ၊ ေမတၱာတရားေတြ ေလၽွာ့နည္းလာမွာပါ။ အဲဒီ့အခါ အၾကမ္းဖက္မႈေတြ၊ ျပစ္တင္ရႈံ႔ခ်မႈေတြ၊ စစ္ပြဲေတြ ပိုၿပီး ျဖစ္လာၾကမွာပါပဲ။ ဒါေၾကာင့္ ေက်ာင္းပညာေရးတြင္သာမက ေန႔စဥ္ ဘဝထဲကေနၿပီးပါ ၾကင္နာတတ္ေအာင္၊ နားလည္တတ္ေအာင္၊ ဂ႐ုဏာတရားထားတတ္ေအာင္၊ မုဒိတာပြါးတတ္ေအာင္ သင္ေပးဖို႔လိုပါတယ္။

ဒလိုင္းလားမားဘုန္းဘုန္းက ေျပာတယ္ – ငယ္စဥ္ကတည္းက ၿငိမ္းခ်မ္းမႈဆိုတာဘာလဲ၊ ခ်စ္ျခင္းေမတၱာဆိုတာဘာလဲ၊ ၾကင္နာမႈ ဆိုတာ ဘာလဲ ဆိုတာေတြ မသိဘူးဆိုရင္ ႀကီးလာတဲ့အခါ ၿငိမ္းခ်မ္းေရးလုပ္တတ္မွာ မဟုတ္ပါဘူး၊ ေကာင္းေကာင္းလည္း ခ်စ္ျပတတ္မွာမဟုတ္ပါဘူး၊ တစ္ပါးသူကိုလည္း ၾကင္နာဖို႔ ခက္ခဲပါလိမ့္မယ္တဲ့။ ၿပီးရင္ စိတ္အတြင္းသႏၲာန္မွာ ခ်စ္ျခင္းေမတၱာေတြ၊ ၿငိမ္းခ်မ္းမႈေတြ ကိန္းေအာင္းဖို႔ဆိုတာ မ်က္စိတစ္မွိတ္အတြင္း၊ စကၠန႔္အပိုင္း ျဖစ္နိုင္တာမဟုတ္ပါဘူး။ လေပါင္းမ်ားစြာ၊ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ေမြးကတည္းက ခ်စ္ျပပါ၊ ကေလးေတြကို ဂ႐ုဏာ ထားျပပါ။ ကေလးကို စစ္မွန္ေသာ နားေထာင္မႈမ်ားနဲ႔ နားေထာင္ၿပီး စာနာ နားလည္တတ္ေအာင္ သင္ေပးပါ။

ကၽြန္မတို႔ ကေလးဘဝတုန္းက လူႀကီးေတြနဲ႔ ေတြ႕တဲ့အခါျဖစ္ျဖစ္၊ အျခား ကေလးေတြနဲ႔ ေတြ႕တဲ့အခါျဖစ္ျဖစ္ ဘယ္ရာထူးမို႔၊ ဘာလူမ်ိဳးမလို႔ ဆိုတာထက္ ကိုယ့္ကို ဘယ္ေလာက္ ခ်စ္သလဲ၊ ကိုယ့္ကို ဘယ္လို ေခ်ာ့ျမဴသလဲ၊ ကိုယ့္ကို ဘယ္လို ၾကင္နာသလဲ ဆိုတဲ့ အေပၚမွာ ကၽြန္မတို႔ ေတြ အေလးထားၿပီး ဆက္သြယ္ေျပာဆိုၾကတယ္။ ဒါေပမယ့္ ႀကီးလာတဲ့အခါ လူနဲ႔ လူၾကားထဲက ခ်စ္ျခင္းေမတၱာထက္ ရာထူး၊ ဂုဏ္၊ ေနာက္ခံ အျခားေသာ အရာေတြကို ၾကည့္ၿပီး ေျပာဆိုဆက္ဆံၾကတယ္။ ဒါဟာ ဘာကိုျပသလဲဆိုရင္ ကၽြန္မတို႔ ရဲ့ ပတ္ဝန္းက်င္နဲ႔ ပညာေရးစနစ္ေတြဟာ စိတ္ႏွလုံးသားနဲ႔ ဆိုင္တဲ့ ေမတၱာ၊ ဂ႐ုဏာေတြထက္ ျပင္ပ ႐ုပ္ဝတၳဳေတြကို ပိုၿပီး အသားေပးလာၾကတဲ့အတြက္ျဖစ္တယ္လို႔ လည္း ဘုန္းဘုန္းက ေျပာပါတယ္။

ဒါေၾကာင့္ ဒလိုင္းလားမားနဲ႔အတူ ပညာရွင္မ်ားစြာက ႏွလုံးသားကို ပညာေပးေသာ အစီအစဥ္ေတြကို ကမၻာတစ္ဝွမ္းမွာ စတင္ျပဳလုပ္လာၾကပါၿပီ။ ကၽြန္မတို႔ နိုင္ငံမွာလည္း ၿငိမ္းခ်မ္းစြာ ေနထိုင္ရတဲ့ အခြင့္အေရးဟာ နည္းပါးလာပါၿပီ။ အသည္းေတြမာလာၾကတယ္။ ေမတၱာ၊ ဂ႐ုဏာတရား ထက္ ႐ုပ္ဝတၳဳေတြကို ေရွ႕တန္းတင္ခ်င္လာၾကတယ္။ ဒီ့ထက္ ေနာက္မက်ခင္ ကေလးေတြရဲ့ စိတ္ႏွလုံးသားကို ႏူးညံ့ေစမယ့္၊ ေမတၱာ၊ ဂ႐ုဏာနဲ႔ ဆက္ဆံေပးၾကပါ။ အခ်င္းခ်င္း နားလည္နိုင္ေအာင္ ႀကိဳးစားၿပီး မုဒိတာ အေျချပဳ ပူးေပါင္းၾကပါ။ အတြင္းစိတ္ၿငိမ္းခ်မ္းေအာင္ သတိတရားမ်ားမ်ား ရေစမယ့္ လုပ္ငန္းေတြလုပ္ခိုင္းပါ။ စိတ္ႏွလုံးသားေတြ ေအးခ်မ္းေပ်ာ္ရႊင္လာတဲ့အခါ ႐ုပ္ခႏၶာလည္း ပို၍ က်န္းမာလာမွာပါ။ ဒီေတာ့ က်န္းမာၿပီး ေပ်ာ္ရႊင္ေသာ အသိုင္းအဝန္းဆီသို႔ ေရာက္နိုင္ဖို႔ ကၽြန္မတို႔ ရဲ့ ႏွလုံးသားေတြကိုေရာ ပတ္ဝန္းက်င္က သူေတြရဲ့ ႏွလုံးသားေတြကိုေရာ၊ ကေလးေတြရဲ့ ႏွလုံးသားကိုေရာ ေကာင္းမြန္ေသာ ပညာေတြ ေပးလိုက္ၾကရေအာင္။

ေနာက္ဆုံးအေနနဲ႔ ဒလိုင္းလားမားရဲ့ စကားေလးနဲ႔ အဆုံးသတ္ခ်င္ပါတယ္။ “ေမတၱာ၊ ဂ႐ုဏာဆိုတာ ဇိမ္ခံပစၥည္းမဟုတ္တဲ့ လူတိုင္းအတြက္ အေျခခံ လိုအပ္ခ်က္ျဖစ္တယ္။ အဲဒီ့ ေမတၱာ၊ ဂ႐ုဏာ မရွိရင္ လူသားဆိုတာ ေရရွည္တည္ျမဲမွာမဟုတ္ဘူး။”။ အားလုံးေမတၱာ ဂ႐ုဏာ ထားနိုင္ၾကပါေစ။

ေမတၱာျဖင့္…..
Sayarma-ဆရာမ