[ Unicode ]
တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါ ကျွန်မတို့ တော်တော်များများက ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ကြသလို၊ နှစ်သစ်မှာ ဘာတွေဘယ်လိုဖြစ်အောင် လုပ်မယ်ဆိုတဲ့ နှစ်ကူးအိမ်မက်တွေ မက်ကြတယ်။ နှစ်သစ်မှာ စိတ်ကူးထားတဲ့အတိုင်း တစ်နှစ်ပတ်လုံးမှာ လုပ်သည်ဖြစ်ဖြစ်၊ မလုပ်ဘဲထားထား၊ ပြန်လည်သုံးသပ်ပြီး သင်ယူမှုထုတ်ယူတဲ့ အလေ့အကျင့်ဟာ ထားရှိသင့်ပါတယ်။ ကလေးတွေကိုလည်း တစ်နှစ်အတွင်း သိခဲ့တဲ့အရာ၊ အမှားတွေကနေ သင်ယူခဲ့တဲ့အရာ စတာတွေကို ပြန်လည် သုံးသပ်ခိုင်းပြီး နောင်နှစ်သစ်မှာ ပိုကောင်းတဲ့သူတွေဖြစ်ကြဖို့ ဘာတွေ ဘယ်လို ကြိုးစားကြမယ်ဆိုတာ စဉ်းစားခိုင်းသင့်ပါတယ်။ စဉ်းစားတဲ့အခါ ကျွန်မတို့က ဒိုင်ယာရီ မှတ်တမ်းအဖြစ် ထားကြသလို၊ နှုတ်ကနေ ဆွေးနွေးကြတာတွေလည်း ရှိပါတယ်။ ဒီတစ်ပါတ်မှာ ကျွန်မကတော့ နှစ်သစ်ကူးမှာရော၊ တစ်နှစ်ပတ်လုံးမှာပါ သုံးသပ် ရေးသားသင့်တဲ့ (ကျွန်မ အတွက် အရမ်း ထိရောက်တဲ့) ဒိုင်ယာရီ ရေးနည်းလေး (၂) ခု ဝေမျှပေးချင်ပါတယ်။
ကရုဏာ ဒိုင်ယာရီ – ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ ဒီဒိုင်ယာရီ ရေးသားပုံကတော့ ကျွန်မတို့ကိုယ် ကျွန်မတို့ ကရုဏာပွါးပြီးရေးသားရတဲ့ ပုံစံပါ။ ကျွန်မ ဒီဇင်ဘာမှာ တက်ခဲ့တဲ့ Search inside yourself (SIY) ဆိုတဲ့ သင်တန်းမှာ သင်ယူခဲ့ရတာပါ။ ရေးသားပုံက— ကျွန်မတို့အကြောင်းကို အသိဆုံးဖြစ်တဲ့ ကျွန်မတို့က – ကျွန်မတို့ရဲ့ အခက်အခဲတွေ၊ ခံစားချက်တွေကို နားလည်မှု အပေးနိုင်ဆုံး လူသားတစ်ယောက်အနေနဲ့ ရေးရတာပါ။ ကိုယ့်ကိုကိုယ် စာနာ နားလည်ပြီး၊ ကရုဏာစိတ်နဲ့ ကိုယ့်ရဲ့ဖြစ်ပျက်နေတဲ့ အခြေအနေကို ဘေးလူတစ်ယောက်အနေနဲ့ တွေးပေး ရေးပေးရမယ့် ပုံစံပါ။ ကိုယ့်ကိုကိုယ် စာနာ နားလည်မှုနဲ့အတူ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် အကြံဉာဏ်တွေလည်း ပေးရမှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ဒီရက်ပိုင်းမှာ ကျွန်မ အနေနဲ့ ကြုံတွေ့ရတာလေးတွေ ရေးထားတဲ့ ဒိုင်ယာရီထဲက အစိတ်အပိုင်း သေးသေးလေးကို မျှဝေပါ့မယ်။ …..” ထက်ရေ… ဒီရက်ပိုင်းမှာ ကလေးငယ်လေးတစ်ယောက်နဲ့ အိပ်ရေးပျက်ရက်တွေများပြီး ပင်ပန်းနေမှာပဲ။ ဒါပေမယ့် သားလေးမျက်နှာ မြင်တိုင်း အမောတွေ ပျောက်သွားသလို ခံစားရတယ်မလား။ သားလေးက သိပ်မငိုဘဲ ကျန်းကျန်းမာမာလေးရှိနေပေးလို့ စိတ်သက်သာရာ ရတာလေးက ကံကောင်းခြင်းတစ်ခုပဲ။ ….”
ကျွန်မတို့တွေက သူများတွေရဲ့ နားလည်ပေးမှု၊ စာနာမှုနဲ့ ကရုဏာတွေကို မျှော်လင့်တတ်ကြတယ်။ တစ်ကယ်တော့ ကျွန်မတို့ ကိုယ် ကျွန်မတို့ ပြန်ပြီး ကရုဏာပွါးလို့ရပါတယ်။ ဒီလို ကရုဏာ ဒိုင်ယာရီလေးကို ပုံမှန်ရေးသွားရင် ကိုယ်ဟာ ကိုယ့်အကြောင်း ပိုသိလာတယ်၊ ပိုသတိထားမိလာတယ်။ အဲဒီ့အတွက် ပိုပြီး ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ အထောက်ကူပြုလာနိုင်ပါတယ်။
ကျေးဇူးတရား ဒိုင်ယာရီ – ဒီကျေးဇူးတရား ဒိုင်ယာရီကတော့ ကျွန်မ အမြဲတမ်းနီးပါး ရေးဖြစ်ပါတယ်။ ကျွန်မတို့တွေဟာ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေကို ကျေးဇူးတင်ဖို့ မေ့နေကြတယ်။ ကိစ္စ သေးသေးလေးတွေမှာ ကျေးဇူးတင်ဖို့ သတိမရကြဘူး။ ကျေးဇူးတင်ခြင်းဟာ မေတ္တာတရားကို ပိုဖြစ်စေပြီး ပျော်ရွှင်မှုကို တိုးပွါးစေတယ်။ ကျေးဇူးတရား ဒိုင်ယာရီကတော့ ကိုယ့်ဘဝရဲ့ ကျေးဇူးတင်စရာကောင်းတဲ့ အကြောင်းအရာတွေကို မှတ်သားထားတာပါပဲ။ တစ်နေ့တာ အတွင်းမှာဖြစ်ဖြစ်၊ တစ်နှစ်တာအတွင်းမှာဖြစ်ဖြစ်၊ တစ်ဘဝစာဖြစ်ဖြစ် ကျေးဇူးတင်စရာကောင်းတဲ့သူတွေကို နာမည်နဲ့အတူ သူတို့က ကိုယ့်ကို ကျေးဇူးပြုခဲ့ပုံတွေကို ချရေးဖြစ်တာပါ။ တစ်ခါတစ်လေ ကျွန်မတို့ကို ပြုံးရယ်မှု ဖြစ်စေတဲ့ ကိစ္စလေးတွေ၊ ကျွန်မတို့ကို အရာသာ ရှိတဲ့ အစားအသောက် ပြင်ဆင်ပေးသူတွေ၊ ကျွန်မတို့ ကောင်းကောင်း နေနိုင်အောင် ပံ့ပိုးကြသူတွေ၊ အစရှိတဲ့ သူတွေ အကြောင်းနဲ့ ဘာလို့ ကျေးဇူးတင်စိတ်ဖြစ်ရတယ်ဆိုတာလေးတွေ မှတ်တမ်းတင်ထားရင် ပြန်ဖတ်တိုင်း ရင်ဘတ်ထဲမှာ ခပ်နွေးနွေးခံစားရပြီး ပျော်ရွှင်မှု တစုံတရာ ခံစားရစေမှာပါ။
ဒိုင်ယာရီကို အချို့က ကွန်ပြူတာထဲမှာ ရေးကြတယ်။ အချို့က စာအုပ်ထဲမှာ မှတ်ကြတယ်။ အချို့က စာရှည်ရှည်တွေရေးကြပြီး အချို့က မှတ်စု တိုတိုလေးတွေ သိမ်းထားကြတယ်။ ဘယ်လို ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ကျွန်မကတော့ အလုပ်အတွက် စာတွေကို ကွန်ပြူတာထဲမှာ ရေးလေ့ရှိပြီး ဒိုင်ယာရီဆိုရင် စာအုပ်ထဲမှာ ရေးရတာကြိုက်တယ်။ ဒိုင်ယာရီစာအုပ်ထဲမှာ ပုံလေးတွေ ဆွဲပြီး အရောင်လေးတွေ ချယ်ရတာ သဘောကျတယ်။ ဒိုင်ယာရီတွေပြန်ဖတ်တဲ့အခါ ခွန်အားတွေ ပြန်ရသလို ခံစားရတယ်။ ငယ်ငယ်က ဝမ်းနည်းစရာတွေကို မှတ်တမ်းတင်တတ်ပေမယ့် အသက်အရွယ်ရလာတဲ့အခါ ကျေးဇူးတင်စရာ၊ ပျော်ရွှင်စရာတွေပဲ အလေးထား မှတ်တမ်းတင်မိတယ်။ ပြန်ဖတ်တိုင်း ကျွန်မ စိတ်ချမ်းသာချင်တယ်လေ။ နှစ်သစ်မှာ ကျွန်မတို့လည်း ကိုယ့်ကိုကိုယ် ကရုဏာပွါးရင်း ကျေးဇူးတရားတွေကို အောက်မေ့တဲ့ ဒိုင်ယာရီတွေ ရေးရင်း ၂၀၂၀ ကို နှုတ်ဆက်နိုင်ကြပါစေ။ ကျွန်မ မျှဝေခဲ့တဲ့ ဒိုင်ယာရီ (၂)မျိုးကို ရေးသားဖြစ်ရင်၊ ကျွန်မတို့နဲ့လည်း မျှဝေချင်ရင် မျှဝေပေးနိုင်ပါတယ်နော်။ ၂၀၂၁မှာ ၂၀၂၀ ထက် ပိုကောင်းသောသူတွေ၊ ပိုမေတ္တာထားနိုင်သောသူတွေ ဖြစ်နိုင်ကြပါစေ လို့ ဆုမွန်ခြွေလျက်…..
မေတ္တာဖြင့်…
Sayarma-ဆရာမ
[ Zawgyi ]
တစ္ႏွစ္ကုန္လို႔ ေနာက္တစ္ႏွစ္ကို ကူးတဲ့အခါ ကၽြန္မတို႔ ေတာ္ေတာ္မ်ားမ်ားက ျပန္လည္သုံးသပ္မႈေတြ ျပဳလုပ္ၾကသလို၊ ႏွစ္သစ္မွာ ဘာေတြဘယ္လိုျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ ႏွစ္ကူးအိမ္မက္ေတြ မက္ၾကတယ္။ ႏွစ္သစ္မွာ စိတ္ကူးထားတဲ့အတိုင္း တစ္ႏွစ္ပတ္လုံးမွာ လုပ္သည္ျဖစ္ျဖစ္၊ မလုပ္ဘဲထားထား၊ ျပန္လည္သုံးသပ္ၿပီး သင္ယူမႈထုတ္ယူတဲ့ အေလ့အက်င့္ဟာ ထားရွိသင့္ပါတယ္။ ကေလးေတြကိုလည္း တစ္ႏွစ္အတြင္း သိခဲ့တဲ့အရာ၊ အမွားေတြကေန သင္ယူခဲ့တဲ့အရာ စတာေတြကို ျပန္လည္ သုံးသပ္ခိုင္းၿပီး ေနာင္ႏွစ္သစ္မွာ ပိုေကာင္းတဲ့သူေတြျဖစ္ၾကဖို႔ ဘာေတြ ဘယ္လို ႀကိဳးစားၾကမယ္ဆိုတာ စဥ္းစားခိုင္းသင့္ပါတယ္။ စဥ္းစားတဲ့အခါ ကၽြန္မတို႔က ဒိုင္ယာရီ မွတ္တမ္းအျဖစ္ ထားၾကသလို၊ ႏႈတ္ကေန ေဆြးေႏြးၾကတာေတြလည္း ရွိပါတယ္။ ဒီတစ္ပါတ္မွာ ကၽြန္မကေတာ့ ႏွစ္သစ္ကူးမွာေရာ၊ တစ္ႏွစ္ပတ္လုံးမွာပါ သုံးသပ္ ေရးသားသင့္တဲ့ (ကၽြန္မ အတြက္ အရမ္း ထိေရာက္တဲ့) ဒိုင္ယာရီ ေရးနည္းေလး (၂) ခု ေဝမၽွေပးခ်င္ပါတယ္။
က႐ုဏာ ဒိုင္ယာရီ – ေခါင္းစဥ္ေပးထားတဲ့အတိုင္းပဲ ဒီဒိုင္ယာရီ ေရးသားပုံကေတာ့ ကၽြန္မတို႔ကိုယ္ ကၽြန္မတို႔ က႐ုဏာပြါးၿပီးေရးသားရတဲ့ ပုံစံပါ။ ကၽြန္မ ဒီဇင္ဘာမွာ တက္ခဲ့တဲ့ Search inside yourself (SIY) ဆိုတဲ့ သင္တန္းမွာ သင္ယူခဲ့ရတာပါ။ ေရးသားပုံက— ကၽြန္မတို႔အေၾကာင္းကို အသိဆုံးျဖစ္တဲ့ ကၽြန္မတို႔က – ကၽြန္မတို႔ရဲ့ အခက္အခဲေတြ၊ ခံစားခ်က္ေတြကို နားလည္မႈ အေပးနိုင္ဆုံး လူသားတစ္ေယာက္အေနနဲ႔ ေရးရတာပါ။ ကိုယ့္ကိုကိုယ္ စာနာ နားလည္ၿပီး၊ က႐ုဏာစိတ္နဲ႔ ကိုယ့္ရဲ့ျဖစ္ပ်က္ေနတဲ့ အေျခအေနကို ေဘးလူတစ္ေယာက္အေနနဲ႔ ေတြးေပး ေရးေပးရမယ့္ ပုံစံပါ။ ကိုယ့္ကိုကိုယ္ စာနာ နားလည္မႈနဲ႔အတူ ကိုယ့္အတြက္ အေကာင္းဆုံးျဖစ္မယ့္ အႀကံဉာဏ္ေတြလည္း ေပးရမွာ ျဖစ္ပါတယ္။
ဥပမာအေနနဲ႔ ဒီရက္ပိုင္းမွာ ကၽြန္မ အေနနဲ႔ ၾကဳံေတြ႕ရတာေလးေတြ ေရးထားတဲ့ ဒိုင္ယာရီထဲက အစိတ္အပိုင္း ေသးေသးေလးကို မၽွေဝပါ့မယ္။ …..” ထက္ေရ… ဒီရက္ပိုင္းမွာ ကေလးငယ္ေလးတစ္ေယာက္နဲ႔ အိပ္ေရးပ်က္ရက္ေတြမ်ားၿပီး ပင္ပန္းေနမွာပဲ။ ဒါေပမယ့္ သားေလးမ်က္ႏွာ ျမင္တိုင္း အေမာေတြ ေပ်ာက္သြားသလို ခံစားရတယ္မလား။ သားေလးက သိပ္မငိုဘဲ က်န္းက်န္းမာမာေလးရွိေနေပးလို႔ စိတ္သက္သာရာ ရတာေလးက ကံေကာင္းျခင္းတစ္ခုပဲ။ ….”
ကၽြန္မတို႔ေတြက သူမ်ားေတြရဲ့ နားလည္ေပးမႈ၊ စာနာမႈနဲ႔ က႐ုဏာေတြကို ေမၽွာ္လင့္တတ္ၾကတယ္။ တစ္ကယ္ေတာ့ ကၽြန္မတို႔ ကိုယ္ ကၽြန္မတို႔ ျပန္ၿပီး က႐ုဏာပြါးလို႔ရပါတယ္။ ဒီလို က႐ုဏာ ဒိုင္ယာရီေလးကို ပုံမွန္ေရးသြားရင္ ကိုယ္ဟာ ကိုယ့္အေၾကာင္း ပိုသိလာတယ္၊ ပိုသတိထားမိလာတယ္။ အဲဒီ့အတြက္ ပိုၿပီး ေကာင္းတဲ့သူတစ္ေယာက္ျဖစ္ဖို႔ အေထာက္ကူျပဳလာနိုင္ပါတယ္။
ေက်းဇူးတရား ဒိုင္ယာရီ – ဒီေက်းဇူးတရား ဒိုင္ယာရီကေတာ့ ကၽြန္မ အျမဲတမ္းနီးပါး ေရးျဖစ္ပါတယ္။ ကၽြန္မတို႔ေတြဟာ ကၽြန္မတို႔ ပတ္ဝန္းက်င္က လူေတြကို ေက်းဇူးတင္ဖို႔ ေမ့ေနၾကတယ္။ ကိစၥ ေသးေသးေလးေတြမွာ ေက်းဇူးတင္ဖို႔ သတိမရၾကဘူး။ ေက်းဇူးတင္ျခင္းဟာ ေမတၱာတရားကို ပိုျဖစ္ေစၿပီး ေပ်ာ္ရႊင္မႈကို တိုးပြါးေစတယ္။ ေက်းဇူးတရား ဒိုင္ယာရီကေတာ့ ကိုယ့္ဘဝရဲ့ ေက်းဇူးတင္စရာေကာင္းတဲ့ အေၾကာင္းအရာေတြကို မွတ္သားထားတာပါပဲ။ တစ္ေန႔တာ အတြင္းမွာျဖစ္ျဖစ္၊ တစ္ႏွစ္တာအတြင္းမွာျဖစ္ျဖစ္၊ တစ္ဘဝစာျဖစ္ျဖစ္ ေက်းဇူးတင္စရာေကာင္းတဲ့သူေတြကို နာမည္နဲ႔အတူ သူတို႔က ကိုယ့္ကို ေက်းဇူးျပဳခဲ့ပုံေတြကို ခ်ေရးျဖစ္တာပါ။ တစ္ခါတစ္ေလ ကၽြန္မတို႔ကို ျပဳံးရယ္မႈ ျဖစ္ေစတဲ့ ကိစၥေလးေတြ၊ ကၽြန္မတို႔ကို အရာသာ ရွိတဲ့ အစားအေသာက္ ျပင္ဆင္ေပးသူေတြ၊ ကၽြန္မတို႔ ေကာင္းေကာင္း ေနနိုင္ေအာင္ ပံ့ပိုးၾကသူေတြ၊ အစရွိတဲ့ သူေတြ အေၾကာင္းနဲ႔ ဘာလို႔ ေက်းဇူးတင္စိတ္ျဖစ္ရတယ္ဆိုတာေလးေတြ မွတ္တမ္းတင္ထားရင္ ျပန္ဖတ္တိုင္း ရင္ဘတ္ထဲမွာ ခပ္ေႏြးေႏြးခံစားရၿပီး ေပ်ာ္ရႊင္မႈ တစုံတရာ ခံစားရေစမွာပါ။
ဒိုင္ယာရီကို အခ်ိဳ႕က ကြန္ျပဴတာထဲမွာ ေရးၾကတယ္။ အခ်ိဳ႕က စာအုပ္ထဲမွာ မွတ္ၾကတယ္။ အခ်ိဳ႕က စာရွည္ရွည္ေတြေရးၾကၿပီး အခ်ိဳ႕က မွတ္စု တိုတိုေလးေတြ သိမ္းထားၾကတယ္။ ဘယ္လို ျဖစ္ျဖစ္ အဆင္ေျပပါတယ္။ ကၽြန္မကေတာ့ အလုပ္အတြက္ စာေတြကို ကြန္ျပဴတာထဲမွာ ေရးေလ့ရွိၿပီး ဒိုင္ယာရီဆိုရင္ စာအုပ္ထဲမွာ ေရးရတာႀကိဳက္တယ္။ ဒိုင္ယာရီစာအုပ္ထဲမွာ ပုံေလးေတြ ဆြဲၿပီး အေရာင္ေလးေတြ ခ်ယ္ရတာ သေဘာက်တယ္။ ဒိုင္ယာရီေတြျပန္ဖတ္တဲ့အခါ ခြန္အားေတြ ျပန္ရသလို ခံစားရတယ္။ ငယ္ငယ္က ဝမ္းနည္းစရာေတြကို မွတ္တမ္းတင္တတ္ေပမယ့္ အသက္အရြယ္ရလာတဲ့အခါ ေက်းဇူးတင္စရာ၊ ေပ်ာ္ရႊင္စရာေတြပဲ အေလးထား မွတ္တမ္းတင္မိတယ္။ ျပန္ဖတ္တိုင္း ကၽြန္မ စိတ္ခ်မ္းသာခ်င္တယ္ေလ။ ႏွစ္သစ္မွာ ကၽြန္မတို႔လည္း ကိုယ့္ကိုကိုယ္ က႐ုဏာပြါးရင္း ေက်းဇူးတရားေတြကို ေအာက္ေမ့တဲ့ ဒိုင္ယာရီေတြ ေရးရင္း ၂၀၂၀ ကို ႏႈတ္ဆက္နိုင္ၾကပါေစ။ ကၽြန္မ မၽွေဝခဲ့တဲ့ ဒိုင္ယာရီ (၂)မ်ိဳးကို ေရးသားျဖစ္ရင္၊ ကၽြန္မတို႔နဲ႔လည္း မၽွေဝခ်င္ရင္ မၽွေဝေပးနိုင္ပါတယ္ေနာ္။ ၂၀၂၁မွာ ၂၀၂၀ ထက္ ပိုေကာင္းေသာသူေတြ၊ ပိုေမတၱာထားနိုင္ေသာသူေတြ ျဖစ္နိုင္ၾကပါေစ လို႔ ဆုမြန္ေႁခြလ်က္…..
ေမတၱာျဖင့္…
Sayarma-ဆရာမ