[Unicode]

သင်ယူမှုလုပ်ငန်းဆိုတာ ကလေးတွေဖြစ်ဖြစ်၊ လူကြီးတွေဖြစ်ဖြစ်၊ ကျားမမရွေး သင်ယူသူလို့ခံယူသတ်မှတ်ထားသူတွေအတွက် သင်ယူမှုမှာ အထောက်အကူပြုမယ့် လုပ်ငန်းတွေကိုဆိုလိုတာပါ။ သင်ယူမှုလုပ်ငန်းတွေဟာ အမျိုးအစား၊ ပြုလုပ်ပုံ၊ ပါဝင်သူ စတာတွေအပေါ်မူတည်ပြီး အချိန်ကာလ ကြာမြင့်မှု ကွာခြားနိုင်ပါတယ်။ ကျွန်မအခု မျှဝေမယ့် သင်ယူမှုလုပ်ငန်းတွေကတော့ ကျွန်မ စာသင်သူဘဝ၊ သင်ယူသူဘဝ အတွေ့အကြုံတွေကို အခြေခံထားတာတွေလည်းပါသလို၊ ပညာရေးစာအုပ်အချို့ကိုလည်း ကိုးကားထားပါတယ်။ ကိုးကားစာညွှန်းစာရင်းကို ဒီစာရဲ့ အောက်ဆုံးမှာ တွေ့နိုင်ပါတယ်။

1) ပို့စ်ကဒ်ရေးခြင်း

– ပုံပြင်ဖတ်ပြီးသောအခါ၊ စာဖတ်ပြီးတဲ့အခါ သူငယ်ချင်းတစ်ယောက်ကိုဖြစ်စေ၊ ပုံပြင်ရေးသားသူကိုဖြစ်စေ၊ ပုံပြင်ပါ ဇာတ်ကောင်ကိုဖြစ်စေ ပုံပြင်စာအုပ်နှင့်ပတ်သတ်သော အကြောင်းအရာ၊ ခံစားချက်များရေးစေပါ။ (သို့မဟုတ်)

–  ရေးသားသူကိုယ်တိုင်သည် ပုံပြင်ပါ ဇာတ်ကောင်အနေဖြင့်သော်လည်းကောင်း၊ ပုံပြင်ရေးသားသူအဖြစ်သော်လည်းကောင်း ခံစား၍ ရေးသားစေပါ။

– ရေးသားထားသော ပို့စ်ကဒ်များကို အတန်းတွင်း ဖတ်ပြစေခြင်း သို့မဟုတ် နှစ်ယောက်တစ်တွဲမျှဝေစေခြင်း သို့မဟုတ် ကျောင်းနံရံများတွင် ကပ်၍ကလေးများအား သွားရောက် ဖတ်ရှုစေခြင်းများ ပြုလုပ်နိုင်သည်။

2) ဇာတ်လမ်းမြေပုံရေးသားခြင်း

– ပုံပြင်ပါ အကြောင်းအရာများ၏ အချိန် နေရာများကို အစီအစဉ်လိုက် မြေပုံအသွင် ပြန်လည်ရေးသား ပုံဖေါ်စေခြင်းဖြစ်သည်။

– ကလေးများအား ပုံပြင် စ၊လယ်၊ဆုံး ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားစေပါ။

– ပုံပြင်ပါ နေရာများကို စဉ်းစားစေကာ မြေပုံဖန်တီးစေပါ။

– မြေပုံအလိုက် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို မှတ်သားရေးသားစေပါ။

– ဥပမာ- အိုးလေးနှစ်လုံးပုံပြင်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာမှာ လယ်တော၊ လမ်း နှင့် လယ်သမားကြီး၏ အိမ်တွင်ဖြစ်သည်။ မြေပုံပေါ်တွင် ထို သုံးနေရာကို သတ်မှတ်ရေးဆွဲ၍ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများ ရေးသားစေပါ။

– ဤနည်းကို ပုံပြင်များတွင်သာမက သမိုင်းဘာသာရပ်တွင်ပါ အသုံးပြုနိုင်သည်။

3) စာအုပ်အသေးဖန်တီးခြင်း

– ကလေးများအား စာရွက်အပိုင်းအစ ၁ရွက် သို့မဟုတ် ၂ရွက် ပေးထားပါ။

– ပေးထားသော စာရွက်များကို စာအုပ်သဖွယ်ခေါက်စေပါ။

-မိမိတို့ ကိုယ်ပိုင် စကားလုံးအသုံးပြုကာ သင်ယူခဲ့ရသော ပုံပြင်အကြောင်းအနှစ်ချုပ်ရေးသားစေပါ။

– အနှစ်ချုပ်ထားသောပုံပြင်များနှင့်အတူ (အချိန်ရှိပါက) ရုပ်ပုံများဆွဲသားခိုင်းပါ။

– ကလေးများ၏ နိဂုံးချုပ်စွမ်းရည်ကို တိုးတက်စေရန်နှင့် နားလည်မှုကို စစ်ဆေးနိုင်ရန်ဖြစ်သည်။

4) သဒ္ဒါလေ့ကျင့်ခန်း

– ပုံပြင်စာအုပ်ပါ နာမဝိသေသန (သို့) ကြိယာ (သို့) အခြား မိမိသင်ကြားလိုသော စကားလုံး များကို ရွေးချယ်ပါ။

– မိမိက နာမဝိသေသန သင်ခန်းစာသင်မည်ဆိုလျှင် စာအုပ်ပါ နာမဝိသေသနများ အကြောင်း ကလေးများနှင့် အတူတူလေ့လာပါ။ ကလေးများကိုယ်တိုင် နာမဝိသေသနဟု ထင်ရသေ စကားလုံးများကို လိုက်ရှာပြီး မှတ်သားလေ့လာနိုင်ပါတယ်။

-ကလေးများနားမလည်သည့် ပုံပြင်ပါနာမဝိသေသနများကို ဥပမာများနှင့်တကွရှင်းပြပါ သို့မဟုတ် နားလည်သော ကလေးများမှ ပြန်လည်ရှင်းပြစေပါ။

– ထိုစကားလုံးများကို မိမိတို့၏ နေ့စဉ်ဘဝတွင် မည်ကဲ့သို့ ပြန်လည်အသုံးပြုမည်ကို ဆွေးနွေးပါ။ သို့မဟုတ် ပုံပြင်စာအုပ်ပါ စကားလုံးများအစား အခြား အလားတူ မည်သည့်စကားလုံးများ အသုံးပြုနိုင်သည်ကို ဆွေးနွေးပါ။

-ကလေးများကို သင်ယူလိုက်ရသည့် နာမဝိသေသနများ အသုံးပြု၍ စာပုဒ်တို သို့မဟုတ် စာကြောင်းများ ရေးစေပါ။

5) ပုံဖြတ်ဆက်၊ထပ်ကပ်

– မိမိတို့တွင်ရှိသော အသုံးမပြုတော့သည့် ရုပ်ပုံများ သတင်းစာအပိုင်းအစပါ ရုပ်ပုံများ စာများကို ဖြတ်ညှပ်ပါ။

–  ပုံများစာများကို အစီအစဉ်တကျ ကပ်ပြီး ထိုပုံများ၊ စာများအတွက် မိမိတို့ ကိုယ်ပိုင်ပုံပြင်ဖန်တီးစေပါ။

– ကလေးများ၏ ဖန်တီးလုပ်ဆောင်ထားမှုများကို အတန်းတွင်းပြန်လည် မျှဝေစေပါ။

– ကလေးများ၏ ဖန်တီးနိုင်စွမ်းမြှင့်တင်နိုင်ရန်နှင့် ကလေးများ၏ အရေးအသားတို့ကို စစ်ဆေးအကဲဖြတ်နိုင်ရန် အသုံးပြုနိုင်သည်။

6) အသံတိတ်စကားဝိုင်း

–  အဓိကစည်းမျဉ်းမှာ စကားမပြောရန်ဖြစ်သည်။

– ကလေးများအား အဖွဲ့ငယ်များဖွဲ့ပါ။ (သုံးဦးမှ ငါးဦးအတွင်းဆိုလျှင် ပိုမိုသင့်လျှော်သည်။)

–  အဖွဲ့ငယ်များအတွင်း ကလေးများသည် ပုံပြင်အပေါ် မိမိတို့၏ ထင်မြင်ယူဆချက်များကို မိမိတို့၏ အဖွဲ့ ဘုံ စာအုပ်ပေါ်တွင် ချရေးစေခြင်းဖြင့် အသံတိတ်စကားဝိုင်းဖန်တီးပါ။

7) ကဗျာရေးခြင်း

– ပုံပြင်ဖတ်ပြီးသောအခါ ပုံပြင်အကြောင်း သို့မဟုတ် ပုံပြင်ပါ ဇာတ်ကောင်အကြောင်းကို မိမိတို့နားလည်သဘောပေါက်သလို ကဗျာဖြင့် သရုပ်ဖေါ်စေပါ။

8) အချိန်မျဉ်းကြောင်း

– ပုံပြင်အစအလယ်အဆုံး ဖြစ်ပျက်သွားသည်များကို အစီအစဉ်တကျ အချိန်မျဉ်းကြောင်းပေါ်တွင် ပြန်ရေးသားခြင်းဖြစ်သည်။

– ကလေးများအား ပုံပြင်ပါ အချိန်အစီအစဉ်အလိုက် အဖြစ်အပျက်များကို မိမိတို့စကားလုံးဖြင့် ပြန်လည်ရေးသားစေပါ။

– ဤနည်းကို ပုံပြင်ပြောသည့်အချိန်တွင်သာမက ကလေးများ မိမိတို့အကြောင်း စာစီစာကုံးများရေးသားရာတွင်လည်းကောင်း၊ သမိုင်းအကြောင်းအရာများ သင်ကြားရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။

9) ဘာသာပြန်ခြင်း

 – ကလေးများအား ပုံပြင်ပါ စာအပိုင်းအစ သို့မဟုတ် စာတစ်ကြောင်းကို ရေးပြ/ဖတ်ပြပါ။

– ကလေးများအား ထိုစာအပိုင်းအစ/စာကြောင်း၏ ဆိုလိုရင်းကို ပြောပြစေပါ။

– ထို့နောက် မူရင်း အဓိပ္ပါယ်မပျက်သွားစေပဲ ကလေးများ၏ ကိုယ်ပိုင်စကားလုံးဖြင့် ပြန်လည် ပြောဆို/ရေးသားစေပါ။

10) ပုံဆွဲခြင်း

– ပုံပြင်ထဲတွင် ကလေးများ အနှစ်သက်ဆုံးဖြစ်သော သို့မဟုတ် ကလေးများက အရေးကြီးဆုံးဟုထင်သော စာမျက်နှာ/အခန်းကို ရွေးချယ်စေပါ။

– ထို စာမျက်နှာနှင့် သက်ဆိုင်သော ရုပ်ပုံကို ဆွဲစေပါ။

– ဆွဲပြီးနောက် ထိုစာမျက်နှာကို ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကလေးများ၏ ခံစားချက်များကို မေးပြီး ဆွေးနွေးပါ။

11) သမ္မတအားအကြံပေးခြင်း

– နိုင်ငံတော်သမ္မတမှ  အများပြည်သူဖတ်စေရန် ပုံပြင်စာအုပ်တစ်အုပ်ကို အကြုံပြုလိုသည်။ ကလေးများမှ သမ္မတကြီးအား အကြံပြုချက်များ ပြုလုပ်ကြရမည်။

-ထို့ကြောင့် ကလေးများ၏ တာဝန်မှာ သမ္မတအား မိမိတို့ ဖတ်ရှုပြီးသော စာအုပ်များ၊ ပုံပြင်များထဲမှ မည်သည့် ပုံပြင်စာအုပ်သည် ပြည်သူများဖတ်ရန်သင့်သည်ကို ရွေးချယ်စေခြင်းဖြစ်သည်။

-ရွေးချယ်ပြီးသည့် စာအုပ်အကြောင်း၊ ရွေးချယ်ရခြင်း၏ အကြောင်းရင်းနှင့် ဘာကြောင့် အခြားသူများကို ဖတ်စေချင်သည်ကို စာရေးသားစေပါ။

– သမ္မတအကြံပေးဟု မသုံးလိုလျှင်လည်း ကျောင်းအုပ်ကြီး၊ ဆရာမတို့၏ အကြံပေးစသည်ဖြင့်လွတ်လပ်စွာပြောင်းလဲအသုံးပြုနိုင်သည်။ (ရည်ရွယ်ချက်မှာ ကလေးများအား စာဖတ်နှုန်းမြင့်တက်စေရန်နှင့် မိမိတို့ဖတ်ပြီးသောစာအုပ်များအပေါ် သုံးသပ်ချက်များပေးနိုင်ရန်၊ စာပေအရေးအသားတိုးတက်စေရန်ဖြစ်သည်။)

– သမ္မတအား အကြံပေးခြင်းဟူသည့် လုပ်ငန်းကို စာအုပ်စာပေများနှင့်မသက်ဆိုင်သော ရပ်ရွာကိစ္စရပ်များအကြောင်း စာရေးသားခြင်း၊ သိပ္ပံတွေ့ရှိချက်များအား ရေးသားခြင်း စသည့်တို့အဖြစ်လည်း ပြောင်းလဲအသုံးပြုနိုင်သည်။ ကလေးများအား Formal Letters ရုံးသုံးစာပေများ ရေးသားခြင်းအတတ်ကို ပိုမိုကျွမ်းကျင်စေရန်နှင့် အဓိကအချက်အလက်၊သက်သေများနှင့် ထောက်ပြနိုင်သော စာရေးသားခြင်းအတတ်ကိုလည်း တိုးတက်စေရန် အထောက်ကူပြုနိုင်သည်။

12) ဒိုင်ယာရီစာအုပ်ထားရှိခြင်း

– အတန်းထဲတွင် ကလေးများဖတ်ပြီးသော ပုံပြင်များ၊ စာအုပ်များအပေါ် ကလေးများ၏ ထင်မြင်ချက်၊ ခံစားချက်များရေးသားစေရန် သီးသန့်စာအုပ်ထားရှိခြင်းဖြစ်သည်။ အချို့ကျောင်းများတွင် နေ့စဉ် နံနက်ပိုင်းအတွင် အချိန် ၁၅ မိနစ်ခန့်ယူကာ ကလေးများအား မိမိတို့၏ အတွေ့အကြုံများ၊ ခံစားချက်များ၊ သင်ယူလိုသည့်အကြောင်းအရာများနှင့် သင်ယူလိုက်ရသည့် အကြောင်းအရာများကိုရေးစေသည်။ ထိုနည်းတူစွာ ပုံပြင်များနှင့် သက်ဆိုင်သော အကြောင်းအရာများကိုလည်း ကလေးများ၏ နေ့စဉ်မှတ်စု သို့မဟုတ် ဒိုင်ယာရီစာအုပ်တွင် ရေးစေပါ။ ကလေးများ၏ စိတ်ကူးဉာဏ်၊ သုံးသပ်နိုင်စွမ်းနှင့် အရေးအသားကို အထောက်ကူပြုပါတယ်။

13) သရုပ်ဆောင်ခြင်း

– ကလေးများအား အလှည့်ကျ ရှေ့သို့ထွက်စေပါ။

– မဲနှိုက်၍ဖြစ်စေ၊ အခြားအတန်းသားများ၏ အကြံပြုချက်ကို ရယူ၍ဖြစ်စေ၊ ပုံပြင်ပါ ဇာတ်ကောင်၏ စကားပြောဟန်သို့မဟုတ် အမူအရာတစ်ခုခုကို ပြုလုပ်စေပါ။

– တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လုပ်နိုင်ပါတယ်။ ကလေးများရဲ့ ယုံကြည်မှုတိုးတက်စေရန်၊ ပရိတ်သတ်ရှေ့ထွက်ရန်မကြောက်စေရန် ဖြစ်ပါတယ်။

14) ပြောင်းလဲ စဉ်းစားခြင်း

– ပုံပြင်ပါ အခြေအနေ၊ အချိန်အခါ၊ စရိုက်လက္ခဏာများကို ပြောင်းလဲလိုက်လျှင် ဖြစ်လာနိုင်မည့် ပုံပြင်အခြေအနေနှင့် ရသအကြောင်းအရာများကို ဆွေးနွေးခြင်းဖြစ်သည်။

– အကယ်၍များ ________ဖြစ်ခဲ့လျှင် ဘာဖြစ်လာနိုင်လဲ။ အကယ်၍များ _____ဖြစ်ခဲ့လျှင် ပုံပြင်ရဲ့ အဆုံးက ဘယ်လိုဖြစ်နိုင်မလဲ။ အစရှိသည့် မေးခွန်းများမေးနိုင်သည်။

– ပိုင်းခြားစဉ်းစားစေရန်၊ အခြေအနေအကြောင်းအရာ တစ်ခုခု၏ အရေးပါပုံ၊ အချင်းချင်း ချိတ်ဆက်နေပုံကို လေ့လာနိုင်ရန်နှင့် ကလေးများ၏ စိတ်ကူူးစိတ်သန်းတိုးတက်စေရန်ဖြစ်ပါတယ်။

15) ကိုယ်ရေးရာဇဝင်

– ကလေးများအား စိတ်ဝင်စားစရာအကောင်းဆုံး သို့မဟုတ် ၄င်းတို့အကြိုက်ဆုံး ပုံပြင်ပါ ဇာတ်ကောင်ကို ရွေးချယ်စေပါ၊ ဒါမှမဟုတ် သမိုင်းဖြစ်စဉ်တွေထဲက သူရဲကောင်း (သို့) ဖြစ်စဉ်တစ်ခုခုမှာ ပါဝင်ခဲ့သူတစ်ယောက်အကြောင်း ရွေးချယ်စေပါ။

– ထို့နောက် ထို ဇာတ်ကောင်၏ ဘဝဇာတ်ကြောင်း ကိုယ်ရေးရာဇဝင်ကို ရေးစေပါ။

– ပုံပြင်ထဲတွင် ကလေးများရွေးချယ်ထားသော ဇာတ်ကောင်၏ နောက်ခံအကြောင်းအရာများမပါခဲ့ပါက ကလေးများမှ မိမိတို့ ထင်မြင်ယူဆသည့်အတိုင်း ဖန်တီးရေးသားခွင့်ပေးပါ။

– အခွင့်အရေးရှိပါက ကျောင်းရှိ (သို့) ပတ်ဝန်းကျင်ရှိ လူကြီးမိဘများ၊ ဆရာ၊မများ ကို မိမိတို့ လေ့လာချင်သော ဇာတ်ကောင်အကြောင်း မေးခွနး်များမေးစေပါ။ သမိုင်းဖြစ်စဉ်အတွင်းမှ ဇာတ်ကောင်များကို ရွေးချယ်ထားပါက ပြတိုက်များသို့ လိုက်ပို့ခြင်း (သို့) သမိုင်းစာအုပ်များကို ရှာဖွေပေးပြီး အချက်အလက်ရှာဖွေစေခြင်းများပြုလုပ်နိုင်ပါတယ်။

16) ပုံပြင်ဖန်တီးခြင်း

– ဖတ်ထားသော ပုံပြင်၏ အဓိက ဆိုလိုရင်းနှင့် ရည်ရွယ်ချက်ကို ပေါက်မြောက်စေမည့် အခြား ပုံပြင်ကို ကလေးများ ကိုယ်တိုင် ဖန်တီးစေခြင်းဖြစ်သည်။

-ပုံပြင်နားထောင်ပြီးသည့်အခါ ပုံပြင်၏ အဓိက ဆိုလိုရင်း၊ နှင့် ရည်ရွယ်ချက်ကို ဆွေးနွေးပါ။

– ကလေးများအားလုံး သဘောတူသည့် ပုံပြင်၏ အဓိက ရည်ရွယ်ချက် ပေါက်မြောက်စေမည့် အခြားပုံပြင်တစ်ပုဒ်ကို ဖန်တီးစေပါ။

17) သတင်းအချက်အလက်များချိတ်ဆက်ခြင်း

– ပုံပြင်ပါအကြောင်းအရာများ၊ ဖတ်ထားသော ဖတ်စာပါ အကြောင်းအရာများနှင့် ဆက်နွယ်သော သတင်းစာများတွင် ပါဝင်သော သတင်းများ ကိုရှာဖွေချိတ်ဆက်စေပါ။

– သတင်းတစ်ခုနှင့်တစ်ခု၊ ဖတ်ထားသော စာအရင်းမြစ်တစ်ခုနှင့်တစ်ခုကို နှိုင်းယှဉ်ပြီး ဆွေးနွေးပါ။ ကွာဟနေသော သတင်းအချက်အလက်များပါလျှင် ဘာကြောင့် ကွာဟနေကြောင်း

– ကလေးများကို သတင်းစာဖတ်စေရန်၊ သင်ကြားနေရသော အကြောင်းအရာများနှင့် လက်တွေ့ဖြစ်ရပ်များချိတ်ဆက်နိုင်ရန်၊ စာဖတ်သည့်အခါ အရင်းအမြစ်တစ်ခုကအရာပဲ မဖတ်ဘဲ အရင်းအမြစ်များ ရနိုင်သလောက် ရအောင် ရှာဖတ်ပြီးမှ သတင်း၊အကြောင်းအရာကို အတည်ပြုနိုင်ကြောင်း သိရှိစေရန် အသုံးပြုနိုင်ပါတယ်။

18) သတင်းကြေညာခြင်း

– ကလေးများအား သတင်းကြေညာသူများအဖြစ် သရုပ်ဆောင်စေပြီး ပုံပြင်ပါ ဇာတ်ကောင်များ၊ အကြောင်းအရာများ၊ နေရာဒေသများ၊ အကြောင်းပြချက်များ၊ အချိန်များနှင့် ဖြစ်ပေါ်လာပုံများကို သတင်းကြေညာသူကဲ့သို့ အတန်းတွင်းပြန်လည်း ပြောပြစေပါ။

– မိမိတို့ ဖတ်ထားသည့် စာအုပ်အကြောင်း၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ မည်သည့်အကြောင်းအရာကို မဆို သတင်းတင်ဆက်သူတစ်ယောက်မှ တင်ပြနေသည့်ပုံစံဖြင့် မိမိတို့ ပရိတ်သတ်များအား တင်ပြစေနိုင်ပါသည်။

– သတင်းအချက်အလက် စုံလင်စွာ ရှာဖွေနိုင်မှုစွမ်းရည်၊ တင်ပြမှုစွမ်းရည်၊ အချက်အလက်၊ အသံအနိမ့်အမြင့် နှင့် စကားအထားအသို မှန်ကန်မှု တို့တိုးတက်စေရန်ဖြစ်သည်။

19) တူညီ၊ ကွဲပြားမှုဇယား

– ပုံပြင်နှစ်ခု သို့မဟုတ် ပုံပြင်ပါ ဇာတ်ကောင်နှစ်ခု၏ တူညီချက်၊ ကွဲပြားချက်များကို စဉ်းစား ဆွေးနွေးစေပါ။

– အောက်ပေါ်ပြပါ Venn Diagram ကို အသုံးပြုနိုင်သည်။ ဘေးတစ်ဖက်တစ်ချက်တွင် မတူညီသော အချက်အလက်များထည့်သွင်းပြီး စက်ဝိုင်းနှစ်ခုဆုံရာ အလယ်တွင် ပုံပြင်နှစ်ပုဒ် သို့မဟုတ် ဇာတ်ကောင်နှစ်ခု၏ တူညီသည့်အချက်လက်များကို ဖြည့်သွင်းပါ။

– ယခုနည်းလမ်းကို သတင်းအချက်အလက် အရင်းအမြစ်များကို ဆန်းစစ်သည့်အခါများတွင်လည်း သုံးနိုင်သည်။ သို့မဟုတ် ပထဝီတွင် ဒေသတစ်ခုနှင့်တစ်ခု တူညီမှု၊ကွဲပြားမှုတို့ကို သုံးသပ်သည့်အခါ၊ မြန်မာစာပေအရေးအသားများအချင်းချင်း နှိိုင်းယှဉ်စဉ်းစားသည့်အခါ၊ သချင်္ာ ပြဿနာများ ဖြေရှင်းပုံ နည်းစနစ်များကို နှိုင်းယှဉ်စဉ်းစားသည့်အခါများတွင် အသုံးပြုနိုင်သည်။

20) စကားရည်လုခြင်း

– ကလေးများသည် ပုံပြင်တွင် ပါရှိသော သဘောထားကွဲလွဲဖွယ် အချက်အလက်များအပေါ် စကားရည်လုစေခြင်းဖြစ်သည်။

-စကားရည်လုခြင်း၌ ကလေးများ တင်ပြသော အချက်အလက်များတွင် အချက်သုံးချက်ပါဝင်ရမည်။

– ပါဝင်ရမည့် အချက်သုံးချက်မှာ အဆိုပြုချက်၊ အကြောင်းပြချက်၊ နှင့် သက်သေအထောက်အထားတို့ဖြစ်သည်။

– အရေးကြီးသည့်အချက်မှာ စကားရည်လုခြင်းသည် ထင်မြင်ယူဆချက်များနှင့် ရှုမြင်သုံးသပ်ပုံများ ဖလှယ်ခြင်းဖြစ်ပြီး လူလူခြင်း တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်စေခြင်း မဟုတ်ကြောင်း ကလေးများ သိစေရန်လိုအပ်သည်။

21) စာပေဝိုင်း

– ကလေးများအား ၅ ယောက်၊ ၆ ယောက် တစ်ဖွဲ့ စသည်ဖြင့် ဖွဲ့ပါ။

– အဖွဲ့ဝင် ကလေးများအား သဒ္ဒါတာဝန်ခံ၊ ဇာတ်လမ်းတာဝန်ခံ၊ ဆွေးနွေးမှုဦးဆောင်သူ၊ မှတ်စုရေးသားသူ၊ ဇာတ်လမ်းပုံဖေါ်သူ အစရှိသည်ဖြင့် တာဝန်ကိုယ်စီပေးထားပါ။ အဖွဲ့တွင် ပါဝင်သော သူအရေအတွက် အတိုင်း ကဏ္ဍများကို ခွဲပေးနိုင်ပါသည်။

– အဖွဲ့တိုင်း၏ သဒ္ဒါတာဝန်ခံများသည် မိမိတို့ ဖတ်နေသည့် ပုံပြင်ပါ သဒ္ဒါအကြောင်းအရာများကို ရှာဖွေရသည်။ နာမဝိသေသနကို ဦးတည်မည်ဆိုလျှင် နာမဝိသေသနများကို ရှာဖွေပြီး အသုံးပြုပုံများကို လေ့လာရသည်။

– ဇာတ်လမ်းတာဝန်ခံသည် ဇာတ်လမ်းကို အတိုချုပ် အားလုံးနားလည်နိုင်အောင် ပြန်လည် ပြောပြခြင်း သို့မဟုတ် ရေးသားခြင်းပြုလုပ်ရသည်။

– ဆွေးနွေးမှုဦးဆောင်သူသည် အဖွဲ့အတွင်း တာဝန်အသီးသီးယူထားသူများကို မေးခွန်းများမေးရသည့် တာဝန်ယူထားသည်။ ထို့ကြောင့် ဆွေးနွေးမှု ဦးဆောင်သူသည် မေးခွန်းများကို ကြိုတင်ပြင်ဆင်ထားရန်လိုသည်။

– မှတ်စုရေးသားသူသည် စာပေဝိုင်းတွင်ပါသော သူများ တင်ပြလာသည့် အချက်အလက်များ၊ ဆွေးနွေးချက်များကို မှတ်တမ်းတင်ရသည်။

–  ဇာတ်လမ်းပုံဖေါ်သူသည် ပုံပြင်ဇာတ်လမ်းကို မိမိအဓိပ္ပါယ်ပေါက်သလို ပုံဆွဲဖေါ်ပြရသည်။

– ကလေးများသည် တာဝန်ကိုယ်စီယူရပြီး တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါ တာဝန်ပြောင်းလဲယူရသည်။

ကျွန်မအနေနဲ့ကတော့ ထိရောက်သော သင်ယူမှုလုပ်ငန်းဆိုတာ အမှန်တော့ အသုံးပြုတဲ့သူ၊ ပါဝင်သူတို့နဲ့ ဘယ်လောက် ကိုက်ညီမှုရှိလဲ၊ ဘယ်လောက်အသုံးချလို့ရလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ဆိုလိုတာကတော့ ကျွန်မမျှဝေခဲ့တဲ့ သင်ယူမှု လုပ်ငန်း (၂၁)ခုဟာ အချို့သော စာသင်ခန်းတွေအတွက် ထိရောက်မှုရှိချင်မှရှိလိမ့်မယ်၊ အသုံးချလို့ရချင်မှ ရလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ကလေး၊ ကိုယ့်သင်ယူသူတွေနဲ့ ပိုပြီး ကိုက်ညီအောင်၊ ကိုယ်သင်နေတဲ့ အကြောင်းအရာနဲ့ ပိုပြီး အံဝင်အောင် ပုံစံနည်းနည်းပြောင်းပြီး ပြုလုပ်ရတာမျိုးလည်းရှိနိုင်ပါတယ်။ သေချာတာကတော့ အခု မျှဝေခဲ့တဲ့ သင်ယူမှုလုပ်ငန်းတွေဟာက သင်ယူသူတွေကို စဉ်းစားတွေးခေါ်စေမယ်၊ တီထွင်ဖန်တီးစေမယ်၊ ကြောင်းကျိုး ဆက်စပ်စဉ်းစားစေမယ်၊ သင်ယူမှုနဲ့ လက်တွေ့ဘဝကို ချိတ်ဆက်နိုင်မယ် စတဲ့ အကျိုးကျေးဇူးတွေကိုတော့ ပေးစွမ်းပါလိမ့်မယ်။

ဒီလို သင်ယူမှု လုပ်ငန်းတွေကို မိခင်ဖခင်၊ အုပ်ထိန်းသူတွေ၊ ဆရာ၊မတွေက ဦးဆောင်ပြီး ဒီသင်ယူမှုလုပ်ငန်းတွေကို လုပ်ပးနိုင်သလို၊ သင်ယူသူ/ကျောင်းသားတွေကိုယ်တိုင်ကလည်း ဒီလုပ်ငန်းတွေကို ကိုယ်ဖာသာ ပြန်လုပ်လို့ရပါတယ်။

ကျွန်မ မျှဝေထားတဲ့ နည်းစနစ်တွေထဲက အသုံးပြုဖူးတာတွေ ပါရင် အတွေ့အကြုံလေးတွေ မျှဝေပေးပါ။ အသုံးမပြုဖူးပေမယ့် ကိုယ့်ကလေး၊ ကိုယ့်တပည့်တွေအတွက် စမ်းပြီး အသုံးပြုကြည့်ချင်တာလေးတွေ ရှိရင်လည်း မျှဝေပေးပါဥးီ။  ဒီမျှဝေခဲ့တဲ့အထဲမှာရော ဘယ်လုပ်ငန်းကို သဘောအကျဆုံးလဲ။ အဆုံးအထိ သေသေချာချာ ဖတ်ပေးတဲ့ ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်…

       Sayarma-ဆရာမ

 ကိုးကား စာညွှန်း

Arthur-Kelly, M., Lyons, G., Butterfield, N., & Gordan, C. (2007). Classroom Management: Creating positive learning environments (2nd ed.). Victoria, Australia: Cengage Learning Australia Pty Limited

Duchesne, S., McMaugh, A., Bochner, S., & Krause, K.-L. (2013). Educational psychology for learning and teaching (4th ed.). Australia: Cengage Learning

Flint, A. S., Kitson, L., Lowe, K., & Shaw, K. (2014). Literacy in Australia. Australia: Wiley & Sons Australia

MacBlain, S. (2014). How children learn (First edition. ed.). London: Sage.

Partin, R. L. (2009). The Classroom Teacher’s Survival Guide : Practical Strategies, Management Techniques and Reproducibles for New and Experienced Teachers

The classroom teacher’s survival guide : practical strategies, management techniques, and reproducibles for new and experienced teachers. San Francisco, Calif.: Jossey-Bass.

[Zawgyi]

သင္ယူမွဳလုပ္ငန္းဆိုတာ ကေလးေတြျဖစ္ျဖစ္၊ လူၾကီးေတြျဖစ္ျဖစ္၊ က်ားမမေရြး သင္ယူသူလို႕ခံယူသတ္မွတ္ထားသူေတြအတြက္ သင္ယူမွဳမွာ အေထာက္အကူျပဳမယ့္ လုပ္ငန္းေတြကိုဆိုလိုတာပါ။ သင္ယူမွုလုပ္ငန္းေတြဟာ အမ်ိဳးအစား၊ ျပဳလုပ္ပံု၊ ပါဝင္သူ စတာေတြအေပၚမူတည္ျပီး အခ်ိန္ကာလ ၾကာျမင့္မွဳ ကြာျခားနုိင္ပါတယ္။ ကၽြန္မအခု မွ်ေဝမယ့္ သင္ယူမွုလုပ္ငန္းေတြကေတာ့ ကၽြန္မ စာသင္သူဘဝ၊ သင္ယူသူဘဝ အေတြ႕အၾကံုေတြကို အေျခခံထားတာေတြလည္းပါသလို၊ ပညာေရးစာအုပ္အခ်ိဳ႕ကိုလည္း ကိုးကားထားပါတယ္။ ကိုးကားစာညႊန္းစာရင္းကို ဒီစာရဲ့ ေအာက္ဆံုးမွာ ေတြ႕နုိင္ပါတယ္။

1) ပို့စ္ကဒ္ေရးျခင္း

– ပံုျပင္ဖတ္ျပီးေသာအခါ၊ စာဖတ္ျပးီတဲ့အခါ သူငယ္ခ်င္းတစ္ေယာက္ကိုျဖစ္ေစ၊ ပံုျပင္ေရးသားသူကိုျဖစ္ေစ၊ ပံုျပင္ပါ ဇာတ္ေကာင္ကိုျဖစ္ေစ ပံုျပင္စာအုပ္ႏွင့္ပတ္သတ္ေသာ အေၾကာင္းအရာ၊ ခံစားခ်က္မ်ားေရးေစပါ။ (သို့မဟုတ္)

–  ေရးသားသူကိုယ္တိုင္သည္ ပံုျပင္ပါ ဇာတ္ေကာင္အေနျဖင့္ေသာ္လည္းေကာင္း၊ ပံုျပင္ေရးသားသူအျဖစ္ေသာ္လည္းေကာင္း ခံစား၍ ေရးသားေစပါ။

– ေရးသားထားေသာ ပို့စ္ကဒ္မ်ားကို အတန္းတြင္း ဖတ္ျပေစျခင္း သို့မဟုတ္ ႏွစ္ေယာက္တစ္တြဲမွ်ေဝေစျခင္း သို့မဟုတ္ ေက်ာင္းနံရံမ်ားတြင္ ကပ္၍ကေလးမ်ားအား သြားေရာက္ ဖတ္ရွုေစျခင္းမ်ား ျပဳလုပ္နိုင္သည္။

2) ဇာတ္လမ္းေျမပံုေရးသားျခင္း

– ပံုျပင္ပါ အေၾကာင္းအရာမ်ား၏ အခ်ိန္ ေနရာမ်ားကို အစီအစဥ္လိုက္ ေျမပံုအသြင္ ျပန္လည္ေရးသား ပံုေဖၚေစျခင္းျဖစ္သည္။

– ကေလးမ်ားအား ပံုျပင္ စ၊လယ္၊ဆံုး ျဖစ္ပ်က္ခဲ့သည္မ်ားကို စဥ္းစားေစပါ။

– ပံုျပင္ပါ ေနရာမ်ားကို စဥ္းစားေစကာ ေျမပံုဖန္တီးေစပါ။

– ေျမပံုအလိုက္ ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာမ်ားကို မွတ္သားေရးသားေစပါ။

– ဥပမာ- အိုးေလးႏွစ္လံုးပံုျပင္တြင္ ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာမွာ လယ္ေတာ၊ လမ္း ႏွင့္ လယ္သမားၾကီး၏ အိမ္တြင္ျဖစ္သည္။ ေျမပံုေပၚတြင္ ထို သံုးေနရာကို သတ္မွတ္ေရးဆြဲ၍ ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာမ်ား ေရးသားေစပါ။

– ဤနည္းကို ပံုျပင္မ်ားတြင္သာမက သမိုင္းဘာသာရပ္တြင္ပါ အသံုးျပဳနိုင္သည္။

3) စာအုပ္အေသးဖန္တီးျခင္း

– ကေလးမ်ားအား စာရြက္အပိုင္းအစ ၁ရြက္ သို့မဟုတ္ ၂ရြက္ ေပးထားပါ။

– ေပးထားေသာ စာရြက္မ်ားကို စာအုပ္သဖြယ္ေခါက္ေစပါ။

-မိမိတို့ ကိုယ္ပိုင္ စကားလံုးအသံုးျပဳကာ သင္ယူခဲ့ရေသာ ပံုျပင္အေၾကာင္းအႏွစ္ခ်ဳပ္ေရးသားေစပါ။

– အႏွစ္ခ်ဳပ္ထားေသာပံုျပင္မ်ားႏွင့္အတူ (အခ်ိန္ရွိပါက) ရုပ္ပံုမ်ားဆြဲသားခိုင္းပါ။

– ကေလးမ်ား၏ နိဂံုးခ်ဳပ္စြမ္းရည္ကို တိုးတက္ေစရန္ႏွင့္ နားလည္မွုကို စစ္ေဆးနိုင္ရန္ျဖစ္သည္။

4) သဒၵါေလ့က်င့္ခန္း

– ပံုျပင္စာအုပ္ပါ နာမဝိေသသန (သို့) ၾကိယာ (သို့) အျခား မိမိသင္ၾကားလိုေသာ စကားလံုး မ်ားကို ေရြးခ်ယ္ပါ။

– မိမိက နာမဝိေသသန သင္ခန္းစာသင္မည္ဆိုလွ်င္ စာအုပ္ပါ နာမဝိေသသနမ်ား အေၾကာင္း ကေလးမ်ားႏွင့္ အတူတူေလ့လာပါ။ ကေလးမ်ားကိုယ္တိုင္ နာမဝိေသသနဟု ထင္ရေသ စကားလံုးမ်ားကို လုိက္ရွာျပီး မွတ္သားေလ့လာနုိင္ပါတယ္။

-ကေလးမ်ားနားမလည္သည့္ ပံုျပင္ပါနာမဝိေသသနမ်ားကို ဥပမာမ်ားႏွင့္တကြရွင္းျပပါ သို့မဟုတ္ နားလည္ေသာ ကေလးမ်ားမွ ျပန္လည္ရွင္းျပေစပါ။

– ထိုစကားလံုးမ်ားကို မိမိတို့၏ ေန့စဥ္ဘဝတြင္ မည္ကဲ့သို့ ျပန္လည္အသံုးျပဳမည္ကို ေဆြးေႏြးပါ။ သို့မဟုတ္ ပံုျပင္စာအုပ္ပါ စကားလံုးမ်ားအစား အျခား အလားတူ မည္သည့္စကားလံုးမ်ား အသံုးျပုနုိင္သည္ကို ေဆြးေႏြးပါ။

-ကေလးမ်ားကို သင္ယူလိုက္ရသည့္ နာမဝိေသသနမ်ား အသံုးျပဳ၍ စာပုဒ္တို သို့မဟုတ္ စာေၾကာင္းမ်ား ေရးေစပါ။

5) ပံုျဖတ္ဆက္၊ထပ္ကပ္

– မိမိတို့တြင္ရွိေသာ အသံုးမျပဳေတာ့သည့္ ရုပ္ပံုမ်ား သတင္းစာအပိုင္းအစပါ ရုပ္ပံုမ်ား စာမ်ားကို ျဖတ္ညွပ္ပါ။

–  ပံုမ်ားစာမ်ားကို အစီအစဥ္တက် ကပ္ျပီး ထိုပံုမ်ား၊ စာမ်ားအတြက္ မိမိတို့ ကိုယ္ပိုင္ပံုျပင္ဖန္တီးေစပါ။

– ကေလးမ်ား၏ ဖန္တီးလုပ္ေဆာင္ထားမွုမ်ားကို အတန္းတြင္းျပန္လည္ မွ်ေဝေစပါ။

– ကေလးမ်ား၏ ဖန္တီးနိုင္စြမ္းျမွင့္တင္နိုင္ရန္ႏွင့္ ကေလးမ်ား၏ အေရးအသားတို့ကို စစ္ေဆးအကဲျဖတ္နိုင္ရန္ အသံုးျပဳနုိင္သည္။

6) အသံတိတ္စကားဝိုင္း

–  အဓိကစည္းမ်ဥ္းမွာ စကားမေျပာရန္ျဖစ္သည္။

– ကေလးမ်ားအား အဖြဲ႕ငယ္မ်ားဖြဲ႕ပါ။ (သံုးဦးမွ ငါးဦးအတြင္းဆိုလွ်င္ ပိုမိုသင့္ေလွ်ာ္သည္။)

–  အဖြဲ႕ငယ္မ်ားအတြင္း ကေလးမ်ားသည္ ပံုျပင္အေပၚ မိမိတို့၏ ထင္ျမင္ယူဆခ်က္မ်ားကို မိမိတို့၏ အဖြဲ႕ ဘံု စာအုပ္ေပၚတြင္ ခ်ေရးေစျခင္းျဖင့္ အသံတိတ္စကားဝိုင္းဖန္တီးပါ။

7) ကဗ်ာေရးျခင္း

– ပံုျပင္ဖတ္ျပီးေသာအခါ ပံုျပင္အေၾကာင္း သို့မဟုတ္ ပံုျပင္ပါ ဇာတ္ေကာင္အေၾကာင္းကို မိမိတို့နားလည္သေဘာေပါက္သလို ကဗ်ာျဖင့္ သရုပ္ေဖၚေစပါ။

8) အခ်ိန္မ်ဥ္းေၾကာင္း

– ပံုျပင္အစအလယ္အဆံုး ျဖစ္ပ်က္သြားသည္မ်ားကို အစီအစဥ္တက် အခ်ိန္မ်ဥ္းေၾကာင္းေပၚတြင္ ျပန္ေရးသားျခင္းျဖစ္သည္။

– ကေလးမ်ားအား ပံုျပင္ပါ အခ်ိန္အစီအစဥ္အလိုက္ အျဖစ္အပ်က္မ်ားကို မိမိတုိ့စကားလံုးျဖင့္ ျပန္လည္ေရးသားေစပါ။

– ဤနည္းကို ပံုျပင္ေျပာသည့္အခ်ိန္တြင္သာမက ကေလးမ်ား မိမိတို့အေၾကာင္း စာစီစာကံုးမ်ားေရးသားရာတြင္လည္းေကာင္း၊ သမိုင္းအေၾကာင္းအရာမ်ား သင္ၾကားရာတြင္လည္းေကာင္း အသံုးျပဳနိုင္သည္။

9) ဘာသာျပန္ျခင္း

 – ကေလးမ်ားအား ပံုျပင္ပါ စာအပိုင္းအစ သို့မဟုတ္ စာတစ္ေၾကာင္းကို ေရးျပ/ဖတ္ျပပါ။

– ကေလးမ်ားအား ထိုစာအပိုင္းအစ/စာေၾကာင္း၏ ဆိုလိုရင္းကို ေျပာျပေစပါ။

– ထို့ေနာက္ မူရင္း အဓိပၸါယ္မပ်က္သြားေစပဲ ကေလးမ်ား၏ ကိုယ္ပိုင္စကားလံုးျဖင့္ ျပန္လည္ ေျပာဆို/ေရးသားေစပါ။

10) ပံုဆြဲျခင္း

– ပံုျပင္ထဲတြင္ ကေလးမ်ား အႏွစ္သက္ဆံုးျဖစ္ေသာ သို့မဟုတ္ ကေလးမ်ားက အေရးၾကီးဆံုးဟုထင္ေသာ စာမ်က္ႏွာ/အခန္းကို ေရြးခ်ယ္ေစပါ။

– ထို စာမ်က္ႏွာႏွင့္ သက္ဆိုင္ေသာ ရုပ္ပံုကို ဆြဲေစပါ။

– ဆြဲျပီးေနာက္ ထိုစာမ်က္ႏွာကို ေရြးခ်ယ္ရျခင္း၏ ရည္ရြယ္ခ်က္မ်ား၊ ကေလးမ်ား၏ ခံစားခ်က္မ်ားကို ေမးျပီး ေဆြးေႏြးပါ။

11) သမၼတအားအၾကံေပးျခင္း

– နိုင္ငံေတာ္သမၼတမွ  အမ်ားျပည္သူဖတ္ေစရန္ ပံုျပင္စာအုပ္တစ္အုပ္ကို အၾကံုျပဳလိုသည္။ ကေလးမ်ားမွ သမၼတၾကီးအား အၾကံျပဳခ်က္မ်ား ျပဳလုပ္ၾကရမည္။

-ထုိ႕ေၾကာင့္ ကေလးမ်ား၏ တာဝန္မွာ သမၼတအား မိမိတို့ ဖတ္ရွဳျပီးေသာ စာအုပ္မ်ား၊ ပံုျပင္မ်ားထဲမွ မည္သည့္ ပံုျပင္စာအုပ္သည္ ျပည္သူမ်ားဖတ္ရန္သင့္သည္ကို ေရြးခ်ယ္ေစျခင္းျဖစ္သည္။

-ေရြးခ်ယ္ျပီးသည့္ စာအုပ္အေၾကာင္း၊ ေရြးခ်ယ္ရျခင္း၏ အေၾကာင္းရင္းႏွင့္ ဘာေၾကာင့္ အျခားသူမ်ားကို ဖတ္ေစခ်င္သည္ကို စာေရးသားေစပါ။

– သမၼတအၾကံေပးဟု မသံုးလိုလွ်င္လည္း ေက်ာင္းအုပ္ၾကီး၊ ဆရာမတို့၏ အၾကံေပးစသည္ျဖင့္လြတ္လပ္စြာေျပာင္းလဲအသံုးျပဳနိုင္သည္။ (ရည္ရြယ္ခ်က္မွာ ကေလးမ်ားအား စာဖတ္ႏွုန္းျမင့္တက္ေစရန္ႏွင့္ မိမိတုိ႕ဖတ္ျပီးေသာစာအုပ္မ်ားအေပၚ သံုးသပ္ခ်က္မ်ားေပးနုိင္ရန္၊ စာေပအေရးအသားတိုးတက္ေစရန္ျဖစ္သည္။)

– သမၼတအား အၾကံေပးျခင္းဟူသည့္ လုပ္ငန္းကို စာအုပ္စာေပမ်ားႏွင့္မသက္ဆိုင္ေသာ ရပ္ရြာကိစၥရပ္မ်ားအေၾကာင္း စာေရးသားျခင္း၊ သိပၸံေတြ႕ရွိခ်က္မ်ားအား ေရးသားျခင္း စသည့္တို႕အျဖစ္လည္း ေျပာင္းလဲအသံုးျပဳနုိင္သည္။ ကေလးမ်ားအား Formal Letters ရံုးသံုးစာေပမ်ား ေရးသားျခင္းအတတ္ကို ပိုမိုကၽြမ္းက်င္ေစရန္ႏွင့္ အဓိကအခ်က္အလက္၊သက္ေသမ်ားႏွင့္ ေထာက္ျပနုိင္ေသာ စာေရးသားျခင္းအတတ္ကိုလည္း တိုးတက္ေစရန္ အေထာက္ကူျပဳနုိင္သည္။

12) ဒိုင္ယာရီစာအုပ္ထားရွိျခင္း

– အတန္းထဲတြင္ ကေလးမ်ားဖတ္ျပီးေသာ ပံုျပင္မ်ား၊ စာအုပ္မ်ားအေပၚ ကေလးမ်ား၏ ထင္ျမင္ခ်က္၊ ခံစားခ်က္မ်ားေရးသားေစရန္ သီးသန့္စာအုပ္ထားရွိျခင္းျဖစ္သည္။ အခ်ိဳ့ေက်ာင္းမ်ားတြင္ ေန့စဥ္ နံနက္ပိုင္းအတြင္ အခ်ိန္ ၁၅ မိနစ္ခန့္ယူကာ ကေလးမ်ားအား မိမိတို့၏ အေတြ႕အၾကံုမ်ား၊ ခံစားခ်က္မ်ား၊ သင္ယူလိုသည့္အေၾကာင္းအရာမ်ားႏွင့္ သင္ယူလိုက္ရသည့္ အေၾကာင္းအရာမ်ားကိုေရးေစသည္။ ထိုနည္းတူစြာ ပံုျပင္မ်ားႏွင့္ သက္ဆိုင္ေသာ အေၾကာင္းအရာမ်ားကိုလည္း ကေလးမ်ား၏ ေန့စဥ္မွတ္စု သို့မဟုတ္ ဒိုင္ယာရီစာအုပ္တြင္ ေရးေစပါ။ ကေလးမ်ား၏ စိတ္ကူးဥာဏ္၊ သံုးသပ္နုိင္စြမ္းႏွင့္ အေရးအသားကို အေထာက္ကူျပဳပါတယ္။

13) သရုပ္ေဆာင္ျခင္း

– ကေလးမ်ားအား အလွည့္က် ေရွ့သို့ထြက္ေစပါ။

– မဲႏိွုက္၍ျဖစ္ေစ၊ အျခားအတန္းသားမ်ား၏ အၾကံျပဳခ်က္ကို ရယူ၍ျဖစ္ေစ၊ ပံုျပင္ပါ ဇာတ္ေကာင္၏ စကားေျပာဟန္သို့မဟုတ္ အမူအရာတစ္ခုခုကို ျပဳလုပ္ေစပါ။

– တစ္ေယာက္ခ်င္းျဖစ္ေစ၊ အဖြဲ႕လုိက္ျဖစ္ေစ လုပ္နိုင္ပါတယ္။ ကေလးမ်ားရဲ့ ယံုၾကည္မွဳတိုးတက္ေစရန္၊ ပရိတ္သတ္ေရွ့ထြက္ရန္မေၾကာက္ေစရန္ ျဖစ္ပါတယ္။

14) ေျပာင္းလဲ စဥ္းစားျခင္း

– ပံုျပင္ပါ အေျခအေန၊ အခ်ိန္အခါ၊ စရိုက္လကၡဏာမ်ားကို ေျပာင္းလဲလိုက္လွ်င္ ျဖစ္လာနိုင္မည့္ ပံုျပင္အေျခအေနႏွင့္ ရသအေၾကာင္းအရာမ်ားကို ေဆြးေႏြးျခင္းျဖစ္သည္။

– အကယ္၍မ်ား ________ျဖစ္ခဲ့လွ်င္ ဘာျဖစ္လာနုိင္လဲ။ အကယ္၍မ်ား _____ျဖစ္ခဲ့လွ်င္ ပံုျပင္ရဲ့ အဆံုးက ဘယ္လိုျဖစ္နိုင္မလဲ။ အစရွိသည့္ ေမးခြန္းမ်ားေမးနိုင္သည္။

– ပုိင္းျခားစဥ္းစားေစရန္၊ အေျခအေနအေၾကာင္းအရာ တစ္ခုခု၏ အေရးပါပံု၊ အခ်င္းခ်င္း ခ်ိတ္ဆက္ေနပံုကို ေလ့လာနုိင္ရန္ႏွင့္ ကေလးမ်ား၏ စိတ္ကူူးစိတ္သန္းတိုးတက္ေစရန္ျဖစ္ပါတယ္။

15) ကိုယ္ေရးရာဇဝင္

– ကေလးမ်ားအား စိတ္ဝင္စားစရာအေကာင္းဆံုး သို့မဟုတ္ ၄င္းတုိ့အၾကိဳက္ဆံုး ပံုျပင္ပါ ဇာတ္ေကာင္ကို ေရြးခ်ယ္ေစပါ၊ ဒါမွမဟုတ္ သမိုင္းျဖစ္စဥ္ေတြထဲက သူရဲေကာင္း (သို႕) ျဖစ္စဥ္တစ္ခုခုမွာ ပါဝင္ခဲ့သူတစ္ေယာက္အေၾကာင္း ေရြးခ်ယ္ေစပါ။

– ထို့ေနာက္ ထို ဇာတ္ေကာင္၏ ဘဝဇာတ္ေၾကာင္း ကိုယ္ေရးရာဇဝင္ကို ေရးေစပါ။

– ပံုျပင္ထဲတြင္ ကေလးမ်ားေရြးခ်ယ္ထားေသာ ဇာတ္ေကာင္၏ ေနာက္ခံအေၾကာင္းအရာမ်ားမပါခဲ့ပါက ကေလးမ်ားမွ မိမိတို့ ထင္ျမင္ယူဆသည့္အတိုင္း ဖန္တီးေရးသားခြင့္ေပးပါ။

– အခြင့္အေရးရွိပါက ေက်ာင္းရွိ (သို႕) ပတ္ဝန္းက်င္ရွိ လူၾကီးမိဘမ်ား၊ ဆရာ၊မမ်ား ကို မိမိတို႕ ေလ့လာခ်င္ေသာ ဇာတ္ေကာင္အေၾကာင္း ေမးခြနး္မ်ားေမးေစပါ။ သမိုင္းျဖစ္စဥ္အတြင္းမွ ဇာတ္ေကာင္မ်ားကို ေရြးခ်ယ္ထားပါက ျပတိုက္မ်ားသို႕ လုိက္ပို႕ျခင္း (သို႕) သမိုင္းစာအုပ္မ်ားကို ရွာေဖြေပးျပီး အခ်က္အလက္ရွာေဖြေစျခင္းမ်ားျပဳလုပ္နုိင္ပါတယ္။

16) ပံုျပင္ဖန္တီးျခင္း

– ဖတ္ထားေသာ ပံုျပင္၏ အဓိက ဆိုလိုရင္းႏွင့္ ရည္ရြယ္ခ်က္ကို ေပါက္ေျမာက္ေစမည့္ အျခား ပံုျပင္ကို ကေလးမ်ား ကိုယ္တိုင္ ဖန္တီးေစျခင္းျဖစ္သည္။

-ပံုျပင္နားေထာင္ျပီးသည့္အခါ ပံုျပင္၏ အဓိက ဆိုလိုရင္း၊ ႏွင့္ ရည္ရြယ္ခ်က္ကို ေဆြးေႏြးပါ။

– ကေလးမ်ားအားလံုး သေဘာတူသည့္ ပံုျပင္၏ အဓိက ရည္ရြယ္ခ်က္ ေပါက္ေျမာက္ေစမည့္ အျခားပံုျပင္တစ္ပုဒ္ကို ဖန္တီးေစပါ။

17) သတင္းအခ်က္အလက္မ်ားခ်ိတ္ဆက္ျခင္း

– ပံုျပင္ပါအေၾကာင္းအရာမ်ား၊ ဖတ္ထားေသာ ဖတ္စာပါ အေၾကာင္းအရာမ်ားႏွင့္ ဆက္ႏြယ္ေသာ သတင္းစာမ်ားတြင္ ပါဝင္ေသာ သတင္းမ်ား ကိုရွာေဖြခ်ိတ္ဆက္ေစပါ။

– သတင္းတစ္ခုႏွင့္တစ္ခု၊ ဖတ္ထားေသာ စာအရင္းျမစ္တစ္ခုႏွင့္တစ္ခုကုိ ႏွိဳင္းယွဥ္ျပီး ေဆြးေႏြးပါ။ ကြာဟေနေသာ သတင္းအခ်က္အလက္မ်ားပါလွ်င္ ဘာေၾကာင့္ ကြာဟေနေၾကာင္း

– ကေလးမ်ားကို သတင္းစာဖတ္ေစရန္၊ သင္ၾကားေနရေသာ အေၾကာင္းအရာမ်ားႏွင့္ လက္ေတြ႕ျဖစ္၇ပ္မ်ားခ်ိတ္ဆက္နုိင္ရန္၊ စာဖတ္သည့္အခါ အရင္းအျမစ္တစ္ခုကအရာပဲ မဖတ္ဘဲ အရင္းအျမစ္မ်ား ၇နုိင္သေလာက္ ရေအာင္ ရွာဖတ္ျပီးမွ သတင္း၊အေၾကာင္းအရာကို အတည္ျပဳနိုင္ေၾကာင္း သိရွိေစရန္ အသံုးျပဳနုိင္ပါတယ္။

18) သတင္းေၾကညာျခင္း

– ကေလးမ်ားအား သတင္းေၾကညာသူမ်ားအျဖစ္ သရုပ္ေဆာင္ေစျပီး ပံုျပင္ပါ ဇာတ္ေကာင္မ်ား၊ အေၾကာင္းအရာမ်ား၊ ေနရာေဒသမ်ား၊ အေၾကာင္းျပခ်က္မ်ား၊ အခ်ိန္မ်ားႏွင့္ ျဖစ္ေပၚလာပံုမ်ားကို သတင္းေၾကညာသူကဲ့သို့ အတန္းတြင္းျပန္လည္း ေျပာျပေစပါ။

– မိမိတို႕ ဖတ္ထားသည့္ စာအုပ္အေၾကာင္း၊ ပထဝီ၊ သမိုင္း၊ သိပၸံ မည္သည့္အေၾကာင္းအရာကို မဆို သတင္းတင္ဆက္သူတစ္ေယာက္မွ တင္ျပေနသည့္ပံုစံျဖင့္ မိမိတို႕ ပရိတ္သတ္မ်ားအား တင္ျပေစနုိင္ပါသည္။

– သတင္းအခ်က္အလက္ စံုလင္စြာ ရွာေဖြနုိင္မွဳစြမ္းရည္၊ တင္ျပမွုစြမ္းရည္၊ အခ်က္အလက္၊ အသံအနိမ့္အျမင့္ ႏွင့္ စကားအထားအသို မွန္ကန္မွု တို႕တိုးတက္ေစရန္ျဖစ္သည္။

19) တူညီ၊ ကြဲျပားမွုဇယား

– ပံုျပင္ႏွစ္ခု သို့မဟုတ္ ပံုျပင္ပါ ဇာတ္ေကာင္ႏွစ္ခု၏ တူညီခ်က္၊ ကြဲျပားခ်က္မ်ားကို စဥ္းစား ေဆြးေႏြးေစပါ။

– ေအာက္ေပၚျပပါ Venn Diagram ကို အသံုးျပဳနိုင္သည္။ ေဘးတစ္ဖက္တစ္ခ်က္တြင္ မတူညီေသာ အခ်က္အလက္မ်ားထည့္သြင္းျပီး စက္ဝိုင္းႏွစ္ခုဆံုရာ အလယ္တြင္ ပံုျပင္ႏွစ္ပုဒ္ သို့မဟုတ္ ဇာတ္ေကာင္ႏွစ္ခု၏ တူညီသည့္အခ်က္လက္မ်ားကို ျဖည့္သြင္းပါ။

– ယခုနည္းလမ္းကို သတင္းအခ်က္အလက္ အရင္းအျမစ္မ်ားကို ဆန္းစစ္သည့္အခါမ်ားတြင္လည္း သံုးနုိင္သည္။ သို႕မဟုတ္ ပထဝီတြင္ ေဒသတစ္ခုႏွင့္တစ္ခု တူညီမွဳ၊ကြဲျပားမွုတို႕ကို သံုးသပ္သည့္အခါ၊ ျမန္မာစာေပအေရးအသားမ်ားအခ်င္းခ်င္း ႏိွိုင္းယွဥ္စဥ္းစားသည့္အခါ၊ သခ်ၤာ ျပႆနာမ်ား ေျဖရွင္းပံု နည္းစနစ္မ်ားကို ႏွိဳင္းယွဥ္စဥ္းစားသည့္အခါမ်ားတြင္ အသံုးျပဳနိုင္သည္။

20) စကားရည္လုျခင္း

– ကေလးမ်ားသည္ ပံုျပင္တြင္ ပါရွိေသာ သေဘာထားကြဲလြဲဖြယ္ အခ်က္အလက္မ်ားအေပၚ စကားရည္လုေစျခင္းျဖစ္သည္။

-စကားရည္လုျခင္း၌ ကေလးမ်ား တင္ျပေသာ အခ်က္အလက္မ်ားတြင္ အခ်က္သံုးခ်က္ပါဝင္ရမည္။

– ပါဝင္ရမည့္ အခ်က္သံုးခ်က္မွာ အဆိုျပဳခ်က္၊ အေၾကာင္းျပခ်က္၊ ႏွင့္ သက္ေသအေထာက္အထားတုိ့ျဖစ္သည္။

– အေရးၾကီးသည့္အခ်က္မွာ စကားရည္လုျခင္းသည္ ထင္ျမင္ယူဆခ်က္မ်ားႏွင့္ ရွုျမင္သံုးသပ္ပံုမ်ား ဖလွယ္ျခင္းျဖစ္ျပီး လူလူျခင္း တိုက္ခိုက္ျခင္း၊ ယွဥ္ျပိုင္ေစျခင္း မဟုတ္ေၾကာင္း ကေလးမ်ား သိေစရန္လိုအပ္သည္။

21) စာေပဝိုင္း

– ကေလးမ်ားအား ၅ ေယာက္၊ ၆ ေယာက္ တစ္ဖြဲ႕ စသည္ျဖင့္ ဖြဲ႕ပါ။

– အဖြဲ႕ဝင္ ကေလးမ်ားအား သဒၵါတာဝန္ခံ၊ ဇာတ္လမ္းတာဝန္ခံ၊ ေဆြးေႏြးမွဳဦးေဆာင္သူ၊ မွတ္စုေရးသားသူ၊ ဇာတ္လမ္းပံုေဖၚသူ အစရွိသည္ျဖင့္ တာဝန္ကိုယ္စီေပးထားပါ။ အဖြဲ႕တြင္ ပါဝင္ေသာ သူအေရအတြက္ အတိုင္း က႑မ်ားကို ခြဲေပးနုိင္ပါသည္။

– အဖြဲ႕တိုင္း၏ သဒၵါတာဝန္ခံမ်ားသည္ မိမိတုိ့ ဖတ္ေနသည့္ ပံုျပင္ပါ သဒၵါအေၾကာင္းအရာမ်ားကို ရွာေဖြရသည္။ နာမဝိေသသနကို ဦးတည္မည္ဆိုလွ်င္ နာမဝိေသသနမ်ားကို ရွာေဖြျပီး အသံုးျပဳပံုမ်ားကို ေလ့လာရသည္။

– ဇာတ္လမ္းတာဝန္ခံသည္ ဇာတ္လမ္းကို အတိုခ်ဳပ္ အားလံုးနားလည္နိုင္ေအာင္ ျပန္လည္ ေျပာျပျခင္း သို့မဟုတ္ ေရးသားျခင္းျပဳလုပ္ရသည္။

– ေဆြးေႏြးမွုဦးေဆာင္သူသည္ အဖြဲ႕အတြင္း တာဝန္အသီးသီးယူထားသူမ်ားကို ေမးခြန္းမ်ားေမးရသည့္ တာဝန္ယူထားသည္။ ထုိ့ေၾကာင့္ ေဆြးေႏြးမွု ဦးေဆာင္သူသည္ ေမးခြန္းမ်ားကို ၾကိဳတင္ျပင္ဆင္ထားရန္လိုသည္။

– မွတ္စုေရးသားသူသည္ စာေပဝိုင္းတြင္ပါေသာ သူမ်ား တင္ျပလာသည့္ အခ်က္အလက္မ်ား၊ ေဆြးေႏြးခ်က္မ်ားကို မွတ္တမ္းတင္ရသည္။

–  ဇာတ္လမ္းပံုေဖၚသူသည္ ပံုျပင္ဇာတ္လမ္းကို မိမိအဓိပၸါယ္ေပါက္သလို ပံုဆြဲေဖၚျပရသည္။

– ကေလးမ်ားသည္ တာဝန္ကိုယ္စီယူရျပီး တစ္ပတ္တစ္ခါ သို့မဟုတ္ တစ္လတစ္ခါ တာဝန္ေျပာင္းလဲယူရသည္။

ကၽြန္မအေနနဲ႕ကေတာ့ ထိေရာက္ေသာ သင္ယူမွဳလုပ္ငန္းဆိုတာ အမွန္ေတာ့ အသံုးျပဳတဲ့သူ၊ ပါဝင္သူတို႕နဲ့ ဘယ္ေလာက္ ကိုက္ညီမွုရွိလဲ၊ ဘယ္ေလာက္အသံုးခ်လို႕ရလဲဆိုတဲ့အေပၚမွာမူတည္ပါတယ္။ ဆိုလိုတာကေတာ့ ကၽြန္မမွ်ေဝခဲ့တဲ့ သင္ယူမွု လုပ္ငန္း (၂၁)ခုဟာ အခ်ိဳ႕ေသာ စာသင္ခန္းေတြအတြက္ ထိေရာက္မွုရွိခ်င္မွရွိလိမ့္မယ္၊ အသံုးခ်လို႕ရခ်င္မွ ရလိမ့္မယ္။ ဒါမွမဟုတ္ ကိုယ့္ကေလး၊ ကိုယ့္သင္ယူသူေတြနဲ႕ ပိုျပီး ကိုက္ညီေအာင္၊ ကိုယ္သင္ေနတဲ့ အေၾကာင္းအရာနဲ႕ ပိုျပီး အံဝင္ေအာင္ ပံုစံနည္းနည္းေျပာင္းျပီး ျပဳလုပ္ရတာမ်ိဳးလည္းရွိနုိင္ပါတယ္။ ေသခ်ာတာကေတာ့ အခု မွ်ေဝခဲ့တဲ့ သင္ယူမွဳလုပ္ငန္းေတြဟာက သင္ယူသူေတြကို စဥ္းစားေတြးေခၚေစမယ္၊ တီထြင္ဖန္တီးေစမယ္၊ ေၾကာင္းက်ိဳး ဆက္စပ္စဥ္းစားေစမယ္၊ သင္ယူမွဳနဲ႕ လက္ေတြ႕ဘဝကို ခ်ိတ္ဆက္နုိင္မယ္ စတဲ့ အက်ိဳးေက်းဇူးေတြကိုေတာ့ ေပးစြမ္းပါလိမ့္မယ္။

ဒီလုိ သင္ယူမွဳ လုပ္ငန္းေတြကို မိခင္ဖခင္၊ အုပ္ထိန္းသူေတြ၊ ဆရာ၊မေတြက ဦးေဆာင္ျပီး ဒီသင္ယူမွဳလုပ္ငန္းေတြကို လုပ္ပးနုိင္သလုိ၊ သင္ယူသူ/ေက်ာင္းသားေတြကိုယ္တိုင္ကလည္း ဒီလုပ္ငန္းေတြကို ကိုယ္ဖာသာ ျပန္လုပ္လို႕ရပါတယ္။

ကၽြန္မ မွ်ေဝထားတဲ့ နည္းစနစ္ေတြထဲက အသံုးျပဳဖူးတာေတြ ပါရင္ အေတြ႕အၾကံဳေလးေတြ မွ်ေဝေပးပါ။ အသံုးမျပဳဖူးေပမယ့္ ကိုယ့္ကေလး၊ ကိုယ့္တပည့္ေတြအတြက္ စမ္းျပီး အသံုးျပဳၾကည့္ခ်င္တာေလးေတြ ရွိရင္လည္း မွ်ေဝေပးပါဥးီ။  ဒီမွ်ေဝခဲ့တဲ့အထဲမွာေရာ ဘယ္လုပ္ငန္းကို သေဘာအက်ဆံုးလဲ။ အဆံုးအထိ ေသေသခ်ာခ်ာ ဖတ္ေပးတဲ့ ေက်းဇူးတင္ပါတယ္။

ေမတၱာျဖင့္…

       Sayarma-ဆရာမ

 ကိုးကား စာညႊန္း

Arthur-Kelly, M., Lyons, G., Butterfield, N., & Gordan, C. (2007). Classroom Management: Creating positive learning environments (2nd ed.). Victoria, Australia: Cengage Learning Australia Pty Limited

Duchesne, S., McMaugh, A., Bochner, S., & Krause, K.-L. (2013). Educational psychology for learning and teaching (4th ed.). Australia: Cengage Learning

Flint, A. S., Kitson, L., Lowe, K., & Shaw, K. (2014). Literacy in Australia. Australia: Wiley & Sons Australia

MacBlain, S. (2014). How children learn (First edition. ed.). London: Sage.

Partin, R. L. (2009). The Classroom Teacher’s Survival Guide : Practical Strategies, Management Techniques and Reproducibles for New and Experienced Teachers The classroom teacher’s survival guide : practical strategies, management techniques, and reproducibles for new and experienced teachers. San Francisco, Calif.: Jossey-Bass.