[Unicode]
ဒီစာလေးကို ကျွန်မ လွန်ခဲ့တဲ့ (၅)နှစ်လောက်က မဟာတန်း ပထမနှစ်မှာ တတိယအမြင် ပုံပြင်များ (Third Story Books)အသုံးပြုတဲ့အခါ ထိထိရောက်ရောက် အသုံးပြုနိုင်အောင် ရေးပေးဖြစ်ခဲ့ပါတယ်။ အခုတော့ ပုံပြင်စာအုပ်တင်မဟုတ်ဘဲ၊ အခြား စာအုပ်တွေ ဖတ်တဲ့အခါ၊ စာသင်တဲ့အခါ၊ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ပိုပြီး ထိရောက်မှုရှိအောင် ချိတ်ဆက်သင်ကြားနိုင်ဖို့ အနည်းငယ် ပြင်ဆင်ပြီး တင်ပြပေးချင်ပါတယ်။ စာအဆုံးမှာ အားလုံး စိတ်ဝင်စားမယ်ထင်တဲ့ ကြေညာချက်လေး တစ်ခု ထည့်ပေးထားပါတယ်။ (အလယ်စာတွေကို မဖတ်ဘဲ အဆုံးကိုကျော်မကြည့်ဘူးလို့ မျှော်လင့်ပါတယ်။ :P)
ကျွန်မတို့ စာသင်တဲ့အခါ စာအမျိုးမျိုးကို အသုံးပြုတယ်။ အဲဒီ့အထဲမှာ ပုံပြင်တွေပါတယ်၊ သမိုင်းဝင်စာတွေပါတယ်၊ အချက်အလက်အခြေပြုစာတွေပါတယ်၊ ကဗျာတွေပါတယ်။ အမျိုးမျိုးသော စာတွေကို ဆွေးနွေးတာတွေ၊ ဖတ်ပြတာတွေ၊ ရှင်းပြတာတွေ၊ ပြောပြတာတွေလည်း လုပ်ကြတယ်။ မဆွေးနွေးဘဲ၊ ဆရာ၊မက ရှင်းပြတာ၊ ပြောပြတာ နားထောင်ပြီး အလွတ်ကျက်မှတ်ကြတာတွေလည်းရှိတယ်။ ပြောချင်တာကတော့ စာအမျိုးမျိုးကို သင်နည်း ပေါင်းစုံနဲ့ သင်ကြတယ်၊ အသုံးပြုကြတယ်။
ဘယ်လို သင်ကြားနည်းစနစ်တွေ၊ စာအမျိုးစားတွေကိုရွေးရွေး ပညာရေး သီအိုရီတွေအရ ကိုယ့်ရဲ့ ရွေးချယ်မှုတွေဟာ ကလေးတွေရဲ့ အရင် ကြုံဖူးတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ ခံစားချက်တွေ၊ နောက်ခံအကြောင်းအရာတွေနဲ့ ချိတ်ဆက်နိုင်မှ ပိုမိုထိရောက်သော သင်ယူမှု ဖြစ်စဉ်ဖြစ်နိုင်မယ်လို့ ပြောလို့ရပါတယ်။ ကလေးတွေရဲ့ ဘဝ အပြင် စာအချင်းချင်း ချိတ်ဆက်ခြင်း၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ခြင်းဟာလည်း လေ့လာသင်ယူနေတဲ့ စာတွေကို ပိုပြီး ထိရောက်စေတယ်၊ အဓိပ္ပါယ်ရှိလာစေတယ်။ ကိုယ်သင်နေတဲ့အကြောင်းအရာတွေ၊ ဖတ်နေတဲ့စာတွေဟာ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတယ်၊ ကိုယ့်ဘဝနဲ့ ချိတ်ဆက်နိုင်တယ်ဆိုမှ သင်ယူမှုကို ပိုတန်ဖိုးထားကြတယ်၊ ပိုအလေးထားကြတယ်။ ချိတ်ဆက်ခြင်းတွေ ပြုလုပ်တဲ့အခါ ထိရောက်အောင် ချိတ် သုံးချိတ်နဲ့ ချိတ်လို့ရတယ်လို့ ၁၉၉၇ ခုနှစ်က ကင်းန်နဲ့ ဇင်မာမန်းန်ဆိုတဲ့ စာပေပညာရှင် နှစ်ဦးက လေ့လာတွေ့ရှိပြီး ကောက်ချက်ချခဲ့ကြတယ်။ အဲဒီ့ ချိတ် သုံးချိတ်က ဘာလဲ ဆိုရင်….
၁) အသုံးပြုမည့် ပုံပြင်နှင့် အခြားပုံပြင် သို့ စာပေကို ချိတ်ဆက်ပေးသည့် ချိတ် (Text to Text)
ယုန်နှင့်လိပ် ပုံပြင် ဖတ်ပြီးတဲ့အခါ ယုန်နဲ့လိပ်ပါတဲ့ အခြား ပုံပြင်တွေ အကြောင်း ပြောပြခိုင်းတာမျိုး၊ ဒီပုံပြင်ထဲမှာ ပါတဲ့ ယှဉ်ပြိုင်မှုမျိုးကို အသားပေးထားတဲ့ အခြား စာတွေဖတ်ဖူးရင် မျှဝေခိုင်းတာမျိုး၊ ရရှိတဲ့ ရသ ဒါမှမဟုတ် ခံစားချက် တူညီတဲ့ စာပေတွေအကြောင်း ဆွေးနွေးတာမျိုးကို ဆိုလိုတာပါ။ သမိုင်းမှာဆိုရင်လည်း ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် ကို ပြန်နှိုင်းယှဉ်ခိုင်းတာမျိုး၊ သူရဲကောင်းတစ်ယောက် နဲ့ နောက် စာအုပ်ထဲက နောက် သူရဲကောင်းနဲ့ ချိန်ထိုးစဉ်းစားခိုင်းတာမျိုးကိုဆိုလိုပါတယ်။ အဓိက ကတော့ အခုလေ့လာနေတဲ့ စာပေ၊ အကြောင်းအရာကို နောက်ထပ် အကြောင်းအရာ၊ စာပေ တွေနဲ့ ချိတ်ဆက်ခိုင်းတာပါ။
၂) အသုံးပြုမည့် ပုံပြင်နှင့် ကလေးများ၏ နောက်ခံဗဟုသုတ၊ အတွေ့အကြုံများကို ချိတ်ပေးသည့်ချိတ် (Text to Self)
ဖတ်ထားတဲ့စာဟာ ကိုယ့်အတွက် ဘယ်လို ခံစားချက်တွေပေးလဲ၊ ကိုယ်သာ ဇာတ်ကောင်နေရာမှာဆိုရင် ဘယ်လို လုပ်မလဲ၊ ဇာတ်လမ်းထဲက ဖြစ်ရပ်မျိုး ကိုယ်ကြုံဖူးလား စသည်ဖြင့် ကလေးတွေကို စာပေနဲ့ သူတို့ရဲ့ ဘဝ၊ခံစားချက်၊အတွေ့အကြုံတွေနဲ့ ချိတ်ဆက်ပေးစေခြင်းကို ဆိုလိုပါတယ်။ ဥပမာ – ရွဲကုန်သည်နှစ်ဦး ပုံပြင်မှာပါတဲ့ ဇာတ်ကောင်စရိုက်မျိုးတွေ ကိုယ့်ဘဝမှာ ကြုံဖူးလား၊ ကိုယ်သာ ဇာတ်လမ်းထဲက ဇာတ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို လုပ်မယ်ထင်လဲ ဆိုတဲ့ မေးခွန်းမျိုးတွေကို မေးလို့ရပါတယ်။ အဓိက ကတော့ ကလေးတွေကို စာပေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ပါပဲ။
၃) အသုံးပြုမည့် ပုံပြင်နှင့် ကလေးများ၏ ပတ်ဝန်းကျင်၊ အသိုင်းအဝန်းနှင့် ကမ္ဘာတွင်ဖြစ်ပျက်နေသော အကြောင်းအရာများကို ချိတ်ပေးသည့် ချိတ် (Text to World)
ဒီချိတ်ကတော့ စာပေထဲကဖြစ်ရပ်တွေကို ပိုကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်တွေက ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ် ချိတ်ဆက် စေတာပါ။ မြန်မာ့သမိုင်းသင်တဲ့အခါ ပါဝင်တဲ့ တူညီတဲ့အချိန်အခါက ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ဆွေးနွေးခိုင်းတာမျိုး၊ သမိုင်းဖြစ်ရပ်တစ်ခုမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား တွေက ရေးမယ့် မြန်မာ့သမိုင်းမျိုးက ဘယ်လိုမျိုးလဲ ဆိုတာမျိုးတွေ၊ အဲဒီ့အပြင် အရင် ဖြစ်ခဲ့တဲ့ သမိုင်းထဲက အချက်အလက်တွေအပေါ် သင်ခန်းစာယူပြီး အခုအချိန်မှာ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူး ဆိုတဲ့ ဆွေးနွေးချက်မျိုးတွေထည့်သွင်းလို့ရပါတယ်။ တို့ကျောင်းလိုစာပိုဒ်မျိုး ဖတ်ပြီး ကျောင်းပတ်ဝန်းကျင် ပိုပြီး စိမ်းလန်းသာယာဖို့၊ ရပ်ရွာနဲ့ ကျောင်း ပိုပြီး ရင်းနှီးစေဖို့ ဘာတွေ လုပ်ကြမလဲဆိုတဲ့ မေးခွန်းမျိုး တွေလည်း ချိတ်ဆက် မေးလို့ရပါတယ်။ အဓိကကတော့ သင်နေတဲ့စာတွေကနေတစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်၊ အသိုင်းဝန်းနဲ့ ကမ္ဘာ့အခြေအနေတွေကို ချိတ်ဆက်စေဖို့ပါ။ ဒါမှလည်း သင်နေတဲ့စာတွေဟာ လက်တွေ့ဘဝအတွက် အံဝင်ခွင်ကျဖြစ်တယ်ဆိုတာ ပိုပြီး ပေါ်လွင်မှာ ဖြစ်ပါတယ်။
ချိတ်တွေ ချိတ်တဲ့အခါ တူညီတာတွေကို ချိတ်တာတင်မကဘဲ မတူညီတဲ့အကြောင်းအရာတွေ ဆန့်ကျင်ဖက် အကြောင်းအရာတွေကိုလည်း ချိတ်ဆက်စဉ်းစားစေလို့ရပါတယ်။ ချိတ်တွေကို သင်ကြားရေး စ၊လယ်၊ဆုံး အချိန်မရွေးမှာ သုံးလို့ရပါတယ်။ မိဘတွေလည်း ကလေးနဲ့ စကားပြောရင်း ဆွေးနွေးလို့ရပါတယ်။ ချိတ်တွေဟာ ပထမမှာတော့ စာပေသင်ကြားရာမှာ အသုံးပြုတာပါ။ ဒါပေမယ့်လည်း ကိုယ်တိုင်စာဖတ်တဲ့အခါ၊ အကြောင်းအရာတွေကို စဉ်းစားတဲ့အခါ၊ အများသူငှါနဲ့ ဆွေးနွေးတဲ့အခါ တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အချုပ်မှာ ကျွန်မအားပေးချင်တာကတော့ ကိုယ်တိုင်က မိဘဖြစ်စေ၊ ဆရာဖြစ်စေ၊ ကျောင်းသားဖြစ်စေ အတတ်နိုင်ဆုံး ချိတ်သုံးချိတ်ကို ချိတ်ပြီး စဉ်းစားကြည့်ပါ။ ဓါးများလိုပေါ့ – သွေးမှ ထက်သလို။ ဦးနှောက်ကလည်း စဉ်းစားပါများမှ ထက်တယ်၊ စဉ်းစားနိုင်တယ်၊ တွေးဆနိုင်တယ် – သင်ယူမှုတွေကလည်း ပိုထိရောက်လာတယ်၊ အဓိပ္ပါယ်ရှိလာတယ်။ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးခြင်းဟာ ကလေးတွေရဲ့ သင်ယူမှုကို အထောက်ကူပြုသလို သင်ယူမှုအပေါ် တန်ဖိုး၊အလေးထားမှုတွေ ရှိလာစေပါတယ်။
နောက်ဆုံး ကျွန်မ မျှဝေချင်တာက – လာမယ့် အပတ် အင်္ဂါနေ့ (ဖေဖေါ်ဝါရီလ ၁၂ ရက်) ညနေ ၆ နာရီမှာ ပုံပြင်ဖတ်ခြင်းအကြောင်း၊ ချိတ်သုံးချိတ်အကြောင်းနဲ့ ကိုယ့်ဒေသ၊ ကိုယ့်ကျောင်းတွေအတွက် ပုံပြင်စာအုပ်တွေ အလှူခံနိုင်မယ့် အခွင့်အလမ်းတွေ အကြောင်းကို Third Story Project က ဆရာမ Rhi Zanရှီနဲ့ ဆွေးနွေးမယ့် Video လေးတင်ပေးပါမယ်။ အားလုံး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီမှာ ပြန်ဆုံပါ့မယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့်..
Sayarma-ဆရာမ
စာညွှန်း
Duchesne, S., McMaugh, A., Bochner, S., & Krause, K.-L. (2013). Educational psychology for learning and teaching (4th ed.). Australia: Cengage Learning
Flint, A. S., Kitson, L., Lowe, K., & Shaw, K. (2014). Literacy in Australia. Australia: Wiley & Sons Australia
MacBlain, S. (2014). How children learn (First edition. ed.). London: Sage.
Pound, L. (2012). How Children Learn: Andrews UK.
Scott, A. (2005). Links between beliefs of pre-service teachers about literacy and numeracy learning Mathematics Education Research Journal, 17(3), 62-90.
Photo Retrieved from Third Story Children Books Page
[Zawgyi]
ဒီစာေလးကို ကၽြန္မ လြန္ခဲ့တဲ႕ (၅)ႏွစ္ေလာက္က မဟာတန္း ပထမႏွစ္မွာ တတိယအျမင္ ပံုျပင္မ်ား (Third Story Books)အသံုးျပဳတဲ့အခါ ထိထိေရာက္ေရာက္ အသံုးျပဳနိုင္ေအာင္ ေရးေပးျဖစ္ခဲ့ပါတယ္။ အခုေတာ့ ပံုျပင္စာအုပ္တင္မဟုတ္ဘဲ၊ အျခား စာအုပ္ေတြ ဖတ္တဲ့အခါ၊ စာသင္တဲ့အခါ၊ ေဆြးေႏြးပြဲေတြ လုပ္တဲ့အခါ ပိုျပီး ထိေရာက္မွဳရွိေအာင္ ခ်ိတ္ဆက္သင္ၾကားနုိင္ဖို႕ အနည္းငယ္ ျပင္ဆင္ျပီး တင္ျပေပးခ်င္ပါတယ္။ စာအဆံုးမွာ အားလံုး စိတ္ဝင္စားမယ္ထင္တဲ့ ေၾကညာခ်က္ေလး တစ္ခု ထည့္ေပးထားပါတယ္။ (အလယ္စာေတြကို မဖတ္ဘဲ အဆံုးကိုေက်ာ္မၾကည့္ဘူးလို႕ ေမွ်ာ္လင့္ပါတယ္။ :P)
ကၽြန္မတို႕ စာသင္တဲ့အခါ စာအမ်ိဳးမ်ိဳးကို အသံုးျပဳတယ္။ အဲဒီ့အထဲမွာ ပံုျပင္ေတြပါတယ္၊ သမိုင္းဝင္စာေတြပါတယ္၊ အခ်က္အလက္အေျချပဳစာေတြပါတယ္၊ ကဗ်ာေတြပါတယ္။ အမ်ိဳးမ်ိဳးေသာ စာေတြကို ေဆြးေႏြးတာေတြ၊ ဖတ္ျပတာေတြ၊ ရွင္းျပတာေတြ၊ ေျပာျပတာေတြလည္း လုပ္ၾကတယ္။ မေဆြးေႏြးဘဲ၊ ဆရာ၊မက ရွင္းျပတာ၊ ေျပာျပတာ နားေထာင္ျပီး အလြတ္က်က္မွတ္ၾကတာေတြလည္းရွိတယ္။ ေျပာခ်င္တာကေတာ့ စာအမ်ိဳးမ်ိဳးကို သင္နည္း ေပါင္းစံုနဲ႕ သင္ၾကတယ္၊ အသံုးျပဳၾကတယ္။
ဘယ္လို သင္ၾကားနည္းစနစ္ေတြ၊ စာအမ်ိဳးစားေတြကိုေရြးေရြး ပညာေရး သီအုိရီေတြအရ ကိုယ့္ရဲ႕ ေရြးခ်ယ္မွဳေတြဟာ ကေလးေတြရဲ႕ အရင္ ၾကံုဖူးတဲ့ အေတြ႕အၾကံဳေတြ၊ ဗဟုသုတေတြ၊ ခံစားခ်က္ေတြ၊ ေနာက္ခံအေၾကာင္းအရာေတြနဲ႕ ခ်ိတ္ဆက္နုိင္မွ ပိုမိုထိေရာက္ေသာ သင္ယူမွဳ ျဖစ္စဥ္ျဖစ္နုိင္မယ္လို႕ ေျပာလို႕ရပါတယ္။ ကေလးေတြရဲ႕ ဘဝ အျပင္ စာအခ်င္းခ်င္း ခ်ိတ္ဆက္ျခင္း၊ ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြနဲ႕ ခ်ိတ္ဆက္ျခင္းဟာလည္း ေလ့လာသင္ယူေနတဲ့ စာေတြကို ပိုျပီး ထိေရာက္ေစတယ္၊ အဓိပၸါယ္ရွိလာေစတယ္။ ကိုယ္သင္ေနတဲ့အေၾကာင္းအရာေတြ၊ ဖတ္ေနတဲ့စာေတြဟာ ကိုယ့္အတြက္ အဓိပၸါယ္ရွိတယ္၊ ကိုယ့္ဘဝနဲ႕ ခ်ိတ္ဆက္နုိင္တယ္ဆိုမွ သင္ယူမွဳကို ပိုတန္ဖိုးထားၾကတယ္၊ ပိုအေလးထားၾကတယ္။ ခ်ိတ္ဆက္ျခင္းေတြ ျပဳလုပ္တဲ့အခါ ထိေရာက္ေအာင္ ခ်ိတ္ သံုးခ်ိတ္နဲ႕ ခ်ိတ္လို႕ရတယ္လို႕ ၁၉၉၇ ခုႏွစ္က ကင္းန္နဲ႕ ဇင္မာမန္းန္ဆိုတဲ့ စာေပပညာရွင္ ႏွစ္ဦးက ေလ့လာေတြ႕ရွိျပီး ေကာက္ခ်က္ခ်ခဲ့ၾကတယ္။ အဲဒီ့ ခ်ိတ္ သံုးခ်ိတ္က ဘာလဲ ဆိုရင္….
၁) အသံုးျပဳမည့္ ပံုျပင္ႏွင့္ အျခားပံုျပင္ သို့ စာေပကို ခ်ိတ္ဆက္ေပးသည့္ ခ်ိတ္ (Text to Text)
ယုန္ႏွင့္လိပ္ ပံုျပင္ ဖတ္ျပီးတဲ့အခါ ယုန္နဲ႕လိပ္ပါတဲ့ အျခား ပံုျပင္ေတြ အေၾကာင္း ေျပာျပခိုင္းတာမ်ိဳး၊ ဒီပံုျပင္ထဲမွာ ပါတဲ့ ယွဥ္ျပိဳင္မွုမ်ိဳးကို အသားေပးထားတဲ့ အျခား စာေတြဖတ္ဖူးရင္ မွ်ေဝခိုင္းတာမ်ိဳး၊ ရရွိတဲ့ ရသ ဒါမွမဟုတ္ ခံစားခ်က္ တူညီတဲ့ စာေပေတြအေၾကာင္း ေဆြးေႏြးတာမ်ိဳးကို ဆိုလိုတာပါ။ သမိုင္းမွာဆိုရင္လည္း ေခတ္တစ္ေခတ္နဲ႕ တစ္ေခတ္ ကို ျပန္ႏွုိင္းယွဥ္ခိုင္းတာမ်ိဳး၊ သူရဲေကာင္းတစ္ေယာက္ နဲ႕ ေနာက္ စာအုပ္ထဲက ေနာက္ သူရဲေကာင္းနဲ႕ ခ်ိန္ထိုးစဥ္းစားခုိင္းတာမ်ိဳးကိုဆိုလိုပါတယ္။ အဓိက ကေတာ့ အခုေလ့လာေနတဲ့ စာေပ၊ အေၾကာင္းအရာကို ေနာက္ထပ္ အေၾကာင္းအရာ၊ စာေပ ေတြနဲ႕ ခ်ိတ္ဆက္ခိုင္းတာပါ။
၂) အသုံးျပဳမည့္ ပံုျပင္ႏွင့္ ကေလးမ်ား၏ ေနာက္ခံဗဟုသုတ၊ အေတြ႕အၾကံုမ်ားကို ခ်ိတ္ေပးသည့္ခ်ိတ္ (Text to Self)
ဖတ္ထားတဲ့စာဟာ ကိုယ့္အတြက္ ဘယ္လို ခံစားခ်က္ေတြေပးလဲ၊ ကိုယ္သာ ဇာတ္ေကာင္ေနရာမွာဆိုရင္ ဘယ္လို လုပ္မလဲ၊ ဇာတ္လမ္းထဲက ျဖစ္ရပ္မ်ိဳး ကိုယ္ၾကံဳဖူးလား စသည္ျဖင့္ ကေလးေတြကို စာေပနဲ႕ သူတို႕ရဲ႕ ဘဝ၊ခံစားခ်က္၊အေတြ႕အၾကံုေတြနဲ႕ ခ်ိတ္ဆက္ေပးေစျခင္းကို ဆိုလိုပါတယ္။ ဥပမာ – ရြဲကုန္သည္ႏွစ္ဦး ပံုျပင္မွာပါတဲ့ ဇာတ္ေကာင္စရိုက္မ်ိဳးေတြ ကိုယ့္ဘဝမွာ ၾကံဳဖူးလား၊ ကိုယ္သာ ဇာတ္လမ္းထဲက ဇာတ္ေကာင္ ျဖစ္ခဲ့မယ္ဆိုရင္ ဘယ္လို လုပ္မယ္ထင္လဲ ဆိုတဲ့ ေမးခြန္းမ်ိဳးေတြကို ေမးလို႕ရပါတယ္။ အဓိက ကေတာ့ ကေလးေတြကို စာေပနဲ႕ ခ်ိတ္ဆက္ေပးနုိင္ဖို႕ပါပဲ။
၃) အသံုးျပဳမည့္ ပံုျပင္ႏွင့္ ကေလးမ်ား၏ ပတ္ဝန္းက်င္၊ အသိုင္းအဝန္းႏွင့္ ကမာၻတြင္ျဖစ္ပ်က္ေနေသာ အေၾကာင္းအရာမ်ားကို ခ်ိတ္ေပးသည့္ ခ်ိတ္ (Text to World)
ဒီခ်ိတ္ကေတာ့ စာေပထဲကျဖစ္ရပ္ေတြကို ပိုက်ယ္ျပန္႕တဲ့ ပတ္ဝန္းက်င္ေတြက ျဖစ္ရပ္ေတြနဲ႕ ႏွိဳင္းယွဥ္ ခ်ိတ္ဆက္ ေစတာပါ။ ျမန္မာ့သမိုင္းသင္တဲ့အခါ ပါဝင္တဲ့ တူညီတဲ့အခ်ိန္အခါက ကမာၻမွာ ျဖစ္ပ်က္ခဲ့တာေတြနဲ႕ ႏွိဳင္းယွဥ္ေဆြးေႏြးခိုင္းတာမ်ိဳး၊ သမိုင္းျဖစ္ရပ္တစ္ခုမွာ ပါဝင္ခဲ့တဲ့ တုိင္းရင္းသား ေတြက ေရးမယ့္ ျမန္မာ့သမုိင္းမ်ိဳးက ဘယ္လိုမ်ိဳးလဲ ဆိုတာမ်ိဳးေတြ၊ အဲဒီ့အျပင္ အရင္ ျဖစ္ခဲ့တဲ့ သမိုင္းထဲက အခ်က္အလက္ေတြအေပၚ သင္ခန္းစာယူျပီး အခုအခ်ိန္မွာ ဘာေတြ လုပ္သင့္တယ္၊ ဘာေတြ မလုပ္သင့္ဘူး ဆိုတဲ့ ေဆြးေႏြးခ်က္မ်ိဳးေတြထည့္သြင္းလို႕ရပါတယ္။ တို႕ေက်ာင္းလိုစာပိုဒ္မ်ိဳး ဖတ္ျပီး ေက်ာင္းပတ္ဝန္းက်င္ ပိုျပီး စိမ္းလန္းသာယာဖို႕၊ ရပ္ရြာနဲ႕ ေက်ာင္း ပိုျပီး ရင္းႏွီးေစဖို႕ ဘာေတြ လုပ္ၾကမလဲဆိုတဲ့ ေမးခြန္းမ်ိဳး ေတြလည္း ခ်ိတ္ဆက္ ေမးလို႕ရပါတယ္။ အဓိကကေတာ့ သင္ေနတဲ့စာေတြကေနတစ္ဆင့္ ကိုယ့္ပတ္ဝန္းက်င္၊ အသိုင္းဝန္းနဲ႕ ကမာၻ႕အေျခအေနေတြကို ခ်ိတ္ဆက္ေစဖို႕ပါ။ ဒါမွလည္း သင္ေနတဲ့စာေတြဟာ လက္ေတြ႕ဘဝအတြက္ အံဝင္ခြင္က်ျဖစ္တယ္ဆိုတာ ပိုျပီး ေပၚလြင္မွာ ျဖစ္ပါတယ္။
ခ်ိတ္ေတြ ခ်ိတ္တဲ့အခါ တူညီတာေတြကို ခ်ိတ္တာတင္မကဘဲ မတူညီတဲ့အေၾကာင္းအရာေတြ ဆန္႕က်င္ဖက္ အေၾကာင္းအရာေတြကိုလည္း ခ်ိတ္ဆက္စဥ္းစားေစလို႕ရပါတယ္။ ခ်ိတ္ေတြကို သင္ၾကားေရး စ၊လယ္၊ဆံုး အခ်ိန္မေရြးမွာ သံုးလို႕ရပါတယ္။ မိဘေတြလည္း ကေလးနဲ႕ စကားေျပာရင္း ေဆြးေႏြးလို႕ရပါတယ္။ ခ်ိတ္ေတြဟာ ပထမမွာေတာ့ စာေပသင္ၾကားရာမွာ အသံုးျပဳတာပါ။ ဒါေပမယ့္လည္း ကိုယ္တိုင္စာဖတ္တဲ့အခါ၊ အေၾကာင္းအရာေတြကို စဥ္းစားတဲ့အခါ၊ အမ်ားသူငွါနဲ႕ ေဆြးေႏြးတဲ့အခါ ေတြမွာလည္း အသံုးျပဳနုိင္ပါတယ္။ အခ်ဳပ္မွာ ကၽြန္မအားေပးခ်င္တာကေတာ့ ကိုယ္တုိင္က မိဘျဖစ္ေစ၊ ဆရာျဖစ္ေစ၊ ေက်ာင္းသားျဖစ္ေစ အတတ္နုိင္ဆံုး ခ်ိတ္သံုးခ်ိတ္ကို ခ်ိတ္ျပီး စဥ္းစားၾကည့္ပါ။ ဓါးမ်ားလိုေပါ့ – ေသြးမွ ထက္သလို။ ဦးေႏွာက္ကလည္း စဥ္းစားပါမ်ားမွ ထက္တယ္၊ စဥ္းစားနုိင္တယ္၊ ေတြးဆနုိင္တယ္ – သင္ယူမွဳေတြကလည္း ပိုထိေရာက္လာတယ္၊ အဓိပၸါယ္ရွိလာတယ္။ ခ်ိတ္ဆက္မွဳေတြ ျပဳလုပ္ေပးျခင္းဟာ ကေလးေတြရဲ႕ သင္ယူမွဳကို အေထာက္ကူျပဳသလို သင္ယူမွဳအေပၚ တန္ဖိုး၊အေလးထားမွဳေတြ ရွိလာေစပါတယ္။
ေနာက္ဆံုး ကၽြန္မ မွ်ေဝခ်င္တာက – လာမယ့္ အပတ္ အဂၤါေန႕ (ေဖေဖၚဝါရီလ ၁၂ ရက္) ညေန ၆ နာရီမွာ ပံုျပင္ဖတ္ျခင္းအေၾကာင္း၊ ခ်ိတ္သံုးခ်ိတ္အေၾကာင္းနဲ႕ ကိုယ့္ေဒသ၊ ကိုယ့္ေက်ာင္းေတြအတြက္ ပံုျပင္စာအုပ္ေတြ အလွဴခံနိုင္မယ့္ အခြင့္အလမ္းေတြ အေၾကာင္းကို Third Story Project က ဆရာမ Rhi Zanရွီနဲ႕ ေဆြးေႏြးမယ့္ Video ေလးတင္ေပးပါမယ္။ အားလံုး ေဖေဖၚဝါရီလ ၁၂ ရက္ေန႕ ညေန ၆ နာရီမွာ ျပန္ဆံုပါ့မယ္။ ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။
ေမတၱာျဖင့္..
Sayarma-ဆရာမ
စာညႊန္း
Duchesne, S., McMaugh, A., Bochner, S., & Krause, K.-L. (2013). Educational psychology for learning and teaching (4th ed.). Australia: Cengage Learning
Flint, A. S., Kitson, L., Lowe, K., & Shaw, K. (2014). Literacy in Australia. Australia: Wiley & Sons Australia
MacBlain, S. (2014). How children learn (First edition. ed.). London: Sage.
Pound, L. (2012). How Children Learn: Andrews UK.
Scott, A. (2005). Links between beliefs of pre-service teachers about literacy and numeracy learning Mathematics Education Research Journal, 17(3), 62-90.
Photo Retrieved from Third Story Children Books Page https://www.facebook.com/thirdstorychildrenbooks/photos/rpp.849241495104553/2425814807447206/?type=3&theater