[ Unicode ]
ပဋိပက္ခတွေဖြစ်ကြတဲ့အခါ၊ ပြဿနာတွေနဲ့ ကြုံလာတဲ့အခါ၊ စိတ်ဝမ်းကွဲစရာတွေရှိလာတဲ့ အခါ အကြမ်းဖက်ခြင်းဆိုတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းနေတုန်းပဲလား။ ဒါဆိုရင် တီထွင်ဖန်တီးနိုင်စွမ်း အားနည်းတဲ့သူလို့ ကျွန်မ သတ်မှတ်ချင်ပါတယ်။ ၂၁ရာစုမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ဝန်ထမ်းတွေ၊ အလုပ်ရှင်တွေ၊ ပညာရှင်တွေက ပိုပြီး အသိမှတ်ပြုခံလာကြတယ်။ တီထွင်ဖန်တီးနိုင်စွမ်းအားဆိုတာ စက်ပစ္စည်း၊ နည်းပညာကို တီထွင်ဖန်တီးနိုင်တာမျိုးတင်မဟုတ်တော့ဘဲ ပြဿနာတွေ ကြုံလာတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အကောင်းဆုံး စဉ်းစားရွေးချယ်နိုင်တာ၊ မတူညီတဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားအဖြေရှာနိုင်ခြင်းတွေကိုလည်း တီထွင်ဖန်တီးနိုင်စွမ်းအား (Creativity) အားကောင်းလို့ဆိုပြီး သတ်မှတ်လို့ရပါတယ်။ ကျွန်မတို့ ကလေးတွေရဲ့ ဘဝအတွက် အာမခံချက်ရှိဖို့ ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့၊ ငယ်စဉ်ကတည်းက တီထွင်ဖန်တီးနိုင်စွမ်းအား မြင့်မားအောင် လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။ ဒါဆို ကျွန်မတို့ ဘယ်လို သင်ကြားပေးကြမလဲ။ နည်းလမ်းများစွာထဲက (၄)ခုကို မျှဝေချင်ပါတယ်။
မတူညီမှုတွေကို ကြုံတွေ့ဖူးပါစေ – တီထွင်ဖန်တီးမှုဆိုတာ သမားရိုးကျမဟုတ်ဘဲ ဆန်းသစ်ခြင်း၊ မတူညီတဲ့ နည်းလမ်းတွေအသုံးပြုခြင်း တွေလည်း ပါဝင်တာမို့ တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းတဲ့ ကလေးတွေဖြစ်ဖို့ မတူညီတဲ့ အတွေ့အကြုံတွေလိုအပ်ပါတယ်။ မတူညီတဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်ဖို့ မတူညီတဲ့ ဒေသတွေ သွားရောက်လေ့လာခြင်း၊ ခံစားချက်အမျိုးမျိုး ပေးစွမ်းတဲ့ စာအုပ်စာပေတွေ ဖတ်ရှုစေခြင်း၊ ကစားနည်းမျိုးစုံ ကစားစေခြင်း၊ စာသင်စာဖတ်တင်မဟုတ်ဘဲ လက်တွေ့ဘဝရဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်စေခြင်း၊ မတူညီတဲ့ ဘာသာဝင်တွေ၊ တိုင်းရင်းသားတွေနဲ့ ထိတွေ့ စကားပြောစေခြင်း စတဲ့ ကလေးကို မတူညီတဲ့ အတွေ့အကြုံတွေရအောင် ကျွန်မတို့က ဖန်တီးပေးဖို့လိုပါတယ်။ မတူညီတဲ့ အတွေ့အကြုံတွေကနေ မတူညီတဲ့ ထင်မြင်ယူဆချက်တွေ၊ လုပ်ဆောင်ပုံတွေနဲ့ သင်ယူမှုတွေကို ပေးစွမ်းပါလိမ့်မယ်။ အဲဒီ့သင်ယူမှုတွေကနေ ကလေးတွေကို တီထွင်ဖန်တီးနိုင်ဖို့ အထောက်အကူပြုမှာပါ။
လုပ်ပိုင်ခွင့်ပေးပါ – တီထွင်ဖန်တီးနိုင်စွမ်းဟာ အမှားတွေကနေ၊ အခါခါ စမ်းသပ်လေ့ကျင့်ခြင်းတွေဆီကနေလည်း သင်ယူနိုင်ပါတယ်။ ကလေးတွေကို အလုပ်တစ်ခုခုခိုင်းတဲ့အခါ မှားသွားရင် ဘာကြောင့်မှားသွားလဲဆိုတဲ့ အကြောင်းအရင်းကို ရှာခိုင်းပါ။ အကြောင်းအရင်း သိရင် အဲဒီ့လို ထပ်မမှားအောင် ဘယ်လို နည်းလမ်းတွေနဲ့ ပြင်ဆင်မလဲ၊ ပြောင်းလဲလုပ်ဆောင်မလဲဆိုတာကို စဉ်းစားစေပြီး ဆက်လက်လုပ်ပိုင်ခွင့်ပေးပါ။ ကျွန်မတို့ ကြီးလာတဲ့အခါ လက်တွေ့ဘဝမှာ အမှားတွေ၊ ပြဿနာတွေနဲ့ ကြုံရဦးမှာပဲလေ။ အဲဒီ့အခါ ကိုယ့်ရဲ့ အမှားကို တီထွင်ဖန်တီးနိုင်စွမ်းရှိရှိနဲ့ ပြန်လည်ပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေကို မှားပါစေ၊ လုပ်ပိုင်ခွင့်ပေးပါ။ တစ်နည်းမဟုတ် တစ်နည်း စမ်းသပ် လေ့ကျင့်ပါစေ။
စိတ်ကူးယဉ်ခွင့်ပေးပါ – စိတ်ကူးယဉ်တာ ပိုက်ဆံမကုန်ပါဘူး။ ကလေးတွေလည်း ကြိုက်ကြတဲ့အရာပါ။ စိတ်ထဲကနေ ပုံဖေါ် ဖန်တီးခွင့်ပေးခြင်းက ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်ခြင်းကိုလည်း တိုးတက်စေပါတယ်။ စိတ်ကူးယဉ်နည်း အမျိုးမျိုးရှိပါတယ်။ ပုံပြင်တစ်ပုဒ်ပြောပြီး ပုံပြင်ရဲ့ အဆုံးကို ကိုယ်တိုင် ဘယ်လို အဆုံးသတ်မလဲဆိုတာမျိုး စိတ်ကူးယဉ်ခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာမှာ ဝင်ခံစားပြီး ကိုယ်သာ … သူ ဆိုရင် ဘယ်လို ပြဿနာကို ဖြေရှင်းမလဲ၊ ဘယ်လို ဆက်လုပ်မယ်ဆိုတာ မျိုး စဉ်းစားခိုင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် အခြေအနေတစ်ခုကို ချပြပြီး ကိုယ်တိုင်သာ လုပ်ခွင့်ရရင် ဘာတွေလုပ်မယ်၊ ဘယ်လို ဖြေရှင်းမယ် ဆိုတာတွေကို စိတ်ကူးယဉ်ခိုင်းတာပါ။ ဒီလို တွေးခိုင်းခြင်းဟာ ကလေးတွေရဲ့ ဦးနှောက်ကို တီထွင်ဖို့၊ ဖန်တီးဖို့၊ ဆန်းသစ်ဖို့ ကျင့်သားရအောင် လုပ်ပေးတာမို့ လက်တွေ့ဘဝမှာ ကြုံလာတဲ့အခါ အကူအညီဖြစ်နိုင်ပါတယ်။
တီထွင်ခိုင်းပါ၊ ဖန်တီးခိုင်းပါ – အတွေးထဲမှာတင်မဟုတ်ဘဲ အနုပညာကနေတစ်ဆင့်ပဲဖြစ်ဖြစ်၊ စက်ပစ္စည်း ကိရိယာတွေနဲ့ နည်းပညာအသုံးပြုပြီးဖြစ်ဖြစ် တီထွင်ခိုင်းပါ၊ ဖန်တီးခိုင်းပါ။ ၂၁ရာစုမှာ နည်းပညာက အရေးပါလာပါတယ်။ ဒါပေမယ့် အနုပညာဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်နေပါသေးတယ်။ ဒါကြောင့် ကလေးတွေကို ပန်းချီ၊ ကဗျာ၊ ဂီတ – စတဲ့ အနုပညာတွေကို ဖန်တီးနိုင်ဖို့ အခွင့်အလမ်းပေးပါ။ တစ်ချိန်လုံး ဂိမ်းပဲ ကစားခိုင်းတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် ထွင်နိုင်ဖို့ အခွင့်အလမ်းပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ပြီးရင် ကလေးတွေရဲ့ လုပ်ရပ်တွေ၊ ဖန်တီးမှုတွေကို အသိမှတ်ပြုဖို့လည်း မမေ့ပါနဲ့နော်။
ဘဝမှာ တီထွင်ဖန်တီးနိုင်စွမ်းအားဟာ အလွန်အရေးပါတယ်လို့ ကျွန်မမြင်ပါတယ်။ လုပ်ငန်းခွင်မှာတင်သာမကဘူး၊ သူငယ်ချင်းတွေကြားမှာ၊ ချစ်သူအချင်းချင်းကြားမှာ၊ မိသားစုကြားမှာ ကြုံလာရတဲ့ အခက်အခဲတွေအပေါ် အကောင်းဆုံး ကျော်လွှားနိုင်ဖို့၊ ပိုကောင်းတဲ့ ရွေးချယ်မှုတွေပြုလုပ်နိုင်ဖို့အတွက်လည်း တီထွင်ဖန်တီးနိုင်စွမ်းအား လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ငြိမ်းချမ်းဖို့ဆိုလည်း လက်နက်ကိုင်၊ အကြမ်းဖက်ခြင်းနဲ့ ဖိနှိပ်ခြင်းအပြင် ဖြစ်နေတဲ့ အခြေအနေဟာ အားလုံးအတွက် အဆင်ပြေသွားစေမယ့် ဖြေရှင်းမှုမျိုးကို စဉ်းစားနိုင်ဖို့လည်း တီထွင်ဖန်တီးနိုင်စွမ်းအား လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအား မြှင့်တက်စေဖို့ ကျွန်မတို့ ကူညီပေးရမှာပါ။ ပိုကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့၊ အနာဂါတ်တွေပို လှလာဖို့ တီထွင်ဖန်တီးခွင့်တွေ ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
ဓါတ်ပုံ – ၂၀၁၉ နိုဝင်ဘာလ – သီရိလင်္ကာမှာ – ကျွန်မ တူလေး – ကွန်းကွန်း နဲ့ တူမလေး Vidya နှစ်ယောက် အတူကစားနေတုန်း အမှတ်တရ ရိုက်ထားတာပါ။
Other readings – https://www.raisesmartkid.com/all-ages/1-articles/raising-creative-child-need-know?fbclid=IwAR08jjCuprKaKrBYRwRbfGbNzcyEOeFKsD0e5PnlUo6Jt4YIVAbRN44fMwg
https://www.scholastic.com/teachers/articles/teaching-content/how-promote-creative-thinking/?fbclid=IwAR3I3TirLhcdPkJrpjdVlNcBlOLbzp071lVuFkS9DA-OMwssGuQQ0ZRB2jY
[ Zawgyi ]
ပဋိပကၡေတြျဖစ္ၾကတဲ့အခါ၊ ျပႆနာေတြနဲ႔ ၾကဳံလာတဲ့အခါ၊ စိတ္ဝမ္းကြဲစရာေတြရွိလာတဲ့ အခါ အၾကမ္းဖက္ျခင္းဆိုတဲ့ နည္းလမ္းနဲ႔ပဲ ေျဖရွင္းေနတုန္းပဲလား။ ဒါဆိုရင္ တီထြင္ဖန္တီးနိုင္စြမ္း အားနည္းတဲ့သူလို႔ ကၽြန္မ သတ္မွတ္ခ်င္ပါတယ္။ ၂၁ရာစုမွာ တီထြင္ဖန္တီးနိုင္စြမ္းရွိတဲ့ ဝန္ထမ္းေတြ၊ အလုပ္ရွင္ေတြ၊ ပညာရွင္ေတြက ပိုၿပီး အသိမွတ္ျပဳခံလာၾကတယ္။ တီထြင္ဖန္တီးနိုင္စြမ္းအားဆိုတာ စက္ပစၥည္း၊ နည္းပညာကို တီထြင္ဖန္တီးနိုင္တာမ်ိဳးတင္မဟုတ္ေတာ့ဘဲ ျပႆနာေတြ ၾကဳံလာတဲ့အခါ ေျဖရွင္းနိုင္မယ့္ နည္းလမ္းေတြကို အေကာင္းဆုံး စဥ္းစားေရြးခ်ယ္နိုင္တာ၊ မတူညီတဲ့ ေျဖရွင္းနည္းေတြကို စဥ္းစားအေျဖရွာနိုင္ျခင္းေတြကိုလည္း တီထြင္ဖန္တီးနိုင္စြမ္းအား (Creativity) အားေကာင္းလို႔ဆိုၿပီး သတ္မွတ္လို႔ရပါတယ္။ ကၽြန္မတို႔ ကေလးေတြရဲ့ ဘဝအတြက္ အာမခံခ်က္ရွိဖို႔ ၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ဖို႔၊ ငယ္စဥ္ကတည္းက တီထြင္ဖန္တီးနိုင္စြမ္းအား ျမင့္မားေအာင္ ေလ့က်င့္သင္ၾကားေပးဖို႔လိုပါတယ္။ ဒါဆို ကၽြန္မတို႔ ဘယ္လို သင္ၾကားေပးၾကမလဲ။ နည္းလမ္းမ်ားစြာထဲက (၄)ခုကို မၽွေဝခ်င္ပါတယ္။
မတူညီမႈေတြကို ၾကဳံေတြ႕ဖူးပါေစ – တီထြင္ဖန္တီးမႈဆိုတာ သမားရိုးက်မဟုတ္ဘဲ ဆန္းသစ္ျခင္း၊ မတူညီတဲ့ နည္းလမ္းေတြအသုံးျပဳျခင္း ေတြလည္း ပါဝင္တာမို႔ တီထြင္ဖန္တီးနိုင္စြမ္းအားေကာင္းတဲ့ ကေလးေတြျဖစ္ဖို႔ မတူညီတဲ့ အေတြ႕အၾကဳံေတြလိုအပ္ပါတယ္။ မတူညီတဲ့အေတြ႕အၾကဳံေတြ ေပးစြမ္းနိုင္ဖို႔ မတူညီတဲ့ ေဒသေတြ သြားေရာက္ေလ့လာျခင္း၊ ခံစားခ်က္အမ်ိဳးမ်ိဳး ေပးစြမ္းတဲ့ စာအုပ္စာေပေတြ ဖတ္ရႈေစျခင္း၊ ကစားနည္းမ်ိဳးစုံ ကစားေစျခင္း၊ စာသင္စာဖတ္တင္မဟုတ္ဘဲ လက္ေတြ႕ဘဝရဲ့ လုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ေစျခင္း၊ မတူညီတဲ့ ဘာသာဝင္ေတြ၊ တိုင္းရင္းသားေတြနဲ႔ ထိေတြ႕ စကားေျပာေစျခင္း စတဲ့ ကေလးကို မတူညီတဲ့ အေတြ႕အၾကဳံေတြရေအာင္ ကၽြန္မတို႔က ဖန္တီးေပးဖို႔လိုပါတယ္။ မတူညီတဲ့ အေတြ႕အၾကဳံေတြကေန မတူညီတဲ့ ထင္ျမင္ယူဆခ်က္ေတြ၊ လုပ္ေဆာင္ပုံေတြနဲ႔ သင္ယူမႈေတြကို ေပးစြမ္းပါလိမ့္မယ္။ အဲဒီ့သင္ယူမႈေတြကေန ကေလးေတြကို တီထြင္ဖန္တီးနိုင္ဖို႔ အေထာက္အကူျပဳမွာပါ။
လုပ္ပိုင္ခြင့္ေပးပါ – တီထြင္ဖန္တီးနိုင္စြမ္းဟာ အမွားေတြကေန၊ အခါခါ စမ္းသပ္ေလ့က်င့္ျခင္းေတြဆီကေနလည္း သင္ယူနိုင္ပါတယ္။ ကေလးေတြကို အလုပ္တစ္ခုခုခိုင္းတဲ့အခါ မွားသြားရင္ ဘာေၾကာင့္မွားသြားလဲဆိုတဲ့ အေၾကာင္းအရင္းကို ရွာခိုင္းပါ။ အေၾကာင္းအရင္း သိရင္ အဲဒီ့လို ထပ္မမွားေအာင္ ဘယ္လို နည္းလမ္းေတြနဲ႔ ျပင္ဆင္မလဲ၊ ေျပာင္းလဲလုပ္ေဆာင္မလဲဆိုတာကို စဥ္းစားေစၿပီး ဆက္လက္လုပ္ပိုင္ခြင့္ေပးပါ။ ကၽြန္မတို႔ ႀကီးလာတဲ့အခါ လက္ေတြ႕ဘဝမွာ အမွားေတြ၊ ျပႆနာေတြနဲ႔ ၾကဳံရဦးမွာပဲေလ။ အဲဒီ့အခါ ကိုယ့္ရဲ့ အမွားကို တီထြင္ဖန္တီးနိုင္စြမ္းရွိရွိနဲ႔ ျပန္လည္ျပင္ဆင္နိုင္ဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ကေလးေတြကို မွားပါေစ၊ လုပ္ပိုင္ခြင့္ေပးပါ။ တစ္နည္းမဟုတ္ တစ္နည္း စမ္းသပ္ ေလ့က်င့္ပါေစ။
စိတ္ကူးယဥ္ခြင့္ေပးပါ – စိတ္ကူးယဥ္တာ ပိုက္ဆံမကုန္ပါဘူး။ ကေလးေတြလည္း ႀကိဳက္ၾကတဲ့အရာပါ။ စိတ္ထဲကေန ပုံေဖၚ ဖန္တီးခြင့္ေပးျခင္းက ကေလးေတြရဲ့ တီထြင္ဖန္တီးနိုင္ျခင္းကိုလည္း တိုးတက္ေစပါတယ္။ စိတ္ကူးယဥ္နည္း အမ်ိဳးမ်ိဳးရွိပါတယ္။ ပုံျပင္တစ္ပုဒ္ေျပာၿပီး ပုံျပင္ရဲ့ အဆုံးကို ကိုယ္တိုင္ ဘယ္လို အဆုံးသတ္မလဲဆိုတာမ်ိဳး စိတ္ကူးယဥ္ခိုင္းတာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္။ ဇာတ္လမ္းေတြထဲက ဇာတ္ေကာင္ေတြရဲ့ ေနရာမွာ ဝင္ခံစားၿပီး ကိုယ္သာ … သူ ဆိုရင္ ဘယ္လို ျပႆနာကို ေျဖရွင္းမလဲ၊ ဘယ္လို ဆက္လုပ္မယ္ဆိုတာ မ်ိဳး စဥ္းစားခိုင္းတာမ်ိဳးလည္း လုပ္နိုင္ပါတယ္။ ဒါမွမဟုတ္ အေျခအေနတစ္ခုကို ခ်ျပၿပီး ကိုယ္တိုင္သာ လုပ္ခြင့္ရရင္ ဘာေတြလုပ္မယ္၊ ဘယ္လို ေျဖရွင္းမယ္ ဆိုတာေတြကို စိတ္ကူးယဥ္ခိုင္းတာပါ။ ဒီလို ေတြးခိုင္းျခင္းဟာ ကေလးေတြရဲ့ ဦးေႏွာက္ကို တီထြင္ဖို႔၊ ဖန္တီးဖို႔၊ ဆန္းသစ္ဖို႔ က်င့္သားရေအာင္ လုပ္ေပးတာမို႔ လက္ေတြ႕ဘဝမွာ ၾကဳံလာတဲ့အခါ အကူအညီျဖစ္နိုင္ပါတယ္။
တီထြင္ခိုင္းပါ၊ ဖန္တီးခိုင္းပါ – အေတြးထဲမွာတင္မဟုတ္ဘဲ အႏုပညာကေနတစ္ဆင့္ပဲျဖစ္ျဖစ္၊ စက္ပစၥည္း ကိရိယာေတြနဲ႔ နည္းပညာအသုံးျပဳၿပီးျဖစ္ျဖစ္ တီထြင္ခိုင္းပါ၊ ဖန္တီးခိုင္းပါ။ ၂၁ရာစုမွာ နည္းပညာက အေရးပါလာပါတယ္။ ဒါေပမယ့္ အႏုပညာဟာလည္း အေရးႀကီးတဲ့ က႑တစ္ခု ျဖစ္ေနပါေသးတယ္။ ဒါေၾကာင့္ ကေလးေတြကို ပန္းခ်ီ၊ ကဗ်ာ၊ ဂီတ – စတဲ့ အႏုပညာေတြကို ဖန္တီးနိုင္ဖို႔ အခြင့္အလမ္းေပးပါ။ တစ္ခ်ိန္လုံး ဂိမ္းပဲ ကစားခိုင္းတာမ်ိဳးမဟုတ္ဘဲ ကိုယ္တိုင္ ထြင္နိုင္ဖို႔ အခြင့္အလမ္းေပးတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။ ၿပီးရင္ ကေလးေတြရဲ့ လုပ္ရပ္ေတြ၊ ဖန္တီးမႈေတြကို အသိမွတ္ျပဳဖို႔လည္း မေမ့ပါနဲ႔ေနာ္။
ဘဝမွာ တီထြင္ဖန္တီးနိုင္စြမ္းအားဟာ အလြန္အေရးပါတယ္လို႔ ကၽြန္မျမင္ပါတယ္။ လုပ္ငန္းခြင္မွာတင္သာမကဘူး၊ သူငယ္ခ်င္းေတြၾကားမွာ၊ ခ်စ္သူအခ်င္းခ်င္းၾကားမွာ၊ မိသားစုၾကားမွာ ၾကဳံလာရတဲ့ အခက္အခဲေတြအေပၚ အေကာင္းဆုံး ေက်ာ္လႊားနိုင္ဖို႔၊ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈေတြျပဳလုပ္နိုင္ဖို႔အတြက္လည္း တီထြင္ဖန္တီးနိုင္စြမ္းအား လိုအပ္ပါတယ္။ နိုင္ငံတစ္နိုင္ငံ ၿငိမ္းခ်မ္းဖို႔ဆိုလည္း လက္နက္ကိုင္၊ အၾကမ္းဖက္ျခင္းနဲ႔ ဖိႏွိပ္ျခင္းအျပင္ ျဖစ္ေနတဲ့ အေျခအေနဟာ အားလုံးအတြက္ အဆင္ေျပသြားေစမယ့္ ေျဖရွင္းမႈမ်ိဳးကို စဥ္းစားနိုင္ဖို႔လည္း တီထြင္ဖန္တီးနိုင္စြမ္းအား လိုအပ္ပါတယ္။ ဒါေၾကာင့္ကေလးေတြရဲ့ တီထြင္ဖန္တီးနိုင္စြမ္းအား ျမႇင့္တက္ေစဖို႔ ကၽြန္မတို႔ ကူညီေပးရမွာပါ။ ပိုေကာင္းတဲ့ ပတ္ဝန္းက်င္ျဖစ္လာဖို႔၊ အနာဂါတ္ေတြပို လွလာဖို႔ တီထြင္ဖန္တီးခြင့္ေတြ ေပးနိုင္ၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
ဓါတ္ပုံ – ၂၀၁၉ နိုဝင္ဘာလ – သီရိလကၤာမွာ – ကၽြန္မ တူေလး – ကြန္းကြန္း နဲ႔ တူမေလး Vidya ႏွစ္ေယာက္ အတူကစားေနတုန္း အမွတ္တရ ရိုက္ထားတာပါ။
Other readings – https://www.raisesmartkid.com/all-ages/1-articles/raising-creative-child-need-know?fbclid=IwAR08jjCuprKaKrBYRwRbfGbNzcyEOeFKsD0e5PnlUo6Jt4YIVAbRN44fMwg
https://www.scholastic.com/teachers/articles/teaching-content/how-promote-creative-thinking/?fbclid=IwAR3I3TirLhcdPkJrpjdVlNcBlOLbzp071lVuFkS9DA-OMwssGuQQ0ZRB2jY