[ Unicode ]

ဗုဒ္ဓမြတ်စွာဘုရား သာသနာတော်မှာ တန်ခိုးရှင်နဲ့ ပညာရှင် ထဲမှာ ပညာရှင်ကို ဦးစားပေး ရွေးချယ်တယ်။ မြတ်စွာဘုရားရဲ့ အမြတ်ဆုံး တပည့်သာဝက (၂)ပါးထဲမှာ နံပါတ်(၁) နေရာက ပညာရှင်ပဲရတယ်။ ကျွန်မတို့ လူသားတွေကတော့ ပညာရှင်နဲ့ တန်ခိုးရှင် ယှဉ်ကြည့်ရင် တန်ခိုးရှင်ကို ပိုပြီးတော့ အထင်ကြီး၊ လေးစားကြတယ်။ တန်ခိုးရှင်ဟာ တောင်ကြီးနဲ့ တူတယ်တဲ့။ အလွန်ဝေးလံတဲ့နေရာကတောင် သိသာ၊မြင်သာရှိတယ်၊ ခန့်ထည်တယ်၊ အဲဒီ့အတွက် အထင်ကြီးလေးစားဖို့ ၊ အားကိုးဖို့လွယ်တယ်။

တန်ခိုးရှင် ဖြစ်ရုံနဲ့ အသိဉာဏ် မရှိနိုင်ဘူးလို့ ပါချုပ်ဆရာတော်က “တန်ခိုးရှင်ဖြစ်ရုံနဲ့ အသိဉာဏ်မရှိ”ဆိုတဲ့ တရားတော်ထဲမှာ ဟောတယ်။ ပညာမဲ့ပြီး အစွမ်းတန်ခိုးတွေပဲရှိတဲ့သူဟာ အမှားများတယ်။ အဲဒီ့အတွက် တန်ခိုးရှင်ထက် ပညာရှင်ကို အားကိုးရမယ်။ ကိုယ်တိုင်လည်း ပညာရှိအောင် အားထုတ်ရမယ်။ မြတ်စွာဘုရားရှင်ကလည်း အသိဉာဏ်ရှိအောင် အားထုတ်ဖို့ကို ပိုအလေးပေးထားတယ်။ ယုံကြည်မှုထက် အသိပညာရှိအောင် ကြိုးစားဖို့တိုက်တွန်းတယ်။ ပညာကပဲ အရာရာကို ဆုံးဖြတ်ပေးမှာ။ အသိဉာဏ်က ဦးဆောင်ပြီး လေ့ကျင့်အားထုတ်ဖို့ အရေးကြီးတာမို့ နိဗ္ဗာန်ရောက်ကြောင်းတရားမှာတောင် သမ္မာဒိဌိဆိုတဲ့ အမှန်မြင်ခြင်းဆိုတာကို ရှေ့ဆုံးမှာထားတယ်။

ကျွန်မတို့သာမာန်လူတွေအနေနဲ့ဆိုရင် တန်ခိုးဆိုတာ စည်းစိမ်အာဏာတွေ၊ ရာထူးတွေနဲ့တူမယ်နဲ့တူတယ်။ စည်းစိမ်တွေ၊ အာဏာတွေရှိပေမယ်၊့ ရာထူးတွေကြီးပေမယ့် အသိဉာဏ်ပညာမရှိရင်၊ အမှန် မမြင်နိုင်ရင်၊ အမှန်မတွေးနိုင်ရင် အမှားများတယ်။ ကျွန်မတို့တွေကလည်း အာဏာတို့ စည်းစိမ်တို့နောက်ထက် မှန်ကန်စွာ သိခြင်း၊ တွေးတောနိုင်ခြင်း၊ ဆုံးဖြတ်နိုင်ခြင်းတို့ဖြစ်စေတဲ့ ပညာနောက်ကို လိုက်ဖို့လိုတယ်လို့ ကျွန်မမြင်ပါတယ်။

ကျွန်မတို့ ကလေးတွေကို အခုဘဝတင်သာမက နောက်ဘဝတွေအတွက်ပါ အကျိုးများအောင် အရင်ဆုံး အမှား၊အမှန်၊ အကောင်း၊ အဆိုး ခွဲခြားမြင်နိုင်တဲ့ ပညာရှင်တွေဖြစ်ဖို့ သင်ပေးရမယ်လို့ ထင်တယ်။

အဲဒီ့အတွက် ကလေးတွေကို …..
၁) စဉ်းစားစေတဲ့ မေးခွန်းတွေ မေးဖို့လိုတယ်။
၂) သိချင်တဲ့အရာတွေအပေါ် ဆက်စပ် မေးခွန်းထုတ်ခိုင်းဖို့လိုတယ်။
၃) မတူညီကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေကို သိနားလည်အောင် လုပ်ပေးဖို့လိုတယ်။
၄) ဓမ္မနဲ့ အဓမ္မ၊ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့ အကျိုးကို ဆင်ခြင်ခိုင်းဖို့လိုတယ်။
၅) အမှားကနေ သင်ယူစေဖို့လိုတယ်။
၆) သီလလုံအောင် ပံ့ပိုးပေးဖို့လိုတယ်။
၇) အသိနဲ့အကျင့်နဲ့ ထပ်တူကျအောင် ကူညီဖို့လိုတယ်။
၈) အာဏာရှိတိုင်း၊ စည်းစိမ်ရှိတိုင်း မမှန်နိုင်ကြောင်း သိစေဖို့လိုတယ်။
၉) လူသားဆန်ဖို့ ၊ ကရုဏာတရားထားဖို့ သင်ပေးဖို့လိုတယ်။

တစ်ကယ်တော့ ကလေးတွေကို ပညာရှင်တွေအဖြစ် ကြီးပြင်းဖို့ လွတ်လပ်စွာ သင်ယူခွင့် လေ့လာခွင့်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်မတို့တွေအနေနဲ့ ကိုယ်တိုင် အကောင်းအဆိုးဝေခွဲတတ်ပြီး၊ သီလလုံအောင် နေမယ်၊ ကိုယ်သိထားတဲ့ ဘာသာရေးအသိတွေအတိုင်း လိုက်လံကျင့်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့တွေက ကလေးတွေအတွက် တန်ဖိုးရှိတဲ့ ဆရာ၊မတွေ၊ မိဘတွေ ဖြစ်နိုင်မှာ မလွဲဧကန်ပါပဲ။

ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ အနာဂါတ်အတွက် ပညာရှင်တွေ ဦးဆောင်နိုင်ပါစေ။ အိမ်မှာလည်း မိဘတွေဟာ ပညာရှိသောသူတွေဖြစ်အောင် ကြိုးပမ်းနေကြသူတွေဖြစ်ကြပါစေ။ ကျောင်းတွေမှာ ဆရာ၊မတွေဟာ ပညာရှင်တွေဖြစ်အောင် ကြိုးစားနေကြပြီး ပညာရှင်ဖြစ်စေမယ့် နည်းနာနိဿယတွေကို ကောင်းမွန်စွာ အသုံးပြုနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

(မှတ်ချက်။ ။ ဘုန်းဘုန်းဘုရားတို့၊ ဆရာလေးဘုရားတို့ တပည့်တော် ရေးထားတဲ့အထဲမှာ လိုတာလေး၊လွဲတာတွေရှိရင် ဖြည့်ပေးပါဘုရား။)

Photo credit to – https://miro.medium.com/max/2400/1*J3s7YUTQjQneRoxcT_Qsxw.jpeg

[ Zawgyi ]

ဗုဒၶျမတ္စြာဘုရား သာသနာေတာ္မွာ တန္ခိုးရွင္နဲ႔ ပညာရွင္ ထဲမွာ ပညာရွင္ကို ဦးစားေပး ေရြးခ်ယ္တယ္။ ျမတ္စြာဘုရားရဲ့ အျမတ္ဆုံး တပည့္သာဝက (၂)ပါးထဲမွာ နံပါတ္(၁) ေနရာက ပညာရွင္ပဲရတယ္။ ကၽြန္မတို႔ လူသားေတြကေတာ့ ပညာရွင္နဲ႔ တန္ခိုးရွင္ ယွဥ္ၾကည့္ရင္ တန္ခိုးရွင္ကို ပိုၿပီးေတာ့ အထင္ႀကီး၊ ေလးစားၾကတယ္။ တန္ခိုးရွင္ဟာ ေတာင္ႀကီးနဲ႔ တူတယ္တဲ့။ အလြန္ေဝးလံတဲ့ေနရာကေတာင္ သိသာ၊ျမင္သာရွိတယ္၊ ခန႔္ထည္တယ္၊ အဲဒီ့အတြက္ အထင္ႀကီးေလးစားဖို႔ ၊ အားကိုးဖို႔လြယ္တယ္။

တန္ခိုးရွင္ ျဖစ္႐ုံနဲ႔ အသိဉာဏ္ မရွိနိုင္ဘူးလို႔ ပါခ်ဳပ္ဆရာေတာ္က “တန္ခိုးရွင္ျဖစ္႐ုံနဲ႔ အသိဉာဏ္မရွိ”ဆိုတဲ့ တရားေတာ္ထဲမွာ ေဟာတယ္။ ပညာမဲ့ၿပီး အစြမ္းတန္ခိုးေတြပဲရွိတဲ့သူဟာ အမွားမ်ားတယ္။ အဲဒီ့အတြက္ တန္ခိုးရွင္ထက္ ပညာရွင္ကို အားကိုးရမယ္။ ကိုယ္တိုင္လည္း ပညာရွိေအာင္ အားထုတ္ရမယ္။ ျမတ္စြာဘုရားရွင္ကလည္း အသိဉာဏ္ရွိေအာင္ အားထုတ္ဖို႔ကို ပိုအေလးေပးထားတယ္။ ယုံၾကည္မႈထက္ အသိပညာရွိေအာင္ ႀကိဳးစားဖို႔တိုက္တြန္းတယ္။ ပညာကပဲ အရာရာကို ဆုံးျဖတ္ေပးမွာ။ အသိဉာဏ္က ဦးေဆာင္ၿပီး ေလ့က်င့္အားထုတ္ဖို႔ အေရးႀကီးတာမို႔ နိဗၺာန္ေရာက္ေၾကာင္းတရားမွာေတာင္ သမၼာဒိဌိဆိုတဲ့ အမွန္ျမင္ျခင္းဆိုတာကို ေရွ႕ဆုံးမွာထားတယ္။

ကၽြန္မတို႔သာမာန္လူေတြအေနနဲ႔ဆိုရင္ တန္ခိုးဆိုတာ စည္းစိမ္အာဏာေတြ၊ ရာထူးေတြနဲ႔တူမယ္နဲ႔တူတယ္။ စည္းစိမ္ေတြ၊ အာဏာေတြရွိေပမယ္၊့ ရာထူးေတြႀကီးေပမယ့္ အသိဉာဏ္ပညာမရွိရင္၊ အမွန္ မျမင္နိုင္ရင္၊ အမွန္မေတြးနိုင္ရင္ အမွားမ်ားတယ္။ ကၽြန္မတို႔ေတြကလည္း အာဏာတို႔ စည္းစိမ္တို႔ေနာက္ထက္ မွန္ကန္စြာ သိျခင္း၊ ေတြးေတာနိုင္ျခင္း၊ ဆုံးျဖတ္နိုင္ျခင္းတို႔ျဖစ္ေစတဲ့ ပညာေနာက္ကို လိုက္ဖို႔လိုတယ္လို႔ ကၽြန္မျမင္ပါတယ္။

ကၽြန္မတို႔ ကေလးေတြကို အခုဘဝတင္သာမက ေနာက္ဘဝေတြအတြက္ပါ အက်ိဳးမ်ားေအာင္ အရင္ဆုံး အမွား၊အမွန္၊ အေကာင္း၊ အဆိုး ခြဲျခားျမင္နိုင္တဲ့ ပညာရွင္ေတြျဖစ္ဖို႔ သင္ေပးရမယ္လို႔ ထင္တယ္။

အဲဒီ့အတြက္ ကေလးေတြကို …..
၁) စဥ္းစားေစတဲ့ ေမးခြန္းေတြ ေမးဖို႔လိုတယ္။
၂) သိခ်င္တဲ့အရာေတြအေပၚ ဆက္စပ္ ေမးခြန္းထုတ္ခိုင္းဖို႔လိုတယ္။
၃) မတူညီကြဲျပားတဲ့ အျမင္ေတြ၊ အယူအဆေတြကို သိနားလည္ေအာင္ လုပ္ေပးဖို႔လိုတယ္။
၄) ဓမၼနဲ႔ အဓမၼ၊ အေကာင္းနဲ႔ အဆိုး၊ အေၾကာင္းနဲ႔ အက်ိဳးကို ဆင္ျခင္ခိုင္းဖို႔လိုတယ္။
၅) အမွားကေန သင္ယူေစဖို႔လိုတယ္။
၆) သီလလုံေအာင္ ပံ့ပိုးေပးဖို႔လိုတယ္။
၇) အသိနဲ႔အက်င့္နဲ႔ ထပ္တူက်ေအာင္ ကူညီဖို႔လိုတယ္။
၈) အာဏာရွိတိုင္း၊ စည္းစိမ္ရွိတိုင္း မမွန္နိုင္ေၾကာင္း သိေစဖို႔လိုတယ္။
၉) လူသားဆန္ဖို႔ ၊ က႐ုဏာတရားထားဖို႔ သင္ေပးဖို႔လိုတယ္။

တစ္ကယ္ေတာ့ ကေလးေတြကို ပညာရွင္ေတြအျဖစ္ ႀကီးျပင္းဖို႔ လြတ္လပ္စြာ သင္ယူခြင့္ ေလ့လာခြင့္ေပးနိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္မတို႔ေတြအေနနဲ႔ ကိုယ္တိုင္ အေကာင္းအဆိုးေဝခြဲတတ္ၿပီး၊ သီလလုံေအာင္ ေနမယ္၊ ကိုယ္သိထားတဲ့ ဘာသာေရးအသိေတြအတိုင္း လိုက္လံက်င့္ေဆာင္ၾကမယ္ဆိုရင္ ကၽြန္မတို႔ေတြက ကေလးေတြအတြက္ တန္ဖိုးရွိတဲ့ ဆရာ၊မေတြ၊ မိဘေတြ ျဖစ္နိုင္မွာ မလြဲဧကန္ပါပဲ။

ကၽြန္မတို႔ ျမန္မာနိုင္ငံမွာ ကေလးေတြရဲ့ အနာဂါတ္အတြက္ ပညာရွင္ေတြ ဦးေဆာင္နိုင္ပါေစ။ အိမ္မွာလည္း မိဘေတြဟာ ပညာရွိေသာသူေတြျဖစ္ေအာင္ ႀကိဳးပမ္းေနၾကသူေတြျဖစ္ၾကပါေစ။ ေက်ာင္းေတြမွာ ဆရာ၊မေတြဟာ ပညာရွင္ေတြျဖစ္ေအာင္ ႀကိဳးစားေနၾကၿပီး ပညာရွင္ျဖစ္ေစမယ့္ နည္းနာနိႆယေတြကို ေကာင္းမြန္စြာ အသုံးျပဳနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

(မွတ္ခ်က္။ ။ ဘုန္းဘုန္းဘုရားတို႔၊ ဆရာေလးဘုရားတို႔ တပည့္ေတာ္ ေရးထားတဲ့အထဲမွာ လိုတာေလး၊လြဲတာေတြရွိရင္ ျဖည့္ေပးပါဘုရား။)

Photo credit to – https://miro.medium.com/max/2400/1*J3s7YUTQjQneRoxcT_Qsxw.jpeg